ပဒိုမန်းရှာလာဖန်းသည် အဖွဲ့အစည်းခက်ခဲချိန် KNU၏ ပုံရိပ်ကို မြှင့်တင်ပေးခဲ့ပြီး မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်ပေးခဲ့ဟု အဖွဲ့တာဝန်ရှိသူပြော
ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ ပဒိုမန်းရှာလာဖန်း ကျဆုံးခြင်း (၁၆)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပဒိုမန်းရှာလာဖန်းသည် KNU အဖွဲ့ အခက်ကြုံနေချိန်အဖွဲ့၏ ပုံရိပ်မြှင့်တင်ပေးခဲ့ပြီး လူငယ်မျိုးဆက်သစ်ခေါင်းဆောင်များကို မွေးထုတ်ခဲ့ဟု အသိပေးသည်။
ပဒိုမန်းရှာလာဖန်းသည် မသမာသူများ၏ လုပ်ကြံမှုဖြင့် ၂၀၀၈ ဖေဖော်ဝါရီ ၁၄ရက်တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရာ ယနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)သည် ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၁၆)နှစ်ပြည့် အောက်မေ့ဖွယ်နေ့ဖြစ်ကြောင်း၊ ဤအသိမှတ်ပြုသတိရခြင်းနှင့်အတူ ပဒို၏ မမေ့ထိုက်သော တန်းဖိုးရှိ အဆိုမိန့်များကို ကိုယ်စီကိုယ်စီ နှလုံးတွင်ထည့်သွင်းထားရမည်ဖြစ်ကြောင်း KNUက ယနေ့ထုတ်ပြန်သည်။
KNU အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းကလည်း ပဒိုမန်းရှာလာဖန်း အမှတ်တရာ ဂုဏ်ပြုစကား ပြောကြားခဲ့ရာ KNU ဌာနချုပ် မာနယ်ပလောသည် ၁၉၈၈ အလွန်တွင် မြန်မာနိုင်ငံတစ်ခုလုံး၏ စစ်အာဏာရှင်ကို တော်လှန်သည့် ပင်မ ဗဟိုဖြစ်ခဲ့ကြောင်း ၊ ၁၉၉၄တွင် ရန်သူ့၏ သပ်လျှိုဖြိုခွဲမှုကြောင့် ဖြစ်လာသည့် KNU ၏ အဖွဲ့အစည်းတွင်း ပဋိပက္ခမှတဆင့် မာနယ်ပလောကို စွန့်လွှတ်လိုက်ရကြောင်း၊ ထိုသို့ ဌာနချုပ် စွန့်လွှတ်လိုက်ရချိန် KNU၏ ကျဆုံးခန်းကို မေးခွန်းထုတ်လာခြင်းများရှိကြောင်း ပြောပြသည်။
"အဲဒီ ကာလမျိုးမှာ ပဒိုမန်းရှာလာဖန်းလို ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော မဟာမိတ်တပ်ပေါင်းစု ဒီမိုကရေစီ အင်အားစုတွေရော ပြန်လည်စုစည်းခြင်းနဲ့ မှန်ကန်သည့် လုပ်ငန်းစဉ် မှန်ကန်တဲ့ စုဖွဲ့မှု၊ မှန်ကန်တဲ့ ပေါင်းသင်းဆက်ဆံမှု နဲ့ မှန်ကန်တဲ့ သူ့ရဲ့ စည်းရုံးရေးလုပ်ဆောင်ချက်တွေ အပြင် ထိရောက်တဲ့ သူ့ရဲ့ ပြောဆိုချက်တွေကြောင့် တိုင်းရင်းသားလူမျိုးလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးတွေ့ဆုံရတဲ့ အခွင့်တွေ ရလာတယ်” ဟု ပဒိုစောလှထွန်းက ပြောသည်။
ပဒိုမန်းရှာလာဖန်း၏ ဆောင်ရွက်မှုများကြောင့် KNU၏ ပုံရိပ် မြင့်တက်လာခဲ့ရသည်ဟုလည်း ပြောသည်။
"ပဒိုမန်းရှာလာဖန်းရဲ့ ဆောင်ရွက်မှုတွေကြောင့်ပဲ KNU ရင် Imageတွေ KNUရဲ့နိုင်ငံရေးရည်မှန်းချက်တွေ၊ KNU ရဲ့ရှေ့ဆက်တည်ဆောက်ချင်တဲ့ ဒီနိုင်ငံအတွက် ပုံဖော်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး သွားရမယ့် လမ်းကြောင်းအတွက်လည်း အသက်ဝင်လာစေပြီးတော့ အကောင်အထည်ဖော်မှုဖြစ်လာတာလည်း တွေ့မြင်ရတာဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။
KNUအတွင်း၊ ကရင့်အမျိုးသားများအတွင်း၌ တော်လှန်သည့် မျိုးချစ်လူငယ်ခေါင်းဆောင်များ ပေါ်ပေါက်လာရေးအတွက် မျိုးဆက်သစ်များကို မွေးထုတ်ပေးခဲ့သည်ဟု ပြောပြသည်။
"သူစပြီး မွေးထုတ်လာတဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင် အစီအစဉ်ကြောင့်မို့လို့ပဲ ကနေ့ အချိန်မှာ ဆိုရင်လည်း KNUကရင့်အမျိုးသားအစည်းအရုံးရဲ့ တော်လှန်ရေးကို ပခုံးပြောင်း လက်ဆင့်ပြောင်း တာဝန်ယူလာကြတဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ပေါက်လာခဲ့သလို လက်ရှိမှာလည်း KNU ကရင့်အမျိုးသားအစည်းအရုံးက ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ် လုပ်ငန်းစဉ်တွေ အောက်မှာခံယူချက် ခိုင်မာစွာနဲ့ စိတ်ဓာတ်ရေးရာအရ အမျိုးသားရေးရာအရ တော်လှန်သော မျိုးချစ်စိတ်ပြည့်၀တဲ့ လူငယ်ခေါင်းဆောင်တွေ ပေါ်ထွန်းလာတာတွေ့ရမှာ ဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။
အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းသည် အလွန်လေးစားထိုက်သည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည့်အလျောက် ကရင်လူမျိုးစု တစ်ခုတည်းသာမက မြန်မာပြည်ရှိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် လွတ်လပ်ခွင့်နှင့် တရားမျှတမှု ရရှိရေးအတွက် စွမ်းစွမ်းတမံ တာ၀န်ထမ်းဆောင်ခဲ့ကြောင်း KNUက အသိပေးခဲ့သည်။

👍57❤5😢3🤮1
(KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလာဖန်း၏ ရုပ်ပုံအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
👍42😢3👏2🤮1
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်ရာ ခဲယမ်းနှင့်စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ
ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့စစ်ကောင်စီစစ်ကြောင်းမှ ကင်းယူထားသော စစ်သားများအား တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ခဲယမ်းနှင့်စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သံပရာခြံရွာ အနောက်ဖျားတွင် ကန်နီသို့ရိက္ခာပို့လာသော စစ်ကြောင်းအတွက် ကာကင်းယူထားသော စစ်သားများအားတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
"နောက်ချန်ထားတဲ့အဖွဲ့ကို တိုက်တာ။ ပြန်ရင်လည်းပြန်လို့လွယ်အောင် နောက်ချန်ထားခဲ့တာ။
နှစ်ကောင်သေတယ်။ ပြင်းထန်ဒဏ်ရာရလို့ထားခဲ့တာ။ ကျွန်တော်တို့ဝင်ကြည့်တော့သေနေပြီ။ သေနတ်တော့ပြန်ယူသွားပုံရတယ်။"ဟု မြိုင်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြည်သူ့ရဲဘော်တစ်ဦး ကျည်ရှပ်မှန်ပြီး မစိုးရိမ်ရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ထံမှ RPG အဖူး ၂ဖူး ၊ RPG ပို့ယမ်း တစ်ခု ၊Enquament အင်ဂွတ်မန့် ၂ခု ၊ပစ္စတိုထည့်အိတ် တစ်ခု ၊ MAကျည်ဘောက် ၁ခု၊MAကျည် ၉၆တောင့် ၊ဓားရှည် တစ်ချောင်း၊ စစ်သုံးကျောပိုးအိတ် ၃လုံး ၊ စစ်သုံးမိုးကာ အင်္ကျီ နှစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ) တပ်ရင်း၊တပ်စု၊တပ်စိတ်များနှင့် ပခုက္ကူခရိုင်တပ်ရင်း(၂/၆/၇/၁၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

👍52👏3🤣1
(သိမ်းဆည်းရမိသော ခဲယမ်းနှင့်စစ်သုံးပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်ပကဖ)
👍46👏3🤣1
AA ထိုးစစ်သုံးလအတွင်းစစ်ကောင်စီမှသေဆုံး ၊ပျောက်ဆုံး၊အရှင်ဖမ်းမိထားသောဗျူဟာမှူးနှင့်တပ်မမှူး ၅ ဦးရှိကြောင်း ထုတ်ပြန်
ရွှေပြည်စိုး/People's Spring
ရက္ခိုင့်တပ်တော်-AA ၏သုံးလတာထိုးစစ်အတွင်း တိုက်ပွဲများ၌ သေဆုံး၊ ပျောက်ဆုံးနှင့် အရှင်ဖမ်းမိသော ဗိုလ်မှူးချုပ်အပါအဝင် စစ်ကောင်၏ ဗျူဟာမှူးနှင့်တပ်မမှူးစုစုပေါင်း ငါးဦးရှိကြောင်ယ ရက္ခိုင့်တပ်တော် AA က ဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်လိုက်ပြီး ဖမ်းမိထားသော တပ်မိသားစုဝင်များကို စောင့်ရှောက်ထားကြောင်း အသိပေးသည်။
ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး အမှတ် ၃၇၇ ခြေမြန်တပ်ရင်း (ခမရ -၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း အား အသေဖမ်းဆီးရမိခဲ့ကြောင်းဓါတ်ပုံနှင့်တစ်ကွထုတ်
ပြန်သည်။ ဗိုလ်မှူးကြီးမင်းမင်းထွန်းသည် တာချီလိတ် ဗျူ
ဟာမှူးအဖြစ်မှ ရခိုင်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။
ထိုအပြင် စစ်ဆင်ရေးကွတ်ကဲမှု ဌာနချုပ် -စကခ (၉)
တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဖေဖော်ဝါရီလ ၇ရက်
နှင့်၈ ရက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာစဉ် တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်လက်ရဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ကျေညက်တော်အခြေစိုက် စကခ (၉)လက်အောက်တွင် မြောက်ဦး ၊မင်းပြား၊ကျောက်တော် မြို့နယ်တို့၌ ခြေမြန်တပ်ရင်း ၁၀ ရင်းရှိပြီး တပ်ရင်းအားလုံးကို AA ကတိုက်ခိုက်ချေမှုန်း၍ မြို့များကိုထိန်းချုပ်ထားခြင်းဖြစ်သည်။
အလားတူ ပလက်ဝဒေသတိုက်ပွဲအတွင်း စစ်ကောင်စီ၏ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဒုတိယအပတ် တိုက်ပွဲ ကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဒဏ်ရာများဖြင့် AAက ဖမ်းဆီးထားသည်။ဒု-ဗိုလ်မှူးကြီး ညီညီဝင်းသည် ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထား၍ သေလုမျောပါးဖြစ်နေပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ထားပေးမှုကြောင့် အသက်ဘေးမှကင်းလွတ်ခွင့်ရကာ ပြန်လည်ကျန်းမာနေပြီဖြစ်ကြောင်းလည်းဖော်ပြထားသည်။
သို့သော်ပလက်ဝဒေသအခြေစိုက်စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ကိုမူ ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်သေးကြောင်း အသိပေးသည်။
တိုက်ပွဲအတွင်းဖမ်းမိသည့် အခြားသော စစ်သုံ့ပန်းများ၊ စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိသူများအား ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များမှ အကောင်းဆုံး ကယ်တင်ထားခဲ့ပြီးဖြစ်သည်ဟု AA ကထုတ်ပြန်ထားသည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သော စစ်ဆင်ရေးသည် ယနေ့ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် သုံးလပြည့်၍ လေးလအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊သုံးလကျော်ကာလ အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရခိုင်ပြည်နယ်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များကို သိမ်းပိုက်ရရှိထားပြီး ဘူးသီးတောင်နှင့် မောင်တော၊ ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း သိမ်းပိုက်ရရှိထားသည်ဟု ဆိုသည်။ လက်နက်ချအညံ့မခံသော ရန်သူ့စစ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
စစ်ဘက်၊ ရဲဘက်စခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ မိမိတို့မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်ဟု ထုတ်ပြန်ထားသည်။
စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိကြောင်းနှင့်လက်နက်ချအညံ့ခံစဉ် ပါလာသော စစ်ကောင်စီ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများ ကိုလည်း ကောင်း
မွန်စွာ ပြုစုစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။

👏34👍25❤2🤣1
စစ်သုံ့ပန်းအဖြစ်ဖမ်းထားသော၊ ဒဏ်ရာရနေသော၊သေဆုံးသွားသော စစ်ကောင်စီမှ ဗျူဟာမှူးနှင့်တပ်မမှူး များ။ဓါတ်ပုံ- AA Infodesk
👍51😁8💩5👏2
မြောက်ဦးနန်းတော်ရာကုန်း၌ ရက္ခိုင့်တပ်တော်အလံလွှင့်ထူ
ရွှေပြည်စိုး/People's Spring
ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ဦးမြို့၊ နန်းတော်ရာကုန်း၌ ရက္ခိုင့်တပ်တော်အလံ
ကို ယနေ့စိုက်ထူလိုက်သည်။
"မြောက်ဦးနန်းတော်ရာကုန်းမှာ တပ်တော်အလံထောင်ထားတယ်။ ကြည့်ရတာ ကျက်သရေရှိတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
AA က မြောက်ဦးမြို့ကိုသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော်အလံကို ယနေ့(ဖေဖော်ဝါရီလ ၁၄ရက်) ပထမဆုံးအကြိမ် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မင်းနေပြည် မြို့တော်ဟောင်း မြောက်ဦးမြို့ ကိုစစ်အုပ်စုထံမှ ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ စစ်ရေးအရအလွန်အရေးပါသောအောင်ပွဲဖြစ်သည်။
"သမိုင်းကြောင်းအရ အင်မတန်အရေးပါတယ်။ ရခိုင်လူမျိုးတွေက မြောက်ဦးကို တန်ဖိုးထားတယ်။ အဲဒါကြောင့် မြောက်ဦးကို သိမ်းတယ်ဆိုရင် ဒါဟာ တော်တော်ကို လူထုအတွက် တော်တော်စိတ်အားတက်ကြွစရာ၊ ဝမ်းသာစရာသတင်းတစ်ခု” ဟု ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
AAသည် ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ဦးမြို့ တွင်နောက်ဆုံးကျန်ရှိသော ရပ်တပ်ရင်း ၃၁ ကိုသိမ်းပိုက်ပြီး မြောက်ဦးတစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ မြောက်ဦးမတိုင်ခင် ပေါက်တော၊ မင်းပြား၊ ကျောက်တော်မြို့များကိုလည်း သိမ်းပိုက်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး တွင် ရက္ခိုင့်တပ်တော်-AA ၏ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်ခဲ့သော စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ သုံးလအတွင်း ပလက်ဝမြို့ ၊ဆမီးမြို့ ၊ပေါက်တောမြို့ ၊ ကျောက်တော်မြို့ ၊မင်းပြားမြို့ ၊ မြောက်ဦး ၊ တောင်ပြို (လက်ဝဲ)မြို့များကိုသိမ်းပိုက်ထားပြီးဖြစ်သည်။

👍53❤8🥰4🔥1
ထိုင်းဗီဇာလျှောက်သူများလို့ တစ်ရက်ကို လူ ၄၀၀ သာလက်ခံမယ်လို့ဆို
People's Spring
ထိုင်းဗီဇာလျှောက်ထားသူအရေအတွက်များလာနေလို့ တစ်ရက်ကို လူ ၄၀၀ သာ လက်ခံမယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ ထိုင်းသံရုံးက ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
တန်းစီစနစ်နဲ့ ကျင့်သုံးမှာဖြစ်ပြီး တိုကင်နံပါတ်ကို ရုံးဖွင့်ချိန်မတိုင်ခင် မနက် ၈ နာရီခွဲမှာ စတင်ဝေမယ်လို့ ထိုင်းသံရုံးကဆိုပါတယ်။
တိုကင်ပေးရာမှာနိုင်ငံကူးလက်မှတ်နဲ့တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပြီး ဗီဇာလျှောက်မယ့် လူကိုယ်တိုင် တိုကင်ထုတ်ရမှာဖြစ်သလို လက်လွှဲပေးတာမျိုး မလုပ်ရဘူးလို့ ထိုင်းသံရုံးက တားမြစ်ထားပါတယ်။
တိုကင် နံပတ်တစ်ခုဟာ လျှောက်ထားမယ့်သူတစ်ဦးသာအကျုံးဝင်ပြီး တိုကင်နံပါတ်ကိုအလွဲသုံးစားလုပ်ရင် ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ပြီး နာမည်ပျက်စာရင်းသွင်းမယ်လို့ ထိုင်းသံရုံးရဲ့ကြေညာချက်မှာပါရှိပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို အသင်သွင်းပြီးနောက် မြန်မာနဲ့အနီးဆုံး ထိုင်းနိုင်ငံဆီ ထွက်ခွာမယ့်သူတွေ များပြားနေတာပါ။
လူမှုကွန်ရက်မှာ တက်လာတဲ့ ဓာတ်ပုံတွေအရ ထိုင်းဗီဇာလျှောက်ထားဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို ထိုင်းသံရုံးရှေ့မှာတွေ့ရပါတယ်။

👍36🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြောက်ဦးနန်းတော်ရာကုန်းမှာ ရက္ခိုင့်တပ်တော်အလံလွှင့်ထူ
ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့၊ နန်းတော်ရာကုန်းမှာ ရက္ခိုင့်တပ်တော်အလံကို ဒီနေ့ စိုက်ထူလိုက်ပါတယ်။ မင်းနေပြည် မြို့တော်ဟောင်း မြောက်ဦးမြို့ကို စစ်အုပ်စုထံမှ ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ စစ်ရေးအရ အလွန်အရေးပါတဲ့ အောင်ပွဲဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ဆိုပါတယ်။ AAဟာ ရက္ခိုင်ပြည်နယ်မှာ မြောက်ဦးမတိုင်ခင် ပေါက်တော၊ မင်းပြား၊ ကျောက်တော်မြို့များကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
◾️မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းသို့ စစ်ကောင်စီ လေကြောင်းမှ ရိက္ခာခဲယမ်းထုပ်များချ
ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၇၄)သို့ စစ်ကောင်စီတပ်က ရိက္ခာခဲယမ်း ဖြည့်တင်းရာမှာ မြေပြင်မှ ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ လေယာဉ်အသုံးပြု လေထီးဖြင့် ပို့ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားတာပါ။ ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်သားများက ထိုးစစ်အရှိန်မြင့်နေချိန် မင်းတပ်မြို့ကို ချင်းပြည်ကာကွယ်ရေးတပ်များ(CDF)က မကြာခင်တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းများကြောင့် အခုလို လက်နက်ခဲယမ်းများဖြည့်တင်းနေတာလို့ CDFရဲဘော်တစ်ဦးကပြောပါတယ်။
◾️စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်တော့လို့ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းတိုက်ပွဲဝင်မည်ဟု NMSP ကြေညာ
စစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မယ်လို့ ဒီနေ့မနက်မှာကြေညာချက်ထုတ်လိုက်ပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်တူညီသူတွေဟာ စစ်ကောင်စီကို တော်လှန်မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တာပါ။ ဒီလို တော်လှန်ရာမှာလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာထည့်သွင်းအသိပေးထားပါတယ်။ NCA စာချုပ်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ သုံးကြိမ် တွေ့ဆုံပြီး လိုလားတဲ့ ဖက်ဒရယ်အခြေခံမှုတွေ ဆွေးနွေးခဲ့ပေမယ့် လုံးဝမရခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ဆိုပါတယ်။
◾️AAက မင်းပြားမှာ စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက် သိမ်းပိုက်
ရက္ခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စစ်ကောင်စီတပ် သင်္ဘောလေးစီးနစ်မြုပ်အောင် တိုက်ခိုက်ထားနိုင်တဲ့ ရက္ခိုင့်တပ်တော်(AA)က မနေ့က စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော နောက်ထပ်တစ်စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓါတ်ပုံနှင့်တကွထုတ်ပြန်ပါတယ်။ ခြောက်ရက်တာကာလအတွင်း ရေကြောင်းတိုက်ပွဲများမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောသုံးစီးနဲ့ ဇက်သင်္ဘောနှစ်စီး စုစုပေါင်း ငါးစီးကို AAက တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပါတယ်။ အခြားစစ်သင်္ဘောလေးစီးကိုလည်း ရေချလို့ မရနိုင်သည်အထိ ပျက်စီးသွားအောင်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
◾️မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်ရာ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်မှာ ရိက္ခာပို့စစ်ကောင်စီစစ်ကြောင်းမှ ကင်းယူထားတဲ့ စစ်သားများကို တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ခဲယမ်းနဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ မနေ့ နေ့ခင်းက မြိုင်မြို့နယ်၊ သံပရာခြံရွာ အနောက်ဖျားမှာ ကန်နီသို့ရိက္ခာပို့လာတဲ့ စစ်ကြောင်းအတွက် ကာကင်းယူထားတဲ့ စစ်သားများကို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ထံမှ RPG အဖူး ၂ဖူး ၊ RPG ပို့ယမ်း ၁ခု ၊Equipment ၂ခု ၊ပစ္စတိုထည့်အိတ် တစ်ခု ၊ MAကျည်ဘောက် ၁ခု၊MAကျည် ၉၆တောင့် ၊ဓားရှည် တစ်ချောင်း၊ စစ်သုံးကျောပိုးအိတ် ၃လုံး ၊ စစ်သုံးမိုးကာ အင်္ကျီ နှစ်ထည် သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။
◾️တောင်ကိုရီးယားမှာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများသွားရောက် လုပ်ကိုင်ခွင့်ရမည်

👍35🔥4
တောင်ကိုရီးယားနိုင်ငံသို့ EPSစနစ် အလုပ်သမားစေလွှတ်ရာမှာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများ ပါဝင်ရတော့မယ်လို့ ကိုရီးယားနိုင်ငံက ထုတ်ပြန်ဖော်ပြပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများမှာ မီးဖိုချောင်အကူ၊ အဆောက်အဦးသန့်ရှင်းရေး၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ဟိုတယ်နဲ့ ကွန်ဒိုများမှာ လုပ်ကိုင်ဖို့ဖြစ်တယ်လို့ ကိုရီးယားနိုင်ငံသို့အလုပ်သမားစေလွှတ်တဲ့ အလုပ်သမားအေဂျင်စီများက ပြောပါတယ်။ ဒါ့အပြင် မြန်မာအတွက် အလုပ်သမားခွဲတမ်း ၃,၃၀၀ကျော်ရှိပြီး သန့်ရှင်းရေးနဲ့ စားသောက်ဆိုင် လုပ်ငန်းများမှာ လုပ်ကိုင်ရမယ်လို့ ဆိုပါတယ်။ သွားရောက်လုပ်ကိုင်လိုသူများဟာ အခြေခံပညာအထက်တန်းအောင်မြင်ထားသူများဖြစ်ရမှာဖြစ်ပြီး အခြေခံပညာ အထက်တန်းဆောင်မြင်ပြီးမြောက်ကြောင်းလက်မှတ်တင်ပြရမယ်လို့လည်းအေဂျင်စီများထံမှ သိရပါတယ်။
စစ်ကောင်စီထောက်ပို့ကားကို PDF ကြားဖြတ်တိုက်ခိုက်၊ လက်နက်ခဲယမ်းများသိမ်းယူ
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စစ်ကူနဲ့ လက်နက်ပေးပို့ဖို့ ထွက်လာတဲ့ ကားကို အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကာ လက်နက်ခဲယမ်းများကို သိမ်းပိုက်လိုက်ပါတယ်။ တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ ဆုတ်ခွာလာတဲ့ စစ်ကောင်စီရဲ့ အမှတ်(၈၉)ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်တပ်က စစ်ကူနဲ့ လက်နက်ခဲယမ်းများပေးပို့တဲ့ လက်နက်ပို့ယာဥ်ကို မနေ့က PDFများက ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်လိုက်တာလို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
◾️စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်တွင်းခရီးသွားလုပ်ငန်းကို စစ်ကောင်စီ တင်းကြပ်
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက ခရီးသွားလုပ်ငန်းကို စောင့်ကြည့်တင်းကြပ်လိုက်ပြီး ပြည်တွင်းခရီးသွားလာရာမှာ ခရီးသွားခွင့်ကဒ်ဖြင့်သွားဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသိပေးလာတယ်လို့ ပြည်သူအချို့က ပြောပါတယ်။ ခရီးသွားကဒ်လို့ ခေါ်တဲ့ ခရီးသွားခွင့် အထောက်အထားကဒ်ကို အခကြေးငွေယူကာ ပြုလုပ်ပေးနေတဲ့ အစီအစဉ်ကို ဒေသအများစုရှိ ရပ်ကွက်နဲ့ကျေးရွာများမှာ စတင်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မိုင်းအနည်းငယ်သာရှိတဲ့ မြို့ချင်းဆက်ခရီးသွားယာဥ်လိုင်းများထက် မိုင်ရာချီဝေးတဲ့ ခရီးသွားယာဥ််လိုင်းများကို အဓိကစစ်ဆေးနေတယ်လို့ သိရပါတယ်။
◾️လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနဲ့ ရဲတပ်ရင်း(၉) အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း စုပေါင်းရုံးအနီးနဲ့ ရဲတပ်ရင်း(၉)တို့ကို မနေ့ညပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးအနီးနဲ ရဲတပ်ရင်း(၉)တို့ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဖောက်ခွဲမှုဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ မတရားဥပဒေကို အကောင်အထည်ဖော်အသက်သွင်းမှုကို အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ကာ တိုက်ခိုက်ခဲ့တာလို့ Dark Shadow အဖွဲ့က ဆိုပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ နေရာအနှံ့မှာ "စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)" မှ ဦးဆောင်ကာ "ရန်သူက ရန်သူပီသနေပြီ ခင်ဗျားတို့ ဒီတိုင်းရပ်ကြည့်နေကြမှာလား" စာသားပါ Sticker တွေ ကပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ ကယ်တင်ရှင်မရှာဒို့ကျေးရွာသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် အနောက်ခြမ်းမှာလည်း လူငယ်အားမာန်သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ပါတယ်။
မကွေးတိုင်း တစ်နေရာမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနဲ့ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပါင်းကာ "မတရားတဲ့ အမိန့်ဟူသမျှ ရဲရဲ ဆန့်ကျင်ကြ"၊ " အဆုံးသတ် အောင်ပွဲဆီ တွဲလက်ညီညီနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ပါတယ်။

👍49❤1🔥1