တပ်ကြပ်ကြီး ဖိုးစီ🇲🇲
62.5K subscribers
16.6K photos
1.02K videos
27 files
1.1K links
I am just a nobody
Download Telegram
ကျိုက်လတ်မြို~မအူပင် ကားလမ်း ဘုံလုံချောင်းတံတားအဆင်း ကျိုက်လတ်ဘက်ခြမ်းဂွေ့ မှန်လုံကားနှင့်CANTER ကား နှစ်စီးတိုက် (accident) ဖြစ်စဉ်။
မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေ။ ကုသိုလ် ဒါန ရသော ဥပုဒ်သီလများ ယူနိုင်ကြပါစေ 🙏🙏🙏
🌸#ဥပုသ်စောင့်တာ_ဘာအကျိုးရှိသလဲ🌸
=====================
ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ရဲ့ တန်ဖိုးဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးထက် သာလွန်ပါတယ်တဲ့။ ကမ္ဘာပေါ်မှာ ရှိသမျှ ရွှေငွေ ကျောက်သံ ပတ္တမြား အစရှိတဲ့ ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ် တစ်နေ့ စောင့်သုံးရတဲ့ ကုသိုလ်ကို ဆယ့်ခြောက်စိတ် စိတ်ရင် တစ်စိတ်ကိုမျှ မမီနိုင်လို့ပါပဲတဲ့။


🌸စဉ်းစားကြည့်ပေါ့။ လူ့စည်းစိမ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ နတ်စည်းစိမ်ကိုတောင် ဥပုသ်တစ်နေ့ စောင့်သုံးတဲ့ ကုသိုလ်က အလွယ်ကလေး ပေးနိုင်တယ်ပေါ့။ တကယ်တော့ နတ်စည်းစိမ်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် လူ့စည်းစိမ်ဆိုတာ ချမ်းသာတယ်လို့တောင် ပြောလို့ မရတော့ဘူးပေါ့။ ချမ်းသာစာရင်းတောင် မဝင်တော့ဘူး ဖြစ်တယ်ပေါ့။🌸


🌸နတ်သဘင်အစည်းအဝေးတစ်ခုမှာ သိကြားမင်းကြီးက ပြောသတဲ့။ သူ့လို သိကြားမင်းဆိုတဲ့ နတ်ချမ်းသာစည်းစိမ်ကြီးကို လိုချင်ရင် ဥပုသ်စောင့်သုံးပါတဲ့။ အဲ့ဒါကို မြတ်စွာဘုရားက သိကြားမင်း ပြောတဲ့စကားဟာ မပြည့်စုံဘူးတဲ့။ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်သုံးပါလို့ ပြောရမှာတဲ့။ ဘာလို့လဲဆိုရင် ဥပုသ်စောင့်သုံးတဲ့ကုသိုလ်က သိကြားမင်းစည်းစိမ်၊ အင်မတန် ကြီးကျယ်တဲ့ နတ်စည်းစိမ်ချမ်းသာတွေကို ရစေရုံတင်မကဘူး။ ရဟန္တာတောင် ဖြစ်စေနိုင်လို့ပဲ ဖြစ်တယ်ပေါ့။🌸



#ပါချုပ်ဆရာတော်ဘုရားကြီး
(ဥပုသ်စောင့်သုံးခြင်း၏အဓိပ္ပါယ် – တရားတော်မှ)

ဒီနေ့ ဥပုဒ်နေ့ ဖြစ်လို့ ဥပုဒ်သီလ ယူနိုင်ဖို့ နှိုးဆော်အပ်ပါတယ်ခင်ဗျား 🙏🙏🙏🙏🙏
အဝေးရောက် ပြည်ပြေး အစိုးရအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ NUG ၏ အာဆီယံ ဆိုင်ရာ သံအမတ် ဦးဘိုလှတင့် ကိုယ်ရေးကိုယ်တာအကြောင်းပြ၍ နှုတ်ထွက်၊ ၎င်းနေရာတွင် မျိုးရန်နောင်သိမ်း တာဝန်ယူမည်ဟု သတင်းများထွက်ပေါ်နေ။ #ဖိုးစီ
မြန်မာပြည်က နီပေါတွေကိုပဲ ပေါတယ် ထင်နေတာ ။ ချက်က နီပေါတွေလည်း ပေါတောတော တွေနဲ့။ လူသတ်တဲ့ ကောင်တွေကို သူရဲကောင်းဆိုပြီး ခေါင်းစဉ်တပ် ကိုးကွယ်တာ နီပေါ တသိုက်ပဲ ရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ၊ အလှူခံ တောင်းစားဖို့ ခေါင်းစဉ်ရတာပေါ့။ #ဖိုးစီ
ကိုယ့်နိုင်ငံက အကြမ်းဖက်သမားကို အကြမ်းဖက်မှုတွေ လုပ်လို့ တရားဥပဒေအရသေဒဏ်ပေးတယ်။ အဝေးကြီး မကြည့်နဲ့။ တနေ့ကတင် ယန်ကီးတို့က အာဖဂန်မှာရှိတဲ့ အယ်ကိုင်ဒါခေါင်းဆောင်ကို ဒရုန်းနဲ့ နိုင်ငံကျူးကျော်ပြီး သတ်ခဲ့ပြီးပြီ။ ဆိုလိုတာက အကြမ်းဖက်မှုကို ဘယ်နိုင်ငံကမှ လက်သင့်မခံဘူး။ အာဆီယံမှာ တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်မစွက်ဖက်ရဆိုတဲ့ မူ ရှိတာတောင်ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့သူတွေက အာဆီယံကို မလေးမစားလုပ်တယ်လို့တောင် ဆိုလိုက်သေးတယ်။ #ဖိုးစီ
လက်နက်ပဲ အလှူခံတယ် ထင်နေတာ ပိုက်ဆံ ပါ တက်တောင်း ပလိုက်တယ်။ သောက်ရှက်ကတော့ ကမ်းကုန်ပဲ။ 😎😎😎#ဖိုးစီ
အာဖဂန်နိုင်ငံအတွင်းရှိ အယ်လ်ခိုင်းဒါးခေါင်းဆောင်အား ဒရုန်းဖြင့် တိုက်ခိုက်မှုသည် အာဖဂန်၏ အချုပ်အခြာအာဏာကို ထိခိုက်ခြင်း မဟုတ်၊ အကြမ်းဖက်သမားများကို မည်သည့်နိုင်ငံတွင်မျှ အသက်ရှင်သန်ခွင့်မပြုနိုင်၊ မည်သည့်နည်းကို အသုံးပြု၍ မဆို သုတ်သင်ရှင်းလင်းမည်၊ ယခု ဒရန်းဖြင့် တိုက်ခိုက်မှုသည်လည်း အကြမ်းဖက်သမားဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ဟု ဘိုင်ဒင်၏ အကြောင်းပြမှု အပေါ် တာလီဘန်များက ပြစ်တင် ရှုတ်ချ။ #ဖိုးစီ
ဒီနေ့ ရှမ်းပြည်က SSPP နဲ့ တပ်ချုပ်ကြီးတို့ တွေ့တယ်။
ထင်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှု ဖြစ်စဉ်ပါပဲ။ တပ်ချုပ်ကြီး ပြောဖူးသလို။ ငြိမ်းချမ်းရေး အတွက် စကားတွေ အောက်ခြေမှာ အများကြီး ပြောရတယ်။ အကြိမ်ပေါင်း ထောင်၊သောင်းချီတွေ့ရတယ်။ နှစ်ဖက်ယုံကြည်မှုတွေ အများကြီး တည်ဆောက်ရတယ်။


SSPP အနေနဲ့လည်း လက်ရှိအခင်းအကျင်းကို နားလည်မှာပါ။ TNLA လည်း နားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ EAOs တွေပါတဲ့ အခင်းအကျင်း၊ ညှိနှိုင်းလို့ရမဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည်ထောင်စု သဘောတူညီမှု စာချုပ်အချို့တွေထဲက သဘောတူညီမှု အချက်တွေက PR အစိုးရ တက်လာရင် ၂၀၀၈ မှာ မဖြစ်မနေ ပြင်ဆင်ပေးရမဲ့ အရာတွေပါပဲ။


တဖက်ကရင်မှာလည်း နယ်ဒါးမြရဲ့ ကော်သူလေး တပ်မတော် တည်ထောင်တဲ့ ကိစွနဲ့ပတ်သက်ပြီး DKBA နဲ့ KNU နှစ်ဖွဲ့ က အဖွဲ့အစည်းတခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး တုန့်ပြန်ဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ အင်အားတွေ စုပေါင်းပြီး လုပ်ကိုင်ဖို့ ညှိနှိုင်းလာတာတွေ တွေ့ရတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှု့ဒေါင့်ကကြည့်ရင် ဗဟို အာဏာစက်က လက်ခွဲ တပ်မဟာတွေအပေါ် သက်ရောက်မှု ရှိရင် ကောင်းပါတယ်။ မဟုတ်ရင် NCA က လုပ်စားမှုသပ်သပ်လို့ အထင်မြင်လွဲမှားစေနိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူကို ထိုက်သင့်တဲ့ တုန့်ပြန်မှု အစောကြီးကတည်းက မလုပ်ရင် ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းနေမှုဟာ စောစော အဆုံးသတ်သွားနိုင်တယ်။


#ဖိုးစီ
ငြိမ်းချမ်းမှု အရေး ရှေးရှု ဆောင်ရွက်နိုင်ကြပါစေ။
သေဒဏ်ပဲ ပေးပါ။
မင်္ဂလာရှိသော နေ့ လေး ဖြစ်ပါစေ 🙏🙏🙏
🍂🍂 စိတ်ထားလေးပဲ ပြင်လိုက်ပါ 🍂🍂

ကုသိုလ် , အကုသိုလ် ဆိုတာ
ဖြစ်ဖို့ သိပ်လွယ်ပါတယ် …

ကိုယ့်ရဲ့စိတ်ထားလေးပဲ
ပြင်ဖို့ လိုပါတယ် …

- ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
- ဘယ်အချိန်ပဲ ဖြစ်ဖြစ်
- ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်

ကိုယ့် စိတ်ထားလေးသာ
နှလုံးသွင်း မှန်မယ် ဆိုရင် ...

- နေရာတိုင်းမှာ ကုသိုလ် ရှိပါတယ်
- အချိန်တိုင်းမှာ ကုသိုလ် ရှိပါတယ်
- လူတိုင်းမှာ ကုသိုလ် ရှိပါတယ်

စိတ်ထားသာတတ်မယ် ဆိုရင်
ကိုယ့် စီးပွားကိုယ်လုပ်နေရင်းလည်း
ကုသိုလ်ဖြစ်နေ …

ကိုယ့်အိမ် သန့်ရှင်းရေး လုပ်နေရင်းလည်း
ကုသိုလ် ဖြစ်နေတတ်တာပါ …

နှလုံးသွင်း မမှန်လို့ကတော့
ကုသိုလ် လုပ်ရင်းလည်း
အကုသိုလ် ဖြစ်နေတတ်သလို …

တရားနာရင်းလည်း အတွေးတွေနဲ့
အကုသိုလ် ဖြစ်နေတတ်ပါတယ် …

အရင်းစစ်တော့
ကိုယ့်အတွေးနဲ့ ကိုယ့်စိတ်ထားဟာ
ကိုယ့်ဘဝကို ပုံဖော်ပေးနေတဲ့
အဓိက အကြောင်းတရားပဲ ဖြစ်ပါတယ် …

ကိုယ်လုပ်တဲ့ လုပ်ရပ်တိုင်းမှာ
ကိုယ့် စိတ်ထားလေးကိုသာ
ပြင်နိုင်ကြမယ် ဆိုရင် ကုသိုလ်ဖြစ်ဖို့
လွယ်နေမှာဖြစ်ပြီး …

ကုသိုလ်ရှိတဲ့ ဘဝဟာ
တန်ဘိုးရှိတဲ့ ဘဝပဲဖြစ်ပါတယ် …

#မနာပ_ဒါယီ_အရှင်ဝိစိတ္တ
🙏🌷🙏🌷🙏
ရန်ကုန်မှာ ရှိတဲ့ အထည်ချုပ် စက်ရုံတွေက ၁၂ လစလုံး အချိန်ပြည့် ချုပ်ရတာမျိုး မဟုတ်ဘူး။ ချုပ်အား ပါးတဲ့ ကာလတွေ ရှိသလို ချုပ်အား အရမ်းလိုက်တဲ့ ကာလတွေလည်း ရှိတယ်။ စက်ရုံတခုက ဝန်ထမ်းလိုအပ်ချက်ရှိရင်တောင်ဘယ်‌ တော့မှ အပြည့်မခေါ်ဘူး။ တဝက်ကို ပါမစ်နစ် ခန့်ပြီး တဝက်နီးပါးကို နေ့စား သဘောမျိုးခန့်တယ်။ အလုပ်ပါးသွားတဲ့အချိန်မှာ နေ့စားဝန်ထမ်းတွေကို ဖြုတ်တာ ရန်ကုန် အထည်ချုပ်စက်ရုံတွေရဲ့ ထုံးစံပဲ။ မထူးဆန်းဘူး။ ထူးဆန်းတာက ကျနော်တို့ ၅/ ၈/ တွေ စက်ရုံတွေကနေ ထုတ်ခံနေရပါပြီ ၊ ကယ်ကြပါဦးဗျဆိုပြီး ခုနသတင်းနဲ့ ရောပေါသောကောလုပ်ပြီး စောက်ရှက်မရှိ ထအော်ကြတဲ့သူတွေပဲ။ #ဖိုးစီ
အာဆီယံရဲ့ ပဋိညာဉ်က ဘာလို့ ပျက်လုနီးပါး ဖြစ်နေသလဲလို့မေးရင် လောဘကြီးလွန်းလို့ပဲလို့ ဖြေရမယ်။ အာဆီယံကို စဖွဲ့ကတည်းက တနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်မစွက်ဖက်ရတဲ့ တိကျတဲ့ မူရှိပြီးသား။ ခက်တာက ဒီဘက်ခေတ်မှာ အာဆီယံ+ အခြား နိုင်ငံ ဆိုတဲ့ အကျိုးအမြတ်များတဲ့ရင်းနှီးမှုတွေကို မက်မောလာကြတယ်။ အဲ့ဒီနိုင်ငံကြီး တွေကလည်း အာဆီယံ အနေနဲ့ မငြင်းပယ်နိုင်လောက်တဲ့အထိ ဘီလီလျံနဲ့ချီတဲ့ ရင်းနှီးမှုတွေနဲ့ ကစားတယ်။ ခု ယန်ကီးလုပ်တဲ့ စောက်ချိုးက ဒီစောက်ချိုး။နောက်ကွယ်မှာ မင်းတို့ မြန်မာကို ဖိအား မပေးရင် ဘာတွေ ဆက်မလုပ်ပေးဘူးနော်ဆိုတဲ့ ကမ်းလှမ်းချက် အပေးအယူတွေရှိတယ်။ ဆိုတော့ ဟွန်ဆန် လည်း NUG ဆိုတာ အကြမ်းဖက်လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာ သိသိရက်နဲ့တောင် ဘုံ(၅)ချက်နဲ့ ကိုင်ပေါက်ပြီး နစက ကို ဖိအားပေးရတယ်။ အော်ပေးရတယ်။ ဒါလက်ရှိ အာဆီယံ ဖြစ်နေတဲ့ ပြသနာပဲ။ #ဖိုးစီ