Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
ရုရှားစာတွင် ချောမောလှပတယ်လို့ ပြောဆိုသုံးနှုံးဖို့အတွက် Красивый ဆိုတဲ့ စကားတစ်လုံးတည်းမကပဲ အောက်ပါစကားလုံးတွေကိုလဲ သုံးနှုံးလို့ရတယ်ဆိုတာ မှတ်သားထားကြစေလိုပါတယ်
👍1
အာရ်ဘာ့သ်လမ်း (улица Арбат)

မော်စကိုမှာရှိတဲ့ ရှေးအကျဆုံး၊ အလှပဆုံးနဲ့
နာမည်ကျော်ကြားဆုံးလမ်းတွေထဲမှာ
အာရ်ဘာ့သ်လမ်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
မော်စကိုကို ရောက်တဲ့သူတိုင်း ဒီလမ်းပေါ်မှာ
လမ်းလျှောက်ပြီး ဟိုဟိုဒီဒီကြည့်ဖို့
သွားဖူးတဲ့သူချည်းပါပဲ။
ဘာလို့လဲဆိုတော့ ဒီလမ်းထက်မှာ
ကိုယ်ကျွမ်းကျင်တဲ့တူရိယာကို တီးခတ်ပြီး
ဖျော်ဖြေတင်ဆက်နေတဲ့ ဂီတအနုပညာရှင်တွေ၊
ပုံတူပန်းချီကားတွေကို
မိနစ်အနည်းငယ်အတွင်းမှာပင် သေသပ်လှပအောင် ရေးဆွဲနိုင်တဲ့ပန်းချီအနုပညာရှင်တွေ၊
ကိုယ်ပိုင်ဖန်းတီးထားတဲ့ ကဗျာတွေကို
ရွတ်ဆိုနေတဲ့ တေးကဗျာဆရာတွေ ရှိနေလို့ပါပဲ။
ယာဉ်အသွားအလာကို ကန့်သတ်ထားတဲ့လမ်း၊
လာရောက်လည်ပတ်တဲ့ခရီးသွားတွေဟာ
အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေကြားမှာ
ကူးလူးသွားလာနေတဲ့လမ်း၊
ကော်ဖီဆိုင်အလတ်စား၊ အငယ်စားလေးတွေမှာ
ထိုင်ရင်းဖြစ်စေ၊ လမ်းတစ်လျှောက်
လှည့်လည်နေရင်းဖြစ်စေ၊ မော်စကိုမြို့ဟောင်းရဲ့ အငွေ့အသက်တွေကိုခံစားသက်ဝင်ကြည့်လို့ရတဲ့၊
ရုရှားနိုင်ငံရဲ့ ပထမဆုံးသောလမ်းလျှောက်ဇုန်လမ်းအဖြစ်သတ်မှတ်ထားတဲ့ လမ်းဖြစ်ပါတယ်။
ဒီလမ်းဟာ ဘယ်လောက်တောင်
နာမည်ကြီးသလဲဆိုရင်
ရုရှားနိုင်ငံရဲ့ တခြားနာမည်ကြီးမြို့တွေဖြစ်ကြတဲ့
Yekaterinburg, Kazan, Nizhny Novgorod, Chelyabinsk တို့မှာတောင်
အာရ်ဘာ့သ်လမ်းကို ဂုဏ်ပြုတဲ့အနေနဲ့
လမ်းလျှောက်ဇုန်လမ်းတွေ ပေါ်ပေါက်လာပါတယ်။ ထိုလမ်းတွေမှာ ကိုယ်ပိုင်နာမည်ရှိကြပေမဲ့လည်း
လူထုတစ်ရပ်လုံးကတော့ အာရ်ဘာ့သ်(Арбат)လမ်းလို့ပဲ ခေါ်ဆိုကြတဲ့အထိပါ။
မော်စကိုလမ်းကြားလေးဟာ
မော်စကိုမြို့ရဲ့အထင်ကရနေရာအဖြစ်
ဘယ်လိုဖြစ်တည်သွားခဲ့သလဲ။
တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ခရီးသွားတွေကကော
ဒီအာရ်ဘာ့သ်လမ်းကို ဘာကြောင့်များ
လျှောက်လှမ်းချင်ရတာလဲ။
ဖြစ်တည်လာပုံသမိုင်းနဲ့ ကျော်ကြားမှုတွေကို
ဆက်ဖတ်ကြည့်ရအောင်ပါ။
=================
အပိုဒ် (၁)
အာရ်ဘာ့သ်၏ အဓိကပဟေဠိ

ပဟေဠိတွေထဲက တစ်ခုကတော့
ဘယ်လိုအကြောင်းကြောင့်
အာရ်ဘာ့သ်(Арбат)လို့ အမည်တွင်ရတာလဲ။
ပညာရှင်တွေကိုယ်တိုင် လမ်းနာမည်ဖြစ်ပေါ်လာပုံကို
ငြင်းခုံနေကြတာ နှစ်တစ်ရာမကတော့ပါဘူး။
ဖြစ်ပေါ်လာပုံကိုလည်း အမျိုးမျိုးပြောကြပါတယ်။
တစ်ချို့တွေယူဆကြတာ
горбат ဆိုတဲ့စကားလုံးကနေ
ဖြစ်ပေါ်လာတယ်လို့ ထင်ကြတယ်။
မြို့ရဲ့မြေပုံအဟောင်းတွေမှာဆိုရင်
လမ်းဟာ ယခုလက်ရှိပုံစံထက်ကို
အကွေ့အကောက်ပိုများပါတယ်။
ဒါပေမဲ့လည်း မော်စကိုမှာ
အာရ်ဘာ့သ်လမ်းထက် အကွေ့အကောက်ပိုများတဲ့
လမ်းတွေ အများကြီးပါ။
နောက်ထပ်ဖြစ်နိုင်တာတစ်ခုကတော့
арба ဆိုတဲ့စကားလုံးကနေ
ဖြစ်ပေါ်လာတာဖြစ်ပြီး
စကားလုံးရဲ့ အဓိပ္ပါယ်ကတော့
နှစ်ဘီးတပ်လှည်းဖြစ်ပါတယ်။
အရင်တုန်းက လမ်းနဲ့မလှမ်းမကမ်းမှာ
နှစ်ဘီးတပ်လှည်းတွေကို ပြုလုပ်တဲ့သူတွေရှိပြီး
ထိုလှည်းတွေနဲ့ ဘေးပတ်ဝန်းကျင်ကို
လှည့်လည်သွားလာခဲ့ကြတယ်။
အာရှဘက်မှာတော့ အခုအချိန်ထိ
ထိုလှည်းတွေကို အသုံးပြုနေဆဲဖြစ်ပေမဲ့
တကယ်တမ်းကျတော့လည်း
ဒီကိစ္စနဲ့ ဆက်စပ်မှုမရှိပြန်ပါဘူးတဲ့။
ယခုလက်ရှိအချိန်အခါမှာတော့
အာရပ်ဘာသာစကားလုံးဖြစ်တဲ့
рабад ဆိုတဲ့စကားလုံးကနေ
ဖြစ်ပေါ်လာတယ်ဆိုတာကိုပဲ
အမှန်ယူဆကြတယ်။
စကားလုံးရဲ့အဓိပ္ပါယ်ကတော့
မြို့ရဲ့နယ်နိမိတ်နှင့်နီးစပ်သော (ဝါ) မြို့နယ်နိမိတ်နှင့်ဘေးချင်းကပ်တည်ရှိနေသော
လူနေသည့်နယ်မြေလို့ အဓိပ္ပါယ်ရတယ်။
မြန်မာအခေါ်အဝေါ်အရဆို
ဆင်ခြေဖုံးရပ်ကွက်၊ မြို့ပြင်ရပ်ကွက်စသည်ဖြင့်ပေါ့။
ဟင်းခတ်အမွှေးအကြိုင်တွေ(пряность)၊
ရက်ထည်ပိတ်စတွေ(ткань)၊
မီးရှို့အသုံးပြုရတဲ့အမွှေးနံ့သာတွေ(благовоние) တွေကို ကုလားအုတ်တွေပေါ် တင်ဆောင်လာကာ
ရောင်းဝယ်ဖောက်ကားဖို့ရောက်လာတဲ့
အရှေ့တိုင်းကုန်သည်တွေနဲ့အတူ
ထိုစကားလုံးဟာ ရောက်လာဟန်တူပါတယ်။
ယခုအချိန်မှာ အာရ်ဘာ့သ်လမ်းဟာ
မြို့ကြီးရဲ့အလယ်မှာရှိနေပေမဲ့
ထိုအချိန်တုန်းကတော့ မြို့အစွန်မှာရှိခဲ့တာဖြစ်ပြီး
မချမ်းသာတဲ့သူတွေ၊ သာမန်လူတွေဟာ
အိမ်သေးသေးလေးတွေနဲ့
ပြွတ်သိပ်ပြီးနေထိုင်ခဲ့ရတဲ့နေရာတစ်ခုဖြစ်ကာ ကုန်သည်တွေဟာလည်း
ထိုနေရာမှာပဲ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေမှာ
Арбат ဆိုတဲ့အသုံးအနှုန်းကို
စတင်အသုံးပြုခဲ့တယ်လို့ တွေ့ရှိရတာကတော့
ကြီးကြီးမားမားမီးလောင်မှုဖြစ်ခဲ့တဲ့ ၁၄၉၃ ခုနှစ်မှာ ဖြစ်ပါတယ်။
Church of St. Nicholas the Wonderworker on the Sands ဆိုတဲ့ ဘုရားကျောင်းထဲမှာ
ထွန်းထားခဲ့တဲ့ ဖယောင်းတိုင်မီးပေါ့ဆမှုကနေ
ကြောက်စရာကောင်းတဲ့ မီးလောင်မှုကြီး
စတင်ခဲ့တာဖြစ်ပြီး မော်စကိုတစ်မြို့လုံးနီးပါး
ပြာကျခဲ့ကာ (မြို့စား)မျိုးနွယ်စုခေါင်းဆောင်တွေနေထိုင်တဲ့
ကရင်မလင်အထိတောင် ရောက်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြီးပြီးတဲ့နောက်မှာ
"ဖယောင်းတိုင်မီးကစ မော်စကိုတစ်မြို့လုံးမီးလောင်" ဆိုတဲ့
ဆိုရိုးစကားတောင် ပေါ်ထွက်လာခဲ့ပါတယ်။
«От копеечной свечки Москва сгорела»
👍1
မြန်မာလိုဆို အမှိုက်ကစ ပြဿမီးလောင်လို့
ဆိုရမလားပဲ။
တစ်ခါတုန်းကတော့ လမ်းရဲ့နာမည်ကို
ပြောင်းလဲသတ်မှတ်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
ထိုအချိန်ကတော့ ၁၆၅၈ ခုနှစ်၊
ဇာဘုရင် Alexey Mikhailovich
အုပ်ချုပ်နေတဲ့ကာလဖြစ်ပြီး
စမာလန်းန်စ်ခ်လမ်းမကြီး(Смоленская дорога)ကို ဦးတည်နေတဲ့လမ်းဖြစ်တဲ့အတွက်
စမာလန်းန်စ်ခ်လမ်းလို့ (Смоленская улица) ပြောင်းလဲခေါ်ဝေါ်စေခဲ့ဖူးပါတယ်။
မှတ်တမ်းတွေမှာတော့ ထိုနာမည်ဟာ
နှစ်တစ်ရာထက် ကြာမြင့်ခဲ့ပေမဲ့
မော်စကိုမြို့သူမြို့သားတွေကြားမှာ
နာမည်မစွဲခဲ့တဲ့အတွက် နောက်ဆုံးမှာတော့
နာမည်ဟောင်းဖြစ်တဲ့ အာရ်ဘာ့သ်လမ်းဆိုတာပဲ အမည်နာမတွင်ခဲ့ပါတယ်။
နောက်ထပ်လမ်းနာမည်တစ်မျိုး ရှိပါသေးတယ်။
Nikolina Street(Николина улица) လို့ခေါ်ဝေါ်ကြပါတယ်။
ဒေသခံတွေဟာ Nikolay the Miracleworker(Николай Чудотворец) ကို
ကာကွယ်စောင့်ရှောက်သည့်သူတော်စင်အဖြစ်
ယုံကြည်ကိုးကွယ်ကြတဲ့အတွက်
ဂုဏ်ပြုတဲ့အနေနဲ့ အာရ်ဘာ့သ်လမ်းထဲမှာ
ဘုရားကျောင်း ၃ ကျောင်းကို
ဆောက်လုပ်ခဲ့ကြပါတယ်။
ထိုဘုရားကျောင်းတွေကတော့
The temple of Nikola on the Sands(храм Николы на Песках)
The temple of Nikola the Revealed(храм Николы Явленного) နဲ့
the temple of Nikola in the Rafts(храм Николы в Плотниках) တို့ဖြစ်ကာ
ယခုအချိန်မှာတော့ ထိုဘုရားကျောင်းတွေ
မရှိတော့ပါဘူး။
====================

အပိုဒ် (၂)

စစ်သည်တို့ရဲ့လမ်း
(улица военных)

ဟိုးယခင်အချိန်တွေတုန်းက
မော်စကိုမြို့ဆိုတာ သေးသေးလေးပဲရှိသေးပြီး
မြို့ဆိုတဲ့အဝန်းအဝိုင်းဟာလည်း
ကရင်မလင်ဆိုတာကိုပဲ
သတ်မှတ်ထားတဲ့အချိန်တုန်းကပေါ့။
အခုအာရ်ဘာ့သ်လမ်းရှိတဲ့နေရာကို
vspolye(всполье) လို့ သတ်မှတ်ထားတဲ့အချိန်ပါ။
всполье ဆိုတာကတော့
မြို့စွန်မြို့ဖျားရဲ့ဘေးပတ်ဝန်းကျင်ကနေရာကို
ဆိုလိုတာပါ။
လွန်ခဲ့တဲ့အချိန်တွေတုန်းကတော့
vspolye(всполье) ဆိုတာဟာ
လူနေတဲ့ရွာတွေရဲ့အကျော်
တိရစ္ဆာန်တွေအတွက်စားကျက်မြေနဲ့
လယ်ကွင်းတွေရှိတဲ့နေရာကို ခေါ်ဆိုခဲ့ကြပါတယ်။
အပင်လည်းမရှိတဲ့ ဟင်းလင်းပြင်နေရာတွေမှာ
ဆောင်းရာသီဆိုရင် လေကြမ်းတွေလည်း
တိုက်လေ့ရှိကာ ရန်သူတွေရဲ့ရန်ကိုလည်း
ကြောက်ရတဲ့အတွက်အခြေချနေထိုင်လိုခြင်း
မရှိကြပါဘူး။
Mozhaisk(Можайск) မြို့၊ Smolensk( Смоленск) မြို့တို့အပြင်
ဥရောပကိုပါသွားလို့ရတဲ့ ရှေးကျတဲ့
Mozhaisk လမ်းမကြီးဟာ ထိုကွင်းပြင်ကြီးကို
ဖြတ်ပြီးတည်ရှိနေတာဖြစ်ပါတယ်။
ရုရှားစစ်တပ်တွေဟာ ကရင်မလင်ရဲ့ Trinity Gate(Троицкие ворота) ကိုဖြတ်ပြီး
ထိုလမ်းမကြီးတစ်လျှောက် တိုက်ပွဲတွေဆီ
စစ်ချီတက်လေ့ရှိပြီး ထိုလမ်းကြောင်းအတိုင်းပဲ ပြန်လာလေ့ရှိကြပါတယ်။
တဖြည်းဖြည်းနဲ့ စစ်သားတွေဟာ
всполье ဆိုတဲ့ ထိုစားကျက်မြေမှာ
အခြေချနေထိုင်လာကြတယ်။
ထိုနေရာမှာ ရုရှားစစ်တပ်ရဲ့
ပထမဆုံးသောအမြဲတမ်းတပ်ဖွဲ့ဖြစ်တဲ့
လေးစစ်သည်တွေ နေထိုင်ကြခဲ့ကြတယ်။
သူတို့ရဲ့တာဝန်က မြို့ကိုကာကွယ်ဖို့နဲ့
အေးချမ်းတဲ့အချိန်တွေမှာတော့
လက်မှုပညာ၊ ကုန်သွယ်မှုတို့ကို
လုပ်ကိုင်ရင်း ဖြတ်သန်းကြပါတယ်။
သူတို့မိသားစုတွေ နေထိုင်ဖို့အတွက်
အိမ်တွေကိုပါဆောက်လုပ်ခဲ့ကြပါတယ်။
========================

အပိုဒ် (၃)

လက်မှုပညာသည်တို့ရဲ့လမ်း
(Улица ремесленников)

မော်စကိုမြို့ရဲ့အဝန်းအဝိုင်းဟာလည်း
တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာသလို
နေရာအသစ်တွေကိုလည်း
အကာအကွယ်ပေးဖို့လိုလာပြန်တာကြောင့်
မြို့တော်ရဲ့ပတ်ပတ်လည်မှာ ခံတပ်တစ်ခုကို
ထပ်မံတည်ဆောက်လိုက်ကြပါတယ်။
skorodom(скородом) လို့ခေါ်တဲ့
သစ်ပင်လုံးပတ်သေးတာတွေကို ခြံစည်းရိုးတိုင်လုပ်၊
သစ်ကိုင်းတွေနဲ့ ထရံပုံစံရက်လုပ်ပြီး
အကာအရံအဖြစ်ပြုလုပ်ကာ
မြေစေးတွေကို ထပ်မံလောင်းထည့်ရင်း
မြေတံတိုင်းပြုလုပ်တဲ့ပုံစံဖြစ်ပါတယ်။
скородом ရဲ့အဓိပ္ပါယ်ကတော့
သစ်သားနံရံတွေကို တစ်နှစ်အတွင်း
အပြီးတည်ဆောက်ခဲ့တဲ့အတွက်
ထိုနာမည်ကို ပေးတာလို့ပြောကြပြီး
တည်ဆောက်မှုဟာ အလျင်အမြန်တည်ဆောက်ခဲ့ရတာဖြစ်တဲ့အတွက်
အရည်အသွေးမကောင်းတာကြောင့်
မီးလောင်မှုနဲ့အတူ ပြာကျခဲ့ရပါတယ်။
နံရံတင်မကပါဘူး၊ ဆောက်လုပ်ထားတဲ့
အိမ်တွေဟာလည်း ပြီးပြီးရောအမြန်ဆောက်ထားတဲ့ သစ်သားအိမ်လေးတွေချည်းပါပဲ။
скородом က
kitay-gorod(китай-город) နဲ့ ဆင်တူပါတယ်။
(Китай-город အကြောင်း(အကျယ်)
https://www.facebook.com/photo.php?fbid=2535991273168979&set=a.2532025456898894&type=3)
စစ်သားတွေနေထိုင်တဲ့ всполье ကိုလည်း
скородом ရဲ့အဝန်းအဝိုင်းထဲမှာ
ထည့်သွင်းလိုက်ပါတယ်။
ဇာဘုရင်ရဲ့တော်ဝင်နန်းတော်အတွက်
အလုပ်လုပ်ပေးကြရတဲ့ လက်မှုပညာသည်တွေဟာ လေးစစ်သည်တော်တွေရဲ့
အိမ်နီးချင်းတွေ ဖြစ်လာကြပါတယ်။
ဒီသမိုင်းစာမျက်နှာမှာတော့
အာရ်ဘာ့သ်လမ်းကြားတွေရဲ့
နာမည်ဖြစ်ပေါ်လာပုံကို ပြောပြနေပါတယ်။

Plotnikov Lane(Плотников переулок) ဆိုတာ
လက်သမားလမ်းကြားလို့ အဓိပ္ပါယ်ရပြီး
ထိုအချိန်အခါက လက်သမားတွေ(плотник)
နေထိုင်၊ အလုပ်လုပ်ခဲ့ကြလို့ဖြစ်ပါတယ်။

Silver Lane(Серебряный переулок) ဆိုတာကတော့
ပန်းထိမ်ဆရာတွေနေထိုင်ခဲ့တဲ့လမ်း ဖြစ်ပါတယ်။
👍2
Money Lane(Денежный переулок) ဆိုတာကတော့
အစိုးရငွေတိုက်အတွက် အလုပ်လုပ်သူတွေ
နေထိုင်ခဲ့ကြတာဖြစ်တဲ့အတွက် ထိုနာမည်ပေးထားတာဖြစ်ပါတယ်။

Bolshaya Konyushennaya Sloboda(Большая Конюшенная слобода) ဆိုတာကတော့
ထိုလမ်းမှာ သားမွေးအထည်ရောင်းချသူတွေနဲ့
မြင်းထိန်းတွေ၊ မြင်းဇောင်းတွေရှိတဲ့အတွက်ကြောင့်ပါ။
скородом ဟာ အခုချိန်မှာတော့ Garden Ring(Садовое кольцо) ဖြစ်နေပါပြီ။
========================

အပိုဒ် (၄)

မင်းမျိုးမင်းနွယ်၊ အထက်တန်းလွှာတို့နေထိုင်ရာလမ်း
(Улица аристократов)

Peter the Great I(Пётр Великий, Пётр I)အုပ်စိုးချိန်အခါ
အာရ်ဘာ့သ်မှာ ပြောင်းလဲမှုတွေ
အများကြီးဖြစ်ပေါ်ခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ကတော့
ဘုရင်က လေးစစ်သည်တပ်ကို
ဖျက်သိမ်းလိုက်တဲ့အတွက် လေးစစ်သည်တွေဟာ
ထိုနေရာကနေ ထွက်သွားကြတယ်။
ထို့နောက်မှာတော့ စိန့်ပီတာစပက်ကို
ရုရှားနိုင်ငံရဲ့မြို့တော်အဖြစ်
တရားဝင်သတ်မှတ်လိုက်တဲ့အတွက်
တော်ဝင်လက်မှုပညာရှင်တွေအားလုံးနီးပါးဟာလည်း စိန့်ပီတာစပက်ကို ပြောင်းရွှေ့သွားကြပြန်တယ်။
လူသူကင်းမဲ့နေတဲ့ အာရ်ဘာ့သ်ဟာ
ဂရုစိုက်မယ့်သူမရှိဘဲ ၁၇၃၆ ခုနှစ်မှာ
နောက်တစ်ကြိမ်မီးလောင်ခဲ့တဲ့
မော်စကိုမီးလောင်ကျွမ်းမှုမှာ လမ်းတစ်ခုလုံးနီးပါး လောင်ကျွမ်းပြာကျခဲ့ရပါတယ်။
ဒီလိုနဲ့ လမ်းကို တစ်ဖန်ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။
နယ်မြေကို တိုးချဲ့လိုက်တယ်။
အိမ်သေးလေးတွေနဲ့ ဈေးတန်းလေးတွေရဲ့နေရာမှာ
လှပတဲ့အိမ်ကြီးရခိုင်တွေကို အစားထိုးတည်ဆောက်လိုက်တယ်။
ဘုရင်ဟာ သူ့ရဲ့နန်းတော်ကို စိန့်ပီတာစပက်ဆီ
ပြောင်းရွှေ့လိုက်ပေမဲ့
မပြောင်းရွှေ့ချင်တဲ့ တော်ဝင်မျိုးနွယ်တွေဟာ
ထိုနေရာမှာ အခြေချနေထိုင်ကြပါတယ်။
တော်ဝင်မျိုးနွယ်တွေထဲက အတော်များများဟာ
မော်စကိုနဲ့မလှမ်းမကမ်းမှာ
အိမ်ကြီးအိမ်ကောင်းတွေ ရှိနေကြကာ
ဘုရင်ကိုတည်မှီပြီး
စီးပွားရေးအခြေခိုင်မာနေတဲ့အတွက်
ခွဲထွက်ဖို့ကိုတော့ အဆင်သင့်ဖြစ်မနေခဲ့ပါဘူး။
လှပတဲ့မျက်နှာစာတွေနဲ့အဆောက်အအုံတွေကို
အခုချိန်မှာတော့ တွေ့မြင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ၁၈၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့
မျိုးချစ်စစ်ပွဲအတွင်းမှာ
အဆောက်အအုံအားလုံးနီးပါး
ပျက်စီးသွားခဲ့ရပါတယ်။
စမာလန်းန်စ်ခ်လမ်းမကြီး(Смоленская дорога) အတိုင်း
ပြင်သစ်ဧကရာဇ်နပိုလီယံရဲ့တပ်တွေဟာ
ဝင်ရောက်လာခဲ့ကြတာပါ။
ထိုအချိန်မှာ မော်စကိုမြို့နေအတော်များများဟာ ကျူးကျော်လာသူတွေက
သူတို့ရဲ့အိမ်တွေကို ဖောက်ထွင်းပြီး
လုယူ၊ ဖျက်စီးမှာကို မလိုလားတာကြောင့်
သူတို့ကိုယ်တိုင်ပဲ အိမ်တွေကို မီးရှို့လိုက်ကြပါတယ်။
ထိုမီးလျှံကြီးထဲမှာတော့
အဆောက်အအုံအားလုံးနီးပါး
ပြာကျသွားပါတော့တယ်။

စစ်နိုင်ပြီးတဲ့နောက်မှာတော့
မော်စကိုမြို့သူမြို့သားတွေဟာမြို့ကို
အသစ်တစ်ဖန်ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။
အာရ်ဘာ့သ်ရဲ့အဆောက်အအုံအားလုံးကို
ကျောက်သားနဲ့ တည်ဆောက်လိုက်ကြပါတယ်။
အရမ်းကြီးမမြင့်မားကာ
နေချင်စရာကောင်းလှတဲ့ အိမ်ကြီးရခိုင်တွေဟာ
ဥယျာဉ်တွေနဲ့ ဝန်းရံထားပြီး
လမ်းတစ်လျှောက်လုံးဟာလည်း
အလှစိုက်ပျိုးထားတဲ့ သစ်ပင်၊ ပန်းမန်တွေကြားမှာ မြုပ်ကွယ်နေပါတယ်။
စက်ရုံတွေ၊ လက်မှုအလုပ်ရုံတွေ၊
ဟော်တယ်စတာတွေ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။
တော်ဝင်မျိုးနွယ်တွေက ကုန်သည်တွေကို
သဘောမကျတဲ့အတွက် အာရ်ဘာ့သ်လမ်းထဲကနေ ဈေးပွဲတော်တွေ၊ဈေးတန်းတွေ၊ ဈေးဆိုင်တွေအကုန်လုံးဟာ ပျောက်ကွယ်သွားပါတော့တယ်။
အသက်ရှင်နေထိုင်ဖို့အတွက်
လိုအပ်တဲ့အရာမှန်သမျှကိုတော့
မော်စကိုပတ်ဝန်းကျင်က ပေးပို့ရောင်းချကြသလို၊
ခြံဝန်းထဲက စိုက်ခင်းထဲမှာ စိုက်ပျိုးထားတာမျိုးလည်း ရှိပါတယ်။
ဒီလိုဆိတ်ငြိမ်ပြီး အေးချမ်းလှတဲ့နေရာကို
ထိုခေတ်အခါတုန်းက
အကျော်ကြားဆုံးမိသားစုတွေဖြစ်ကြတဲ့ Долгорукие, Толстые,
Гагарины, Голицыны, Шереметевы စတဲ့မိသားစုတွေက နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အာရ်ဘာ့သ်လမ်းဟာ
မင်းမျိုးမင်းနွယ်တွေ၊ အထက်တန်းလွှာတွေနေထိုင်တဲ့လမ်း ဖြစ်လာပါတယ်။
ထိုနေရာမှာ စာပေ၊ အနုပညာဆိုင်ရာတွေ ဝိုင်းဖွဲ့ကြတဲ့အခန်းတွေ၊
ဆွေးနွေးပွဲတွေရှိကြတဲ့အတွက် အလွန်ကိုခေတ်မီဆန်းသစ်တဲ့နေရာလို့
အများက သတ်မှတ်ထားခဲ့ကြပါတယ်။
====================

Кредит....C Thu Htet
👍4
- Анна, это твой журнал? အာန်နာ, အယ်သာ သဗွေ့ရ် ဇျူးရ်နာ့လ်?
- Да, мой. ဒါ, မွေ့ရ်.
- Дай, пожалуйста. ဒါ့ရ်, ပါရှာလု့ရ်စသာ.
- Пожалуйста. ပါရှာလု့ရ်စသာ.

- အာန်နာ အဲ့ဒါ မင်းရဲ့ မဂ္ဂဇင်းလား။
- ဟုတ်ပါတယ်, ငါ့ဟာပါ။
- ကျေးဇူးပြု၍ ပေးလို့ရမလား။
- ခွင့်ပြုပါတယ်/ ရပါတယ်။


- Ира, скажи, это твоё фото? အီရာ, စကာဇျိ, အယ်သာ သဗာရော် ဖိုသာ?
- Да, моё. ဒါ, မိုင်ရော်.
- Покажи, пожалуйста. ပါကာဇျိ, ပါရှာလု့ရ်စသာ.
- Пожалуйста. ပါရှာလု့ရ်စသာ.

- အီရာ အဲ့ဒါမင်းရဲ့ ဓာတ်ပုံလား ပြောပါ။
- ဟုတ်ပါတယ်, ငါ့ဟာပါ။
- ကျေးဇူးပြု၍ ပြလို့ရမလား။
- ခွင့်ပြုပါတယ်/ ရပါတယ်။


- Здравствуйте! Я ваш преподаватель Анна Ивановна. ဇသရာ့စ်ထ်ဗွီကျယ်! ရာ ဗာ့ရှ် ပရီပါဒါဗာကျယ်လ် အာန်နာ အီဗာနော့ဖ်နာ.
- Здравствуйте! ဇသရာ့စ်ထ်ဗွီကျယ်!

- မင်္ဂလာပါ! ငါက မင်းတို့ရဲ့ဆရာမ အာန်နာ အီဗာနော့ဖ်နာပါ။
- မင်္ဂလာပါ။


- Здравствуй, Виктор! ဇသရာ့စ်ထ်ဗွီ, ဗျိခ်သာရ်!
- Здравствуй, Антон! Как дела? ဇသရာ့စ်ထ်ဗွီ, အန်သွန်! ကာ့ခ် ဂျဲလ?
- Хорошо, спасибо, а ты. ခရာရှိုး, ဆပါဆီးဘာ, အာ သီ.

- မင်္ဂလာပါ ဗျိသန်။
- မင်္ဂလာပါ အန်သွန်။ နေကောင်းပါရဲ့လား။
- ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်၊ မင်းရော အဆင်ပြေ/နေကောင်းလား။


- Это чай? Дайте, пожалуйста. အယ်သာ ချာ့ရ်? ဒါ့ရ်ကျယ်, ပါရှာလု့ရ်စသာ.
- အဲ့ဒါ လ္ဘက်ရည်လား။ ကျေးဇူးပြု၍ ပေးပါ။


- Когда урок? ကာ့ဂဒါ အုရော့ခ်?
- Завтра. ဇာ့ဖ်သရာ

- သင်ခန်းစာချိန်က ဘယ်တော့လဲ။
- မနက်ဖြန်ပါ။


- Твоя ручка? Покажи, пожалуйста. သဗာရာ ရုခ်ျရှာ? ပါကာဇျိ, ပါရှာလု့ရ်စသာ.

- မင်းရဲ့ ဘောပင်လား။ ကျေးဇူးပြ၍ ပြပါ။


- Где университет? ဂဂျဲ အူးညီဗျယ်ရ်စီကျယ့်ထ်?
- Вот здесь. Слева. ဗို့ထ် ဇဂျက်. စလဲဗာ.
- А это общежитие? အာ အယ်သာ အာ့ဖ်ရှယ်ဇျီကျီရယ်?
- Да, вот оно, справа. ဒါ, ဗို့ထ် အာနော်, စပရာဗာ.

- တက္ကသိုလ်က ဘယ်မှာလဲ။
- ဒီမှာပါ။ ဘယ်ဘက်မှာပါ။
- အဲ့ဒါက အိပ်ဆောင်လား။
- ဟုတ်ပါတယ် ညာဘက်က အိပ်ဆောင်ပါ။


- Сейчас урок? စီးချာ့စ် အုရော့ခ်?
- Конечно. ကာညက်ချနာ

- အခုက သင်ခန်းစာချိန်လား။
- အမှန်ပါပဲ/ အသေချာပဲ။


- Скажите, пожалуйста, что это? စကာဇျီကျယ်, ပါရှာလု့ရ်စသာ, ရှသော အယ်သာ?
- Это Большой театр. အယ်သာ ဘာလ်ရွှေ့ရ် ကျယ်အာသရ်.
- Спасибо. ဆပါဆီဘာ

- အဲ့ဒါက ဘာလဲဆိုတာ ကျေးဇူးပြု၍ ပြောပြပါ။
- အဲ့ဒါက ကြီးမားတဲ့ ပြဇာတ်ရုံပါ။
- ကျေးဇူးတင်ပါတယ်။


- Скажи, кто это? Это твоя подруга? စကာဇျိ, ခသော အယ်သာ? အယ်သာ သဗာရာ ပါသရု့ဂါ?
- Нет, это моя сестра. ညယ့်ထ်, အယ်သာ မိုင်ရာ ဆစ်စ်သရာ.

- အဲ့ဒါ ဘယ်သူလဲပြောပါ။ အဲ့ဒါ မင်းရဲ့ မိန်းကလေး သူငယ်ချင်းလား။
- မဟုတ်ပါဘူး၊ အဲ့ဒါ ငါ့ရဲ့ အမပါ။


အီရာ အိမ်မှာ ရှိလားဟု သိချင်၍ အီရာတို့အိမ်သို့ အီဗန်မှ ဖုန်းခေါ်ရာ ရယ်လယ်နာ မှ လာကိုင်သောအခါ ဖုန်းပြောဆိုမှု လေ့ကျင့်ခန်း။

Елена : Алло! အာလို! (ဟယ်လို)
Иван : Здравствуйте, Елена! Это Иван. ဇသရာစ်ထ်ဗွီကျယ်, ရယ်လယ်နာ! အယ်သာ အီဗန်. (မင်္ဂလာပါ ရယ်လယ်နာ။ အခုပြောနေတာ အီဗန်ပါ)
Елена : Здравствуй, Иван! Как ты? Как дела? ဇသရာစ်ထ်ဗွီ, အီဗန်! ကာ့ခ် သီ? ကာ့ခ် ဂျဲလ? (မင်္ဂလာပါ အီဗန်၊ မင်းဘယ်လိုလဲ။ နေကောင်းလား။/ အဆင်ပြေလား)
Иван : Хорошо, только очень холодно. ခရာရှိုး, သိုလ်ကာ အိုချီ ခိုးလာ့ထ်နာ. (ကောင်းပါတယ်၊ ဒါပေမယ့် အရမ်းအေးတယ်။)
Елена : конечно, осенью всегда холодно. အာညယ်ချနာ, အောဆင်ညူး ဗ်ဆယ်ဂဒါ ခိုးလာ့ထ်နာ (သေချာတာပေါ့၊ ဆောင်းတွင်းကတော့ အမြဲအေးတယ်)
Иван : Елена, скажите, пожалуйста, Ира дома. ရယ်လယ်နာ, ဆကာဇျီကျယ်, ပါရှာလု့ရ်ဆသာ, အီရာ ဒိုမာ. (ရယ်လယ်နာ ကျေးဇူးပြု၍ ပြောပြပါ၊ အီရာ အိမ်မှာရှိလား)
Елена : Сейчас нет. Позвони вечером. ဆီရ်ချာ့စ် ညယ့်ထ်. ပါဇဗာညိ့ ဗျဲချယ်ရမ်. (အခုတော့ မရှိဘူး။ ညနေမှ ပြန်ခေါ်လိုက်ပါ။)
Иван : Когда? Вечером? ကာ့ဂဒါ? ဗျဲချယ်ရမ် ( ဘယ်တော့လဲ။ ညနေလား။)
Елена : Да, да, вечером. ဒါ, ဒါ, ဗျဲချယ်ရမ် (ဟုတ်တယ်၊ ဟုတ်တယ်၊ ညနေပါ)
Иван : Спасибо, извините. До свидания. ဆပါဆီးဗာ, အီဇ်ဗီးညီးကျယ်. ဒါ ဆဗီးဒါ့ညီရာ (ကျေးဇူးတင်ပါတယ်၊ ခွင့်ပြုပါအုံး။ တာ့တာ)
Елена : Ничего, ничего. До свидания. ညိ့ချီဘော်(ညိ့ချီဂေါ်)၊ ညိ့ချီဘော်၊ ဒါ ဆဗီးဒါ့ညီရာ (ပြသနာမရှိပါဘူး/ ရပါတယ်၊ ရပါတယ်၊ တာ့တာ)


- Можно? မော့ရှနာ?
- Да, можно./ - Нет, нельзя. ဒါ, မော့ရှနာ./ ညက်ထ်, ညိ့လ်ဇျာ

- ပြုလုပ်ခွင့်ပြုနိုင်မလား။
- ရပါတယ် လုပ်ပါ။ / ခွင့်မပြုနိုင်ပါဘူး။


အောက်ပါ အဖြေများအား အလွယ်ကူဆုံး အမေးဝါကျ ဖွဲ့ပြပါ။

- Это наша школа.
- Урок завтра, утром.
- Анна дома.
- Это театр.
- Это наш преподаватель.
- Магазин слева.
- Почта здесь.
- Это мой брат.
- Экскурсия днём.
- Метро там.
2
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့သည် လီနင်ဂရက်ဟုခေါ်သော စိန့်ပီတာစဘတ်မြို့၏ သမိုင်းဝင် ထူးခြားသည့်နေ့ တစ်နေ့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ထိုအချိန်က လီနင်ဂရတ် ဟုခေါ်သော စိန့်ပီတာစဘတ်မြို့သူ/သားများသည် ဂျာမန်တို့၏ ဝိုင်းရံမှုအောက်တွင် ရက်ပေါင်း ၉၀၀ နီးပါး နေထိုင်ခဲ့ကြရသည်။ ဆိုဗီယက်စစ်တပ်သည် ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဂျာမန်များ၏ ဝိုင်းရံထားမှုမှ လွတ်မြောက်ခဲ့ပြီး ထိုနေ့သည် စိန့်ပီတာစဘတ်အတွက် အလွန်အရေးပါပြီး အမှတ်တရဖွယ် နေ့တစ်နေ့ ဖြစ်ခဲ့သည်။

၁၉၄၁ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် လီနင်ဂရက်မြို့အား ဂျာမန်တို့မှ စတင် ဝိုင်းရံခြင်း ခံခဲ့ရသည်။ ထိုနှစ်နွေရာသီတွင် မြို့တွင်းတိုက်ပွဲများ စတင်ခဲ့သော်လည်း ဂျာမန်တပ်များက မြို့ကို မသိမ်းပိုက်နိုင်ဘဲ ဝိုင်းရံပိတ်ဆို့ထားရန် ဆုံးဖြတ်ချက်ချခဲ့သည်။ လီနင်ဂရက်မြို့သည် ကျန်ဆိုဗီယက်ယူနီယံများကဲ့သို့ ငတ်မွတ်မှု၊ အအေးဒဏ်နှင့် အဆက်မပြတ် ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုများကို ခံစားခဲ့ရသည်။ ထိုနှစ်များတွင် ဆောင်းရာသီသည် အလွန်ပြင်းထန်သော်လည်း နွေးထွေးသောအိမ်များအတွက် လောင်စာမရှိ၊ လျှပ်စစ်မရှိ၊ ရေလည်းမရှိခဲ့ပေ။ နိုင်ငံနှင့် တစ်ခုတည်းသော ချိတ်ဆက်မှုမှာ ဝိုင်းရံထားသောမြို့သို့ အနည်းဆုံး အရေးပေါ် အထောက်အပံ့များ ပေးအပ်ရယူရန် အပြုနိုင်သည့် Ladoga Lake ဖြစ်သည်။ ရုရှားဘာသာဖြင့် «блокада» ဟုခေါ်သော အဆိုပါဝိုင်းရံမှုသည် ၁၉၄၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် တစ်စိတ်တစ်ပိုင်း လျော့နည်းခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင် လုံးဝရုတ်သိမ်းခဲ့သည်။ အကြမ်းဖျင်းခန့်မှန်းချက်များအရ အသေအပျောက်စာရင်းမှာ ခြောက်သိန်း မှ ဆယ့်ငါးသိန်း အထိ ရှိပြီး ဝိုင်းရံခံထားရသောကြောင့် အသက်မည်မျှသေဆုံးခဲ့သည်ကို အတိအကျ မသိရပေ။

ထိုနှစ်များအတွင်းတွင်ပင် မြို့၏ဘဝသည် မပျက်ဆီးခဲ့ပေ။ လူတွေက မြို့ကို ရှင်သန်အောင် စောင့်ရှောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဒါဟာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ အချို့သော စက်ရုံများသည် အလုပ်ဆက်လုပ်ကြသည်။ ပန်းရံဆရာများနှင့် ဆောက်လုပ်ရေးသမားများသည် ရန်သူ့ဒုံးကျည်များအန္တရာယ်မှ ကာကွယ်နိုင်ရန် မြို့တွင်းရှိ အဆောက်အအုံများကို အကာအကွယ်ရရန် ကူညီဆောက်လုပ်ခဲ့ကြသည်။ အချို့ကျောင်းများ၊ ပြဇာတ်ရုံများနှင့် ပြတိုက်များသည် နိုင်ငံသားများကို ပုန်းခိုနေထိုင်နိုင်စေဖို့ ထောက်ပံ့ရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ ကျန်ပြည်နယ်များနှင့် တစ်ခုတည်းသော ဆက်သွယ်မှုမှာ The Road of Life (Дорога жизни) ဟုခေါ်သည့် ဖြတ်ကျော်လမ်းဖြစ်သော Ladoga Lake ဖြစ်သည်။ မြို့တော်ကို မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ဆောင်းရာသီမှာ အသုံးပြုခဲ့တဲ့ ရေခဲလမ်းဖြစ်ပါတယ်။

ထိုသို့ ဝန်းခံပိတ်ဆို့ခံရခြင်းသည် စိန့်ပီတာစဘတ်ရှိ ကြေကွဲဖွယ် သမိုင်းစာမျက်နှာတစ်ခုဖြစ်ခဲ့ပြီး မေ့မရနိုင်သော ကမ္ဘာ့သမိုင်းဖြစ်သည်။ စိန့်ပီတာစဘတ်တွင် ဤအဖြစ်အပျက်များအကြောင်း ကျွန်ုပ်တို့အား ပြောပြနိုင်သော နေရာများစွာရှိသည်။ ဤအချိန်ကာလအကြောင်းပိုမိုလေ့လာရန် လီနင်ဂရက် ကာကွယ်ရေးပြတိုက်နှင့် ဝိုင်းရံထားသော ပြတိုက်များသို့ သွားရောက်ကြည့်ရှုနိုင်သည်။ Памятник Героическим защитникам Ленинграда သို့မဟုတ် ထိုအချိန်က သေဆုံးခဲ့သော မြို့သူမြို့သား လေးသိန်းနှစ်သောင်း၏ အကြွင်းအကျန်များ မြှုပ်နှံထားရှိရာ Пискарёвское мемориальное кладбище သင်္ချိုင်းသို့သွားရောက် လေ့လာကြည့်ရှုနိုင်သည်။ ရုရှားလို ကျော်ကြားတဲ့ စကားတစ်ခွန်းရှိတယ်။ အဲ့ဒါကတော့ «Никто не забыт, ничто не забыто» “ဘယ်သူမှ မေ့မပစ်ဘူး၊ ဘယ်အရာကိုမှ မေ့မပစ်ဘူး။” ဆိုသည့် ဝမ်းနည်းစရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အောက်မေ့ပြီး ဂုဏ်ပြုလိုက်ရပါတယ်။
👍1