Republic of Learners
198 subscribers
60 photos
1 file
11 links
Download Telegram
Enjoy the Podcast, our dear friends 🥳
❤2🔥1
မနက်ဖြန် Sunday က အားလပ်ရက် ပိတ်ရက်ပါ ခင်ဗျ ။ လာမယ့်အပတ်မှာ ဘာများ လေ့လာချင်ကြပါသလဲ ။ Voting လေး လုပ်ပေးကြပါဦးခင်ဗျ ။
Anonymous Poll
9%
American Civil War
20%
World War One
22%
Early History of Science
58%
GED level Science ( Physics/ Chemistry/Bio)
Hello 🥳 ဒီတစ်ပတ်အတွက် ကျနော်တို့ GED Level Science တွေအတွက် အတူလေ့လာဖို့ Stidy Courseလေးတွေ ဆွဲပြီးပါပြီဗျ ။ ဒီတစ်ပတ်လို့ ပြောပေမယ့် တစ်ပတ်ထဲနဲ့ မပြီးဘဲ နောက်အပတ်အထိ ဆက်သွားရမှာပါ ။

ဒီနေရာမှာ GED Level ဆိုတဲ့ ခေါင်းစဉ်ကို ရှင်းပြဖို့လိုပါတယ် ။ အားလုံးသိတဲ့အတိုင်း ကျနော်တို့ဆီမှာ ပညာရေးမူဝါဒအရ စာမေးပွဲတွေကို လိုတာထက် ပိုပြီး အရေးပေး လေ့လာတာမျိုး မလုပ်ပါဘူး ။

ဒါပေမယ့် Science တွေကို လေ့လာတဲ့အခါ တက္ကသိုလ် Major Subject Level အထိ လေ့လာမှာလား ၊ မူလတန်းကလေးတွေလို မိတ်ဆက် Introductory Level လောက် လေ့လာမှာလားဆိုတာ စဉ်းစားရပါသေးတယ် ။ ဒါကြောင့် အသင့်တော်ဆုံး level ဖြစ်တဲ့ GED Level ကိုရွေးလိုက်ပါတယ် ။

GED ရဲ့ Website မှာတော့ Science Subjectတွေ အတွက် အောက်ပါ Objective တွေ ချမှတ်ပေးထားပါတယ် ။
- Science Information တွေကို နားလည်ရမယ် ။
- Science Information တွေကို အကဲဖြတ်နိုင်ရမယ် ။ ( သူတို့ကတော့ Interpret လို့ သုံးထားတယ် ၊ မတူတဲ့ မေးခွန်းတွေမှာ ဘယ်ဟာလာလာ မေးခွန်းကို နားလည်နိုင်တာမျိုးကို ပြောတာပေါ့ )
- ရှိပြီးသား Science Knowledge ကို အခြေခံပြီး လိုတိုရှင်း အဖြေတွေ ထုတ်ပေးနိုင်ရမယ် ၊ ဆုံးဖြတ်ချက်တွေ ချပေးနိုင်ရမယ် လို့ ပြောထားပါတယ် ။
သူတို့ website မှာလည်း စာတွေကို အလွတ်ကျက်ဖို့ မလိုကြောင်း ပြောထားပါတယ် ။ ကျနော်တို့ဆီမှာလည်း ပညာရေးမူဝါဒအရ informationတွေ အလွတ်ကျက်ဖို့ထက် နားလည်ဖို့ ၊ နောက်ကွယ်က အ‌တွေးအခေါ် (Philosophy)ကို ကြည့်ကြ၊မြင်ကြဖို့ကို ဦးစားပေးသွားပါ့မယ် ။
နောက်ထပ် ပြောလိုတာကတော့ Science Subject တွေက ခေါင်းစဉ်အခွဲတွေ များလွန်းတဲ့အတွက် History သင်တုန်းကလို lesson notes က အကုန်လုံးကို စုပေါင်းပြီး ရေးပေးဖို့ မလွယ်ပါဘူး ။

ဒါကြောင့်မို့ ခေါင်းစဉ်တစ်ခုချင်းစီ ခွဲပြီး တင်ရမှာ ဖြစ်တဲ့အတွက် ဒီရက်ပိုင်း Channel ကနေ နည်းနည်းချင်းစီ ခွဲပြီး ခဏခဏ ပို့ရဖို့ ရှိပါတယ် ။ အကုန်လုံးကို ရှေ့က ရေးပြီး " ငါတို့ ဒါရေးထားတယ် ၊ မင်းတို့ ရအောင် ကျက်ကြ ၊ လေ့လာကြ ။ မရရင် မင်းတို့ ပြဿနာ ၊ မင်းတို့ အသုံးမကျတာ" လို့ ပြောနေလို့ မရပါဘူး ။
ဒါကြောင့်မို့ နည်းနည်းချင်းစီ ခွဲပြီးပဲ ပို့သွားမှာပါ ။
အကယ်၍ ဒီဆုံးဖြတ်ချက်ကို အဆင်မပြေဘူး ထင်ရင် comment မှာ အကျိုးအကြောင်း ပြောပြပြီး ကန့်ကွက်လို့ရပါတယ်ဗျ ။
❤2
This screenshot is taken from Kaplan website. Kaplan is one of the famous education companies though. But our real world studying might have more topics than this. 🤗
❤2🍓1
Also, here is a Facebook post concerning about this morning earthquake . I think you should read it as a form of "Continuous Learning". 🤗 Earthquakes are also an important topic in GED Science.

https://www.facebook.com/135924224734/posts/pfbid02koCe1b1bsoSb751G6ZYcaV9tQJ4Jst54i2DmLXC4uougFzYo6w3Kt2phUTikT5fvl/
❤2
မင်္ဂလာပါ ။ ဒီနေ့မှာတော့ ကျနော်တို့အတူ
အခြေခံ သိပ္ပံ ( GED level Science) အတွက်
ပထမဆုံးခေါင်းစဉ် ဖြစ်တဲ့ Cells Structure အကြောင်း အတူလေ့လာသွားမှာဖြစ်ပါတယ် ။
Cells တွေကို လေ့လာဖို့က ဆရာဝန်တွေနဲ့ ဇီဝဗေဒကျောင်းသားတွေရဲ့ တာဝန်မဟုတ်ပါဘူး ၊ လူတိုင်း အခြေခံသိသင့်တဲ့ ခေါင်းစဉ်ဖြစ်ပါတယ် ။
Cells တွေဟာ သက်ရှိတိုင်းရဲ့ အခြေခံဖြစ်တဲ့အတွက် Cells တွေကို နားမလည်ဘဲနဲ့ ကိုယ့်ကျန်းမာရေး ၊ ကိုယ့်ခန္ဓာကိုယ်နဲ့ အခြားသက်ရှိတွေကို နားလည်ဖို့ရာ မလွယ်ကူပါဘူး ။ Cells တွေကို နားလည်မှ နိုင်ငံတကာ‌နဲ့ ထပ်တူညီတဲ့ ပညာရေး အဆင့်အတန်းဖြစ်မှာ ဖြစ်ပါတယ် ။

ဒီတစ်ပတ် Cells တွေအကြောင်းကို ပြောဖို့ လေ့လာရင်း ဖတ်ဖြစ်ခဲ့တဲ့ resources အချို့ကို အရင် share ချင်ပါတယ် ။ Resources တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမချနိုင်သ၍ ကျနော်တို့ရဲ့ ပညာရေးက သူများပေးမှ ရမယ့် ပညာရေးမျိုး ဖြစ်နေပါလိမ့်မယ်ဗျ။

ပထမဆုံးတစ်ခုက မြန်မာဘာသာနဲ့ သေချာရေးထားတဲ့ ကိုကျော်စွာလင်းရဲ့ KyawZwarLynn Publication က "သက်ရှိဆဲလ်ထဲသို့ အလည်တစ်ခေါက်" လို့ ခေါ်တဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ် ။
ဒီ Link ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။
( VPN တော့ ခံထားဖို့ လိုပါတယ်ဗျ )

https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp2_living_cell/

ဒုတိယတစ်ခုကတော့ YouTube က Crashcourse Channel ရဲ့ Biology Course ဖြစ်ပါတယ် ။
သူကတော့ မြန်မာဘာသာနဲ့ မဟုတ်ပေမယ့် ကလေးတွေ ၊ လူငယ်တွေ နားလည်လွယ်အောင် သေချာ ရှင်းပြထားတာမျိုးပါ ။

https://youtube.com/playlist?list=PL3EED4C1D684D3ADF
ပထမဆုံး အနေနဲ့ ကျနော်တို့ Cells တွေရဲ့ definition ကနေ စကြည့်ပါ့မယ် ။ ဆဲလ်ကို ဘာတွေနဲ့ ဖွဲ့စည်းထားလဲ မလေ့လာခင်မှာ ဆဲလ်ဆိုတာဘာလဲ ဆိုတာကို တိတိကျကျ နားလည်ဖို့ အရင်လိုပါလိမ့်မယ်။
- ဆဲလ်တွေသည် အခြေခံအကျဆုံး ၊ အသေးဆုံး သက်ရှိ အစိတ်အပိုင်းတွေ ဖြစ် ။

- သက်ရှိတိုင်းကို ဆဲလ်တွေနဲ့ ဖွဲ့စည်းထား ။

- ဆဲလ်တွေကို microscope နဲ့သာ ကြည့်မြင်နိုင် ။
ဒါကတော့ KyawZwarLynn Publication ရဲ့ ဆောင်းပါးကနေ ကူးယူလာတဲ့ Screenshot ပါဗျ ။
နောက်ထပ် တစ်ခု ထပ်သိဖို့ လိုတာကတော့ Cell Theory ဖြစ်ပါတယ် ။

Cell Theory ဟာလည်း ခက်ခဲတဲ့အရာတစ်ခု မဟုတ်ဘဲ ဆဲလ်တွေနဲ့ ပတ်သက်ပြီး ယေဘူယျ အမှန်တရားတွေကို စုပြီး ပြောထားတဲ့ သဘောပါဗျ ။
Credit to ; KyawZwarLynn Publication
Republic of Learners
Photo
ဆဲလ် ဘယ်နှမျိုး ရှိလဲ ?

‌ဖြေရခက်ပါတယ် ၊ ဖြေရခက်ပါတယ်ဆိုတာက ဆဲလ်တွေကို ဘယ်အပေါ် မူတည်ပြီး ခွဲလဲဆိုတာကြောင့်ပါ ။

သူတို့ရဲ့ လုပ်ဆောင်ပုံကို ကြည့်ပြီး ခွဲရင်တော့ ကျနော်လည်း မသိလောက်အောင် အများကြီး ရှိပါတယ် ။
ဥပမာ အရိုးမှာ ပါတဲ့ Cell ဆို Osteocytes လို့ ခေါ်ပြီး
ရောဂါတွေကို ခုခံတဲ့ ‌သွေးဖြူဥ Cells တွေကျ Leukocytes လို့ ခေါ်ပါတယ် ။

အရိုးရှင်းဆုံးကတော့ Cells တွေကို သူတို့ရဲ့ တည်ဆောက်ပုံအရ ခွဲတာပါပဲ ။ Cell ထဲမှာ နူကလိယပ်စ် (Nucleus)ပါရင် Eukaryotic Cell လို့ ခေါ်ပါတယ် ။ Nucleus မပါရင်တော့ Prokaryotic Cell လို့ ခေါ်ပါတယ် ။ နာမည်တွေက
မှတ်ရတာ ခက်မယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် ဒီစကားလုံး နှစ်ခုကတော့ ဂရိဘာသာစကား က လာပါတယ် ။

ဒီနေရာမှာ နားလည်လွယ်အောင် လူအကြောင်းချည်း ဥပမာပေး ပြောနေပေမယ့် Cellsက လူမှာပဲ ရှိတာ မဟုတ် ၊ သက်ရှိတိုင်းမှာ ရှိတာပါ။ အချို့ သက်ရှိတွေဆို Cell တစ်ခုထဲနဲ့ သက်ရှိဖြစ်နေတဲ့ Unicellular Organismတွေ ရှိပါတယ် ။ ဥပမာ ကိုးတန်းတုန်းက သင်ခဲ့ဖူးတဲ့ Amoeba အကောင်လေးတို့ Cyanobacteria တို့လို အကောင်မျိုးလေးတွေပါ ။
(Uni= တစ်ခု / Cellular = ဆဲလ်ပါရှိသော / Organism = သက်ရှိ)

လူအပါအဝင် ကျန်တဲ့ သက်ရှိတွေကတော့ ဆဲလ်အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ Multicellular Organism တွေ ဖြစ်ပါတယ် ။
❤1
Republic of Learners
Photo
ဆဲလ်ကို ဘာတွေနဲ့ ဘယ်လို ဖွဲ့စည်း ?

ဒီနေရာမှာတော့ ဆဲလ်ကို ဘယ်လို Chemical တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ ဓာတုဗေဒဘက်ခြမ်းကနေ‌ မပြောဘဲ Bio ဘက်ခြမ်းကပဲ ရိုးရိုးရှင်းရှင်းပြောပါမယ် ။

ဆဲလ်‌တွေမှာ အခြေခံအစိတ်အပိုင်း လေးခုပါပါတယ် ။
( ဆဲလ်အားလုံးတော့ မဟုတ်ပါ ၊ prokaryotic တွေမှာ သိတဲ့အတိုင်း Nucleus မပါပါ ) ။

အဲ့တာတွေကတော့
၁ ။ ဆဲလ် အမြှေးပါး ( သို့မဟုတ်) ဆဲလ်နံရံ

ဆဲလ်အမြှေးပါးကတော့ သတ္တဝါတွေမှာပါတာဖြစ်ပြီး ဆဲလ်နံရံကတော့ အပင်တွေမှာ ပါတာဖြစ်ပါတယ် ။ ဘာကွာလဲဆိုတော့ ဆဲလ်နံရံက အမြှေးပါးထက် ပိုထူပြီး ပိုမာပါတယ်။ ( အပင်က လှုပ်ရှားမှု နည်းပါတယ် ၊ သက်ရှိတွေက လှုပ်ရှားမှု ပိုများပါတယ် ၊ ဒါကြောင့်မို့ လှုပ်ရှားမှု ပိုလွယ်ဖို့ အတွက် ဆဲလ်အမြှေးပါးတွေက မာကျောနေလို့ မရဘဲ ပျော့ပြောင်းနေမှ ရပါမယ် ။ အဲ့လို ကြည့်ပြန်တော့လည်း အကျိုးအကြောင်းတွေက အသေးစိတ်ဖြစ်ပျက်နေတာ ကိုယ့်အတ္တ သေးသေးလေးအတွက်တောင် နေရာမရှိတော့သလိုပါပဲ ၊ အရာအားလုံးဟာ အကျိုးအကြောင်း အဖြစ်အပျက်ပါပဲ ။ )

ဆဲလ် နံရံ၊ အမြှေးပါးကတော့ ဆဲလ်အတွင်းနဲ့အပြင်ကို ပိုင်းခြားပေးပါတယ် ။

၂။ ဆဲလ်တွင်းရည် ( Cytoplasm )

ဒါကတော့ ဆဲလ် အတွင်းမှာ ရှိတဲ့ အရည်တစ်မျိုးပါ ။
အရည်တစ်မျိုးဆိုပေမယ့် ဂျယ်လီလို ၊ ဂျယ်လို သဘောမျိုးပါ ။ ဘယ်မှာ ရှိလဲဆိုတော့ ဆဲလ်အတွင်းမှာ အပြည့်ရှိပါတယ် ၊ ဆဲလ်အတွင်းက ကျန်တဲ့အရာတွေ အကုန်လုံးက ဒီ ဆဲလ်တွင်းရည်ထဲ မျောပါနေ ၊ရှိနေတဲ့ ပုံစံမျိုးပါ ။
( မျက်စိထဲ မြင်ရခက်နေရင် ကြေးအိုးကိုသာ ပုံဖော်ကြည့်လိုက် 😋 ကြေးအိုးဟင်းရည်ထဲ အသားတွေရော ၊ အရွက်တွေရော ၊ ကြာဇံတွေရော ရှိနေသလိုပေါ့ ) ။

ဒီမှာ ပြောချင်တာက ဆဲလ်အတွင်းမှာ ဘာလို့ လေဟာနယ် မဖြစ်ရတာလဲ ၊ ဘာလို့ အစိုင်အခဲ မရှိရတာလဲဆိုရင်
ဆဲလ်အတွင်းမှာ အရည်မဟုတ်ဘဲ အခဲဖြစ်နေရင် လှုပ်ရှားရခက်မှာ ဖြစ်ပြီး ၊ ဘာမှ မရှိဘဲ လေဟာနယ်ဖြစ်နေရင်လည်း ထိခိုက်မှု၊ ဖိအားတို့ ခံရတဲ့အခါကျ ပျက်စီးလွယ်သွားပါလိမ့်မယ် ။

၃။ ဆဲလ် နူကလိယပ်စ် (Nucleus)

ဆဲလ်ထဲမှာ အကြီးဆုံးအပိုင်း ဖြစ်ပါတယ် ။ ဆဲလ်တစ်ခုလုံးမှာ မင်းတို့က ဟိုဟာလုပ် ၊ဒီဟာလုပ်ဆိုပြီး လိုက်ညွှန်ကြားနေတဲ့ control centre ဆရာကြီးလည်း ဖြစ်ပါတယ်။
နာမည်ကြီး DNA ဆိုတာကလည်း ဒီထဲမှာပဲ ရှိပါတယ် ။ ဆဲလ်တွေ ကွဲပွားတဲ့အခါကျရင်လည်း ဒီကစပြီး ပွားပါတယ် ။ ( ကွဲပွားတာပါ ၊ မျိုးပွားတာ မဟုတ်တာ ၊ မျိုးပွားတာက သက်သက်ပါ ) ။

၄။ အခြားသော ဆဲလ်အင်္ဂါနုတ်များ ( Other Organelles)

အင်္ဂါနုတ်လို့ ဗမာလို ခေါ်ရတာက ကျန်တဲ့ အစိတ်အပိုင်း ပိစိလေးတွေက ကိုယ်တွင်း အင်္ဂါတွေလို သူ့လုပ်ဆောင်စရာ တာဝန် အသီးသီးရှိပြီး သေးသေးနုတ်နုတ်လေးတွေမို့ပါ ။ ( Nucleus ကိုယ်တိုင်လည်း အင်္ဂါနုတ်ပါပဲ ၊ သူကတော့ အကြီးဆုံးပေါ့ )

ဥပမာ mitochondria တွေဆို cell အတွက် စွမ်းအင်ထုတ်ပေးပါတယ် ။ အစိမ်းရောင်ခြယ်ပစ္စည်း Chlorophyll တွေဆို နေရောင်ကနေ အစာထုတ်ပေးပါတယ် ။
👍1🍓1
ဆဲလ်အတွင်းမှာ တွေ့ရတဲ့ အင်္ဂါနုတ် စာရင်းပါ ။ ထပ်လေ့လာချင်သူတွေ လေ့လာနိုင်ဖို့ပါ ။ Public Education အတွက်မို့ အသေးစိတ်တော့ ရှင်းမပြတော့ပါဘူးဗျ ။ ဒါပေမယ့် နားမလည်တာ ရှိရင် မေးဖို့ အားမနာပါနဲ့နော် ။
ဒါကတော့ cells နဲ့ ဆက်စပ်တဲ့ပုံတွေပါ ။ ဆဲလ်တွေကို Microscope အောက်မှာပဲ မြင်ရနိုင်တဲ့အတွက် သင်ထောက်ကူ ရှားပါးတဲ့ ဒီနိုင်ငံမှာတော့ ဆဲလ်ဟာ သိသာသိ မမြင်မိ ၊ ရှိသာရှိ မကြည့်မိတဲ့ အရာတွေ ဖြစ်နေပါတယ် ။
👍1