Royal Express
12.3K subscribers
504 photos
13 videos
284 links
A Pioneer of Myanmar's Express Courier Services in the Logistics Industry – bringing you Myanmar’s Most Extensive Delivery Network.
Download Telegram
❤1
❤2
“𝐇𝐚𝐩𝐩𝐲 𝐃𝐢𝐰𝐚𝐥𝐢”

🪔မင်္ဂလာရှိသော ဒီပါဝါလီနေ့ဖြစ်ပါစေ။

ဒီဝါလီ (သို့မဟုတ်) ဒီပါဝါလီလို့ မြန်မာလူမျိုးတို့ ခေါ်ဝေါ်လေ့ရှိကျတဲ့
ဒီနေ့လေးက ဟိန္ဒူဘာသာဝင်တို့ရဲ့ ပွဲတော်တွေထဲက အထင်ရှားဆုံးဖြစ်တဲ့ မီးထွန်းပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒီပါဝါလီရဲ့အဓိပ္ပါယ်က "ဆီမီးခွက်တွေကို တန်းစီထွန်းညှိခြင်း" ဖြစ်ပါတယ်။

မီးထွန်းပူဇော်ခြင်းက. . .
🌟 အလင်းရောင်ဖြင့် အမှောင်ထုကို အနိုင်ယူခြင်း
🌟 မကောင်းမှုကို ကောင်းမှုဖြင့် အနိုင်ယူခြင်း
🌟 အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်း စတဲ့ မင်္ဂလာရှိတဲ့
သက္ကေတတွေကို ကိုယ်စားပြုပြီး မီးထွန်းပူဇော်ကြတာဖြစ်ပါတယ်။

ဒီပါဝါလီနေ့မှာ ဟိန္ဒူဘာသာဝင်တို့က သန့်ရှင်းသပ်ရပ်လှပတဲ့ အဝတ်အထည်တို့ကို ဝတ်ဆင်ပြီး ဘုရားကျောင်း၊ မိမိတို့နေအိမ်၊ အများပြည်သူဆိုင်ရာ(𝐏𝐮𝐛𝐥𝐢𝐜 𝐀𝐫𝐞𝐚)နဲ့ ဈေးဆိုင်တွေမှာ
မီးဆိုင်း၊ ဆီးမီးခွက်တွေ ထွန်းညှိဆုတောင်းကြသလို ရောင်စုံအမှုန့်
တွေနဲ့ 𝐑𝐚𝐧𝐠𝐨𝐥𝐢 ပန်းချီတွေရေးဆွဲကာ အလှဆင်ကြပါတယ်။

ပျော်ရွှင်ဖွယ်ရာ ဒီပါဝါလီနေ့မှာ ဟိန္ဒူဘာသာဝင်တို့အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬
မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။🙏

🔔ဒီပါဝါလီနေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ 𝐑𝐨𝐲𝐚𝐥 𝐄𝐱𝐩𝐫𝐞𝐬𝐬 ရုံးခွဲအားလုံးကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်။🔔

#HappyDiwali2026 #ဒီပါဝါလီနေ့ #RoyalExpress #DeliveryService