𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐒𝐮𝐛𝐭𝐢𝐭𝐥𝐞𝐬 (ဇာတ်ကားအစုံ)
30.9K subscribers
721 photos
1 video
422 links
Download Telegram
“ Slyth : The Hunt Saga ” [2023]

Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို
အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့်  ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။

ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော
သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။

ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ
အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။

ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက
ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး
တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း
အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ...
အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့
လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။
👍1
Ghostbusters: Frozen Empire [2024]

IMDb Rating (6.3) / Rotten Tomatoes (83%)သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။

အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ ။

Ant Man မင်းသားအကြည်အစစ်ပါပဲ Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ်

သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။

ဇာတ်လမ်းအကျဉ်းသရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့  ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သရဲဖမ်းသမားတွေထုံးစံအတိုင်းမိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

အပန်းဖြေဖို့အတွက် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
Sulaikha Manzil [2023]

IMDb 8.4/10

ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့
လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ
ဝမ်းသာမှာလား ပျော်ရွှင်မှာလား
ရင်ခုန်စိတ်လှုပ်ရှားမှာလား
ကြည်နူးနေမှာလား

ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့

ယခုဇာတ်ကားလေးထဲမှာလည်း
အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ
သူတို့မိသားစုတွေရဲ့ကူညီမှုကရော
အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား
သူငယ်ချင်းတွေကရော ကူညီကြမှာလား
ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား
နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါ

ခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့
FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်

( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်)

#Credit
#ChannelMyanmar
👏2
Ishq Not a love story [2021]

RomanceThriller

2021မှာ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ငယ်ရွယ်တဲ့ လူငယ်နှစ်ယောက်ဖြစ်တဲ့ ဆစ်ဒူနဲ့အနူတို့က သူတို့ရဲ့ ပထမဆုံးဒိတ်ကို ဗီဇက်ကို ကားနဲ့အလည်သွားခဲ့ပါတယ် နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်း သူတို့တွေ့ပျော်နေကြပါတယ်

သူတို့သွားရာလမ်းမှာ ကားခဏပါကင်ထိုးထားတုန်း
လူတစ်ယောက်က သူတို့၂ ယောက် နမ်းနေကြတာကို ဗီဒီယိုခိုးရိုက်ဖို့ ကြိုးစားခဲ့ပါတယ်.အဲဒီသူက သူ့ကိုယ်သူ ရဲပါလို့လိမ်ညာပြောပြီး စစ်မေးဖို့လုပ်မယ် စခန်းခေါ်သွားမယ်လို့ခြိမ်းခြောက်ပြီး အဲဒီလိုကနေ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပါဒုက္ခပေးခဲ့ပါတယ်

အနူကတော့ ထုတ်မပြောခဲ့ပေမဲ့ နှစ်ယောက်သားကြား ဆက်ဆံရေးကျဲသွားရာက ဆစ်ဒူတစ်ယောက် မနေ့ကဖြစ်ခဲ့တဲ့နေရာကိုပြန်သွားပြီး ရဲဟန်ဆောင်ခဲ့တဲ့သူရဲ့ မိသားစုအိမ်ထိရောက်သွားပါတယ်

သူတို့၂ယောက်ကြားကိုစိတ်ဒုက္ခပေးခဲ့တဲ့ အမည်မသိသူရဲ့ မိသားစုကိုတွေ့တော့ သူဘယ်လိုလုပ်မလဲ
အနူနဲ့ဆစ်ဒူတို့ရော ပြန်အဆင်ပြေကြမလားဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး
❤1
Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက

စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက်အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။

အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊
သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့
စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။

ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူကသူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။

အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့....

ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
👍3
One Hundred Million Plan [2024]

အိမ်မွေးတိရိစ္ဆာန်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဌဖြစ်တာမကြာသေး ကုမ္ပဏီဒေဝါလီခံလိုက်ရတဲ့ ……

ချီဖေးကုမ္ပဏီလည်ပတ်နိုင်ဖို့ကြံရာမရဖြစ်နေတဲ့အချိန်မှာဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးတစ်ခုကိုရှာတွေ့သွားခဲ့တယ်။

အဲဒီလိုနဲ့ကျွန်းနိုင်ငံလေးတစ်ခုကိုရောက်လာခဲ့တယ်။ တကယ်တော့
ဆုကြေးဒေါ်လာသန်း(၁၀၀)ရမယ့်အခွင့်အရေးဆိုတာ
ခရီးသွားတွေကိုလိမ်စားနေတဲ့ လူလိမ်၂ယောက်ရဲ့ ပိုက်ဆံလိမ်ချင်တဲ့အကြံမှန်း သူမသိခဲ့ဘူး။

လူလိမ်တွေဖန်တီးထားတဲ့ သူဌေးရစ်ချက်ဟာ မှောင်ခိုအရောင်းအဝယ်တွေကို
နောက်ကွယ်ကနေချုပ်ကိုင်နေတဲ့ ရစ်ချက်နဲ့နာမည်သွားတူနေတော့
သူတို့(၃)ယောက်ဟာ မှောင်ခိုစိန်ရောင်းဝယ်မှုထဲပါသွားခဲ့တဲ့အခါ
အလွဲအလွဲအချော်ချော်တွေကြားမှာ ဆက်လွဲရင်း
အခက်အခဲတွေဖြေရှင်းသွားတဲ့ပုံကို ရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
👍2
Madam Collector - Uniki [2022] မမခရိုင်မှူး

ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်

ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါ

အိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက်ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်

ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်

အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်
👍1
Poojai (2014)"ဆုတောင်းပွဲ"
======================

တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က
ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။
သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့်
နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။

အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့
လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင်
တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။

(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
👍4
Srimanthudu [2015]

Genre: Action ,Drama
IMDB:7.5/10
ဒီအိန္ဒိယရုပ်ရှင်ကားကတော့
၀န်ကြီးချုပ်မင်းသားရဲ့
2015 တုသူတို့အလုပ်ကလူတွေကိုလည် Rating 7.5 ရရှိခဲ့တဲ့ကား‌ လေးဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်တဲ့မင်းသားဟာရှာဟာချမ်းသာပေမယ့်လည်း သူ့ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်သူတစ်ဦးဖြစ်ပါတယ်

သူတို့အလုပ်ကလူတွေကိုလည်းကြင်ကြင်နာနာနဲ့ကူညီတတ်ပြီးတော့စိတ်ထားကောင်းတဲ့သူတစ်ဦးဖြစ်ပါတယ်

တစ်နေ့မှာသူ့အမေနဲ့အတူဘုရားကျောင်းကိုသွားရင်မထင်မှတ်ပဲ ချာရူကိုတွေ့မိပြီးမြင်မြင်ချင်းချစ်မိသွားပါတော့တယ်

ချာရူနဲ့နီးစပ်အောင်လုပ်ရင်း ချာရူနဲ့အတူတူ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကျောင်းကိုတတ်ခဲ့ပါတယ်

ချာရူဟာမင်းသားတို့အကြောင်းကို ဆောင်းပါးတစ်ခုမှာဖတ်ခဲ့ရပြီး ဟာရှာအဖေဟာ သူ့တို့ရွာကိုစွန့်ပစ်ခဲ့တဲ့သူတစ်ဦးဖြစ်တဲံသူဆိုတာသိပြီး ဟာရှာနဲ့ဝေးဝေးမှာနေခဲ့ပါတယ်

ဒါနဲ့ဟာရှာဟာ သူ့အဖေစွန့်ပစ်ခဲ့တဲ့ထိုမြို့လေးကိုသွားပြီး ထိုရွာလေးကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားရာမှ သူမသိသေးတဲ့ အတိတ်ကသူ့အဖေအကြောင်းကိုသိခဲ့တဲ့အပြင် ရွာရဲ့လျှို့ဝှက်ချက်ကိုလည်းတဖြည်းဖြည်းသိရှိလာခဲ့ပါတယ်

ဟာရှာဟာဒီရွာလေးကိုဘယ်လိုအန္တရာယ်တွေကြားထဲကနေပြောင်းလဲမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်
👍2
Passion [2008]

သူတို့သုံးယောက်အိမ်ကိုရောက်တော့ လူလွတ်ကောင်မလေးအကြောင်းသိရတာက ကောင်မလေးက သူ့အဒေါ်အိမ်မှာနေနေတာ။

သူ့အဒေါ်က နာမည်ကြီးစာရေးဆရာမဒါပေမဲ့ ဒီအိမ်ကို သူ့ကြောင်လေးအတွက် ဆက်ထားထားတာ။

သူကကြောင်လေးကိုကြည့်ပေးရင်း အလကားနေနေတာ။

သူတို့သွားတဲ့နေ့မတိုင်ခင်တုန်းက ကြောင်လေးက သေသွားတယ်။
အဲဒီအကြောင်းပြောရင်း ကြောင်လေးအတွက် အရက်သောက်နေတုန်း သူ့အဒေါ်စာရေးဆရာမက သူ့ကြောင်လေးအတွက် ရတက်မအေးလို့ ရောက်ချလာတယ်။

ဒီမှာ အိမ်ထောင်သည်ကောင်နဲ့ သူ့အဒေါ်နဲ့ ဇာတ်လမ်းဖြစ်ကြတယ်။ နောက်ပိုင်းလည်း အတွဲရှိတဲ့ကောင်လေးနဲ့ အဲဒီအိမ်က ကောင်မလေးနဲ့ဖြစ်ကြတယ်။

ဒီတစ်ကားလုံး ဒီလိုဖြစ်နေတာတွေချည်းပြသွားတယ်။

နောက်ဆုံး လူလွတ်ကောင်မလေးရယ်။ ရည်းစားရှိတဲ့ကောင်လေးရယ်။ အိမ်ထောင်ရှိတဲ့ကောင်လေးရယ်။

သုံးယောက်သား တစ်ခုမှမလိမ်ဘဲ အမှန်တွေချည်း တစ်နာရီပြောကြမယ်ဆိုပြီး ဂိမ်းဆော့ကြတယ်။

ဒီတစ်ကားလုံးရဲ့ အဓိကနေရာလို့ပြောလည်းရတယ်။

အဲဒီကစားပွဲကို စတဲ့ ရည်းစားရှိတဲ့ကောင်လေးကတော့ သူဘယ်လိုလူလဲ သူ့ကိုယ်သူမသိနေလို့ ။

သူဘယ်လိုလူလဲ အဖြေရှာဖို့ ဒီကစားနည်းကို ကစားတာလို့ပြောတယ်။

တကယ်လည်းဟုတ်တယ်။ သူတို့အားလုံးမှာ တူညီနေတဲ့အချက်က သူတို့ဘာဖြစ်ချင်လည်း သူတို့မသိနေကြဘူး။

ဒါကြောင့်မို့ သူတို့ဘာဖြစ်ချင်လဲ သူတို့တောင်မသိတာမို့ သူတို့လုပ်သမျှကလည်း အရမ်းရှုပ်ထွေးလွန်းနေခဲ့တယ်။

သူတို့ကိုယ်သူတို့တောင် လုံးစေ့ပတ်စေ့နားလည်နေမှာမဟုတ်ဘူး။

ဒီပြဿနာမျိုးကို ဒီလိုပွိုင့်ကပြတဲ့ ရုပ်ရှင်ကို ကျွန်တော်မမြင်ဖူးဘူးလို့ပဲ ပြောရမယ်။

ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုး ကြုံဖူးတော့ သူပြောသွားသမျှ ပြသွားသမျှဟာ ဟုတ်တော့ဟုတ်နေတာကိုလည်း ခံစားမိနေတယ်။

ဒါပေမဲ့ ဟမဂုချိရုပ်ရှင်အများစုလိုပဲ သူတို့အတွက် အဖြေမရှိပါဘူး။
သူတို့ဘယ်သူတွေလဲ သူတို့သေချာမသိသွားကြသလို ကျွန်တော်တို့ မြင်ရတာလည်း တော်တော်ဝေဝါးတယ်။

ဒါလည်းလက်တွေ့တောာ့ကျပါတယ်။

ဒီဇာတ်ကောင်သုံးကောင်ပြင်ပက နောက်ထပ် အဓိကဇာတ်ကောင်၂ကောင်ဖြစ်တဲ့ လူလွတ်ကောင်လေးနဲ့ ခုနအတူတူနေနေတဲ့အတွဲက ကောင်မလေး နှစ်ယောက်ကလည်းတူတယ်။

သူတို့က ခုနပုစ္စာရဲ့ အဖြေလို့တော့ ပြောချင်လည်း ပြောလို့ရပေမဲ့ ကျွန်တော်တော့မထင်ဘူး။

သူတို့၂ယောက်ကိုက ခုနတစ်အုပ်နဲ့မတူတဲ့ တခြားလူတစ်အုပ်အဖြစ် မြင်နေရတယ်။

ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်သိနေတဲ့လူတွေပေါ့။ သေချာသိတယ်လို့တော့ မသုံးနှုန်းချင်ဘူး။

လူလွတ်ကောင်လေးက ဟိုအတွဲက ကောင်မလေးကိုချစ်သလို အဲဒီအတွဲက ကောင်မလေးကလည်း သူ့ကောင်လေး ဖောက်ပြန်နေတာကို သိသိရက်နဲ့တောင် ခွင့်လွှတ်ပေးနိုင်တဲ့အထိ ချစ်တယ်။

ဒီတော့ သူတို့ကတော့ လုံးဝရိုးရှင်းတယ်။ သူတို့ချစ်ရမယ့်သူကိုပဲ ဘာာဖြစ်ဖြစ် ချစ်နေကြတဲ့သူတွေပဲ။

ဒီရုပ်ရှင်ဟာ ဘာရုပ်ရှင်လဲဆို ဒီလူအုပ်စု၂မျိုုးလို့ပြောရမလား လူ့စိတ်အခြေအနေ၂မျိုးလို့ပြောရမလား ခံစားချက်၂မျိုးလို့တော့ပြောရမလားမသိတဲ့ အဲဒီ၂မျိုးကို တစ်ပေါင်းတည်း Presentationလုပ်ထားတဲ့ ရုပ်ရှင်ပါပဲ။

ဒီလောက်ဇာတ်ရှုပ်နေတာက ဖစ်ရှင်ဖြစ်ပြီး သူတို့စိတ်အခြေအနေတွေက လက်တွေ့ကျနေတယ်။

ဟမဂုချိပြောသလို ရုပ်ရှင်ဟာ ဖစ်ရှင်ရော ဒိုကူရော ပေါင်းစပ်ထားတဲ့အရာဆိုသလိုပေါ့။

ဘဝမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ဘာသာတောင် နားမလည်နိုင်တဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးရင် ကြုံနေရရင် ကြည့်ကြည့်ပေါ့။

နောင်တတရားနဲ့ တစ်လမ်းတည်းမသွားမိသရွေ့တော့ အားလုံးမမှားကြဘူး။

အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung á€•ဲ ဖြစ်ပါတယ်။
👍2
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း အတွဲ ၃ (斗破苍穹3:除恶)
Fights Break Sphere 3 (2024) ရုပ်ရှင် 🔥

ဇာတ်လမ်းအကျဉ်း

🔥ရှောင်းယန် နဲ့ သူ့ဆရာယောက်လောင်ဟာ မြွေလူသားမျိုးနွယ် နဲ့လူသားတွေရဲ့တိုက်ပွဲကို ဖြေရှင်းပြီးနောက် စွမ်းရည်မြင့်တင့်ဖို့  ချင်းလင်နဲ့ မုလိကိုခေါ်ပြီး တစ်လမ်းလုံး ကျင့်ကြံလာကြတာပေါ့

🔥ယွင်လန်ဂိုဏ်းတပည့် နာ့လန်ယန်းရန်နဲ့ သုံးနှစ်တာကတိကို အနိုင်ယူဖို့အတွက် လာတဲ့လမ်းမှာ ထာခဲ့အယ်သဲကန္တာရကို ကျော်ဖြတ်စဉ် ချင်းလင်တစ်ယောက် အဖမ်းခံလိုက်ရပါတယ်

🔥ချင်းလင်ကို ပြန်ရှာဖို့အတွက် ရှောင်းယန်တို့ဟာ အရင်ကနာမည်ကြီးတဲ့ရေခဲဘုရင် ဟိုင်ပေါ်တုန်းနဲ့ ပေါင်းပြီး ချစ်ယန်မြို့ကိုသွားကြပါတော့တယ်

🔥စည်ကားလှတဲ့ချစ်ယန်မြို့ကိုရောက်ပြီးနောက် နောက်ကွယ်က အဖြစ်မှန်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ ......

🔥ရှောင်းယန်လည်း ငယ်ရွယ်စဉ်က မိခင်ဆုံးပါးသွားရတဲ့အဖြစ်မှန်ကို တစ်ဖြည်းဖြည်းနဲ့ သိလာရတဲ့အခါ.....

#ReviewByYourDimple
#斗破苍穹3除恶
#FightsBreakSphere3
#SoulKingdomMovie
#Movie
👍1
Something in the Water [2024]

အစပိုင်းမှာတော့ လစ်ဇီရဲ့ မင်္ဂလာဆောင် အတွက် အပျိုည ပါတီ လုပ်ဖို့ သူငယ်ချင်း ငါးယောက် အပျော်ခရီးထွက်လာကြပါတယ်  
မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာတော့ သူငယ်ချင်းတွေစုပြီး ကျွန်းတစ်ခုကို ခရီးထွက်လာရာမှာ ကျွန်းက သူတို့ ထင်မှတ်ထားသလို အန္တရာယ်မကင်း ဘဲ  ရုဒ်ကို ငါးမန်းကိုက်ခံလိုက်ရတဲ့ အချိန်မှာတော့ ဒီလူသူမရှိတဲ့ ကျွန်းကနေ သူတို့ သူငယ်ချင်းကို ကယ်တင်နိုင်ပါ့မလား
သူတို့ကိုယ်တိုင်ကရော ဒီ ငါးမန်းတွေရဲ့ အန္တရာယ်က လွှတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်ရှင့်
One in 89 Murderers [2024]

သူဌေးသားလေး မုံ့ယိယွမ်နဲ့ နာမည်ကြီးအစီအစဉ်တင်ဆက်သူ
ချန်ပင်းတို့ လက်ထပ်ခါနီးမှာပဲ မုံ့ယိယွမ်တစ်ယောက်ပြန်ပေးဆွဲခံရပြီး သုံးလေးရက်အကြာမှာတော့
မုံ့မိသားစုဆီကို ဗီဒီယိုတစ်ခုနဲ့အတူ ငွေညှစ်တဲ့ကိစ္စဖြစ်လာပါတယ်
ဒါပေမဲ့ပြန်ပေးဆွဲထားတဲ့ဘက်ကို ငွေသွားပေးတဲ့အခါ
ငွေကိုထားခဲ့ရပေမဲ့ မုံ့ယိယွမ်ကတော့ ပြန်ပေါ်မလာခဲ့ပါဘူး
၃ ရက်ကြာတဲ့အခါ မြစ်ကမ်းဘေးမှာ လက်ပြတ်တစ်ခုတွေ့လို့
ရဲဘက်က စစုံစမ်းတဲ့အခါမှ အဲဒီလက်ပြတ်က မုံ့ယိယွမ်ရဲ့
လက်ဖြစ်နေခဲ့ပြီး ရဲဘက်ကနေ မုံ့ယိယွမ်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်
သဲလွန်စတွေ စုံစမ်းကြတဲ့အခါ မုံ့ယိယွမ်နဲ့ ဖောက်ပြန်နေတဲ့ စူးရှောင်ချင်ရယ်
စူးရှောင်ချင်ရဲ့ ရည်းစားဟောင်းဖြစ်သူ ချန်ကျစ်တို့ပါ
ဒီအမှုနဲ့ ပတ်သက်နေပေမဲ့ ရဲဘက်က စစ်ဆေးလိုက်တဲ့အခါ
အမှုကွင်းဆက်က မုံ့ယိယွမ်ရဲ့ ဇနီးလောင်းချန်ပင်းကိုပဲ ညွှန်ပြနေခဲ့ပါတယ်
ဒါပေမဲ့ ချန်ပင်းနဲ့ စူးရှောင်ချင်ဟာ ရုပ်ချင်းတူနေတဲ့အခါမှာတော့…
ဒီအမှုက အချစ်ကြောင့်ဖြစ်လာတဲ့ ရိုးရှင်းတဲ့ လူသတ်မှုလား
ဒါမှမဟုတ် နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမှာလဲဆိုတာရှုစားကြပါဦး
👍3
The idea Of You [2024]

Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။

အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်‌လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။

ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် ….

အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။
❤6
3.5th period [2023]

မင်းနဲ့အတူရှိနေရတာဆိုရင် အချိန်တွေရပ်တန့်နေ လဲရတယ်”ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိတဲ့ ရှင်း အထက်တန်းကျောင်းမှာ

၃ချိန် နဲ့ ၄ချိန် ကြား လျှို့ဝှက်ချက် တစ်ခုရှိနေခဲ့ပါ တယ်

၃.၅ ချိန် ဆိုတဲ့ အချိန်တွေက ၁ဝ ဆနှေးပြီး ၁၀ မိနစ်က မိနစ် ၁ဝဝ ဖြစ်နိုင်တာမျိုးပါဘတ်အာဂျင်း က အဲ့ ၃.၅ ချိန်ဆီ ရုတ်တရက်ရောက်လာခဲ့ပြီး အဲ့အချိန်အတွင်းမှာ ပိတ်မိနေတဲ့ ကျောင်းသားဂန်ဒါ ဂွန်းနဲ့ တွေ့ခဲ့ပါတယ်။

၃.၅ ချိန်ကနေ ဂန်ဒါဂွန်းလွတ်မြောက်နိုင်ဖို့အတွက် အာဂျင်းက ထိုနေရာတွေ ရှိနေသော လျှို့ဝှက်ချက် ကို ဖော်ထုတ်ဖို့ ကြိုးစားပါတယ်ဒါမဲ့ 3.5ချိန်က လျှို့ဝှက်ချက်ကို လူတွေ မသိအောင် ကျောင်းက အကြီးအကဲတွေကိုယ်တိုင် လျှို့ဝှက်ထား

၃.၅ ချိန်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနိုင်မလဲ ပြီးတော့ ဒါဂွန်းကရော အဲ့အချိန်ကနေ လွတ်မြောက် နိုင်ပါ့မလား....
❤1👍1
Once Upon a Forest [1993]
====================

IMDb Rating – 6.4/10ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊
ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ်က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။

မစ်ရှယ်လ်ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေကြသတဲ့။

တစ်နေ့တော့ သူတို့နေတဲ့ဆီမှာ အဆိပ်ဓာတ်ငွေ့တွေရောက်လာပြီးတောကောင်လေးတွေအကုန် ဒုက္ခရောက်ကြတာပေါ့။

မစ်ရှယ်လ်လည်း အဆိပ်ဓာတ်ငွေ့တွေရှူမိပြီး မေ့လဲသွားရှာတယ်။

အဲဒါကြောင့်သူတို့သူငယ်ချင်းကိုကယ်ဖို့ ရက်ဆယ်လ်တို့သုံးယောက် ဆေးပင်ရှာတဲ့စွန့်စားခန်းကြီးဖွင့်ရတော့တာပေါ့။

လူသားတွေကြောင့် တောကောင်
လေးတွေ ဒုက္ခရောက်ရပုံတွေ၊ ရက်ဆယ်လ်တို့သူငယ်ချင်းတစ်စုရဲ့သတ္တိရှိရှိနဲ့ ဆေးပင်ရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုလိုက်ကြပါဦး။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)
👍5
The Battle: Roar to Victory [2019]

ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကိုအခြေပြုရိုက်ကူးထားတာပါ

ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးကရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်

သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ

တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်

ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကိုပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ

ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေကိုအသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကိုအားရစရာကြီးတွေပါ

ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ ပြောက်ကျားစစ်ဟန်တွေရယ်

အရေးကြီးခေါင်းဆောင်တွေကိုစနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ ဂျပန်စစ်ခေါင်း ဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့တော် တော်ကြီးကို မိုက်ပါတယ်

နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်ကဓားချက်သေနတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ဂျပန်တွေရဲ့ပုံကိုလည်းထင်သာမြင်သာအောင်ပြထားတာက အားရစရာကြီးတွေပါပဲ

#Credit
#ChannelMyanmar
👍1
Alone [2015]

Bollywood သရဲဇာတ်ကားဖြစ်ပါတယ်။
အရမ်းကောင်းတဲ့ သရဲကားတစ်ကားပါ။

အမွှာညီအမနှစ်ဦးရဲ့ ၁၅၀၀ အချစ်စိတ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မနာလိုသဝန်တိုပြီး အတ္တကြီးမှု အစွဲအလန်းကြီးမှုတွေကို လှလှပပပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

Bollywood ရဲ့ အကအလှတွေလဲပါဝင်ထားပါတယ်။

အစပိုင်းမှာအေးနေပေမယ့်နောက်ပိုင်းမှာ ဇာတ်ရှိန်တက်လာပြီး နောက်ဆုံးထိ လှည့်ကွက်တွေနဲ့ဆွဲခေါ်သွားနိုင်ပါတယ်။

ဇာတ်ကားရဲ့လှည်ကွက်တွေကလည်း
ခန့်မှန်းထားလို့မရလောက်အောင် လှပသေသပ်လွန်းပါတယ်။ ကြည့်ရှုခံစားအားပေးပါဦး။
👍3
Marei El Breemo [2023]
****
စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့်

Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။

ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့

Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ကြည့်လို့အဆင်ပြေပါတယ်။

ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို

ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန်လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင်

သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်းမှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို

ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး

အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူကသူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့

သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကိုပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး

ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည်

ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန်တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့

နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေအကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက

တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါခြိမ်းခြောက်တောင်းယူတာအိမ်အထိရောက်ချလာပြီးက

တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကိုပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
👍5
Aavesham [2024] "မြေအောက်လောက"

IMDb 8.2

ရုံတင်ငွေ ကုဋေ ၁၅၀ (ဘတ်ဂျက်ငွေ ငါးဆ) ပြန်ရခဲ့တဲ့အပြင် ၂၀၂၄ အတွင်းဝင်ငွေအကောင်းဆုံးစာရင်းဝင် မလေယာလမ်း အက်ရှင်ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်

ဒီကားလေးဟာဆိုရင်ဖြင့် ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင်
ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ်

အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ်

ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်က
ဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့်

သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက်
အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့...

ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလား
ဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်

အညွှန်းနဲ့ ဘာသာပြန်ကတော့ Suri ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ်

#Credit
👍3
Midway (2019)
သမိုင်းဖြစ်ရပ်မှန်အမျိုးအစားကိုမှ စစ်ကားကြည့်ချင်သူတွေအတွက် Midway (2019) လေးနဲ့တင်ဆက်ပေးချင်ပါတယ်။ဒုတိယကမ္ဘာစစ်မစခင်တည်းက ဂျပန်နိုင်ငံရဲ့ စက်သုံးဆီ ၈၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်နိုင်ငံကနေတင်သွင်းခဲ့တာပါ။ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်ကနေ ဂျပန်ကိုတင်ပိုနေတဲ့ စက်သုံးဆီကို ရပ်တန့်ဖို ဆုံးဖြတ်ချက်လိုက်တာကနေစပြီး ဂျပန်ဘက်က ဒုတိယကမ္ဘာစစ်ထဲခြေလှမ်းဖို ပြင်ဆင်နေတာနဲ့ ထပ်တူကျသွားပြီးတော့ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ တစ်ကမ္ဘာလုံးက မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာပါတော့တယ်။ဂျပန်လေတပ်ကနေ အမေရိကန်ပြည်ထောင်စုပိုင် ဟာဝိုင်ယန် ကျွန်း ပါးဟာဗာ ခေါ် ပုလဲဆိပ်ကမ်းကို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးတော့ စစ်ကြေညာခဲ့ပါတယ်။အမေရိကန်ရဲ့ အနောက်ကမ်းရိုးတန်းကိုသိမ်းပိုက်နိုင်ဖို ဂျပန်ဘက်ကနေ နောက်ထပ်စစ်ဆင်ရေးအဖြစ် Midway ကိုတိုက်ခိုက်ဖို လျှိဝှက်စီစဉ်ခဲ့ပါတယ်။အဲဒီအချိန် အမေရိကန်ဘက်ကလည်း နောက်ကျောကနေဓားထိုးခံလိုက်ရတဲ့ အဖြစ်မျိုးကြုံခဲ့ရလို ဂျပန်တပ်တွေကို ချေမှုန်းဖို အပြင်းအထန်ကြိုးစားရင်း ထောက်လှမ်းရေးတပ်ဖွဲဘက်က ဂျပန်တွေရဲ့ လျှိဝှက်အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ပုလဲဆိပ်ကမ်းတိုက်ပွဲအပြီး ၆ လအကြာ ၁၉၄၂ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဂျပန်တပ်တွေဟာ Midway ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။သုံးရက်ကြာ တိုက်ပွဲအတွင်း အမေရိကန်ရဲ့ ကြိုတင်သတင်းရထားမှုတွေကြောင့် ဂျပန်တိုရဲ့အစီအစဉ်တစ်ခုလုံးကျရှုးခဲ့ပြီးတော့ စစ်ပွဲရဲ့ချိန်ခွင်လျှာကိုပြောင်းလဲသွားစေခဲ့ပါတယ်။IMDB 6.7 ရရှိထားပြီးတော့ ဒေါ်လာမီလီယံ ၁၀၀ အထိအကုန်အကျခံရိုက်ကူးထားတဲ့ စစ်ကားလေးက အချိန် ၂ နာရီကျော်ကြာ ပရိသတ်ကြီးကို ဒုတိယကမ္ဘာစစ်ထဲ ခေါ်ဆောင်သွားပေးမှာဖြစ်လို ကြည့်ရှုလိုက်ရအောင်ပါ။
👍1