Город Герой ဆိုဗီယက်သူရဲကောင်းမြို့တော်များ။
ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ ၁၉၄၁ ခုနှစ်ကစလို့နာဇီဂျာမနီတပ်တွေနဲ့ဒုတိယကမ္ဘာစစ်ကာလမှာအပြင်းအထန်စစ်ပွဲကြီးတွေတိုက်ခိုက်ခဲ့ရပါတယ်။မဟာဗျူဟာအရအရေးပါတဲ့မြို့ကြီးတွေရန်သူအဝိုင်းခံရ။လက်လွှတ်ဆုံးရှူံးရတာတွေလဲအများကြီးပါ။သို့သော်လဲဆိုဗီယက်ပြည်သူများဟာဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ဦးဆောင်မှုအောက်မှာဆိုဗီယက်တပ်နီတော်နဲ့အတူစည်းစည်းလုံးလုံးနဲ့နာဇီတပ်တွေကိုခုခံခဲ့ကြလို့ရန်သူတပ်တွေအရှူံးနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။
ဒီလိုသူရသတ္တိအပြည့်နဲ့ရန်သူကိုခုခံတိုက်ခိုက်ခဲ့ကြတဲ့မြို့တွေကိုအစိုးရက Город Герой သူရဲကောင်းမြို့တော် Hero City ဆိုဂုဏ်ပြုပါတယ်။ လူပုဂ္ဂိုလ်သူရဲကောင်းများကိုချီးမြှင့်တဲ့ Hero of the Soviet Union (Герой Советского Союза) ဘွဲ့နဲ့တန်းတူတဲ့ဘွဲ့ကိုချီးမြှင့်ဂုဏ်ပြုတာပါ။ ၁၉၆၅ ခုနှစ်မဟာအဖမြေခုခံကာကွယ်ရေးစစ်ပွဲ ရုရှားလို Великая Отечественная Война နှစ်(၂၀)ပြည့်မှာဆိုဗီယက်လွှတ်တော်ကနေအမိန့်ကြေညာစာနဲ့စတင်သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။
၁၉၈၈ခုနှစ်အထိဒီလိုဂုဏ်ပြုခဲ့ရတာမှာမြို့ပေါင်း(၁၂)နဲ့ Крепость Брест (Brest Fortress) ဘရက်စ်ခံတပ်တို့ပါ။
လီနင်ဂရက်(အခုတော့စိန့်ပီတာဘာဂ် St. Petersburg)မြို့ဆိုရက်ပေါင်း(၈၇၀)ကျော်နာဇီတပ်တွေရဲ့ဝိုင်းပါတ်ပိတ်ဆို့မှုခံရပေမဲ့အရှူံးမပေးခဲ့ဘူး။မြို့သူ၊မြို့သား(၁)သန်းကျော်နဲ့ဆိုဗီယက်တပ်နီတော်စစ်သည်(၃၀၀၀၀၀)ကျော်အသက်ပေးလှူခဲ့ကြရပါတယ်။ဒီနေ့ဆိုနာဇီတပ်တွေ မြို့ကိုဝိုင်းပါတ်ပိတ်ဆို့မှု blockade လုပ်တာကိုရုတ်သိမ်းတဲ့(၇၈)နှစ်မြောက်နေ့လို့သိရပါတယ်။
မော်စကိုမြို့တော်လဲဒီလိုပဲ။မြို့တော်နဲ့မိုင်(၂၀)လောက်အထိနာဇီတပ်တွေကပ်လာနိုင်ခဲ့ပေမဲ့မော်စကိုမြို့ကိုမသိမ်းနိုင်ခဲ့ဘူး။အစိုးရအဖွဲ့ကိုအခြားစစ်ဘေးလွတ်ရာကိုပြောင်းရွေ့ထားရပေမဲ့စတာလင်ကိုယ်တိုင်တော့မော်စကိုမြို့ကနေမခွာခဲ့ဘူးလို့ဆိုပါတယ်။
ကျွန်တော်တို့တုံးကစတာလင်ဂရက်မြို့လို့သိခဲ့တဲ့အခုဗေါလ်ဂိုဂရက်(Volgograd)မြိုတိုက်ပွဲဆိုနာဇီတပ်တွေမရှုမလှအရေးနိမ့်ခဲ့ကြတယ်။ရက်ပေါင်း(၂၀၀)ကျော်မြို့တွင်း၊မြို့ပြင်တိုက်ပွဲတွေမှာနှစ်ဖက်ကျဆုံးသူနှစ်သန်းကျော်ခဲ့ပါတယ်။
ဒီနေရာမှာထူးခြားတာက Brest Fortress ပေါ့။သူကတော့ဂျာမနီ၊ဆိုဗီယက်နယ်စပ်ကခံစစ်စခန်း။၁၉၄၁ခုနှစ်ဇွန်လ(၂၂) ရက်လင်းအားကြီးပိုင်းမှာနာဇီတပ်တွေရဲ့အလစ်ဝင်တိုက်တာခံလိုက်ရပေမဲ့စခန်းတွင်းကဆိုဗီယက်တပ်သားတွေကအညံ့မခံပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ခုခံသူတွေအစာရေစာပြတ်ဖြစ်နေတာတောင်ဆက်လက်ခုခံနေကြလို့ဇူလိုင်လလယ်လောက်မှစခန်းကိုထိန်းချုပ်နိုင်ပါတယ်။
သူရဲကောင်းမြို့တော်လို့သတ်မှတ်ကြေညာထားတဲ့မြို့တွေကိုလဲမော်စကိုကရင်ပြင်နီရှေ့ခရမ်လင်မြို့ရိုးရှေ့မှာကမ္ဗည်းမော်ကွန်းတင်ထားပါသေးတယ်။နှစ်စဉ်လဲဒီမြို့တွေသမိုင်းဝင်ဂုဏ်ပြုခံရတဲ့နေ့တွေမှာစစ်အခန်းအနားနဲ့ဂုဏ်ပြုတာတွေ။ညပိုင်းမှာမီးရှူး၊မီးပန်းပြစ်ဖေါက်တာတွေလုပ်ပါသေးတယ်။
အခုလိုသူရဲကောင်းမြို့တော်ဘွဲ့ပေးအပ်ခြင်းကို၁၉၈၈ခုနှစ်မှာရပ်နားလိုက်ပေမဲ့စစ်ကြီးအတွင်းမှာရန်သူကိုအနိုင်မခံအရှူံးမပေးစိတ်ဓါတ်နဲ့ခုခံတိုက်ခိုက်ခဲ့ကြတဲ့အခြားမြို့တွေကို Город Воинской Славы စစ်ဖက်ဆိုင်ရာဂုဏ်ထူးဆောင်မြို့ဘွဲ့ကိုပေးအပ်ဖို့ ၂၀၀၅ ခုနှစ်ကရုရှားပြည်ထောင်စုလွှတ်တော်ကဥပဒေပြဌာန်းလိုက်တယ်တော့သိရပါတယ်။

❤2
အထက်ပါ Город Герой (၁၂) မြို့တွေကတော့
🎖️Ленинград (လီနင်ဂရက်) ယခု စိန့်ပီတာစဘတ်
🎖️Одесса (အာဂျက််စ်ဆာ)
🎖️Севастополь (ဆီဗာဆသိုပါလ်)
🎖️Волгоград (ဗော်လ်ဂိုဂရက်ထ်)
🎖️Киев (ကိယက်ဖ်)
🎖️Москва (မာ့စ်ခ်ဗာ)(မော်စကို)
🎖️Керчь (ကျယ်ရမခ်ျ)
🎖️Новороссийск (နိုဗော်ရာ့စ်စီရ်စ်ခ်)
🎖️ Минск (မိန်စ်ခ်)
🎖️Тула (သူလာ)
🎖️Мурманск (မူရ်မာန်စ်ခ်)
🎖️Смоленск (စမားလန်းစ်ခ်) တို့ဖြစ်ပါတယ်။

❤3
Media is too big
VIEW IN TELEGRAM
Former Fox, NBC personality Megyn Kelly နှင့်
ရုရှားသမ္မတို့၏ အင်တာဗျူး
ကြာမြင့်ချိန် ၁၈ မိနစ်၊ ၄၅ စက္ကန့်
သမ္မတပူတင်က တစ်နှစ်မှာ ၁ ခါ သို့မဟုတ် ၂ ခါလောက်
အနောက်မီဒီယာကြီးတွေနဲ့ တွေ့ဆုံပြီး
အင်တာဗျူးလုပ်ခွင့်ပေးလေ့ရှိပါတယ်။
ထိုအင်တာဗျူးတွေထဲမှာ အနောက်နိုင်ငံကို ပါးချင်တဲ့
သတင်းစကားတွေ၊ အချက်အလက်တွေကို
ထုတ်ဖော်ပြောလေ့ရှိပါတယ်။
အခုဘာသာပြန်ထားတာကတော့
ထိုအင်တာဗျူးတွေထဲက တစ်ခုပါ။
အခုအင်တာဗျူးထဲဟာ
၂၀၁၈ အမေရိကန်သမ္မတ ထရမ့်လက်ထက်တုန်းက
မေးမြန်းထားတာဖြစ်ပါတယ်။

👍1
Channel name was changed to «Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်»
ရုရှားဆိုဗီယက်ယူနီယံ၏ Город герой (သူရဲကောင်းတို့၏ မြို့တော်)များထဲတွင် တစ်မြို့အပါအဝင်ဖြစ်တယ့် Смоленск (စမားလန်းစ်ခ်)လို့ခေါ်တဲ့ ရုရှားရဲ့ ရှေးကျတဲ့မြို့တော် မော်စကိုမြို့ကို ကာကွယ်ပေးထားတဲ့ မြို့တစ်မြို့လဲ ပါဝင်ပါတယ်။
Смоленск မြို့သည် ၈၆၃ ခုနှစ်မှ စတင်တည်ခဲ့သော Днепр/Дняпро (ဒညင်ဖ်/ဒညာပရာ) မြစ်ကမ်းနားဘေးရှိ ရှေးဟောင်းရုရှားမြို့တစ်မြို့ ဖြစ်သည်။ ၎င်းသည် ရာစုနှစ်ပေါင်းများစွာ အနောက်ဘက်မှ မော်စကိုသို့ သွားရာလမ်းကို ပိတ်ဆို့ထားသော ယုံကြည်စိတ်ချရသည့် ခံတပ်မြို့တစ်ခုအဖြစ် တည်ရှိလုပ်ဆောင်ခဲ့သည်။ ထိုမြို့အား သုံးသပ်ပြောပြမည်ဆိုလျှင် Смоленск ၏ မြင်ကွင်းများသည် သမိုင်းကြောင်းအရ သူရဲကောင်းဆန်သော စာမျက်နှာများကို ထင်ဟပ်စေသည်။
Смоленск မြို့သည် အမျိုးသားရွေးချယ်ရေး အဆင့်သတ်မှတ်ချက်အနေဖြင့် ရုရှားပြည်သူများမှ မဲပေးရွေးချယ်သော “Город России” ရုရှား၏ မြို့တော် ရွေးချယ်ပွဲတိုင်းတွင် ၁ မှ ၁၀ အတွင်းဝင်သော မြို့တစ်မြို့ဖြစ်သည်။ စမားလန်းစ်ခ် မြို့သည် ရုရှားဆိုဗီယက်၏ သူရဲကောင်းမြို့တော်ဟုခေါ်သော “Город-герой” ဆုတံဆိပ်အား ၁၉၈၅ ခုနှစ် မေလ ၆ ရက်နေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိခဲ့ပြီး လီနင်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပထမအဆင့် မျိုးချစ်စစ်ပွဲ၏ ဆုတံဖြစ်သည့် ရွှေကြယ်တံဆိပ် ချီးမြှင့်ခြင်းခံရသည်။
ရုရှားသမိုင်းတွင် စမားလန်းစ်ခ်မြို့အား “город-щит” (ဒိုင်းမြို့)၊ “щит России” (ရုရှား၏ဒိုင်း) နှင့် “город-ключ” (အဓိကမြို့) အဖြစ် လူသိများပြီး ရာစုနှစ်များစွာကြာအောင် မော်စကိုမြို့အား ယုံကြည်စိတ်ချရမှု ရှိစေရန် ကာကွယ်ပေးခဲ့ပြီး ဥရောပအိမ်နီးချင်းများစွာ၏ ကျူးကျော်ဝင်ရောက်မှုမှ ကာကွယ်ပေးခဲ့သည်။ စမားလန်းစ်ခ် လူမျိုးများ၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးမဖက်မှုတို့ကြောင့် ဓနသဟာယဘုရင်(ဆွီဒင်ဘုရင်)ဖြစ်သော Сигизмунд III (စီဂီစ်မူန်) ၏ ကြီးမားသောစစ်တပ်ကြီးကို တိုက်ထုတ်နိုင်ခဲ့သည်။ စမားလန်းစ်ခ် ခံတပ်သည် လပေါင်း ၂၀ ကြာ ဝိုင်းရံခြင်းကို ခံနိုင်ရည်ရှိခဲ့သော စမားလန်းစ်လ် လူမျိုးများ၏ ခံနိုင်ရည်ရှိမှုနှင့် မျိုးချစ်စိတ်ဓာတ်သည် သူရဲကောင်း Кузьма Минин (ကူဇီမာ မီနင်) နှင့် Дмитрий Михайлович Пожарский (ဒမီသရီ မီခါလာဗိခ်ျ ပါဇျာရ်စကီး) တို့သည် ဆွီဒင်ဘုရင်၏ ကျူးကျော်သိမ်းပိုက်ခြင်းမှ မြို့အားကာကွယ်ပေးခဲ့သည့်အပြင် မော်စကိုမြို့တော်သို့မရောက်အောင် ကာကွယ်ပေးခဲ့သည့် ပြည်သူ့စစ်အရေးတော်ပုံအတွက် စံနမူနာပြအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
စမားလန်းစ်ခ်မြို့တော်သည် မော်စကိုမြို့၏ အနောက်ဘက် ၃၇၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကားလမ်းဖြင့် ၄၁၀ ကီလိုမီတာ ကွာဝေးပါသည်။ စမားလန်းစ်ခ်မြို့သည် မော်စကိုမှ ဘီလာရုစ်၊ ဘောလ်တစ်ပြည်နယ်၊ အလယ်ပိုင်းနှင့် အနောက်ဥရောပနိုင်ငံများသို့ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်းများပေါ်တွင် တည်ရှိသည့် ပထဝီအနေအထားအရ အားသာချက်ရှိသော မဟာဗျူဟာမြောက် မြို့တစ်မြို့ဖြစ်သည်။ မြို့သည် အနောက်မှ အရှေ့သို့ ၂၅ ကီလိုမီတာနှင့် မြောက်မှတောင်သို့ ၁၅ ကီလိုမီတာ ရှည်လျားသည်။ ၎င်း၏နယ်မြေသည် ၁၆၆.၃၅ စတုရန်း:ကီလိုမီတာ ကျယ်ဝန်းသည်။
၁၇ ရာစု နှောင်းပိုင်းကတည်းက စမားလန်းစ်ခ် သည် စစ်ပွဲများနှင့် ဝိုင်းရံပိတ်ဆို့မှုများကြောင့် ပျက်စီးသွားသော စမားလန်းမြို့တော်ကို ကို ပြန်လည်တည်ဆောက်ခဲ့သည်။ ၁၇၀၈ ခုနှစ်မှစ၍ ၎င်းသည် စမားလန်းစ်ခ် ပြည်နယ်၏ ဗဟိုဖြစ်လာခဲ့သည်။
၁၉၁၈ ခုနှစ် ဧပြီလတွင် ပထမကမ္ဘာစစ်အတွင်း ဂျာမန်တပ်များက Brest စာချုပ်ဖြင့် လွတ်လပ်သော ဘီလာရုမြေများကို သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ မော်စကိုဒေသ၏ စမားလန်းစ်ခ် ပြည်နယ်သည် အနောက်တိုင်းဒေသများ နှင့် အနောက်တိုင်း၏ အုပ်ချုပ်ရေး ဗဟိုချက်ဖြစ်လာခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအဖွဲ့အား မင့်စ်ခ် မှ စမားလန်းစ်ခ် ဒေသသို့ ပြောင်းရွှေ့ခဲ့သည်။
အနောက်တိုင်းဒေသကို အခြေခံ၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဆိုရှယ်လစ်ဆိုဗီယက်သမ္မတနိုင်ငံ ဘီလာရုစ် ကို ဖွဲ့စည်းခဲ့သည်။ ဇန်နဝါရီလ ၇ ရက်နေ့တွင် SSRB(ССРБ) ၏ အစိုးရသည် စမားလန်းစ်ခ် မှ မင့်စ်ခ် သို့ ပြန်ပြောင်းခဲ့ပြီး ၁၉၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ЦК РКП(б) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် စမားလန်းစ်ခ် ဒေသကို RSFSR(РСФСР) သို့ လွှဲပြောင်းခဲ့သည်။
ဒုတိယကမ္ဘာစစ် မဟာမျိုးချစ်စစ်ပွဲအတွင်း ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်အထိ စမားလန်းစ်ခ်ဒေသ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မော်စကိုသို့ သိမ်းပိုက်ရန် ချီတက်လာသော ဂျာမန်တပ်များ အင်အားလျော့နည်းအောင် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြို့တော်ကာကွယ်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဂျာမန်တပ်များက မြို့ကို သိမ်းပိုက်ခဲ့သည်။ မဟာမျိုးချစ်စစ်ပွဲ အတွင်း စမားလန်းစ်ခ် ဒေသပိုင်နက်တွင် နာဇီကျူးကျော်သူများသည် ရွာပေါင်း ငါးထောင်ကျော်ကို မြေပြင်တွင် မီးရှို့ခဲ့ပြီး ရွာသားများနှင့်အတူ ရွာပေါင်း ၃၀၀ ကျော်ကို မီးရှို့ခဲ့သည်။ သာမန်အရပ်သား အသေအပျောက် အရေအတွက်မှာ စုစုပေါင်း လူ ၅၄၆ဝဝဝ ဖြစ်သည်ဟု ထူးထူးခြားခြား နိုင်ငံတော်