Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
Город Герой ဆိုဗီယက်သူရဲကောင်းမြို့တော်များ။

ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ ၁၉၄၁ ခုနှစ်ကစလို့နာဇီဂျာမနီတပ်တွေနဲ့ဒုတိယကမ္ဘာစစ်ကာလမှာအပြင်းအထန်စစ်ပွဲကြီးတွေတိုက်ခိုက်ခဲ့ရပါတယ်။မဟာဗျူဟာအရအရေးပါတဲ့မြို့ကြီးတွေရန်သူအဝိုင်းခံရ။လက်လွှတ်ဆုံးရှူံးရတာတွေလဲအများကြီးပါ။သို့သော်လဲဆိုဗီယက်ပြည်သူများဟာဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာဆိုဗီယက်တပ်နီ‌တော်နဲ့အတူစည်းစည်းလုံးလုံးနဲ့နာဇီတပ်တွေကိုခုခံခဲ့ကြလို့ရန်သူတပ်တွေအရှူံးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒီလိုသူရသတ္တိအပြည့်နဲ့ရန်သူကိုခုခံတိုက်ခိုက်ခဲ့ကြတဲ့မြို့တွေကိုအစိုးရက Город Герой သူရဲကောင်းမြို့တော် Hero City ဆိုဂုဏ်ပြုပါတယ်။ လူပုဂ္ဂိုလ်သူရဲကောင်းများကိုချီးမြှင့်တဲ့ Hero of the Soviet Union (Герой Советского Союза) ဘွဲ့နဲ့တန်းတူတဲ့ဘွဲ့ကိုချီးမြှင့်ဂုဏ်ပြုတာပါ။ ၁၉၆၅ ခုနှစ်မဟာအဖမြေခုခံကာကွယ်ရေးစစ်ပွဲ ရုရှားလို Великая Отечественная Война နှစ်(၂၀)ပြည့်မှာဆိုဗီယက်လွှတ်တော်ကနေအမိန့်ကြေညာစာနဲ့စတင်သတ်မှတ်‌ဂုဏ်ပြုခဲ့ပါတယ်။

၁၉၈၈ခုနှစ်အထိဒီလိုဂုဏ်ပြုခဲ့ရတာမှာမြို့ပေါင်း(၁၂)နဲ့ Крепость Брест (Brest Fortress) ဘရက်စ်ခံတပ်တို့ပါ။

လီနင်ဂရက်(အခုတော့စိန့်ပီတာဘာဂ် St. Petersburg)မြို့ဆိုရက်ပေါင်း(၈၇၀)ကျော်နာဇီတပ်တွေရဲ့ဝိုင်းပါတ်ပိတ်ဆို့မှုခံရပေမဲ့အရှူံးမပေးခဲ့ဘူး။မြို့သူ၊မြို့သား(၁)သန်းကျော်နဲ့ဆိုဗီယက်တပ်နီတော်စစ်သည်(၃၀၀၀၀၀)ကျော်အသက်ပေးလှူခဲ့ကြရပါတယ်။ဒီနေ့ဆိုနာဇီတပ်တွေ မြို့ကိုဝိုင်းပါတ်ပိတ်ဆို့မှု blockade လုပ်တာကိုရုတ်သိမ်းတဲ့(၇၈)နှစ်မြောက်နေ့လို့သိရပါတယ်။

မော်စကိုမြို့တော်လဲဒီလိုပဲ။မြို့တော်နဲ့မိုင်(၂၀)လောက်အထိနာဇီတပ်တွေကပ်လာနိုင်ခဲ့ပေမဲ့မော်စကိုမြို့ကိုမသိမ်းနိုင်ခဲ့ဘူး။အစိုးရအဖွဲ့ကိုအခြားစစ်ဘေးလွတ်ရာကိုပြောင်းရွေ့ထားရပေမဲ့စတာလင်ကိုယ်တိုင်တော့မော်စကိုမြို့ကနေမခွာခဲ့ဘူးလို့ဆိုပါတယ်။

ကျွန်တော်တို့တုံးကစတာလင်ဂရက်မြို့လို့သိခဲ့တဲ့အခုဗေါလ်ဂိုဂရက်(Volgograd)မြိုတိုက်ပွဲဆိုနာဇီတပ်တွေမရှုမလှအရေးနိမ့်ခဲ့ကြတယ်။ရက်ပေါင်း(၂၀၀)ကျော်မြို့တွင်း၊မြို့ပြင်တိုက်ပွဲတွေမှာနှစ်ဖက်ကျဆုံးသူနှစ်သန်းကျော်ခဲ့ပါတယ်။

ဒီနေရာမှာထူးခြားတာက Brest Fortress ပေါ့။သူကတော့ဂျာမနီ၊ဆိုဗီယက်နယ်စပ်ကခံစစ်စခန်း။၁၉၄၁ခုနှစ်ဇွန်လ(၂၂) ရက်လင်းအားကြီးပိုင်းမှာနာဇီတပ်တွေရဲ့အလစ်ဝင်တိုက်တာခံလိုက်ရပေမဲ့စခန်းတွင်းကဆိုဗီယက်တပ်သားတွေကအညံ့မခံပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ခုခံသူတွေအစာရေစာပြတ်ဖြစ်နေတာတောင်ဆက်လက်ခုခံနေကြလို့ဇူလိုင်လလယ်လောက်မှစခန်းကိုထိန်းချုပ်နိုင်ပါတယ်။

သူရဲကောင်းမြို့တော်လို့သတ်မှတ်ကြေညာထားတဲ့မြို့တွေကိုလဲမော်စကိုကရင်ပြင်နီရှေ့ခရမ်လင်မြို့ရိုးရှေ့မှာကမ္ဗည်းမော်ကွန်းတင်ထားပါသေးတယ်။နှစ်စဉ်လဲဒီမြို့တွေသမိုင်းဝင်ဂုဏ်ပြုခံရတဲ့နေ့တွေမှာစစ်အခန်းအနားနဲ့ဂုဏ်ပြုတာတွေ။ညပိုင်းမှာမီးရှူး၊မီးပန်းပြစ်ဖေါက်တာတွေလုပ်ပါသေးတယ်။

အခုလိုသူရဲကောင်းမြို့တော်ဘွဲ့ပေးအပ်ခြင်းကို၁၉၈၈ခုနှစ်မှာရပ်နားလိုက်ပေမဲ့စစ်ကြီးအတွင်းမှာရန်သူကိုအနိုင်မခံအရှူံးမပေးစိတ်ဓါတ်နဲ့ခုခံတိုက်ခိုက်ခဲ့ကြတဲ့အခြားမြို့တွေကို Город Воинской Славы စစ်ဖက်ဆိုင်ရာဂုဏ်ထူးဆောင်မြို့ဘွဲ့ကိုပေးအပ်ဖို့ ၂၀၀၅ ခုနှစ်ကရုရှားပြည်ထောင်စုလွှတ်တော်ကဥပဒေပြဌာန်းလိုက်တယ်တော့သိရပါတယ်။
2
အထက်ပါ Город Герой (၁၂) မြို့တွေကတော့
🎖️Ленинград (လီနင်ဂရက်) ယခု စိန့်ပီတာစဘတ်
🎖️Одесса (အာဂျက််စ်ဆာ)
🎖️Севастополь (ဆီဗာဆသိုပါလ်)
🎖️Волгоград (ဗော်လ်ဂိုဂရက်ထ်)
🎖️Киев (ကိယက်ဖ်)
🎖️Москва (မာ့စ်ခ်ဗာ)(မော်စကို)
🎖️Керчь (ကျယ်ရမခ်ျ)
🎖️Новороссийск (နိုဗော်ရာ့စ်စီရ်စ်ခ်)
🎖️ Минск (မိန်စ်ခ်)
🎖️Тула (သူလာ)
🎖️Мурманск (မူရ်မာန်စ်ခ်)
🎖️Смоленск (စမားလန်းစ်ခ်) တို့ဖြစ်ပါတယ်။
3
Media is too big
VIEW IN TELEGRAM
Former Fox, NBC personality Megyn Kelly နှင့်
ရုရှားသမ္မတို့၏ အင်တာဗျူး
ကြာမြင့်ချိန် ၁၈ မိနစ်၊ ၄၅ စက္ကန့်

သမ္မတပူတင်က တစ်နှစ်မှာ ၁ ခါ သို့မဟုတ် ၂ ခါလောက်
အနောက်မီဒီယာကြီးတွေနဲ့ တွေ့ဆုံပြီး
အင်တာဗျူးလုပ်ခွင့်ပေးလေ့ရှိပါတယ်။
ထိုအင်တာဗျူးတွေထဲမှာ အနောက်နိုင်ငံကို ပါးချင်တဲ့
သတင်းစကားတွေ၊ အချက်အလက်တွေကို
ထုတ်ဖော်ပြောလေ့ရှိပါတယ်။
အခုဘာသာပြန်ထားတာကတော့
ထိုအင်တာဗျူးတွေထဲက တစ်ခုပါ။
အခုအင်တာဗျူးထဲဟာ
၂၀၁၈ အမေရိကန်သမ္မတ ထရမ့်လက်ထက်တုန်းက
မေးမြန်းထားတာဖြစ်ပါတယ်။
👍1