Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
၁။ Извините! အီဇဗီးညိ့ကျယ် (ခွင့်ပြုပါ/ကျေးဇူးပြု၍)
အကူအညီတောင်းခံရာတွင် ရှေ့ကအသုံးပြုရာတွင် အသုံးပြုသည်။

၂။ Пожалуйста! ပါဇျာလုရ်ဆသာ/ပါရှားလုရ်ဆသာ (ကျေးဇူးပြု၍)

၃။ Прости. ပရာ့ဆကျီ (တောင်းပန်ပါတယ်)

၄။ Возможно. ဘာဇမို့ရှ်နာ (ဖြစ်နိုင်ပါတယ်)

၅။ Ты знаешь? သီဇနာ့ရယ့်ရှ်
Вы знаете? ဘီဇနာ့ရယ့်ကျယ်
မင်းသိလား/သင်သိပါသလားခင်ဗျ
အပေါ်စာကြောင်း(၂)ကြောင်းတွင် ပထမဝါကျသည် ရွယ်တူ/ငယ်ရွယ်သူ/တစ်စံတစ်ယောက်အား မေးရာတွင် အသုံးပြုရပြီး ဒုတိယ ဝါကျသည် မိမိထက်ကြီးသူ/ ရိုသေရမည့်သူ/ တစ်ဦးထက်ပိုသော လူအများကို မေးရာတွင် အသုံးပြုရသည်။

၆။ Я знаю. ရာဇနာရု (ငါသိတယ်/ကျွန်တော်သိတယ်)
Да, я знаю. ဒါ ရာဇနာရု (ဟုတ်ကဲ့/ဟုတ်တယ်၊ ငါသိတယ်/ကျွန်တော်သိတယ်)
သင်သိပါသလားဟု မေးလို့ မိမိသိရှိကြောင်း ဖြေကြားလိုလျှင် ယခုဝါကျအား အသုံးပြုနိုင်သည်။

၇။ Я не знаю. ရာညိ့ဇနာရု (ငါမသိဘူး/ကျွန်တော်မသိဘူး)
Нет, я не знаю. ညက်ထ် ရာညိ့ဇနာရု (မဟုတ်ဘူး/ ငါသိဘူး၊ ကျွန်တော်မသိဘူး)
သင်သိပါသလားဟု မေးလို့ မိမိမသိရှိကြောင်း အငြင်းဝါကျပုံစံ ပြောချင်လျှင် ယခုဝိါကျအား အသုံးပြုနိုင်သည်။

၈။ Ты/вы не знаешь/знаете?
သီ/ဘီ ညိ့ ဇနာ့ရယ့်ရှ်/ဇနာ့ရယ့်ကျယ်?
မင်းမသိဘူး မဟုတ်လား?
အထက်ပါ ညိ့(не) ဖြင့် မေးလာ၍
မိမိအနေဖြင့် သိရှိပါက
🔹 Нет, я знаю. ညက်ထ် ရာဇနာရု (မဟုတ်ဘူး ငါ/ကျတော် သိတယ်)
မိမိအနေဖြင့် မသိရှိပါက
🔹 Да, я не знаю. ဒါ ရာ ညိ့ဇနာရု (ဟုတ်ပါတယ် ငါ/ကျတော် မသိပါဘူး)

၉။ Да. ဒါ (ဟုတ်တယ်/မှန်တယ်)

၁၀။ Нет. ညက်ထ် (မဟုတ်ဘူး/မှားတယ်
2👍1
ရုရှား အက္ခရာ (၃၃) လုံး ရှိသည့်အနက် ၎င်းတို့အား အောက်ပါအတိုင်း (၃)ပိုင်း ခွဲခြားထားသည်။ ၎င်းတို့မှာ -
(က) သရအက္ခရာ (၁၀) လုံး
(ခ) ဗျည်းအက္ခရာ (၂၁) လုံး
(ဂ) ဝိသေသထူးခြားသောအက္ခရာ (၂) လုံးတို့ဖြစ်သည်။

သရအက္ခရာ(၁၀)လုံးအား အောက်ပါအတိုင်း (၂)ပိုင်း ခွဲခြားထားသည်-
(က) “ အ ” အသံပါသေ သရအက္ခရာ(သို့) သရအသံ (၆)လုံး
၁။ А а - အာ ( -ာ )
၂။ О о - အို ( -ို )
၃။ У у - အူ ( -ူ )
၄။ Э э - အယ် ( -ယ်)
၅။ И и - အီ ( -ီ )
၆။ ы - အီး ( -ီး )
(ခ) “ရ/ယ” အသံပါသော သရအက္ခရာ (၄)လုံး
၁။ Я я - ရာ(ယာ) ( -ာ )
၂။ Ё ё - ရော်(ယော်) (‌ေ-ာ်)
၃။ Ю ю - ရူ(ယူ) ( -ူ )
၄။ Е е - ရယ်(ယယ်) ( -ယ် )
တို့ဖြစ်ကြသည်။

ဗျည်းအက္ခရာ (၂၁)လုံးမှာ -

Бб (ဘယ်)
Вв (ဗယ်)
Гг (ဂယ်)
Дд (ဒယ်)
Жж (ဇျယ်)
Зз (ဇယ်)
Кк (‌ခ)
Лл (အယ်လ်/လ)
Мм (အမ်/မ)
Нн (အန်/န)
Пп (ပယ်)
Рр (အယ်ရ်/ရ)
Йй (အီခရာ့ကာရယ်)
Сс (အက်စ်/ဆယ်/ဆ)
Тт (သယ်/တယ်/သ/တ)
Фф (အက်ဖ်/ဖယ်/ဖ)
Хх (ခါ)
Цц (စယ်)
Чч (ရှာ၊ ရှယ်)
Шш (ချာ)
Щщ (လျှာ) တို့ဖြစ်သည်။

ဝိသေသထူးခြားသောအက္ခရာ (၂)လုံးမှာ -
၁။ ъ ( သဗျော့သီးဇနာ့ )
၂။ ь ( များကီးဇနာ့ ) တို့ဖြစ်သည်။

ဒီနေ့အတွက် မိသားစုတွင်း အခေါ်အဝေါ်များကို ကျက်ဖို့အတွက် ရေးပေးလိုက်ပါတယ်။

Мама မားမာ (အမေ)
Папа(отец) ပါ့ပါး(အားကျယ့်စ်) (အဖေ)
Брат ဘရက်ထ် (အစ်ကို)
Сестра ဆစ်သရာ (အစ်မ)
Сын ဆင်းန် (သား)
Дочь ဒို့ခ်ျ (သမီး)
Дядя ဂျာ့ဂျာ (ဦးလေး)
Тётя ကျော့ကျာ (အန်တီ)
Дедушка ဂျယ်သူရှကာ (အဖိုး)
Бабушка ဘာဘူရှကာ (အဖွား)
Внук ဗနု့ခ် (မြေး/ မြေးယောင်္ကျားလေး)
Внучка ဗနု့ရှကာ (မြေးမ)
1
“အ” အသံပါ‌သော “သရအသံ” များဖြင့်ရိုးရိုးအက္ခရာများအား ပေါင်းစပ်ခြင်းဖြင့် အသံထွက် ရွတ်ဖတ်ခြင်း လေ့ကျင့်ခန်း

“ Мм ”
Ма (မာ) а-ма (အာ-မာ) ма-ам (မာ-အာမ်)
Мо (မို) о-мо (အို-မို) мо-ом (မို-အွန်မ်)
Му (မူ) у-му (အူ-မူ) му-ум (မူ-အူမျ)
Мэ (မယ်) э-мэ (အယ်-မယ်) мэ-эм (မယ်-အယ်မ်)
Мы (မီ) ы-мы (အီး-မီ)

အထက်ပါအတိုင်း Н , П , б တို့အား သရအသံများဖြင့် ပေါင်းစပ်ရေးသားပြီး အသံထွက်ရွတ်ဖတ်ခြင်း၊ ထပ်ခါခါထပ်ခါရေးခြင်းတို့ ပြုလုပ်ရမည်။ သင်ခန်းစာအရ နားထောင်ရန် လိုအပ်သော်လည်း အသံဖိုင်မတင်နိုင်သည့်အတွက် မိမိဘာသာ ရေးဖတ်လေ့ကျင့်ရမည်။

ဒီနေ့အတွက် အသုံးတည့်မည့် ဝါကျစာလုံး/စာကြောင်းလေးတွေ တင်ပေးလိုက်ပါတယ်။

Откуда ты? အာ့ထ်ခူးဒါ သီ (မင်းဘယ်ကလဲ)
Откуда вы? အာ့ထ်ခူးဒါ ဘီ (မင်းဘယ်ကလဲ)
အထက်ပါ စာကြောင်း(၂) ကြောင်းတွင် ပထမစာကြောင်း ты 'သီ' အား ရွယ်တူ/ငယ်ရွယ်သူ တစ်ဦး‌တစ်ယောက်အား မေးရာတွင် သုံးရပြီး ဒုတိယစာကြောင်း вы 'ဗီ' အား ကြီးသူ/ရိုသေရမည့်သူ/ တစ်ဦးထက်ပိုသော လူအများအား မေးရာတွင် သုံးရမည်။

Я из Мьянмы. ရာ အိဇ် မြန်မီ (ငါမြန်မာနိုင်ငံကပါ)

Который час? ကာသိုရီးရ် ချဆ် (ဘယ်နှစ်နာရီရှိပြီလဲ/ဘယ်အချိန်ရှိပြီလဲ)

Мне это нравится. မညဲ အယ်သာ နရာဗိထ်ဆာ (အဲ့ဒါကို ကျွန်တော်/ကျွန်မ ကြိုက်နှစ်သက်တယ်)

Мне не нравится это. မညဲ ညိ့ နရာဗိထ်ဆာ အယ်သာ (အဲ့ဒါကို ကျွန်တော်/ကျွန်မ မကြိုက်နှစ်သက်ဘူး)

Я люблю тебя. ရာ လု့ဘလူး ကြည်ဘျာ (မင်းကိုငါချစ်တယ်)
(ရွယ်တူ/ငယ်ရွယ်သူ တစ်ဦးတစ်ယောက်အား ပြောရာတွင် тебя 'ကြည်ဘျာ' ဖြင့် သုံးရသည်။

Я люблю вас. ရာ လု့ဗလူး ဗာ့ဆ် (မင်း/မင်းတို့ကို ငါချစ်တယ်)
(ကြီးသူ/ တစ်ဦးထက်ပိုသော လူအများကို သုံးရာတွင် вас 'ဗာ့ဆ်' ဖြင့် သုံးရသည်။

Помогите! ပါမာဂီ့ကျယ် (ကူညီကြပါ ခင်ဗျ/ရှင့်)

Правда. ပရာ့ဗ်ဒါ (မှန်တယ်)

Ошибочный. အာရှီးဗာ့ရှ်နီးရ် (မှားတယ်)

Вкусно! ဗခုဆနာ (အရသာရှိတယ်)
👍4
ရရှား သရ (၁၀) လုံးအား “အ” အသံပါသော “သရအသံ” (၆) လုံး ၊ “ရ” အသံပါသော “သရအက္ခရာ” (၄) လုံး ဟူ၍ ခွဲခြားထားသည့်အပြင် “အသံရှည်/အသံမာ/အမြင့်သံ” ဖြင့် ထွက်ရသော သရ (၅)လုံးနှင့် “အသံတို/အသံပျော့/အနိမ့်သံ” ဖြင့် ထွက်ရသော သရ (၅)လုံး ဟူ၍ ထပ်မံပိုင်းခြားထားသည်။ ၎င်းတို့မှာ -

(က) “အသံရှည်/အသံမာ/အမြင့်သံ” ဖြင့် ထွက်ရသော သရ (၅)လုံး
(၁) А а (အာ)
(၂) О о (အို)
(၃) У у (အူ)
(၄) Э э (အယ်)
(၅) ы (အီး)

(ခ) “အသံတို/အသံပျော့/အနိမ့်သံ” ဖြင့် ထွက်ရသော သရ (၅)လုံး
(၁) Я я (ရာ/ယာ)
(၂) Ё ё (ရော်/ယော်)
(၃) Ю ю (ရူ/ယူ)
(၄) Е е (ရယ်/ယယ်)
(၅) И и (အီ)

အထက်ပါ သရ(၂)မျိုး၏ ရှေ့တွင်ရှိသော (သို့) တွဲရေးရသော ဗျည်းအက္ခရာများသည်လည်း ပါရှိသော သရ(၂)မျိုးအပေါ်လိုက်၍ “အသံရှည်/အသံမာ/အမြင့်သံ” (သို့) “အသံတို/အသံပျော့/အနိမ့်သံ” ပြောင်းလဲသွားရသည်။


ရုရှားစကားလုံး အက္ခရာများတွင်လည်း မြန်မာနည်းတူ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုသည့်အတိုင်း အသံထွက်ပြောင်းလဲ ဖတ်ရသည်များလည်း ရှိသည်။ ထိုသို့အသံထွက် ပြောင်းလဲထွက်ရသော အက္ခရာများသည် ပုံမှန်အားဖြင့် သရအက္ခရာများ၏ နောက်တွင် တည်ရှိကြသည်။ ၎င်းတို့မှာ -

၁။ Б б → П п
၂။ В в → Ф ф
၃။ Г г → К к (Х х)
၄။ Д д → Т т
၅။ Ж ж → Ш ш
၆။ З з → С с တို့ဖြစ်သည်။

ဥပမာ -

ရေးသည့်အခါ ထွက်ရသောအသံ
год гот (ဂေါ့ထ်) (သက္ကရာဇ်/နှစ်)
подпись подпись (ပေါ့ထ်ပျိ့စ်) (လက်မှတ်)
* футбол фудбол (ဖုဒ်ထ်ဘော) (ဘောလုံး)
поезд поест (ပို့ရယ့်စ်ထ်) (ရထားတစ်စင်း)
мозг моск (မို့စ်ခ်) (ဦးနှောက်)
бог бох (ဘို့ခ်) (ဘုရားသခင်)

အထက်ပါ ဥပမာများရှိ футбол ဆိုသည့် စကားလုံးတွင် тб နောက်တွင် သရစာလုံး “о” ပါသည့်အတွက် “т" ကို “д" အသံပေါင်းထည့်သော်လည်း “б" ကို “п" အသံမပြောင်းပဲ “б" အသံဖြင့်သာ ထွက်ရခြင်း ဖြစ်သည်။


ယနေ့အတွက် အမေး/အဖြေ နှစ်ခုကို သင်ပေးလိုက်ပါတယ်။

Ты понимаешь? Вы понимаете?
သီ ပါညီမာ့ရယ့်ရှ်? ဗီ ပါညီမာ့ရယ့်ကျယ်?
သင် နားလည်လား? မင်းတို့နားလည်ကြလား?

Я понимаю. Мы понимаем.
ရာ ပါညီမာယူ မီ ပါညီမာရမ်
ငါနားလည်တယ် ငါတို့/ကျွန်တော်တို့ နားလည်တယ်

Я не понимаю. Мы не понимаем.
ရာ ညိ့ ပါညီမာယူ မီ ညိ့ ပါညီမာရမ်
ငါနားမလည်ဘူး ငါတို့/ကျွန်တော်တို့ နားမလည်ဘူး


Ты знаешь? Вы знаете?
သီ ဇနာ့ရယ့်ရှ်? ဗီ ဇနာ့ရယ့်ကျယ်
မင်းသိလား? မင်း/မင်းတို့ သိလား?

Я знаю. Мы знаем.
ရာ ဇနာယု မီ ဇနာရမ်
ငါ သိတယ်။ ငါတို့/ကျွန်တော်တို့ သိတယ်။

Я не знаю. Мы не знаем.
ရာ ညိ့ ဇနာယု မီ ညိ့ ဇနာရမ်
ငါ မသိဘူး။ ငါတို့/ကျွန်တော်တို့ မသိဘူး။
👍2
ရုရှား စကာစကားလုံးတစ်လုံးတွင် “သရ” စာလုံး ဘယ်နှစ်လုံးပါသည်ကို ဖော်ထုတ်၍ အမြင့်သံ တင်သည့် သရစာလုံး၏ အသံထွက်မှလွဲ၍ အခြား သရစာလုံးအချို့၏ အသံများသည် မူရင်းသံမှ ပြောင်းလဲ အသံထွက်ရသည်များ ရှိသည်။ သိသာထင်ရှားသော “О” မှ “А" သံထွက်ရသည့်အချို့မှာ -

Сло́во ဆလိုဗာ (စကားလုံး) ( _' _ )
Слова́ ဆလာဗာ (စကားလုံးများ) ( _ _' )
Ко́фе ကိုဖျေး (ကော်ဖီ) ( _' _ )
Спаси́бо ဆပါဆီးဘား (ကျေးဇူးတင်ပါတယ်) ( _ _' _ )
Хо́лодно ခိုးလာ့ထ်နာ (အေးသော) ( _' _ _ )
Подру́га ပါသရုဂါ (မိန်းကလေးသူငယ်ချင်း) ( _ _' _ )
Молоко́ မာလာကို (နို့ရည်) ( _ _ _' )


Иван အီဗန်
Он အွန် (သူ)
Мама မာမာ (အမေ)
Это - Она အာ့နာ (သူမ)
Мама и папа မာမာ အီ ပါပါ (အမေနှင့်အဖေ)
Дом ဒွန်းမ် (အိမ်)
Лампа လန်းမ်ပါ (မီးအိမ်)

Это (အယ်သာ)ဖြင့် တွဲ၍ မိတ်ဆက်/ဖော်ပြခြင်း သင်ခန်းစာတွင် အောက်ပါအတိုင်း အသံနိမ့်ဆင်းသွားရခြင်းကို ထပ်ခါထပ်ခါ ပြောဆိုလေ့ကျင့်ကြရန် လိုအပ်သည်။

_ _ _
` --

ဥပမာ-

Это И (အယ့်သာ အီဗန်)
ван. (အဲ့ဒါ အီဗန် ပါ)

Это (အယ့်သာ မာမာ)
мама. (အဲ့ဒါ အမေပါ)

Это Анна и (အယ်သာ အာန်နာ အီ အာလ်လာ)
Алла. (အဲ့ဒါ အာန်နာ နဲ့ အာလ်လာပါ)

အထက်ပါ လေယူလေသိမ်း ထွက်ရသည့် အခြေအနေမှာ မိမိအား အခြားတစ်ယောက်မှ “မေးခွန်းပုံစံ” ဖြင့် လာရောက်မေးလျှင် “ဖြေကြားပြောဆိုရန်” အတွက် လေယူလေသိမ်းပုံစံ ဖြစ်သည်။

ထို့အတူ Это (အယ်သာ) ဖြင့်တွဲ၍ “မေးခွန်းပုံစံ” ဖြင့် မေးမြန်းလိုလျှင် “အမေးပုံစံ” အတွက် လေယူလေသိမ်းသည် အောက်ပါအတိုင်း ပြောင်းလဲသွားရသည်။

_ _ _ ^

ဥပမာ -
ван
Это И ? အယ်သာ အီးဗန့် ( အဲ့ဒါ အီဗန်လား)


ယနေ့အတွက် နှစ်လိုဖွယ် စာကြောင်း(၆) ကြောင်း သင်ပေးလိုက်ပါတယ်။

Я нравию тебя./ Ты нравишься мне.
ရာ နရာဗီယု ကျည်ဘျာ။ / သီ နရာဗီဆ်ဆာ မညဲ။
မင်း ကို ငါကြိုက်တယ်။

Я скучаю по тебе.
ရာ ဆကူးချားယု ပါ ကျည်ဘျယ်။
မင်းကို ငါ လွမ်းတယ်။

Можно я поцелую тебя.
မို့ရှ်နာ ရာ ပါဆယ်လူးယု ကျည်ဘျာ။
မင်းကို ငါ နမ်းခွင့်ပြုပါ။

Я тоже тебя люблю./ Я тоже люблю тебя.
ရာ သိုရှယ် ကျည်ဘျာ လု့ဗလူး။ / ရာ သိုရှယ် လု့ဗလူး ကျည်ဘျာ။
ငါလဲ မင်းကို ချစ်ပါတယ်။

Ты выйдешь за меня?
သီ ဗီရ်ဂျယ့်ရှ် ဇ မီညာ?
မင်း ငါ့ကို လက်ထပ်နိုင်မလား?

Давай снова встретимся!
ဒါဗာ့ရ် ဆနိုဗာ ဗ်ဆသရယ်ကျီမ်ဆာ!
နောက်ထပ် ဆုံတွေ့ကြတာပေါ့။
👍3