Russia ဘာသာစကား အပျော်သင်ကြားခြင်းနှင့် ရုရှားနှင့် သက်ဆိုင်သော ဗဟုသုတများ မျှဝေကြမယ်
828 subscribers
292 photos
99 videos
10 files
20 links
Русский язык(ရုရှားဘာသာစကား)ကို စိတ်ဝင်စားသူများအတွက် အခြေခံလေးလောက်ဖြစ်ဖြစ် တတ်မြောက်စေရန်အတွက် စေတနာဖြင့် သင်ကြားခြင်း
Download Telegram
Секунда ဆီကူးန်ဒါ (စက္ကန့်)
Минута မီနူးသာ (မိနစ်)
Час ချာ့စ် (နာရီ)
Часы ချာ့ဆီး (နာရီ) (ဘယ်နှစ်နာရီရှိပြီ/ တိုင်ကပ်နာရီ/စားပွဲတင်နာရီ)
До полудня ဒေါ် ပါလုထ်ညာ (မနက်ပိုင်း/am)
После полудня ပေါ်စလယ် ပါလုထ်ညာ (ညနေပိုင်း/pm)
Половина ပေါ်လာဗျိနာ (နာရီဝက်/တစ်ဝက်)
Вез четверти ‌ဗျဲ့ဇ် ချယ့်ထ်ဗျဲ့ရ်သီ (နာရီဆယ်ငါးမိနစ်အလို/လေးဆယ့်ငါးမိနစ်)
Полдень ပေါ်လ်ဂျင်းန် (မွန်းတည့်ချိန်/နေ့လည် ၁၂ နာရီ)
Полночь ပေါလ်နာ့ခ်ျ (သန်းခေါင်ယံချိန်/ ည ၁၂ နာရီ)
Послезавтра ပေါ်စလယ်ဇာ့ဖ်သရာ (သဘက်ခါ)
Позавчера ပါဇာ့ဖ်ရှယ်ရာ (တစ်နေ့က)

Раз ရာ့ဇ် (အကြိမ်)
Первый ပျဲရ်ဗီးရ် (ပထမ)
Второй ဖသာရွေ့ရ် (ဒုတိယ)
Третий သရယ်ကျီရ် (တတိယ)
Четвёртый ချိထ်‌ဗျော့ရ်သီးရ် (စတုတ္ထ)
Пятый ပျာသီရ် (ပဉ္စမ)
Шестой ရှစ်သွေ့ရ် (ဆဌမ)
Седьмой ဆင်းဂ်ျမွေ့ (သတ္တမ)
Восьмой ဗာ့စ်မွေ့ (အဌမ)
Девятый ဂျေဗျာ့သီးရ် (နဝမ)
Десятый ဂျောဆာ့သီးရ် (ဒသမ)

Перёд ပျီရော့ထ် (ရှေ့ဘက်)
Позади ပါဇာဂျီ (နောက်ဘက်)
Налево နာလယ်ဗာ (လက်ဝဲ/ဘယ်ဘက်)
Направо နာပရာဗာ (လက်ယာ/ညာဘက်)
Внутри ဗနုသရီ (အတွင်း)
Снаружи ဆနာရုဇျီ (အပြင်)
Верхняя ဗျယ်ခ်ညာ (အပေါ်)

ရုရှား၏ “နှစ်” ကိုဖော်ပြရာ၌
📝 1 ဖြင့် ဆုံးလျှင် → год (ဂေ့ါထ်)
📝 2,3,4 ဖြင့်ဆုံးလျှင် → года (ဂေါ်ဒါ)
📝 5,...,0 ဖြင့်ဆုံးလျှင် → лет (လယ့်ထ်)


Дома
Здесь
Где? Тут
Там
Слева ဆလယ်ဗာ (ဘယ်မှာ)
Справа ဆပရာဗာ (ညာမှာ)

ပုံကိုကြည့်၍ ဝါကျဖွဲ့သော်

Вот дом. Анна и Антон дома. Здесь дом. Слева банк. Справа аптека. Там парк.
ဒီမှာအိမ်ပါ။ အာန်နာနဲ့ အန်သွန်က အိမ်မှာပါ။ ဒီနေရာမှာ အိမ်ပါ။ ဘယ်ဘက်မှာက ဘဏ်ပါ။ ညာဘက်မှာက ဆေးပေးခန်း/ဆေးဆိုင်ပါ။ ဟိုမှာ ပန်းခြံပါ။


Посмотрите альбом Виктора. Прослушайте диалоги.
ဗျိသာရ်ရဲ့ အယ်လ်ဘမ်ကိုကြည့်ပါ။ ပြေကြားတာတွေကို နားထောင်ပါ။

- Виктор, что это? ဗျိသာရ် အဲ့ဒါဘာလဲ။
- Это наш альбом. အဲ့ဒါ ငါတို့ရဲ့ အယ်လ်ဘမ်ပါ။
- Покажи! ပြပါ။
- Пожалуйста. ရပါတယ်။
- Посмотри, это наша семья. Это я. Это моя мама. Это мой папа. ကြည့်ပါ၊ အဲ့ဒါ ငါတို့မိသားစုပါ။ အဲ့ဒါက ငါပါ။ အဲ့ဒါ ငါ့ရဲ့ အမေပါ။ အဲ့ဒါ ငါ့ရဲ့ အဖေပါ။
- А кто справа? ညာဘက်က ဘယ်သူလဲ။
- Справа мой брат. ညာဘက်က ငါ့ညီ(အစ်ကို)ပါ။
- А это ваша собака. အဲ့ဒါက မင်းတို့ခွေးလား။
- Да, здесь наша собака. ဟုတ်ပါတယ်၊ ဒီမှာ ငါတို့ရဲ့ ခွေးပါ။
- А где твоя бабушка и твой дедушка? မင်းရဲ့ အဖိုးနဲ့အဖွားရော ဘယ်မှာလဲ။
- Вот моя бабушка и мой дедушка. Это наш дом. Это наш сад. ငါ့ရဲ့အဖိုးနဲ့အဖွားက ဒီမှာပါ။ အဲ့ဒါ ငါတို့အိမ်ပါ။ အဲ့ဒါ ငါတို့ရဲ့ ဥယျဉ်(ပန်းခြံငယ်)ပါ။
- А это что? အဲ့ဒါက ဘာလဲ။
- А это гараж. Там наша машина. အဲ့ဒါ ကားဂိုဒေါင်ပါ။ ဟိုမှာ ငါတို့ရဲ့ ကားပါ။
- Виктор, а это твоя подруга? ဗျိသာ, အဲ့ဒါ မင်းရဲ့ မိန်းကလေးသူငယ်ချင်းလား။
- Нет, это не подруга, это моя сестра. မဟုတ်ပါဘူး၊ အဲ့ဒါမိန်းကလေးသူငယ်ချင်း မဟုတ်ပါဘူး၊ အဲ့ဒါ ငါ့အမ(ညီမ)ပါ။
- А где вы? မင်းတို့က ဘယ်မှာလဲ။
- Мы дома. ငါတို့က အိမ်မှာပါ။


တပေါ်ကျဲ့များကို အထက်ပါဝါကျအတိုင်း Анна ရဲ့ အယ်လ်ဘမ်ကို ကြည့်၍ အာန်နာ ပြောသည်ကို နားထောင်၍ ဘယ်ဘက်တွင် (сестра- ညီမ/အစ်မ) ရှိပြီး ခွေးနေရာတွင် (кот - ကြောင်)အား ရေးသားရန်။ ထို့အပြင် အဖိုးအဖွားနေရာတွင် (ဦးလေးနဲ့အဒေါ်)ကို ထည့်သွင်း ရေးသားပြီး ပန်းခြံနေရာတွင် (плавательный бассейн/ бассейн - ရေကူးကန်)ကို ရေးသားရန်။ မိန်းကလေးသူငယ်ချင်းလားဟု မေးသောနေရာတွင် အစ်ကိုလားဟု မေးရန်။ အစ်ကိုမဟုတ်ဘူး ယောင်္ကျားလေး သူငယ်ချင်းအဖြစ် ပြန်လည်ရှင်းပြရန်။
👍4
Читать(прочитать) ချိသာ့ခ်ျ(ပရော်ချိသာ့ခ်ျ) (ဖတ်သည်)
Писать (написать) ပိဆာ့ခ်ျ(နာ့ပိဆာ့ခ်ျ) (ရေးသည်)
Говорить (сказать) ဂါဗာရိခ်ျ(ဆကာဇာ့ခ်ျ) (ပြောသည်)
Слушать (послушать) ဆလူးရှာ့ခ်ျ(ပါဆလူးရှာ့ခ်ျ) (နားထောင်သည်)
Гулять (погулять) ဂူလျာ့ခ်ျ(ပေါ်ဂူလျာ့ခ်ျ) (လျှောက်သည်)

Пить, вставать, сидеть, смотреть, видеть အတွက် ကြိယာပုံစံလေးကိုတော့ ပုံပဲရိုက်ပေးလိုက်ပါတယ်။

အနည်းကိန်းမှ အများသို့ပြောင်းချင်းအခြေခံအတွက် အောက်ပါအတိုင်း မှတ်သားထားရမည်-

📝 စာလုံးအဆုံးတွင် သရမပါခြင်း၊ စာလုံးအဆုံးတွင် “а” ဖြင့်ဆုံးလျှင် မူရင်းစာလုံးနောက်တွင် “ы” ပေါင်းထည့်ပေးရမည်။
📝 စာလုံးအဆုံးတွင် “й, я, ь” ဖြင့်ဆုံးလျှင် မူရင်းစာလုံးနောက်တွင် “и” ပေါင်းထည့်ပေးရမည်။
📝 စာလုံးအဆုံးတွင် သရမပါရှိပဲ “ж,ш,ч,щ” “г,к,х” ဖြင့်ဆုံးလျှင် မူရင်းစာလုံးနောက်တွင် “и” ပေါင်းထည့်ပေးရမည်။
📝 စာလုံးအဆုံးတွင် “га, ка, ха” ဖြင့်ဆုံးလျှင် မူရင်းစာလုံးနောက်တွင် “и” ပေါင်းထည့်ပေးရမည်။
📝 စာလုံးအဆုံးတွင် “о” ဖြင့်ဆုံးလျှင် မူရင်းစာလုံးနောက်တွင် “а” ပေါင်းထည့်ပေးရမည်။
📝 စာလုံးအဆုံးတွင် “е” ဖြင့်ဆုံးလျှင် မူရင်းစာလုံးအနောက်တွင် “я” ပေါင်းထည့်ပေးရမည်။

ဥပမာ-
အနဲကိန်း(она,она,оно) အများကိန်း(они)
Стол → Столы
Газета → Газеты
Музей → Музеи
Песня → Песни
Словарь → Словари
Тетрадь → Тетради
Этаж → Этажи
Учебник. → Учебники
Книга → Книги
Окно. → Окна
Море → Моря

🔔 ခြွင်းချက်အနေဖြင့်
🔸 Брат → Братья (အစ်ကို/အစ်ကိုများ)
🔸 Друг → Друзья (သူငယ်ချင်း/သူငယ်ချင်းများ)
🔸 Стул → Стулья (ကုလားထိုင်/ကုလားထိုင်များ)
🔸 Сестра → Сёстры (အစ်မ/အစ်မများ)
🔸 Дом → Дома (အိမ်/အိမ်များ)
🔸 Город → Города (မြို့/မြို့များ)
🔸 Глаз → Глаза (မျက်လုံး/မျက်လုံးများ)
🔸 Человек → Люди (လူ/လူများ)
🔸 Ребёнок → Дети (ကလေး/ကလေးများ)
👍2
Как? (ဘယ်လို) ဟူသော အမေးဝါကျကို နောက်ထပ် အသေးစိတ် ကြိယာ အနေဖြင့် (он/она/оно/они) စသည့်(အထီး/အမ/သဘာဝ/အများ) အား မေးမြန်း/ပြောဆို/ဖြေကြားလိုလျှင် (Какой/ Какая/ Какое/ Какие) ဖြင့်အသုံးပြုရမည်။ ထို့တွက် Какой/ Какая/ Какое/ Какие ဖြင့်ရေးသားရန်အတွက် အောက်ပါတို့ကို သိရှိထားရမည်-

📝 Какой? (он) ၏ အဆုံးစာလုံးများတွင် -ый, -ой, ий ဖြင့်အဆုံးသတ်ရသည်။
🔸 -ый, -ой
Новый(သစ်သော), старый (ဟောင်းသော), родной (ဇာတိ “မိခင်ဘာသာစကား၊ မိခင်နိုင်ငံ၊ ဇာတိမြေ၊ မွေးရပ်မြို့" စသည်တို့ကိုပြောလိုလျှင် သုံးသည်။)

🔸 -ий
Синий(အပြာရောင်)

🔸 -г, -к, -х နောက်တွင် -ий ဖြင့်ရေးရမည်။
Маленький (သေးငယ်သော)

🔸 -ж, -ш, -ч, -ш နောက်တွင် -ий, -ой ဖြင့်ရေးရမည်။
Хороший (ကောင်းမွန်သော)၊ большой (ကြီးမားသော)

📝 Какая? (она) ၏ အဆုံးစာလုံးများတွင် -ая, -яя ဖြင့် အဆုံးသတ်ရမည်။
🔸 -ая
Новая ၊ старая၊ родная

🔸 -яя
Синяя

🔸 -г, -к, -х နောက်တွင် -ая ဖြင့် ရေးရမည်။
Маленькая

🔸 -ж, -ш, -ч, -ш နောက်တွင် -ая ဖြင့် ရေးရမည်။
Хорошая, большая

📝 Какое? (оно) ၏ အဆုံးစာလုံးများတွင် -ое, -ее ဖြင့် အဆုံးသတ်ရမည်။
🔸 -ое
Новое, старое, родное

🔸 -ее
Синее

🔸 -г, -к, -х နောက်တွင် -ое ဖြင့် ရေးရမည်။
Маленькое, большое

🔸 -ж, -ш, -ч, -щ နောက်တွင် -ее, -ое ဖြင့် ရေးရမည်။
Хорошее, большое

📝 Какие? (они) ၏ အဆုံးစာလုံးများတွင် -ые, -ие ဖြင့် အဆုံးသတ်ရမည်။
🔸 -ые
Новые, старые, родные

🔸 -ие
Синие

🔸 -г, -к, -х နောက်တွင် -ие ဖြင့် ရေးရမည်။
Маленькие

🔸 -ж, -ш, -ч, -щ နောက်တွင် -ие ဖြင့် ရေးရမည်။
Хорошие, большие

အထက်ပါတို့ကို သိရှိပြီး (какой, какая, какое, какие)အား ဥပမာအနေဖြင့် ဝါကျဖွဲ့ပြရလျှင်-

Какой это город? ကာကွေ့ရ် အယ်သာ ဂေါရာ့ထ်? (အဲ့ဒါ ဘယ်လို မြို့လဲ)
Это прекрасный город. အယ်သာ ပရီခရာ့စ်နီးရ် ဂေါရာ့ထ် (အဲ့ဒါ လှပသော မြို့ပါ)

Какая это девушка? ကကာရာ အယ်သာ ဂျယ်ဗုရှကာ? (အဲ့ဒါ ဘယ်လို မိန်းကလေးလဲ)
Это красивая девушка. အယ်သာ ခရာ့စီဗာရာ ဂျယ်ဗုရှကာ (အဲ့ဒါ လှပတဲ့ မိန်းကလေးပါ)

Какое это окно? ကာကိုးရယ် အယ်သာ အာ့ခ်နော? (အဲ့ဒါ ဘယ်လို ပြတင်းပေါက်လဲ)
Это большое окно. အယ်သာ ဘာလ်ရှောရယ် အာခ်နော (အဲ့ဒါ ကြီးမားတဲ့ ပြတင်းပေါက်ပါ)

Какие это цветы? ကာကီရယ် အယ်သာ စဗျယ့်သီ? (အဲ့ဒါ ဘယ်လို ပန်းတွေလဲ)
Это ароматные цветы. အယ်သာ အာရောမာထ်နီရယ် စဗျယ့်သီ (အဲ့ဒါ မွှေးကြိုင်တဲ့ ပန်းတွေပါ)

အထက်ပါတို့ကို သိရှိပြီး လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်
📝 Какой это [ парк(ပန်းခြံ)၊ музей (ပြတိုက်)၊ город (မြို့)၊ магазин (စတိုးဆိုင်)၊ Роман(ဝတ္ထု)]? အား [ красный (လှသော)၊ новый (သစ်သော)၊ русский (ရုရှားနှင့်သက်ဆိုင်သော)၊ большой (ကြီးမားသော)၊ интересный(စိတ်ဝင်စားစရာကောင်းသော)] တို့ဖြင့် တွဲ၍ဖြေကြားခြင်း လေ့ကျင့်ခန်းပြုလုပ်ရန်။

📝 Какая это [ девушка (မိန်းကလေး)၊ библиотека (စာကြည့်တိုက်)၊ машина (ကား)၊ статья (ဆောင်းပါး)၊ страна (နိုင်ငံ)]? အား [ красивая (လှသော)၊ старая (ဟောင်းသော)၊ русская (ရုရှားနှင့်သက်ဆိုင်သော)၊ интересная (စိတ်ဝင်စားဖွယ်ကောင်းသော)၊ синяя (ပြာသော)

📝 Какое это [ метро (မြေအောက်ရထား)၊ общежитие (အိပ်ဆောင်)၊ пальто (ကုတ်အင်္ကျီ)၊ письмо (စာ)၊ яблоко (ပန်းသီး)]? အား [ хорошее (ကောင်းသော)၊ маленькое (သေးငယ်သော)၊ синее (ပြာသော)၊ русское(ရုရှားနှင့်သက်ဆိုင်သော)၊ плохое (ဆိုးသော၊ ‌မကောင်းသော)

📝 Какие это [ книги(စာအုပ်များ)၊ друзья (သူငယ်ချင်းများ)၊ журналы (မဂ္ဂဇင်းများ)၊ открытки (ပို့စကတ်များ)၊ люди (လူများ)]? အား [ интересные (စိတ်ဝင်စားဖွယ်ကောင်းသော)၊ старые (ဟောင်းသော)၊ красивые (လှပသော)၊ новые (သစ်လွင်သော)၊ молодые (ငယ်ရွယ်သော)
👍1
မနေ့က သင်ပေးဖြစ်တာလေး
(он/она/оно/они) ခွဲခြား၍ ပိုင်ဆိုင်ခြင်းကို ဖော်ပြရန်/မေးရန်အတွက် မည်သူ၏ဆိုသည့် (Чей?, Чья?, Чье?, Чьи?) (ချေ့ရ်၊ ချီရာ၊ ချီရယ်၊ ချီအီ) ဖြင့်မေးမြန်းရန်အတွက် အောက်ပါတို့ကို သိရှိထားရမည်။

📝 Чей? (Он)
🔸 Я (ငါ) → мой (ကျွန်ုပ်၏၊ ငါ၏)
🔸 Ты (သင်/မင်း) → твой (သင်၏၊ မင်း၏)
🔸 Мы (ငါတို့/ကျွန်ုပ်တို့) → наш (ငါတို့၏၊ ကျွန်ုပ်တို့၏)
🔸 Вы (မင်းတို့/ခင်ဗျား) → ваш (မင်းတို့၏၊ ခင်ဗျား၏)
🔸 Он (သူ) → его (သူ၏)
🔸 Она (သူမ) → её (သူမ၏)
🔸 Они (သူတို့) → их (သူတို့၏)

📝 Чья? (Она)
🔸 Я (ငါ) → моя (ကျွန်ုပ်၏၊ ငါ၏)
🔸 Ты (သင်/မင်း) → твоя (သင်၏၊ မင်း၏)
🔸 Мы (ငါတို့/ကျွန်ုပ်တို့) → наша (ငါတို့၏၊ ကျွန်ုပ်တို့၏)
🔸 Вы (မင်းတို့/ခင်ဗျား) → ваша (မင်းတို့၏၊ ခင်ဗျား၏)
🔸 Он (သူ) → его (သူ၏)
🔸 Она (သူမ) → её (သူမ၏)
🔸 Они (သူတို့) → их (သူတို့၏)

📝 Чье? (Оно)
🔸 Я (ငါ) → моё (ကျွန်ုပ်၏၊ ငါ၏)
🔸 Ты (သင်/မင်း) → твоё (သင်၏၊ မင်း၏)
🔸 Мы (ငါတို့/ကျွန်ုပ်တို့) → наше (ငါတို့၏၊ ကျွန်ုပ်တို့၏)
🔸 Вы (မင်းတို့/ခင်ဗျား) → ваше (မင်းတို့၏၊ ခင်ဗျား၏)
🔸 Он (သူ) → его (သူ၏)
🔸 Она (သူမ) → её (သူမ၏)
🔸 Они (သူတို့) → их (သူတို့၏)

📝 Чьи? (Они)
🔸 Я (ငါ) → мои (ကျွန်ုပ်၏၊ ငါ၏)
🔸 Ты (သင်/မင်း) → твои (သင်၏၊ မင်း၏)
🔸 Мы (ငါတို့/ကျွန်ုပ်တို့) → наши (ငါတို့၏၊ ကျွန်ုပ်တို့၏)
🔸 Вы (မင်းတို့/ခင်ဗျား) → ваши (မင်းတို့၏၊ ခင်ဗျား၏)
🔸 Он (သူ) → его (သူ၏)
🔸 Она (သူမ) → её (သူမ၏)
🔸 Они (သူတို့) → их (သူတို့၏)

အထက်ပါ ဇယားတိုင်ကို သိရှိပြီး လေ့ကျင့်ခန်းပြုလုပ်နိုင်ရန် ဥပမာအနေဖြင့်-
🔸 Чей? မည်သူ၏ (မေးမည့်အရာသည် он ဖြစ်လျှင်)
🔸 Чей журнал? ဘယ်သူ့ရဲ့ မဂ္ဂဇင်းလဲ?
🔸 Чей это журнал? အဲ့ဒါ ဘယ်သူ့ရဲ့ မဂ္ဂဇင်းလဲ?
အဖြေ → Мой. (ငါ့ဟာပါ)
→ Мой журнал. (ငါ့ရဲ့ မဂ္ဂဇင်းပါ)
→ Это мой журнал. (အဲ့ဒါ ငါ့ရဲ့ မဂ္ဂဇင်းပါ)

🔸 Чья? မည်သူ၏ (မေးမည့်အရာသည် она ဖြစ်လျှင်)
🔸 Чья ручка? ဘယ်သူ့ရဲ့ ဘောပင်လဲ?
🔸 Чья это ручка? အဲ့ဒါ ဘယ်သူ့ရဲ့ ဘောပင်လဲ?
အဖြေ → Моя (ငါ့ဟာပါ)
→ Моя ручка. (ငါ့ရဲ့ ဘောပင်ပါ)
→ Это моя ручка. (အဲ့ဒါ ငါ့ရဲ့ ဘောပင်ပါ)

🔸 Чьё? မည်သူ၏ (မေးမည့်အရာသည် оно ဖြစ်လျှင်)
🔸 Чьё письмо? ဘယ်သူ့ရဲ့ စာလဲ?
🔸 Чьё это письмо? အဲ့ဒါ ဘယ်သူ့ရဲ့ စာလဲ?
အဖြေ → Моё (ငါ့ဟာပါ)
→ Моё письмо. (ငါ့ရဲ့ စာပါ)
→ Это моё письмо. (အဲ့ဒါ ငါ့ရဲ့ စာပါ)

🔸 Чьи? မည်သူ၏ (မေးမည့်အရာသည် они ဖြစ်လျှင်)
🔸 Чьи вещи? ဘယ်သူ့ရဲ့ ပစ္စည်းတွေလဲ?
🔸 Чьи это вещи? အဲ့ဒါ ဘယ်သူ့ရဲ့ ပစ္စည်းတွေလဲ?
အဖြေ → Мои (ငါ့ဟာပါ)
→ Мои вещи. (ငါ့ရဲ့ ပစ္စည်းတွေပါ)
→ Это мои вещи. (အဲ့ဒါ ငါ့ရဲ့ ပစ္စည်းတွေပါ)

လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်
🔸 အဲ့ဒါက ဘယ်သူ့ရဲ့ အဘိဓာန်လဲ?
→ အဲ့ဒါက သူမရဲ့ အဘိဓာန်ပါ။
→ အဲ့ဒါက ငါတို့ရဲ့ အဘိဓာန်ပါ။

🔸 အဲ့ဒါက ဘယ်သူ့ရဲ့ လ္ဘက်ရည်လဲ?
→ အဲ့ဒါက ငါ့ရဲ့ လ္ဘက်ရည်ပါ။
→ အဲ့ဒါက သူ့ရဲ့ အဘိဓာန်ပါ။

🔸 အဲ့ဒါက ဘယ်သူ့ရဲ့ ရေဒီယိုလဲ?
→ အဲ့ဒါက ငါတို့ရဲ့ ရေဒီယိုပါ။
→ အဲ့ဒါက သူတို့ရဲ့ ရေဒီယိုပါ။

🔸 အဲ့ဒါက ဘယ်သူ့ရဲ့ မြို့လဲ?
→ အဲ့ဒါက ငါတို့ရဲ့ မြို့ပါ။
→ အဲ့ဒါက သူမရဲ့ မြို့ပါ။

🔸 အဲ့ဒါက ဘယ်သူ့ရဲ့ တယ်လီဖုန်းလဲ?
→ အဲ့ဒါက မင်းတို့ရဲ့ တယ်လီဖုန်းပါ။
→ အဲ့ဒါက သူတို့ရဲ့ အဘိဓာန်ပါ။

🔸 အဲ့ဒါက ဘယ်သူ့ရဲ့ မဂ္ဂဇင်းတွေလဲ?
→ အဲ့ဒါက ငါ့ရဲ့ မဂ္ဂဇင်း‌တွေပါ။
→ အဲ့ဒါက သူမရဲ့ မဂ္ဂဇင်းတွေပါ။

အောက်ပါဓာတ်ပုံကိုကြည့်၍ ဓာတ်ပုံထဲမှ ကျွန်ုပ်ရဲ့ မိသားစုအကြောင်းကို ရေးပါ။

Это моя семья. အယ်သာ မိုင်ရာ ဆီမီရာ။ (အဲ့ဒါက ငါ့ရဲ့ မိသားစုပါ)
Давайте познакомимся, меня зовут Антон. ဒါဗာ့ရ်ကျယ် ပါဇနာကွမ်းမိဆာ, မီညာ ဇာဗုထ် အန်းသွန်။ (မိတ်ဆက်ပေးပါရစေ၊ ကျွန်တော့နာမည်က အန်းသွန်ပါ)
Я студент. ရာ ဆသူဂျန့်ထ် (ငါက ကျောင်းသားတစ်ယောက်ပါ)
Это наша семья. အယ်သာ နာရှာ ဆီမီရာ။ (အဲ့ဒါ ငါတို့ရဲ့ မိသားစုပါ)
Вот мои родители. ဗို့ထ် မိုင်ရီ ရာဂျီးကျယ်လီး။ (ဒီမှာ ငါ့ရဲ့ မိဘတွေပါ)
Это мой папа. အယ်သာ မွေ့ရ် ပါပါ။ (ဒါက ငါ့ အဖေပါ)
Его зовут Игорь Антонович. ရီဗော် ဇာဗု့ခ် အီဂေါ့ခ်ျ အန်သာနာဗိခ်ျ။ (သူ့နာမည်ကတော့ အီဂေါ့ အန်သာနာဗီပါ။
Он программист. အွန် ပရာဂရမ်မိစ်ထ်။ (သူက ပရိုဂရမ်မာ တစ်ယောက်ပါ)
Справа моя мама. ဆပရာဗာ မိုင်ရာ မာမာ။ (ညာဘက်က ငါ့အမေပါ)
👍2
Её зовут Ольга Николаевна. ရီရော် ဇာဗု့ထ် အော်လီဂါ ညီကာလာရယ်ဗနာ။ (သူမနာမည်က အိုလီဂါ ညီကာလာရယ်ဗနာပါ)
Она врач. အာနာ ဗရာ့ခ်ျ (သူမက ဆရာဝန်ပါ)
Наш дедушка тоже врач. နာ့ရှ် ဂျယ်ဂျူရှကာ သိုရှယ် ဗရာ့ခ်ျ။ (ငါတို့အဖိုးကလဲ ဆရာဝန်ပါပဲ)
Здесь, слева, мой брат. ဇဂျက် ဆလဲဗာ မွေ့ရ် ဘရက်ထ်။ (ဒီဘယ်ဘက်က ငါ့အစ်ကိုပါ)
Его зовут Виктор. ရီဗော် ဇာဗု့ထ် ဗျိခ်သာရ်။(သူ့နာမည်က ဗျိသန်ပါ)
Он тоже студент. အွန် သိုရှယ် ဆသူ့ဂျန့်ထ်။ (သူလဲဘဲ ကျောင်းသားပါပဲ)
А вот наша бабушка, Мария Викторовна. အာ ဗို့ထ် နာရှာ ဘာဘူရှကာ မာရီယာ ဗျိခ်သာရာဗနာ။ (ဒီမှာ ငါတို့ရဲ့ အဖွား မာရီယာ ဗျခ်သာရာဗနာပါ)
Наша собака тоже здесь. နာရှာ ဆာဘာကာ သိုရှယ် ဇဂျက်ခ်ျ။ (ငါတို့ရဲ့ ခွေးကလဲ ဒီမှာပါပဲ)
Её зовут Ника. ရီရော် ဇာဗု့ထ် နီကာ။ (သူမနာမည်က နီကာပါ)
Ника _ наш друг. နီကာ _ နာ့ရှ် သရု့ခ်။ (နီကာက ငါတို့ရဲ့ သူငယ်ချင်းပါ)

စကားပြောအနေဖြင့်
Взаимно! ဗဇာအီမ်နာ! (မင်းလိုပါပဲ)
Хорошо повеселиться! ခရာရှို ပါ‌ဗျီဆယ်လိထ်ဆာ! (ပျော်စရာကောင်းပါတယ်)
Береги себя! ဗျီရီဂီ ဆီဘျာ! (ဂရုစိုက်ပါ)
Прости меня. ပရာဆကျီ မီညာ (ငါတောင်းပန်ပါတယ်)
Всё в порядке. ဗ်ဆော်ရ် ဗ်ပါရာ့ထ်ကယ် (အကုန်အဆင်ပြေပါတယ်)
Никаких проблем. ညိကာကိခ် ပရော်ဘလယ်မ် (ပြဿနာမရှိပါဘူး)
Рад помочь. ရာ့ထ် ပါမော့ခ်ျ (ကူညီပေးရတာ ဝမ်းသာပါတယ်)
Рада вас видеть! ရာ့ဒါ ဗာ့စ် ဗီဂျယ့်ရှ် (တွေ့ရတာ ဝမ်းသားပါတယ်)
Смотри! ဆမောသရိ (ကြည့်ပါ)
Пойдём! ပါရ်ဂျော်မ် (သွားကြစို့)
Поторопись! ပါသာရာပျိစ် (မြန်မြန်လုပ်ပါ)
Прекрати! ပရီခရာကျီ (ရပ်လိုက်ပါ)
Поздравляю! ပါဇ်သရာဗလျာရု (ဂုဏ်ယူပါတယ်)
С Днём Рождения! စ်ဒညော်မ် ရာ့ဇ်ဂျယ်ညီရာ! (ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ)
С праздниками! စ်ပရာ့ဇ်ညီကာမီ (ပျော်စရာအားလပ်ရက်ပါ)
С Новым Годом! စ်နော်ဗီမ် ဂေါ့ဒမ် (ပျော်ရွှင်ဖွယ်နှစ်သစ်ပါ)
Удачи! အူဒါချီ (ကံကောင်းပါစေ)
👍1
де‌нь-ги [ˈdʲenʲɡʲɪ]
ပိုက်ဆံ။ ငွေ။ အသပြာ။

деньги ဆိုတဲ့စကားလုံးဟာ ရုရှားဘာသာစကားမှာ
တည်ရှိနေတာ အတော်လေးကို ကြာမြင့်နေပြီး
မွေးစားစကားလုံးတစ်လုံး ဖြစ်ပါတယ်။
အာရှနဲ့ အရှေ့ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့်
ပျံ့နှံ့ခဲ့တဲ့ Turkic ဘာသာစကားများအုပ်စုကနေ
ရောက်ရှိလာခဲ့တာဖြစ်ပြီး ခန့်မှန်းခြေ ၁၄ ရာစု
လောက်မှာ ဖြစ်ပါတယ်။
Лев Васильевич Успенский ရဲ့
ဝေါဟာရသမိုင်းအဘိဓာန်အရဆိုရင်
татарское тэнки(тэнка) ဆိုတာ
ငွေဒင်္ဂါး၊ ရူဘယ် ကိုဆိုလိုပါတယ်တဲ့။
ဒီနေရာမှာ စကားလုံးပုံစံက အမျိုးမျိုးကွဲနေပါတယ်။
Turkic ဘာသာစကားများအုပ်စုမှာ
ငွေအကြွေစေ့ (ဝါ) ငွေထည်ကို
тäнгä ခေါ်တယ်လို့ဖော်ပြထားပါတယ်။
တာတာတွေရဲ့ ဘာသာစကားမှာ
танге လို့ခေါ်ပါတယ်တဲ့။
မွန်ဂိုစကားမှာကျတော့ tenge ပါတဲ့။
နှစ်တွေကြာခဲ့ပြီမလို့ ဘယ်လိုပဲကွဲကွဲ
လေယူလေသိမ်း၊ အသံရဲ့သံစဉ်ကတော့
အတူတူပါပဲ။ ထဲထဲဝင်ဝင်ဖော်ပြထားတဲ့
ယူဆချက်တစ်ခုကို ကောက်နုတ်ထားပါတယ်။

သမိုင်းက ဒီလိုပါ။ ၉ ရာစုအလယ်ရဲ့
ဒုတိယဝက်လောက်ကစလို့
မွန်ဂိုတွေ မသိမ်းပိုက်ခင်အချိန်ထိ
ရုစ် (Русь) ဆိုတဲ့အမည်အောက်မှာ
Orthodox ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်တဲ့
မင်းသားတွေအကုန်လုံးကို စုစည်းကာ
Rurikovich (Рюриковичи) ဆိုတဲ့
မင်းသားကဦးဆောင်ပြီး
ပြည်ထောင်စုတစ်ခုတည်ထောင်ထားတယ်။
၁၃ ရာစုလည်း ရောက်ရောမွန်ဂိုတွေက Русь ကို ကျူးကျော်သိမ်းပိုက်လိုက်ကြတယ်။
Монгольское иго (mongolian yoke) ဆိုတာ
ဖြစ်လာတယ်။။
Монгольское иго ဆိုတာကတော့
မွန်ဂိုတွေဟာ ရုစ်နယ်မြေတွေကို
ကျူးကျော်သိမ်းပိုက်လိုက်ပြီး
နယ်မြေတွေအပေါ်မှာ အမြတ်ထုတ်
ကြီးစိုးအုပ်ချုပ်တဲ့စနစ်ရဲ့ နာမည်ဖြစ်တယ်။
ထိုအချိန်တုန်းက အလေးချိန်ကို တိုင်းတာတဲ့အခါ
ငွေတုံးတွေကိုပဲ သုံးစွဲကြတာပါ။
တကယ်လို့ ငွေတုံးကို ဖြတ်လိုက်မယ်ဆိုရင်
အပိုင်းအစများစွာ ဖြစ်ပေါ်လာပြီး
ထိုအပိုင်းအစတွေကို рубль လို့ခေါ်ပါတယ်။
рубить - chop, cut ကနေ လာတာပါ။
Русь ထဲမှာရှိတဲ့ နိုင်ငံတွေကို အုပ်ချုပ်တဲ့
မင်းသားတွေက ငွေတုံးတွေကို
အရည်လောင်းပုံသွင်းကြပေမဲ့
အကြွေစေ့ (ဝါ) ငွေဒင်္ဂါးပြားကို
တစ်ပြားတစ်လေမှတောင် မလုပ်ကြပါဘူး။
အဲအချိန်တုန်းက ရှိတဲ့ဒင်္ဂါးပြားတွေဟာ
နိုင်ငံရပ်ခြားက ရောက်လာတဲ့ဟာတွေ ဖြစ်ပါတယ်။
၁၂ ရာစုနဲ့ ၁၄ ရာစုအကြားကို သမိုင်းပညာရှင်တွေက
ဒင်္ဂါးပြားမရှိတဲ့အချိန်လို့ သတ်မှတ်ကြပါတယ်။
ထိုအချိန်တုန်းကငွေကြေးလည်ပတ်မှုမှာ
ဒင်္ဂါးပြားကို မသုံးကြပါဘူး။ ရှိတဲ့သူကလည်း
ချမ်းသာကြွယ်ဝမှုရဲ့ ပြယုဂ်အဖြစ်နဲ့
သိမ်းဆည်းထားပြီး သုံးစွဲတာမျိုး
လုပ်လေ့မရှိပါဘူး။ ဒါပေမဲ့လည်း
ရုစ်(Русь) နယ်မြေထဲကို ကြေးနီပြား၊ ငွေပြား၊
ရွှေပြားတွေ ရောက်လာတဲ့အချိန်မှာ
ငွေကြေးလည်ပတ်မှုအတွက်
အသုံးပြုလာကြပါတယ်။
ထိုအချိန်ကျမှပဲ မြို့စားတွေဟာ
ကိုယ်ပိုင်ငွေဒင်္ဂါးတွေကို သွန်းလုပ်ပြီး
деньга လို့ ခေါ်ဝေါ်လာကြပါတယ်။
ရုစ်(Русь) ခေတ်မှာတော့ деньга အဖြစ်
ခေါ်ဝေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့
деньги အဖြစ် ပြောင်းလဲခေါ်ဝေါ်ကြပါတယ်။
——————————————————————
копейка ၏သမိုင်း

(ယခုလက်ရှိအချိန်မှာတော့ ရုရှားနိုင်ငံရဲ့
အနိမ့်ဆုံးငွေကြေးသတ်မှတ်ချက်တစ်ခုပါ။
မြန်မာမှာဆိုရင် ပြား လိုပေါ့။ မတူတာက
သူတို့ဆီမှာ အခုချိန်ထိ တွင်တွင်ကျယ်ကျယ်
သုံးစွဲနေကြတုန်းပါပဲ။)

အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ
Русь နယ်မြေထဲကို
ကြေးနီပြား၊ ငွေပြား၊ ရွှေပြားတွေ
ရောက်လာတဲ့အချိန်မှာ
ကိုယ်ပိုင်ဒင်္ဂါးပြားတွေ
စတင်သွန်းလုပ်လာကြတယ်။
Новгородская Русь ရဲ့ ဒင်္ဂါးပြားကတော့
всадник с копьем - အသွားပါတဲ့လှံတံကိုင်ထားတဲ့ မြင်းစီးသမားပါတဲ့
ဒင်္ဂါးပြားဖြစ်ပါတယ်။
ဒါကြောင့် новгородская деньга ကနေ
копейка ဆိုတဲ့စကားလုံး ဖြစ်ပေါ်လာတယ်လို့
ပြောကြပါတယ်။
ဘာလို့လည်းဆိုတော့ копьё - spear(အသွားပါသောလှံတံ) ကနေ
копейка အဖြစ်ပြောင်းလာတယ်လို့ ယူဆကြလို့ပါ။
Московская деньга(монета) မှာတော့
всадник с саблей - စစ်သုံး အဖျားမော့ဓားရှည်ကိုင်ထားတဲ့ မြင်းစီးသမားရဲ့ပုံ ပါပါတယ်။

копейка ရဲ့ ဖြစ်ပေါ်လာပုံကို
နောက်တစ်မျိုးယူဆကြပြန်ပါတယ်။

Turkic ဘာသာစကားများအုပ်စုမှာ
ငွေအကြွေစေ့ (ဝါ) ငွေထည်ကို
тäнгä ခေါ်တယ်လို့ဖော်ပြထားတယ်။
тäнгä ဆိုတာကလည်း
тäн ဆိုတဲ့စကားလုံးကနေ
ဆင့်ပွားဝေါဟာရဖြစ်လာတာဖြစ်ပြီး
тäн ဆိုတာ копейка လို့အဓိပ္ပါယ်ရပါတယ်တဲ့။

кредит....C Thu Htet
👍1
ရုရှားစာတွင် ချောမောလှပတယ်လို့ ပြောဆိုသုံးနှုံးဖို့အတွက် Красивый ဆိုတဲ့ စကားတစ်လုံးတည်းမကပဲ အောက်ပါစကားလုံးတွေကိုလဲ သုံးနှုံးလို့ရတယ်ဆိုတာ မှတ်သားထားကြစေလိုပါတယ်
👍1