Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
Вперёд, Россия!
ရှေ့သို့လှမ်းချီ ရုရှားပြည်

တေးဆို - Олег Газманов

Так было в России с далёких времён
ရှေးခေတ်ကတည်းကပင် ရုရှားမှာ ဒီအစဉ်အလာတွေ ရှိခဲ့တယ်..
Чем выше давление, тем крепче бетон
ဖိအားများလေလေ၊ ကွန်ကရစ်က ကျစ်လေလေဘဲ
(ဘေးက အန္တာရာယ်များလေလေ ငါတို့ကစည်းလုံးလေလေဘဲ)
И если опасность державе грозит
ငါတို့ရဲ့အင်ပါယာဟာ အန္တရာယ်တွေ ရင်ဆိုင်လာရတဲ့အခါ
Становится Родина, как монолит
အမိမြေဟာ ကွန်ကရစ်လို တစ်သားတည်း ခိုင်မြဲစွာ/ခိုင်မာစွာ ရှိခဲ့ကြတယ်
В горниле победы сегодня как встарь
သမိုင်းထဲကလို ပစ္စပ္ပန်အထိ အောင်ပွဲတွေရရှိနေဆဲမို့
Опять закаляется Родины сталь
ငါတို့အမိမြေဟာ တဖန် အင်အားကောင်းလာခဲ့ပြီ

(သံပြိုင်ဆိုရန်)
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ မီးလျှံကဲ့သို့ပြင်းပြခြင်းနဲ့ အားမာန်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ မီးလျှံကဲ့သို့ပြင်းပြခြင်းနဲ့ အားမာန်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်

Пусть время нас бурным потоком несёт
ငါတို့ခေတ်ကို မုန်တိုင်းထန်တဲ့ရေစီးကြောင်းလို သယ်ဆောင်လာခဲ့ပြီ
За нами Россия, за нами народ
ငါတို့နောက်မှာ ရုရှားမြေရှိတယ်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရှိတယ်
Традиции святы и тысячи лет
မြင့်မြတ်ယဉ်ကျေးတဲ့ ရိုးရာအမွေနဲ့အတူ တည်ရှိခဲ့တာ နှစ်ပေါင်းထောင်ချီခဲ့ပြီ
Продолжится летопись наших побед
ငါတို့ရဲ့အောင်ပွဲတွေကို ဆက်လက်မော်ကွန်းတင်ကြမယ်
А если врагов налетит вороньё
ရန်သူတွေက ငှက်ဆိုးတွေလိုဝိုင်းအာထိုးဆိတ်လာရင်
Их снова Отечество встретит моё
အဖမြေရဲ့စည်းလုံးမှုနဲ့ ဒီကျီးဆိုးတွေကို တိုက်ထုတ်မယ်

(သံပြိုင်ဆိုရန်)
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ မီးလျှံကဲ့သို့ပြင်းပြခြင်းနဲ့ အားမာန်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ မီးလျှံကဲ့သို့ပြင်းပြခြင်းနဲ့ အားမာန်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်
(Вперёд Россия)
(ရှေ့သို့လှမ်းချီ ရုရှားပြည်)

В этом слове источник силы
ငါတို့ ရုရှားဟာ စွမ်းအားတွေ ပြည့်ဝနေတဲ့တိုင်းပြည်ဘဲ
Повторяем: "Вперёд, Россия!"
ငါတို့ထပ်ပြောမယ် ရှေ့သို့လှမ်းချီ ရုရှားပြည်

(သံပြိုင်ဆိုရန်)
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ မီးလျှံကဲ့သို့ပြင်းပြခြင်းနဲ့ အားမာန်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်
Россия, Россия — в этом слове огонь и сила
ရုရှားမြေ၊ ရုရှားမြေဟာ တောက်ပခြင်းနဲ့ အားအင်တွေ ရှိတယ်
В этом слове победы пламя
ရုရှားမြေမှာ အောင်ပွဲတွေ ပြည့်လျှံနေတယ်
Поднимаем России знамя
ရုရှားအလံကို ထိပ်ဆုံးမှာ လွှင့်ကြမယ်
6👍3
«Миленький ты мой» “ချစ်လှစွာသောမောင်ကြီး”(русский народный романс)(ရုရှားရိုးရာအချစ်ဇာတ်လမ်း)

သီချင်းက ရုရှား “ကျေးလက်” သီချင်းပြီး စာရေးသူကို မသိရှိရပါ။ အချို့သော (ယုံကြည်လို့မရတဲ့) အင်တာနက်သတင်းရင်းမြစ်များကတော့ 1910-20 ခုနှစ်များအတွင်း တေးသီချင်းများရေးခဲ့တဲ့ တေးရေးဆရာ Lev Driso ကို သီချင်းရေးသားသူအဖြစ် ညွှန်ပြခဲ့ပါတယ်။

“Миленький ты мой” (ဇာတ်ဆောင် М.Варфоломеева “С Новым годом!” ပြဇာတ်ကို အခြေခံထားသည့်) တေးသရုပ်ဖော်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။


«Миленький ты мой» “ချစ်လှစွာသောမောင်ကြီး”

Миленький ты мой, Возьми меня с собой!
ချစ်လှစွာသော မောင်ကြီးရေ...ကျွန်မကိုမောင်ကြီးနဲ့အတူ ခေါ်သွားပေးပါ
Там, в краю далёком, Буду тебе женой.
အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးရဲ့ဇနီးအဖြစ် နေပါ့မယ်

Милая моя, Взял бы я тебя,
ချစ်လှစွာသော နှမလေးရယ် မင်းကိုမောင်ကြီး ခေါ်သွားချင်ပါတယ်
Но там, в краю далёком, Есть у меня жена.
ဒါပေမယ့် အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးရဲ့ ဇနီးရှိပါတယ်

Миленький ты мой, Возьми меня с собой!
ချစ်လှစွာသော မောင်ကြီးရေ...ကျွန်မကိုမောင်ကြီးနဲ့အတူ ခေါ်ဆောင်သွားပေးပါ
Там, в краю далёком, Буду тебе сестрой.
အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးရဲ့နှမ‌လေး အဖြစ် နေပါ့မယ်
Милая моя, Взял бы я тебя.
ချစ်လှစွာသော နှမလေးရယ် မင်းကိုမောင်ကြီး ခေါ်သွားချင်ပါတယ်
Но там, в краю далёком, Есть у меня сестра.
ဒါပေမယ့် အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးရဲ့ နှမရှိပါတယ်

Миленький ты мой, Возьми меня с собой!
ချစ်လှစွာသော မောင်ကြီးရေ...ကျွန်မကိုမောင်ကြီးနဲ့အတူ ခေါ်ဆောင်သွားပေးပါ
Там в краю далёком, Буду тебе чужой.
အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးရဲ့ သူစိမ်းတစ်ယောက် အဖြစ် နေပါ့မယ်
Милая моя, Взял бы я тебя.
ချစ်လှစွာသော နှမလေးရယ် မင်းကိုမောင်ကြီး ခေါ်သွားချင်ပါတယ်
Но там, в краю далёком, Чужая ты мне не нужна.
ဒါပေမယ့် အရမ်းဝေးလံတဲ့ အဲ့ဒီနေရာမှာ မောင်ကြီးအနေနဲ့ သူစိမ်းအလိုမရှိပါဘူး
5👍1🥰1
##Катюша ( Katyusha ) သီချင်းလေးကို ကြိုက်လို့ ပြန်လည် တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ရာဇဝင်လေးပါ သိရအောင် တင်ပေးလိုက်ပါတယ်။ အကြိုက်ဆုံးကတော့ သီချင်းဆိုတဲ့ ကလေးမလေးရဲ့ ဟန်ပန်အမူအရာနဲ့ မျက်နှာပေးလေးပါပဲ 😊😊😊🥰🥰🥰

ရုရှားအသံထွက် "Katusha", "Katjuscha", "Katiusha" ဒါမှမဟုတ် "Katjusha" ဟာ ဆိုဗီယက်ယူနီယံ ရိုးရာ သီချင်းဖြစ်ပါတယ်။ ၎င်းကို ၁၉၃၈ တွင် Матвей Блантер ( Matvey Blanter ) က ရေးစပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ မျိုးချစ်စိတ်ဓါတ်အရ ကျော်ကြားမှု ရရှိခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ ၁၉၉၅ ခုနှစ်က စတင်ပြီး ကာသုရှာ သီချင်းဟာ လူကြိုက်များခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် ( တပ်နီတော် )တွေ အသုံးပြုခဲ့တဲ့ BM-8, BM-13 နဲ့ BM-31 rocket launchers တွေကို "Катюша ကာသုရှာ" လို့ အစပြုပြီး nickname ပေးခဲ့ခြင်း ဖြစ်ပါတယ်။


Катюша
တေးဆို - Александр Маршал и Валерия Курнушкина
Расцветали яблони и груши
ပန်းသီးပင်တွေနဲ့ သစ်တော်ပင်တွေ ဖူးပွင့်လာခဲ့ပြီ။
Поплыли туманы над рекой.
မြူအခိုးအငွေ့တွေဟာ မြစ်ပြင်ပေါ်မှာ မျောလွင့်လာနေတယ်။
Выходила на берег Катюша,
ကာသုရှာဟာ မြစ်ကမ်းပါးပေါ်ကို ရောက်လာခဲ့တယ်။
На высокий берег на крутой.
ငါတို့ရဲ့ ကြီးမားမတ်စောက်တဲ့ မြစ်ကမ်း‌ပါးပေါ်ကို ရောက်လာခဲ့တယ်။
( Выходила на берег Катюша,
На высокий берег на крутой. )
Выходила, песню заводила
သူမဟာ သီချင်းညည်းဆိုရင်း ထွက်လာခဲ့တယ်
Про степного, сизого орла,
ကွင်းပြင်ဆီက မီးခိုးရောင် လင်းယုန်တစ်ကောင်အကြောင်း
Про того, которого любила,
သူမချစ်ရတဲ့ တစ်ယောက်သောသူအကြောင်း
Про того, чьи письма берегла.
သူမ မြတ်နိုးတန်ဖိုးထားတဲ့ စာတွေရဲ့ ပိုင်ရှင် အကြောင်း။
(Про того, которого любила,
Про того, чьи письма берегла.)
Ой ты, песня, песенка девичья,
အိုး မင်း၊ သီချင်း၊ အပျိုစင်တစ်ယောက်ရဲ့ သီချင်းလေး
Ты лети за ясным солнцем вслед.
တောက်ပနေတဲ့ နေမင်းနောက်ကို မင်း တောက်လျှောက် ပျံသန်းသွားပါ
И бойцу на дальнем пограничье
ပြီးတော့ အဝေးနယ်စပ်ဆီက စစ်သားလေးတစ်ယောက်ဆီကို
От Катюши передай привет.
ကာသုရှာက နှုတ်ဆက်နေပါတယ်လို့ ပြောပေးလိုက်ပါ
( И бойцу на дальнем пограничье
От Катюши передай привет.)
Пусть он вспомнит девушку простую,
သူ့ကို ရိုးသားတဲ့ သာမာန် မိန်းကလေးတစ်ယောက်ကို သတိရခွင့်ပေးလိုက်ပါ
Пусть услышит, как она поёт,
သူ့ကို သူမရဲ့ ဘယ်လို‌ သီဆိုနေသလဲဆိုတာ နားထောင်ခွင့်ပေးလိုက်ပါ
Пусть он землю бережет родную,
သူ့ကို မိမိနေထိုင်ရာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခွင့်ပေးလိုက်ပါ
А любовь Катюша сбережёт.
ပြီးတော့ ကာသုရှာက ချစ်ရသူကို ကာကွယ်ပေးပါလိမ့်မယ်။
( Пусть он землю бережет родную,
А любовь Катюша сбережёт.)
Расцветали яблони и груши
Поплыли туманы над рекой.
Выходила на берег Катюша,
На высокий берег на крутой.
( Выходила на берег Катюша,
На высокий берег на крутой.)
4👍4
Media is too big
VIEW IN TELEGRAM
ယူကရိန်းစစ်ဘက်အဖွဲ့အစည်းတွေနဲ့ နာဇီဝါဒီအဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နေခြင်း

အောက်ပါ ရုပ်သံဖိုင်ကတော့ ၂၀၁၄ ခုနှစ် မေလ ၉ ရက်နေ့မှာ ယခုကာလမှာ နာမည်ကြီးနေတဲ့ မာရီပေါလ်မြို့နေ လူထုရဲ့ မဟာအောင်ပွဲနေ့မှာ ဘိုးဘေးတွေကို အမှတ်ရဂုဏ်ပြုဖို့ မြို့ရဲ့လမ်းမတွေပေါ်မှာ ချီတက်လမ်းလျှောက် ဂုဏ်ပြုကြတဲ့အချိန်မှာ Azov နဲ့ Dnepr-1 အမျိုးသားတပ်ရင်းတွေရဲ့ စစ်သွေးကြွတွေဟာ လူစုလူဝေးထဲကို တင့်ကားတွေနဲ့ ဖြတ်တိုက်မောင်းခြင်း ပစ်ခတ်ခြင်းတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ နာဇီလက်သစ်တွေရဲ့ အဲ့ဒီလို ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ကြရပါတယ်။ အဲ့ဒီလို ပြုလုပ်တာဟာ ကိဗ်အစိုးရရဲ့ မူဝါဒတွေကို သဘောမတူ/မလိုက်နာတဲ့သူတွေကို ခြိမ်းခြောက်ဖို့ပဲ ဖြစ်ပါတယ်။ မာရီပေါလ်မြို့အနှံ့မှာ ထိတွေ့မှု အများအပြား ဖြစ်ခဲ့ပါတယ်။ အခုလို အချက်အလက်တွေ စုဆောင်းတင်ပြတာဟာ ယူကရိန်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ရုရှားစစ်ဘက်ဆိုင်ရာ စစ်တရားခုံရုံးမှာ ဆွဲချက်တင်ဖို့ပဲဖြစ်ပါကြောင်း သိရပါတယ်။

#р_в_мать_сын
😢6👍3😱2
Media is too big
VIEW IN TELEGRAM
Герои спецоперации Сергей Вошков.
အထူးစစ်ဆင်ရေးရဲ့ သူရဲကောင်းများ Сергей Вошков

Сергей Вошков ဟာ ခဲယမ်းအပြည့်တင်ထားတဲ့ကား ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့တဲ့အတွက် ညလက်မှာ ဒဏ်ရာ‌ရနေပေမယ့်လို့ မိမိစစ်သည်တွေရဲ့ ယာဉ်တန်းဘေးကင်းဖို့အတွက် ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ မီးလောင်နေတဲ့ကားကို ယာဉ်တန်းနဲ့ မီတာ(၂၀၀)လောက်အကွ အဝေးကို ဆွဲချမောင်းနှင်ခဲ့ပြီး သူရဲကောင်းဆန်စွာနဲ့ ရဲရင့်မှုကို ပြသခဲ့ပါတယ်။ အဲ့ဒီအတွက် Сергей Вошков ဟာ “За отвагу” ဆိုတဲ့ ရဲရင့်မှုအတွက် ချီးမြှင့်တဲ့ ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံရပါတယ်။
👍12
ကိန်းဂဏန်းတွေနဲ့
အကြိမ်အရေအတွက်ကို
ရုရှားလို လေ့လာကြရအောင်
👍9
ရုရှားနိုင်ငံရဲ့ နာရီ/မိနစ် အပိုင်းအခြားနဲ့ အသုံးပြုပုံ၊ နေ့တစ်နေ့ရဲ့ အချိန်ကို နာရီနဲ့ ခွဲခြားထားပုံတွေကို လေ့လာကြမယ်။ အဲ့ဒီနေရာမှာ падеж(၆)မျိုးရှိတဲ့အနက် родительный падеж နဲ့ именительный падеж တို့ကို အသုံးပြုထားတာကို လေ့လာတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။

ရက်/လ တွေကိုလဲ အလားတူ падеж (၂)မျိုးနဲ့ အသုံးပြုရပါမယ်။
👍7
ဆိုဗီယက်ခေတ်မှာ ထုတ်လုပ်ခဲ့ စည်သွတ်ရေဘူး

စည်သွတ်ဘူးတွေကို ဘယ်အချိန်က စတင်ထုတ်လုပ်ခဲ့တယ်ဆိုတာကို အတိအကျ မသိရပေမယ့်လို့ အဲ့ဒါနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံတော် စည်းမျဉ်းများ ၁၉၈၀ ကိုမွမ်းမံခြင်း မပြုမီ ၁၉၆၂ ခုနှစ်မှာ ပထမဆုံး ထုတ်လုပ်ခဲ့ပါတယ်။ စည်သွတ်ဘူးတွေကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလအထိ တောက်လျှောက် ထုတ်လုပ်ခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီလို ထုတ်လုပ်တာဟာ ရုရှား တစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အမေရိကန် သင်္ဘောသား တွေအတွက်လည်း သူတို့ရဲ့ စတိုးဆိုင်တွေမှာ ထုတ်လုပ်ရောင်းချပါတယ်။

စည်သွပ်ဘူးမှာ “ပထမနေ့မှာ မသောက်ပါနဲ့။ မိုးရေကို စုဆောင်းပြီး သောက်ပါ။ သင်ရနိုင်သလောက် ဘူးတွေအားလုံးကို မိုးရေ ဖြည့်ပါ။ အရေးပေါ်အခြေအနေအတွက်သာ စည်သွပ်ရေကို သုံးပါ” လို့ ရေးသားထားပါတယ်။

ပုံမှန်စတိုးဆိုင်တွေမှာ အဲ့ဒီလိုရေဘူးကို တွေ့ရမှာမဟုတ်ပါဘူး။ အဲ့ဒီဘူးတွေဟာ သင်္ဘောသားတွေနဲ့ ရေငုပ်သင်္ဘောသားတွေအတွက် ရည်ရွယ်ထားတာပါ။ သင်္ဘောတွေပေါ်မှာ သောက်သုံးရေကို အရံအဖြစ် အမြဲထားရှိရပြီး သတ်မှတ်ထားတဲ့ရက် အတွက် လုံလောက်ပေမယ့်လို့ အဲ့ဒီဘူးတွေကို အရေးပေါ်အခြေအနေတွေ (ဥပမာ၊ သင်္ဘောပျက်တဲ့အခါ) အတွက် ရည်ရွယ်ပြီး မထိခိုက်နိုင်တဲ့ အရံအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

စည်သွတ်ရေကို အများအားဖြင့် ယခင်က ကျိုချက်ထားပြီးမှ အအေးခံခြင်း (အချို့ရင်းမြစ်တွေက အဲ့ဒါကို စမ်းရေဟု ဆိုကြပါတယ်)၊ အဲ့ဒီနောက် အက်စ်ကောဘစ်အက်ဆစ်နဲ့ ရောစပ်ထာားပါတယ်။ ၎င်းကို ၂၄၀ ဒါမှမဟုတ် ၂၅၀ မီလီလီတာ (၁ ခွက်) ဗူးနဲ့ ထုပ်ပိုးထာားပါတယ်။ တစ်နေ့တာ ရိက္ခာအဖြစ် လူတစ်ဦးကို လီတာဝက် ပါဝင်ပါတယ်။ နှစ်နှစ်ကြာအောင် သိမ်းဆည်းနိုင်ပါတယ်။

အရေးပေါ်ရေစည်သွပ်ဘူးနဲ့ ထုတ်လုပ်ရခြင်းကတော့ ပလက်စတစ်ဘူးနဲ့ထုတ်ရင် ပလက်စတစ်ထဲက ရေဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးနိုင်ခြေများပါတယ်။ ဖန်ပုလင်းတွေဟာလည်း ပြုတ်ကျပြီး ကွဲလွယ်ပါတယ်။ ဘူးခွံတွေကတော့ လေလုံပြီး ကျစ်လစ်မှု ရှိပါတယ်။
👍7