Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ရုရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများ၏ ရုပ်သံလိုင်းပေါ်မှ မြတ်ရွှေတိဂုံ
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်ရှိ ရုပ်သံလိုင်းများပေါ်တွင် ယနေ့မှ စ၍ မြန်မာနိုင်ငံမှရွှေတိဂုံစေတီတော်မြတ်ကြီးအကြောင်း ထုတ်လွှင့်ပြသလျက်ရှိသည်။ မော်စကိုမြို့ရှိ သယ်ယူပို့ဆောင်ရေးယာဉ်များ(မြေအောက်ရထား၊မြေပေါ်ရထား၊လျှပ်စစ်ရထား၊ ဓါတ်ရထား၊ ခရီးသည်တင်မော်တော်ယာဉ်၊ သင်္ဘောများ) တွင် ပြည်သူများသို့ သတင်းအချက်အလက်များမျှဝေရန် နှင့် ဝန်ဆောင်မှုပေးရန် ရုပ်သံလိုင်းများပြသလျက်ရှိပါသည်။ ရုရှားနိုင်ငံ၏ ဗဟုသုတရဖွယ်အချက်အလက်များ၊ အစိုးရထုတ်ပြန်ချက်များကိုနေ့စဉ်ကြေငြာလျက်ရှိပါသည်။ ယနေ့တွင်တော့ တမူထူးခြားစွာ မြန်မာနိုင်ငံ၏ ရွှေတိဂုံစေတီတော်မြတ်ကြီး အကြောင်း တင်ဆက်ပြသခဲ့ပါသည်။ Moscow Transport ရုပ်သံလိုင်းသည် မည့်သည့်ဘာသာ၊ မည့်သည့်နိုင်ငံအကြောင်းကိုမှ ယခုကဲသို့အထူးတလည် တင်ပြခြင်းမျိုးကို မတွေ့ရှိခဲ့ရချေ။ ယခုကဲ့သို့ ရုပ်သံလိုင်းကြီးမှ တင်ဆက်မှုကို မြင်ရသောအခါ ဗုဒ္ဓဘာသာဝင်တဉီး အနေဖြင့် ဝမ်းမြောက်ရသကဲ့သို့ ရုရှား-မြန်မာ ချစ်ကြည်ရေး ၏ အတိမ် အနက် ကို ခန့်မှန်းမိပါသည်။ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ရုပ်သံလွှင့်မှုအား မည်သည့်အချိန်ထိ ဆက်လက်ထုတ်လွှင့်မည်ကိုမသိပါ။ ပုံမှန်အားဖြင့် အကြောင်းအရာတခုအား mostransport television မှ ထုတ်လွှင့်မှုသည် တလခန့်ကြာတက်ပြီး တနေ့လျှင် ကြိမ်ဖန်များစွာ ပြသလျှက်ရှိသည်ကိုသိရပါသည်။

ဗုဒ်ဓသာသနံ စိရံတိဌတု
သာဓု သာဓု သာဓု
အင်းစိန် ထောင်ပိုင်ကြီး
9
##Катюша ( Katyusha ) သီချင်းလေးကို ကြိုက်လို့ ပြန်လည် တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ရာဇဝင်လေးပါ သိရအောင် တင်ပေးလိုက်ပါတယ်။ အကြိုက်ဆုံးကတော့ သီချင်းဆိုတဲ့ ကလေးမလေးရဲ့ ဟန်ပန်အမူအရာနဲ့ မျက်နှာပေးလေးပါပဲ 😊😊😊🥰🥰🥰

ရုရှားအသံထွက် "Katusha", "Katjuscha", "Katiusha" ဒါမှမဟုတ် "Katjusha" ဟာ ဆိုဗီယက်ယူနီယံ ရိုးရာ သီချင်းဖြစ်ပါတယ်။ ၎င်းကို ၁၉၃၈ တွင် Матвей Блантер ( Matvey Blanter ) က ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ မျိုးချစ်စိတ်ဓါတ်အရ ကျော်ကြားမှု ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ၁၉၉၅ ခုနှစ်က စတင်ပြီး ကာသုရှာ သီချင်းဟာ လူကြိုက်များခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် ( တပ်နီတော် )တွေ အသုံးပြုခဲ့တဲ့ BM-8, BM-13 နဲ့ BM-31 rocket launchers တွေကို "Катюша ကာသုရှာ" လို့ အစပြုပြီး nickname ပေးခဲ့ခြင်း ဖြစ်ပါတယ်။

Расцветали яблони и груши
ပန်းသီးပင်တွေနဲ့ သစ်တော်ပင်တွေ ဖူးပွင့်လာခဲ့ပြီ။
Поплыли туманы над рекой.
မြူအခိုးအငွေ့များဟာ မြစ်ပေါ်မှာ မျောလွင့်လာနေတယ်။
Выходила на берег Катюша,
ကာသုရှာဟာ မြစ်ကမ်းပါးပေါ်ကို ရောက်လာခဲ့တယ်။
На высокий берег на крутой.
ငါတို့ရဲ့ ကြီးမားမတ်စောက်တဲ့ မြစ်ကမ်း‌ပါးပေါ်ကို ရောက်လာခဲ့တယ်။
( Выходила на берег Катюша,
На высокий берег на крутой. )
Выходила, песню заводила
သူမဟာ သီချင်းညည်းဆိုရင်း ထွက်လာခဲ့တယ်
Про степного, сизого орла,
ကွင်းပြင်ဆီက မီးခိုးရောင် လင်းယုန်တစ်ကောင်အကြောင်း
Про того, которого любила,
သူမချစ်ရတဲ့ တစ်ယောက်သောသူအကြောင်း
Про того, чьи письма берегла.
သူမ မြတ်နိုးတန်ဖိုးထားတဲ့ စာတွေရဲ့ ပိုင်ရှင် အကြောင်း။
(Про того, которого любила,
Про того, чьи письма берегла.)
Ой ты, песня, песенка девичья,
အိုး မင်း၊ သီချင်း၊ အပျိုစင်တစ်ယောက်ရဲ့ သီချင်းလေး
Ты лети за ясным солнцем вслед.
တောက်ပနေတဲ့ နေမင်းနောက်ကို မင်း တောက်လျှောက် ပျံလိုက်သွားပါ
И бойцу на дальнем пограничье
ပြီးတော့ အဝေးနယ်စပ်ဆီက စစ်သားလေးတစ်ယောက်ဆီကို
От Катюши передай привет.
ကာသုရှာက နှုတ်ဆက်နေပါတယ်လို့ ပြောပေးလိုက်ပါ
( И бойцу на дальнем пограничье
От Катюши передай привет.)
Пусть он вспомнит девушку простую,
သူ့ကို ရိုးသားတဲ့ သာမာန် မိန်းကလေးတစ်ယောက်ကို သတိရခွင့်ပေးလိုက်ပါ
Пусть услышит, как она поет,
သူ့ကို သူမရဲ့ ဘယ်လို‌ သီဆိုနေသလဲဆိုတာ နားထောင်ခွင့်ပေးလိုက်ပါ
Пусть он землю бережет родную,
သူ့ကို မိမိနေထိုင်ရာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခွင့်ပေးလိုက်ပါ
А любовь Катюша сбережёт.
ပြီးတော့ ကာသုရှာက ချစ်ရသူကို ကာကွယ်ပေးပါလိမ့်မယ်။
( Пусть он землю бережет родную,
А любовь Катюша сбережёт.)
Расцветали яблони и груши
Поплыли туманы над рекой.
Выходила на берег Катюша,
На высокий берег на крутой.
( Выходила на берег Катюша,
На высокий берег на крутой.)

#р_в_мать_сын
👍4
၂၁-၃-၂၀၂၂ ရက်နေ့ ရုရှားစာ စတင်သင်ကြားမှု

ရုရှားစကားလုံးများတွင် အက္ခရာ စုစုပေါင်း (၃၃) လုံး ရှိပြီး ဗျည်း(၂၁)လုံး၊ သရ(၁၀)လုံး၊ ထူးခြားတဲ့ဝိသေသရှိတဲ့အက္ခရာ(၂)လုံးတို့ပဲ ဖြစ်ပါတယ်။

А(а) အာ
Авто́бус (အာဖ်သောဘုစ်) ဘတ်စ်ကား
Арбуз (အာရ်ဘု့စ်) ဖရဲသီး
Аптека (အာဖ်ကျယ်ကာ) ဆေးဆိုင်

Б(б) ဘယ်
Бана́н (ဘာနာန်) ငှက်ပျောသီး
Ба́бушка (ဘာဘူရှကာ) အဖွား
Банк (ဘန့်ခ်) ဘဏ်

В(в) ဗယ်
Ви́шня (ဗိရှ်ညာ) ချယ်ရီသီး
Вино́ (ဗိနော်) ဝိုင်
Вода́ (ဗာဒါ) ရေ

Г(г) ဂယ်
Гора́ (ဂါရာ) တောင်
Гру́ппа (ဂရုဖ်ပါ) အုပ်စု/အဖွဲ့
Газе́та (ဂါဇယ့်သာ) သတင်းစာ

Д(д) ဒယ်
Дом (ဒွန်းမ်/ဒေါမ်) အိမ်
Де́рево (ဂျယ်ရယ်ဗာ) သစ်ပင်
Де́душка (ဂျယ်ဒူရှကာ) အဖိုး

Е(е) ရယ်
Еда́ (ရယ်ဒါ) အစားအစာ
Ежеви́ка (ရယ်ဇျယ်ဗီကာ) ဘလက်ဘယ်ရီသီး
Её (ရီရော်) သူမ

Ё(ё) ရော်
Ёж/Ёжик (ရော့်ရှ်/ရော်ဇျိခ်) ဖြူကောင်
Ёлка (ရော်လ်ကာ) ထင်းရှူးပင်
Ёрш (ရော်ရ်ရှ်) ဝက်မှင်ဘီး

Ж(ж) ဇျယ်
Журна́л (ဇျူးရ်နာ့လ်) ဂျာနယ်/မဂ္ဂဇင်း
Жа́рко (ဇျာရ်ကာ) ပူသော
Жена́ (ဇျိနာ) အမျိုးသမီး/မိန်းမ (женщина အတိုကောက်)

З(з) ဇယ်
Звезда́ (ဇဗျယ်စ်ဒါ) ကြယ်
Зонт (ဇွန်းထ်) ထီး
Зо́лото (ဇော်လာသာ) ရွှေ

И(и) အီ
Игра́ (အီဂရာ) ကစားနည်း
Информа́ция (အင်န်ဖာရ်မာဆီရာ) သတင်းအချက်အလက်
Институ́т (အင်န်ဆသီသု့ထ်) ကောလိပ်/ပညာရေးအသင်းအဖွဲ့

Й(й) အီခရက်ကာရယ်/အိရ်
Йод (ရော့်ထ်) အိုင်အိုဒင်း/ဓာတ်
Йо́га (ရော်ဂါ) ယောဂကျင့်စဉ်
Йо́гурт (ရော်ဂူရ်ထ်) ဒိန်ချဉ်

နေ့စဉ်စကားပြော မိတ်ဆက်ခြင်းအတွက် အသုံးပြရန်
Здравствуй/-те (ဇသရာ့စ်ထ်ဗွီ/ကျယ်) မင်္ဂလာပါ
Привет (ပရီဗျယ့်ထ်) ဟိုင်း
Как дела? (ကာ့ခ် ဂျယ်လာ) အဆင်ပြေလား/နေကောင်းလား
Спасибо, хорошо, а ты/вы? (ဆပါဆီဘာ ခါရာရှော, အာ သီ/ဗီ) ကောင်းပါတယ် ကျေးဇူးတင်ပါတယ် မင်းရော/မင်းတို့ရော
До свидания. (ဒါဆဗီဒါညီရာ) နှုတ်ဆက်ပါတယ်
Пока (ပါကာ) တာ့တာ
Приятно познакомиться! (ပရီရာ့ထ်နာ ပါဇနာကော်မိထ်ဆာ) တွေ့ရတာ ဝမ်းသာပါတယ်
Давай снова встретимся! (ဒါဗာ့ရ် ဆနော်ဗာ ဗ်ဆသရယ်ကျီမ်ဆာ) နောက်ထပ်ဆုံတွေ့ကြတာပေါ့


Пока мои друзья. (ပါကာ မာရီ/မိုင်ရီး ဒရူဇီရာ) တာ့တာ ကျွန်တော့်ရဲ့/ငါ့ရဲ့ သူငယ်တို့
Пока мой друг. (ပါကာ မွေ့ရ် ဒရုခ်) တာ့တာ ကျွန်တော့်ရဲ့/ငါ့ရဲ့ သူငယ်ချင်းရေ

Р.В Мать Сын
👍51
цель - самозащить
ဆယ်လ် ဆာမာဇာရှိခ်ျ
ရည်မှန်းချက် ပန်းတိုင်ဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်း ဖြစ်တယ်

#р_в_мать_сын
👍6
🐦🐦🐦Какушка 🐦🐦🐦

Битва за Севастополь (легендадо) ဇာတ်ကားရဲ့ ဇာတ်ဝင်တေး။ အရင်က တင်ပေးဖူးတဲ့ သူ့အကြောင်းအရာလေးပါ တင်ပေးလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ လက်ဖြောင့် သေနတ်ပစ် ကျွမ်းကျင်သလို အမေရိကန်က ဘီလီယျံနာ သူဌေးကြီးရဲ့ အသဲကိုပါ ခွဲခဲ့တဲ့ ရုရှားဆီုဗီယက် အမျိုးသမီးကတော့ Людмила Михайловна Павличенко (Lyudmila Mikhailovna Pavlichenko) ပဲဖြစ်ပါတယ်။

၁၉၄၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဆိုဗီယက်စစ်သည်တွေဟာ အေးခဲနေတဲ့ ကတုတ်ကျင်းတစ်ကျင်းထဲမှာ နာဇီလက်ဖြောင့်သေနတ်သမားကို နှစ်ရက်ကြာအောင် တိတ်တိတ်လေး စောင့်ဆိုင်းနေခဲ့ပါတယ်။ ထိုနာဇီလက်ဖြောင့်တပ်သားက ပြီးခဲ့တဲ့(၄၈) နာရီအတွင်းမှာ ဆိုဗီယက် တပ်သား(၅)ယောက်ကို သတ်ဖြတ်သုတ်သင်ခဲ့ပြီးပါပြီ။ သေသွားတဲ့အထဲမှာ ဆိုဗီယက် တပ်နီတော်ဘက်မှ တပ်ရင်းမှုးတစ်ယောက်လဲ ပါပါတယ်။

တတိယနေ့မနက် မိုးသောက်တဲ့အခါ ဆိုဗီယက်တွေက အဲ့ဒီနာဇီစစ်သားဟာ ယိုယွင်းနေပြီဖြစ်တဲ့ မီးရထားခုံးကျော်တံတားပေါ်ကနေ ရန်သူအဝိုင်းခံထားရတဲ့ Севастополь (Sebastopol) မြို့ကို အပေါ်စီးက မိုးကြည့်နေတာကို မှန်ပြောင်းကတဆင့် တွေ့ခဲ့ပါတယ်။ အဲ့ဒီ သေနတ်သမားကို ဖမ်းဆီးပစ်ခတ်နိုင်အောင် အကြီးတန်းဆာဂျင်ကြီး Павличенко က အကြံတစ်ခု ထုတ်ခဲ့ပါတယ်။

လူပုံသဏ္ဍာန် အရုပ်တစ်ခုကို ဖန်တီးပြီး အဲ့ဒီနာဇီရဲ့သေနတ်ပြောင်း၀က ထွက်လာမယ့် မီးပွင့်ကို တွေ့နိုင်ဖို့အတွက်ပါ။ မကြာပါဘူး အဲ့ဒီနာဇီလက်ဖြောင့်သေနတ်သမားဟာ ဆိုဗီယက်တွေ ဆင်တဲ့အကွက်ထဲ ၀င်လာခဲ့ပါတယ်။ သေနတ်ပြောင်း၀ကနေ မီးပွင့်တာ တွေ့လိုက်ရတဲ့ Павличенко က ချက်ခြင်းပဲ အဲ့ဒီသေနတ်သမားရဲ့ မျက်လုံးနှစ်လုံးကြား အလယ်ဗဟိုတည့်တည့်ကို ကျည်ဆံတစ်တောင့် ပစ်သွင်းလိုက်ပါတယ်။

ဆိုဗီယက် တပ်နီတော် စစ်သည်တွေကို ပုန်းလျှိုးကွယ်လျှိုးနဲ့ တစ်ယောက်ချင်း လိုက်လံသတ်ဖြတ်နေတဲ့ နာဇီနိုက်ပါသမားကို အသေပစ်ခတ်ခဲ့သူဟာ ဆိုဗီယက်ယူနီယံ တပ်နီတော်ရဲ့ ကျော်ကြားတဲ့ လက်ဖြောင့်တပ်သား စစ်သမီး Павличенко ပဲဖြစ်ပါတယ်။ ထူးခြားတဲ့အရည်အသွေးနဲ့ လက်မရွံ့တပ်သား Павличенко က အမျိုးသမီးတစ်ဦးပါ။ သူမရဲ့နာမည်အပြည့်အစုံကတော့ Людмила Михайловна Павличенко ဖြစ်ပါတယ်။

သူမကို ၁၉၁၆ ခုနှစ် ဂျူလိုင်လ ၂၉ ရက် (ဂျူလိုင်လ ၁၂ ရက်)နေ့မှာ Bila Tserkva၊ Vasilkovsky district၊ Kiev province၊ Russian ဆိုဗီယက်ယူနီယံတွင် မွေးဖွားခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့(အသက် ၅၈ နှစ်မှာ) ကွယ်လွန်ခဲ့ပါတယ်။ သူမဟာ ရုရှားတပ်နီတော်တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူမဟာ အသက် (၂၅)နှစ်အရွယ်တွင် နာဇီဂျာမဏီ စစ်သည်ပေါင်း (၃၀၉)ဦးရဲ့ အသက်ကို ဇီဝိန်ချွေခဲ့နိုင်ပါတယ်။ ရုရှား တပ်နီတော်ရဲ့ အမှတ်(၂၅) Chapaevskaya ရိုင်ဖယ်တပ်ခွဲမှ လုပ်ကြံသူ Людмила Михайловна Павличенко ဟာ USSR ရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ဝေးလံတဲ့ အကွာအဝေးထိ သွားရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ပါတယ်။ Павличенко ဟာ ကမ္ဘာ့သမိုင်းတွင် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ ဖြစ်ခဲ့ပါတယ်။ သူမကို အမေရိကန် သတင်းထောက်များက "Lady Death" လို့ အမည်ပေးခဲ့ပါတယ်။ Malinnikova ရဲ့ အဆိုအရ ချုံခိုတိုက်ခိုက်မှု တစ်ခုအတွင်းမှာ ဖက်ဆစ် ၆၀ ခန့်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၄၂ ခုနှစ် ဇွန်လမှာတော့ စစ်အတွင်းမှာ အမြှောက်ဆံမှန်ပြီး တစ်လကြာအောင်ဆေးရုံတက်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး Павличенко ဟာ ရှေ့တန်းစစ်မြေပြင်ကို မသွားရတော့ဘဲ ရုရှားစစ်တပ်အတွက် ဝါဒဖြန့်စစ်ရေးကမ်ပိန်းတွေပဲ ပြုလုပ်ခဲ့ပါတော့တယ်။

စစ်အတွင်းမှာ သူမရဲ့ လက်ဖြောင့်သေနတ်အစွမ်းကြောင့် စတာလင်ရဲ့ အတော်ဆုံးအမျိုးသမီးလက်ဖြောင့်တပ်သားအဖြစ် အသိအမှတ်ပြုခံရပါတယ်။

Павличенко ဟာ နာဇီတွေကိုဆန့်ကျင်တဲ့ ရုရှားကမ်ပိန်းတွေမှာ အထောက်အကူရှာဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Roosevelt နဲ့တင်မကပဲ သမ္မတကတော် Eleanot နဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်။

ရှေ့တန်းစစ်ဆင်ရေးတွေ မကြာခဏသွားရတဲ့သူမဟာ မဟာမိတ်ခေါင်းဆောင်တွေဖြစ်တဲ့ Churchill ၊ Roosevelt ၊ Stalin တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဆိုဗီယက်ရဲ့အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ ဆိုဗီယက်ယူနီယံသူရဲကောင်းဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။ သူမအထ္ထုပတ္တိအကြောင်းနဲ့ ပတ်သက်ပြီး (၂၀၀၅)ခုနှစ်တုန်းကလည်း ရုပ်ရှင်ထွက်ရှိခဲ့ပါသေးတယ်။

ယူအက်စ်မှာ သူမဟာ မိန့်ခွန်း ပြောနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး အမေရိကန် သမ္မတရဲ့ ဇနီး အီလာနိုရုစဗဲ့နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဆိုဗီယက် စနိုက်ပါ "Lyudmila Mikhailovna Pavlichenko" ဟာ အမေရိကန် ပြည်ထောင်စုမှာ အလွန်ကျော်ကြားတာကြောင့် အမေရိကန်အဆိုတော် Woody Guthrie က "Miss Pavlichenko" အမည်နဲ့ သူမအကြောင်းကို သီချင်းတစ်ပုဒ်ပင် ရေးသား/သီဆိုခဲ့ပါတယ်။ အဲ့သီချင်းကို တော်တော်များများ ရင်းနှီးလိမ့်မယ်လို့ ထင်ပါတယ်။
👍6
အမေရိကန်တွင် သူမ မိန့်ခွန်းပြောကြားတဲ့ အချိန်မှာ သူမကို မြင်တွေ့ခဲ့ပြီး တည်ငြိမ်နေတဲ့ ရေပြင်ကို ခဲလုံးလေး ပစ်ချလိုက်သလို လှိုင်းကယက်တွေ ထသွားသကဲ့သို့ နှလုံးသားလှိုင်းဂယက် ထသွားသလို ဖြစ်ခဲ့တဲ့ သူကတော့ အမေရိကန် သန်းကြွယ်သူဌေး ဝီလျံပက်ထရစ်ဂျွန်ဆင် ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို ဆိုဗီယက်တပ်နီတော်က ဆိုဗီယက်ယူနီယံနိုင်ငံသား‌ ဆေးတပ်ဖွဲ့က အငယ်တန်းလက်ထောက်တစ်ဦးက လက်ထပ်ထိမ်းမြားခွင့်ပြုရန် အဆိုပြုတောင်းခံခဲ့ကြောင်းနဲ့ ဆိုဗီယက်အစိုးရကို အယူခံဝင်ခဲ့ကြောင်း Павличенко က ပြောဆိုခဲ့ဖူးပါတယ်။

အမေရိကန် သန်းကြွယ်သူဌေးနဲ့ ပတ်သတ်ပြီးလဲ သူဟာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူရဲ့ ဘဏ်စာရင်းမှာ အဲ့ဒီအချိန်က ဒေါ်လာ ၅ သန်းရှိကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ၎င်းဟာ ထည့်သွင်း စဉ်းစားသင့်ပေမယ့် Павличенко က "ဒါပေမယ့် ငါသူ့ကို မကြိုက်ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ဈေးကြီးတဲ့ လက်ဝတ်ရတနာတွေနဲ့ အထင်ကြီးလောက်တဲ့ ဘဏ်အကောင့်တစ်ခုမှ သတ္တိရှိရှိဖြင့် ဆိုဗီယက်မိန်းကလေးအား အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရန် စည်းရုံးနိုင်ခြင်း မရှိခဲ့ပါဘူး။

သူမရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့
🔹 Hero of the Soviet Union
🔹 The order of Lenin
🔹 Medal "For Military Merit"
🔹 Medal "For the Defense of Odessa"
🔹 Medal "For the Defense of Sevastopol"
🔹 Medal "For Victory over Germany
in the Great Patriotic War of
1941-1945" တို့ပဲဖြစ်ပါတယ်။

သူမအကြောင်း ရိုက်ကူးထားတဲ့ "Battle for Sevastopol(legendao)"[Битва за Севастополь (легендадо)]ဇာတ်ကားလေးရဲ့ YouTube link ပါထည့်ပေးလိုက်ပါတယ်။

https://youtu.be/dZEsWbv-E1U

#Р_В_Мать_Сын