Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ဆိုဗီယက်ယူနီယံရဲ့
စံချိန်တင် ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူကတော့
USSR ရဲ့ နိုင်ငံခြားရေးဝန်ကြီး
Андрей Андреевич Громыко ပဲ ဖြစ်ပါတယ်။

၎င်းဟာ USSR (ဆိုဗီယက်ယူနီယံပြည်ထောင်စု)ရဲ့
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၅၇-၁၉၈၅ ခုနှစ်ထိ
(၂၈)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။
အောက်က ဆောင်ပုဒ်ကဝော့ ၎င်းရဲ့လက်သုံးဆောင်ပုဒ်ပဲ
ဖြစ်ပါတယ်။

“Лучше десять лет переговоров, чем один день войны”
“စစ်ပွဲတစ်ရက်ဖြစ်ပွားတာထက်စာရင် ဆယ်နှစ် စေ့စပ်ညှိနှိုင်းတာက ပိုမိုကောင်းမွန်ပါတယ်”
လို့ဆိုထားတဲ့ စကားလေးပဲ ဖြစ်ပါတယ်။
👍1
လေဆိပ်မှာ ဧည့်သည်ကြိုဖို့စောင့်တာကို
🔸 в аэропорте(ဗ်အယ်ရာပေါ့ရ်ကျယ်) နဲ့စောင့်မလား။
🔸 в аэропорту(ဗ်အယ်ရာပေါ့ရ်သူ) နဲ့စောင့်မလား။

ပုံမှန်စကားလုံးတွေ(နာမ်)တွေကို
предложный падеж ပြောင်းတဲ့အခါ
<<-е>> ပေါင်းထည့်ရတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ တချို့စကားလုံးတွေမှာတော့ (စကားလုံးအရေအတွက် ၁၀၀ တောင်မပြည့်ချင်ပါဘူး) <<-у>> ပေါင်းထည့်ပေးရပါတယ်။

အဲ့ဒီလို ပေါင်းထည့်ရတဲ့ падеж ကို местный падеж လို့ခေါ်ပြီး предложный/шестой падеж (О ком?, О чём?) ရဲ့ အခွဲတစ်ခုဖြစ်ကာ နေရာအကြောင်းပြောချင်တဲ့အခါမှာ (о, об, в, на, при) တွေနဲ့တွဲပြီး အသုံးပြုရပါတယ်။

ဥပမာ-
🔸 на мосту (နာ မော်စသူ) - တံတားပေါ်မှာ
🔸 в лесу (ဗ်လယ်ဆူ) - တောထဲမှာ

ဒါကြောင့်မလို့ လေဆိပ်မှာ စောင့်တာကို သုံးချင်ရင် ждать в аэропортУ (ဇျဒါ့ခ်ျ ဗ်အယ်ရာပေါ့ရ်သူ) လို့ -у ကို အဆုံးသတ်ပေါင်းထည့်ပေးမှ အမှန်ဖြစ်ပါတယ်။ အထက်ပါ ဝါကျရှိ ждать (ဇျဒါ့ခ်ျ)ဆိုတာကတော့ “စောင့်သည်”လို့ အဓိပ္ပါယ်ရပါတယ်။ စောင့်သည်ဆိုတဲ့ အသုံးအနှုန်းမှာ “ждать/ подождать” ဆိုပြီး (၂)မျိုး အသုံးပြုကြပါတယ်။

ဒါပေမဲ့ လေဆိပ်အကြောင်းဆိုရင်တော့
об аэропортЕ (အော့ဖ် အယ်ရာပေါ့ရ်ကျယ်) ဆိုပြီး -е ပေါင်းထည့်ပြီး သုံးရပါတယ်။ အရင်တုန်းကတော့ “е” နဲ့ကို နေရာပြပုံစံမှာ သုံးခဲ့ပေမဲ့ ရုရှားစာပေအဖွဲ့ ပေါ်လာပြီး နောက်ပိုင်းမှာတော့
လုံးဝပြောင်းလဲလိုက်ပါတယ်။

ဥပမာအနေနဲ့-
Я жду свою девушку в аэропорту.
ရာ ဇျဒူး စဗာရူ ဂျယ်ဗူရှကူ ဗ်အယ်ရာပေါ်ရ်သူ.
“အခု ငါ့ရဲ့ကောင်မလေးကို လေဆိပ်မှာ စောင့်နေပါတယ်” ဆိုပြီး ပြောချင်တာဖြစ်ပါတယ်။ ဒီဝါကျမှာ сейчас ဆိုတဲ့ “အခု/ယခု” လို့အဓိပ္ပါယ်ရတဲ့ စကားလုံးမပါပေမယ့်လို့ Я жду လို့ သုံးနှုံးထားတဲ့အတွက် ယခုလက်ရှိ ပစ္စုပ္ပန်ကာလမှာ စောင့်နေတယ်လို့ ပြောတာဖြစ်တဲ့အတွက်ကြောင့် сейчас. မပါလဲ အခု/ယခုအချိန်မှာ ပြုလုပ်ကြောင်း သိရှိရမှာပဲ ဖြစ်ပါတယ်။

https://mel.fm/gramotnost/kak-govorit/527813-prepositions

Об аэропорте လို့သုံးထားတဲ့ပုံစံတစ်ခုရဲ့ နမူနာဖြစ်ပါတယ်။
https://pulkovoairport.ru/about/
==========
👍1
🧠 в мозге (ဗ်မော့ဇဂယ်) လို့ သုံးမလား?
🧠 в мозгу (ဗ်မော့ဇဂူ) လို့ သုံးမလား?

နှစ်ခုစလုံးကတော့ သူ့အကြောင်းအရာနဲ့သူ မှန်ပါတယ်တဲ့။
мозг(မော့ဇ်ဂ်)(ဦးနှောက်) ဆိုတဲ့စကားလုံးကတော့ ချွင်းချက်ဖြစ်ပြီး аэропорт(အယ်ရာပေါရ်ထ်)(လေဆိပ်), нос(နော့စ်)(နှာခေါင်း), глаз(ဂလဇ်)(မျက်လုံး) တို့နဲ့ မတူပါဘူး။

ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ပြောမယ်ဆိုရင် в мозге လို့ သုံးရမှာပဲ ဖြစ်ပါတယ်။
ဥပမာ- Врачи заметили изменение в мозге.
ဗရာချီ ဇာမျယ်ကျီလီ အီဇမျယ်ညယ်ညီရယ် ဗ်မော့ဇဂယ်.
“ဆရာဝန်တွေဟာ ဦးနှောက်ရဲ့ ပြောင်းလဲလာမှုတွေကို သတိထားမိခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Врачи ဆိုတာကတော့ врач (ဗရာခ်ျ) “ဆရာဝန်” ဆိုတာကို အများကိန်းအဖြစ် ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။
🔸 Заметили ဆိုတာကတော့ заметить (ဇာမျယ်ကျိခ်ျ) “လေ့လာသည်၊ ဂရုပြုမိသည်၊ စောင့်ကြည့်သည်” စတဲ့ အဓိပ္ပါယ်တွေရပါတယ်။ အတိတ်ကာလမှာ ပြုလုပ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (заметил, заметила, заметило, заметили) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြုလုပ်သူဖြစ်တဲ့ врачи “ဆရာဝန်များ” ဆိုတာဟာ они (အများကိန်း) ဖြစ်တဲ့အတွက် заметили နဲ့ အသုံးပြုတာပဲ ဖြစ်ပါတယ်။
🔸 Изменение ဆိုတာကတော့ “ပြောင်းလဲမှု” လို့အဓိပ္ပါယ်ရပါတယ်။


အသိဉာဏ်၊ သတိတရား၊ စိတ်တို့နဲ့ ဆိုင်တာဆိုရင်တော့ в мозгу လို့ သုံးရမှာပဲ ဖြစ်ပါတယ်။
အတွေးစတစ်ချက် ဦးနှောက်ထဲမှာ ဖျတ်ခနဲ လင်းသွားတယ်ဆိုရင်
Мысль промелькнула в мозгу.
မီစ်လီ ပရာမျယ်လီခနူလာ ဗ်မော့ဇ်ဂူ.
“ခေါင်းထဲမှာ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့တယ်” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။

ဝါကျမှာ ပါရှိတဲ့
🔸 Мысль ဆိုတာကတော့ “စဥ်းစားတယ်၊တွေးတောတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ Мысль ဟာ ရုရှားစာမှာအရေးပါတဲ့ အထီးလိင်၊ အမလိင်၊ သဘာဝ/လိင်မရှိ၊ အများ ဆိုတဲ့ အုပ်စုလေးခု ခွဲခြားသတ်မှတ်ရတဲ့အထဲမှာ она လို့ခေါ်တဲ့ “အမလိင်” အုပ်စုထဲမှာ ပါဝင်ပါတယ်။
🔸 Промелькнула ဆိုတာကတော့ промелькнуть (ပရာမျယ်လီခနု့ခ်ျ) “ရုတ်တရက်ဖြစ်ပေါ်လာတယ်/လင်းလက်တယ်” စတဲ့ အဓိပ္ပါယ်တွေ ရပါတယ်။ အတိတ်ကာလမှာ ဖြစ်ပေါ်ခဲ့တဲ့အတွက် (я/он, я/она, оно, они) ဆိုတာကိုကြည့်ပြီး (Промелькнул, Промелькнула, Промелькнуло, Промелькнули) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ရှေ့က мысль ဆိုတဲ့ (она/အမလိင်) ဖြစ်တဲ့အတွက်ကြောင့် Промелькнула နဲ့ သုံးထားခြင်းပဲ ဖြစ်ပါတယ်။

လက်ဆောင်စကားလေး တစ်ခွန်းအနေနဲ့
Некоторые вещи должен решать мозг, а не сердце.
ညိ့ကာသော်ရီရယ် ဘျယ်ရှီ ဒေါ်လ်ဇျန် ရယ်ရှာ့ခ်ျ မို့ဇ်ဂါ အာ ညိ့ ဆယ်ရ်ထ်စယ်
🧠+❤️ တချို့အရာတွေကို နှလုံးသားနဲ့မဟုတ်ပဲ ဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ ❤️+🧠
👍3
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၆)

Женщины курицу берут руками.
ဇျန်ရှီနီ ခူရီဆူ ဘျယ်ရု့ထ် ရူကာမီ.
Женщин и курицу берут руками.
ဇျန်ရှီန် အီ ခူရီဆူ ဘျယ်ရု့ထ် ရူကာမီ.


ပထမဝါကျဖြစ်တယ့် Женщины курицу берут руками ဆိုတာကတော့ “အမျိုးသမီးများဟာ ၎င်းတို့ရဲ့လက်များဖြင့် ကြက်သားကို ယူဆောင်ကြသည်” ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
🔸 Женщины ဆိုတာကတော့ မူရင်းစကားလုံးဖြစ်တဲ့ женщина(ဇျန်ရှီနာ) ကို အများကိန်းအဖြစ် ရေးသားထားခြင်း ဖြစ်ပါတယ်။
🔸 Курицу ဆိုတာကတော့ မူရင်းစကားလုံးဖြစ်တဲ့ курица(ခူရီဆာ)“ကြက်” ကနေ ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။
🔸 Берут ဆိုတာကတော့ မူရင်းစကားလုံးဖြစ်တဲ့ брать(ဘရာ့ခ်ျ)“ယူသည်” ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။ ယခုလက်ရှိပစ္စုပ္ပန်ကာလမှာ ယူတယ်လို့ သုံးနှုံးချင်တဲ့အတွက် (я, ты, он/она/оно, мы, вы, они)စတဲ့ (ငါ၊ မင်း၊ သူ/ သူမ/ သဘာဝ၊ ငါတို့၊ မင်းတို့/ခင်ဗျား၊ သူတို့) ကိုကြည့်ပြီး (беру, берёшь, берёт, берём, берёте, берут) ဆိုပြီး သုံးရမှာဖြစ်တဲ့အတွက် “женщины အမျိုးသမီးများ - они အများကိန်း” နဲ့တွဲသုံးချင်တာ ဖြစ်တယ့်အတွက် берут လို့ သုံးနှုံးခြင်းပဲ ဖြစ်ပါတယ်။
🔸 Руками ဆိုတာကတော့ မူရင်းစကားလုံးဖြစ်တဲ့ рука(ရူကာ) “လက်” ကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။

ဒုတိယဝါကျဖြစ်တယ့် Женщин и курицу берут руками ဆိုတာကတော့ “အမျိုးသမီး နဲ့ ကြက်သားကို လက်နဲ့ ယူဆောင်ကြတယ်” လို့ အဓိပ္ပါယ်ထွက်သွားပါတယ်။

အထက်ပါ ဝါကျဟာ ရုရှားရှေးရိုး စကားစု တစ်ခုဖြစ်တဲ့ Курицу, рыбу и женщину берут руками.(ခူရီဆူ, ရီဘူ အီ ဇျန်ရှီနူ ဘျယ်ရု့ထ် ရူကာမီ) ကနေ ရေးသားထားခြင်း ဖြစ်ပါတယ်။ “ကြက်၊ ငါးနဲ့ မိန်းမကို လက်နဲ့ ယူဆောင်ကြတယ်” လို့ အဓိပ္ပါယ်ရပါတယ်။


ရုရှားရှေးရိုးစကားဖြစ်တဲ့ Курицу, рыбу и женщину берут руками. ဝါကျကို ပြန်လည် မေးမြန်းထားတဲ့ Почему мясо птицы было принято есть руками? (ပါချီးမူ မျာစာ ပကျီဆီ ဘီလာ ပရီညာသာ ရယ့်စ်ထ် ရူကာမီ) ဆိုတဲ့ “ဘာကြောင့် ကြက်သားကို လက်နဲ့ကိုင်စားရတာလဲ” ဆိုတဲ့ အမေးဝါကျ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ပတ်သတ်ပြီး ရုရှားယဉ်ကျေးမှု ပွဲတော်များ ဝဒ်ဆိုဒ်ရဲ့ အယ်ဒီတာဖြစ်တဲ့ Сергей Милянчиков က ရိုးရာယဥ်ကျေးမှုအရ ငါး၊ ကြက်နဲ့ မိန်းမပျို တို့ကို လက်ဗလာနဲ့ ယူဆောင် သော်လည်း ယဉ်ကျေးမှုအရ ကြက်အသားကို ခက်ရင်း၊ ဓားတို့နဲ့ အမြဲစားလေ့ရှိပါတယ်။ အရင်ခေတ်တုန်းက လူတွေဟာ ဓားတွေ သိပ်မသုံးကြပါဘူး။

တစ်သီးပုဂ္ဂလ အသုံးအဆောင်တွေဖြစ်တယ့် (ခက်ရင်း၊ ဓား) တို့ဟာ ၁၅ ရာစု နှောင်းပိုင်း အချိန်လောက်မှသာ ပေါ်လာခဲ့တာပါ။ အဲ့အချိန် သူဌေးအိမ်တွေမှာ စားပွဲလုပ်တဲ့အခါ ပန်းကန်၊ ဇွန်း၊ ဓားတွေ ယူလာကြပါတယ်။ ဒါပေမယ့် အစပိုင်းမှာတော့ ဟင်းချိုကလွဲလို့ ပန်းကန်တွေအကုန်လုံးကို လက်နဲ့စားပြီး အဝတ်အစား ဒါမှမဟုတ် စားပွဲခင်းပေါ်မှာ လက်ကိုသုတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ လက်ဆေးဖို့အတွက် လက်ဆေးရေပန်းကန်တွေကို စတင်အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီနောက် စားပွဲပေါ်မှာ လက်ဆေးရေ ထားရုံတင်မကဘဲ အဝတ်စိုများလဲ ပေါ်လာပါတယ်။ ဒါ့အပြင် လက်ချောင်းတွေကို ဟင်းမပေစေဖို့ ကြက်ခြေထောက်အစွန်းတွေပေါ်မှာ စက္ကူ‌ပတ်များ/တစ်သျှူးစများ “папильотки” ကို ပတ်ပေးထားကြပါတယ် လို့ သိရှိရပါတယ်။


ဒါ့အပြင် женщина(ဇျန်ရှီနာ) “အမျိုးသမီး” တွေကို လက်နဲ့ယူဆောင်တယ်ဆိုတဲ့ ခိုင်းနှိုင်းမှုကတော့ အမျိုးသမီးတစ်ယောက်ကို ချစ်စကားပြောမလား၊ ပိုးပန်းမလား၊ အကြမ်းနည်းသုံး(ကားတင်ပြေးခြင်း စသည်ဖြင့်) လုပ်ပြီး အရယူဆောင်မလား ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်တဲ့။ အဲ့ဒီလို ကိစ္စရပ်တွေနဲ့ အမျိုးသမီးကို ပိုင်ဆိုင်ရပြီဆိုရင် မင်းရဲ့လက်နဲ့ အရာအားလုံးကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုလိုချင်တာပါ။ နောက်ပိုင်းကတော့ ကွကိုယ်သာ တွေးကြပါ။ ထပ်ရေးရရင် 18+ တွေ ပါလာတော့မှာမို့ပါ 😊😊😊
3
понимать / понять
ပါညီမာ့ခ်ျ / ပါညာ့ခ်ျ (သိရှိသည်)

အပေါ်က သီချင်းလေးရဲ့ ခေါင်းစဉ်ကတော့ “Понимаешь?” “မင်းသိရဲ့လား” ဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရှေ့က “မင်း” ဆိုတဲ့ Ты ကို ဖျောက်‌ထားပေမယ့်လို့ понимаешь လို့သုံးထားတာဖြစ်တဲ့အတွက် -ешь အဖြစ် ပစ္စုပ္ပန်ကာလတွင် ты ဖြင့်တွဲရေးရတဲ့ ကိရိယာပုံစံ ရေးသားထားတဲ့ အတွက်ကြောင့် “မင်း” လို့ပေါင်းထည့်ပေးခြင်း ဖြစ်ပါတယ်။

အဲ့ဒီအတွက် သီချင်းလေးနားထောင်ရင်း понимать / понять ရဲ့ ကြိယာပုံစံ အသုံးပြုဖို့အတွက် အောက်ပါတို့ကို လေ့လာမှတ်သားထားကြစေလိုပါတယ်။

လက်ရှိကာလ/ပစ္စုပ္ပန်ကာလမှာ သုံးချင်ရင်

Я(ငါ) → понимаю
Ты(မင်း/သင်) → понимаешь
Он/она/оно(သူ/သူမ/သဘာဝ) → понимает
Мы(ကျွန်ုပ်တို့) → понимаем
Вы(မင်းတို့/ခင်ဗျား) → понимаете
Они(သူတို့) → понимают


အတိတ်ကာလမှာ သုံးချင်ရင်

Я/он (ငါ/သူ) → понимал / понял
Я/она (ငါ/သူမ) → понимала / поняла
Оно (သဘာဝ) → понимало / поняло
Мы/вы/они (ငါတို့/မင်းတို့/သူတို့) → понимали / поняли


အနာဂတ်ကာလမှာ သုံးချင်ရင်

Я(ငါ) → буду понимать / пойму
Ты(မင်း/သင်) → будешь понимать / поймёшь
Он/она/оно(သူ/သူမ/သဘာဝ) → будет понимать / поймёт
Мы(ကျွန်ုပ်တို့) → будем понимать / поймём
Вы(မင်းတို့/ခင်ဗျား) → будете понимать / поймёте
Они(သူတို့) → будут понимать / поймут


အမိန့်ပေးတဲ့ပုံစံနဲ့ သုံးနှုံးပြောချင်ရင်တော့
Ты(မင်း) → понимай / пойми (သိလား)
Вы(မင်းတို့) → понимайте / поймите သိရဲ့လား)

စသည်ဖြင့် ရှေ့က ပြုလုပ်သူ(S)၏ အမျိုးအစားကိုကြည့်ပြီး နောက်က သုံးနှုံးရမှာတွေပဲ ဖြစ်ပါတယ်။
1👍1
ရုရှား ဘာသာစကားတွင် လေယူလေသိမ်းပေါ်မူတည်ပြီး
အဓိပ္ပါယ်ပြောင်းလဲ ခြားနားသွားကြတာတွေ၊
စာလုံးတွဲရေးရင် တစ်မျိုး အဓိပ္ပါယ်ရပြီး
ခြားရေးရင် အခြား အဓိပ္ပါယ် ထွက်တာလေးတွေ ရှိပါတယ်။

အပိုင်း(၇)

дурманить  ဒူရ်မာညိ့ခ်ျ
дур манить ဒူရ် မာညိ့ခ်ျ


ပထမ စကားလုံးဖြစ်တယ့် дурманить ဆိုတာကတော့ “ယစ်မူးသည်/ဆွဲဆောင်တယ်” ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ဥပမာအားဖြင့် -
Этот цветов запах дурманит голову.
အယ်သာ့ထ် စဗျယ်သော့ဖ် ဇာပါ့ခ် ဒူရ်မာညိ့ထ် ဂေါ်လာဗူ
“ဒီပန်းအနံ့က ခေါင်းကို မူးနောက်စေတယ်” လို့
အဓိပ္ပါယ်ရပါတယ်။

Его голос дурманил меня.
ရီဗော် ဂေါ်လာ့စ် ဒူရ်မာညီလာ မီညာ
သူရဲ့ အသံလေးက ကျမကို ယစ်မူးသွားစေခဲ့တယ်။/ သူရဲ့အသံလေးက ကျမကို ဆွဲဆောင်ခဲ့တယ်။

အထက်ပါ ဝါကျ(၂)ကြောင်းမှာ дурманить ကို ကြိယာပုံစံ သုံးနှုံးထားတာ ကွာခြားမှုရှိတာကို တွေ့မြင်ရမှာပါ။ ဘာလို့လဲဆိုတာကို အောက်မှာ ကြည့်ရအောင်

လက်ရှိကာလ/ပစ္စုပ္ပန်ကာလမှာ သုံးချင်ရင်

Я(ငါ) → дурманю
Ты(မင်း/သင်) → дурманишь
Он/она/оно(သူ/သူမ/သဘာဝ) → дурманит
Мы(ကျွန်ုပ်တို့) → дурманим
Вы(မင်းတို့/ခင်ဗျား) → дурманите
Они(သူတို့) → дурманят


အတိတ်ကာလမှာ သုံးချင်ရင်

Я/он (ငါ/သူ) → дурманил
Я/она (ငါ/သူမ) → дурманила
Оно (သဘာဝ) → дурманило
Мы/вы/они (ငါတို့/မင်းတို့/သူတို့) → дурманили


အနာဂတ်ကာလမှာ သုံးချင်ရင်

Я(ငါ) → буду дурманить
Ты(မင်း/သင်) → будешь дурманить
Он/она/оно(သူ/သူမ/သဘာဝ) → будет дурманить
Мы(ကျွန်ုပ်တို့) → будем дурманить
Вы(မင်းတို့/ခင်ဗျား) → будете дурманить
Они(သူတို့) → будут дурманить


အမိန့်ပေးတဲ့ပုံစံနဲ့ သုံးနှုံးပြောချင်ရင်တော့
Ты(မင်း) → дурмань
Вы(မင်းတို့) → дурманьте

စသည်ဖြင့် ရှေ့က ပြုလုပ်သူ(S)၏ အမျိုးအစားကိုကြည့်ပြီး နောက်က သုံးနှုံးရမှာပဲ ဖြစ်ပါတယ်။

နောက်တစ်လုံးဖြစ်တယ့် дур манить ရဲ့ အဓိပ္ပါယ်ကတော့ “လူမိုက်ကခေါ်ဆောင်တယ်” လို့ အဓိပ္ပါယ် ဖြစ်သွားပါတယ်။ ရှေ့စာလုံး дур ဆိုတာကတော့ дурак(ဒူရခ်) ဆိုတဲ့ အရူး/လူမိုက် လို့ အဓိပ္ပါယ်ရပါတယ်။ Манить ဆိုတာကတော့ “မြူဆွယ်တယ်/သွေးဆောင်ဖြားယောင်တယ်/လက်ယက်ခေါ်တယ်/အချက်ပေးတယ်" လို့ အဓိပ္ပါယ် ရပါတယ်။

ဥပမာအားဖြင့် -
Полиция поманила дурака.
ပါလီစီရာ ပေါ်မာညီလာ ဒူရာကာ
လူမိုက်ကို ရဲက လက်ယက်ခေါ်ခဲ့တယ်။

Когда доктор/врач поманил дурака на лечение.
ကာ့ဂဒါ ဒေါ့ခ်သာရ်/ဗရာခ်ျ ပါမာညီလ် ဒူရာကာ နာ့ လယ်ချယ်ညီရယ်
အရူးကို ဆေးကုသရန်အတွက် ဆရာဝန်က အချက်ပေးခဲ့တယ်။


အထက်ပါ ဝါကျ(၂)ကြောင်းမှာ манить အစား поманить(ပေါ်မာညိခ်ျ) ကို ပြည့်စုံတိကျတဲ့ ကြိယာပုံစံ သုံးနှုံးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Манить/ поманить ရဲ့ ကြိယာပုံစံ ပြောင်းလဲမှုတွေကို အောက်မှာ ကြည့်ရအောင်

လက်ရှိကာလ/ပစ္စုပ္ပန်ကာလမှာ သုံးချင်ရင်

Я(ငါ) → маню
Ты(မင်း/သင်) → манишь
Он/она/оно(သူ/သူမ/သဘာဝ) → манит
Мы(ကျွန်ုပ်တို့) → маним
Вы(မင်းတို့/ခင်ဗျား) → маните
Они(သူတို့) → манят


အတိတ်ကာလမှာ သုံးချင်ရင်

Я/он (ငါ/သူ) → манил / поманил
Я/она (ငါ/သူမ) → манила / поманила
Оно (သဘာဝ) → манило / поманило
Мы/вы/они (ငါတို့/မင်းတို့/သူတို့) → манили / поманили


အနာဂတ်ကာလမှာ သုံးချင်ရင်

Я(ငါ) → буду манить / поманю
Ты(မင်း/သင်) → будешь манить / поманишь
Он/она/оно(သူ/သူမ/သဘာဝ) → будет манить / поманит
Мы(ကျွန်ုပ်တို့) → будем манить / поманим
Вы(မင်းတို့/ခင်ဗျား) → будете манить / поманите
Они(သူတို့) → будут манить / поманят


အမိန့်ပေးတဲ့ပုံစံနဲ့ သုံးနှုံးပြောချင်ရင်တော့
Ты(မင်း) → мани
Вы(မင်းတို့) → маните

အထက်ပါ поманить ဆိုတာမှာ “м” နောက်က “а” ပြုတ်ကျကျန်ခဲ့ရင် помнить ‌(ပေါ်မ်ညိ့ခ်ျ) “သတိရခြင်း” ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သွားပါလိမ့်မယ်။
много народу မနောဂါ နာရော့ဒူ
много народа မနောဂါ နာရော့ဒါ

အထက်ပါစကားလုံးကတော့ “‌လူတွေအများကြီးပဲ” လို့ အဓိပ္ပါယ် ရပါတယ်။

ကော်ဖီဆိုင်ထဲမှာ/ဆိုင်တစ်ခုခုအတွင်းမှာ လူတွေအများကြီးပဲ ဆိုတာကို ပြောချင်ရင်
много народу လို့သုံးကြမလား?
много народа လို့ သုံးကြမလား? ဆိုတာအတွက် ရှင်းလင်းချက်ကလေးကို ကြည့်ကြရအောင်။

народа/народу ဆိုတာကတော့ народ(နာရော့ထ်) ဆိုတဲ့စကားလုံးကနေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ народ ဆိုတဲ့ စကားလုံးကို အသုံးပြုပုံ (၃) မျိုးနဲ့ အသုံးပြုကြပါတယ်။

ပထမတစ်မျိုးက နိုင်ငံတစ်ခုအတွင်းမှာ၊ အစိုးရတစ်ခုအောက်မှာ နေထိုင်တဲ့သူတွေ အားလုံးကို ခေါ်ဆိုတာဖြစ်ပါတယ်။

ဒုတိယတစ်မျိုးက ဘာသာစကား၊ ယဉ်ကျေးမှု၊ လူမျိုးအရင်းအမြစ် တစ်ခုခုတူလို့ စုဖွဲ့နေတဲ့ လူအစုအဖွဲ့/လူမျိုးစုကို ခေါ်ဆိုတာဖြစ်ပါတယ်။

တတိယတစ်မျိုးကတော့
အနည်းကိန်းပုံစံနဲ့ပဲ အသုံးပြုလို့ရတဲ့
လူများဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ကော်ဖီဆိုင်ထဲမှာ လူအများကြီးဆိုတာမှာ သုံးထားတဲ့ народ ဟာ အောက်ဆုံးပုံစံ (စကားပြော၊ အနည်းကိန်း) ဖြစ်တဲ့အတွက် народа လို့ -а ပေါင်းပေးပြီး ပြောရတာပဲ ဖြစ်ပါတယ်။ -у ပေါင်းပြီး ပြောတဲ့အသုံးက စကားပြောအသုံးမှာ သုံးကြတာ ဖြစ်ပေမဲ့ စကားပြော(လမ်းဘေးအပြော) ပိုဆန်ပါတယ်လို့ သိရပါတယ်။

ဒီနေရာမှာ လူပုဂ္ဂိုလ်လို့ သုံးချင်တာ ဖြစ်တယ့်အတွက် “လူ” ဆိုတဲ့ человек (ချယ်လာဗျယ့်ခ်) ကို အများကိန်းပုံစံ “လူများ” люди ဆိုတာနဲ့ သုံးရင်လဲ ရပါတယ်။

ဥပမာ အနေနဲ့
Много людей в кафе. မနောဂါ လူဂျယ့်ရ် ဗ်ကာဖျယ်
Много народа в кафе. မနောဂါ နာရော့ဒါ ဗ်ကာဖျယ်

“ကော်ဖီဆိုင်ထဲမှာ လူတွေအများကြီးပဲ” လို့ အဓိပ္ပါယ် ရသွားပါတယ်။

အဲ့လိုမှမဟုတ်ပဲ အချိန်ပါထည့်ချင်ရင်

Сейчас много людей в кафе. စီးရ်ချာ့စ် မနောဂါ လူဂျယ့်ရ် ဗ်ကာဖျယ်

Сейчас много народа в кафе. စီးရ်ချာ့စ် မနောဂါ နာရော့ဒါ ဗ်ကာဖျယ်

(Или) အီလီ (သို့မဟုတ်)

Сейчас в кафе много людей. စီးရ်ချာ့စ် ဗ်ကာဖျယ် မနောဂါ လူဂျယ့်ရ်

“အခု ကော်ဖီဆိုင်ထဲမှာ လူတွေအများကြီးပဲ” လို့ အဓိပ္ပါယ်ရပါတယ်။

Сейчас (စီးရ်ချာ့စ်) ဆိုတာကတော့ ယခု/အခု လို့ အဓိပ္ပါယ်ရပါတယ်။

ဒီနေရာမှာ “кафе” နဲ့ “кофе” ကိုမမှားပါစေနဲ့။
🏪 Кафе ကာဖျယ် ဆိုတာက ‌“ကော်ဖီဆိုင်” ဖြစ်ပြီးတော့
Кофе ကော်ဖျယ် ဆိုတာက “ကော်ဖီ” ပဲ ဖြစ်ပါတယ်။

“ Кафе နဲ့ кофе ” အဲ့ဒီနှစ်လုံးဟာ စပြီးရုရှားစာ သင်ကြားသူတွေအဖို့ ရုတ်တရက်ဆို မှားတတ်ကြပါတယ်။

В кафе было много народа.
ဗ်‌ကာဖျယ် ဘီလာ မနောဂါ နာရော့ဒါ
ကော်ဖီဆိုင်ထဲမှာ လူအများကြီး ရှိခဲ့တယ်။

အထက်ပါ ဝါကျမှာ было ဆိုတာကတော့ быть (ဘိခ်ျ)(ရှိသည်/ဖြစ်သည်) ကနေ ဆင်းသက်လာတာပါ။ အတိတ်ကာလမှာ ရှိခဲ့တယ်လို့ သုံးနှုံးချင်တဲ့အတွက် (я/он, я/она, оно, мы/вы/они) ဆိုတဲ့ (ငါ/သူ၊ ငါ/သူမ၊ သဘာဝ၊ ငါတို့/မင်းတို့/သူတို့)ကိုကြည့်ပြီး (был, была, было, были) ဆိုပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ кафе ဆိုတဲ့ ကော်ဖီဆိုင်ဟာ “оно” ကို အထူးပြုချင်တာ ဖြစ်တဲ့အတွက် было နဲ့ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

C Thu Htet
👍1
ရုရှား အက္ခရာများရဲ့
ပုံနှိပ်စာလုံးရယ်၊
လက်ရေးစာလုံးရယ်၊
အသံထွက်ရေးရယ်ကို
ကျက်မှတ်လို့ရအောင်
တင်ပေးလိုက်တာပါ
👍2
ရယ်စရာကောင်းတဲ့ ရုရှားစကားစုတွေနဲ့ ပြောစကားများ (၁) 😊😊😊
Смешные русские фразы и поговорки(1)

Да нет, наверное. ဒါ ညယ့်ထ် နာဗျယ်ရ်နာရယ်
🔸 да (ဒါ) → ဟုတ်တယ်
🔸 нет (ညယ့်ထ်) → မဟုတ်ဘူး
🔸 наверное (နာဗျယ်ရ်နာရယ်) → ဖြစ်နိုင်ပါတယ်/ဖြစ်နိုင်ချေရှိသော

အဲ့ဒီအတွက် တစ်ခုခြင်း ဘာသာပြန်ရင်တော့ “ဟုတ်တယ်၊ မဟုတ်ဘူး၊ ဖြစ်နိုင်တယ်” ဆိုတဲ့ ကြောင်တောင်တောင် နိုင်တယ့် အဓိပ္ပါယ် ထွက်သွားမှာပါ။

အဲ့ဒီ ဝါကျတစ်ခုရဲ့ အစ စကားလုံးဖြစ်တဲ့ "Да" ဆိုတဲ့ စကားလုံးဟာ စာရေးသူ/ဖြေကြားသူရဲ့ စိတ်ခံစားချက်ကို ပေါ်လွင်စေဖို့ အတွက်ပဲ အသုံးပြုတာ ဖြစ်ပါတယ်။ ရုရှားလူမျိုးအချို့ကို မေးခွန်းတစ်ခုမေးလိုက်ရင် သူက “Да нет, наверное” လို့ဖြေရင် “ငါ မသေချာပေမယ့်လို့ မဟုတ်နိုင်ဘူးဆိုတာ သေချာတယ်” လို့ အဓိပ္ပာယ်ရပါတယ်တဲ့။

အထက်ပါ ဝါကျဟာ ဩစတေးလျ လူမျိုးတွေသုံးတဲ့ (Straya!) နဲ့ နယူးဇီလန်လူမျိုးတွေသုံးတဲ့ (Ey!)  “Yeah, no” ဒါမှမဟုတ် “yeah, nahhh.” နဲ့ သွားပြီး ဆင်တူပါတယ်တဲ့။
👍3😁1
FB acc က ပုံထဲကအတိုင်းဖြစ်သွားတော့ အကောင့်အသစ်ဖောက်တာ မရတာနဲ့ အခုလတ်တလော ဒီ channel လေးမှာရှိပါမယ်။ Р.В Мать Сын အကောင့်ပြန်ရရင်တော့ FB ကိုတက်လာလဲ့ပါမယ်။ အကောင့်အပိုရှိတဲ့သူများအနေနဲ့လဲ ကုသိုလ်ပြုလို့ရပါတယ်
အကောင့်ပေးချင်သူများ အောက်ပါ telegram acc ကို ဆက်သွယ်ပေးကြပါ 😊😊😊😢😢😢
https://t.me/kohtut49
😄😄😄😢😢😢

Р.В Мать Сын
😢31👍1
ရယ်စရာကောင်းတဲ့ ရုရှားစကားစုတွေနဲ့ ပြောစကားများ (၂) 😊😊😊
Смешные русские фразы и поговорки(2)

Руки не доходят посмотреть
ရူကီ ညိ့ ဒါခေါ်ဂျာ့ထ် ပါစမော်သရယ့်ခ်ျ
🔸 руки (ရူကီ) → рука (ရူကာ) “လက်” ကိုအများကိန်းအဖြစ် ရေးထားခြင်း။
🔸 не (ညိ့) → မဟုတ်ဘူး (нет) နဲ့အတူပင်။
🔸 доходят (ဒါခေါ်ဂျာ့ထ်) → доходить (ဒါခါဂျိခ်ျ) “ရောက်ရှိတယ်/လက်လှမ်းတယ်” ဆိုတဲ့စကားကို လက်ရှိပစ္စုပ္ပန်ကာလ они “အများကိန်း” အဖြစ် ကိုယ်စားပြု ရေးထားခြင်း။
🔸 посмотреть (ပါစမော်သရယ့်ခ်ျ) → “ကြည့်သည်”

အဲ့ဒီအတွက် တစ်ခုခြင်း ဘာသာပြန်ရင် လက်တွေက၊ မဟုတ်ဘူး၊ လက်လှမ်းတယ်၊ ကြည့်သည် (လက်တွေက ကြည့်ဖို့ လက်လှမ်းမမှီဘူး) ဆိုတဲ့ ကြောင်တောင်တောင်နိုင်တယ့် အဓိပ္ပါယ် ထွက်သွားမှာပါ။


အထက်ပါ အသုံးအနှုန်းကို တိုက်ရိုက်ဘာသာပြန် စာသားအရ မပြန်သင့်ပါဘူး။ "Руки не доходят" ဆိုတဲ့ စာသားအရ "လက်တွေက လက်လှမ်းမမှီဘူး" လို့ အဓိပ္ပါယ်ရပြီးဝောာ့ သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ “တစ်ခုခုလုပ်ဖို့ အချိန်မရှိဘူးလို့” ဆိုလိုတာပါတဲ့။ ဒီစကားစု ၃ ခုပြီးရင် သင်မလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို သတ်မှတ်ပေးမယ့် ကြိယာတစ်ခုခုကို သုံးနှုန်း ပြောဆိုနိုင်ပါတယ်တဲ့။ ကိစ္စတစ်ခုခုကို “Руки не доходят посмотреть” လို့ပြောဆိုသည်မှာ ရေးသူ/ပြောသူဟာ “တစ်စုံတစ်ခုကို ကြည့်ရှု့ဖို့ အချိန်မရှိဘူး/အချိန်မရဘူး” လို့ ဆိုလိုပါတယ်။

ဥပမာအနေနဲ့
Руки не доходят посмотреть в этот проект.
ရူကီ ညိ့ ဒါခေါ်ဂျာ့ထ် ပါစမော်သရယ့်ခ်ျ ဗ်အယ်သာ့ထ် ပရာအယ့်ထ်
“ဒီပရောဂျက်ကို ပြန်ကြည့်ဖို့ အချိန်မရှိဘူး” လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။
👍32