(စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအမိန့်ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ရန် စီတန်းနေသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍31🔥3
နတ်မောက်ရှိ စစ်ကောင်စီ လက်နက်စက်ရုံ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
ကျော်ဇော/People's Spring
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ(ပပန-နတ် မောက်)စစ်ဆေရေးဂိတ်ကို မဟာမိတ်တပ်များနှင့်အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၄)ည ၇ နာရီခန့်က
နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ ပပန-နတ်မောက် စစ်ဆေးရေးဂိတ်အား ကိုက် (၂၀၀)ခန့်အကွာထိချဥ်းကပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း (၉၀၂) တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာ ကွယ်ရေးတပ်နှင့် OPRF - PLA တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"(စစ်ကောင်စီတပ်)အင်အားက ပုံမှန်မရှိဘူး။ ၁၀ ယောက်နဲ့အထက်တော့ အမြဲတမ်းလို လိုရှိတတ်တယ်။ မနေ့ညနေကတော့ နဲနဲများတယ်"ဟု စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အင်အားအခြေအနေကို OPRF-PLA မှ တာဝန်ရှိသူက ပြောသည်။
အထက်ပါ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ရန်သူ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ပပန-နတ်မောက် စစ် ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အခြေအနေအတိ အကျအား မသိရသေးဟု OPRF-PLA က အသိပေးထားသည်။
နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျှက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကလည်း ကုလားရှင်ကျေးရွာရှိ စစ်သားနှင့်ရဲ အင်အား ၃၀ခန့်ဖြင့် ဂိတ်ချစစ်ဆေးနေသည့်နေရာကို OPRF-PLAက ကိုက် ၁၀၀အကွာခန့်အထိချဥ်းကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

👏39👍20🤣2
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️ရှားတောမြို့သိမ်းတိုက်ပွဲ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ကျော်သေဆုံး
ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် ၁၆၀ ဦးကျော် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။ ရှားတောမြို့နဲ့ ပတ်ဝန်းကျင်ကို အခိုင်အမာတပ်ချကာ ပြည်သူလူထုများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းများနဲ့ ဗျူဟာကုန်းများကို ကရင်နီတပ်မတော်(KA)၊ KNDF နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တစ်လခန့်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ရက်မှာ ရှားတောမြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။ ရှားတောတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ(၄၂၈)၊ (၂၄၉)နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက်နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ပါတယ်။
◾️KNU တပ်မဟာ(၅)နဲ့ ပူးပေါင်းတပ် ဖြတ်တောက်ပိတ်ဆို့မှုကြောင့် စစ်ကောင်စီစခန်း နှစ်ခု စွန့်ခွာရုတ်သိမ်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စွန့်ခွာရုတ်သိမ်းသွားတယ်လို့ တပ်မဟာ(၅)က အသိပေး ထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ ပူးပေါင်း မဟာမိတ်တပ်တို့က စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းများကို အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်နဲ့ ၁၁ရက်မှာ ရှေ့တန်းစခန်းနှစ်ခု ရုပ်သိမ်းသွားတာလို့ ဖော်ပြပါတယ်။ ရုတ်သိမ်းသွားတဲ့စခန်းနှစ်ခုဟာ မော်ဖူးဗျူဟာစခန်းကို ပူးပေါင်းခဲ့ပြီး အဲဒီမော်ဖူးစခန်းကို KNLA တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်က အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့နေတယ်လို့ အသိပေးပါတယ်။
◾️ရက္ခိုင်ပြည်နယ်နယ်ခြားစောင့်စခန်းများနဲ့ ရဲစခန်းအချို့ကို သိမ်းပိုက်ရရှိထားဟု AA ထုတ်ပြန်
ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပေါက်တောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က တစ်ခုမကျန်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဟာ ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်ကို စတင်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကို သာမက ရမ်းဗြဲမြို့နဲ့ အခြားသောမြို့အချို့မှ ရဲစခန်းတချို့ကိုလည်း သိမ်းပိုက်ရရှိထားတယ်လို AAက ထုတ်ပြန်ပါတယ်။ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း AAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ အခြေစိုက်တပ်စခန်းများမှ လက်နက်ကြီးတိုက်ခိုက်မှုနဲ့ ရေတပ်သင်္ဘောများမှ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပစ်ခတ်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
◾️ရေကူးထွက်ပြေးတဲ့ စစ်သားများကို AA တပ်ဖွဲ့ဝင်များ ကယ်တင်တဲ့ရုပ်သံဖိုင် ထွက်ပေါ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AAက ပစ်ခတ်နစ်မြှုပ်ခဲ့တဲ့ စစ်သင်္ဘောမှ ရေကူးထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့် လိုက်လံကယ်တင်နေတဲ့ ရုပ်သံဖိုင် ဒီနေ့ ထွက်ပေါ်လာပါတယ်။ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ဖေဖော်ဝါရီ ၇ရက်နဲ့ ၈ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကူးထွက်ပြေးခဲ့တာပါ။ ဒဏ်ရာများရထားပြီး ရေထဲမှာ မနစ်မြုပ်အောင် ကူးခတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်လှေတစ်စီးဖြင့် လိုက်လံကယ်တင်နေတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
◾️ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ရေး လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများ အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ NUCC ထုတ်ပြန်

👍41❤1🤮1
ပြည်သူလူထုနဲ့ လူငယ်များကို အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်၊ အစီအမံများကို အမြန်ဆုံး ဖော်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်အုပ်စုက ပြဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး NUCC က အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြည်သူလူထုနဲ လူငယ်များအတွက် လိုအပ်တဲ့လုပ်ငန်းစဥ်၊ အစီအမံများကို အမြန်ဆုံးဖော်ဆောင်သွားမယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်သော ကျောင်းသား၊လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ် တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်တယ်လို့ NUCC က ဆိုပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တား အရေးယူနိုင်ခြင်းမရှိသောကြောင့် အခုလို ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာတာလို့ ဖော်ပြပါတယ်။
◾️မြောက်ခင်ရန်းရွာမှ စစ်အုပ်စုက ဒေသခံပြည်သူ ၁၀ ဦးကို သတ်ဖြတ်၊ ၁၃ ဦးကို ဖမ်းဆီးထား
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင် ကျေးရွာသုံးရွာမှ ဒေသခံပြည်သူ ၁၀ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၁၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ အဲဒီစစ်အုပ်စုဟာ မနေ့ မနက်ပိုင်းက မြောက်ခင်ရမ်းရွာအနီး သင်တောရွာမှ ခုနစ်ဦး၊ ရွှေဘိုရွာမှ နှစ်ဦး၊ ရေသာရွာမှ တစ်ဦးကို ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ အသတ်ခံရသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ ဦးပြူးသာ၊ ဦးဌေးအောင်၊ ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ ဦးဘိုသန်း၊ ရွှေဘိုရွာမှ ဦးတိုးလွင်၊ ဦးမျိုးသန့်၊ ရေသာရွာမှ ဦးဇော်လင်းမောင် တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံံရသူ ၁၃ဦးရှိပြီး အမျိုးသမီးအချို့ပါဝင်တယ်လို့ သိရပါတယ်။
◾️တန့်ဆည်-ကလေးဝ ပြည်ထောင်စုလမ်းမကြီးမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ တန့်ဆည်-ကလေးဝလမ်းပိုင်းရှိ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ကုန်ကားနှစ်စီးထက်မနည်း ပျက်စီးပြီး ယာဉ်မောင်းနှင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နေ့ခင်းက တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်း၊ တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်း ပြည်ထောင်စုလမ်းမကြီး (၃၈)မိုင်နဲ့ (၃၉)မိုင်ကြားမှာ K-8 အမျိုးအစား ဖိုက်တာတစ်စီးဖြင့်တစ်ကြိမ်၊ A-5အမျိုးအစား ဖိုက်တာတစ်စီးဖြင့် တစ်ကြိမ် နှစ်ကြိမ်တိုင် လာရောက်ပြီး ပေါင် ၅၀ဝ ဗုံးရှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားတယ်လို့ ရေဦးနယ်အခြေပြု People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။

👍40👏2😁1🤮1
ဆီဆိုင် - ဟိုပုံးအစပ်ရှိ ကျေးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရ
ဟန်နွေ/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် အစပ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့ ထုတ်ပြန်သည်။
"ပဆျာႏကလိုႏ” အမည်ရှိ ကျေးရွာကို ဖေဖော်ဝါရီ ၁၄ရက်မနက် ၁၀နာရီခွဲတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားထိခိုက်ခဲ့ခြင်းဖြစ်ဟု အသိပေးသည်။
ထိုသို့ တိုက်ခိုက်၍ ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်သည်။
ယင်းကျေးရွာ၌ PNLA တပ်စွဲထားခြင်းမရှိသကဲ့သို့ ယင်းဒေသ၌ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိဟု ဖော်ပြသည်။
စစ်ကောင်စီသည် PNLAက ဆီဆိုင်မြို့ကို ထိန်းချုပ်ထားပြီးနောက် မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး ဘာသာရေးအဆောက်အဦးများအပါအဝင် ပြည်သူလူထုနေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။
ယခုဗုံးကြဲတိုက်ခိုက်ခံရသည့် ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း PNLAက အသိပေးသည်။
စစ်ကောင်စီနှင့်အပေါင်းအပါများ၏ ယခုလုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သကဲ့သို့ ပအိုဝ်းကျေးရွာ ဒေသများကို တမင်တကာဖျက်ဆီးနေသည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။

😢32🤬11👍6🔥1😡1
(စစ်ကောင်စီတပ်က ပဆျာႏကလိုႏအမည်ရှိ ကျေးရွာကို ဖေဖော်ဝါရီ ၁၄ရက်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😢27🤬6👍3🔥1