ဇာတ်ကြမ်းကားများကြည့်ကြမယ်
86K subscribers
328 photos
72 videos
333 links
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန်

Admအကောင့်သို့ဆက်သွယ်ရန် @demon1621 Ck Lottery/Big Win လက်မခံပါ
Download Telegram
B*a*n*g (2025)


ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ကားဟာ R rated ဖြစ်လို့ သွေးထွက်သံယိုခပ်များများ ဝတ်လစ်စားလစ်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်..

လက်မရွံ့လူသတ်သမားဖြစ်သူ ဘန်းဟာ သတ်ဖြတ်ရာမှာ အနုပညာမြောက်စွာနဲ့ သပ်သပ်ရပ်ရပ် ဆောင်ရွက်တတ်သူတစ်ဦးဖြစ်လို့

သူဌေးဖြစ်သူရဲ့ ယုံကြည်ကိုးစားမှုကို ခံရသူဖြစ်ပါတယ်...

သို့သော်လည်း အရာရာအဆင်ပြေနေဆဲ တစ်ရက်မှာ ကလပ်တစ်ခုအတွင်း ထိုင်နေစဉ် လုပ်ကြံရေးသမားတစ်ယောက်ရဲ့ ကျည်ဆန်ပေါင်းစွာဟာ

ဘန်းကိုယ်တွင်းဖြတ်သန်းဝင်ရောက်ခဲ့ပြီး လက်မရွံ့လူသတ်သမားကြီးတစ်ယောက် အသက်အန္တရာယ်ကြုံခဲ့ရပါတယ်...

ဆေးရုံအချိန်မီရောက်ခဲ့တဲ့ ဘန်းဟာ နှလုံးအစားထိုးကာ အသက်ဆက်ရှင်ခွင့်ရခဲ့ပြီးနောက် ဘဝရဲ့ ဒုတိယအခွင့်အရေးကို ကောင်းမွန်စွာနေဖို့

ကြိုးစားတဲ့အချိန်မှာပဲ အရာရာဟာ ကမောက်ကမဖြစ်လာရပါတော့တယ်..

ဒီကားမှာဆိုရင် ကြမ်းကြမ်းတမ်းတမ်း ပြကွက်တွေ အက်ရှင်အမိုက်စားတွေ မြင်ခွင့်ရမှာဖြစ်လို့ အက်ရှင်ကားချစ်သူများ

မြည်းစမ်းကြည့်ရှုနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ.....

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/375
The Descent Curse of Di Renjie ( 2025 )

ဒီဇာတ်လမ်းကတော့ မိစ္ဆာကျိန်စာအမှုကို စုံထောက်ကြီးဒီးဖြေရှင်းခန်းဖြစ်ပါတယ်။ နယ်မြို့လေးတစ်မြို့မှာ
ဘိုးဘေးသင်္ချိုင်းတစ်ခုကိုရွှေ့တဲ့အချိန်မှာ ကျန်းမျိုးနွယ်ဟာသတ်ခံရပြီးတော့ ကျန်းဘိုးဘေးဝိညာဉ်ဟာ
လူသတ်သမားကိုလက်စားချေဖို့လိုက်တယ်လို့ကောလဟာလတွေပြန့်နေပါတယ်။

လောကမှာမတရားမှုတိုင်းဟာမျက်ကွယ်ရာမရှိလို့ယုံကြည်တဲ့စုံထောက်ကြီးဒီးဟာ ဒီထူးဆန်းတဲ့ဖြစ်ရပ်ကို
အမှန်တရားအတိုင်းပေါ်အောင် စတင်ကြိုးစားဖော်ထုတ်ပါတယ်။ သဲလွန်စတွေက အစပေါ်မလိုဖြစ်လာလိုက်
တစ္ဆေလက်စားချေတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာပျောက်သွားလိုက်နဲ့ တဝဲလည်လည်ဖြစ်နေတဲ့
ဒီထူးဆန်းတဲ့အမှုကို စုံထောက်ကြီးဒီးဖြေရှင်းဇာတ်လမ်းလေးကို အားလုံးပဲခံစားကြည့်လိုက်ပါဦး။

Filesize : 1.52 GB / 741 MB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mkv
Genres : Fantasy, Mystery
Runtime : 1h 23 min
Subtitle : Myanmar Subtitle ( Hardsub )


https://t.me/htoohtet1986/377
Virupaksha [2023]

IMDb-8/10

ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ
ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ကျောင်းဆရာကားထဲက မင်းသမီးလေး
Samyuktha Menon အဓိကပါဝင်ထားပါတယ်

ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို
ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ်

ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ
ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်

12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန်
ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့်
ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင်းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ်

ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ်

သွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာသေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ...

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoopyae1986/330
Forwarded from Horror Movie
Tomb Watcher (2025)


မင်းသမီး Nune Woranuch Bhirombhakdi ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းဟော်ရာသရဲ ရုံတင်ကားကြီး ထွက်ရှိလို့လာပါပြီ။

လန်သွမ်ဆိုတဲ့ကောင်မလေးဟာ မသေဆုံးခင်မှာ သေတမ်းစာရေးခဲ့ပါတယ်။ အဲဒီသေတမ်းစာထဲမှာ သူသေဆုံးသွားခဲ့ရင် ခင်ပွန်းဖြစ်သူဟာ သူ့ရုပ်အလောင်းနဲ့အတူ ရက်တစ်ရာပြည့်အောင် အတူတူနေမှ လန်သွမ်ရဲ့ပိုင်ဆိုင်မှုတွေကို ရရှိမယ်ဆိုပြီး ရေးသားခဲ့ပါတယ်။

လန်သွမ် တကယ်ပဲ သေဆုံးသွားတဲ့အချိန်မှာတော့ ခင်ပွန်းဖြစ်သူ ချီတစ်ယောက် ပိုင်ဆိုင်မှုတွေ အကုန်ရဖို့အတွက် လန်သွမ်ရဲ့ရုပ်အလောင်းနဲ့အတူနေရပါတော့တယ်။ လန်သွမ်ကသာ အချစ်တွေနဲ့ သေဆုံးသွားခဲ့ပေမဲ့ ချီတစ်ယောက်ကတော့ တစ်ပင်လဲမူ တစ်ပင်ထူဆိုတဲ့အတိုင်း အချစ်သစ်ထားပါတော့တယ်။

ချီတစ်ယောက်က အငယ်လေးနဲ့အတူတူ ပျော်ချင်ပေမဲ့လည်း အရင်မိန်းမရဲ့ ပိုင်ဆိုင်မှုတွေရဖို့အတွက် အရင်မိန်းမလန်သွမ်ရဲ့ ရုပ်အလောင်းနဲ့အတူ ရွာတစ်ရွာရဲ့ အိမ်ကြီးမှာ ချီရယ် အငယ်မလေးရယ် အရင်ဇနီးရဲ့ ရုပ်အလောင်းကြီးရယ် အတူတူနေကြရာကနေ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ပြီး ကြည့်ရှုပေးကြပါဦး။

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1005/357
လူပုတိုင်းပြည်မှ ဓားသမား (720p)
Dwarf King 2025 Movie

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/385
Wia''rf''are (20''25) ဇာတ်ကားသစ်
 
A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ..
အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။
ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့်
စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။

ဒါရိုက်တာက Ex Machina၊ Annihilation၊
Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။
သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က
နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို
အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ
အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ်
တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။
.တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး
ဇာတ်လမ်းတည်ဆောက်ခဲ့တာပဖြစ်ပါတယ်။

စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက်
ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော်
အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/387
Hit: The 2nd Case [2022]
====================

IMDB.7.6/10 - 2.1k

'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Sesh ကဒီတစ်ခေါက်မှာလည်းဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင်

(ရင်ထိတ်စရာသတ်ဖြတ်ခန်းတွေပါတာကြောင့်
အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)

ဇာတ်လမ်းအညွှန်း
==============
အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ ..

သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့

ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကိုတခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ

လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့

နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီ
လိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ..?

တရားခံကရောဘယ်သူဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ပါဗျာ......

           ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoopyae1986/333
Call of The Dead (2025) ပိတ်ဖြူခြုံသရဲနဲ့ ကျိန်စာသင့်ရွာ

အယ်လ်ယာနဲ့ရာကာတို့ဟာ တစ်ဦးတည်းသော သမီးလေးဂျပ်စ်မင်းနဲ့အတူ မိခင်ဖြစ်သူရှိရာ ရွာကိုအလည်အပတ်ထွက်ခဲ့ကြပါတယ်။

သူတို့မိသားစု ရွာက နေအိမ်ကိုရောက်ပြီးကတည်းက ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေစပြီးဖြစ်ပေါ်လာတာကို မိခင်ကြီး ဒေဝီက သတိထားမိခဲ့ပေမယ့် ရေငုံနူတ်ပိတ်နေခဲ့ပါတယ်။

ရောက်ပြီးမကြာခင်မှာပဲ  အယ်လ်ယာငယ်စဉ်က သွားခဲ့ဖူးတဲ့ရေကန်ကြီးဆီကိုဂျပ်စ်မင်း ပူဆာလို့လိုက်ပို့တဲ့အချိန်၊ သတိတစ်ချက်အလွတ်မှာ  ဂျပ်စ်မင်းလေးဟာ ရေကန်ကြီးထဲပြုတ်ကျဆုံးပါးသွားပါတော့တယ်။

ပူဆွေးသောက အတိနဲ့သူတို့ဇနီးမောင်နှံဟာ သမီးကိုသဂြိုလ်ထားခဲ့ပြီး မြို့ကိုပြန်သွားခဲ့ရပေမယ့် ဒါတွေဟာ သူတို့ဒုက္ခတွေရဲ့အစသာဖြစ်တယ်ဆိုတာ မသိခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ မကျွတ်မလွတ်ဖြစ်သွားခဲ့တဲ့ ဂျပ်စ်မင်းဟာ သူတို့ကိုအကြီးအကျယ်ခြောက်လှန့်ရုံတင်မကရွာသားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက်လိုက်လံသတ်ဖြတ်လာလို့ပါပဲ။

ဒါတွေအားလုံးရဲ့နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲ?


ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/400
ထိတ်လန့်ဝိညာဉ်
(民国惊魂录) Republic of China Thriller 2026

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/397
The Bg Ho-ld-up 20-26

အရမ်းကိုရက်စက်ပြီး စနစ်ကျတဲ့ဓားပြတစ်ဖွဲ့ဟာ မြို့လယ်ခေါင်မှာ နေ့ခင်းကြောင်တောင်ရဲရဲတင်းတင်းဓားပြတိုက်ပါတယ်.. အဲဒီအချိန်မှာ
ရဲအရာရှိတစ်ယောက်ဟာ အနီးနားမှာရှိနေပေမယ့် သူတို့ကိုတားဆီးဖို့မစွမ်းသာခဲ့ပါဘူး။ ဒီဘဏ်ဓားပြမှုမှာ လုပ်ဖော်ကိုင်ဖက်ကို
ဆုံးရှုံးလိုက်ရတဲ့ ရဲအရာရှိဟာ ဒီဓားပြအဖွဲ့ကို မရရအောင်ဖမ်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်

ဓားပြတွေဟာ မြန်မြန်တိုက်ပြီး မြို့ကမြန်မြန်ထွက်သွားဖို့ အစီအစဉ်ဆွဲထားပေမယ့် ရဲတွေကမြို့ထွက်ပေါက်တွေအကုန်လုံးကို
အချိန်မီပိတ်လိုက်တဲ့အခါမှာတော့ ဓားပြအဖွဲ့ဟာ မြို့ထဲမှာပိတ်မိနေပြီးတော့ ရှေ့တိုးမရ နောက်ဆုတ်မရ ကျဉ်းထဲကျပ်ထဲအခြေအနေကို
ရောက်သွားတဲ့အခါ ဘဝအတွက်အချီကြီးနောက်တစ်ကြိမ်ဓားပြတိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်
သူတို့ဟာ ရဲတွေထပ်ခြေတစ်လှမ်းသာပြီး လွတ်မြောက်သွားမလား......
ဒါမှမဟုတ် တရားဥပဒေဘက်တော် ရဲအရာရှိကပဲ သူတို့ကိုဖမ်းနိုင်မလားဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရမှာဖြစ်ပါတယ်

‌ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/407
#အတော်ကောင်းတဲ့ကားလေးပါ။ မင်းသားကြီး Ajay နဲ့ Student of the year , Shershaah ကားတွေမှာနာမည်ရခဲ့တဲ့ မင်းသား Sidharh Malhotra တို့ရဲ့Thank God ဆိုတဲ့ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံလေးက ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားစရာကောင်းတယ်လို့ပြောရမှာပါဇာတ်လမ်းအကျဉ်းကတော့ အာရန်ကပူးဟာ အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်ပြီးတော့ ပိုက်ဆံသာရမယ်ဆိုရင်ကျင့်ဝတ်တွေ၊ စိတ်သဘောထားကောင်းမှုတွေဆိုတာမရှိတဲ့သူမျိုးပါ သူ့ရဲ့အလုပ်ကိုပဲဇောက်ချလုပ်ရင်း မိသားစုဖြစ်တဲ့ ကိုယ့်မိန်းမ၊ သမီးလေးကိုတောင် အချိန်မပေးနိုင်ပါဘူး ဒီလိုနဲ့တစ်ရက်မှာတော့အာရန်ဟာကားမတော်တဆမှုဖြစ်ပြီး ကောင်းကင်ဘုံကိုရောက်သွားပါတော့တယ် အာရန်ဟာကောင်းကင်ဘုံမှာ ဘဝကစားပွဲ ဆိုတာကို ကစားရမှာဖြစ်ပြီးတော့ အနိုင်ရခဲ့ရင်အသက်ပြန်ရှင်နိုင်မှာဖြစ်ပြီးတော့ ရှုံးနိမ့်ခဲ့ရင်တော့ငရဲကိုသွားရမှာဖြစ်ပါတယ် ကဲ..အာရန်ကစားရမယ့် ဂိမ်းပွဲတွေက ဘာတွေများဖြစ်မလဲအသက်အန္တရာယ်ကနေရော လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော်👇

https://t.me/htoopyae1986/348

#Credit
Ra-he-ya-a (20-25) အနှိုင်းမဲ့မေတ္တာ
========================
ဇာတ်လမ်းအစမှာတင် ဇာတ်ရှိန်တအားတက်တဲ့
လျှို့ဝှက်ဆန်းကြယ်မှုခင်းရုပ်ရှင်ကားတခု တင်ဆက်ပေးချင်ပါတယ်

အစမှာတင် လူတွေက ရက်ရက်-စက်စက် သ-တ်ဖြ-တ်တဲ့
လူ-သ-တ်သ-မားတစ်ယောက်ဟာ ကိုယ်တိုင်လိုလိုလားလား
လာအဖမ်းခံခဲ့ပါတယ်.........

မီဒီယာတွေ ဘယ်လောက်မေးမေး ဘာမှပြန်မပြောတဲ့
လူက သေမိန့်ကျထားပြီးမှ သူ့အကြောင်း စာအုပ်ထုတ်ပေးပါဆိုပြီး
သူ့ရှေ့နေကို ပူဆာတဲ့အပြင် ရေးခိုင်းတဲ့စာရေးဆရာကိုပါ
ရွေးချယ်ခေါ်ယူတာကနေ စပြီး ဇာတ်ကွက်အပြောင်းအလဲတွေနဲ့
ရင်သပ်ရှုမောဖွယ် ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းကောင်းတပုဒ်ကို ခံစားရမှာပဲဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoopyae1986/350
Sr-ee Ay-ap-pa-n (20-26)
ဓမ္မနှင့် အဓမ္မတိုက်ပွဲ

IMDb (7.0)
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာစတင်ရုံတင်ခဲ့ပြီး  ၂၀၂၆ ခုနှစ်အထိ လူကြိုက်များနေဆဲဖြစ်တဲ့
ဇာတ်ကား‌တစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ဒီဇာတ်ကားဟာ အက်ရှင် (Action) ဒရာမာ
(Drama) နဲ့ ဘာသာရေးယုံကြည်မှု (Devotional) တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားတဲ့
Devotional Thriller အမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အိန္ဒိယသားတွေ ဗြိတိသျှရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ခေတ်ကာလ
ကတည်းက ဆာဘရီမာလာမှာရှိတဲ့ အာယပ်ပါဘုရားကျောင်းထဲမှာ အဖိုးမဖြတ်နိုင်တဲ့ရတနာ
ရှိမှန်းသတင်းကြားသွားခဲ့ပါတယ်။

ဗြိတိသျှတွေဟာ အဲဒီရတနာတွေကိုသိမ်းယူဖို့ ဘုရင်ခံချုပ်က စစ်တပ်ကိုစေလွှတ်လိုက်ပါတယ်။
ရတနာတွေကိုယူဖို့ကြိုးစားနေတဲ့ ဗြိတိသျှစစ်တပ်ဟာ သူတို့ဘုရားကျောင်းကိုကာကွယ်စောင့်ရှောက်
နေတဲ့ မျိုးနွယ်စုတွေရဲ့ကာကွယ်မှုကြောင့်ဆုတ်ခွာခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဒီနေ့ခေတ်ကိုရောက်ရှိလာ
ခဲ့ပြီး အကြမ်းဖက်သမားတစ်စုကအာယပ်ပါ ဘုရားကျောင်းကိုဗုံးခွဲတိုက်ခိုက်ဖို့ ဘုရားဖူးဧည့်သည်တွေ 
စုဝေးနေချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖန်တီးဖို့ သူတို့ ကြံစည်နေကြပါတယ်။

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoopyae1986/353
Forwarded from Horror Movie
R.L.-S-t-i-n-e's-P-u-m-p-k-i-n-h-e-a-d (2025)

IMDb Rating (5.9)

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကတော့ Sam ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ တစ်ရက်မှာတော့ Sam ရဲ့ အစ်ကိုဖြစ်သူ Finn ဟာ ရုတ်တရက် ပျော-က်ချင်းမလှ ပျော-က်ဆုံ-းသွားပါတယ်။

ထူးဆန်းတာက မိသားစုဝင်တွေ အပါအဝင် တစ်မြို့လုံးက လူတွေဟာ Finn ဆိုတဲ့လူ ရှိခဲ့ဖူးမှန်းကိုပါ မေ့သွားကြတာပါ။ Sam တစ်ယောက်တည်းကသာ အစ်ကိုဖြစ်သူကို မှတ်မိနေပြီး တစ်ယောက်တည်း အပူတပြင်း လိုက်ရှာပါတော့တယ်။

Halloween ည မတိုင်ခင် အချိန်အကန့်အသတ်အတွင်းမှာ Sam ဟာ သူ့သူငယ်ချင်း Becka ၊ မြို့ထဲက သီးသန့်နေတတ်တဲ့ Rusty တို့နဲ့ ပူးပေါင်းပြီး အစ်ကိုဖြစ်သူကို ပြန်ကယ်တင်ဖို့ ကြိုးစားရပါတယ်။

သူတို့စုံစမ်းရင်းနဲ့ မြို့မှာ ရှေးဟောင်းကျိန်စာတစ်ခုရှိနေကြောင်းနဲ့ "Pumpkinhead" လို့ခေါ်တဲ့ ကြော-က်မ-က်ဖွယ် သတ္တဝါကြီး (စာခြော-က်ရုပ်ပုံစံ ဘီလူ-းကြီ-း) ရဲ့ လက်ချက်ဖြစ်ကြောင်း သိလာရတဲ့အခါ

R.L. Stine ရဲ့ ထုံးစံအတိုင်း ဇာတ်သိမ်းပိုင်းမှာ မထင်ထားတဲ့ လှည့်ကွက် (Plot Twist) တစ်ခုပါဝင်ပြီး တော်တော်လေး ရ-က်စ-က်တဲ့ ဇာတ်သိမ်းမျိုးလည်း ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်


https://t.me/htoohtet1005/367
Pi-li-on (20-25)
+++++
IMDb Rating (7.0) / Rotten Tomatoes (100%)

မင်းသားကြီး Alexander Skarsgård နဲ့ Harry Potter ရုပ်ရှင်တွေထဲမှာ ဒက်ဒလေအဖြစ်သရုပ်ဆောင်ခဲ့တဲ့
မင်းသား Harry Mellingတို့ အဓိကပါဝင်ထားတဲ့ Queer/BL ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။
ဒီဇာတ်ကားဟာ သမားရိုးကျ အချစ်ကားတွေနဲ့မတူဘဲ နာမည်ကျော် Call Me by Your Name ရုပ်ရှင်လိုမျိုး
စိတ်ခံစားချက်ကို အသားပေးရိုက်ကူးထားတာပါ။

ဘဝကို ပုံစံခွက်ထဲမှာပဲ ဖြတ်သန်းနေတဲ့ Colin ဟာ တစ်နေ့မှာတော့ သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လွတ်လပ်ပြီး
အရိုင်းဆန်တဲ့ ဆိုင်ကယ်သမား Ray နဲ့ ဆုံတွေ့ခဲ့ပါတယ်။

Ray ရဲ့ ဆိုင်ကယ်နောက်ထိုင်ခုံမှာ လိုက်ပါရင်း တဖြည်းဖြည်းနဲ့ Colinရဲ့‌ အေးစက်‌‌နေတဲ့ ဘဝဟာလည်း
ပိုမိုအသက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ မြို့ပြရဲ့ မီးရောင်အောက်မှာ ဆိုင်ကယ်စီးရင်း သူတို့နှစ်ယောက်ကြားက
သံယောဇဉ်ဟာ စကားလုံးတွေမလိုဘဲ ရိုးရှင်းစွာ အမြစ်တွယ်လာပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ အက်ရှင်တွေ၊ ဟာသတွေထက် လူသားနှစ်ယောက်ကြားက "စစ်မှန်တဲ့ နားလည်မှု" နဲ့
"လွတ်လပ်မှု" ကို အဓိကဖော်ပြထားတာပါ။

ဇာတ်ကားကြည့်ရန်👇

https://t.me/htoohtet1986/425
IMDb 6.6 ရရှိထားတဲ့ plot twist တွေနဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဝိဉာဉ်နဲ့လူသားတွေရဲ့ဘဝက ဘယ်လောက်ထိ ဆက်စပ်နေသလဲဆိုတာကို ရိုက်ကူးပြသထားတာပါ။

ဇာတ်လမ်းအကျဉ်း.....
မာရီနာဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး တစ်နှစ်အကြာပျောက်သွားရာကနေ ငွေထုပ်ပိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ်

သူအင်္ဂလန်ကိုသွားခဲ့တယ်လို့ပြောပေမဲ့ သူဘယ်သွားခဲ့သလဲ ဘာလုပ်ခဲ့သလဲဆိုတာကို သူ့မိသားစုအပါအဝင်ဘယ်သူမှသေချာမသိပါဘူး။

တစ်နေ့မှာတော့ စိတ်ဝိဉာဉ်တွေနဲ့လူဝင်စားတာကိုယုံတတ်တဲ့ စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့တွေ့ရာကနေ စိတ်ဝိဉာဉ်တွေအကြောင်းကိုဆက်စပ်မိသွားကြပါတော့တယ်

မာရီနာကသူ့ရဲ့စိတ်ဝိဉာဉ်‌အာရုံဟာ သူဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်နဲ့လည်းပတ်သက်နေတာကိုလည်းသိလိုက်ရပါတယ်။

တစ်ဖက်မှာတော့ မာရီယာဟာချမ်းသာတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာအိမ်ထောင်ရေးပဋိပက္ခတွေရုတ်တရက် ကြုံတွေ့လာရပါ‌တော့တယ်။

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/431
ကင်းမြှီးကောက်မိစ္ဆာမလေးနဲ့ နဂါးမင်းကြီးတို့ရဲ့ တိုက်ပွဲ

ーーーーーーーーーーーーーーーーー

မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။
အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး
လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲမင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။
ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/433
Police Day  (2025) ဇာတ်ကားသစ်
===================

အီဒီကူလာဆိုတာ တစ်ပတ်တောင်မကြာတော့မဲ့ အချိန်ကာလတစ်ခုမှာ ပင်စင်စားဘဝရောက်တော့မဲ့ ဒုရဲမှူးတစ်ယောက်

ဒုရဲမှူးဆိုပေမဲ့ သူ့ဂွင်ထဲဝင်ရင် ဝင်သလို ပညာပြ ပါဝါပြတတ်တဲ့ အထက်ဖားအောက်ဖိလေးမလို့ လူချစ်လူခင်ပေါချက်ကတော့ ပြည်သူ့ချဉ်ဖတ်ပါပဲ။

အီဒီကူလာ လက်ပေါက်ကပ်တာကို သူ့ရဲ့ငယ်သားတွေရော ရာဇဝတ်သားတွေအပြင် သူ့အိမ်ကမိန်းမနဲ့သားတောင် မခံနိုင်လို့ ဘယ်သူမှ အနားမကပ်ချင်ကြတဲ့သူပေါ့။

ဒီတော့ သူ့အိမ်ကအလုပ်သမား လက်တိုလက်တောင်းနဲ့အတူ ယမကာကို အဖော်ပြုလို့ ဇရက်မင်းစည်းစိမ်ကိုပဲ ဘဝကြီးမှတ်နေရတဲ့ အထီးကျန်နေသူကြီးပါ

ဒါပေမဲ့ အီဒီကူလာတစ်ယောက် ရုတ်တရက် သေဆုံးသွားပြီးတော့ သေကြောင်းကြံစည်မှုလို့ ကနဦးကောက်ချက်ချလိုက်ပေမဲ့ လူသတ်မှုဖြစ်နေတဲ့အခါမှာတော့...

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoopyae1986/358
B*a*n*g (2025)


ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ကားဟာ R rated ဖြစ်လို့ သွေးထွက်သံယိုခပ်များများ ဝတ်လစ်စားလစ်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်..

လက်မရွံ့လူသတ်သမားဖြစ်သူ ဘန်းဟာ သတ်ဖြတ်ရာမှာ အနုပညာမြောက်စွာနဲ့ သပ်သပ်ရပ်ရပ် ဆောင်ရွက်တတ်သူတစ်ဦးဖြစ်လို့

သူဌေးဖြစ်သူရဲ့ ယုံကြည်ကိုးစားမှုကို ခံရသူဖြစ်ပါတယ်...

သို့သော်လည်း အရာရာအဆင်ပြေနေဆဲ တစ်ရက်မှာ ကလပ်တစ်ခုအတွင်း ထိုင်နေစဉ် လုပ်ကြံရေးသမားတစ်ယောက်ရဲ့ ကျည်ဆန်ပေါင်းစွာဟာ

ဘန်းကိုယ်တွင်းဖြတ်သန်းဝင်ရောက်ခဲ့ပြီး လက်မရွံ့လူသတ်သမားကြီးတစ်ယောက် အသက်အန္တရာယ်ကြုံခဲ့ရပါတယ်...

ဆေးရုံအချိန်မီရောက်ခဲ့တဲ့ ဘန်းဟာ နှလုံးအစားထိုးကာ အသက်ဆက်ရှင်ခွင့်ရခဲ့ပြီးနောက် ဘဝရဲ့ ဒုတိယအခွင့်အရေးကို ကောင်းမွန်စွာနေဖို့

ကြိုးစားတဲ့အချိန်မှာပဲ အရာရာဟာ ကမောက်ကမဖြစ်လာရပါတော့တယ်..

ဒီကားမှာဆိုရင် ကြမ်းကြမ်းတမ်းတမ်း ပြကွက်တွေ အက်ရှင်အမိုက်စားတွေ မြင်ခွင့်ရမှာဖြစ်လို့ အက်ရှင်ကားချစ်သူများ

မြည်းစမ်းကြည့်ရှုနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ.....

ဇာတ်ကားကြည့်ရန်👇👇

https://t.me/htoohtet1986/440