People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍633🤮1
ပြည်ထောင်စုလမ်းမကြီး၌ စစ်တပ်က လေကြောင်းတိုက်ခိုက်၍ ကုန်ကားနှစ်စီးထက် မနည်းပျက်စီး၊ ပြည်သူအချို့ ဒဏ်ရာရ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်​ - ကလေးဝလမ်းပိုင်းရှိ ပြည်ထောင်စုလမ်းမကြီး၌ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့၍ ကုန်ကား၂စီးထက်မနည်းပျက်စီးပြီး ယာဉ်မောင်းနှင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၄ ရက်) နေ့လယ် ၁၂ နာရီနှင့် ၁ နာရီခန့်က တန့်ဆည်မြို့နယ်အနောက်ဘက်ခြမ်း၊ တန့်ဆည်-ကံထူးမ-ကလေးဝလမ်းပိုင်း ပြည်ထောင်စုလမ်းမကြီး (၃၈)မိုင်နှင့် (၃၉)မိုင်ကြားအား K-8 အမျိုးအစား ဖိုက်တာတစ်စီးဖြင့်တစ်ကြိမ်၊ A-5အမျိုးအစား ဖိုက်တာတစ်စီးဖြင့် တစ်ကြိမ် နှစ်ကြိမ်တိုင် လာရောက်ပြီး ပေါင် ၅၀ဝ ဗုံးရှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်သွားကြောင်း ရေဦးနယ်အခြေပြု People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။

ထိုတိုက်ခိုက်မှုကြောင့် ကားသမား၂ဦးနှင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကုန်ကားကြီး၂စီး ပျက်စီးပြီး စပါးနှင့် သစ်ဝါးတင်လာသော ယာဉ်ကြီးနှစ်စီးလည်း ပျက်စီးမှုရှိကြောင်း ကိုထူးခန့်ဇော်က ပြောသည်။

"လေကြောင်းတိုက်ခိုက်ခဲ့တဲ့အချိန်ဟာ ထိုလမ်းမကြီးပေါ်မှာ အများပြည်သူသွားလာနေကြတဲ့အချိန်ဖြစ်တယ်။ ခရီးသွားကားတွေရောသွားလာနေကြတဲ့အချိန်ပဲ။ ကုန်ကားကြီး၂စီးကတော့ ဘာမှရစရာမရှိ ပျက်စီးသွားတယ်။ကားဆရာတွေနဲ့ ခရီးသွားပြည်သူတချို့လဲ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်။အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့သိရတယ်။"ဟု ကိုထူးခန့်ဇော်က ပြောသည်။

လေကြောင်းတိုက်ခိုက်သည့်နေရာသည့် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"အဲ့ဒီလမ်းမကြီးက တိုက်ပွဲဖြစ်ပွားထားတာ လုံးဝမရှိဘူး။ စစ်ကြောင်းထိုးနေခြင်းလည်းမရှိဘူး။
ဘယ်လိုသတင်းပေးမှားယွင်းမှုကြောင့် အခုလိုဖိုက်တာ၂စီးနဲ့သုံးပြီး ပြည်သူတွေသွားလာနေတဲ့အချိန် လာပစ်သွားတယ်ဆိုတာ စဥ်းစားလို့မရဘူး။ အခုကိစ္စက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အများပြည်သူအသုံးပြုနေတဲ့ ပြည်ထောင်စုလမ်းမကြီးကို ဗုံးကြဲသွားတဲ့ဖြစ်ရပ်က ဘယ်ရှုဒေါင့်ကနေကြည့်ကြည့် တော်တော်လေးကိုအောက်တန်းကျယုတ်မာလွန်းပါတယ်။"ဟု People's Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို CAF Medic Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် လေးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သေးသည်။
🤬39👍6😡4😢3🔥1
😢55👍6🤬4👏31
(လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသောကုန်ကားများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်။ ဓာတ်ပုံ-People's Defense Comrade)
😢36👍7👎6🤬3👏1
ကျောက်တော်ရေကြောင်းတိုက်ပွဲ၌ ရေကူးထွက်ပြေးသည့် စစ်သားများအားAA တပ်ဖွဲ့ဝင်မျာကယ်တင်​သောရုပ်သံဖိုင် ထွက်​ပေါ်လာ


ရွှေပြည်စိုး/People's Spring

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရေကြောင်းတိုက်ပွဲ၌ရက္ခိုင့်တပ်တော် AAက ပစ်ခတ်နှစ်မြုပ်ခဲ့သည့် စစ်သင်္ဘောမှ ရေကူးထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား AA တပ်ဖွဲ့ဝင်များက စက်လှေဖြင့်လိုက်လံကယ်တင်နေသည့်ရုပ်သံဖိုင်ကို ယနေ့ ထွက်ပေါ်လာသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင်ဖေဖော်ဝါ
ရီလ ၇ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးအား ရက္ခိုင့်တပ်​တော်ကတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေကူးထွက်ပြေးခြင်းဖြစ်သည်။

ဒဏ်ရာများရထားပြီး ရေထဲတွင် မနစ်မြုပ်အောင် ကူးခတ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စက်လှေတစ်စီးဖြင့် လိုက်လံကယ်တင်နေသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။


AAနှင့် နီးစပ်သည့်​ဒေသခံတစ်ဦးက ရုပ်သံဖိုင်မှာ မှန်ကန်​ကြောင်းအတည်ပြုပြီး " ကျောက်တော်တိုက်ပွဲမှာ နေဗီတွေ မြုပ်ပြီး ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ခဲ့တာပါ။ကယ်တဲ့အထဲမှာ အရာရှိတွေပါ ပါတယ်" ဟုပြောကြားသည်။

ထိုတိုက်ပွဲ၌ ရက္ခိုင့်တပ်တော် AAနှင့် ဒေသခံများသည်
စစ်သင်္ဘော​ပေါ် ပါ​သောစစ်သားများ ၊စစ်တပ်မိသားစုဝင် အမျိုးသမီးများနှင့်ကလေးငယ်များအား သတ်ဖြတ်သည်ဟုဆိုကာ စစ်​​ကောင်စီနှင့် စစ်တပ်​ထောက်ခံသူများကသတင်းအမှား ဖြန့်ချီပြီး လူမျိုး​ရေး မုန်တီး​ရေး ၊လူမျိုး​ရေး ပဋိပက္ခဖြစ်​အောင် ဝါဒဖြန့် လှုပ်​ဆော်မှုများ ​ဖေ​ဖော်ဝါရီ ၉ ရက်မှစ၍ ဆက်တိုက်ပြုလုပ်ခဲ့သည်။ထို​နောက် AA တပ်ဖွဲ့ဝင်များက ကုလာတန်မြစ် အတွင်း​ရေနစ်မ​သေရန် ရုန်းကန်​နေ​ရသော စစ်သားများကို စက်​လှေဖြင့် လိုက်လံကယ်တင်​​ပေး​နေ​သောအထက်ပါရုပ်သံမှတ်တမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

" တပ်တော် (ရက္ခိုင့်တပ်​တော်-AA) က စစ်ရေးလုံခြုံမှုအရ သတင်းကို ထိန်းတင်နေတာပါ။ စစ်နဲ့ မဆိုင်တဲ့သူတွေကို တပ်‌တော်က မပစ်ခတ်ပါဘူး။ စစ်အုပ်စုကသာ သတင်းမှားလွှင့်ပြီး လူမျိုးရေးပဋိပက္ခပုံစံ အတင်းဖန်တီးနေတာပါ" ဟု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ခံတစ်ဦးကလည်းပြောကြားသည်။

ထိုတိုက်ပွဲ၌ စစ်သင်္ဘော ၃ စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ကာနီးအချိန်တွင် လက်နက်ချ အညံ့ခံ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သင်္ဘောသုံး စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ်၃၀ထပ်ပေးသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် ဆယ်ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု AA က ဖေဖော်ဝါရီ ၁၁ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

"လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်" ဟု AA ကအသိ​ပေးထားသည်။

ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်"ဟု AAကထုတ်ပြန်ထားသည်။

​ရေ​ကြောင်းတိုက်ပွဲတွင် စစ်ရှုံးသည်ကို စစ်ကောင်စီ လက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများတွင် လူမျိုးရေးအမုန်းတရားဖြစ်စေသော တိုက်တွန်းချက်များကို ဖေဖော်ဝါရီလ ၉ရက်နေ့ကတည်းက စတင်လှုံ့ဆော်ခဲ့သည်။ ရခိုင်အစားအသောက်ဆိုင်များ၌ မဝယ်စားကြရန် သတိပေးခြင်းဟုဆိုကာ ရန်ကုန်နှင့်မန္တလေးမြို့ရှိ လူစည်ကားရာနေရာများတွင် စာရွက်များလိုက်ကပ်နေသည်။

AAကမူ စစ်ကောင်စီစခန်းများကိုသိမ်းပိုက်စဉ် လက်နက်ချအညံ့ခဲ့သော စစ်ဘက်၊ ရဲဘက်နှင့် ၎င်းတို့၏ မိသားစုဝင် များအပါအဝင် ရေကြောင်းတိုက်ပွဲများအတွင်း အသက်လုထွက်ပြေးနေကြသောသူများထဲမှ အသက်မသေဘဲ လွတ်မြောက်လာကြသောသူများကိုပါ မိမိတို့မှ ကယ်ဆယ်ပြီး ကောင်းစွာစောင့်ရှောက်ထားသည်ဟုယမန်နေ့
( ဖေဖော်ဝါရီ ၁၄ရက်)ကထုတ်ပြန်ထားသည်။

စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီလည်းကောင်း၊ လက်နက်ချအညံ့ခံသောသူများကိုလည်း လက်နက်ချအညံ့ခံသောသူများအား ဆက်ဆံသောပုံစံဖြင့်လည်းကောင်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား လျက်ရှိကြောင်းနှင့်လက်နက်ချအညံ့ခံစဉ် ပါလာသော စစ်ကောင်စီ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အရပ်သားများ ကိုလည်းကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်ဟု အသိပေးထားသည်။
👍38🤮21
AA က ယခင်နှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သော ထိုးစစ်အတွင်း ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ရခိုင်ပြည်နယ်၏ မြို့ကြီးများဖြစ်ကြသော ပေါက်တော၊ ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ဘူးသီးတောင်နှင့် မောင်တော၊ ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း သိမ်းပိုက်ရရှိထားသည်ဟု သိရသည်။ ထူးခြားမှုမှာ စစ်​ကောင်စီ ရဟတ်ယာဥ် တစ်စီး ၊ စစ်သင်္ဘော နှင့် ဇက်​ရေယာဥ် ၄ စီးကိုတိုက်ခိုက်နစ်မြှပ်သိမ်းဆည်းထားသည်။ထိုအပြင် စစ်​ရေယာဥ် ၇ စီးကိုဖျက်ဆီးနိုင်ခဲ့​ကြောင်းလည်းသိရသည်။

စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာ၌ အထိနာမှုကို တပ်တွင်း၌ ဖုံးကွယ်ရန်ကြိုးစားနေပြီး လူမျိုးရေးပဋိပက္ခအသွင်သဏ္ဍာန်ဖန်တီးနေသည်ကို အထူးသတိပြုကြရန် ပြည်သူများက အချင်းချင်း ကသတိပေးထားကြသည်။
👍41👏5🤮41
ရှားတောမြို့သိမ်းတိုက်ပွဲ ဒုဗိုလ်မှူးကြီးနှင့် အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ကျော်​သေဆုံးပြီး လက်နက်မျိုးစုံ ၁၅၀ ခန့်သိမ်းနိုင်ခဲ့ဟု KNDF ထုတ်ပြန်

︎ပြည်သူ့ဘက် ရပ်တည်ရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံဘဲ ခုခံခဲ့၍ ချေမှုန်းတိုက်ခိုက်ခဲ့ရဟု အသိပေး

ဟန်နွေ/People’s Spring


ကရင်နီပြည်နယ်၊ ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် ၁၆၀ ဦးကျော် ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၅၀ ခန့် သိမ်းနိုင်ခဲ့ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းများအား ကရင်နီတပ်မတော်( KA)၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်းပြီး တစ်လခန့်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ရက်တွင် ရှားတောမြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

စစ်ဆင်ရေးကို ဇန်နဝါရီ ၁၅ရက်က စတင်ခဲ့ရာ ရှားတောမြို့ စစ်ကောင်စီ စေတီကုန်း၏ ကာကင်း စခန်း ၂ခုကို ဇန်နဝါရီ ၁၇ရက်တွင် အပြီး သိမ်းနိုင်ခဲ့သည်ဟုသိရသည်။

ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ(၂၁)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းအား ဝန်းရံပိတ်ဆိုထားနိုင်ခဲ့သည်ဟု အသိပေးသည်။

ထိုသို့ပိတ်ဆိုပြီး ချေမှုန်းခြင်းမပြုသေးဘဲ စစ်ကောင်စီတပ်များအား ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံကြရန်၊ လက်နက်ချ၍ အသက်ရှင်ခွင့်အားရယူကြရန် အကြိမ်ပေါင်းများစွာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော်လည်း စစ်ကောင်စီဘက်က ခံစစ်ပြင်၍ တင်းခံခဲ့သည်ဟု​ဖော်ပြထားသည်။

ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ပိတ်ဆို့ထားစဉ် စစ်ကောင်စီတပ်က အင်အား ၇၀ ကျော်ကို ရဟတ်ယာဉ် ၃စီးဖြင့် စစ်ကူပို့လာသော်လည်း ဖေဖော်ဝါရီ ၅ရက်တွင် အဆိုပါ စစ်ကူစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်း အသိပေးသည်။

ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ဖိတ်ခေါ်မှုကို လက်မခံခဲ့သည့် စစ်ကောင်စီ ဗျူဟာကုန်းကိုလည်း ဖေဖော်ဝါရီ ၁၂ရက်မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃နာရီ အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ကာ ရှားတောမြို့အား အလုံးစုံထိန်းချုပ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟု ကရင်နီ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
"ပထမ ရှမ်းဘက်ကနေ လှေနဲ့။ ဖြတ်တိုက်လို့ဆုတ်ခွာသွားတယ်။ နောက်တစ်ခေါက် ဟတ်စကီးသုံးစီးနဲ့ အင်အား ၆၀ကျော်လာချတယ်။ချေမှုန်းခံရတယ်။ ၁၃ယောက်ပဲ လွတ်သွားတယ်။ ရှမ်းဘက်ပြေးသွားတယ်”ဟု၎င်းကပြောသည်။

အခြား​ကရင်နီစစ်​ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ရှားတောမြို့ ဗျူဟာကုန်းကိုတိုက်ခိုက်စဉ်စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ဟု ပြောသည်။

"သူတို့က ဗုံးသီးတွေနဲ့လာကြဲတယ်။ လေယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေနဲ့ ။ ပေါင် ၅၀၀ ဗုံးတွေလာကြဲရင်းနဲ့နောက်ဆုံးအခြေအနေက မနေ့က ပြည်ထောင်စုနေ့မှာ မနက် ၆နာရီမှာ အဲဒီ စေတီကုန်းကို တက်ပြီး ရှင်းတဲ့အချိန်မှာ အဲဒီမှာ (၄၂၈) သူ့ဗျူဟာမှူးက ဒဏ်ရာရပြီးတော့ သူကျသွားတယ်ထင်တယ်။ ကျသွားတော့ ကျန်တဲ့ စစ်သည် ၄၀ လောက်က သေပြီ။ နောက်ပြီးတော့မှ အရှင် ၂၉ ဦးဖမ်းမိတယ်။ အားလုံးပေါင်း စေတီကုန်းမှာ ပုန်းအောင်းနေတဲ့ သူ့မိသားစုတွေလည်း ပါတယ် လူ ၈၀ လောက်ပေါ့။ ၈၀ လောက်မှာ ၄၀လောက်က သေတယ်။ ၂၉ဦးကဖမ်းမိတယ်။ ကျန်တာက မိသားစုတွေပေါ့” ဟု​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ(၄၂၈)၊ ခလရ(၂၄၉) နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့သည်သည်။

စစ်ကောင်စီ ထံမှ လက်နက်ငယ်(၁၂၈)
လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်သည်။

တိုက်ပွဲ၌ စစ်ကောင်စီက တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး တိုက်ခိုက်ခုခံခဲ့သော်လည်း မြို့ကို လက်လွှတ်ခဲ့ရသည်။ တိုက်ပွဲကာလအတွင်း လေကြောင်းပစ်ကူ(၂၀၅)
ကြိမ်ကျော် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ရှားတောမြို့ သိမ်းတိုက်ပွဲအတွင်း KNDF မှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ ကျဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်သည်ဟု ထုတ်ပြန်သည်။
👍5110👏7🔥2
(ရှား​တောမြို့သိမ်းတိုက်ပွဲအပြီးမြင်ကွင်း။ဓါတ်ပုံ-KNDF)
45👍23👏6🔥2