Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
827 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
МГУ ၊ နိုင်ငံခြားဘာသာစကားဌာနရဲ့ ဒုဌာနမှူးရေးထားတဲ့
ရုရှားဘာသာစကားမှာရှိတဲ့ ဝိရောဓိလေးတွေ၊
အဓိပ္ပါယ်နှစ်ခွလေးတွေ၊ ထူးဆန်းတာလေးတွေအကြောင်းပါ။

🪆🐻
выражение(expression) ဖြစ်တဲ့
,, ты мне очень нужен" နဲ့
,,очень ты мне нужен" တို့မှာ
ты мне очень нужен က ပုံမှန်အဓိပ္ပါယ်နဲ့
ပြောတာဖြစ်ပြီး очень ты мне нужен ကတော့
ထေ့လုံး။ ငေါ့လုံး(sarcasm) ဖြစ်ပါတယ်တဲ့။
ты очень нужен мне ကတော့
ပုံမှန်အသုံးတစ်ခုပါ။

🪆🐻
пародокс ဖြစ်တဲ့နောက်တစ်ခုကတော့
часы могут идти, когда лежат и стоят,
когда висят ပါတဲ့။
ဒီနေရာမှာသုံးတဲ့ идти က လမ်းလျှောက်တာကို
ပြောတာမဟုတ်ဘဲ နာရီစက်လည်ပတ်နေတာကို
ပြောတာပါ။နာရီဟာ လှဲနေတဲ့အခါမှာ၊
ထောင်နေတဲ့အခါမှာဖြစ်ဖြစ် ချိတ်ထားတဲ့အခါမှာ
ဖြစ်ဖြစ် လမ်းလျှောက်နိုင်တယ်လို့လည်း
ဟာသအနေနဲ့ ဘာသာပြန်လို့ရနေလို့ပါ။
အမှန်တကယ်ကတော့ ချိတ်ထားရင်ဖြစ်စေ၊
တစ်နေရာရာမှာ တင်ထားရင်ပဲဖြစ်စေ
နာရီစက်ဟာ လည်ပတ်နိုင်စွမ်းရှိတယ်လို့
ဆိုလိုချင်တာပါ။
ဖတ်နေရင်းနဲ့ကို အတော်လေးရယ်နေရပါတယ်။

🪆🐻
နောက်တစ်ခုကတော့
чайник долго остывает နဲ့
чайник долго не остывает တို့ဟာ
အဓိပ္ပါယ်အတူတူပါပဲတဲ့။
чайник долго остывает ရဲ့အဓိပ္ပါယ်က
ရေနွေးအိုးက အေးဖို့ အတော်ကြာတာပဲ ဖြစ်ပြီး
чайник долго не остывает ကတော့
ရေနွေးအိုးက တော်တော်နဲ့ကို မအေးနိုင်ဘူးလို့
အဓိပ္ပါယ်ပြန်လို့ရပါတယ်။
ဒါပေမဲ့ တချို့တွေကတော့
чайник долго остывает ဆိုတာဟာ
ရေနွေးအိုးက အပူချိန်တော့ကျလာတယ်။ ဒါပေမဲ့
တဖြည်းဖြည်းချင်း အပူချိန်ကျလာတာကို ဆိုလိုပြီး
чайник долго не остывает ကတော့
ရေနွေးအိုးက အပူချိန်တစ်ခုမှာ ကြာမြင့်စွာတည်ရှိနေတာ၊
ပူမြဲအတိုင်းပူနေတာဖြစ်ပြီး အေးတဲ့ဖြစ်စဉ်ကို
မကူးပြောင်းတဲ့အဓိပ္ပါယ်နဲ့ပြောတာဖြစ်တယ်ဆိုပြီး
ထိုစာကြောင်းနှစ်ကြောင်းက
မတူဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။

🪆🐻
နောက်တစ်ခုကတော့
все, что НИ делается - к лучшему
လို့ရေးရင်လည်း မှန်သလို
все, что НЕ делается - к лучшему
လို့ရေးရင်လည်း သူ့အဓိပ္ပါယ်နဲ့သူ မှန်ပါတယ်တဲ့။
НИ ပါတဲ့စာကြောင်းရဲ့ အဓိပ္ပါယ်ကတော့
ဖြစ်ပြီးသမျှအားလုံးဟာ
အကောင်းဖြစ်လာဖို့ချည်းပဲဆိုတာမျိုးဖြစ်ပြီး
НЕ ပါတဲ့စာကြောင်းရဲ့အဓိပ္ပါယ်ကတော့
မလုပ်ဖြစ်လိုက်တာ အကောင်းဖြစ်လာဖို့ဆိုတဲ့
အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။

🪆🐻
бесчеловечно နဲ့ беслюдно ဆိုတဲ့စကားလုံးတွေမှာ
человек(လူ) နဲ့ люди(လူများ) ဆိုတာ ပါဝင်နေပေမဲ့
စကားလုံးနှစ်လုံးရဲ့အဓိပ္ပါယ်ကတော့ တခြားစီပါတဲ့။
бесчеловечно က လူသားမဆန်တာ၊
လူမဆန်သောဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး
беслюдно ကတော့ လူသူကင်းမဲ့သော၊
တစပြင်ဖြစ်နေသော ဆိုတဲ့ အဓိပ္ပါယ်ပါ။

🪆🐻
တိုက်ခန်းထဲမှာ (в квартире) ထဲမှာရှိတဲ့နေရာတွေကို
ညွှန်းတဲ့အခါ
အိပ်ခန်းထဲသို့လို့ သုံးချင်ရင် в спальню
ကော်ရစ်တာသို့လို့ သုံးချင်ရင် в коридор
ကလေးအိပ်ခန်းသို့လို့ သုံးချင်ရင် в детскую လို့
в နဲ့ သုံးကြပေမဲ့ မီးဖိုချောင်သို့လို့ သုံးချင်ရင်တော့
на кухню လို့သုံးပါတယ်။
ထပ်ပြောရရင် ဒီတစ်ခုကတော့
အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
на ကော в ကော သုံးလို့ရကြောင်းကို
သက်သေပြထားတာတွေ ရှိပါတယ်။
အောက်မှာဆက်ဖတ်ကြည့်ပါ။

ဘာသာဗေဒပညာရှင်တွေနဲ့
ရုရှားစာပေတည်းဖြတ်ရေးအဖွဲ့တွေကတော့
в နဲ့သုံးတာလည်း မှန်သလို на နဲ့ သုံးရင်လည်း
မှန်ပါတယ်လို့ ဆိုပါတယ်။

на နဲ့ကို ဘယ်မှာသုံးကြသလဲ။

(၁) တစ်ခုခုရဲ့အပေါ်မှာဆိုတာကို ပြောပြချင်တဲ့အခါ၊
အမိုးအကာမရှိတဲ့နေရာမျိုးကို
ညွှန်းဆိုချင်တဲ့အခါမျိုးတွေမှာна နဲ့ သုံးကြပါတယ်။
(၂) အခုခေတ်မှာတော့ кухня ကို на နဲ့ပဲ
အသုံးများနေပါပြီ။
в နဲ့သုံးရင် မှားတယ်လို့
ပြောတာတွေတောင် ရှိနေပါပြီ။
ရုရှားမှာ ရာသီဥတုက အစုံရှိတဲ့အတွက်
တချို့နေရာတွေမှာ မီးဖိုချောင်တွေဟာ
အိမ်နဲ့တွဲမရှိဘဲနဲ့ သီးသန့်ဖြစ်နေတာမျိုး၊
ဟင်းလင်းပြင်ထဲမှာ ချက်ပြုတ်တာမျိုးတွေရှိပါတယ်။
ထိုအခါမှာ на နဲ့ သုံးကြပါတယ်။

в နဲ့ ဘယ်မှာသုံးသလဲ။

(၁) အဆောက်အအုံတစ်ခုခုရဲ့အထဲမှာရှိတာကို
ပြောချင်တဲ့အခါ в နဲ့သုံးတာက ပုံမှန်ပါ။
(၂) တိုက်ခန်းတွေထဲမှာရှိတဲ့ မီးဖိုချောင်ကိုဆိုရင်တော့
в နဲ့သုံးတတ်ကြပါတယ်။
သူက အိမ်နဲ့တွဲရှိနေတာဖြစ်တဲ့အတွက်
в доме လို့သုံးတဲ့အတွက် в кухне လို့
ဆက်သုံးတဲ့သဘောပါ။
(၃) နောက်တစ်ခုက နိုင်ငံတွေရဲ့အစားအစာကို
ရည်ညွန်းတဲ့အခါမှာ в နဲ့ သုံးပါတယ်။
ဥပမာ - в китайской кухне လို့သုံးပြီး
အဓိပ္ပါယ်ကတော့ တရုတ်ဟင်းလျာတွေထဲမှာဆိုရင်
ပီကင်းဘဲကင်က ကောင်းတယ်လို့ပြောတဲ့အခါမျိုးမှာ
👍1
သုံးတာပါ။ နိုင်ငံရဲ့ရိုးရာဟင်းလျာတွေကို
ပြောတဲ့အခါမျိုး၊ ချက်ပြုတ်နည်းကို
ပြောတဲ့အခါမျိုးတွေမှာ သုံးကြပါတယ်။
(၄) နေရာကို အတိအကျညွှန်းချင်တဲ့အခါမျိုးမှာလည်း
သုံးကြပါတယ်။
ဥပမာ - Ума не приложу, где мои очки
(မျက်မှန်ဘယ်မှာထားလိုက်မိမှန်းကို မသိဘူး)
ဆိုတာမျိုးမှာ
Поищи в кухне လို့ပြောလိုက်ရင် ပိုကောင်းပါတယ်။
နေရာကို အတိအကျညွှန်းဆိုလိုက်လို့ပါတဲ့။
Откуда этот звук? ဘယ်ကအသံပါလိမ့်လို့
မေးတဲ့အခါ မီးဖိုထဲမှာ ပြင်ဆင်ရေးုလုပ်နေတဲ့လို့
ဖြေတဲ့အခါမှာဆိုရင် В кухне делают ремонт လို့
ပြောရင် ပိုအဆင်ပြေပါတယ်။
ဒီဖြစ်စဉ်နဲ့ဆက်စပ်ပြီး
на автобусе နဲ့ в автобусе တို့မှာ
ဘယ်ဟာက သုံးတာအမှန်လဲဆိုရင် နှစ်ခုလုံးက အမှန်ပါ။
на автобусе က ယာဉ်နဲ့ သွားလာတယ်ဆိုတဲ့အဓိပ္ပါယ်ကိ
ပြောချင်တဲ့အခါမှာသုံးတာပါ။ Я еду на автобусе.
в автобусе ကတော့ ကားထဲမှာ ထိုင်နေတာ၊
ကားထဲမှာရှိနေတာကို ညွှန်းဆိုချင်တဲ့အဓိပ္ပါယ်ပါ။
Мы два часа просидели в автобусе.

🪆🐻
Я тебя не забуду ဆိုတာကတော့
နူးညံ့တဲ့၊ သိမ်မွေ့တဲ့အသုံးဖြစ်ပြီး
Я тебя запомню ကတော့ အေး... မင်းကို
ငါမှတ်ထားတယ်နော်၊ ငါမင်းကို မှတ်မိနေတယ်နော်၊
မင်းသတိထားဆိုတဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုးနဲ့
သုံးတဲ့အသုံးဖြစ်ပါတယ်။

🪆🐻
не стой над душой
တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တောင်
ကြောင်တောင်တောင်နိုင်ပါတယ်။
ပြီးတော့ ဒီစာကြောင်းက ဆိုရိုးစကားတစ်ခုကနေ
ဆင်းသက်လာတာဖြစ်ပါတယ်။ ဆိုရိုးစကားက
не стой надо мной, как черт над душой ကနေ
လာတာဖြစ်ပါတယ်။ ဆိုရိုးစကားရဲ့ သမိုင်းကြောင်းက
ဘယ်လိုဖြစ်လာသလဲဆိုရင် ဟိုးအရင်တုန်းက
လူတွေယုံကြည်ကြတာ တစ်ခုရှိပါတယ်။
လူတစ်ယောက်ဝိညာဉ်ရဲ့ ဘယ်ဘက်မှာ နတ်ဆိုး၊
မကောင်းဆိုးဝါးက စောင့်လေ့ရှိပြီး ညာဘက်မှာတော့
အစောင့်အရှောက်တွေက စောင့်လေ့ရှိတယ်လို့
အယူအဆရှိပါတယ်။ ဘယ်ဘက်မှာရှိတဲ့ နတ်ဆိုးဟာ
နည်းလမ်းအမှားတွေ၊ ဆုံးဖြတ်ချက်အမှားတွေ၊
လုပ်ရပ်အမှားတွေကို ပြုလုပ်ဖို့ နားထဲကို
မသိမသာကပ်တိုးပြောလေ့ရှိပါတယ်။
ထိုယုံကြည်မှုအယူအဆကနေ
не стой надо мной, как черт над душой ဆိုတာ
ဖြစ်လာပြီး နောက်ပိုင်းမှာတော့ не стой над душой လို့
ပြောလာကြပါတယ်။
ထိုစာကြောင်းရဲ့ဆိုလိုရင်းကတော့
လူတစ်ယောက်ရဲ့ဘေးနားမှာ နေပြီး
ထိုလူကို မလိုအပ်တဲ့၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့
အကြံဉာဏ်တွေပေးတာမျိုး၊ မလိုအပ်ဘဲ
အကူအညီတွေပေးတာမျိုး၊ သူများအလုပ်လုပ်နေတာကို
ဘေးနားသွားရပ်ပြီး ဝေဖန်တာမျိုးတွေ
ပြုလုပ်တာအခါမှာ ထိုစာကြောင်းကို ပြောလေ့ရှိပါတယ်။
အလွယ်ပြောရရင်တော့ မနှောင့်ယှက်ပါနဲ့ ဆိုတဲ့
အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

🪆🐻
ရုရှားအက္ခရာ ၃၃ လုံးရှိတဲ့အနက်က
အက္ခရာငါးလုံးအစဉ်လိုက်နဲ့
မေးခွန်းပြုလုပ်လို့ရပါတယ်။
ГДЕ ЁЖ?
အဓိပ္ပါယ်ကတော့
"ဖြူကောင် ဘယ်မှာလဲ" ဖြစ်ပါတယ်။

🪆🐻
ноги в руки и вперед ဆိုတဲ့
စကားအသုံးအနှုန်းရှိပါတယ်။
စကားအသုံးအနှုန်းဖြစ်ပေါ်လာပုံကတော့
брать ноги в руки ဆိုတာနဲ့ ဆက်စပ်နေပါတယ်။
ဟိုအရင်ခေတ်တွေတုန်းက တောင်ကုန်းတစ်ခုပေါ်က၊
လျှောစောက်တစ်ခုပေါ်ကနေ လျှောချလိုက်ရင်
တခြားပုံသဏ္ဍာန်တွေထက် လုံးဝန်းတဲ့ပုံဏ္ဍာန်က
အောက်ကို ပိုပြီးမြန်မြန်ရောက်တာကို
သတိထားမိလာကြပါတယ်။ ဒါကြောင့်မလို့
လှည်းဘီးတွေကို တီထွင်လာခဲ့ကြပါတယ်။
ထိုခေတ်ကတော့ အီဂျစ်ခေတ်တုန်းကပါ။
ထိုအဓိပ္ပါယ်ကိုယူပြီး အလုပ်တစ်ခုခုကို၊ လုပ်ဆောင်ချက်
တစ်ခုခုကို အမြန်ဆုံးလုပ်စေချင်တဲ့အခါမှာ
လက်က ခြေထောက်ကို ဆုပ်ကိုင်ကာ
လှည်းဘီးပုံစံပြုလုပ်ပြီး လှည်းဘီးတွေလို
ရှေ့ကိုပိုမြန်မြန်ရောက်အောင်
လုပ်ဆောင်ပါလို့ တင်စားပြောဆိုကြတာဖြစ်ပါတယ်။
နေရာတိုင်းမှာတော့ သုံးလို့မကောင်းပါဘူး။
အမိန့်ပေးတဲ့ပုံစံမျိုးပါနေတတ်ပါတယ်။
အင်္ဂလိပ်လိုဆိုရင်
Hurry up!, get your *ss in gear စသည်ဖြင့်ပေါ့။

🪆🐻
အကြောင်းအရာတစ်ခုခုနဲ့ ဆက်စပ်ပြီး
စကားပြောဆိုရင်း အကြောင်းရင်းကို
သိချင်တဲ့အနေနဲ့ Почему လို့မေးလိုက်တဲ့အခါ
Потому что! လို့ တစ်လုံးတည်းဖြေတာမျိုးလည်း
ပြုလုပ်လို့ရပါတယ်။

Почему ဆိုပြီး အမေးအမြန်းထူတဲ့လူတစ်ယောက်က
မေးတဲ့အခါ အကြောင်းအရင်းကို ရှင်းပြရမှာကို
စိတ်ကုန်တဲ့အခါမှာလည်း По кочану́ လို့
ဖြေလိုက်လို့ရပါတယ်။
По кочеры́жке လို့လည်း ဖြေလို့ရပါတယ်။
မြန်မာလိုဆိုရင်တော့
ဘာဖြစ်လို့လဲ - ဖြစ်ချင်လို့ပေါ့ကွာ လို့ဆိုလိုနိုင်ပါတယ်။
မင်းအပူပါလို့လား၊ မင်းအလုပ်မဟုတ်ဘူး ဆိုတဲ့
အဓိပ္ပါယ်မျိုးလည်း ထွက်ပါသေးတယ်။
кочан ကို ဗန်းစကားအနေနဲ့
ခေါင်း(head)လို့လည်း သုံးပါသေးတယ်။

Зачем? ဘာအတွက်ကြောင့်လဲ လို့
မေးတဲ့အခါမှာလည်း ဘာအတွက်ကြောင့်ဆိုတာကို
မရှင်းပြချင်တော့တဲ့အခါ за нАдом လို့
ခပ်လွယ်လွယ်ဖြေလိုက်လို့ရပါတယ်။
ဥပမာ-
Зачем сделать уборку?
За надом!

Зачем လို့မေးခဲ့ရင် ပြန်ဖြေလို့ရတဲ့ နောက်တစ်ခုက
за шкафом လို့လည်း ပြန်ဖြေလို့ရပါတယ်။
ကာရန်ပုံစံနဲ့ ပြန်ဖြေတဲ့သဘောသဘာဝတွေပါ။
👍1
🪆🐻
ничего не получилось ဆိုတာဟာ
လုပ်ထားသမျှ ဘာတစ်ခုမှ ဖြစ်မလာလို့
စိတ်ပျက်တာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ ဖြစ်ပေမဲ့
ничего получилось ကတော့
လုပ်ထားတဲ့အရာတစ်ခုခုဟာ အောင်အောင်မြင်မြင်
ဖြစ်မြောက်သွားတာ၊ အောင်မြင်သွားတာကို ဆိုလိုတာပါ။

🪆🐻
очень умный လို့ပြောလိုက်တိုင်း
ချီးကျူးတာမဟုတ်ပါဘူး။
умный очень လို့ပြောတာဟာ
လှောင်ရယ်တဲ့ပုံစံဖြစ်ပါတယ်။
слишком умный ဆိုတာဟာ မြန်မာလိုအရဆိုရင်
"မင်းက စောက်ရမ်းသိ စောက်ရမ်းတတ်နေတယ်ဟလား၊
လူတတ်ကြီးပေါ့" ဆိုတဲ့အဓိပ္ပါယ်မျိုးဖြစ်ပြီး
ခြိမ်းခြောက်တဲ့ပုံစံ ဖြစ်ပါတယ်။

🪆🐻
ရုရှားဘာသာစကားဟာ
စကားပြောတဲ့အခါ သွယ်ဝိုက်ပြီး တင်စားပြောတတ်တဲ့
ပုံစံဖြစ်ပါတယ်။ အောက်ပါစာကြောင်းတွေကို ဖတ်ကြည့်ပါ။

облака плывут - တိမ်တွေ ကူးခတ်နေတယ်။
ဆိုလိုရင်းက ကောင်းကင်မှာ တိမ်တွေ လွင့်မြောနေတာပါ။
движутся နဲ့လည်း သုံးလို့ရပါတယ်။

лед тронулся - ရေခဲဟာ ရေနစ်သွားတယ်။
ဆိုလိုရင်းက ရေခဲအရည်ပျော်သွားတာကို ဆိုလိုတာပါ။
ဆောင်းရာသီမှာရှိနေတဲ့ ရေခဲတွေ အရည်စပျော်ပြီး
အနွေးဓါတ်ရတာကို ဆိုလိုတာပါ။
နောက်တစ်မျိုး သုံးတာက
အလုပ်တစ်ခုခုကို၊ ဖြစ်စဉ်တစ်ခုခုကို
လေးလေးနက်နက်၊ အဓိပ္ပါယ်ရှိရှိနဲ့
စတင်လုပ်ဆောင်ပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
ကိန်းသေအမှတ်ကနေ စတင်ရွှေ့လျားတယ်ဆိုတဲ့
အဓိပ္ပါယ်ပါ။

грибы пошли - မှိုတွေ လမ်းစလျှောက်တယ်။
ဆိုလိုရင်းကတော့ မှိုပွင့်တဲ့ရာသီမှာ
ပထမဆုံးသောမှိုတွေ စပွင့်ပြီလို့ ဆိုလိုပါတယ်။
တောထဲကို မှိုသွားကောက်ကြမယ်ဆိုရင်
в лес за грибами လို့ပြောရပါမယ်။
в лес по грибы လို့ စကားပြောမှာ
လှအောင်သုံးကြပေမဲ့ တကယ့်အမှန်ကတော့
в лес за грибами ဖြစ်ပါတယ်။

книга вышла - စာအုပ် အပြင်ဘက်ကို ထွက်လာတယ်။
ဆိုလိုရင်းက စာအုပ်ကို စတင်ထုတ်ဝေတာကို
ပြောချင်တာပါ။ The book came out ဆိုတဲ့အသုံးနဲ့
ဆင်တူပါတယ်။

молоко убежало - နွားနို့က ထွက်ပြေးသွားတယ်။
ဆိုလိုရင်းက မီးဖိုပေါ်မှာတည်ထားတဲ့ နွားနို့က ပွက်ပြီး
လျှံကျတာကို ဆိုလိုတာပါ။ နွားနို့ကို တည်ထားရင်
ပွက်တာအရမ်းမြန်သလို အမြှုပ်ထပြီး ဝေတာလည်း
အရမ်းမြန်တာကြောင့် တင်စားပြောတဲ့အနေနဲ့
убежало လို့ သုံးကြခြင်းဖြစ်ပါတယ်။
=========
C Thu Htet
👍1
ငါ့ရဲ့ အချစ်ကလေးရေ...🥰🥰🥰
ငါ မင်းကို အရမ်းချစ်တယ်... 😍😍😍
မင်းက အလှပဆုံးပါပဲ.. ...😇😇😇
မင်းဟာ ငါ့ရဲ့ကြယ်လေးပါ...
မင်းရဲ့တောက်ပမှုဟာ ညဘက်နဲ့ နေ့ဘက်တွေမှာတောင်
အရမ်းကို တောက်ပလွန်းပါတယ်...
ငါတို့တစ်ယောက်စီ ဖြစ်နေတဲ့အချိန်တွေဟာ အရမ်းကို အထီးကျန် ပူဆွေးရပါတယ်....
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၁)
အဲ့ထဲက ဥပမာတစ်ခုအနေနဲ့
Задело (ဇာ့ဂျယ်လာ) နဲ့ За дело (ဇာ့ ဂျယ်လာ) ပါပဲ။

Задело ရဲ့ အဓိပ္ပါယ်ကတော့ စိတ်ထိခိုက်ခံစားရတာတို့
အခြား ထိခိုက်မိတာတို့တွေမှာ သုံးပါတယ်။
ဥပမာအားဖြင့် -
Это меня задело. အယ်သာ မီညာ ဇာ့ဂျယ်လာ.
“အဲ့ဒါက ငါ့ကို စိတ်ထိခိုက် နာကျင်စေတယ်” လို့
အဓိပ္ပါယ်ရပါတယ်။

Чуть не задело. ချု့ခ်ျ ညိ့ ဇာ့ဂျယ်လာ.
“ထိခိုက်မိလုနီးပါးပါလား” လို့
အဓိပ္ပါယ်ရပါတယ်။

နောက်တစ်လုံးဖြစ်တယ့်
За дело ရဲ့ အဓိပ္ပါယ်ကတော့ အကြောင်းအရာတစ်ခုအတွက်
အဓိပ္ပါယ်ဖော်ပြ ပြောဆိုရာတွင် အသုံးပြုပါတယ်။
ဥပမာအားဖြင့် -
К борьбе за дело Ленинп - Сталина будь готов!
လီနင်-စတာလင်(ဝါဒ)အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Принимаясь за дело, соберись с духом.
စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ နှလုံးသားနဲ့ လုပ်ကိုင်ပါ။
ဆိုလိုချင်တာကတော့ “မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ပြီဆိုတာနဲ့ စိတ်နှလုံး နှစ်ပြီးလုပ်ကိုင်ပါ” လို့ပြောချင်တာပဲ ဖြစ်ပါတယ်။

Телепрограмма «За дело» от 15 ноября: «Как и чем увлечь ребенка?»

ဆိုလိုချင်တာကတော့ “အကြောင်းအရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်လွှင့်နေတဲ့ တီဗွီအစဉ်ကနေပြီးတော့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ “ကလေးကို ဘယ်လို ဆွဲဆောင်ရမလဲ” ခေါင်းစဉ်ခွဲလေးနဲ့ ထုတ်လွှင့်မယ်ဆိုတာကို ကြော်ငြာတာပဲ ဖြစ်ပါတယ်။
👍1
Донбасс (Donbass) ဆိုတာကတော့ လွတ်လပ်သော ပြည်သူ့သမ္မတ နိုင်ငံ (၂) နိုင်ငံဖြစ်တယ့် Луганск(လုဂန့်စခ်) နှင့် Донецк(ဒါညက်စခ်) သမ္မတ နိုင်ငံတွေကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Донец(ဒါညက်စ်)ဒါညက်စ်မြစ်ဝှမ်းနဲ့ Донецкий каменноугольный бассейн (ဒါညက်စ်ကီးရ် ကာမျယ်န်နာအုဂါလ်နီးရ် ဘာ့စ်စင်းန်) ဒါညက်စ် ကျောက်မီးသွေးကြော တို့ကို အစွဲပြုပြီးတော့ Донбасс (Donbass) လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ထိုနိုင်ငံ(၂)နိုင်ငံဟာ ၂၀၁၄ ခုနှစ် မတ်လမှာ ဖြစ်ပေါ်ခဲ့တဲ့ ယူကရိန်းပဋိပက္ခအပြီးမှာ ယူကရိန်းကနေ ခွဲထွက်ခဲ့တဲ့ ရုရှားလူမျိုးများနေထိုင်တဲ့ ရုရှားလိုလား ထောက်ခံတယ့် နိုင်ငံတွေပဲ ဖြစ်ပါတယ်။

၁၉၂၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Донбасс (Donbass) ဟာ ရုရှားရဲ့ နှလုံးသား (Донбасс Средние России) ဖြစ်တယ်ဆိုတယ့် ဆိုဗီယက်ယူနီယံရဲ့ ဝါဒရေးရာ ပိုစတာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၂)

Елена шла (ရယ်လယ်နာ ရှလာ) နဲ့ Еле нашла (ရယ်လယ် နာရှလာ)အတွက် ဘယ်လိုလေးတွေ ထူးခြားသွားမလဲ ကြည့်ရအောင်။

Елена шла ဆိုတဲ့ အတွဲမှာ Елена ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ Имя နာမည် ဖြစ်ပြီးတော့ шла ဆိုတာကတော့ идти ဆိုတဲ့ “သွားသည်” စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အတိတ်ကာလမှာ သွားခဲ့တယ်လို့ ပြောချင်ရင် (шёл, шла, шло, шли) ဆိုပြီး (အထီး၊ အမ၊ သဘာဝ၊ အများ)ကိုကြည့် သုံးရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Елена шла ဆိုတဲ့အဓိပ္ပါယ်ကတော့ “ ရယ်လယ်နာ သွားခဲ့တယ် ” လို့ အဓိပ္ပါယ်ရပါတယ်။

Еле нашла ဆိုတဲ့ အတွဲမှာတော့ Еле ဆိုတာ “မရှ်ိသလောက်/ရှိတယ်ဆိုယုံမျှ” လို့ အဓိပ္ပါယ်ရပြီး нашла ဆိုတာကတော့ найти ဆိုတဲ့ “တွေ့ရှိသည်” စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အတိတ်ကာလမှာ တွေ့ခဲ့တယ်လို့ ပြောချင်ရင် (нашёл, нашла, нашло, нашли) ဆိုပြီး (အထီး၊ အမ၊ သဘာဝ၊ အများ)ကိုကြည့် သုံးရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Еле нашла ဆိုတဲ့အဓိပ္ပါယ်ကတော့ “ မတွေ့သလောက်ပါပဲ ” လို့ အဓိပ္ပါယ်ရပါတယ်။

ဥပမာ-

Елена шла по городу Москве.
ရယ်လယ်နာဟာ မော်စကိုမြို့ တစ်လျှောက်သွားခဲ့တယ်။

Еле нашла открытый магазин "Манго”.
သရက်သီးရောင်းတဲ့ စတိုးဆိုင်ကို ရှာမတွေ့သလောက်ပါပဲ။
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၃)

Молока купил (မာလာကာ ခုပိလ်) နဲ့ Молокаку пил (မာလာကာကူ ပိလ်)အတွက် ဘယ်လိုလေးတွေ ထူးခြားသွားမလဲ ကြည့်ရအောင်။

Молока ဆိုတာကတော့ “молоко” ဆိုတဲ့ နို့ရည်ကို ပြောချင်တာပဲ ဖြစ်ပါတယ်။ Купил ဆိုတာကတော့ купить ဆိုတဲ့ (ဝယ်သည်) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အတိတ်ကာလမှာ ဝယ်ခဲ့တယ်/ဝယ်ခဲ့လား စသည်ဖြင့် ပြောလိုလျှင် (купил, купила, купило, купили) ဆိုပြီး (အထီး၊ အမ၊ သဘာဝ၊ အများ) ကိုကြည့်ပြီး သုံးရတာပဲ ဖြစ်ပါတယ်။ အဲ့အတွက် Молока купил ရဲ့ပြောချင်တဲ့ အဓိပ္ပါယ်ကတော့ “နွားနို့ ဝယ်ခဲ့တယ်” ဖြစ်ပါတယ်။ အမှန်တကယ်အားဖြင့် မိမိအနေဖြင့် နွားနို့ဝယ်ခဲ့တယ်လို့ ပြောချင်တာဖြစ်ဖြစ်/ ဝယ်ခဲ့လားလို့ မေးချင်တာဖြစ်ဖြစ် အသုံးပြုချင်ရင် купил молоко/ купил молоко? လို့သုံးရင် ပိုပြီး အဆင်ပြေမှာပါ။

အထက်ပါ молока купил ဆိုတဲ့ စကားစုဟာ ဟာသအနေနဲ့ သုံးနှုန်းပြောဆိုချင်တာပဲ ဖြစ်ပါတယ်။ နို့ရည်ကို ရုရှားလိုအသံထွက်ရရင် стресс (စသရယ့်စ်)လို့ခေါ်တယ့် ударение(အူဒါရယ်ညီရယ်)တင်ထားတာကို ကြည့်ပြီး အသံထွက်ရတာဖြစ်တယ့်အတွက် молоко́ (မာလာကော်) ဆိုပြီး ထွက်ရမှာပဲ ဖြစ်ပါတယ်။

Молокаку пил ဆိုတာကတော့ အထက်ပါပြောခဲ့သလို “နို့ဝယ်ခဲ့တယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ပြောချင်ပေမယ့် လေယူလေသိမ်း/ အဖြတ်အတောက် လွဲချော်တာကြောင့် “မာလာကာကူ သောက်ခဲ့တယ်” ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားတာပဲ ဖြစ်ပါတယ်။ пил ဆိုတာကတော့ пить ဆိုတဲ့ (သောက်သည်) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အတိတ်ကာလမှာ သောက်ခဲ့တယ်/သောက်ခဲ့လား စသည်ဖြင့် ပြောလိုလျှင် (пил, пила, пило, пили) ဆိုပြီး (အထီး၊ အမ၊ သဘာဝ၊ အများ) ကိုကြည့်ပြီး သုံးရတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Молока купил? နဲ့ Молокаку пил နဲ့ဆိုတာက ဟာသလေးနှောပြီး လေယူလေသိမ်း/အဖြတ်အတောက်/ အသံထွက်မှားရင် အဓိပ္ပါယ်ကွဲလွဲမှုတွေ ဖြစ်တတ်ကြောင်း ဥပမာပေးပြောတယ်လို့ပဲ ထင်မြင်ယူဆရပါတယ်။

ဥမာအနေနဲ့ -

အမျိုးသမီးမှ ၎င်းရဲ့ အမျိုးသားကို နို့ဝယ်ခဲ့သလား လို့ မေးတာကို သူ့ယောင်္ကျားက မာလာကာကူ သောက်ခဲ့တယ် လို့ပြောဆိုတဲ့ ဟာသ ဝါကျလေးကို ဖော်ပြလိုက်ပါတယ်။ အဲ့ဒီအတွက် ရုရှားစာတွင် နေရာအထားအသို၊ стресс အသံထွက်လွဲမှားရင် အခြားအဓိပ္ပါယ်တွေ သက်ရောက်သွားတတ်တာကို သတိပြုစေချင်ပါတယ်။

♀️→ Ты молока купил?
♂️→ Нет, не пил.
♀️→ Что не пил?
♂️→ Молокаку.

♀️→ ရှင် နို့ဝယ်ခဲ့သလား?
♂️→ မသောက်ခဲ့ပါဘူး။
♀️→ ဘာမသောက်ခဲ့တာလဲ?
♂️→ မာလာကာကူလေ။

အဲ့အတွက် မမှားရအောင် ဝါကျတစ်ကြောင်းမှာ ရှိသင့်တဲ့ S, V, O အတိုင်း ရေးခြင်း/ပြောဆိုခြင်းပြုရင် မမှားနိုင်တော့ပါဘူး။

အဲ့အတွက် သူ နို့ဝယ်ခဲ့တယ် လို့ပြောချင်ရင်
Он купил молоко.

သူမ နို့ဝယ်ခဲ့သလား လို့မေးချင်ရင်
Она купила молоко?

လို့သုံးနှုန်းရင် ပိုအဆင်ပြေမှာပဲ ဖြစ်ပါတယ်။
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၄)

Ты жеребёнок (သီ ဇျယ်ရီဗျော့နာ့ခ်) နဲ့ ты же ребёнок (သီ ဇျယ် ရီဗျော့နာ့ခ်) အတွက် ဘယ်လိုလေးတွေ ထူးခြားသွားမလဲ ကြည့်ရအောင်။

Ты жеребёнок စကားစုမှာ ты ဆိုတာကတော့ (я, ты, он, она, мы, вы, они) ဆိုတဲ့ (ငါ၊ မင်း၊ သူ၊ သူမ၊ ငါတို့၊ မင်းတို့/ခင်ဗျား၊ သူတို့) ဆိုတဲ့အထဲက “မင်း” လို့ အဓိပ္ပါယ်ရပြီး жеребёнок ဆိုတာကတော့ “မြင်းပေါက်ကလေး” လို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီအတွက် ချစ်စဖွယ် မြင်းပေါက်ကလေးနဲ့ ခိုင်းနှိုင်း ပြောဆိုဖို့အတွက် တစ်စုံတစ်ယောက်ကို ပြောဆိုတဲ့အခါမှာ Ты жеребёнок! “မင်းက မြင်းပေါက်ကလေးပေါ့” ဆိုတဲ့အဓိပ္ပါယ်နဲ့ ပြောဆို သုံးစွဲတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ အသံထွက်တူသော်လည်း အဖြတ်အတောက် ကွာခြားသွားတဲ့ ты же ребёнок ဆိုတဲ့စကားစုမှာ ты ဆိုတာကတော့ အထက်က ပြောခဲ့သလို “မင်း” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ же ဆိုတာကတော့ “နှင့်၊ ကဲ့သို့၊ ဒါပေမယ့်” စတဲ့အဓိပ္ပါယ်တွေ ရှိပြီး ребёнок ဆိုတာကတော့ “ကလေး” ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အဲ့ဒီအတွက် ты же ребёнок! ဆိုတဲ့စကားစုရဲ့ အဓိပ္ပါယ်ကတော့ “မင်းက ကလေးတစ်ယောက်လိုပါပဲလား” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

အထက်ပါ ဒုတိယစကားစုမှ же အား အခြားအက္ခရာများဖြင့် ပေါင်းစပ်ပြီး уже (နှင့်ပြီ)၊ тоже(လည်းပဲ) စသဖြင့် သုံးစွဲနိုင်ပါတယ်။
👍1
တကယ်လို့ အားလပ်ရက်တွေကို “на” နဲ့ အပန်းဖြေတဲ့အခါ အချိန်မလောက်ဘူးဆိုရင် “в” နဲ့ အပန်းဖြေကြည့်ပါ။ သေချာပေါက် အချိန်လောက်စေရပါမယ်။

на выхожных ၊ в выходные ဆိုတာကတော့ ရက်သတ္တပတ် တစ်ပတ်ရဲ့ နောက်ဆုံးရက်တွေဖြစ်တယ့် ရုံးပိတ်ရက် စနေ/တနင်္ဂနွေ ကို ပြောချင်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ မြန်မာလို ပြန်ရရင်တော့ “ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်‌တွေမှာ လို့ အဓိပ္ပါယ် ” ရပါတယ်။

စာပေအရေးအသားအရ၊ ဂရမ်မာအရေး အသားအရ на выхожных ဆိုတာဟာ မမှန်တဲ့အတွက် ဖြစ်ပါတယ်။ на выходных လို့ သုံးတာဟာ အရပ်ပြောမှာ၊ စကားပြောဆိုကြတဲ့အခါ သုံးတဲ့အသုံးမျိုးပဲ ဖြစ်ပြီး စာသံပေသံမှန်မှန်ကန်ကန် ပြောမယ်ဆိုရင်တော့ မဟုတ်တော့ပါဘူး။ ကျွမ်းကျွမ်းကျင်ကျင်၊ စံပုံစံနဲ့ပြောချင်တယ်ဆိုရင် в выходные လို့ သုံးရပါလိမ့်မယ်။ ဒါနဲ့ဆက်စပ်ပြီး в каникулы(အားလက်ရက်များတွင်) လို့သုံးမလား၊ на каникулах(အားလပ်ရက်မှာ) လို့သုံးမလားဆိုရင် နှစ်ခုစလုံးမှာ တိကျတဲ့ဟန်ပန်မရှိတဲ့အတွက် во время каникул(အားလပ်ရက်များအတွင်း) လို့သုံးသင့်ပါတယ်တဲ့။

(предложный падеж အတွက်ကိုပဲ ပြောခြင်းဖြစ်ပါတယ်။) တခြားစာစောင်တွေကို လိုက်ဖတ်ကြည့်တဲ့အခါမှာတော့ на выходных လို့သုံးတာလည်း မှန်တယ်လို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ на выходные (винительный падеж) အသုံးရှိတဲ့အတွက်ပါတဲ့။

ဥပမာ -
На выходные собираемся поехать на дачу.
(အားလပ်‌ရက်တွေမှာ ငါ့ရဲ့အိမ်ကလေးဆီကို ပြန်သွားမှာပါ) လို့ အဓိပ္ပါယ်ရပါတယ်။ ဒါမျိုးအသုံးက မှန်ကန်တဲ့အသုံးဖြစ်တဲ့အတွက်
на выходных က အမှားမဟုတ်ပါဘူးတဲ့။

နောက်တစ်ခုက
На выходных я собираюсь сходить в кино. (ဒီရုံးပိတ်ရက် စနေ/တနင်္ဂနွေမှာ ငါရုပ်ရှင်ရုံကို သွားမယ်/ ရုပ်ရှင်သွားကြည့်မယ်) ဆိုတဲ့အသုံးမှာဆိုရင် на выходных ဟာ လာမည့်အားလပ်ချိန်တစ်ချိန်၊ အားလပ်ရက်တွေထဲက တစ်ရက်မှာလို့ ဆိုလိုပြီး В выходной я собираюсь пойти в кино.(လာမယ့် စနေ/တနင်္ဂနွေမှာ ငါရုပ်ရှင်ရုံကို သွားမယ်/ရုပ်ရှင်သွားကြည့်မယ်) မှာသုံးတဲ့ в выходной ကတော့ စနေ သို့မဟုတ် တနင်္ဂနွေတစ်ရက်ရက်မှာ သွားမှာကို ဆိုလိုပါတယ်တဲ့။

နောက်ပြီးတော့ на ကို выходных, днях တို့နဲ့ တွဲသုံးလိုက်တာဟာ အတိတ် သို့မဟုတ် အနာဂတ်ကိုပဲ ညွှန်းဆိုတာဖြစ်ပြီး လက်ရှိကာလကို ညွှန်းဆိုလို့မရပါဘူးတဲ့။
https://dic.academic.ru/dic.nsf/efremova/188749/%D0%9D%D0%B0
အပေါ်ကလင့်ခ်မှာ на + предложный падеж ကို ရှင်းပြထားပါတယ်။ В နဲ့သာ လက်ရှိကာလကို ညွှန်းဆိုလို့ရတဲ့အတွက် အဆုံးသတ်မှာတော့ в выходные ကသာ အမှန်ဆုံးဖြစ်ပါတယ်။

ဒါကြောင့် အားလပ်ရက်တွေတိုင်းမှာ အနားယူတယ်ဆိုရင် В выходные я отдыхаю (ရုံးပိတ်ရက်/အားလပ်ရက်တွေမှာ ငါအနားယူတယ်) или (သို့မဟုတ်) По выходным дням я отдыхаю (ရုံးပိတ်ရက်/အားလပ်ရက်တွေမှာ ငါအနားယူတယ်) လို့သုံးတာ အမှန်ဆုံးပါ။

*C Thu Htet*
👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၅)

Ему же надо будет (ရယ်မူ ဇျယ် နာဒါ ဘူဂျယ့်ထ်) နဲ့ Ему жена добудет (ရယ်မူ ဇျယ်နာ ဒါဘူဂျယ့်ထ်) အတွက် ဘယ်လိုလေးတွေ ထူးခြားသွားမလဲ ကြည့်ရအောင်။

ပထမ ဝါကျဖြစ်တယ့် Ему же надо будет ဆိုတဲ့ ဝါကျလေးမှာ ему ဆိုတာကတော့ (သူ/သူ၏/သူ့ကို) ဆိုတယ့် အဓိပ္ပါယ်ရပါတယ်။ же ဆိုတာကတော့ အပိုင်း(၄)မှာ ပြောခဲ့သလို “နှင့်၊ ကဲ့သို့၊ ဒါပေမယ့်” စတဲ့အဓိပ္ပါယ်တွေ ရှိပြီး надо ဆိုတာကတော့ “လိုအပ်သော/အပေါ်မှာ/လွန်၍/ကျော်၍”စသည်ဖြင့် အနေအထားတစ်ခုကို ဖော်ပြလိုတဲ့ အခါတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။ будет ဆိုတာကတော့ быть(ဘိခ်ျ)ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတဲ့ “ရှိသည်/ဖြစ်သည်/ပြုမူသည်/သဘောထားသည်”စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။ အနာဂတ်မှာ ရှိလိမ့်မယ်/ဖြစ်လိမ့်မယ်/ပြုလုပ်လိမ့်မယ် စသည်ဖြင့် သုံးချင်တဲ့အတွက်ကြောင့် (я, ты, он, она, оно, мы, вы, они)စတဲ့ (ငါ၊ မင်း၊ သူ၊ သူမ၊ သဘာဝ၊ ငါတို့၊ မင်းတို့/ခင်ဗျား၊ သူတို့) ကိုကြည့်ပြီး “он-သူ ဖြစ်တယ့် ему” နဲ့တွဲသုံးချင်တာ ဖြစ်တယ့်အတွက် будет လို့ သုံးနှုံးခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Ему же надо будет ဆိုတဲ့ အဓိပ္ပါယ်လေးကတော့ “သူလိုအပ်လိမ့်မယ်” လို့ အဓိပ္ပါယ်ရပါတယ်။

ဒုတိယဝါကျဖြစ်တယ့် Ему жена добудет ဆိုတဲ့ ဝါကျမှာတော့ ему ဆိုတာ (သူ/သူ၏/သူ့ကို) လို့ အဓိပ္ပါယ်ရပြီး၊ жена ဆိုတာကတော့ “အမျိုးသမီး(အိမ်ထောင်ရှင်မ)” လို့ အဓိပ္ပါယ် ရပါတယ်။ добудет ဆိုတာကတော့ добыть(ဒါဘိခ်ျ)ဆိုတဲ့ “ရရှိသည်/ရယူသည်” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ရလိမ့်မယ်/ယူလိမ့်မယ် စသည်ဖြင့် သုံးချင်တဲ့အတွက်ကြောင့် (я, ты, он, она, оно, мы, вы, они)စတဲ့ (ငါ၊ မင်း၊ သူ၊ သူမ၊ သဘာဝ၊ ငါတို့၊ မင်းတို့/ခင်ဗျား၊ သူတို့) ကိုကြည့်ပြီး “она-သူမ ဖြစ်တယ့် ему жена” နဲ့တွဲသုံးချင်တာ ဖြစ်တယ့်အတွက် добудет လို့ သုံးနှုံးခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Ему жена добудет ဆိုတဲ့ အဓိပ္ပါယ်လေးကတော့ “သူ့ရဲ့ မိန်းမက ရလိမ့်မယ်” လို့ အဓိပ္ပါယ်ရသွားပါတယ်။

အဲ့ဒီအတွက် ဆိုလိုချင်တယ့် ဝါကျဖြစ်တယ့်
Ему же надо будет...“သူလိုအပ်လာလိမ့်မယ်”
ဆိုတာကို စာလုံးအထားအသို မှားရေးမိရင် Ему жена добудет ဆိုတယ့် “သူ့ရဲ့ မိန်းမက ရရှိလိမ့်မယ်” ဆိုတယ့် အဓိပ္ပါယ်လွဲမှားတာတွေ ဖြစ်တတ်ပါတယ်။
👍1