Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ရုရှား စကာစကားလုံးတစ်လုံးတွင် “သရ” စာလုံး ဘယ်နှစ်လုံးပါသည်ကို ဖော်ထုတ်၍ အမြင့်သံ တင်သည့် သရစာလုံး၏ အသံထွက်မှလွဲ၍ အခြား သရစာလုံးအချို့၏ အသံများသည် မူရင်းသံမှ ပြောင်းလဲ အသံထွက်ရသည်များ ရှိသည်။ သိသာထင်ရှားသော “О” မှ “А" သံထွက်ရသည့်အချို့မှာ -

Сло́во ဆလိုဗာ (စကားလုံး) ( _' _ )
Слова́ ဆလာဗာ (စကားလုံးများ) ( _ _' )
Ко́фе ကိုဖျေး (ကော်ဖီ) ( _' _ )
Спаси́бо ဆပါဆီးဘား (ကျေးဇူးတင်ပါတယ်) ( _ _' _ )
Хо́лодно ခိုးလာ့ထ်နာ (အေးသော) ( _' _ _ )
Подру́га ပါသရုဂါ (မိန်းကလေးသူငယ်ချင်း) ( _ _' _ )
Молоко́ မာလာကို (နို့ရည်) ( _ _ _' )


Иван အီဗန်
Он အွန် (သူ)
Мама မာမာ (အမေ)
Это - Она အာ့နာ (သူမ)
Мама и папа မာမာ အီ ပါပါ (အမေနှင့်အဖေ)
Дом ဒွန်းမ် (အိမ်)
Лампа လန်းမ်ပါ (မီးအိမ်)

Это (အယ်သာ)ဖြင့် တွဲ၍ မိတ်ဆက်/ဖော်ပြခြင်း သင်ခန်းစာတွင် အောက်ပါအတိုင်း အသံနိမ့်ဆင်းသွားရခြင်းကို ထပ်ခါထပ်ခါ ပြောဆိုလေ့ကျင့်ကြရန် လိုအပ်သည်။

_ _ _
` --

ဥပမာ-

Это И (အယ့်သာ အီဗန်)
ван. (အဲ့ဒါ အီဗန် ပါ)

Это (အယ့်သာ မာမာ)
мама. (အဲ့ဒါ အမေပါ)

Это Анна и (အယ်သာ အာန်နာ အီ အာလ်လာ)
Алла. (အဲ့ဒါ အာန်နာ နဲ့ အာလ်လာပါ)

အထက်ပါ လေယူလေသိမ်း ထွက်ရသည့် အခြေအနေမှာ မိမိအား အခြားတစ်ယောက်မှ “မေးခွန်းပုံစံ” ဖြင့် လာရောက်မေးလျှင် “ဖြေကြားပြောဆိုရန်” အတွက် လေယူလေသိမ်းပုံစံ ဖြစ်သည်။

ထို့အတူ Это (အယ်သာ) ဖြင့်တွဲ၍ “မေးခွန်းပုံစံ” ဖြင့် မေးမြန်းလိုလျှင် “အမေးပုံစံ” အတွက် လေယူလေသိမ်းသည် အောက်ပါအတိုင်း ပြောင်းလဲသွားရသည်။

_ _ _ ^

ဥပမာ -
ван
Это И ? အယ်သာ အီးဗန့် ( အဲ့ဒါ အီဗန်လား)


ယနေ့အတွက် နှစ်လိုဖွယ် စာကြောင်း(၆) ကြောင်း သင်ပေးလိုက်ပါတယ်။

Я нравию тебя./ Ты нравишься мне.
ရာ နရာဗီယု ကျည်ဘျာ။ / သီ နရာဗီဆ်ဆာ မညဲ။
မင်း ကို ငါကြိုက်တယ်။

Я скучаю по тебе.
ရာ ဆကူးချားယု ပါ ကျည်ဘျယ်။
မင်းကို ငါ လွမ်းတယ်။

Можно я поцелую тебя.
မို့ရှ်နာ ရာ ပါဆယ်လူးယု ကျည်ဘျာ။
မင်းကို ငါ နမ်းခွင့်ပြုပါ။

Я тоже тебя люблю./ Я тоже люблю тебя.
ရာ သိုရှယ် ကျည်ဘျာ လု့ဗလူး။ / ရာ သိုရှယ် လု့ဗလူး ကျည်ဘျာ။
ငါလဲ မင်းကို ချစ်ပါတယ်။

Ты выйдешь за меня?
သီ ဗီရ်ဂျယ့်ရှ် ဇ မီညာ?
မင်း ငါ့ကို လက်ထပ်နိုင်မလား?

Давай снова встретимся!
ဒါဗာ့ရ် ဆနိုဗာ ဗ်ဆသရယ်ကျီမ်ဆာ!
နောက်ထပ် ဆုံတွေ့ကြတာပေါ့။
👍3
မနေ့ကသင်ထားဝာာလေး မတင်ပေးဖြစ်လို့ အခုမှ တင်ပေးလိုက်ရတယ်...😄😄😄

Тут (သုထ်) (ဒီမှာ/ဒီနေရာမှာ)
Там (သမ်) (ဟိုမှာ/ဟိုနေရာမှာ)

အထက်ပါ စာလုံး(၂)လုံးဖြင့် မေးခွန်းပုံစံ ပြုလုပ်ရာတွင် နေရာအထားအသိုပေါ် မူတည်၍ ဖြေကြရသော ပုံစံများနှင့် အဓိပ္ပါယ်ခြားနားမှုတို့ ရှိကြသည်။ ဥပမာ-

Дом там? (ဒွန်းမ် သမ်) အိမ်ကဟိုမှာလား
Да, там. (ဒါ , သမ်) ဟုတ်ပါတယ်တယ်, ဟိုမှာပါ
Там дом? (သမ်ဒွန်းမ်) ဟိုမှာအိမ်လား
Да, дом. (ဒါ, သွန်းမ်) ဟုတ်ပါတယ်, အိမ်ပါ

Анна тут? (အာန်နာ သုထ်) အာန်နာ ဒီမှာလား
Да, тут. (ဒါ , သုထ်) ဟုတ်ပါတယ်, ဒီမှာပါ
Тут Анна? (သုထ် အာန်နာ) ဒီမှာ အာန်နာလား)
Да, Анна. (ဒါ, အာန်နာ) ဟုတ်ပါတယ်, အာန်နာပါ

အထက်ပါအတိုင်း тат နှင့် тут ကိုအသုံးပြု၍ အောက်ပါစာလုံးများကို အမေး/အဖြေ လေ့ကျင့်ခန်း ပြုလုပ်ရန်။

Алла, Антон, лампа, вода, молоко, футбол.


ရုရှားဘာသာတွင် နာမ်များအား အောက်ပါအတိုင်း အထီး/အမ/သဘာဝ ဟူ၍ (၃)မျိုး ခွဲခြားထားသည်-
၁။ Он အွန် (သူ)
၂။ Она အာနာ (သူမ)
၃။ Оно အာနို (သဘာဝ)

ရုရှား စကားလုံးများကြိ အထက်ပါ Он, Она, Оно ဟူ၍ ခွဲခြားရန်အတွက် အောက်ပါအခြေခံ သဘောတရားများကို သိရှိရန် လိုအပ်သည်။

(၁) Он အုပ်စုအဖြစ် ခွဲခြားရန်အတွက် စာလုံး၏ အဆုံးသတ်ကို ကြည့်၍ ခွဲခြားနိုင်သည်။ စာလုံးအဆုံးတွင် ဗျည်းအက္ခရာဖြင့်ဆုံး၍ သရအက္ခရာမပါရှိခြင်း/ ဗျည်းအက္ခရာ й (အီခရာ့ကာရယ်)ဖြင့် အဆုံးသတ်ခြင်း/ အချို့ ь (မျာကီဇနာ့)ဖြင့် အဆုံးသတ်ခြင်းတို့နှင့် ကိုက်ညီသော စကားလုံးများသည် “он” အုပ်စုဖြစ်သည်။ ဥပမာ -
Парк (ပါ့ရ်) ပန်းခြံ
Телефон (ကျယ်လီဖွန်း) တယ်လီဖုန်း
Журнал (ဇျူးရ်နာ့လ်) မဂ္ဂဇင်း
Континент (ကွန်ကျီညန့်ထ်) တိုက်ကြီး(အာရှတိုက်၊ ဥရောပတိုက်ကို ဆိုလိုသည်)
Музей (မြူဇျေ့ရ်) ပြတိုက်
Трамвай (သရမ်ဗာ့ရ်) လျှပ်စစ်မီးရထား
Чай (ချာ့ရ်) လ္ဘက်ရည်
Хоккей (ခါ့ခ်ကယ်ရ်) ဟော်ကီ
Словарь (ဆလာဗါ့ရ်) အဘိဓာန်
Рубль (ရူဘ်လ်) ရုရှားနိုင်ငံသုံး ငွေကြေး ရူဘယ်
Кремль (ခရင်မ်လ်) နန်းတော်
(ကရင်မလင်ဟုလည်း အသံထွက်ကြသည်။ ရုရှားနိုင်ငံ၏ အစိုးရရုံးစိုက်ရာ နေရာဖြစ်သည်။)
День (ဂျိန်း) (နေ့/ရက်)

Она, Оно နှင့် ဆိုင်သည်များကို နောက်နေ့တွင် ဆက်လက် တင်ပြပါမည်


ကျက်ရန်အတွက် အရောင်များနှင့်ပတ်သတ်သည့် (၆)လုံးအား ဖော်ပြလိုက်ပါတယ်။

၁။ белый (ဘျဲလီးရ်) အဖြူရောင်
၂။ чёрный (ချောရ်နီးရ်) အမဲရောင်
၃။ жёлтый (ဇျောလ်သီးရ်) အဝါရောင်
၄။ зелёный (ဇီလျော်နီးရ်) အစိမ်းရောင်
၅။ красный (ခရက်ဆ်နီးရ်) အနီရောင်
၆။ синий (ဆီးညီးရ်) အပြာရောင်
👍2
အရင်ရက်က Он (အထီး) နာမ်ခွဲတာပြီးတော့ ဒီနေ့အတွက်က ကျန်တဲ့ Она (အမ),Оно (သဘာဝ) အလွယ် ခွဲပုံခွဲနည်းလေးကို တင်ပြလိုက်ပါတယ်။

၁။ Она အုပ်စုအဖြစ် ခွဲခြားရန်အတွက် စာလုံး၏ အဆုံးသတ်ကိုကြည့်၍ ခွဲခြားနိုင်သည်။ စာလုံးအဆုံးသတ်တွင် သရအက္ခရာ “а, я"ဖြင့် အဆုံးသတ်ခြင်း/ ь (မျာကီးဇနာ့)ဖြင့် အဆုံးသတ်ခြင်းတို့နှင့် ကိုက်ညီသော စကားလုံးများသည် “Она” အုပ်စုဖြစ်သည်။ ဥပမာ-
Москва (မာ့ဆ်ခ်ဗာ) မော်စကို
Лампа (လန်းမ်ပါ) မီးအိမ်
Книга (ခညီဂါ) စာအုပ်
Экономика (အယ်ကာနိုမီကာ) စီးပွားရေး
Фамилия (ဖာမီလီရာ) မိသားစုအမည်
Информация (အင်န်ဖာမာဆီရာ) သတင်းအချက်အလက်
Лекция (လယ်ခ်ဆီရာ) ဟောပြောပွဲ
Мелодия (မျယ်လိုဂျီရာ) တေးဂီတ
Тетрадь (ကျိသရာ့ထ်) မှတ်စုစာအုပ်
Медаль (မျီဒါ့လ်) ဆုတံဆိပ်
Роль (ရိုလ်) အခန်းကဏ္ဍ/ဇာတ်ကောင်
Кровать (ခရာဗါ့ထ်) ကုတင်/အိပ်ယာ

(၂) Оно အုပ်စုအဖြစ် ခွဲခြားရန်အတွက် စာလုံး၏ အဆုံးသတ်ကိုကြည့်၍ ခွဲခြားနိုင်သည်။ စာလုံးအဆုံးတွင် သရအက္ခရာ “о, е” ဖြင့် အဆုံးသတ်သည့် စကားလုံးများသည် Оно အုပ်စုဖြစ်သည်။ ဥပမာ-
Письмо (ပီစ်မော) စာ
Пальто (ပါလ်သို) အင်္ကျီ
Слово (ဆလိုဗာ) စကားလုံး
Отчество (အိုထ်ချယ်စ်ထ်ဗာ) မျိုးရိုးအမည်
Море (မိုရယ်) ပင်လယ်
Упражнение (အုပရာ့ရှ်ညယ်ညီရယ်) လေ့ကျင့်ခန်း
Солнце (ဆိုလ်န်ဆယ်) နေ
Собрание (ဆာဘရာညီရယ်) အစည်းအဝေး


မှတ်ချက်။ ။ ချွင်းချက်အနေဖြင့် အထီးနာမ်(Он)တို့၏ စကားလုံးများနောက်တွင် ရံဖန်ရံခါ “а, я” ဖြင့် အဆုံးသတ်သည်များလည်း ရှိသည်။ ထိုသို့အဆုံးသတ်သည်မှာ များသောအားဖြင့် မျိုးရိုးနှင့်ဆိုင်သောနာမည် (သို့) မိသားစုအခေါ်အဝေါ်နှင့် သက်ဆိုင်သော အခေါ်အဝေါ်များတွင် ပါရှိသည်။ ဥပမာ-
Папа (ပါ့ပါ) အဖေ
Дедушка (ဂျယ်သူရှကာ) အဖိုး
Мужчина (မူရှ်ရှီးနာ) ယောင်္ကျား
Саша (ဆာရှာ) အလက်ဇန်းဒရား၏ အတိုကောက်အမည်
Дядя (ဂျာဂျာ) ဦးလေး
Володя (ဗာလိုဂျာ) ဗလာဂျီးမီး၏ အတိုကောက်အမည်
Ваня (ဗာညာ) အီဗန်၏ အတိုကောက်အမည်

ထို့အတူ သဘာဝနာမ်(Оно) တွင်လည်း “мя” ဖြင့် အဆုံးသတ်သည်တို့ ရှိသည်။ ဥပမာ-
Имя (အီမျာ) နာမည်
Время (ဗရယ်မျာ) အချိန်


“Он, Она" နာမ်များ၏ အဆုံးသတ်တွင် “ь” (မျာကီးဇနာ့)ဖြင့် အဆုံးသတ်သည့် စာလုံးများအား အောက်ပါကဲ့သို့လည်း အလွယ်မှတ် ခွဲနိုင်သည်။
၁။ Он ( - тель , - арь )
Учитель (အူချိကျယ်လ်) ဆရာ
Преподаватель (ပရီပါသာဗာကျယ်လ်) ပါမောက္ခ၊ တက္ကသိုလ်မှ ဆရာ/ဆရာမ
Словарь (ဆလာ‌ဗာ့ရ်) အဘိဓာန်
Календарь (ခလင်န်ဒါရ်) ပြက္ခတိန်

၂။ Она ( - адь , - ать , - овь , - ость )
Тетрадь (ကျယ်သရာ့ထ်) မှတ်စုစာအုပ်
Кровать (ခရာဗာ့ထ်) အိပ်ယာ
Любовь (လုဗော့ထ်) ချစ်ခြင်း
Новость (နိုဗာဆထ်) သတင်း
Радость (ရာဒါ့စ်ထ်) ပျော်ရွှင်မှု


ယနေ့အတွက် ကျက်ရန် အရောင်(၆)မျိုး
Розовый (ရိုဇာဗီးရ်) ပန်းရောင်
Фиолетовый (ဖီအာလယ်ထ်သာဗီးရ်) ခရမ်းနုရောင်
Оранжевый (အာရန်ဇျယ်ဗီးရ်) လိမ္မော်ရောင်
Сиреневый (ဆီရီညီဗီးရ်) ခရမ်းဖျော့ရောင်
Серый (ဆယ်ရီးရ်) မီးခိုးရောင်
Коричневый (ကာရီခ်ျညီဗီးရ်) အညိုရောင်
👍2
Минуту! (မီနူးသူ) တစ်မိနစ်
Спасибо! (ဆပါဆီးဘား) ကျေးဇူးတင်ပါတယ်

သင်ခန်းစာအနေဖြင့်

Иван (အီဗန်) မှ Антон (အန်သွန်) တို့အိမ်သို့ဖုန်းဆက်ပြီး Антон ဖြင့် ဖုန်းပြောချင်သော်လည်း ဖုန်းလာကိုင်သူမှာ Ира (အီရာ) ဖြစ်သောအခါ -

Иван : Алло! (အာလ်လို) ဟယ်လို
Ира : Да! Кто это? Это Иван? (ဒါ! ခသိုးအယ်သာ? အယ်သာ အီဗန်?) ဟုတ်ကဲ့ပါ။ အခုပြောတာ ဘယ်သူလဲ? အီဗန်လား
Иван : Да, Иван. Антон дома? (ဒါ, အီဗန်. အန်သွန် ဒိုမာ) ဟုတ်ပါတယ် အီဗန်ပါ။ အန်သွန် အိမ်မှာရှိလား?
Ира : Да, он дома. Минуту! (ဒါ , အွန် ဒိုမာ. မီနူးသူ) ဟုတ်ပါတယ် သူအိမ်မှာရှိပါတယ်. တစ်မိနစ်လောက်စောင့်ပါ.
Иван : Спасибо! (ဆပါဆီးဘား) ကျေးဇူးတင်ပါတယ်!

အထက်ပါအတိုင်း လေ့ကျင့်ခန်းပြုလုပ်ရန် Торя(သိုရာ) မှ Саша(ဆာရှာ) တို့အိမ်သို့ဖုန်းဆက်ပြီး Саша ဖြင့် ဖုန်းပြောချင်သော်လည်း ဖုန်းလာကိုင်သူမှာ Ваня(ဗာညာ) ဖြစ်သောအခါ။ (Торя, Саша, Ваня မှာ ယောင်္ကျားလေးများ၏ နာမည်အတိုကောက်ဖြစ်သည်)

Миша(မီရှာ) မှ Анна(အာန်နာ) တို့အိမ်သို့ဖုန်းဆက်ပြီး Анна ဖြင့် ဖုန်းပြောချင်သော်လည်း ဖုန်းလာကိုင်သူမှာ Алла(အာလ်လာ) ဖြစ်သောအခါ။ (Миша, Анна, Алла မှာ မိန်းကလေးများ၏ နာမည်အတိုကောက်ဖြစ်သည်)


Кто это? (ခသိုးအယ်သာ) အဲ့ဒါဘယ်သူလဲ/ အဲ့ဒါဘာကောင်လဲ?
Что это? (ရှသိုးအယ်သာ) အဲ့ဒီအရာကဘာလဲ?
စသည်ဖြင့် မေးလာပါက ပြန်လည်ဖြေကြရန်အတွက် ဖြေကြားပြောဆိုရမည့် သက်ရှိ/သက်မဲ့ ၏ (он, она, оно) ပေါ်မူတည်၍ я (ရာ)(ကျွန်တော်/ကျွန်မ/ငါ)၊ ты (သီ) (သူ/သင်/မင်း)၊ мы (မီ) (ကျွန်ုပ်တို့/ငါတို့)၊ вы (ဗီ) (သင်တို့/သူတို့)၏ အသုံးပြုရသည့် အသုံးအနှုန်းများသည် အောက်ပါအတိုင်း ပြောင်းလဲသွားရသည်။

Он Она Оно
Я мой(မွေ့ရ်) моя(မာရာ) моё(မာရော်)
Ты твой(သဗွေ့ရ်) твоя(သဗာရာ) твоё(သဗာရော်
Мы наш(နာ့ရှ်) наша(နာရှာ) наше(နာရှယ်)
Вы ваш(ဗာ့ရှ်) ваша(ဗာရှာ) ваше(ဗာရှယ်)

ဥပမာ-
Друг (သရု့ခ်) ယောင်္ကျားလေးသူငယ်ချင်း (он)
Это мой друг. အယ်သာ မွေ့ရ် သရု့ခ်
အဲ့ဒါငါ့ရဲ့ ယောင်္ကျားလေးသူငယ်ချင်းပါ။

Подруга (ပါသရု့ဂါ) မိန်းကလေးသူငယ်ချင်း (она)
Это моя подруга. အယ်သာ မာရာ ပါသရု့ဂါ
အဲ့ဒါငါ့ရဲ့ မိန်းကလေးသူငယ်ချင်းပါ။

Яблоко (ရာဘလာကာ) ပန်းသီး (оно)
Это моё яблоко. အယ်သာ မာရော် ရာဘလာကာ
အဲ့ဒါငါ့ရဲ့ ပန်းသီးပါ။

ထို့အပြင် ပြုလုပ်သူ/ပြသူ နေရာတွင် အစားထိုး၍ နာမ်စားအဖြစ် အသုံးပြုရန် он, она, они (အွန်၊ အာနာ၊ အာညီ)ဟူ၍ ခွဲခြားသတ်မှတ်ပြီးနောက်-
Он → его (ရီဗို) သူ၏
Она → её (ရီရော်) သူမ၏
Они → их (အိခ်) သူတို့၏

ဥပမာ-
Стол (ဆသိုးလ်) (စားပွဲ)
Это его стол. (အယ်သာ ရီဗို ဆသိုးလ်)
အဲ့ဒါ သူ့ရဲ့ စားပွဲပါ။
Это её стол. (အယ်သာ ရီရော် ဆသိုးလ်)
အဲ့ဒါ သူမရဲ့ စားပွဲပါ။
Это их стол. (အယ်သာ အိခ် ဆသိုးလ်)
အဲ့ဒါ သူတို့ရဲ့ စားပွဲပါ။


ကျက်ရန်အတွက် ကျန်သည့်အရောင် (၇)ရောင်ကို ရေးပေးလိုက်သည်။

Бежевый (ဘျယ်ဇျယ်ဗီးရ်) (အဝါနုရောင်)
Тёмно-синий (ကျော်မ်နို ဆီးညီးရ်) (အပြာရင့်ရောင်)
Бирюзовый (ဗီရူဇော်ဗီးရ်) (စိမ်းပြာရောင်)
Золотой (ဇလာသွေ့ရ်) (ရွှေအိုရောင်/ရွှေ)
Серебряный (ဆီရယ်ဗရာ့န်နီးရ်) (ငွေမှင်ရောင်/ငွေ)
Светлый (ဆဗျဲ့ထ်လီးရ်) (အလင်းရောင်)
Тёмный (ကျော့်မ်နီးရ်) (မှောင်မိုက်သော/အနက်ရောင်)
👍3