Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
( Там, Тут, здесь ) ဖြင့် အောက်ပါစကားလုံးများကို မည်သည့်နေရာတွင် ရှိသည်ကို အမေး/အဖြေ ပြုလုပ်ပြီး ဝါကျဖွဲ့ခြင်း လေ့ကျင့်ခန်း ပြုလုပ်ရန်။
Магазин (မာဂါဇီးန်) စတိုးဆိုင်
Клуб (ခလုဖ်) ကလပ်
Банк (ဘန့်ခ်) ဘဏ်
Поликлиника (ပေါ်လီကလီညီကာ) ဆေးပေးခန်း/ဆေးဆိုင်
Стол (စသောလ်) စားပွဲ
Стул (စသူးလ်) ကုလားထိုင်
Шкаф (ရှကာ့ဖ်) ဗီရို
Карта (ကာရ်သာ) မြေပုံကားချပ်
Лампа (လမ်းပါ့) မီးအိမ်
Друг (သရု) ယောင်္ကျားလေးသူငယ်ချင်း
Подруга (ပါသရုဂါ) မိန်းကလေးသူငယ်ချင်း
Брат (ဘရတ်ထ်) အစ်ကို
Антон (အန်သွန်) (လူအမည်)
Ира (အီရာ) (လူအမည်)

လေ့ကျင့်ခန်းပြုလုပ်ခြင်း ဥပမာ-

Виктор, лампа там? ဗျိခ်သာရ်, လမ်းပါ့ သမ်း?
Да, там./ Нет, тут. ဒါ, သမ်း./ ညယ့်ထ်, သု့ထ်

ဗျိခ်သာရ်, မီးအိမ်က ဟို‌နေရာမှာလား?
ဟုတ်ပါတယ်, ဟိုနေရာမှာပါ./ မဟုတ်ပါဘူး, ဒီနေရာမှာပါ.

Анна, Антон здесь? အာန်နာ, အန်သွန် ဇဂျက်စ်?
Нет, он дома./ Да, здесь. ညယ့်ထ်, အွန် ဒိုမာ./ ဒါ, ဇဂျက်.
အာန်နာ အန်သွန် ဒီနေရာမှာရှိလား?
မရှိပါဘူး, သူအိမ်မှာပါ./ ဟုတ်ပါတယ် ဒီနေရာမှာ ရှိပါတယ်။



Когда (ခါ့ဂဒါ) ဘယ်တော့လဲ/ ဘယ်အချိန်လဲ ဖြင့် ဝါကျဖွဲ့ရန်အတွက် နေ့ရက်များကို သိရှ်ိရန် ဖော်ပြပေးပြီး နမူနာလေ့ကျင့်ခန်း ပြုလုပ်ရန်။

Неделя (ညိဂျယ်လျာ) ရက်သတ္တပတ်
День (ဂျင်းန်) နေ့/ရက်
Сегодня (ဆီဗို့ထ်ညာ/ ဆီဂေါ့ထ်ညာ) ဒီနေ့
Завтра (ဇာ့ဖ်သရာ) မနက်ဖြန်
Вчера (ဗ်ချယ်ရာ) မနေ့က
Понедельник (ပါညီဂျယ်လ်ညိ့ခ်) တနင်္လာ
Вторник (ဖသော်ရ်ညိ့ခ်) အင်္ဂါ
Среда (ဆရယ်ဒါ) ဗုဒ္ဓဟူး
Четверг (ချယ့်ထ်သဗျဲ့ရ်ခ်) ကြာသပတေး
Пятница (ပျာ့ထ်ညီဆာ) သောကြာ
Суббота (ဆူဖ်ဘော့သာ) စနေ
Воскресенье (ဗာစကရယ်ဆယ်ညီရယ်) တနင်္ဂနွေ


Когда урок (экскурсия, экзамен)?
ခါ့ဂဒါ အူရော့ခ် ( အယ်ခ်စကူရ်ဆီရာ, အယ်ခ်ဇာမျယ်န်)?
Урок (အူရော့ခ်) သင်ခန်းစာ
Экскурсия (အယ်ခ်စကူရ်ဆီရာ) လေ့လာရေးခရီး
Экзамен (အယ်ခ်ဇာမျယ်န်) စာမေးပွဲ

ဥပမာ-

Виктор, скажи, пожалуйста, урок завтра утром? ဗျိခ်သာရ်, ဆကာဇျီ, ပါရှာလု့ရ်ဆသာ, အူရော့ခ် ဇာ့ဖ်သရာ အုသရမ်?
Да, завтра утром./ Нет, не завтра. ဒါ, ဇာဖ်သရာ အုသရမ်./ ညယ့်ထ်, ညိ ဇာ့ဖ်သရာ.

ဗျိခ်သာရ် မနက်ဖြန် မနက် သင်ခန်းစာချိန်ရှိလား ကျေးဇူးပြုပြီး ပြောပါ။
မနက်ဖြန် မနက်ရှိပါတယ်။/ မနက်ဖြန်မရှိပါဘူး။


Летом (လယ်သမ်) နွေရာသီ
Зима (ဇီးမာ) ဆောင်းရာသီ
Жарко (ဇျာ့ရ်ကာ) ပူအိုက်တယ်/ပူတယ်
Холодно (ခိုးလာ့ထ်နာ) အေးချမ်းတယ်/အေးတယ်

ဝါကျဖွဲ့ရန်

Ира, летом холодно? အီရာ, လယ်သမ် ခိုးလာ့ထ်နာ?
Нет, летом не холодно. Летом жарко./ Нет, летом жарко. ညယ့်ထ်, လယ်သမ် ညိ ခိုး လာ့ထ်နာ. လယ်သမ် ဇျာ့ရ်ကာ./ ညယ့်ထ်, လယ်သမ် ဇျာရ်ကာ.

အီရာ နွေရာသီက အေးလား?
နွေရာသီက မအေးပါဘူး. နွေရာသီက ပူတယ်./ မဟုတ်ဘူး, နွေရာသီက ပူတယ်.
3
Антон → Здравствуй!(ဇဒရာဖ်စ်ထ်ဗွီ)(မင်္ဂလာပါ) , Скажи (ဆကာဇျီ)(ပြောပါ), Покажи(ပါကာဇျီ)(ပြပါ), Дай(ဒါ့ရ်)(ပေးပါ)


Анна Ивановна → Здравствуйте!(ဇသရာဖ်စ်ထ်ဗွီကျယ်)(မင်္ဂလာပါ), Скажите (ဆကာဇျီကျယ်)(ပြောပြပါ), Покажите (ပါကာဇျီကျယ်)(ပြပါ), Дайте ( ဒါ့ရ်ကျယ်)(ပေးပါ)


အထက်ပါ စကားလုံးများပါသော ဝါကျအား ရေးဖွဲ့ခြင်း သင်ခန်းစာ

Антон → Иван, скажи, это твой журнал?
အီဗန်, ဆကာဇျီ, အယ်သာ သဗွေ့ ဇျူးရ်နာ့လ်?
အီဗန် အဲ့ဒါ မင်းရဲ့ မဂ္ဂဇင်းလား ပြောပါ?
Иван → Да, мой. ဒါ, မွေ့ရ်. ဟုတ်ပါတယ် ငါ့ဟာပါ
Антон → Дай, пожалуйста.
ဒါ့ရ်, ပါဇျာလု့ရ်ဆသာ
ကျေးဇူးပြု၍ ပေးပါ.

Антон → Иван, скажи, это твоё фото?
အီဗန်, ဆကာဇျီ, အယ်သာ သဗာရော် ဖိုသာ
အီဗန် အဲ့ဒါမင်းရဲ့ဓာတ်ပုံလား ပြောပါ
Иван → Да, моё. ဒါ, မာရော. ဟုတ်ပါတယ် ငါ့ဟာပါ
Антон → Покажи, пожалуйста.
ပါကာဇျီ, ပါဇျာလု့ရ်ဆသာ
ကျေးဇူးပြု၍ ပြပါ

Анна Ивановна → Здравствуйте! Я ваш преподаватель Анна Ивановна.
ဇဒရာ့ဖ်စ်ဗွီရ်ကျယ်! ရာ ဗာ့ရှ် ပရီပါဒါဗာကျယ်လ် အာန်နာ အီဗာနော်ဖ်နာ
မင်္ဂလာပါ! ငါကတော့ မင်းတို့ရဲ့ ဆရာ အာန်နာ အီဗာနော်ဖ်နာ.
Студенты → Здравствуйте. (ဇဒရာ့ဖ်စ်ဗွီရ်ကျယ်) မင်္ဂလာပါ

Антон → Здравствуй, Иван!
ဇဒရာ့ဖ်စ်ဗွီရ်, အီဗန်!
မင်္ဂလာပါ အီဗန်
Иван → Здравствуй, Антон! Как дела?
ဇဒရာ့ဖ်စ်ဗွီရ်, အန်သွန်! ကာ့ခ် ဂျဲလ?
မင်္ဂလာပါ အန်သွန်! နေထိုင်ကောင်းရဲ့လား/ အဆင်ပြေလား?
Антон → Спасибо, хорошо, а ты?
ဆပါဆီဘာ, ခရရှိုး, အာ သီ?
ကျေးဇူးတင်ပါတယ်, ကောင်းပါတယ်, မင်းရော?


အောက်ပါတို့ကို အမေး/အဖြေ ဝါကျဖွဲ့ပါ။ အမေး/အ‌ဖြေ ပြုလုပ်ရန် နာမည်တွေအနေနဲ့ ( Саша, Тора)
Словарь, книга, тетрадь, карандаш, журнал, газета, фото, сумка, шапка, шарф, радио, пианино.

မင်းတို့စိတ်ဝင်စားသော အရာများကို ပေးရန် / ပြရန် တောင်းဆိုခြင်းပြုလုပ်ပါ။
ဥပမာ-
Саша → Тора, скажи, это твой словарь?
Тора → Да, мой.
Саша → Дай, пожалуйста.
Тора → Пожалуйста.

သိုရာ အဲ့ဒါမင်းရဲ့ အဘိဓာန်လား ပြောပါ။
ဟုတ်ပါတယ်၊ ငါ့ဟာပါ။
ကျေးဇူးပြု၍ ပေးပါ။
ယူဆောင်ရန် ခွင့်ပြုသည့် အနေဖြင့် (пожалуйста) အား ပြန်လည် အသုံးပြုခြင်း ဖြစ်သည်။

Саша → Тора, скажите, это ваш словарь?
Тора → Да, наш.
Саша → Дайте, пожалуйста.
Тора → Пожалуйста.

သိုရာ အဲ့ဒါမင်းတို့ရဲ့ အဘိဓာန်လား ပြောပါ။
ဟုတ်ပါတယ်၊ ငါတို့ဟာပါ။
ကျေးဇူးပြု၍ ပေးပါ။
ယူဆောင်ရန် ခွင့်ပြုသည့် အနေဖြင့် (пожалуйста) အား ပြန်လည် အသုံးပြုခြင်း ဖြစ်သည်။

Саша → Тора, скажи, это твой словарь?
Тора → Да, мой.
Саша → Покажи, пожалуйста.
Тора → Пожалуйста.

သိုရာ အဲ့ဒါ မင်းရဲ့ အဘိဓာန်လား ပြောပါ။
ဟုတ်ပါတယ်၊ ငါ့ဟာပါ။
ကျေးဇူးပြု၍ ပြပါ။
ပြရန် ခွင့်ပြုသည့် အနေဖြင့် (пожалуйста) အား ပြန်လည် အသုံးပြုခြင်း ဖြစ်သည်။

မှန်ရန်/ကျက်ရန်အတွက်

ရုရှားနိုင်ငံ၏ ဥတု(၄)မျိုး
Весна (ဗျယ့်စ်နာ) နွေဦး
Летом (လယ်သမ်) နွေရာသီ
Осень (အောဆင်းန်) ဆောင်းဦး
Зима (ဇီးမာ) ဆောင်းရာသီ

တစ်နေ့တာ အချိန်ပေါ်မူတည်၍ သတ်မှတ်အခေါ်အဝေါ်များ
07:00 → утро (အုသရာ) နံနက်ခင်း
12:00 → полдень (ပေါလ်ဂျင်းန်) နေ့လည်ခင်း
15:00 → день (ဂျင်းန်) နေ့
21:00 → вечер (ဗျဲချဲရ်) ညနေခင်း
23:50 → ночь (နော့ခ်ျ) ည
24:00 → полночь (ပေါလ်နော့ခ်ျ) ညသန်းခေါင်ယံ
06:00 → рассвет (ရာ့စ်ဆဗျဲ့ထ်) အာရုဏ်ဦး/နေထွက်ချိန်
18:00 → закат (ဇာကာ့ထ်) နေဝင်ချိန်

ကိန်းဂဏန်းများ
၂၁။ Двадцать один ဒဘာထ်ဆာ့ထ် အာဂျင်
၂၂။ Двадцать два ဒဘာထ်ဆာ့ထ် ဒဘာ
၂၃။ Двадцать три ဒဘာထ်ဆာ့ထ် သရီး
၂၄။ Двадцать четыре ဒဘာထ်ဆာ့ထ် ချိသီးရီး
၂၅။ Двадцать пять ဒဘာထ်ဆာ့ထ် ပျာ့ထ်
၂၆။ Двадцать шесть ဒဘာထ်ဆာ့ထ် ရှစ်ဆ်ထ်
၂၇။ Двадцать семь ဒဘာထ်ဆာ့ထ် ဆင်းမ်
၂၈။ Двадцать восемь ဒဘာထ်ဆာ့ထ် ဗော့ဆင်းမ်
၂၉။ Двадцать девять ဒဘာထ်ဆာ့ထ် ဂျေးဗျာ့ထ်
၃၀။ Тридцать သရီးထ်ဆာ့ထ်
3
Что? ရှသိုး/ရှသော (ဘာလဲ)
Кто? ခသိုး/ခသော (ဘယ်သူလဲ)
Где? ဂဂျဲ (ဘယ်မှာလဲ)
Куда? ခူးဒါး (ဘယ်လဲ)
Откуда? အထ်ခူးဒါး (ဘယ်ကလာလဲ)
Когда? ခါ့ဂဒါ (ဘယ်ဝောာ့လဲ)
Почему? ပါချီးမူ (ဘာကြောင့်လဲ)
Как? ကာ့ခ် (ဘယ်လိုလဲ)
Сколько? ဆကော်လ်ကာ (ဘယ်လောက်လဲ)


Что это? ရှသိုး အယ်သာ (အဲ့ဒါဘာလဲ)
Кто это? ခသိုး အယ်သာ (အဲ့ဒါ ဘယ်သူလဲ/ဘာကောင်လဲ)
Где он? ဂဂျဲ အွန် (သူ ဘယ်မှာလဲ)
Куда ты идёшь? ခူးဒါ သီ အီဂျော့ရှ် (မင်းဘယ်ကိုသွားမှာလဲ)
Откуда вы идёте? အာ့ထ်ခူးဒါး ဘီ အီဂျော့်ကျယ် (မင်းတို့ ဘယ်ကနေ သွားမှာလဲ)
Когда наш урок? ခါ့ဂဒါ နာ့ရှ် အူရော့ခ် (ငါတို့သင်ခန်းစာက ဘယ်တော့လဲ)
Почему ты не любишь меня? ပါချီးမူ သီ ညိ့ လုဘိရှ် မီညာ (မင်းငါ့ကို ဘာလို့မချစ်နိုင်ရတာလဲ)
Как тебя зовут? ကာ့ခ် ကျည်ဗျာ ဇာဘု့ထ် (မင်းနာမည် ဘယ်လိုခေါ်လဲ)
Сколько времени у вас есть? စကော်လ်ကာ ဗရယ်မျဲညိ အူး ဗာ့စ် ရယ့်စ်ထ် (မင်းမှာ အချိန် ဘယ်လောက်ရှိလဲ/ ဘယ်လောက်ရလဲ)
Сколько тебе лет? စကော်လ်ကာ ကျည်ဗျဲ လယ့်ထ် (မင်းအသက် ဘယ်လောက်လဲ)
Где ты живёшь? ဂဂျဲ သီ ဇျီဗျော့ရှ် (မင်းဘယ်မှာနေလဲ)


Где? ဆိုသည့် အမေးစားလုံးကို အသုံးပြု၍ အောက်ပါ စကားလုံးများကို အမေးဝါကျဖွဲ့၍ ထိုစကားလုံးများအား он/она/оно/они ခွဲ၍ вот (ဒီမှာ) ဆိုသည့် အဖြေဖြင့် လေ့ကျင့်ခန်းပြုလုပ်ရန်။

Чай (ချာ့ရ်) လ္ဘက်ရည်
Вино (ဗျိနော်) ဝိုင်
Водка (ဗော့ထ်ကာ) ဗော့ကာအရက်
Борщ (ဗော့ရ်ရှ်) အမဲသားစွတ်ပြုတ်
Сметана (စမျိသာနာ) ဒိန်ချဉ်
Кофе (ကော်ဖျယ်) ကော်ဖီ
Молоко (မာလာကော်) နို့
Печенье (ပျိချယ်နီရယ်) ကွတ်ကီးများ
Суп (ဆုဖ်) ဟင်းချို၊ အရည်သောက်ဟင်းပွဲ
Салат (ဆာလာ့ထ်) အသုပ်
Бутерброд (ဘူကျယ်ရ်ဘရော့ထ်) အသားညှပ်ပေါင်မုန့်
Торт (သော့ရ်ထ်) ကိတ်မုန့်
Вода (ဗာ့ဒါ/ဗော့ဒါ) ရေ
Сок (ဆော့ခ်) ဖျော်ရည်
Рис (ရိစ်) ဆန်/ထမင်း
Шоколад (ရှာကလာ့ထ်) ချောကလက်
Чай и кофе (ချာ့ရ် အီ ကော်ဖျယ်) လ္ဘက်ရည် နှင့် ကော်ဖီ
Водка и сок (ဗော့ထ်ကာ အီ ဆော့ခ်) အရက် နှင့် ဖျော်ရည်
Бутерброды (ဘူကျယ်ရ်ဘရော့သီ) အသားညှပ်ပေါင်မုန့်များ
Два салата (ဒဘာ ဆာလာ့သာ) အသုပ်နှစ်ပွဲ

လေ့ကျင့်ခန်းပြုလုပ်ရန် ဥပမာ-
Где чай?
Вот он.

Где водка?
Вот она.

Где молоко?
Вот оно.

Где чай и кофе?
Вот они.


ကျက်မှတ်ရန်အတွက်
Куда? ဘယ်လဲ ဆိုသည်ကို လမ်းလျှောက်သွားခြင်း၊ ကား/ဆိုင်ကယ်/စက်ဘီးတို့ဖြင့် စီးနင်းသွားခြင်း၊ လေယာဉ်ပျံ/ပျံသန်းနိုင်သော စက်ပစ္စည်းများဖြင့် စီးနင်းသွားခြင်း၊ သင်္ဘော/လှေ/ရေကူးခြင်း၊ ပြေးခြင်း စသည်တို့အတွက် အောက်ပါတို့ကို ကျက်မှတ်ထားရန်။

Одно направление ဟုသတ်မှတ်သော ဦးတည်ချက်တစ်ခုတည်း (သို့) အသွား (သို့) အပြန် လမ်းကြောင်း တစ်ခုတည်းကိုသွားပြီး ‌စထွက်သော နေရာသို့ မပြန်လျှင် အောက်ပါအတိုင်း ရေးရသည်-

🚶 Идти (အီထ်ကျီး) (ခြေကျင်သွားသည်)
🚴 Ехать (ရယ်ခါ့ထ်) (ကုန်းလမ်းခရီးတွင် ဘီးတပ်ယာဉ်များဖြင့် သွားသည်)
🪂 Лететь (လီကျိထ်) (လေယာဉ်ပျံ/ပျံသန်းနိုင်သော စက်ပစ္စည်းများဖြင့် စီးနင်းသွားခြင်း)
🏊 Плыть (ပလိထ်) (သင်္ဘော/လှေ/ရေကူးခြင်း တို့ဖြင့် ရေလမ်းခရီးသွားခြင်း)
🏃 Бежать (ဘျီဇျာ့ထ်) (ပြေးခြင်း)

Туда и сюда ဟုသတ်မှတ်သော အသွားအပြန်ခရီး (သို့) စထွက်သော နေရာသို့ ပြန်လာခြင်း စသည်ဖြင့် ဟိုဘက်သို့သွား၍ ဒီဘက်သို့ပြန်လာခြင်း ပြုလုပ်လျှင် အောက်ပါအတိုင်း ရေးရသည်-

🚶 Ходить (ခါဂျိထ်)
🚴 Ездить (ရယ်ဇ်ဂျိထ်)
🪂 Летать (လီသာ့ထ်)
🏊 Плавать (ပလာဗာ့ထ်)
🏃 Бегать (ဘျဲဂါ့ထ်)

လက်ရှိပစ္စုပ္ပန်ကာလတွင် ခြေကျင်ခရီးအသုံးပြုလျှင်

🔸 Я (иду / хожу)
🔸 Ты (идёшь / ходишь)
🔸 Он/она (идёт / ходит)
🔸 Мы (идём / ходим)
🔸 Вы (идёте / ходите)
🔸 Они (идут / ходят)

အတိတ်ကာလက ခြေကျင်ခရီးအသုံးပြုခဲ့လျှင်

🔸 Он (шёл / ходил / пошёл)
🔸 Она. (шла / ходила / пошла)
🔸 Оно (шло / ходило / пошло)
🔸 Они (шли / ходили / пошли)

ဥပမာ-

Я иду домой. ရာ အီသူး ဒါ့မွေ့ရ် (ကျွန်တော်/ငါအိမ်ပြန်နေသည်)
Я хожу в школу. ရာ ခါဇျူး ဗ် ရှကိုလူ (ငါ ကျောင်းကို သွားသည်)
Он шёл из хоккейного магазина. အွန် ရှောလ် အိဇ် ဟော်ခ်ကေးရ်နာဘာ မာဂါဇီးနာ (သူ ဟော်ကီဆိုင်ကနေ လမ်းလျှောက်ပြန်လာခဲ့တယ်)
Она шла домой. အာနာ ရှလာ ဒါမွေ့ရ် (သူမ အိမ်ကို လမ်းလျှောက်လာခဲ့သည်)
Они пошли домой. အာညီ ပေါ်ရှလီ ဒါမွေ့ရ် (သူတို့ အိမ်ကို လမ်းလျှောက်လာခဲ့သည်)
Я пойду домой. ရာ ပါ့ရ်ဒူ ဒါ့မွေ့ရ် (ငါ အိမ်ပြန်ရလိမ့်မယ်/ ငါအိမ်ပြန်တော့မယ်)
👍21
Где ဖြင့်နေရာဒေသအား မေးမြန်းလျှင် ဖြေကြား/ပြောဆိုရန်အတွက် အောက်ပါ အတိုကောက် အမှတ်လေးကို မှတ်သားထားရန်လိုသည်။

Что Где
Он → ь , й -е
Она → а, я, ия, ь. -е, -ии, -и
Оно → о, е -е, -и
Они → а, ы, и -ах, ях

Где ဆိုသည့် အမေးဝါကျဖြင့် ဘယ်နေရာမှာလဲ? ဘယ်မှာလဲ? ဘယ်ကိုလဲ? စသည်ဖြင့် မေးခြင်းခံရလျှင် в/на ဖြင့် နေရာဒေသတို့အား ဖော်ပြပြောဆို ရေးသားရမည်။ в သည် အတွင်း/၌/မှာ/တွင်/ဝယ်/က ဖြင့် ဖော်ပြရန် အသုံးပြုရပြီး на သည် အပေါ်/၌/မှာ/တွင်/ဝယ်/က ဖြင့် ဖော်ပြရန် အသုံးပြုရမည်။

အထက်ပါတို့ကို သိရှိပြီး в/на ဖြင့် ဖြေကြားရန်အတွက် သတ်မှတ်ချက်တို့ကို သိရှိထားရမည်။

💡 ကမ္ဘာ့တိုက်ကြီးများ၊ နိုင်ငံများ၊ မြို့များ၊ တည်နေရာများကို ဖော်ပြလိုလျှင် в ဖြင့်သုံးရမည်။ ဥပမာ-
В Европе (မူရင်း- Европа) ဥရောပတိုက်တွင်
В Америке (မူရင်း- Америка) အမေရိကန်နိုင်ငံတွင်
В Москве (မူရင်း- Москва) မော်စကိုမြို့တွင်
В городе (မူရင်း- город) မြို့ထဲတွင်
В деревне (မူရင်း- деревня) ကျေးလက်တောရွာတွင်
В центре (မူရင်း- центр) အလယ်ခေါင်တွင်


💡 ‌အဆောက်အဦထဲတွင် ရှိကြောင်းပြောချင်လျှင်လည်း в ဖြင့် သုံးရမည်။ ဥပမာ-
В институте (မူရင်း- институт) လူမှုရေးနှင့်သက်ဆိုင်သော အဆောက်အအုံထဲတွင်
В университете (မူရင်း- университет) တက္ကသိုလ်/ကောလိပ် ထဲတွင်
В ресторане (မူရင်း- ресторан) စားသောက်ဆိုင်ထဲတွင်
В кафе (မူရင်း-кафе) ကော်ဖီဆိုင်တွင်
В школе (မူရင်း- школа) ကျောင်းတွင်
В офисе (မူရင်း- офис) ရုံးတွင်
В кинотеатре (မူရင်း- кинотеатр) ရုပ်ရှင်ရုံတွင် (В кино ဟုလည်း သုံးနိုင်သည်။)
В отеле (မူရင်း- отель) ဟော်တယ်တွင်
В клубе (မူရင်း- клуб) ကလပ်တွင်
В музее (မူရင်း- музей) ပြတိုက်တွင်
В магазине (မူရင်း- магазин) စတိုးဆိုင်တွင်


💡 လူမှုရေးအသင်းအဖွဲ့များတွင် ရှိကြောင်း ပြောချင်လျှင်
В семье (မူရင်း- семья) မိသားစုတွင်
В классе (မူရင်း- класс) စာသင်းခန်းတွင်
В группе (မူရင်း- группа) အဖွဲ့အစည်း/အစုအဖွဲ့တွင်


💡 အထဲတွင်ရှိကြောင်း ပြောလိုလျှင်
В доме (မူရင်း- дом) အိမ်ထဲတွင်
В самолёте (မူရင်း- самолёт) လေယာဉ်ထဲတွင်
В квартире (မူရင်း- квартира) တိုက်ခန်းထဲတွင်
В столе (မူရင်း- стол) စားပွဲထဲတွင်


✍️ ခြွင်းချက်အနေဖြင့်
В лесу (မူရင်း- лес) သစ်တောတွင်
В саду (မူရင်း- сад) ဥယျာဉ်တွင်
В порту (မူရင်း- порт) ဆိပ်ကမ်းတွင်
В углу (မူရင်း- угол) ထောင့်တွင်
В шкафу (မူရင်း- шкаф) ဗီရိုထဲတွင်
В аэропорту (မူရင်း- аэропорт) လေဆိပ်တွင်

📝 В/на ဖြင့် ရေးသော်လည်း မပြောင်းလဲသော စကားလုံးများ

Метро → в/на метро (မြေအောက်ရထားတွင်)
Кино → в кино (ရုပ်ရှင်ရုံတွင်)
Казино → в казино (ကာစီနိုရုံတွင်)
Пальто →в/на пальто (ကုပ်အင်္ကျီထဲ/ပေါ်တွင်)
Море → в/на море (ပင်လယ်တွင်)

Где? ဘယ်နေရာမှာလဲဆိုသည်ကို အမေး/အဖြေပြုလုပ်ရန်အတွက် လေ့ကျင့်ခန်း

Словарь (အဘိဓာန်စာအုပ်), книга(ပုံနှိပ်စာအုပ်), радио(ရေဒီယို), лампа(မီးအိမ်), телефон(တယ်လီဖုန်း), мел(မြေဖြူ), рубашка (ရှပ်အင်္ကျီ), юбка (စကပ်), брюки (ဘောင်းဘီရှည်), свитер (ဆွယ်တာ), духи (ရေမွှေး), чай (လ္ဘက်ရည်), кофе (ကော်ဖီ)

အထက်ပါစကားလုံးများကို стол(စားပွဲ)၊ шкаф (ဗီရို) တို့ဖြင့် သင့်လျော်သော ဝါကျဖွဲ့ပါ။
ဥပမာ-
Где словарь? အဘိဓာန်စာအုပ် ဘယ်မှာလဲ?
Словарь на столе./ Он на столе./ На столе. အဘိဓာန်စာအုပ်က စားပွဲပေါ်မှာပါ။
Словарь в столе./ Он в столе./ В столе. အဘိဓာန်စာအုပ်က စားပွဲထဲမှာပါ။
👍1
Где? ဖြင့်မေးချက်အား на ဖြင့်ဖြေကြားရန်အတွက်

ဦးတည်ရာ/လမ်းညွှန်ပြသလိုသည့် ပုံစံဖြင့် ပြောလိုလျှင် на ဖြင့် သုံးရမည်။

На севере (မူရင်း- север) မြောက်ဘက်တွင်
На юге (မူရင်း- юг) တောင်ဘက်တွင်
На западе (မူရင်း- запад) အနောက်ဘက်တွင်
На востоке (မူရင်း- восток) အရှေ့ဘက်တွင်

ကျွန်း/မြစ်/တောင်စသည်တို့ပေါ်တွင် ဖော်ပြလိုလျှင်

На Кубе (မူရင်း- Куба) ကျူးဘားတွင်
На Волге (မူရင်း- Волга) ဗော်လ်ဂါမြစ်တွင်
На Байкале (မူရင်း- Байкал) ဘိုင်ကာကန်တွင်
На море (မူရင်း- море) ပင်လယ်တွင်
На Урале (မူရင်း- Урал) အီရယ် တောင်တွင်

ကြမ်းပြင်/မျက်နှာပြင်များပေါ်တွင် ရှိကြောင်း ပြောလိုလျှင်

На этаже (မူရင်း- этаж) ကြမ်းပြင်ပေါ်တွင်
На земле (မူရင်း- земля) မြေပြင်ပေါ်တွင်
На улице (မူရင်း- улица) လမ်းပေါ်တွင်(လမ်းမကြီး)
На проспекте (မူရင်း- проспект) လမ်းပေါ်တွင်(လမ်းသွယ်/လမ်းကြား)
На столе (မူရင်း- стол) စားပွဲပေါ်တွင်
На пляже (မူရင်း- пляж) ကမ်းခြေတွင်


အလုပ်အကိုင်/ဆောင်ရွက်ချက်/လုပ်ငန်းများနှင့် ပတ်သတ်ပြီး ပြောလိုလျှင်

На уроке (မူရင်း- урок) စာသင်ခန်းတွင်/ သင်ခန်းစာတွင်
На работе (မူရင်း- работа) လုပ်ငန်း/အလုပ်တွင်
На обеде (မူရင်း- обед) နေ့လည်စာ
На прогулке (မူရင်း- прогулка) အပန်းဖြေလမ်းလျှောက်ခြင်း
На опере (မူရင်း- опера) အော်ပရာပြဇာတ်တွင်
На выставке (မူရင်း- выставка) ပြပွဲ/ပြခန်းတွင်


ခြွင်းချက်အနေဖြင့်

На фабрике (မူရင်း- фабрика) စက်ရုံ/အလုပ်ရုံတွင်
На почте (မူရင်း- почта) စာတိုက်တွင်
На вокзале (မူရင်း- вокзал) မီးရထားဘူတာတွင်
На остановке (မူရင်း- остановка) ကားမှတ်တိုင်တွင်
На стадионе (မူရင်း- стадион) အားကစားကွင်းတွင်


ဥပမာအနေဖြင့် В/На အား ဝါကျဖွဲ့ပြခြင်း

Сейчас я в море. ဆီးရ်ချားစ် ရာ ဗ်မော်ရယ်
ငါအခု ပင်လယ်မှာ။

Павел едет на метро. ပါဗျဲလ် ရယ်ဂျယ့်ထ် နာ့ မစ်သရို
ပါဗျဲလ် သည် မြေအောက်ရထားဖြင့် သွားသည်။

Вчера мы были в кино. ဗ်ချယ်ရာ မီ ဘီလီး ဗ်ခီနော်
မနေ့က ငါတို့ရုပ်ရှင်ရုံမှာ ရှိခဲ့ကြတယ်။

Он проиграл всё в казино. အွန် ပရာအီဂရာလ် ဗဆော်ရ် ဗကာဇီနော်
သူ ကာစီနိုမှာ အားလုံးနီးပါး ဆုံးရှုံးခဲ့တယ်။

Деньги в пальто. ဂျင်းန်ဂီး ဗ်ပါလ်သို
ပိုက်ဆံတွေက ကုတ်အင်္ကျီထဲမှာ။

У тебя на пальто дырка. အူး ကျည်‌ဗျာ နာ့ ပါလ်သို ဒီရ်ကာ
မင်းရဲ့ ကုတ်အင်္ကျီ ပေါက်နေတယ်။

Я еду на море. ရာ ရယ်ဒူး နာ့ မော်ရယ်
ပင်လယ်ကို ငါသွားနေတယ်။

В море плывёт корабль. ဗ်မော်ရယ် ပလီဗျော့ ကာရာဘလယ်
ပင်လယ်ထဲမှာ သင်္ဘောတစ်စီး ရွက်လွှင့်နေတယ်။


Глаголы များအား လက်ရှိပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် အချိန်ကာလတွင် အသုံးပြုရမည့် ပုံစံများအား မှတ်သားထားရန် глагол (၅)လုံးအား ဖော်ပြခြင်း။

Есть(съесть) ရယ့်စ်ခ်ျ(စီရယ့်စ်ခ်ျ) စားသည်
ပစ္စုပ္ပန်ကာလ
Я → ем
Ты. → ешь
Он/она/оно → ест
Мы → едим
Вы → едите
Они → едят

အတိတ်ကာလ
Я/он → ел /. съел
Я/она → ела / съела
Оно → ело / съело
Мы/вы/они → ели / съели

အနာဂတ်ကာလ
Я → буду есть / съем
Ты. → будешь есть / съешь
Он/она/оно → будет есть / съест
Мы → будем есть / съедим
Вы → будете есть / съедите
Они → будут есть / съедят


Идти (пойти) အိထ်ကျီး(ပါ့ရ်ကျီး) သွားသည်
ပစ္စုပ္ပန်ကာလ
Я → иду
Ты. → идёшь
Он/она/оно → идёт
Мы → идём
Вы → идёте
Они → идут

အတိတ်ကာလ
Я/он → шёл / пошёл
Я/она → шла / пошла
Оно → шло / пошло
Мы/вы/они → шли / пошли

အနာဂတ်ကာလ
Я → буду идти / пойду
Ты. → будешь идти / пойдёшь
Он/она/оно → будет идти / пойдёт
Мы → будем идти / пойдём
Вы → будете идти / пойдёте
Они → будут идти / пойдут


Спать (поспать) စပါ့ခ်ျ(ပါစပါ့ထ်) အိပ်သည်။
ပစ္စုပ္ပန်ကာလ
Я → сплю
Ты. → спишь
Он/она/оно → спит
Мы → спим
Вы → спите
Они → спят

အတိတ်ကာလ
Я/он → спал / поспал
Я/она → спала / поспала
Оно → спало / поспало
Мы/вы/они → спала / поспали
👍3
အနာဂတ်ကာလ
Я → буду спать / посплю
Ты. → будешь спать / поспишь
Он/она/оно → будет спать / поспит
Мы → будем спать / поспим
Вы → будете спать / поспите
Они → будут спать / поспят


Говорить (поговорить) ဂါဗာရိခ်ျ(ပါဂါဗာရိထ်) ပြောသည်
ပစ္စုပ္ပန်ကာလ
Я → говорю
Ты. → говоришь
Он/она/оно → говорит
Мы → говорим
Вы → говорите
Они → говорят

အတိတ်ကာလ
Я/он → говорил / поговорил
Я/она → говорила / поговорила
Оно → говорило / поговорило
Мы/вы/они → говорили / поговорили

အနာဂတ်ကာလ
Я → буду говорить / поговорю
Ты. → будешь говорить / поговоришь
Он/она/оно → будет говорить / поговорит
Мы → будем говорить / поговорим
Вы → будете говорить / поговорите
Они → будут говорить / поговорят


Любить (полюбить) လုဘိခ်ျ (ပါလု့ဘိခ်ျ) ချစ်သည်။
ပစ္စုပ္ပန်ကာလ
Я → люблю
Ты. → любишь
Он/она/оно → любит
Мы → любим
Вы → любите
Они → любят

အတိတ်ကာလ
Я/он → любил / полюбил
Я/она → любила / полюбила
Оно → любило / полюбило
Мы/вы/они → любили / полюбили

အနာဂတ်ကာလ
Я → буду любить / полюблю
Ты. → будешь любить / полюбишь
Он/она/оно → будет любить / полюбит
Мы → будем любить / полюбим
Вы → будете любить / полюбите
Они → будут любить / полюбят
👍1