People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"
👍63🤮1
KNU တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်၏ ဖြတ်တောက်ပိတ်ဆိုမှုကြောင့် စစ်ကောင်စီ စခန်း ၂ ခု စွန့်ခွာရုတ်သိမ်း

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ခု စွန့်ခွာရုတ်သိမ်းသွားကြောင်း တပ်မဟာ(၅)က အသိပေး ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပူးပေါင်း မဟာမိတ်တပ်တို့က စစ်ကောင်စီ၏ ရှေ့တန်းစခန်းများအားအချိန်ကြာမြင့်စွာနေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်နှင့် ၁၁ရက်တွင် ရှေ့တန်းစခန်း ၂ခု ရုပ်သိမ်းသွားသည်ဟုဖော်ပြသည်။

ဖေဖေါ်ဝါရီလ(၁၀)ရက်၊ နံနက်တွင် ဖာပွန်ခရိုင် လယ်က
လေးကျိုးရှိ စစ်ကောင်စီ၏ ခမရ(၃၄၉)မှ ၎င်းတို့၏တပ်စခန်းအားစွန့်ခွာကာ ကျူလူတွင်တပ်စွဲထားသည့် တပ်ဖွဲ့များနှင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း၊ နောက်တစ်နေ့ ဖေဖေါ်ဝါရီလ(၁၁)ရက် မနက်တွင် ကျူလူစခန်းအားတဖန်ထပ်မံစွန့်ခွာကာ အတွင်းပိုင်းကျသည့်မော်ဖူးဗျူဟာစခန်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမော်ဖူးစခန်းကိုလည်း KNLA တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်က အပြင်းအထန်ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့လျက်ရှိသည်ဟု အသိပေးထားသည်။

စခန်းစွန့်ခွာရုတ်သိမ်းသွားသည့် လယ်ကလေးကျိုးစခန်းသည် ၁၉၉၇ခုနှစ်ကတည်းက လာရောက်ကာအခြေချတပ်စွဲထားခြင်းဖြစ်ပြီး ကျူလူစခန်းမှာမူ ၂၀၀၇ခုနှစ်တွင် လာရောက်အခြေချတပ်စွဲထားသည့်စခန်းများဖြစ်သည်ဟုသိရသည်။

KNLA တပ်မဟာ(၅)ပူးပေါင်းတပ်အနေဖြင့် စစ်ကောင်စီတပ်တို့၏ စစ်ကြောင်းထိုးရာလမ်းများ၊ စားနပ်ရိက္ခာပို့
ဆောင်ရာလမ်းများနှင့် သောက်သုံးရေဆင်းခတ်ရာလမ်း
ကြောင်းများအား မြေပြင်ခြေလျင်ဖြင့်အသုံးပြုခြင်းမရနိုင်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့်သာ အသုံးပြု ရိက္ခာ ဖြည့်နေရသည့် အခြေအနေတွင် ရေရှည်ပို့ဆောင်ရန်မစွမ်းသာ၍ တပ်စခန်းများ အလျှိုလျှိုရုတ်သိမ်းနေရ ကြောင်း ထုတ်ပြန်သည်။
👍495🤣2
စစ်​ကောင်စီတပ်စွန့်ခွာသွား​သော စခန်းတစ်ခု။ဓါတ်ပုံ-KNU Mutraw News
👏35👍75🔥2
ရမ်းဗြဲ နှင့် ရသေ့တောင်မြို့ AA၏ ထိုးစစ်ကို စစ်ကောင်စီက ကြည်း၊ရေ၊လေပူးပေါင်းခုခံ​ပြီးတိုက်ပွဲပြင်းထန်​နေ

︎ဘူးသီးတောင်၊မောင်တော မြို့များရှိ နယ်ခြားစောင့်စခန်းများ၊ရမ်းဗြဲမြို့နှင့် အခြားမြို့ အချို့မှ ရဲစခန်းအချို့အား သိမ်းပိုက်ရရှိထားဟု AA ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)မှ တစ်ခုမကျန်သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီသည် ရသေ့တောင်မြို့ပတ်ဝန်းကျင်သို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံစစ်အား စတင်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးဖေဖော်ဝါရီ ၁၄ရက်စစ်ရေး အခြေအနေ ထုတ်ပြန်ရာ၌ ထိုသို့အသိပေးထားခြင်းဖြစ်သည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှ ရက္ခိုင့်တပ်တော်၏ ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများမှာ စစ်ဆင်ရေးစတင်သည့်နေ့မှ တစ်ရက်မှရပ်နားခြင်းမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြသည်။

ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၄မြို့ကို သိမ်းပိုက်ထားသကဲ့သို့ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ နယ်ခြားစောင့်တပ်စခန်းပေါင်းမြောက်မြားစွာတို့ကိုသာမက ရမ်းဗြဲမြို့ နှင့် အခြားသောမြို့အချို့မှ ရဲစခန်းတချို့အားလည်း သိမ်းပိုက်ရရှိထားကြောင်း AAက အသိ​ပေးသည်။

လက်နက်ချအညံ့မခံသောစစ်​ကောင်စီတပ်စခန်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ သည်ဟုလည်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ရက်)တွင် ရမ်းဗြဲမြို့နှင့် အနီပတ်
ဝန်းကျင်နေရာများသို့ စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ (၁၀) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး Mi – 35 ရဟတ်ယာဉ်မှလည်း လက်နက်ငယ်များဖြင့် အဆက်
မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်ခဲ့၍ ရမ်းဗြဲမြို့၊ ကိုယ်ရံ‌တောင်ဘုရား အနီးဝန်းကျင်နှင့် အမှတ် (၅) လောင်းချောင်းရပ်ကွက်၊ တောင်ဥက္ကလာဘက်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး အမှတ် (၄) ရပ်ကွက်၊ ကင်းတဲနှင့် အောင်စေတီရှိ လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟုဆိုသည်။

ထို့အပြင်နေ့လည်ပိုင်း၌ စစ်ကောင်စီ၏ Y12 ထောက်ပို့လေယာဉ်သည် ရိက္ခာဖြည့်တင်းမှု (၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။

ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းထက်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ကမ်းထိုးဇက်နေဗီနှင့် အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီတို့မှလည်း လက်နက်ကြီးပစ်ခတ်မှုများဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ရသေ့တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ပြားချောင်းကြီး၊ ခနောင်းကြီး၊ သောင်းဒရား၊ ရွာသစ်ကေ၊ ကျောက်ဆုံ၊ ဇရပ်လှ၊ နွားတင်းကုတ်၊ လမုန်းတိုင်နှင့် လိုင်ဂွင်ကျေးရွာများ၏ အနီးပတ်ဝန်းကျင်များသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ဟုအသိပေးသည်။

စစ်ကောင်စီသည် အတွဲလိုက်ဒုံးများဖြင့် ဘူးသီးတောင်ဘက်မှလည်းကောင်း၊ စစ်တွေ အမြင့်ကျွန်း ပါဒလိတ် ဘက်မှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ စစ်တွေမြို့ပတ်
ဝန်းကျင်ရှိ သင်္ဘောများပေါ်မှလည်းကောင်း လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ယမန်နေ့ညပိုင်းမှ စတင်ကာ မရပ်မနားပြုလုပ်ပြီး ရသေ့တောင်မြို့ရှိ ၎င်းတို့၏စခန်း
များအား အသည်းအသန်ခုခံကာကွယ်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

ထို့ပြင် တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ ကျောက်ဖြူချောင်းအနီးဝန်းကျင် နေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် အခြေစိုက် “ခမရ (၅၄၂) ဗျူဟာကုန်း” နှင့် “အမှတ် (၃၂) ရဲတပ်ရင်း” တို့ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း (၆၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။

မောင်တောမြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အသက် (၁၅) နှစ် အရွယ် မွတ်ဆလင်အမျိုးသားငယ်တစ်ဦးသည် ညောင်ချောင်းကျေးရွာမြောက်ဘက်ရှိ စစ်ကောင်စီ၏ မြို့သူကြီးအခြေစိုက် နခခ (၅) ခြံစည်းရိုးအနီး၌ စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအား တက်နင်းမိခဲ့ရာမှ
ညာဘက်ခြေထောက်၏ ဒူးဆစ်အောက်ပိုင်းပြတ်ထွက်ကာ   ဘယ်ဘက်ခြေ‌ထောက်နှင့် ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံးမှာလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟုအသိပေးသည်။
👍56🤣52👏1
ရက္ခိုင့်တပ်​တော်-AA ကကျောက်​တော်မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီး​နောက် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(နပခ)လက်​အောက်ရှိ ​ကျောက်​တော်တပ်နယ် ​ရှေ့တွင် ရက္ခိုင့်တပ်​တော် အလံလွှင့်ထူပြီး AAတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk
👍7711👏8🤮3🙏1
ပုလဲမြို့နယ် ပျူစောထီးရွာမှ မိခင်နှစ်ဦး ကလေးများခေါ်ဆောင်ကာ ထွက်ပြေးလာ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာနေ မိခင်နှစ်ဦးသည် ၎င်းတို့၏ ကလေးငယ်များခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်လာပြီး ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံလာကြောင်း ပုလဲ(ပအဖ)အဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ရက်)က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း‌ပျူစောထီးကျေးရွာနေ မိသားစုနှစ်စုမှ ခြောက်ဦးသည် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ခိုလှုံခွင့်တောင်းခံလာ၍ လိုအပ်သော စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ လက်ခံပေးခဲ့ကြောင်း ပုလဲ(ပအဖ)အဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။

မိခင်နှစ်ဦးနှင့်အတူ ၎င်းတို့၏ ကလေးငယ်များဖြစ်သော (၃)နှစ်၊ (၆)နှစ်၊ (၁၂)နှစ်နှင့် (၁၅)နှစ် အရွယ် ကလေးငယ် လေးဦး လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

"သူတို့က နွားကျောင်းရင်းနဲ့ ထွက်ပြေးလာကြတာ။ ဟိုထဲမှာ ဟင်းချိုမှုန့်တို့ ဆီတို့ ဟင်းချက်စရာထဲမှာခပ်မစားရတာကြာပြီတဲ့။ လုံးဝကိုစားရေးသောက်ရေးခက်ခဲနေတာ။ သူတို့လည်းထွက်ချင်နေတာကြာပြီ။ ဒါပေမယ့်ဒီဘက်မှာ အန္တရာယ်ရှိတယ်ဘာညာကြားတော့ ထွက်ရတာချိန်ဆနေရတာပေါ့။ ခုတော့အရင်ထွက်တဲ့သူတွေနဲ့ချိတ်ဆက်မိပြီးတော့ ဒီဘက်မှာအန္တရာယ်မရှိဘူး။ ဘယ်သူကမှဘာမှမလုပ်ဘူးဆိုလို့ သူတို့ထွက်လာကြတာ။"ဟု ပုလဲ(ပအဖ)အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ထွက်ပြေးလာသူများအား ပျူစောထီးနှင့် စစ်ကောင်စီများထံ ဆက်သွယ်ခြင်း၊သတင်းအချက်အလက်ပေးပို့ခြင်း၊ တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေ‌သော အပြုအမှုများနှင့် သူလျှိုဒလန်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်မိပါက ထိရောက်စွာအရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခဲ့သည်ဟု ပုလဲ(ပအဖ)အဖွဲ့က ပြောသည်။

ထို့နောက် လွတ်မြောက်လာသူ ခြောက်ဦးအား ကျပ် ၁၂၀,၀၀၀ ၊မိုးကာ(၂)ချပ်၊ အမျိုးသမီး၊အမျိုးသားဝတ် လုံခြည်များကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းကာလအတွင်း ပုလဲမြို့နယ်တွင် ပျူစောထီးအားကောင်းရာ အင်မထီးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ ရွာသူ၊ရွာသား ၅၀ ကျော် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

)
👍60🤣4
👍53🤣5
ဇီးဖြူကုန်းပျူရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ၆ ဦးအား ပုလဲပအဖအဖွဲ့က ထောက်ပံ့နေစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
👍488🤣4👏2
မြောက်ခင်ရန်းရွာမှစစ်ကောင်စီ၊ပျူ ပူးပေါင်းစစ်ကြောင်းက​ဒေသခံပြည်သူ ၁၀ ဦးကို သတ်ဖြတ်၊၁၃ ဦးကို ဖမ်းဆီးထား

ဇော်ရမ်း/People's Spring

ဂန့်‌ဂေါမြို့၊ မြောက်ခင်ရန်းရွာမှထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင် ကျေးရွာသုံးရွာမှ​ဒေသခံပြည်သူဆယ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၁၃ ဦးကို ဖမ်းဆီးသွားကြောင်း ​​​ဒေသခံအချို့က​ပြောသည်။

​ဒေသခံပြည်သူအမျိုးသားဆယ်ဦးအား အစုလိုက်အပြုံလိုက်ထပ်မံသတ်ဖြတ်မှုကို ယမန်နေ့(ဖေဖော်ဝါရီလ ၁၄ရက်) နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"မြောက်ခင်ရန်းထဲကနေ အင်အား ၂၅၀ လောက်ထွက်လာတာကို ရဲဘော်တွေက တိုက်တာမှာ သူတို့ဘက် အသေအဆုံးများတယ်။ အဲ့ဒါနဲ့ ရွာတွေထဲ ဝင်ပြီး အရပ်သားတွေကို ဖမ်းတယ်။ ဘုရားကုန်းမှာ သတ်သွားတာ" ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြောက်ခင်ရမ်းရွာအနီး သင်တောရွာမှခုနစ်ဦး၊ရွှေဘိုရွာမှနှစ်ဦး၊ ရေသာရွာမှတစ်ဦးကို ဦးခေါင်းအားသေနတ်ဖြင့်ပစ်ခတ်၍ သတ်ဖြတ်သွားခြင်းဟုသိရသည်။

အသတ်ခံရသူများမှာ သင်တောရွာမှဦးမောင်ပု၊ဦးပြူးသာ၊ဦးဌေးအောင်၊ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ဦးဘိုသန်း၊ ရွှေဘိုရွာမှဦးတိုးလွင်၊ ဦးမျိုးသန့်၊ ရေသာရွာမှဦးဇော်လင်းမောင် တို့ဖြစ်​ကြောင်း​​ဒေသခံအချို့က​ပြောသည်။

ဖမ်းဆီးသွားသူ၁၃ဦးရှိပြီး အမျိုးသမီးအချို့ပါဝင်ကြောင်း ဒေသခံများကပြောသည်။ ဖမ်းဆီးခံထားရသူများနှင့်ပတ်သတ်၍ နောက်ဆက်တွဲအခြေအနေကိုမသိရှိရသေးပေ။

ယခုတကြိမ် မြောက်ခင်ရမ်းရွာမှထွက်ခွာလာသောစစ်ကောင်စီစစ်ကြောင်းတွင် ဒရုန်းများလည်း ပါဝင်လာပြီး မြေပြင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့​ကြောင်း​ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

မြောက်ခင်ရန်းရွာသည် စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေ နေသည့် ရွာဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ်ဦး​ဆောင်ဖွဲ့စည်း​ပေးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ နိူဝင်ဘာလ ၇ရက်က မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ဖမ်းမိသွားသည့် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့်သားထောင်ကိုစစ်ကောင်စီနှင့်ပျုစောထီးများက အများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။ ယခုအခါ ဘူးလက်လှဆွေဦးဆောင်သည့် ပျူစောထီးများနှင့် စစ်ကောင်စီတပ်က အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ထပ်မံကျူးလွန်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
🤬49👍12😡21👎1
မြောက်ခင်ရမ်းရွာအဝင်တစ်​နေရာ။ဓါတ်ပုံ-CJ
🤬36🖕114👍4😡2🤮1💩1