#ဆန့်ကျင်ဘက်စကားလုံးအချို့
Трудный (ခက်ခဲသော) ≠ Лёгкий (လွယ်သော)
Новый (သစ်လွန်သော) ≠ Старый (အိုဟောင်းသော)
Молодой (ငယ်ရွယ်သော) ≠ Старый (အိုဟောင်းသော)
Большой (ကြီးမားသော) ≠ Маленький (သေးငယ်သော)
Быстрый (မြန်ဆန်သော) ≠ Медленный (နှေးကွေးသော)
Сильный (သန်မာသော) ≠ Слабый (အားနည်းသော)
Добрый (ကြင်နာသော) ≠ Злой (ယုတ်မာသော)
Бесёлый (ကြည်နူးဖွယ်ကောင်းသော) ≠ Грустный (ဝမ်းနည်းဖွယ်ကောင်းသော)
Богатый (ချမ်းသာသော) ≠ Бедный (ဆင်းရဲသော)
Холодный (အေးသော) ≠ Горячий (ပူသော)
Грязный (ညစ်ပတ်သော) ≠ Чистый (သန့်ရှင်းသော)

❤10👍1
Media is too big
VIEW IN TELEGRAM
Русская Рать (ရုရှားစစ်တပ်) ဆိုတဲ့
Ой, что-то мы засиделись, братцы
အိုး...ညီအစ်ကိုတို့ ငါတို့တွေ ထိုင်နေကြတာ ကြာလှပြီ
သီချင်းလေးဟာ မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းပြီး
စစ်သည်အင်အား စုဆောင်းဖို့အတွက်
စစ်တပ်ထဲဝင်ပြီး စစ်မြေပြင်က ရန်သူကို
ချစ်ရသူတွေ၊ ကလေးတွေ၊ ကိုယ့်ရဲ့ ညီအစ်ကိုတွေနဲ့
မိမိမွေးဖွားရာ ဇာတိမြေကို ကျူးကျော်လာတဲ့ ရန်သူကို
တိုက်ထုတ်ဖို့ စိတ်ဓာတ်တက်ကြွစေရန်
ဖွဲ့သီထားတဲ့ သီချင်းလေးပါ
ဒီသီချင်းလေးမှာ ပါလာတဲ့
အနက်ရောင်အင်အားစုဆိုတာဟာ
နာဇီဂျာမန်တွေရဲ့ ယူနီဖောင်းကို ရည်ညွှန်းချင်တာလို့
မိမိအနေနဲ့ ထင်မြင်မိပါတယ်
ပြီးတော့ အင်အား လေးသောင်းလေးဆယ်ဆိုတာက
၁၉၄၀ နောက်ပိုင်းဖြစ်တဲ့
၁၉၄၁ ခုနှစ် ဇွန်လ မနက် ၄ နာရီမှာ
နာဇီဂျာမနီဟာ ရုရှားဆိုဗီယက်ယူနီယံကို
မထင်မှတ်ထားတဲ့ အချိန်မှာ ဝင်ရောက်ကျူးကျော်
တိုက်ခိုက်ကြတာကို ရည်ညွှန်းချင်တာလားဆိုပြီးလည်း
ထင်မြင်မိပါတယ်

👍10
ရုရှားဘာသာ အခြေခံသင်ကြားလိုသူများအတွက်
https://m.facebook.com/story.php?story_fbid=708562577081148&id=100037822374239&sfnsn=mo

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍7
Если я знаю, что такое любовь,
то только благодаря тебе.
မင်းလေးရဲ့ကျေးဇူးကြောင့်ပဲ
အချစ်ဟာဘာလဲဆိုတာကို
ငါသိလိုက်ရပါပြီ
မှတ်ချက်။ ။ ပုံ(၂)ပုံကတော့ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ် ကိုယ်ယူကြပေါ့နော်...😄😄😄

👍12
#စကားလုံးတစ်လုံးတည်းဖြင့်_အဓိပ္ပါယ်_ဖော်ပြနိုင်သော_စကားလုံးများ
А - နှင့်၊ သို့သော်၊ ဒါပေမယ့်၊ သော်လည်း
В - ၌၊ မှာ၊ တွင်၊ ဝယ် (На - ၌၊ မှာ၊ တွင်၊ ဝယ်)
И - နှင့်
К(ко) - သို့၊ ဆီသို့
О(об၊ обо) - အကြောင်း
С(со) - မှ၊ နှင့်အတူ
У - မှာ၊ ဆီမှာ (ပိုင်ဆိုင်မှုပြရန်)
Я - ငါ၊ ကျတော်

👍11
Не(ညိ့) ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ (တားမြစ်ခြင်း၊ မပြုလုပ်နိုင်ခြင်း)(မ၊ မ…ဘူး၊ မ…ပေ၊ မ…ပါ၊ မ… ချေ၊ မ… ဘဲ၊ မဟုတ်ဘူး၊ မ…နှင့်၊ မ…နဲ့၊ မ…ပါနဲ့၊ မ....ရ)
ဥပမာ -
не пойду → ငါမသွားဘူး
не могу → ငါမရဘူး/ငါမလုပ်နိုင်ဘူး
не хочу делать → ငါမလုပ်ချင်ဘူး
не хочется → မလိုချင်ဘူး
не ходи (те) → မသွားနဲ့ (မသွားပါနဲ့)
не курить → ဆေးလိပ် မသောက်ရ
не входить → ဝင်ခွင့်မရှိ၊ ဝင်ခွင့်မပြု
не правда ли? → ဟုတ်လား
не так ли? → မဟုတ်ဘူးလား
не более чем → ဒါထက်မများ(ဘူး)
если не→ မဟုတ်ပါက
не за горами→ နီးကပ်နေပြီ
не более не менее→ မနည်းမများ
тем не менее→သော်လည်း
не говоря ни слова→ စကားတစ်ခွန်းမျှ မပြောဘဲ
не за что→ ကိစ္စမရှိဘူး
не то (иначе)→ မ…လျှင်၊ မ…ရင်
Нет (ညယ့်ထ်) ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ (ငြင်းဆိုခြင်း) (မရှိဘူး၊ မပါဘူး)
ဥပမာ -
у меня нет с собой денег → ငါ့မှာပိုက်ဆံမပါဘူး
у меня нет времени → ငါ့မှာအချိန်မရဘူး
его сегодня нет на работе → ဒီနေ့သူ အလုပ်မှာ မရှိဘူး/မလာဘူး
у меня нет этой книги → ကျွန်တော့်ဆီမှာ ဒီစာအုပ် မရှိဘူး
у него нет свободного времени → သူ့မှာ အားလပ်ချိန် မရှိဘူး
отца нет дома → ဖေဖေ အိမ်မှာ မရှိဘူး

#Рассказ အသံဘယ်လို ထွက်မလဲ?
ပုံပြင်/ဝတ္ထုတို/ဇာတ်လမ်းတိုလို့ အဓိပ္ပါယ်ရတဲ့ အထက်ပါစကားလုံးဟာ (он) အုပ်စုဝင် ဖြစ်ပါတယ်။ Рассказ တွင် စကားလုံး စုစုပေါင်း(၇)လုံး ရှိပြီး အသံထွက်ရှိမှုကတော့ (၆)သံသာ ပါရှိပါတယ်။ စကားလုံး(၇)လုံးတွင် ဗျည်းအက္ခရာ (၅)လုံးပါပြီး၊ သရအက္ခရာ (၂)လုံး ပါဝင်သည်။ ဗျည်းအက္ခရာ (၅)လုံးကတော့ (р, с, с, к, з) တို့ဖြစ်ပြီး၊ သရအက္ခရာ (၂)လုံးကတော့ (а,а)ဖြစ်ပါတယ်။ အသံထွက် ယူဆနည်းကတော့ အက္ခရာ (၇)လုံး ရှိတဲ့အနက် (၄)လုံးမြောက် ဗျည်းအက္ခရာဖြစ်တဲ့ (с) အသံကို ဖျောက်ဆိုရမှာ ဖြစ်သလို (၇)လုံးမြောက် ဗျည်းအက္ခရာဖြစ်တဲ့ (з)ကို (с)အသံ ထွက်ရမှာ ဖြစ်ပါတယ်။ အောက်တွင် ဖော်ပြချက်ကို ကြည့်ပါ။
Р - ဗျည်းအက္ခရာ (မူလ “ရ” အသံထွက်ရပါမယ်)
а - သရအက္ခရာ
с - ဗျည်းအက္ခရာ (မူလ “စ” အသံရှည် ရွတ်ဖတ်ရပါမယ်)
с - ဗျည်းအက္ခရာ (ဒီစကားလုံးရဲ့ အသံကိုတော့ ဖျောက်ရပါ့မယ်)
к - ဗျည်းအက္ခရာ (မူလ “ကာ/က” အသံထွက်ရပါမယ်)
а - သရအက္ခရာ
з - ဗျည်းအက္ခရာ (ဒီစကားလုံးရဲ့ မူလအသံ “ဇယ်/ဇ အစား “с-စယ်/စ” အသံထွက်ရပါမယ်)

👍8
Площадь အသံဘယ်လို ထွက်မလဲ?
ရင်ပြင်၊ ကွက်လပ်၊ ဧရိယာ၊ အကျယ်အဝန်းလို့ အဓိပ္ပါယ်ရတဲ့ အထက်ပါစကားလုံးဟာ (она) အုပ်စုဝင် ဖြစ်ပါတယ်။ Площадь တွင် စကားလုံး စုစုပေါင်း(၇)လုံး ရှိပြီး အသံထွက်ရှိမှုကတော့ (၆)သံသာ ပါရှိပါတယ်။ စကားလုံး(၇)လုံးတွင် ဗျည်းအက္ခရာ (၄)လုံး၊ သရအက္ခရာ (၂)လုံးနဲ့ ထူးခြားတဲ့ဝိသေသလက္ခဏာရှိတဲ့ များကီးဇနာ့လို့ အသံထွက်တဲ့ (ь) အသံပျော့အက္ခရာ(၁)လုံး ပါဝင်ပါတယ်။ ဗျည်းအက္ခရာ (၄)လုံးကတော့ (п, л, щ, д) တို့ဖြစ်ပြီး၊ သရအက္ခရာ (၂)လုံးကတော့ (о, а)ဖြစ်ပါတယ်။ အသံထွက် ယူဆနည်းကတော့ (о)ပေါ်မှာ ударение လို့ခေါ်တဲ့ ဖိသံ တင်ထားတဲ့အတွက် မူလအသံထွက်ရမှာဖြစ်ပြီး ခြွင်းချက်အနေနဲ့ (а) အသံကိုတော့ အီ(и)အသံပျော့/သံညှင်း ထွက်ဆိုရမှာဖြစ်ပြီး (дь)ကိုတော့ ပေါင်းပြီး သယ်/တယ် (т) အသံပျော့/သံညှင်း ထွက်ရမှာ ဖြစ်ပါတယ်။ အောက်တွင် ဖော်ပြချက်ကို ကြည့်ပါ။
п - ဗျည်းအက္ခရာ (မူလ “ပယ်/ပ” အသံထွက်ရပါမယ်)
л - ဗျည်းအက္ခရာ (မူလ “လယ်/လ” အသံထွက်ရပါမယ်)
о - သရအက္ခရာ
щ - ဗျည်းအက္ခရာ (မူလ အသံပျော့/သံညှင်း “သျှာ/သျှ” အသံ ထွက်ရပါမယ်)
а - သရအက္ခရာ (ခြွင်းချက်အနေနဲ့ မူလ “အာ/-ာ” အသံကိုဖျောက်ပြီး အသံပျော့/သံညှင်း “и-အီ/-ီ” အသံထွက်ရပါမယ်
дь - ဗျည်းအက္ခရာ (မူလ “ဒယ်” အသံကိုဖျောက်ပြီး အသံပျော့/သံညှင်း “т- သယ်/တယ်/ထယ်/ထ်” အသံထွက်ရပါမယ်)

👍6❤1
Media is too big
VIEW IN TELEGRAM
ရှေ့တန်းရောက်စစ်သည်တွေအတွက်
၂၀၀၈/၀၉ လောက်က ကြိုက်ခဲ့ရတဲ့
ရုရှားသီချင်းလေးဖြစ်တဲ့
Когда окончится война
စစ်ကြီးပြီးသွားခဲ့ရင်
ဆိုတဲ့ သီချင်းလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်
ဘေးအန္တရာယ်ကင်းစွာနဲ့ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ကြပါစေ
နိုင်ငံတော်အတွက် ဆူးငြှောင့်ခလုတ်တွေကို
အထိအခိုက်နည်းစွာနဲ့ ရှင်းထုတ်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်
သီချင်းအတွက် movie ကိုတော့
ရုရှား-ယူကရိန်း လက်ရှိဖြစ်နေတဲ့
စစ်ပွဲက movie ကို ယူသုံးထားပါတယ်

❤9👍2
Часы ဘယ်လိုအသံထွက်မလဲ
Часы ဆိုတာကတော့ နာရီလို့ အဓိပ္ပါယ်ရပါတယ်။ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ နံရံကပ်နာရီ မှန်သမျှကို часы ဟု ခေါ်ဆိုသုံးစွဲပါတယ်။ Час ဆိုတာကတော့ နာရီပါပဲ။ ဒါပေမယ့် သူကတော့ ထိုးနာရီကိုခေါ်တာပါ။ ဘယ်နှစ်နာရီရှိပြီ ဆိုတာကို ဖော်ပြရာမှာ အသုံးပြုပါတယ်။ Часы မှာ အက္ခရာ(၄)လုံးရှိပြီးတော့ ဗျည်းအက္ခရာ(၂)လုံး၊ သရအက္ခရာ(၂)လုံး ရှိပါတယ်။ ဗျည်းအက္ခရာတွေကတော့ (ч, с) ဖြစ်ပြီးတော့ သရအက္ခရာကတော့ (а, ы) တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ударение လို့ခေါ်တဲ့ ဖိသံဟာ ы(အီး)ပေါ်မှာရှိတဲ့အပြင် ခြွင်းချက်အနေနဲ့ သရ (а/အာ) အသံကို သရ (и/အီ) အသံထွက်ပေးရပါမယ်။ ဒါ့ကြောင့် часы ကို အသံထွက်မယ်ဆိုရင် (ချာစီး)လို့မထွက်ရဘဲ (ချီစီး)လို့ ထွက်ရမှာပဲ ဖြစ်ပါတယ်။
Ч - ဗျည်းအက္ခရာ(ချာ)
А - သရအက္ခရာ(အာ)(မူလ အာ အသံဖျောက်ပြီး и/အီ အသံထွက်ရန်)
С - ဗျည်းအက္ခရာ (စယ်/စ)
Ы - သရအက္ခရာ(အီး)

ရက်/လ တွေကို ဘယ်လိုအသုံးပြု ပြောဆိုကြမလဲ
ရုရှားဘာသာစကားမှာ “လ” အားလုံးဟာ(он) လို့ခေါ်တဲ့ အထီး/ပုလ္လိင်တွေပဲ ဖြစ်ပါတယ်။
အကြောင်းအရာမပါရှိပဲ ရက်စွဲသီးသန့် ဘယ်လိုသုံးမလဲ
မေးခွန်းအနေနဲ့
Kакое сегодня число ?(ဒီနေ့က ဘယ်နှစ်ရက်နေ့လဲ)
အထက်ပါမေးခွန်းကို ဖြေဆိုဖို့
၁။ ဒီနေ့က ဘယ်နေ့ဆိုတာ သိရမယ်။
၂။ ရက်စွဲ(обычная цифра/သာမန်ဂဏန်း)ကို именительный падеж, нейтральный род, единственное число တွင်ထားရှိရပါမယ်။ စကားလုံး အဆုံးသတ်မှာ (-ое/-е) နဲ့ အဆုံးသတ်ရပါမယ်။
၃။ ရုရှားတွင် “လ” အားလုံးဟာ (он) လို့ခေါ်တဲ့ အထီး/ပုလ္လိင်တွေပဲ ဖြစ်ပါတယ်။ ၎င်းကို родительный падеж, единственное число တွင် ထားရှိရပါမယ်။ စကားလုံး အဆုံးသတ်မှာ (-а/-я) နဲ့ အဆုံးသတ်ရပါမယ်။
အဲ့ဒီအချက်သုံးချက်ကို ကြည့်ပြီး ဥပမာအနေနဲ့ ဖြေကြည့်မယ်။
Сегодня четвёртое июня. (ဒီနေ့က ဇွန်လ လေးရက်နေ့ပါ)
ဒီအဖြေကို ကြည့်ရင်
၁။ Четвёртое ဆိုတာကတော့ (именительный падеж, нейтральный род, единственное число) ဖြစ်ပါတယ်။ မူရင်းစကားလုံးကတော့ четыре ဖြစ်ပါတယ်။ (именительный падеж, мужской род) အနေနဲ့ကတော့ четвёртый ဖြစ်ပါတယ်။
၂။ Июня ဆိုတာကတော့ (родительный падеж, единственное число) ဖြစ်ပါတယ်။မူရင်းစကားလုံးကတော့ июнь ဖြစ်ပါတယ်။
ဒီဥပမာကိုကြည့်ပြီး ရက်/လတွေကို အကြောင်းအရာမပါဘဲ ပြောဆိုနိုင်ဖို့အတွက် ဇယားတိုင်လေးပါ ဖော်ပြပေးလိုက်ပါတယ်။
ရုရှားဘာသာစကားမှာ Падеж လို့ခေါ်တဲ့ ကာရက/ကြိယာ၏အဓိပ္ပါယ်ကိုပေါ်လွင်စေခြင်း(၆)ခု ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ именительный падеж
၂။ родительный падеж
၃။ дательный падеж
၄။ винительный падеж
၅။ творительный падеж
၆။ предложный падеж

👍5