Republic of Learners
198 subscribers
60 photos
1 file
11 links
Download Telegram
Credit to ; KyawZwarLynn Publication
Republic of Learners
Photo
ဆဲလ် ဘယ်နှမျိုး ရှိလဲ ?

‌ဖြေရခက်ပါတယ် ၊ ဖြေရခက်ပါတယ်ဆိုတာက ဆဲလ်တွေကို ဘယ်အပေါ် မူတည်ပြီး ခွဲလဲဆိုတာကြောင့်ပါ ။

သူတို့ရဲ့ လုပ်ဆောင်ပုံကို ကြည့်ပြီး ခွဲရင်တော့ ကျနော်လည်း မသိလောက်အောင် အများကြီး ရှိပါတယ် ။
ဥပမာ အရိုးမှာ ပါတဲ့ Cell ဆို Osteocytes လို့ ခေါ်ပြီး
ရောဂါတွေကို ခုခံတဲ့ ‌သွေးဖြူဥ Cells တွေကျ Leukocytes လို့ ခေါ်ပါတယ် ။

အရိုးရှင်းဆုံးကတော့ Cells တွေကို သူတို့ရဲ့ တည်ဆောက်ပုံအရ ခွဲတာပါပဲ ။ Cell ထဲမှာ နူကလိယပ်စ် (Nucleus)ပါရင် Eukaryotic Cell လို့ ခေါ်ပါတယ် ။ Nucleus မပါရင်တော့ Prokaryotic Cell လို့ ခေါ်ပါတယ် ။ နာမည်တွေက
မှတ်ရတာ ခက်မယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် ဒီစကားလုံး နှစ်ခုကတော့ ဂရိဘာသာစကား က လာပါတယ် ။

ဒီနေရာမှာ နားလည်လွယ်အောင် လူအကြောင်းချည်း ဥပမာပေး ပြောနေပေမယ့် Cellsက လူမှာပဲ ရှိတာ မဟုတ် ၊ သက်ရှိတိုင်းမှာ ရှိတာပါ။ အချို့ သက်ရှိတွေဆို Cell တစ်ခုထဲနဲ့ သက်ရှိဖြစ်နေတဲ့ Unicellular Organismတွေ ရှိပါတယ် ။ ဥပမာ ကိုးတန်းတုန်းက သင်ခဲ့ဖူးတဲ့ Amoeba အကောင်လေးတို့ Cyanobacteria တို့လို အကောင်မျိုးလေးတွေပါ ။
(Uni= တစ်ခု / Cellular = ဆဲလ်ပါရှိသော / Organism = သက်ရှိ)

လူအပါအဝင် ကျန်တဲ့ သက်ရှိတွေကတော့ ဆဲလ်အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ Multicellular Organism တွေ ဖြစ်ပါတယ် ။
1
Republic of Learners
Photo
ဆဲလ်ကို ဘာတွေနဲ့ ဘယ်လို ဖွဲ့စည်း ?

ဒီနေရာမှာတော့ ဆဲလ်ကို ဘယ်လို Chemical တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ ဓာတုဗေဒဘက်ခြမ်းကနေ‌ မပြောဘဲ Bio ဘက်ခြမ်းကပဲ ရိုးရိုးရှင်းရှင်းပြောပါမယ် ။

ဆဲလ်‌တွေမှာ အခြေခံအစိတ်အပိုင်း လေးခုပါပါတယ် ။
( ဆဲလ်အားလုံးတော့ မဟုတ်ပါ ၊ prokaryotic တွေမှာ သိတဲ့အတိုင်း Nucleus မပါပါ ) ။

အဲ့တာတွေကတော့
၁ ။ ဆဲလ် အမြှေးပါး ( သို့မဟုတ်) ဆဲလ်နံရံ

ဆဲလ်အမြှေးပါးကတော့ သတ္တဝါတွေမှာပါတာဖြစ်ပြီး ဆဲလ်နံရံကတော့ အပင်တွေမှာ ပါတာဖြစ်ပါတယ် ။ ဘာကွာလဲဆိုတော့ ဆဲလ်နံရံက အမြှေးပါးထက် ပိုထူပြီး ပိုမာပါတယ်။ ( အပင်က လှုပ်ရှားမှု နည်းပါတယ် ၊ သက်ရှိတွေက လှုပ်ရှားမှု ပိုများပါတယ် ၊ ဒါကြောင့်မို့ လှုပ်ရှားမှု ပိုလွယ်ဖို့ အတွက် ဆဲလ်အမြှေးပါးတွေက မာကျောနေလို့ မရဘဲ ပျော့ပြောင်းနေမှ ရပါမယ် ။ အဲ့လို ကြည့်ပြန်တော့လည်း အကျိုးအကြောင်းတွေက အသေးစိတ်ဖြစ်ပျက်နေတာ ကိုယ့်အတ္တ သေးသေးလေးအတွက်တောင် နေရာမရှိတော့သလိုပါပဲ ၊ အရာအားလုံးဟာ အကျိုးအကြောင်း အဖြစ်အပျက်ပါပဲ ။ )

ဆဲလ် နံရံ၊ အမြှေးပါးကတော့ ဆဲလ်အတွင်းနဲ့အပြင်ကို ပိုင်းခြားပေးပါတယ် ။

၂။ ဆဲလ်တွင်းရည် ( Cytoplasm )

ဒါကတော့ ဆဲလ် အတွင်းမှာ ရှိတဲ့ အရည်တစ်မျိုးပါ ။
အရည်တစ်မျိုးဆိုပေမယ့် ဂျယ်လီလို ၊ ဂျယ်လို သဘောမျိုးပါ ။ ဘယ်မှာ ရှိလဲဆိုတော့ ဆဲလ်အတွင်းမှာ အပြည့်ရှိပါတယ် ၊ ဆဲလ်အတွင်းက ကျန်တဲ့အရာတွေ အကုန်လုံးက ဒီ ဆဲလ်တွင်းရည်ထဲ မျောပါနေ ၊ရှိနေတဲ့ ပုံစံမျိုးပါ ။
( မျက်စိထဲ မြင်ရခက်နေရင် ကြေးအိုးကိုသာ ပုံဖော်ကြည့်လိုက် 😋 ကြေးအိုးဟင်းရည်ထဲ အသားတွေရော ၊ အရွက်တွေရော ၊ ကြာဇံတွေရော ရှိနေသလိုပေါ့ ) ။

ဒီမှာ ပြောချင်တာက ဆဲလ်အတွင်းမှာ ဘာလို့ လေဟာနယ် မဖြစ်ရတာလဲ ၊ ဘာလို့ အစိုင်အခဲ မရှိရတာလဲဆိုရင်
ဆဲလ်အတွင်းမှာ အရည်မဟုတ်ဘဲ အခဲဖြစ်နေရင် လှုပ်ရှားရခက်မှာ ဖြစ်ပြီး ၊ ဘာမှ မရှိဘဲ လေဟာနယ်ဖြစ်နေရင်လည်း ထိခိုက်မှု၊ ဖိအားတို့ ခံရတဲ့အခါကျ ပျက်စီးလွယ်သွားပါလိမ့်မယ် ။

၃။ ဆဲလ် နူကလိယပ်စ် (Nucleus)

ဆဲလ်ထဲမှာ အကြီးဆုံးအပိုင်း ဖြစ်ပါတယ် ။ ဆဲလ်တစ်ခုလုံးမှာ မင်းတို့က ဟိုဟာလုပ် ၊ဒီဟာလုပ်ဆိုပြီး လိုက်ညွှန်ကြားနေတဲ့ control centre ဆရာကြီးလည်း ဖြစ်ပါတယ်။
နာမည်ကြီး DNA ဆိုတာကလည်း ဒီထဲမှာပဲ ရှိပါတယ် ။ ဆဲလ်တွေ ကွဲပွားတဲ့အခါကျရင်လည်း ဒီကစပြီး ပွားပါတယ် ။ ( ကွဲပွားတာပါ ၊ မျိုးပွားတာ မဟုတ်တာ ၊ မျိုးပွားတာက သက်သက်ပါ ) ။

၄။ အခြားသော ဆဲလ်အင်္ဂါနုတ်များ ( Other Organelles)

အင်္ဂါနုတ်လို့ ဗမာလို ခေါ်ရတာက ကျန်တဲ့ အစိတ်အပိုင်း ပိစိလေးတွေက ကိုယ်တွင်း အင်္ဂါတွေလို သူ့လုပ်ဆောင်စရာ တာဝန် အသီးသီးရှိပြီး သေးသေးနုတ်နုတ်လေးတွေမို့ပါ ။ ( Nucleus ကိုယ်တိုင်လည်း အင်္ဂါနုတ်ပါပဲ ၊ သူကတော့ အကြီးဆုံးပေါ့ )

ဥပမာ mitochondria တွေဆို cell အတွက် စွမ်းအင်ထုတ်ပေးပါတယ် ။ အစိမ်းရောင်ခြယ်ပစ္စည်း Chlorophyll တွေဆို နေရောင်ကနေ အစာထုတ်ပေးပါတယ် ။
👍1🍓1
ဆဲလ်အတွင်းမှာ တွေ့ရတဲ့ အင်္ဂါနုတ် စာရင်းပါ ။ ထပ်လေ့လာချင်သူတွေ လေ့လာနိုင်ဖို့ပါ ။ Public Education အတွက်မို့ အသေးစိတ်တော့ ရှင်းမပြတော့ပါဘူးဗျ ။ ဒါပေမယ့် နားမလည်တာ ရှိရင် မေးဖို့ အားမနာပါနဲ့နော် ။
ဒါကတော့ cells နဲ့ ဆက်စပ်တဲ့ပုံတွေပါ ။ ဆဲလ်တွေကို Microscope အောက်မှာပဲ မြင်ရနိုင်တဲ့အတွက် သင်ထောက်ကူ ရှားပါးတဲ့ ဒီနိုင်ငံမှာတော့ ဆဲလ်ဟာ သိသာသိ မမြင်မိ ၊ ရှိသာရှိ မကြည့်မိတဲ့ အရာတွေ ဖြစ်နေပါတယ် ။
👍1
ဒီစာတွေနဲ့ ပတ်သက်ပြီး GED Level Science ပြီးသွားတဲ့အခါမှာ အရင်လို Lesson Text ထုတ်ပေးပါ့မယ်ဗျ ။ အခုကတော့ on the projectအနေနဲ့ စာလိုက်လုပ်ချင်တဲ့သူတွေအတွက် အရင် share လိုက်ပါတယ် ။ နောက်ထပ် ခေါင်းစဉ်တစ်ခုကတော့ Human Body and Systems ဖြစ်ပါတယ် ၊ လူ့ခန္ဓာကိုယ်အတွင်းက အင်္ဂါတွေနဲ့ သူတို့ပါဝင်လုပ်ဆောင်နေတဲ့ စနစ်အမျိုးမျိုးအကြောင်း ဖြစ်ပါတယ် ။ See you later guys.
Stay Safe and Take Care.
4🍓1
Learning Resources

Channel မှာ Pin ထားဖို့အတွက် Message ပါ ။
ဒီမှာတော့ လေ့လာစေလိုတဲ့ Learning Resources တွေကို အကျဉ်းချုပ် အညွှန်းစာနဲ့တကွ ဖော်ပြထားမှာ ဖြစ်ပါတယ် ။ နောက်ပိုင်း ထပ်ဖြည့်တာတွေကိုလည်း ဒီမှာပဲ Edit လုပ်ပေးသွားပါ့မယ် ။

- အခြေခံ သိပ္ပံပညာနဲ့ ပတ်သက်ပြီး ဗမာလို ဖတ်ရှုနိုင်မယ့် Website ပါ ။ ဝင်မယ်ဆိုရင်တော့ VPN ခံထားဖို့ လိုပါတယ် ။
https://kyawzwarlynnpublications.wordpress.com/biology101/

- Economic နဲ့ ပတ်သက်ပြီး အခြေခံ လေ့လာရန် YouTube Course
https://youtube.com/playlist?list=PL8dPuuaLjXtPNZwz5_o_5uirJ8gQXnhEO

- Case Study လုပ်ရန် လေ့လာဖို့ YouTube Channel များ
https://youtube.com/c/PolyMatter
https://youtube.com/c/johnnyharris
https://youtube.com/c/RealLifeLore
https://youtube.com/c/EconomicsExplained
https://youtube.com/c/Vox
https://youtube.com/greymatter

- General Education အတွက်
https://youtube.com/c/crashcourse
https://youtube.com/c/inanutshell
https://youtube.com/teded
https://youtube.com/c/khanacademy

https://youtube.com/c/studyhall

- အခြေခံ Enginnering
https://youtube.com/playlist?list=PL8dPuuaLjXtO4A_tL6DLZRotxEb114cMR

https://youtube.com/playlist?list=PL8dPuuaLjXtNlUrzyH5r6jN9ulIgZBpdo
https://youtube.com/c/zachstar
https://youtube.com/ArchitecturalDigest
https://youtube.com/c/Thirtybyforty


- ကျန်းမာရေးနဲ့ ပတ်သက်ပြီး

https://youtube.com/playlist?list=PL8dPuuaLjXtPkACD-BkU-oM6PUotjdCEk
https://youtube.com/playlist?list=PL8dPuuaLjXtOAKed_MxxWBNaPno5h3Zs8

- သမိုင်းနဲ့ ပတ်သက်ပြီး

https://youtube.com/playlist?list=PLBDA2E52FB1EF80C9
https://youtube.com/playlist?list=PL8dPuuaLjXtMwmepBjTSG593eG7ObzO7s
https://youtube.com/c/OverSimplified

- နည်းပညာအခြေခံ

https://youtube.com/c/mkbhd
https://youtube.com/c/Dave2D
https://youtube.com/c/JerryRigEverything
https://youtube.com/playlist?list=PL8dPuuaLjXtN07XYqqWSKpPrtNDiCHTzU

- စိုက်ပျိုးရေး Gardening အခြေခံ
https://youtube.com/c/Selfsufficientme
https://youtube.com/c/SerpaDesign
https://youtube.com/user/busygardener
👍4🔥1
The Republic Publication
ဒီpin messageကတော့ ကျနော်တို့ ရေးဖြစ်တဲ့ Lesson Notes တွေ ၊ Learning Paperတွေအတွက် ဖြစ်ပါတယ် ။ အားလုံး တစ်စုတစ်စည်းတည်း ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ် ။ ထပ်တင်ဖြစ်တာတွေကိုလည်း ဒီမှာပဲ အညွှန်းစာထပ်ဖြည့်ပေးသွားပါမယ် ။

https://drive.google.com/drive/folders/1VyU_XiNmrBX8bBYh4DTk8ajEJVRcxaFS

FS-01/2022 - American Revolution , Declaration of Independence and the War for Independence

FS-02/2022 - test question assessment for FS-01/2022 paper

FS-03/2022 - U.S Constitution