Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
၂၃-၃-၂၀၂၂ ရက်နေ့ ရုရှားစာ သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

Х(х) ခါ
Хорошо́ (ခါရာရှော) ကောင်းသော
Хо́лодно (ခေါလာ့ထ်နာ) အေးသော
Хокке́й (ခါကေ့ရ်) ဟော်ကီ

Ц(ц) စယ်
Цирк (စီးရ်ခ်) ဆက်ကပ်
Цена́ (စယ်နာ/စီနာ) ဈေးနှုန်း
Центр (စယ်န်သ်ရ်/စင်န်သ်ရ်) အလယ်/ဗဟို

Ч(ч) (ချာ)
Чай (ချာ့ရ်) လ္ဘက်ရည်
Часы́ (ချာဆီ/ချီဆီ) နာရီ
Читать (ချိသာ့ခ်ျ) ဖတ်သည်

Ш(ш) (ရှာ)
Шко́ла ((ရှကောလာ) ကျောင်း
Шкаф (ရှကာ့ဖ်) ဗီရို
Шесть (ရှစ်စ်ထ်/ရှိစ်ထ်) ‌နံပါတ်ခြောက်

Щ(щ) (သျှာ)
Щит (သျှိထ်) ဒိုင်း
Щель (သျှယ်လ်) ကတုတ်ကျင်း
Щётка (သျှော်ထ်ကာ) ဘရပ်ရှ်

ъ (သဗျောသီးဇနာ့)
ы (အီးခ်)
ь (များကီးဇနာ့)

Э(э) (အယ်)
Э́то (အယ်သာ) အဲ့ဒါ/ဒီဟာ
Э́хо (အယ်ခါ) ပဲ့တင်သံ
Эмо́ция (အယ်မော်စီရာ) စိတ်ခံစားမှု

Ю(ю) (ယူ)
Ю́ла (ယူလာ) ဂျင်
Ю́бка (ယူပ်ကာ) စကပ်/ထမိန်/ဂါဝန်
Юг (ယူခ်) တောင်ဘက်

Я(я) (ရာ)
Я́блоко (ရာဘလာကာ) ပန်းသီး
Я́корь ((ရာကာရ်) ကျောက်ဆူး
Я (ရာ) ငါ

နေ့စဉ်စကားပြောလေ့ကျင့်ရန်
Как тебя/вас зовут? (ကာ့ခ် ကျီဘျာ/ဗာ့စ် ဇာဗု့ထ်)
မင်း/ခင်းဗျား နာမည် ဘယ်လိုခေါ်လဲ
Меня зовут.........(မီညာ ဇာဗု့ထ်) ငါ့နာမည်က....
Это моя семья. (အယ်သာ မာရာ ဆီမီရာ)
ဒါကတော့ ငါ့မိသားစုပါ
Это мой дедушка/ папа(отец)/ муж/ дядя/ брат/ сын/ внук.
(အယ်သာ မွေ့ရ် ဂျယ်ဒူရှကာ/ ပါပါ(အာကျယ့်စ်)/ မု့ရှ်/ ဂျာဂျာ/ ဘရာ့ထ်/ ဆင်န်/ ဗနု့ခ်)
ဒါကတော့ ငါ့ရဲ့ အဖိုး/ အဖေ/ ယောင်္ကျား/ ဦးလေး/ အစ်ကို/ သား/ မြေး(ယောင်္ကျားလေး) ပါ
Это моя бабушка/ мама(мать)/ жена/ тётя/ сестра/ дочь/ внучка.
(အယ်သာ မာရာ ဘာဘူရှကာ/ မာမာ(မာ့ခ်ျ)/ ဇျိနာ/ ကျော်ကျာ/ ဆီစ်သရာ/ ဒေါ့ခ်ျ/ ဗနု့ချကာ)
ဒါကတော့ ငါ့ရဲ့ အဖွား/ အမေ/ မိန်းမ/ အဒေါ်/ အစ်မ/ သမီး/ မြေးမပါ
Моего отца (брата/ дядю/ дедушку/ мужа/ сына/ парня) зовут.......
[မာရီဗော် အာ့ထ်စာ (ဘရာသာ/ ဂျာဂျူ/ ဂျယ်ဒူရှကူ/ မူဇျာ/ ဆီးနာ/ ပါရ်ညာ)] ဇာဗု့ထ်.....
ငါ့ အဖေ(အစ်ကို/ ဦးလေး/ အဖိုး/ ယောင်္ကျား/ သား/ ကောင်လေး) နာမည်ကတော့.......
Мою маму (сестру/ тётю/ бабушку/ жену/ дочь/ девушку) зовут......
[မာယူ မာမူ(ဆီစ်သရူ/ ကျော်ကျူ/ ဘာဘူရှကူ/ ဇျိနူ/ ဒေါ့ခ်ျ/ ဂျယ်ဘူရှကူ) ဇာဗု့ထ်...]
ငါ့ အမေ(အစ်မ/ အဒေါ်/ အဖွား/ မိန်းမ/ သမီး/ ကောင်မလေး) နာမည်ကတော့......

Слова ကျက်ရန်
сын ဆီးန်/ဆင်းန် (သား)
дочь ဒေါ့ခ်ျ (သမီး)
внук ဗနု့ခ် (မြေးယောင်္ကျားလေး)
внучка ဗနု့ခ်ျကာ (မြေးမ)
мужчина မူရှ်ချီးနာ (အမျိုးသား)
женщина ဇျင်န်ရှီးနာ (အမျိုးသမီး)
мальчик မာလ်ချိခ် (ယောင်္ကျားလေး)
девушка ဂျယ်ဗူရှကာ (မိန်းကလေး)
друг ဒရု့ခ် (ယောင်္ကျားလေးသူငယ်ချင်း)
подруга ပါဒရုဂါ (မိန်းကလေးသူငယ်ချင်း)
👍73
တေးဆို - Олег Газманов
“ Бессмертный полк ” ထာဝရရှင်သန်နေတဲ့ တပ်ရင်း/မသေနိုင်တဲ့ တပ်ရင်း

ဒီသီချင်းလေး ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကတော့ အကျဉ်းချုပ်အနေနဲ့ “ Бессмертный полк ” လို့ ခေါ်ဝေါ်သုံးစွဲ သတ်မှတ်ခြင်း မပေါ်ခင်ကတည်းက ဆိုဗီယက်ယူနီယံရဲ့ မြို့အချို့မှာ ပုံစံတူ လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အစောဆုံး လုပ်ဆောင်တဲ့ ကာလအဖြစ် သိရတာကတော့ ၁၉၆၅ ခုနှစ် ဖြစ်ပါတယ်။ နိုဘိုဆီဗစ် ကျောင်းက ကျောင်းသားတွေဟာ စစ်မှုထမ်းဟောင်းတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ မြို့ရဲ့လမ်းတွေပေါ်မှာ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ Tatsinskaya Rostov ဒေသရှိ Площадь Борцов Революции ရင်ပြင်မှာ အနက်ရောင်ဝတ်ရုံဝတ် မိခင်တွေ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်မှာ Perm ဒေသ Solikamsk ရဲ့ လမ်းတစ်လျှောက်မှာ စစ်သားတွေရဲ့ မိခင်တွေ၊ ဇနီးတွေနဲ့ သမီးတွေဟာ သူတို့ရဲ့ ဆွေမျိုးတွေရဲ့ ပုံတူတွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်ကစပြီး Lipetsk ဒေသ Horse-Kolodez မှာ နှစ်စဉ် မေလ ၉ ရက်နေ့တိုင်း ကျောင်းသားတွေဟာ စစ်ပြန်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ လီနင်လမ်းမကြီး တစ်လျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

ဆိုဗီယက်လွန် နှစ်တွေမှာလဲ အဲ့ဒီလို စီတန်းလှည့်လည် ချီတက်တာကို ရုရှားနိုင်ငံနဲ့ တခြားပြည်နယ်တွေမှာပါ ကျင်းပခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ် ဂျေရုဆလင်မြို့မှာ ကျင်းပတဲ့ အောင်ပွဲခံတဲ့နေ့မှာ မြို့သူမြို့သားတွေဟာ စစ်သားပုံတူပန်းချီတွေ ယူဆောင်ခဲ့ကြပါတယ်။ Sevastopol မှာတော့ ၂၀၀၉ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ မော်စကိုမြို့ရဲ့ ဒုတိယမြို့တော်ဝန် Людмилы Швецовой ရဲ့ အစပြုမှုနဲ့အတူ စစ်ပြန်တွေရဲ့ ဓာတ်ပုံတွေနဲ့အတူ စီတန်းလှည့်လည်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် မော်စကို မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ "Герои Победы, наши прадеды и деды(အောင်ပွဲခံ ငါတို့ရဲ့ သူရဲကောင်း အဖိုးအဖွားများ)" စာတန်းနဲ့ Поклонна တောင်ပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။ “Моя семья в летописи Великой Отечественной(ငါ့မိသားစုရဲ့ ကြီးကျယ်တဲ့ မျိုးချစ်စစ်ပွဲသမိုင်း)” ခေါင်းစဉ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့ လူငယ်ငါးထောင်ကျော်ဟာ ငြိမ်းချမ်းရေး လမ်းကြောင်းတစ်လျှောက် လမ်းလျှောက်ခဲ့ကြပါတယ်။

“ Бессмертный полк ” ထာဝရရှင်သန်နေတဲ့ တပ်ရင်း/မသေနိုင်တဲ့ တပ်ရင်း

Течёт река бессмертного полка
по улицам, проспектам, по стране.
Шагают в ряд с портретами в руках
потомки победителей в войне.
ထာဝရရှင်သန်နေတဲ့ တပ်ရင်းဟာ လမ်းကြားတွေ၊ လမ်းမတွေနဲ့ နိုင်ငံအနှံ့အပြားကို မြစ်တစ်စင်းလို စီးဆင်းနေတယ်။ စစ်ပွဲကို အောင်နိုင်ခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ လက်ထဲမှာ ပုံတူပန်းချီကား ရုပ်ပုံတွေကို ကိုင်ဆွဲပြီး တန်းစီလို့ရယ် လျှောက်လှမ်းနေကြတယ်။

На старых фото вечно молодые
свою, оставив вахту в небесах.
Шагают предки с нами, как живые
(Течёт река бессмертного полка)²
ကောင်းကင်ဘုံကို ထွက်ခွာသွားတဲ့ သူတို့ဟာ ဓာတ်ပုံဟောင်းတွေကတဆင့် သူတို့ရဲ့ ထာဝရနုပျိုနေမှုကို မြင်နိုင်ကြပါစေ။ ငါတို့ရဲ့ ဘိုးဘေးတွေဟာ အသက်ရှင်နေသလို ငါတို့နဲ့အတူတကွ လျှောက်သွားကြပါစေ။ (ထာဝရရှင်သန်နေတဲ့ တပ်ရင်းဟာ မြစ်တစ်စင်းလို စီးဆင်းနေပါတယ်။)

Течёт река и нет конца колоннам.
Шагают в ряд и маршал и солдат.
И с фотографий лица, как с иконы,
Не закрывая глаз на нас глядят
စစ်ကြောင်းတွေဟာ မြစ်တစင်းစီးဆင်းလာသလို၊ စစ်သေနာပတိဗိုလ်ချုပ်ကြီးတွေနဲ့ သာမန်စစ်သည်တွေဟာ ရင်ပေါင်တန်းလို့ ချီတက်လာကြပြီ။ ဓါတ်ပုံတွေထဲက မျက်နှာတွေကတော့ မျက်တောင်မခတ်၊ မမှိတ်မသုံ ငါတို့ကို ကြည့်နေကြလေရဲ့။

Шагают с нами смертью смерть поправ,
Как в 41-м, мир прикрыв собою.
И наша жизнь не кончится пока
(Течёт река бессмертного полка)²
၁၉၄၁ ခုနှစ် စစ်ပွဲကာလတွေမှာ အသက်ကိုပေးဆပ်ခဲ့ရတဲ့ သူတို့ဟာ သေခြင်းတရားကို အာခံလို့ ငါတို့နဲ့အတူ လျှောက်လှမ်းနေသလို ငါတို့ရဲ့ဘဝဟာလဲ အခုအချိန်မှာ ကုန်ဆုံးမှာမဟုတ်ပါဘူး။(ထာဝရရှင်သန်နေတဲ့တပ်ရင်းဟာမြစ်တစင်းလိုစီးဆင်းလျက်ပါ)။

Чтоб мир спасённый не забыл героев
идёт, взорвав забвенья тишину.
Проходит в вечность полк бессмертный строем.
Идёт опять сражаться за страну!
ငါတို့အန္တရာယ်ကနေ ကယ်တင်ခဲ့တဲ့ကမ္ဘာမြေကြီးကတော့ ဒီသူရဲကောင်းတွေကို ဘယ်တော့မှ မေ့လိမ့်မယ်မဟုတ်ပါဘူး။ သူတို့ဟာတိတ်ဆိတ်စွာနဲ့ လေနှင်ရာကို လွင့်မျောပျောက်ကွယ်သွားကြမှာ မဟုတ်ပါဘူး။ ထာဝရရှင်သန်နေမဲ့တပ်ရင်းဟာ သေခြင်းတရားကင်းမဲ့တဲ့ ဘုံဘဝကို ရောက်သွားကြပါပြီ။
👍5
Погибших души с нашими сливаясь,
волной вскипают прямо в облака.
В своих потомках снова возрождаясь
(Течёт река бессмертного полка)²
အခုတော့ ငါတို့နဲ့အတူတကွ နိုင်ငံအတွက်လက်တွဲဆောင်ရွက်ဖို့ အသစ်တဖန်လျှောက်လှမ်းခဲ့ကြပြန်ပါပြီ။ ငါတို့နဲ့အတူ သေလွန်သူတို့ရဲ့ဝိညာဉ်တွေဟာ ကောင်းကင်တိမ်တိုက်တွေပေါ်ကနေ လက်ဝှေ့ယမ်းပြီးကောင်းချီးပြုနေကြမှာပါ။ သူတို့ဟာ သူတို့ရဲ့မြေးမြစ်တွေနဲ့အတူ အသစ်တဖန် ပြန်လည်မွေးဖွားလာကြပြန်ပါပြီ။
(ထာဝရရှင်သန်နေတဲ့တပ်ရင်းဟာမြစ်တစင်းလိုစီးဆင်းနေဆဲပါ)
👍8
၂၄-၃-၂၀၂၂ ရက်နေ့ ရုရှားစာ သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

ရုရှားအက္ခရာစုစုပေါင်း(၃၃)လုံး ရှိသည့်အနက် ဗျည်း(၂၁)လုံးမှာ б, в, г, д, ж, з, й, к, л, м, н, п, р, с, т, ф, х, ц, ч, ш, щ တို့ဖြစ်ပါသည်။ သရ(၁၀)လုံးမှာ а, о, у, э, ы, я, ё, ю, е, и တို့ ဖြစ်ပါသည်။ ထူးခြားသောဝိသေနရှိသည့် ဗျည်းထဲတွင်လဲမပါသလို သရထဲတွင်လဲမပါသော စကားလုံး(၂)လုံးမှာ ъ, ь တို့ဖြစ်သည်။ ь(များကီးဇနာ့)သည် အနိမ့်သံ(အသံပျော့)ဖြစ်ပြီး ъ(သဗျောသီးဇနာ့)သည် အမြင့်သံ(အသံမာ)ဖြစ်သည်။

ရုရှားအက္ခရာ၏ သရသံမှာ ပုံမှန်အားဖြင့် (၆)သံပဲ ရှိပါသည်။ ၎င်းတို့မှာ а, о, у, э, ы, и တို့ ဖြစ်ပါသည်။ ကျန်ရှိသည့် သရသံ(၄)လုံးမှာ အက္ခရာ(၂)လုံးပေါင်းစပ်ပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့မှာ -
🔹 й + а = я
🔹 й + о = ё
🔹 й + у = ю
🔹 й + э = е ဖြစ်သည်။

ထို့အပြင် ဗျည်းအက္ခရာ(၂၁)ရှိသည့်အနက် အသံပျော့နှင့် အသံမာပါ နှစ်မျိုးစလုံး အသံထွက်ရှိသည့် အက္ခရာ (၁၅) လုံး ရှိသည်။ ၎င်းတို့မှာ б, в, г, д, з, к, л, м, н, п, р, с, т, п, х တို့ဖြစ်သည်။ ကျန်ရှိသည့် ဗျည်းအက္ခရာ(၆)လုံးအနက် ж, ш, х (၃)လုံးမှာ အမြဲတမ်း အသံမာဖြစ်ပြီး й, ч, щ (၃)လုံးမှာ အမြဲတမ်း အသံပျော့ ဖြစ်သည်။ ထို့ကြောင့် ဗျည်းသံ (၃၆)သံရှိပြီး သရအသံ (၆) သံ စုစုပေါင်း ရုရှားစာတွင် အသံ(၄၂) သံ ရှိသည်။

သရအသံမာဖြင့် ဗျည်းအက္ခရာများကို အသံထွက်ဖတ်မည်ဆိုလျှင် အအောက်ပါအတိုင်း အလွယ်မှတ်သားနိုင်သည်။

အသံမာ(အမြင့်သံ) သရ(၅)လုံး
А → အာ (---ာ)
О → အော် (‌ေ--ာ်)
У → အူ (---ူ)
Э → အယ် (---ယ်)
Ы → အီး (---ီး)

ဥပမာ -
н (နယ်/န) + а (အာ/---ာ) = на (နာ)
н (နယ်/န) + о (‌အော်/‌ေ---ာ) = но (နော်)
н (နယ်/န) + у (အူ/---ူ) = ну (နူ)
н (နယ်/န) + э (အယ်/---ယ်) = нэ (နယ်)
н (နယ်/န) + ы (အီး/---ီး) = ны (နီး)

သရအသံပျော့ဖြင့် ဗျည်းအက္ခရာများကို အသံထွက်ဖတ်မည်ဆိုလျှင် အအောက်ပါအတိုင်း အလွယ်မှတ်သားနိုင်သည်။ ခြွင်းချက်အနေဖြင့် အသံပျော့သရအသံတွင် ь (များကီးဇနာ့)အားလဲ ထည့်ပေါင်းထည့်ထားသည်။ ထို့အတွက်ကြောင့် သရအသံပျော့တွင် (၆)လုံး ဖြစ်သွားသည်။

အသံပျော့(အနိမ့်သံ) သရ(၅+၁) လုံး
Я → ရာ (---ျာ)
Ё → ရော် (‌ေ--ျာ်)
Ю → ယူ (---ျူ)
Е → ရယ် (---ျယ်)
И → အီ (---ျီ)
ь → အီ (---ျီ)

ဥပမာ -
н (နယ်/န) + я (ရာ/---ျာ) = ня (နျာ/ညာ)
н (နယ်/န) + ё (‌ရော်/‌ေ---ျာ်) = нё (နျော်/ညော်)
н (နယ်/န) + ю (ယူ/---ျူ) = ню (နျူ/ညူ)
н (နယ်/န) + е (ရယ်/---ျယ်) = нэ (နျယ်/ညယ်)
н (နယ်/န) + и (အီ/---ျီ) = ни (နျီ/ညီ)
н (နယ်/န) + ь (အီ/---ျီ) = нь (နျီ/ညီ)

အထက်ပါတို့ကို သိရှိပြီးနောက် Дорога в Россию စာအုပ်မှ အပိုဒ်(၄)ထိ ထပ်ခါထပ်ခါ အသံထွက်ဖတ်ခြင်း လေ့ကျင့်ခန်းပြုလုပ်ကြရန်။

စကားပြော လေ့ကျင့်မှတ်သားရန်
🔹 Ты знаешь? (သီ ဇနာရယ့်ရှ်?) (ရွယ်တူ/ငယ်သူအား ပြောသောအခါ သုံရန်) (မင်း သိလား)
🔹 Вы знаете? (ဗီ ဇနာရယ့်ကျယ်?) (ကြီးသူ/ရိုသေလေးစားရမည့်သူ တစ်ဦးထက်ပိုသော လူအရေကို သုံးရန်) (မင်းတို့/ခင်ဗျား သိလား)
🔸အထက်ပါအတိုင်း မေးလာလို့ မိမိက သိလျှင်
Да, я знаю. (ဒါ ရာ ဇနာယု) (ဟုတ်ကဲ့ ငါသိပါတယ်)
🔸အထက်ပါအတိုင်း မေးလာလို့ မိမိက မသိလျှင်
Нет, я не знаю. (ညယ့်ထ် ရာ ညိ့ ဇနာယု) (ဟင့်အင်း ငါမသိပါဘူး)
🔹 Откуда ты/вы? (အာ့ထ်ခူးဒါ သီ/ဗီ?) (မင်း ဘယ်ကလဲ)
🔸 Я из Мьянмы. (ရာ အိစ် မြန်မီး) (ငါ မြန်မာနိုင်ငံကပါ)
🔹 Извини/-те (အီစ်ဗီညီ/ အီစ်ဗီညီကျယ်) (ခွင့်ပြုပါ)
🔹 Пожалуйста! (ပါဇျာလု့ရ်ဆသာ!) (ကျေးဇူးပြု၍)
🔹 Скажи/-те! (ဆကာဇျီ/ ဆကာဇျီကျယ်!) (ပြောပါ/ပြောပြပါ)
🔹 Покажи/-те! (ပါကာဇျီ/ ပါကာဇျီကျယ်!) (ပြပါ)
🔹 Дай/-те! (ဒါ့ရ်/ ဒါ့ရ်ကျယ်!) (ပေးပါ)

Слова ကျက်မှတ်ရန်
🔹 Дом (ဒေါမ်) (အိမ်)
🔹 Дома‌ (ဒေါမာ) (အိမ်မှာ)
🔹 Фо‌то (ဖော်သာ) (ဓာတ်ပုံ)
🔹 Вода‌ (ဗာဒါ) (ရေ)
🔹 Ла‌мпа (လာမ်ပါ) (မီးအိမ်)
🔹 Луна‌ (လူနာ) (လ)
🔹 Там (သာမ်) (ဟိုမှာ)
🔹 Тут (သုထ်) (ဒီမှာ)
🔹 Банк (ဘာန့်ခ်) (ဘဏ်)
🔹 Окно‌ (အာခ်နော) (ပြတင်းပေါက်)
🔹 Ко‌мната (အော်မ်နာသာ) (အခန်း)
🔹 Молоко‌ (မာလာကော်) (နို့ရည်)
🔹 Мно‌го (မနောဂါ) (အများကြီး)
🔹Ма‌ла (မာလာ) (နဲနဲလေး)
🔹 Хо‌лодно (ခေါလာ့ထ်နာ) (အေးသော)
🔹 Жа‌рко (ဇျာရ်ကာ) (ပူသော)
🔹 Хорошо‌ (ခါရာရှော) (ကောင်းသော)
🔹 Пло‌хо (ပလောခါ) (ဆိုးသော/မကောင်းဘူး)
🔹 Кот (ကော့ထ်) (ကြောင်)
🔹 Парк (ပါရ်ခ်) (ပန်းခြံ)
🔹 Торт (သော့ရ်ထ်) (ကိတ်မုန့်)
🔹 Рыба (ရီဘာ) (ငါး)
🔹 Ка‌рта (ကာရ်သာ) (မြေပုံကားချပ်)
🔹 Гру‌ппа (ဂရုဖ်ပါ) (အုပ်စု/အဖွဲ့)
👍9
Media is too big
VIEW IN TELEGRAM
Русский Алфавит (ရုရှားအက္ခရာ) ရေးဆွဲနည်း၊ အသံထွက်နည်း အပိုင်း(၁)
7
Media is too big
VIEW IN TELEGRAM
Русский Алфавит (ရုရှားအက္ခရာ) ရေးဆွဲနည်း၊ အသံထွက်နည်း အပိုင်း(၂)
6
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားအက္ခရာ (၆)လုံးဖြင့် အစဉ်လိုက်လေး ရှေ့မှာ တစ်လုံးစီ ထပ်တိုးပေါင်းထည့်ပြီး စကားလုံး(၆)လုံးအား သိရှိနိုင်ကြဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပထမစာလုံး А(а) (အာ) သို့သော်၊ ဒါပေမယ့်

ဒုတိယစာလုံး а ရှေ့တွင် д(ဒယ်) ပေါင်းထည့်လျှင် Да(ဒါ) ဟုတ်ကဲ့၊ မှန်တယ်

တတိယစာလုံး да ရှေ့တွင် е(ရယ်) ပေါင်းထည့်လျှင် Еда(ရယ်ဒါ) အစားအစာ

စတုတ္ထစာလုံး еда ရှေ့တွင် б(ဘယ်) ပေါင်းထည့်လျှင် беда(ဘျယ်ဒါ) ဆင်းရဲဒုက္ခ၊ ကံဆိုးမှု

ပဉ္စမစာလုံး беда ရှေ့တွင် о(အော်) ပေါင်းထည့်လျှင် обеда(အာဘျယ်ဒါ) နေ့လည်စာများ

ဆဌမစာလုံး обеда ရှေ့တွင် п(ပယ်) ပေါင်းထည့်လျှင် победа(ပါဘျယ်ဒါ) အောင်ပွဲ၊ အောင်မြင်မှု တို့ပဲ ဖြစ်ပါတယ်။

အလွယ်ကျက်မှတ် နိုင်ကြပါ‌စေ။

မှတ်ချက်။ အသံတိုးတာကြောင့် နားကြပ်ကလေးနဲ့ နားထောင်ပေးကြပါ။
3👍3
This media is not supported in your browser
VIEW IN TELEGRAM
Дорога в Россию (1) သင်ခန်းစာ စာအုပ်မှ урок-1 (သင်ခန်းစာ-၁) задание-1 (လေ့ကျင့်ခန်း-၁) အား ရုရှားဆရာ/ဆရာမများ၏ အသံထွက်ပုံ/ထွက်နည်း လေယူလေသိမ်းအား ထပ်ခါထပ်ခါ နားထောင်ပြီး မှန်ကန်စွာ အသံထွက်တတ်စေရန်

မှတ်ချက်။ ။ အခြားနေရာများတွင် ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခွင့် မပြုပါ။
7
This media is not supported in your browser
VIEW IN TELEGRAM
Дорога в Россию (1) သင်ခန်းစာ စာအုပ်မှ урок-1 (သင်ခန်းစာ-၁) задание-2 (လေ့ကျင့်ခန်း-၂) အား ရုရှားဆရာ/ဆရာမများ၏ အသံထွက်ပုံ/ထွက်နည်း လေယူလေသိမ်းအား ထပ်ခါထပ်ခါ နားထောင်ပြီး မှန်ကန်စွာ အသံထွက်တတ်စေရန်

မှတ်ချက်။ ။ အခြားနေရာများတွင် ကူးယူဖော်ပြခွင့် မပြုပါ။
5