𝗣𝗥𝗢𝗝𝗘𝗖𝗧 𝟐𝗬
1.01K subscribers
82 photos
2 videos
13 links
📚 𝐀 𝐑𝐞𝐚𝐝𝐞𝐫 𝐋𝐢𝐯𝐞𝐬 𝐀 𝐓𝐡𝐨𝐮𝐬𝐚𝐧𝐝 𝐋𝐢𝐯𝐞𝐬 𝐁𝐞𝐟𝐨𝐫𝐞 𝐇𝐞 𝐃𝐢𝐞𝐬. 𝐓𝐡𝐞 𝐌𝐚𝐧 𝐖𝐡𝐨 𝐍𝐞𝐯𝐞𝐫 𝐑𝐞𝐚𝐝𝐬 𝐋𝐢𝐯𝐞𝐬 𝐎𝐧𝐥𝐲 𝐎𝐧𝐞.
Download Telegram
The Fate Of A Man (အပိုင်း ၁)
စစ်ကြီးအပြီးစာ‌သိပ်မကြာခင်မတ်လကုန်မှာ စာရေးဆရာဟာမိတ်ဆွေတစ်ဦးနှင့်အတူ"ဗူကာနော့စကာယာ"ဘက်ကိုခရီးထွက်လာခဲ့ပါတယ်။ဒါပေမယ့်လမ်းမှာမြစ်ချောင်းအင်းအိုင်တွေစီကရေတွေလျှံထွက်လာကြောင့်မလို့မြင်းလှည်းနဲ့ဆက်မသွားနိုင်ပါဘူး။အဲတာကြောင့်မြင်းလှည်းပေါ်ကဆင်းပြီးပင်ပင်ပန်းပန်းလမ်းလျှောက်လာခဲ့ပါတယ်။ဒါပေမယ့်မြေပြင်မှာနှင်းတွေလည်းရှ်ိနေတာမလို့မနည်းရုန်းပြီးလမ်းလျှောက်ရတဲ့အပြင်လှည်းကလည်းတစ်ခါခါနှင်းထဲနစ်နေတာမလို့လှည်းကိုလည်းတွန်းရင်းလူပါလမ်းလျှောက်ရတာမလို့မနည်းရုန်းကန်ပြီးသွားရတာကြောင့်18မိုင်ကျော်ကျော်ကွာဝေးတဲ့ယီလင်ကာမြစ်ဆိပ်ကိုရောက်ဖို့ခြောက်နာရီနီးပါးခရီးနှင်ခဲ့ရပါတယ်။မြစ်ကိုဖြတ်ဖို့လှေကိုစီးခဲ့ပေမယ့်လှေကလူသုံးယောက်ဘဲဆံ့တာမလို့‌စာရေးဆရာနဲ့မိတ်ဆွေနဲ့တို့မြစ်တစ်ဖက်ခြမ်းကိုရောက်ခဲ့ပါတယ်။မြစ်တစ်ဖက်ခြမ်းရောက်တော့စီးကရက်သောက်မလို့ကြံပေမယ့်မြစ်တစ်ဖက်ကိုကူးတဲ့လှေကဆွေးနေတာကြောင့်ခါးတစ်ဝက်လောက်ကရေစိုနေတာမလို့သောက်မရတော့ပါဘူး။စာရေးဆရာရဲ့မိတ်ဆွေဟာခရီးဆက်သွားဖို့လှေသွားရှာပြီးပြန်လာမယ်လို့ပြောခဲ့တာကြောင့်လမ်းလျှောက်နေရင်းလူတစ်ယောက်နဲ့အတူ ကလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။သူ့ပုံစံကထောင်ထောင်မောင်း‌မောင်းနဲ့အရပ်မြင့်တဲ့ပုံစံမျိုးပါ။သူကစာရေးဆရာကိုလက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။

(ဒီမှာဇာတ်လမ်းစပါပြီ)
"ငါကဘယ်နေရာမှာမှမတော်ပါဘူးကွာ..."

"ငါအသုံးကျတဲ့နေရာဘယ်မှာရှိလို့လဲ..."

"သူများတွေများကြည့်ပါလား၊ကူညီပေးမယ့်သူနဲ့ငါ့ကြတစ်ယောက်တည်း..."

"ဒီလိုပုံစံနဲ့ဘယ်လိုလုပ်အောင်မြင်မှာလဲ..."

လွဲမှားနေပြီဖြစ်သည်။
သင်သည်ကိုယ့်ကိုယ်ကို မလေးစားနေခြင်းသာဖြစ်သည်။သင်သည်အခုလောလောဆယ် ရှိနေ့သည့်စွမ်းရည်များကိုပင် ကုန်စင်အောင်ထုတ်ယူ‌ခြင်းမရှိနေခြင်းသာဖြစ်သည်။ရာထူးအဆင့်နိမ့်ပါး‌ခြင်း၊လုပ်ငန်းအဆင်မပြေဖြစ်ခြင်းသည်"သင်၌အစွမ်းအစမရှိ"ဟုဆိုလိုခြင်းမဟုတ်ပေ။ထိုအတွေးအခေါ်စဉ်းစားပုံမျိုးသည် တိုးတက် ကြီးပွားမည့်အတွေးအခေါ်မျိုးမဟုတ်။

"ကိုယ့်ကိုယ်ကိုလေးစားခြင်းသည်အောင်မြင်မှု၏အခြေခံအုတ်မြစ်ဖြစ်သည်"

သင်သိပါသလား၊လူဆိုတယ့်အမျိုးဟာကိုယ့်ကိုယ်ကိုပြောဆို၊‌စဉ်းစား၊ပုံဖော်တဲ့အတိုင်းဖြစ်တယ်ဆိုတာ။သေချာစဉ်းစားကြည့်ရင် ပတ်ဝန်းကျင်မှာကိုယ့်ကိုယ်ကိုအဆိုးမြင်တဲ့သူတွေ ကဘယ်နေရာမှာမှအသုံးမဝင်တာကိုတွေ့ရမှာပါ။ဆန်ကုန်မြေလေးတွေကိုကြည့်လိုက်ရင်"ငါကတော့မအောင်မြင်တော့ပါဘူးကွာ၊ငါပင်ပန်းနေပြီ ငါမလုပ်နိုင်တော့ဘူး၊ငါကတော့အသုံးမကျပါဘူးကွာ"ဆိုတဲ့သူတွေချည်းဘဲ စုနေတာကိုတွေ့ရမှာပါ။သူတို့ကိုကြည့်လိုက်ရင် မသိရင်နှစ်သုံးဆယ်လောက်လုပ်ခဲ့တဲ့လုပ်ငန်းတစ်ခုပျက်သွားသလိုမျိုးနဲ့ တကယ်တမ်းကျကိုယ်အသုံးမကျမှန်းမသိ တစ်ခုနှစ်ခုအဆင်မပြေတာနဲ့တစ်ဘဝလုံးသွားပြီ ထင်‌တဲ့သူတွေချည်းဘဲဖြစ်နေတာကိုတွေ့ရမှာပါ။

ဘယ်အောင်မြင်ချမ်းသာနေတဲ့သူ‌တွေကမှ ကိုယ့်ကိုယ်ကို အဲ့လောက်အထိအဆိုးမမြင်ပါဘူး။လူတစ်ယောက်ကြီးပွားတိုးတက်ဖို့အတွက်လိုအပ်တဲ့ပထမဦးစားပေးအဆင့်ကို‌ဖော်ပြပါ့မယ်။

"ပထမဆုံးတစ်ချက်ကအရင်းအနှီးဘဲဖြစ်ရမယ်"။"လုံးဝ"မဟုတ်ပါဘူး။ထပ်ပြောပါ့မယ် အရင်းအနှီးကပထမဦးစားပေးမဟုတ်ပါဘူး။ပထမဦးစားပေးက "သိမ်ငယ်စိတ် (သို့) အဆိုးမြင်စိတ်ကိုဖျောက်ခြင်း"ဘဲဖြစ်ပါတယ်။

တွေ့ဖူးကြလားဗျ၊အရင်းအနှီးဘယ်လောက်ပေးပေး ဆန်ကုန်မြေလေးဖြစ်နေတဲ့သူတွေကို။အိမ်‌ကတော့ရှိတာလေးကိုထုတ်ပေးတာဘဲ။လေးငါးနှစ်လောက်ကြာတော့ ခွက်ဆွဲရတာမျိုး။နဂိုလခနည်းတဲ့အလုပ်ကိုပြန်သွားရတာမျိုး။ဒါတွေကိုကြည့်ရင်အဓိကအချက်ကအရင်းအနှီးမလောက်လို့မဟုတ်ဘဲ *သိမ်ငယ်စိတ် (သို့) အဆိုးမြင်စိတ်"ကြောင့်ဘဲဖြစ်ပါတယ်။ကြီးသည်ဖြစ်‌စေ သေးသည်ဖြစ်စေ ကိုယ့်လုပ်ငန်းကိုလေးစားတယ်ဆိုတာက ကိုယ့်လုပ်ကိုယ့်ကိုယ်ကို‌လေးစားတာဘဲဖြစ်ပါတယ်။အခုမှစတာအကြီးကြီး‌တွေကိုမျှော်နေရင်တော့ ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။"ငါ့မှာဘယ်လောက်ဘဲရှိရှိလုပ်မယ်"ဆိုတဲ့သူတွေကမှအောင်မြင်တာဖြစ်ပါတယ်။

The Joy Of Work By Bruce Daiseleyမှ ဖော်ပြသည်။

စကားမစပ်ငလျှင်အတွက်လှူဒါန်းတဲ့မည်သူကိုမဆိုFree Vip Membership တစ်လစာပေးအပ်သွားမှာဘဲဖြစ်ပါတယ်။
ဖတ်ရှုလိုပါက @P2YCEO2
အားလုံးဘဲ မဂ်လာပါ။ဒီနေ့မှာတော့Facebook Pageမှာတင်ပေးမယ့် "အခမဲ့" ဇတ်လမ်းဝတ္ထုစာအုပ်ကိုပြောပြပေးချင်ပါတယ်။

စာအုပ်က The Fate Of A Man By Mikhail Sholokhov ဘဲဖြစ်ပါတယ်။အရင်တုန်းကအပိုင်းတွေ တင်ပေးထားပေးမယ့်မအားတာကြောင့် ဆက်မဖြစ်ပေမယ့်အခုဆက်တင်ပေးပါ့မယ်။အရင်အပိုင်းတွေကို Facebook Page မှာပြန်လည်ရှာဖွေဖတ်ရှု ဖတ်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုမရှင်းပြခင်မှာ စာအုပ်အကြောင်းနဲ့ရေးသားသူ‌အကြောင်းကိုရှင်းပြပေးချင်ပါတယ်။

ဒီစာအုပ်မှာကိုစာပေနိုဘယ်ဆုရှင်ဖြစ်တဲ့ ဆရာကြီးရှိုလိုကောဖ့်ရေးသားခဲ့ပြီးဆရာကြီးက Tales From Don,Virgon Soil Upturned စတဲ့နာမည်ကြီးစာအုပ်တွေကိုရေးသားခဲ့သူဖြစ်ပါတယ်။အခု The Fate Of A Manဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ်ပြသခဲ့ရာ အပြည်အပြည်ဆိုင်ရာရုပ်ရှင်ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့စာရေးသူက ခရီးသွားရင်းရုတ်တရက်သွားရအခက်အခဲဖြစ်သွားတာကြောင့် လမ်းမှာလယ်သမားတစ်ဦးနဲ့တွေ့ကြုံခဲ့ရာမှစကားစမြည်ပြောရင်း လယ်သမားကဒုတိယကမ္ဘာစစ်မှာစစ်သားဖြစ်ခဲ့ကြောင်းပြောပြရင်း မထင်ရတဲ့ဘဝအလှည့်အပြောင်းတွေနဲ့ကြုံတွေ့ရပုံ၊သုံ့ပန်းအဖြစ်အဖမ်းခံရပုံ၊လွတ်မြောက်လာပုံကို ရေးသားထားတာဖြစ်ပါတယ်။ဘဝဆိုတာမျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်ပုံကိုရည်ညွှန်းထားတာဖြစ်ပါတယ်။
ဖတ်ရှုလိုပါက @P2YCEO2
❤2👍1
"လူတိုင်းသည်အခြား‌သောအရည်အချင်းများထက် အဓိပယ်ရှိ‌ရှိတွေးခေါ်တတ်သောစွမ်းရည်ကို ညီမျှစွာပိုင်ဆိုင်ထားကြသည်"
                      ~ဒေးကော့~

ခနလောက်စဉ်းစားကြည့်ရအောင်။

လူတစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဉ်ကြရင် "ဟိုကောင်ကငါ့ထက်ပိုပညာတတ်တယ်၊ဗဟုသုတပိုတတ်တယ်"ဆိုပြီးပြောတာကိုဘဲတွေ့ရမှာပါ။"သူကငါ့ထက်ပိုပြီးအမှားအမှန် ပိုင်းခြားတဲ့ညဏ်ပိုကောင်းတယ်"ဆိုပြီးဘယ်သူကမှပြောတာ မကြားဖူးကြပါဘူး၊ဟုတ်တယ်ဟုတ်?အဲတာဆို‌တစ်ယောက်နဲ့တစ်ယောက်အဲ့အပိုင်းတွေ မှာမတူကြရတာလဲ?"ဒီလူကြစိတ်တိုနေရင်လည်း သေချာဆုံးဖြတ်နိုင်တယ် ဟိုလူကဘာမှကိုမသိတော့ဘူး"။ဒီလိုဖြစ်ရတယ့်အကြောင်းအရင်းက သေချာမဆုံးဖြတ်နိုင်လို့ဘဲဖြစ်ပါတယ်။တွေးခေါ်သူအဖြစ်သို့ဒေးကော့ရောက်ရှိတာခြင်းကသူရဲ့ စနစ်တကျတွေးခေါ်တတ်တဲ့စနစ်ကြောင့်ဖြစ်ပါတယ်။သူရဲ့စဉ်းစားနည်းက-

၁။ အကြောင်းရပ်တစ်ခုရဲ့ မှန်ကန်မှုကို ရှင်းရှင်းလင်းလင်း မသိရင် မယုံပါနဲ့။

၂။ ပြဿနာတိုင်းကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။

၃။ ပြဿနာဖြေရှင်းရာမှာ နားလည်ဖို့လွယ်ကူပြီး အရှင်းဆုံးအပိုင်းမှ စတင်ပါ။

၄။ ပြဿနာရဲ့ အစိတ်အပိုင်းများကို တွေးခေါ်ဖော်ပြတဲ့အခါ ပြည့် စုံပါစေ။ ကျန်ရစ်မှု မရှိပါစေနဲ့။

အများစုကပထမနှစ်ချက်မှာတင် မှားကြတာများပါတယ်။သေချာမသိဘဲစိတ်တို၊ဒေါ်သထွက်ပြီးတော့ ကမူးကရှုးနဲ့ဘာမှမသိ ပြောချင်တာပြောလုပ်ချင်တာလုပ်ကြတာများတာပါ၊တကယ်တော့အမှားအမှန်ဆုံးဖြတ်တဲ့စိတ်ကလူတိုင်းမှာ တူညီစွာရှိပါတယ်။သေချာအသုံးမပြုတာဘဲ ရှိတာပါ။

သိပံနည်းကြတွေးခေါ်မှု (ခင်မောင်သန်း)မှအနည်းငယ်ဖော်ပြသည်။
❤1
ဖတ်ရှုလိုပါက @P2YCEO2
Hello Everyone 🚨

ကျွန်တော်တို့ Project 2Y အနေနဲ့ လျှပ်စစ်မီးအခြေအနေကြောင့် စာအုပ်တွေအကြောင်းကိုအရင်လို အချိန်နဲ့အမျှမတင်ပေးနိုင်တာကို တောင်းပန်ချင်ပါတယ်ဗျ။


ယခုအချိန် မြန်မာနိုင်ငံအတွင်းမှာ
ဒုက္ခရောက်နေရတဲ့ မြန်မာပြည်သူတွေအများအပြားရှိနေရပါတယ်။ ကျွန်တော်တို့ Project Team အနေနဲ့လည်း လွန်စွာ စိတ်မကောင်းဖြစ်မိပါတယ်။

( အခုလိုတင်တာနောက်ကျသွားတဲ့အတွက်လည်းတောင်းပန်ချင်ပါတယ်ဗျ။ နာရေးကိစ္စရှိလို့ပါ။ )

- ထို့ကြောင့်ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးဖို့လည်းစိတ်ကူးထားပါတယ်ဗျ။

- ယခုတစ်လော ငလျင်နဲ့ပတ်သက်ပြီး လှူထားတဲ့ မည်သူမဆို ကျွန်တော်တို့ PROJECT TEAM ကနေပြီးတော့ FREE VIP MEMBERSHIP
🎁 ပေးသွားပါမယ်။

- ဒါ့အပြင်ဒီလအတွင်း Vip Channel
ကနေဝင်မယ့်ငွေမှန်သမျှကိုလည်း ငလျင်အတွက် လှူဒါန်းသွားပါမယ်ဗျ။

#Savemyanmar
👍2🔥1
တစ်ချို့‌သူတွေစကားပြောရင်ပြေပြစ်နေတာမျိုး၊ ချောနေတာမျိုး၊အမှားနည်းတာမျိုးကို တွေ့ရမှာပါ။အထူးသဖြင့်ခေါင်းဆောင်၊မန်နေဂျာ၊တာဝန်ခံ၊အကြံပေး စတဲ့ရာထူးကြီး နေရာကြီးကလူတွေမှာတွေ့ရှိရမှာပါ။သူတို့နဲ့ရာထူးမတူရင်တောင် စကားပြောတဲ့‌နေရာမှာပြေပြစ်ဖို့ လိုပါတယ်။အဲတာကြောင့်အချက်တစ်ချို့ကိုဝေမျှပေးသွားပါမယ်။

၁-အားနာပါးနာ‌ခေါင်းမညိတ်ပါနှင့်။

"အမျိုးအချင်းချင်းမလို့၊သူနဲ့ခင်တာကြာပြီ၊ဘော်ဒါရင်းတွေဘဲ"စတဲ့စကားလုံးတွေနဲ့ ကျွန်တော်တို့ကမလိုချင်တာကိုအောင့်အီးပြီး အဆင်ပြေတယ်ဆိုပြီးရောချလိုက်တတ်ကြပါတယ်။တကယ်တော့မပြေပါဘူး။နောက်ကျစုရင်းစုရင်းစုထားရင်းနဲ့ တစ်နေ့ကျမခံမရပ်ဖြစ်လာပြီးပေါက်ကွဲကုန်တာပါဘဲ။တစ်ချို့ကိစတွေကခေါင်းမညိတ်ရင်နည်းနည်းပြဿနာတတ်နိုင်တယ်ဆိုပေမယ့် ခေါင်းညိတ်ပြီးရမယ့်ပြဿနာကပိုကြီးတယ်ဆိုမညိတ်တာအကောင်းဆုံးပါဘဲ။

၂-သူ့အပေါ်ကိုယ့်ကျေးဇူးလေးရှိထားစေချင်

(မရှင်းပြခင်မှာတစ်ခုပြောချင်တာကဒီနည်းက ဘယ်သူ့ကိုမှအသုံးချဖို့မဟုတ်ပါဘူး၊ဆက်‌ဆံရေးလည်းတိုးတက် သလိုစကားပြောဆိုတဲ့နေရာမှလည်းပိုလွယ်ကူတဲ့သဘောမျိုးပြောချင်တာပါ)လူကိုယ်တိုင်လိုက်မရင်းနှီးတာချင်းအတူတူတောင်မှ တစ်ခုခုကူညီပေးခဲ့တာမျိုးရှိတယ်ဆိုရင် သူ့ကိုဘဲရွေးချယ်မှာပါ။တစ်ခြားနေရာတွေမှာလည်းဒီအတိုင်းပါဘဲ။နောက်ပိုင်းရင်းနှီးမှုတွေရှိလာကြပြီး လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ဒီအတိုင်းတွေဆုံမှုဖြစ်ဖြစ် အကူအညီရစေသလိုကိုယ်က တစ်ပင်ထူတော့မယ်ဆိုရင်အကူအညီဖြစ်‌စေပါတယ်။ဒါပေမယ့် တစ်ခုမှာချင်တာက ဒါတွေကစောနကလိုဖြစ်မှပါ။မျှော်လင့်ချက်မထားဘဲပေးပါ၊လူတိုင်းကကိုယ့်အပေါ်သိတတ်ချင်မှသိတတ်မှာပါ။သိတတ်တဲ့သူကိုလည်းအကောင်းဆုံးပြန်လည်ဆက်ဆံချင်းအားဖြင့် နှစ်ဦးနှစ်ဖက်ကောင်းကျိုးအပြန်အလှန်ရှိစေပါတယ်။

၃-ပြတ်ပြတ်သားသားလုပ်ပါ

(ဒီတစ်ခုကအပေါ်ကနှစ်ချက်ထက်ပိုအရေးကြီးပါတယ်)လက်ခံမှာလား?ငြင်းမှာလား?လက်ခံမယ်ဆိုလက်ခံ ငြင်းမယ်ဆိုငြင်း အလယ်ကခွထိုင်တဲ့လူမဖြစ်ပါစေနဲ့။အထူးသဖြင့်လုပ်ငန်းခွင်ရောက်သွားရင် မပြတ်သားတဲ့အကျင့်ကြီးစွဲနေသေးရင်တော်တော်အဆင်မပြေဖြစ်ပါတယ်။သင့်မှာငြင်းပိုင်ခွင့်အပြည့်အဝရှိပါတယ်။အကယ်၍ငြင်းခဲ့သည်ရှိသော်အမြဲတစေ အသေးစိတ်အကျိုးသင့်အကြောင်းသင့်ရှင်းပြရန်မလိုပါ။ဥပမာ-ကလေးတွေနဲ့ပန်းခြံသွားမယ်ဆိုပါတော့၊ကားပေါ်ရောက်မှကလေးတွေက "ဟိုရှော့ပင်းမောသွားမယ် ဒီစားသောက်ဆိုင်သွားမယ်"ဆိုပြီးပြောတာအကုန်လုံးကိုလက်ခံစရာမလိုပါဘူး။"ပန်းခြံသွားမှာလား?သွားရင်သွားမယ်၊မသွားရင်အိမ်ပြန်မယ်"အစရှိသဖြင့် "ဒေါသသံကင်းမဲ့စွာ"ပြောပေးရန်လိုအပ်‌ပါသည်။"ဓာတ်ဆီကုန်ဘာကုန်"ဖြင့်တိတိကျကျရှင်းပြရန်မလိုပါဘူး။အစကတည်းကပန်းခြံသွားဖို့ဘဲ ရည်ရွယ်ထားတာမလား၊ပန်းခြံဘဲသွားပေါ့။

ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ by ဖေမြင့်စာအုပ်မှအနည်းငယ်ကူးယူဖော်‌ပြသည်။

ဖတ်ရှုလိုပါက @P2YCEO2
"နာကျင်မှုကိုမခံစားဖူးတဲ့သူက မင်းရဲ့နာကျင်မှုကိုမသိဘူး" "ဖိနပ်စီးတဲ့သူက ခြေဗလာနဲ့လျှောက်တဲ့‌သူတွေကိုမခံစားတတ်ဘူး" "ဥယျာဉ်ထဲမှာမွေးလာတဲ့သူတွေက ဆူးချုံပုတ်ထဲကလူတွေကိုနားမလည်ဘူး"

ဘာပြောချင်တာလဲဆိုတော့...သူများကိုနားလည်အောင်အရမ်းကြီးမရှင်းပြပါနဲ့(တစ်ချို့အရာတွေ)။သူတို့ချီးကျူးပေးဖို့ လက်ခုပ်တီးပေးဖို့ကို သိပ်မမျှော်လင့်ပါနဲ့။ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ပါ။ဟိုလူကပြောမှာစိုးလို့ဘာ‌ညာစိတ်ရောဂါဝင်မနေဘဲ လုပ်စရာရှိတာလုပ်ပါ။လူတွေကသင့်စိတ်ကူးထဲကလို သင့်ကိုလိုက်judgeလုပ်နေမှာမဟုတ်ပါဘူး။အကုန်လုံးကကိုယ့် ပြဿနာနဲ့ကိုယ်ပါ။

"ဘဝဆိုတာကားတစ်စီးမောင်းနေရသလိုပါဘဲ။

နောက်မှန်ကြီးလှည့်ကြည့်နေရင် ရှေ့ကကားကကိုယ့်ကိုတိုက်မှာပါ။ဘေးမှန်လည်းကြည့် အရှေ့ကိုလည်းကြည့်ရမှာပါ။ဒါပေမယ့်တစ်ခါတစ်လေ တစ်ချို့ကားတွေနဲ့ငြိမိတာမျိုးလည်းရှိပါတယ်။ဇွတ်ဝင်လာတာမျိုးပေါ့။အဲ့လိုမျိုးဖြစ်ရင် ။ဘရိတ် လို့‌တင်စာလို့ရတဲ့ဒေါသကို ဇွတ်နင်းလို့မရပါဘူး။ကိုယ်ကဘယ်လောက်ဘဲထိန်းထားထိန်းထား ဇွတ်ဝင်တဲ့ကားကသက်သက်ကိုရှိတာပါ။အဲတာကိုအခက်အခဲလို့ ခေါ်ပါတယ်။မခေါ်ဘဲနဲ့ဇွတ်ကြီးလာတိုက်တာမျိုး။

"အရာရာကိုရင်ဘတ်ကြီးနဲ့မခံစားပါနဲ့"

ဒီတစ်ခုကိုတော့တကယ်ကြိုက်ပါတယ်။ဒါပေမယ့်သူဆိုလိုတာကပေါ့ပျက်ပျက်နေခိုင်းတာမဟုတ်ပါဘူး။တစ်ခုခုကိုစိတ်ထဲအရမ်းကြီးမထားနဲ့လို့ပြောတာပါ။အစွန်းမရောက်စေနဲ့ ဆိုတဲ့သဘောမျိုးပါ။ဥပမာ ကိုယ်ကတစ်ခုခုဖြစ်သွားတယ်၊တစ်ခုခုပေးဆပ်လိုက်ရတယ်၊ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ကြုံလိုက်ရရင် တောင်မှဘဲလုပ်စရာရှ်ိတာဆက်လုပ်ပါ။

"ဒီးလမ်းပိတ်နေရင် ဟိုလမ်းကသွားပါ"

"ငါကဒီဟာမရလို့ ဒီလိုမဖြစ်လို့ဆိုပြီး တွေးနေမယ့်အစားနောက်တစ်မျိုးစဉ်းစားကြည့်ပါ။"လုပ်လို့ရမယ့်နည်းမရှိတော့ဘူး" ဆိုတာမရှိပါဘူး။တစ်နည်းနည်းတော့ရှ်ိပါတယ်။အခြေအနေအရ backup planချထားပါ။တစ်ခုရှိတာက ကိုယ့်ရဲ့လုပ်ငန်းတာဝန်ကိုတော့ အပြည့်အဝဆောင်ရွက်ပါ။အကယ်၍သင့်ရဲ့ Plan A‌ ကမအောင်မြင်ဘူးဆိုရင်လည်း အဂ်လိပ်အက္ခရာမှ 26လုံး ရှိတာကိုသတိရပါ။


Never give up by Tiffa စာအုပ်မှအနည်းငယ်ကူးယူဖော်ပြသည်

ဖတ်ရှုလိုပါက @P2YCEO2
❤3
အားလုံးဘဲမင်လာပါ။ဒီနေ့မှာကျွန်တော်က ဘယ်စာအုပ်ရဲ့အနှစ်သာရကိုမှ တင်မှာမဟုတ်ပါဘူး။ကြေညာစရာလေးရှိလိုပါ။

The Fate Of A Manဆိုတဲ့စစ်ပြန်သူရဲကောင်းကြီးရဲ့ ဇာတ်လမ်းစာအုပ်တစ်အုပ်လုံး ကိုကျွန်တော်တို့ချုပ်ပြီး ရေးတင်ခဲ့ပေးဖူးပါတယ်(ဆက်လည်းတင်ပေးဦးမှာပါ)အဆုံးထိတင်ပေးသွားဖို့ရှိပါတယ်။ပြီးတော့ဒီလိုမျိုးတစ်အုပ်ထက်တင်ပေးဖို့ရှိပါတယ်။စာအုပ်နာမည်ကတော့ The Adventure of Tom Sawyer (တွမ်‌စောယား၏စွန့်စားခန်းများ)လို့ အဓိပ္ပါယ်ရပါတယ်။ဓာတ်နည်းရဲ့အနှစ်ချုပ်ကိုပြောရရင် တွမ်စောယားဆိုတဲ့ကောင်ကလေးက သူ့‌အဒေါ်အိမ်ကနေဆင်းပြေးတဲ့အကြောင်းပါ။အစကတော့ရူးကြောင်ကြောင်နိုင်လို့ ကျွန်တော်လည်းမကြိုက်ပါဘူး(တကယ်ပါ)။နောက်ပိုင်းဆက်ဖတ်မှ‌ ကောင်းတာပါ။

အနှစ်ချုပ်-
တွမ်စောယားဆိုတဲ့ကောင်လေးက မိဘမရှိပါဘူး။ငယ်ငယ်ကတည်းက အဒေါ်နဲ့နေတာပါ။အဒေါ်ကလည်း သူကို့သိပ်ကြည့်မရပါဘူး။"ရောင်းသူဝယ်သူ အသံတူ"ဆိုတဲ့စကားအတိုင်း တွမ်ကလည်းသူ့ကိုကြည့်မရပါဘူး။အဲတာနဲ့အိမ်ပေါ်ကပြေးရင်း ဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းပါ။ဟိုကလည်းသူမရှိတော့ကျေနပ် နေတဲ့ပုံဖြစ်တာကြောင့် တွမ်ခဗျာပိုပြီးဆင်းပြေးချင်စိတ်ပေါက်ပါတယ်။ဆင်းပြေးရင်းတွေ့ကြုံရတဲ့ စွန့်စားခန်းတွေကိုဖတ်ရှုရမှာပါ။အဓိပ္ပါယ်ကတော့မရှိပေမယ့် Fantasy typeဖြစ်တာကြောင့်‌နောက်ပိုင်းဖတ်လို့ ကောင်းပါတယ်။ကျွန်တော်အပိုင်းနဲ့ခွဲပြီးတင်ပေးပါ့မယ်။ကြိုတင်မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော့်မှာတစ်ဖက်ကလည်းအလုပ်တွေပိနေပါတယ်၊ဒီကြားထဲစာအုပ်အနှစ်သာရကလည်း ရေးရဦးမှာဖြစ်သလို ဒီစာအုပ်တစ်အုပ်လုံးပါဖတ်ပြီးရေးရမှာမလို့ တစ်ရက်တစ်ပိုင်းမတင်ပေးနိုင်တာ ‌တောင်းပန်ပါတယ်။အတတ်နိုင်ဆုံး အမြန်ဆုံး အမှန်ဆုံးနဲ့ အတိုဆုံးဖြစ်အောင်ရေးပေးပါမယ်လို့ ကျွန်တော်တို့ Project2Yအဖွဲ့မှ ရေးသားဖော်ပြလိုက်ရပါတယ်။
စကားမစပ်ကျွန်တော်တို့အဖွဲ့ကနေဒီစာအုပ်လေးကို fb page မှာတင်ထားပါတယ်နော်။သွားဖတ်လို့ရပါတယ်။The Fate Of A Manကိုဒီနေ့ အပိုင်းသစ်တင်မှာပါဗျ

မေးမြန်းစရာများရှိပါက @P2YCEO2
❤3