People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရှားတောမြို့သိမ်းတိုက်ပွဲ ဒုဗိုလ်မှူးကြီးနှင့် အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ကျော်​သေဆုံးပြီး လက်နက်မျိုးစုံ ၁၅၀ ခန့်သိမ်းနိုင်ခဲ့ဟု KNDF ထုတ်ပြန်

︎ပြည်သူ့ဘက် ရပ်တည်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံဘဲ ခုခံခဲ့၍ ချေမှုန်းတိုက်ခိုက်ခဲ့ရဟု အသိပေး

ဟန်နွေ/People’s Spring


ကရင်နီပြည်နယ်၊ ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် ၁၆၀ ဦးကျော် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းနိုင်ခဲ့ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းများအား ကရင်နီတပ်မတော်( KA)၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်းပြီး တစ်လခန့်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ရက်တွင် ရှားတောမြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

စစ်ဆင်ရေးကို ဇန်နဝါရီ ၁၅ရက်က စတင်ခဲ့ရာ ရှားတောမြို့ စစ်ကောင်စီ စေတီကုန်း၏ ကာကင်း စခန်း ၂ခုကို ဇန်နဝါရီ ၁၇ရက်တွင် အပြီး သိမ်းနိုင်ခဲ့သည်ဟုသိရသည်။

ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ(၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းအား ဝန်းရံပိတ်ဆိုထားနိုင်ခဲ့သည်ဟု အသိပေးသည်။

ထိုသို့ပိတ်ဆိုပြီး ချေမှုန်းခြင်းမပြုသေးဘဲ စစ်ကောင်စီတပ်များအား ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံကြရန်၊ လက်နက်ချ၍ အသက်ရှင်ခွင့်အားရယူကြရန် အကြိမ်ပေါင်းများစွာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ခံစစ်ပြင်၍ တင်းခံခဲ့သည်ဟု​ဖော်ပြထားသည်။

ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ပိတ်ဆို့ထားစဉ် စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်ကို ရဟတ်ယာဉ် ၃စီးဖြင့် စစ်ကူပို့လာသော်လည်း ဖေဖော်ဝါရီ ၅ရက်တွင် အဆိုပါ စစ်ကူစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးသည်။

ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ဖိတ်ခေါ်မှုကို လက်မခံခဲ့သည့် စစ်ကောင်စီ ဗျူဟာကုန်းကိုလည်း ဖေဖော်ဝါရီ ၁၂ရက်မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃နာရီ အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ကာ ရှားတောမြို့အား အလုံးစုံထိန်းချုပ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟု ကရင်နီ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
"ပထမ ရှမ်းဘက်ကနေ လှေနဲ့။ ဖြတ်တိုက်လို့ဆုတ်ခွာသွားတယ်။ နောက်တစ်ခေါက် ဟတ်စကီးသုံးစီးနဲ့ အင်အား ၆၀ကျော်လာချတယ်။ချေမှုန်းခံရတယ်။ ၁၃ယောက်ပဲ လွတ်သွားတယ်။ ရှမ်းဘက်ပြေးသွားတယ်”ဟု၎င်းကပြောသည်။

အခြား​ကရင်နီစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ရှားတောမြို့ ဗျူဟာကုန်းကိုတိုက်ခိုက်စဉ်စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ဟု ပြောသည်။

"သူတို့က ဗုံးသီးတွေနဲ့လာကြဲတယ်။ လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေနဲ့ ။ ပေါင် ၅၀၀ ဗုံးတွေလာကြဲရင်းနဲ့နောက်ဆုံးအခြေအနေက မနေ့က ပြည်ထောင်စုနေ့မှာ မနက် ၆နာရီမှာ အဲဒီ စေတီကုန်းကို တက်ပြီး ရှင်းတဲ့အချိန်မှာ အဲဒီမှာ (၄၂၈) သူ့ဗျူဟာမှူးက ဒဏ်ရာရပြီးတော့ သူကျသွားတယ်ထင်တယ်။ ကျသွားတော့ ကျန်တဲ့ စစ်သည် ၄၀ လောက်က သေပြီ။ နောက်ပြီးတော့မှ အရှင် ၂၉ ဦးဖမ်းမိတယ်။ အားလုံးပေါင်း စေတီကုန်းမှာ ပုန်းအောင်းနေတဲ့ သူ့မိသားစုတွေလည်း ပါတယ် လူ ၈၀ လောက်ပေါ့။ ၈၀ လောက်မှာ ၄၀လောက်က သေတယ်။ ၂၉ဦးကဖမ်းမိတယ်။ ကျန်တာက မိသားစုတွေပေါ့” ဟု​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ(၄၂၈)၊ ခလရ(၂၄၉) နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့သည်သည်။

စစ်ကောင်စီ ထံမှ လက်နက်ငယ်(၁၂၈)
လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။

တိုက်ပွဲ၌ စစ်ကောင်စီက တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး တိုက်ခိုက်ခုခံခဲ့သော်လည်း မြို့ကို လက်လွှတ်ခဲ့ရသည်။ တိုက်ပွဲကာလအတွင်း လေကြောင်းပစ်ကူ(၂၀၅)
ကြိမ်ကျော် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ရှားတောမြို့ သိမ်းတိုက်ပွဲအတွင်း KNDF မှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ ကျဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်သည်ဟု ထုတ်ပြန်သည်။
👍5110👏7🔥2
(ရှား​တောမြို့သိမ်းတိုက်ပွဲအပြီးမြင်ကွင်း။ဓါတ်ပုံ-KNDF)
45👍23👏6🔥2
👏28👍156🔥1
လူငယ်လူရွယ်များ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်ကြရန် CNF တိုက်တွန်း

ထားမြတ်/People’s Spring

စစ်မှုမထမ်းမနေရဥပဒေနှင့် အကျုံးဝင်နေသူ လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင် စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ကို CNFက ယနေ့ ကြိုတင်ထုတ်ပြန်ရာ၌ အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းမှု နှင့်ပတ်သက်သည့် အချက်ကို ဖော်ပြရာ၌ လူငယ်များကို ထိုသို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

"အရပ်သားပြည်သူတွေအပေါ် စစ်သားစုဆောင်းတာ မဖြစ်နိုင်တော့လို့ ဥပဒေကို အကာအကွယ် ယူပြီးအတင်းအဓမ္မ လက်နက်ကိုင်ခိုင်းတာပဲ၊ ဒါက ရှင်းပါတယ်၊နွေဦးတော်လှန်ရေးမှာ စကစ လက်နက်ကိုင်အင်အား အင်မတန် ချည့်နဲ့သွားတယ်ဆိုတဲ့ သက်သေပဲပေါ့။စကစဟာ ပြည်သူရဲ့ ရန်သူဖြစ်နေတော့ လက်နက်မဲ့ ပြည်သူတွေ စိုးရိမ်မှာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ် စကစ အပြတ်ချေမှုန်းမှသာ ပြည်သူဘဝ လုံခြုံမှာလေ၊ ဒီတော့ ပြည်သူတွေအနေနဲ့ စကစကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ပါပဲ"ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားသည်။

စစ်ကောင်စီသည် (၃)နှစ်တာ နွေဦးတော်လှန်ရေးတွင် အင်အားပြုန်းတီးမှုများပြားလွန်းခြင်း၊ စစ်သား မစုဆောင်းနိုင်တော့ခြင်း စသည့် စစ်ရေး အကြပ်အတည်းများကြောင့် စစ်မှုမထမ်းမနေရ စနစ်ကို ပြန်လည် အသက်သွင်းလာခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် စစ်ရေးတွင် ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရန် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းပင်ဖြစ်ကြောင်း CNFက ထုတ်ပြန်သည်။

CNF၏ ထုတ်ပြန်ချက်တွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းပြည်လွှတ်တော်နှင့် တရားလွှတ်တော်တို့၏ လုပ်ငန်းယာန္တရားများ ကောင်းမွစွာ လည်ပတ်နိုင်ရေးအတွက် အစွမ်းကုန် ပံ့ပိုးသွားမည်ဟုလည်း ဖော်ပြခဲ့သည်။

ချင်းအမျိုးသား ပြည်သူများအနေဖြင့်လည်း ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်နှင့် နိုင်ငံရေး၊ အမျိုးသား တန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားကြသည့် အာဇာနည်များ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူခဲ့ရသည့် ရဲဘော်များ အားလုံးအပေါ် ဦးညွတ် ဂါရ၀ပြုကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးကာလအတွင်း လူမှုဒုက္ခ ပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် စာနာကြောင်း ဖော်ပြခဲ့သည်။
👍54🔥2
👍40🔥4
(စစ်ကောင်စီ​၏ စစ်မှုထမ်းဥပဒေအမိန့်ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ရန် စီတန်းနေသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍31🔥3
နတ်မောက်ရှိ စစ်ကောင်စီ လက်နက်စက်ရုံ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

ကျော်ဇော/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ(ပပန-နတ် မောက်)စစ်ဆေရေးဂိတ်ကို မဟာမိတ်တပ်များနှင့်အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၄)ည ၇ နာရီခန့်က
နတ်မောက်မြို့နယ်၊ ရွာမွန်​ကျေးရွာရှိ ပပန-နတ်မောက် စစ်ဆေးရေးဂိတ်အား ကိုက် (၂၀၀)ခန့်အကွာထိချဥ်းကပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း (၉၀၂) တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာ ကွယ်ရေးတပ်နှင့် OPRF - PLA တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"(စစ်ကောင်စီတပ်)အင်အားက ပုံမှန်မရှိဘူး။ ၁၀ ယောက်နဲ့အထက်တော့ အမြဲတမ်းလို လိုရှိတတ်တယ်။ မနေ့ညနေကတော့ နဲနဲများတယ်"ဟု စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အင်အားအခြေအနေကို OPRF-PLA မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ရန်သူ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ပပန-နတ်မောက် စစ် ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အခြေအနေအတိ အကျအား မသိရသေးဟု OPRF-PLA က အသိပေးထားသည်။

နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျှက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကလည်း ကုလားရှင်ကျေးရွာရှိ စစ်သားနှင့်ရဲ အင်အား ၃၀ခန့်ဖြင့် ဂိတ်ချစစ်ဆေးနေသည့်နေရာကို OPRF-PLAက ကိုက် ၁၀၀အကွာခန့်အထိချဥ်းကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
👏39👍20🤣2
👍57👏9🤣1
(နတ်မောက်မြို့အဝင် တနေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👏26👍6🤣2