Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
827 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
FB acc က ပုံထဲကအတိုင်းဖြစ်သွားတော့ အကောင့်အသစ်ဖောက်တာ မရတာနဲ့ အခုလတ်တလော ဒီ channel လေးမှာရှိပါမယ်။ Р.В Мать Сын အကောင့်ပြန်ရရင်တော့ FB ကိုတက်လာလဲ့ပါမယ်။ အကောင့်အပိုရှိတဲ့သူများအနေနဲ့လဲ ကုသိုလ်ပြုလို့ရပါတယ်
အကောင့်ပေးချင်သူများ အောက်ပါ telegram acc ကို ဆက်သွယ်ပေးကြပါ 😊😊😊😢😢😢
https://t.me/kohtut49
😄😄😄😢😢😢

Р.В Мать Сын
😢31👍1
ရယ်စရာကောင်းတဲ့ ရုရှားစကားစုတွေနဲ့ ပြောစကားများ (၂) 😊😊😊
Смешные русские фразы и поговорки(2)

Руки не доходят посмотреть
ရူကီ ညိ့ ဒါခေါ်ဂျာ့ထ် ပါစမော်သရယ့်ခ်ျ
🔸 руки (ရူကီ) → рука (ရူကာ) “လက်” ကိုအများကိန်းအဖြစ် ရေးထားခြင်း။
🔸 не (ညိ့) → မဟုတ်ဘူး (нет) နဲ့အတူပင်။
🔸 доходят (ဒါခေါ်ဂျာ့ထ်) → доходить (ဒါခါဂျိခ်ျ) “ရောက်ရှိတယ်/လက်လှမ်းတယ်” ဆိုတဲ့စကားကို လက်ရှိပစ္စုပ္ပန်ကာလ они “အများကိန်း” အဖြစ် ကိုယ်စားပြု ရေးထားခြင်း။
🔸 посмотреть (ပါစမော်သရယ့်ခ်ျ) → “ကြည့်သည်”

အဲ့ဒီအတွက် တစ်ခုခြင်း ဘာသာပြန်ရင် လက်တွေက၊ မဟုတ်ဘူး၊ လက်လှမ်းတယ်၊ ကြည့်သည် (လက်တွေက ကြည့်ဖို့ လက်လှမ်းမမှီဘူး) ဆိုတဲ့ ကြောင်တောင်တောင်နိုင်တယ့် အဓိပ္ပါယ် ထွက်သွားမှာပါ။


အထက်ပါ အသုံးအနှုန်းကို တိုက်ရိုက်ဘာသာပြန် စာသားအရ မပြန်သင့်ပါဘူး။ "Руки не доходят" ဆိုတဲ့ စာသားအရ "လက်တွေက လက်လှမ်းမမှီဘူး" လို့ အဓိပ္ပါယ်ရပြီးဝောာ့ သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ “တစ်ခုခုလုပ်ဖို့ အချိန်မရှိဘူးလို့” ဆိုလိုတာပါတဲ့။ ဒီစကားစု ၃ ခုပြီးရင် သင်မလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို သတ်မှတ်ပေးမယ့် ကြိယာတစ်ခုခုကို သုံးနှုန်း ပြောဆိုနိုင်ပါတယ်တဲ့။ ကိစ္စတစ်ခုခုကို “Руки не доходят посмотреть” လို့ပြောဆိုသည်မှာ ရေးသူ/ပြောသူဟာ “တစ်စုံတစ်ခုကို ကြည့်ရှု့ဖို့ အချိန်မရှိဘူး/အချိန်မရဘူး” လို့ ဆိုလိုပါတယ်။

ဥပမာအနေနဲ့
Руки не доходят посмотреть в этот проект.
ရူကီ ညိ့ ဒါခေါ်ဂျာ့ထ် ပါစမော်သရယ့်ခ်ျ ဗ်အယ်သာ့ထ် ပရာအယ့်ထ်
“ဒီပရောဂျက်ကို ပြန်ကြည့်ဖို့ အချိန်မရှိဘူး” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။
👍32
ရယ်စရာကောင်းတဲ့ ရုရှားစကားစုတွေနဲ့ ပြောစကားများ (၃) 😊😊😊
Смешные русские фразы и поговорки(3)

Начистить репу какому-то перцу/хрену .
နာချီစ်ကျိခ်ျ ရယ်ပူ ကာကော်မူ သော် ပျယ်ရ်ဆူ/ခရယ်နူ

အထက်ပါစကားသံကို ကြားရရင် မိမိအနေနဲ့ ပတ်ဝန်းကျင်ကို သတိထားဖို့ လိုပါမယ်။

🔸 начистить (နာချဖိစ်ကျိခ်ျ) → သန့်ရှင်းရေးလုပ်သည်/အရောင်တင်သည်။
🔸 репу (ရယ်ပူ) → репа (ရီပါ) “မုန်လာဥ” ကို ကြိယာအနေနဲ့ အသုံးပြထားခြင်း။
🔸 какому (ကာကော်မူ) → “ဘာလဲ” как ဆိုတဲ့ အမေးဝါကျကို Дательный/Третий падеж “кому, чему” အနေဖြင့် သုံးထားခြင်း။
🔸 то (သော်) → အဲ့ဒီနောက်/ပြီးနောက်။
🔸 перцу (ပျယ်ရ်ဆူ) → перец(ပျယ်ရယ်စ်) ဆိုတဲ့ ငြုပ်ကောင်း/ဆဲဆိုခြင်း/ဝေဖန်ခြင်း/ထိုးနှက်ခြင်း/ဖိနှိပ်ခြင်း ကို ကြိယာအနေနဲ့ ရေးထားခြင်း။
🔸 хрену (ခရယ်နူ) → хрен(ခရယ်န်) ဆိုတဲ့ သင်္ဘောဒန့်သလွန်/ဆဲရေးတိုင်းထွာခြင်း(horseradish) ကို ကြိယာအနေနဲ့ ရေးထားခြင်း။


အဲ့ဒီအတွက် တစ်ခုခြင်း ဘာသာပြန်ရင် သန့်ရှင်းရေးလုပ်ပါ၊ မုန်လာဥကို၊ ဘာလဲ၊ ပြီးရင် ထိုးနှက်ခြင်း/ဆဲရေးမှု ဆိုတဲ့ ကြောင်တောင်တောင်နိုင်တယ့် အဓိပ္ပါယ် ထွက်သွားမှာပါ။


အထက်ပါ ဝါကျအသုံးအနှုန်းက ဘာကိုဆိုလိုချင်တာလဲ။ ပထမပိုင်းအနေနဲ့ “Начистить репу” ရဲ့ စာသားအရ “မုန်လာဥကို အခွံခွာရန်” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေမယ့်လို့ ဒီနေရာမှာ အဓိပ္ပာယ်ကောက်ဖို့ရာ “တစ်စုံတစ်ဦးကို ရိုက်နှက်ရန်” သို့မဟုတ် “တစ်စုံတစ်ဦးကို မျက်နှာကို ထိုးကြိတ်ခြင်း” လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ရုရှားတွင် “репа” ဆိုသည်မှာ မုန်လာဥကို ဆိုလိုသော်လည်း တရားမ၀င်အသုံးပြုမှုမှာတော့ “မျက်နှာ” လို့လည်း အဓိပ္ပာယ်ရပါတယ်တဲ့။ ဒုတိယအပိုင်းအနေနဲ့ "какому-то перцу/хрену" ရဲ့ စာသားအရ "အချို့သော ဟင်းသီးဟင်းရွက် ငရုတ်ကောင်း သို့မဟုတ် horseradish" ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဒီနေရာမှာ ဆိုလိုချင်/ပြောချင်တဲ့ တကယ့် အဓိပ္ပါယ်ဟာ “Перец” နဲ့ “хрен” ကို အလွတ်သဘော ပြောဆိုတဲ့နေရာမှာ “ကိုယ့်လူတို့” လို့ အဓိပ္ပာယ်ရပါတယ်တဲ့။ အဲ့အတွက် လူငယ်တွေဟာ သူတို့ရဲ့ သူငယ်ချင်းများကို အထက်ပါအတိုင်း ခေါ်လေ့ရှိပါတယ်။

ဒါ့ကြောင့် ရုရှားမှာ တစ်စုံတစ်ယောက်ဟာ “Начистить репу какому-то перцу/хрену” ဆိုလာရင် အဲ့လူဟာ တစ်စုံတစ်ဦးရဲ့ မျက်နှာကို ထိုးသတ်မယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲ့စကားကြားရရင် သတိထားပါ။
👍1
ရယ်စရာကောင်းတဲ့ ရုရှားစကားစုတွေနဲ့ ပြောစကားများ (၄) 😊😊😊
Смешные русские фразы и поговорки(4)

Вешать лапшу на уши.
ဗျယ်ရှာ့ခ်ျ လာပ်ရှူ နာ အူရှီ

🔸 вешать (ဗျယ်ရှာ့ခ်ျ) → ချိတ်ဆွဲသည်။
🔸 лапшу (လာပ်ရှူ) → лапша (လာပ်ရှာ) “ခေါက်ဆွဲ” ကို ကြိယာအနေနဲ့ ရေးထားခြင်း။
🔸 на (နာ) → где? ဆိုသည့် နေရာ ကိုဖော်ပြရန် အသုံးပြုထားသော “အပေါ်တွင်/အပေါ်မှာ”။
🔸 уши (အူရှီ) → နားများ။


အဲ့ဒီအတွက် တစ်ခုခြင်း ဘာသာပြန်ရင် ချိတ်ဆွဲသည်၊ ခေါက်ဆွဲ၊ အပေါ်မှာ၊ နားများ ဆိုတဲ့ ကြောင်တောင်တောင်နိုင်တယ့် အဓိပ္ပါယ် ထွက်သွားမှာပါ။


အထက်ပါ ဝါကျအသုံးအနှုန်းက ဘာကိုဆိုလိုချင်တာလဲဆိုရင် Вешать лапшу на уши ကို တိုက်ရိုက်ပြန်ဆိုတဲ့အခါ “နားရွက်ပေါ်မှာ ခေါက်ဆွဲကို ချိတ်ဆွဲထား” လို့ အဓိပ္ပါယ်ရပြီး အဓိပ္ပါယ် တိုက်ရိုက် ဘာသာပြန်လို့မရပါဘူးတဲ့။ ပြီးတော့ ဘယ်သူကမှလည်း ခေါက်ဆွဲကို နားမှာ မချိတ်ဆွဲထားပါဘူး။ ဒီစကားစုရဲ့ ဦးတည်ချက်ကတော့ "လိမ်ညာတယ်" ဆိုတဲ့ အဓိပ္ပါယ် တစ်ခုတည်းသာရှိပါတယ်တဲ့။ ဒါကြောင့် တစ်ယောက်ယောက်က "Вешает лапшу на уши" ဆိုရင် “သူဟာ လိမ်ညာလှည့်ဖြားရတာကို ကြိုက်တယ်” လို့ ဆိုလိုခြင်း ဖြစ်ပါတယ်တဲ့။

"မင်းရဲ့နားရွက်ပေါ်မှာ ခေါက်ဆွဲ ချိတ်ဆွဲထား" ဆိုတာမှာ လှည့်ဖြားရန်၊ မဟုတ်မမှန်သတင်းပေးခြင်း၊ နားထောင်သူရဲ့ အကြားအာရုံကို တလွဲဖြစ်စေကာ အမှန်တရားအစား၊ မဖြစ်နိုင်တဲ့ အရာတွေကို ကြားစေရန် ဖြစ်ပါတယ်။ အထက်ပါ ဝေါဟာရကို ရုရှားရဲ့ နယ်ပယ်ဒေသ နေရာတိုင်းမှာ ကြားနိုင်ပါတယ်။


အထက်ပါ စကားရပ်ဟာ မူကွဲများစွာရှိပါတယ်တဲ့။ အယုံကြည်ရဆုံး တစ်ခုမှာ ပြင်သစ် "la poche (ла пош)” ကနေ ဆင်းသက်လာတာဖြစ်ပြီး "карман ကာရ်မာန် (အိပ်ထောင်/အိပ်ကပ်)" လို့ ပြန်ဆိုထားပါတယ်။

ရုရှားဘာသာပြန်ကျမ်းမှာ “ла пош” ကဲ့သို့ အသံထွက်တဲ့ အဲ့ဒီ စကားလုံးကို ခါးပိုက်နှိုက်တွေက အသုံးပြုခဲ့ကြပါတယ်တဲ့။ သူတို့ဆီကနေမှ “облапошить (အာဘလာပေါ်ရှိခ်ျ)လိမ်လည်လှည့်ဖြားခြင်း” ဆိုတဲ့ ကြိယာကနေ “လုယက်၊ စကားပြောအံ” ဟူတဲ့ ရုရှားဘာသာစကားသို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ဒါပေမယ့်လို့ အဲ့ဒီအယူအဆ ယူဆချက်ဟာ နားနဲ့ပတ်သက်ပြီး ဘယ်အရာကိုမှ မပြောထားတဲ့ အတွက်ကြောင့် ပြီးပြည့်စုံတယ်လို့လဲ မယူဆနိုင်ပါဘူးတဲ့။

နောက်ထပ် ယူဆချက်ကတော့ နှစ်ဆယ်ရာစုအစောပိုင်းတုန်းက သူခိုးတွေရဲ့ ဗန်းစကားလို့ အကြံပြုထားပါတယ်။ "ухо အူခါ (နားရွက်)" ဆိုတဲ့ စကားလုံးဟာ ဂိုဏ်းတစ်ခုလုံးအတွက် အသုံးဝင်တဲ့ သတင်းအချက်အလတ်တွေကို ပျံ့နှံ့အောင်ပြုလုပ်ကြမယ့် လမ်းတွေပေါ်က ခိုးနားထောင်နေတဲ့ သူတွေကို ရည်ညွှန်းရန် သုံးခြင်း ဖြစ်ပါတယ်တဲ့။ သင့်ပါးစပ် ဒါမှမဟုတ် လက်ကို ချည်နှောင်ဖို့အတွက် ကြိုးတစ်ချောင်းကို ခေါက်ဆွဲ လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်တဲ့။

"Повесить лапшу на уши” “သူတို့ရဲ့နားရွက်ပေါ်မှာ ခေါက်ဆွဲ ဆွဲထားပါ" လို့ တိုက်ရိုက်မပြန်ပဲ ဒီစကားဟာ "ခိုးနားထောင်သူကို လုံခြုံအောင်ထားရန်" လို့ အဓိပ္ပါယ်ရပါတယ်တဲ့။


နောက်ထပ်ယူဆချက်အရ ရာဇဝတ်လောကနဲ့ ဆက်စပ်နေတဲ့ ဒီစကားစုဟာ "ложное обвинения” “မှားယွင်းသောစွပ်စွဲချက်/မဟုတ်မမှန် စွပ်စွဲချက်" ဆိုတဲ့ အဓိပ္ပာယ်ကနေ ဆင်းသက်လာနိုင်ပါတယ်တဲ့ (အဲ့ဒီစကားစုကို ရာဇဝတ်ကောင်များကြားမှာ “лапшой” "ခေါက်ဆွဲ" လို့လည်း ခေါ်ပါတယ်) ပြီးတော့ “фабрикацию уголовного дела”
"လုပ်ကြံဖန်တီးထားတဲ့ ရာဇ၀တ်မှု" ကို ဆိုလိုခြင်း ဖြစ်ပါတယ်တဲ့။

အဲ့ဒီအတွက် “Вешать лапшу на уши” ရဲ့ဆိုလိုရင်းကတော့ “လိမ်လည် လှည့်ဖြားခြင်း” ဆိုတဲ့ အဓိပ္ပါယ်ကိုပဲ သက်ရောက်သွားပါတယ်။
👍2
ယနေ့ ၂၃-၂-၂၀၂၂ ရက်နေ့ဟာ ရုရှားနိုင်ငံရဲ့ အဖမြေကို ကာကွယ်ခြင်းနေ့အဖြစ် သတ်မှတ်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

"День защитника Отечества" နေ့ဟာ (CIS) အဖွဲ့ဝင် ရုရှား၊ ဘီလာရုစ်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတွေမှာ နှစ်စဉ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ရောက်တိုင်း ကျင်းပကြတဲ့ အားလပ်ရက် တစ်ရက်ဖြစ်ပါတယ်။ RSFSR(Russian Soviet Federative Socialist Republic) ရဲ့ တပ်နီတော် တည်ထောင်ခြင်း လေးနှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ၁၉၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ RSFSR ရဲ့ တပ်နီတော်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုဗီယက် တပ်နီတော်ကို ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

USSR ဆိုဗီယက်ခေတ် ၁၉၂၂ ခုနှစ်က စတင်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကို "День Красной армии"“တပ်နီတော်နေ့” ၊ ၁၉၄၆ ခုနှစ်တွင်တော့ "День Советской армии" “ဆိုဗီယက်တပ်မတော်နေ့” နဲ့ ၁၉၄၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ - "День Советской армии и Военно-морского флота" “ဆိုဗီယက်ကြည်းတပ်နဲ့‌ရေတပ်နေ့” အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကို "День защитника Отечества" “အဖမြေကာကွယ်ခြင်းနေ့” အဖြစ် ပြန်လည်သတ်မှတ်ပြီး ရုရှားတွင် ကျင်းပကြကာ (CIS) အဖွဲ့ဝင် အခြားနိုင်ငံ‌တွေမှာလည်း ကျင်းပလေ့ရှိပါတယ်။

С Днем защитника Отечества для России! В этот день желаем всему миру - мира.

#р_в_мать_сын
👍9
ဒီနေ့တော့ သတင်းတွေဖတ်ရင်း
ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့
လုပ်မယ်ဆိုတဲ့ အလုပ်က ဘာမှမယ်မယ်ရရ
မပြီးသေးဘူး...(၁၀)လုံးလေးပဲ ပြီးသေး
လူက မျက်ရိုးကိုက် ဇက်ကြောတက်နဲ့ 😔😔😔

အသုံးလိုတဲ့သူတွေ အသုံးပြုကြရစေဖို့
ဒီအပတ်တော့ အလုံး(၅၀)ပြီးအောင် လုပ်ရမယ်

အလုံး(၅၀)ပြီးရင်တော့ pdf file လေးနဲ့ ချပေးပါ့မယ်
လိုအပ်သူတွေအတွက် ယူနိုင်အောင်လို့ပါ

#р_в_мать_сын
👍17
ရုရှား အက္ခရာထဲမှာမှ သရအက္ခရာထဲတွင် ပါဝင်တဲ့ “ё” (ရော်) ဆိုတဲ့ အက္ခရာလေးရဲ့ ရာဇဝင်လေးကို ဗဟုသုတရဖွယ် တင်ပြလိုက်ပါတယ်။

ရုရှားအက္ခရာမှာ “е နဲ့ ё” ဆိုတဲ့ ပုံစံတူ အက္ခရာနှစ်လုံးဟာ ထူးခြားစွာနဲ့ “သရ” လို့သတ်မှတ်ခြင်း ခံထားရတဲ့ စကားလုံးတွေပါ “е” ပေါ်မှာ အစက်ပါတာနဲ့ မပါတာပဲ ပြောင်းလဲမှု ရှိကြတာပါ။ တချို့စကားလုံးတွေမှာ “е” ပေါ်မှာ အစက်ပါရင် အဓိပ္ပါယ်တစ်မျိုး၊ မပါရင် အဓိပ္ပါယ်တစ်မျိုး ပြောင်းလဲသွားကြပါတယ်။

“ё” ဆိုတဲ့ စကားလုံး အက္ခရာလေး ဖြစ်ပေါ်လာပုံကတော့ ၁၇၈၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်(နိုဝင်ဘာလ ၁၈)မှာ အသစ်ဖန်တီးထားတဲ့ ရုရှားအကယ်ဒမီရဲ့ ပထမဆုံးအစည်းအဝေးကို စိန့်ပီတာစဘတ်သိပ္ပံအကယ်ဒမီရဲ့ ဒါရိုက်တာဖြစ်တဲ့ မင်းသမီး Екатерина Дашкова ရဲ့ အိမ်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ တက်ရောက်လာသူတွေဟာ စာလုံးပေါ်မှာ သက်ဆိုင်တဲ့အသံကို ဖော်ပြဖို့‌အတွက် စာလုံးနှစ်လုံးနဲ့ ရေးထားတဲ့ "io" အစား "ё" ကို မိတ်ဆက်ပေးဖို့ အကြံပြုခဲ့ပါတယ်("io" ကို ဘီလာရုစ် မှာတော့ အသုံးပြုကြဆဲ ဖြစ်ပါတယ်)။ ထိုသို့ အကြံပြုခဲ့တဲ့ “ё” ကတော့ အသစ်ဒီဇိုင်းဆွဲခြင်းမပြုလုပ်ဘဲ ယခင်ရှိပြီးသား “е” ပေါ်တွင် အစပ်နှစ်စက် တင်လိုက်ခြင်းဖြင့် "io" အစား “ё” အဖြစ် အစားထိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မင်းသမီးလေးရဲ့ ဆန်းသစ်တဲ့ စိတ်ကူးကို ထိုအချိန်က ထိပ်တန်းယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်အများအပြားက ထောက်ခံခဲ့ကြပါတယ်။ Гавриил Державин ဟာ ပုဂ္ဂိုလ်ရေးပေးစာမှာ "ё" ကို ပထမဆုံးအသုံးပြုခဲ့သူ ဖြစ်ပါတယ်။ ၁၇၈၄ ခုနှစ် နို၀င်ဘာလမှာ ပေးစာအသစ်ဟာ တရားဝင် အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။

Иван Дмитриев ဟာ ၁၇၉၅ ခုနှစ်မှာ မော်စကိုတက္ကသိုလ် ပုံနှိပ်တိုက်မှာ “И мои безделки” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေစဉ်မှာ “ё” နဲ့ ရိုက်နှိပ်တဲ့ စကားလုံးတွေ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ အက္ခရာ "ё" နဲ့ ရိုက်နှိပ်တဲ့ ပထမဆုံးစကားလုံးကတော့ "всё(အားလုံး)" ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အဲ့ဒီနောက် "огонёк(အလင်း)", "пенёк(ငုတ်တို)", "безсмёртна(မသေနိုင်သော)", "василёчик(ပြောင်းဖူးပွင့်)" စတဲ့ စကားလုံးတွေ အသုံးပြုခဲ့ကြပါတယ်။

၁၇၉၆ ခုနှစ်မှာ Николай Карамзин ဟာ ၎င်းရဲ့ ပထမဆုံးစာအုပ်မှာ "ё" ပါဝင်တဲ့ "зарёю(အရုဏ်ဦး/အရုဏ်တက်)"၊ "орёл(လင်းယုန်)"၊ "мотылёк(လိပ်ပြာ)"၊ "слёзы(မျက်ရည်)" နဲ့ "потёк(စီးဆင်းသည်)" ဆိုတဲ့ စကားလုံးတွေက်ု ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ၁၇၉၈ ခုနှစ်မှာ Гавриил Державин ဟာ "ё" အက္ခရာ - Потёмкин နဲ့ ပထမဆုံးမျိုးရိုးအမည်ကို အသုံးပြုခဲ့ပါတယ်။

၁၉၀၄ ခုနှစ်မှာ စာလုံးပေါင်းကော်မရှင်ကို Императорская академия наук(Imperial Academy of Sciences) ကို စတင်ဖွဲ့စည်းခဲ့ပြီး အဲ့ဒီအချိန်က အကြီးဆုံးဘာသာဗေဒပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး ၁၉၁၂ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ကော်မရှင်ရဲ့ အဆိုပြုချက်တွေဟာ အသံထွက်နိယာမကို အခြေခံပြီး ရေးဆွဲခြင်းတွေကို ရိုးရှင်းအောင်ပြုလုပ်ခြင်း (မည်သည့်အသံကိုမျှ ဖော်ပြခြင်းမရှိတဲ့ စာလုံးတွေကို ဖယ်ရှားခြင်း ဥပမာ စကားလုံးတွေရဲ့ အဆုံးမှာ "ъ" နဲ့ တူညီတဲ့အသံတွေကို ဖော်ပြတဲ့ စာလုံးတွေအစား အခြားစကားလုံးတွေနဲ့ အစားထိုးခဲ့ပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ "ё" ဆိုတဲ့အက္ခရာကို နှစ်လိုဖွယ် စကားလုံးအဖြစ် အသုံးပြုခြင်းကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက် (ပုံစံဟောင်းအရ ၁၉၁၇ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်)မှာ ဆိုဗီယက်ပြည်သူ့ပညာရေးကော်မရှင်ရုံးခွဲ Анатолий Луначарский က လက်မှတ်ရေးထိုးထားတဲ့ အမိန့်တစ်ရပ်ကို ထုတ်ဝေခဲ့ပြီး၊ ပြုပြင်ပြောင်းလဲထားတဲ့ စာလုံးပေါင်းကို မဖြစ်မနေထည့်သွင်းပြီး “ё” ဆိုတဲ့ အက္ခရာကို အသုံးပြုရန် အကြံပြုခဲ့ပါတယ်။

ဆိုဗီယက်ခေတ် ၁၉၄၂ ခုနှစ်မှာ အက္ခရာ "ё" ကို တရားဝင် အသိအမှတ်ပြုပြီး ကျောင်းစာများတွင် ё" ကို မဖြစ်မနေ လက်တွေ့သင်ကြားပို့ချ အသုံးပြုရန် အမိန့်ထုတ်ပြန်ပြီးနောက် ၁၉၄၂ ခုနှစ်တွင် "ё" ကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ တစ်နှစ်အကြာမှာ "ё" အက္ခရာအသုံးပြုနည်း လမ်းညွှန်ကို ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်မှာ သိပ္ပံအကယ်ဒမီနဲ့ USSR ရဲ့ အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက အတည်ပြုပြီးနောက် "ရုရှားစာလုံးပေါင်းနဲ့ သတ်ပုံစည်းမျဉ်းများ" ကို "ё" အက္ခရာအသုံးပြုခြင်းဆိုင်ရာ စာပိုဒ်တွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ဒါပေမယ့်လို့ လက်တွေ့မှာတော့ ၎င်းရဲ့ အသုံးပြုမှုဟာ ရွေးချယ်ခွင့်ရှိနေဆဲ ဖြစ်ပါတယ်။

ရုရှားဖက်ဒရေးရှင်းဟာ ခေါင်းစဉ်စာရွက်စာတမ်းတွေမှာ အက္ခရာ "ë" အသုံးပြုမှုကို ထိန်းညှိပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် မေလ ၃ ရက်နေ့ ရက်စွဲပါ ရုရှားဖက်ဒရေးရှင်း ပညာရေးနဲ့ သိပ္ပံဝန်ကြီးဌာနက ပေးစာတစ်စောင်တွင် နိုင်ငံသားများအား တရားဝင်နိုင်ငံတော်စာရွက်စာတမ်းများ ထုတ်ပေးတဲ့ အာဏာပိုင်များအား သင့်လျော်သောအမည်များဖြင့် စာလုံး "ё" ကို အသုံးပြုရန် ညွှန်ကြားထားပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ရက်စွဲပါ ရုရှားဖက်ဒရေးရှင်းရဲ့ ပညာရေးနဲ့ သိပ္ပံဝန်ကြီးဌာနက စာတစ်စောင်တွင် ကျောင်းဖတ်စာအုပ်များတွင် "ё" ဟူသော စာလုံးကို အသုံးပြုရန် အကြံပြုထားပါတယ်။
👍1
ရုရှားဖက်ဒရေးရှင်းရဲ့ ပညာရေးနဲ့ သိပ္ပံဝန်ကြီး Дмитрий Ливанов ရဲ့ အဆိုအရ "e" နဲ့ "ё" စာလုံးများ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ဥပဒေပြုအဆင့်မှာ ပြဌာန်းသင့်ကြောင်း သိရှိရပါတယ်။

ယခု အက္ခရာ "ё" ဟာ စကားလုံးပေါင်း ၁၂၅၀၀၀ ကျော်နဲ့ ရုရှားနဲ့ ယခင် USSR နိုင်ငံသားတွေရဲ့ မျိုးရိုးအမည် ၂၅၀၀၀ ကျော်မှာ အသုံးပြုနေကြပါတယ်။

၂၀၀၅ ခုနှစ်တွင် Ульяновск မြို့မှာ "ё" ဆိုတဲ့ အက္ခရာအတွက် အထိမ်းအမှတ် ကျောက်တိုင် တစ်ခုတည်ဆောက်ခဲ့ပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူသူကတော့ Ульяновск မြို့မှ အနုပညာရှင် Александр Зинин ဖြစ်ပါတယ်။

#р_в_мать_сын
10
Что за "герои" они издеваются над мирным населением? Если ты солдат, то иди к солдату и не ставь бедных гражданских между ними.

ဘယ်လို “သူရဲကောင်းများ” ဆိုတဲ့သူတွေက အရပ်သားတွေကို အနိုင်ကျင့် စော်ကားနေကြတာလဲ။ မင်းက ကိုယ့်ကိုယ်ကို စစ်သားလို့သတ်မှတ်ရင် စစ်သားဆီသွားပါ အပြစ်ကင်းတဲ့ ပြည်သူတွေကို စစ်သားတွေကြားထဲ ဆွဲမထည့်ပါနဲ့။

#р_в_мать_сын
👍5
Когда ты забудешь, кто я,
взгляни на ночное небо.
Когда тебя накроет прохлада луны,
ты вспомнишь мои прохладные объятия
и поцелуи из прошлого.

ငါဘယ်သူလဲဆိုတာကို မင်းမေ့သွားတဲ့အခါမှာ
ညဘက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ။
လရဲ့အေးမြမှုက မင်းကိုဖုံးလွှမ်းသွားတဲ့အချိန်မှာ
အတိတ်က ငါ့ရဲ့ အေးမြတဲ့ပွေ့ဖက်မှုတွေနဲ့
အနမ်းတွေကို
မင်း သတိရသွားပါလိမ့်မယ်။


#အိပ်မပျော်လို့_လကြီးကိုကြည့်ပြီး_ရေးချင်ရာရေးခြင်း
Когда လို့မသုံးဘဲ Если လို့သုံးလဲ အဆင်ပြေပါတယ်
😀😀😀😀😀


#р_в_мать_сын
6👍3
ရုရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများ၏ ရုပ်သံလိုင်းပေါ်မှ မြတ်ရွှေတိဂုံ
ရုရှားနိုင်ငံ မော်စကိုမြို့ရှိ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်ရှိ ရုပ်သံလိုင်းများပေါ်တွင် ယနေ့မှ စ၍ မြန်မာနိုင်ငံမှရွှေတိဂုံစေတီတော်မြတ်ကြီးအကြောင်း ထုတ်လွှင့်ပြသလျက်ရှိသည်။ မော်စကိုမြို့ရှိ သယ်ယူပို့ဆောင်ရေးယာဉ်များ(မြေအောက်ရထား၊မြေပေါ်ရထား၊လျှပ်စစ်ရထား၊ ဓါတ်ရထား၊ ခရီးသည်တင်မော်တော်ယာဉ်၊ သင်္ဘောများ) တွင် ပြည်သူများသို့ သတင်းအချက်အလက်များမျှဝေရန် နှင့် ဝန်ဆောင်မှုပေးရန် ရုပ်သံလိုင်းများပြသလျက်ရှိပါသည်။ ရုရှားနိုင်ငံ၏ ဗဟုသုတရဖွယ်အချက်အလက်များ၊ အစိုးရထုတ်ပြန်ချက်များကိုနေ့စဉ်ကြေငြာလျက်ရှိပါသည်။ ယနေ့တွင်တော့ တမူထူးခြားစွာ မြန်မာနိုင်ငံ၏ ရွှေတိဂုံစေတီတော်မြတ်ကြီး အကြောင်း တင်ဆက်ပြသခဲ့ပါသည်။ Moscow Transport ရုပ်သံလိုင်းသည် မည့်သည့်ဘာသာ၊ မည့်သည့်နိုင်ငံအကြောင်းကိုမှ ယခုကဲသို့အထူးတလည် တင်ပြခြင်းမျိုးကို မတွေ့ရှိခဲ့ရချေ။ ယခုကဲ့သို့ ရုပ်သံလိုင်းကြီးမှ တင်ဆက်မှုကို မြင်ရသောအခါ ဗုဒ္ဓဘာသာဝင်တဉီး အနေဖြင့် ဝမ်းမြောက်ရသကဲ့သို့ ရုရှား-မြန်မာ ချစ်ကြည်ရေး ၏ အတိမ် အနက် ကို ခန့်မှန်းမိပါသည်။ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ရုပ်သံလွှင့်မှုအား မည်သည့်အချိန်ထိ ဆက်လက်ထုတ်လွှင့်မည်ကိုမသိပါ။ ပုံမှန်အားဖြင့် အကြောင်းအရာတခုအား mostransport television မှ ထုတ်လွှင့်မှုသည် တလခန့်ကြာတက်ပြီး တနေ့လျှင် ကြိမ်ဖန်များစွာ ပြသလျှက်ရှိသည်ကိုသိရပါသည်။

ဗုဒ်ဓသာသနံ စိရံတိဌတု
သာဓု သာဓု သာဓု
အင်းစိန် ထောင်ပိုင်ကြီး
9
##Катюша ( Katyusha ) သီချင်းလေးကို ကြိုက်လို့ ပြန်လည် တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ရာဇဝင်လေးပါ သိရအောင် တင်ပေးလိုက်ပါတယ်။ အကြိုက်ဆုံးကတော့ သီချင်းဆိုတဲ့ ကလေးမလေးရဲ့ ဟန်ပန်အမူအရာနဲ့ မျက်နှာပေးလေးပါပဲ 😊😊😊🥰🥰🥰

ရုရှားအသံထွက် "Katusha", "Katjuscha", "Katiusha" ဒါမှမဟုတ် "Katjusha" ဟာ ဆိုဗီယက်ယူနီယံ ရိုးရာ သီချင်းဖြစ်ပါတယ်။ ၎င်းကို ၁၉၃၈ တွင် Матвей Блантер ( Matvey Blanter ) က ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ မျိုးချစ်စိတ်ဓါတ်အရ ကျော်ကြားမှု ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ၁၉၉၅ ခုနှစ်က စတင်ပြီး ကာသုရှာ သီချင်းဟာ လူကြိုက်များခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် ( တပ်နီတော် )တွေ အသုံးပြုခဲ့တဲ့ BM-8, BM-13 နဲ့ BM-31 rocket launchers တွေကို "Катюша ကာသုရှာ" လို့ အစပြုပြီး nickname ပေးခဲ့ခြင်း ဖြစ်ပါတယ်။

Расцветали яблони и груши
ပန်းသီးပင်တွေနဲ့ သစ်တော်ပင်တွေ ဖူးပွင့်လာခဲ့ပြီ။
Поплыли туманы над рекой.
မြူအခိုးအငွေ့များဟာ မြစ်ပေါ်မှာ မျောလွင့်လာနေတယ်။
Выходила на берег Катюша,
ကာသုရှာဟာ မြစ်ကမ်းပါးပေါ်ကို ရောက်လာခဲ့တယ်။
На высокий берег на крутой.
ငါတို့ရဲ့ ကြီးမားမတ်စောက်တဲ့ မြစ်ကမ်း‌ပါးပေါ်ကို ရောက်လာခဲ့တယ်။
( Выходила на берег Катюша,
На высокий берег на крутой. )
Выходила, песню заводила
သူမဟာ သီချင်းညည်းဆိုရင်း ထွက်လာခဲ့တယ်
Про степного, сизого орла,
ကွင်းပြင်ဆီက မီးခိုးရောင် လင်းယုန်တစ်ကောင်အကြောင်း
Про того, которого любила,
သူမချစ်ရတဲ့ တစ်ယောက်သောသူအကြောင်း
Про того, чьи письма берегла.
သူမ မြတ်နိုးတန်ဖိုးထားတဲ့ စာတွေရဲ့ ပိုင်ရှင် အကြောင်း။
(Про того, которого любила,
Про того, чьи письма берегла.)
Ой ты, песня, песенка девичья,
အိုး မင်း၊ သီချင်း၊ အပျိုစင်တစ်ယောက်ရဲ့ သီချင်းလေး
Ты лети за ясным солнцем вслед.
တောက်ပနေတဲ့ နေမင်းနောက်ကို မင်း တောက်လျှောက် ပျံလိုက်သွားပါ
И бойцу на дальнем пограничье
ပြီးတော့ အဝေးနယ်စပ်ဆီက စစ်သားလေးတစ်ယောက်ဆီကို
От Катюши передай привет.
ကာသုရှာက နှုတ်ဆက်နေပါတယ်လို့ ပြောပေးလိုက်ပါ
( И бойцу на дальнем пограничье
От Катюши передай привет.)
Пусть он вспомнит девушку простую,
သူ့ကို ရိုးသားတဲ့ သာမာန် မိန်းကလေးတစ်ယောက်ကို သတိရခွင့်ပေးလိုက်ပါ
Пусть услышит, как она поет,
သူ့ကို သူမရဲ့ ဘယ်လို‌ သီဆိုနေသလဲဆိုတာ နားထောင်ခွင့်ပေးလိုက်ပါ
Пусть он землю бережет родную,
သူ့ကို မိမိနေထိုင်ရာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခွင့်ပေးလိုက်ပါ
А любовь Катюша сбережёт.
ပြီးတော့ ကာသုရှာက ချစ်ရသူကို ကာကွယ်ပေးပါလိမ့်မယ်။
( Пусть он землю бережет родную,
А любовь Катюша сбережёт.)
Расцветали яблони и груши
Поплыли туманы над рекой.
Выходила на берег Катюша,
На высокий берег на крутой.
( Выходила на берег Катюша,
На высокий берег на крутой.)

#р_в_мать_сын
👍4