People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒီပဲယင်းမှာ သင်္ကြန်တွင်း လုံခြုံရေးသတိနဲ့ ဖြတ်သန်းကြဖို့ ပအဖ သတိပေး

​ဧပြီ ၅၊၂၀၂၆။​ဟာနာဆန်/People's Spring

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့အထိ ပြည်သူလူထုအပေါ် မြေပြင်စစ်ကြောင်းတွေသာမက လေကြောင်းက တဆင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် မကြာခင် ရောက်ရှိတော့မယ့် သင်္ကြန်ကာလအတွင်း ဒီပဲယင်းမြို့နယ်သူ၊ မြို့နယ်သားတွေအနေနဲ့ ပွဲလမ်းသဘင်တွေ ဆင်နွှဲရာမှာလေကြောင်းအန္တရာယ်ကို အစဉ်မပြတ် သတိပြုကြဖို့၊ "လုံခြုံရေးအသိ၊ လုံခြုံရေးသတိ"နဲ့ ဂရုတစိုက် ဖြတ်သန်းကြဖို့ တိုက်တွန်းပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းပအဖအဖွဲ့ကို ဆက်သွယ်​မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

လက်တလောအခြေအနေအရ ပွဲလမ်းသဘင်တွေကျင်းပဖို့ မသင့်သေးဘူးလို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။ "မလုပ်သင့်သေးပါဘူး။ ဗုံးကြဲနိုင်တယ်"လို့ ၎င်းဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေး၊ သာသနာရေးနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းသဘင်တွေကိုလည်းသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တို့နဲ့ ကြိုတင်ညှိနှိုင်းကာ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိပြု ဆောင်ရွက်ကြဖို့ ပအဖအဖွဲ့က လမ်းညွှန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း ဘုတလင်၊ အရာတော်၊ မုံရွာ စတဲ့ဒေသတွေက ဆေးရုံဆေးခန်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

၂၀၂၃က သင်္ကြန်မရောက်ခင် နှစ်ရက်အလို ဧပြီ ၁၁ရက်မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၇၀ကျော် သေဆုံးခဲ့ရဖူးပါတယ်။
👍368😁2🥰1
(ဇန်နဝါရီလအတွင်းက ဒီယင်းမြို့နယ် စိုင်ပြင်မြို့ လေကြောင်းတိုက်ခိုက်ခံရအပြီး မီးလောင်ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းပအဖ)
🤬35👎3😁2👏1
ကနီအလယ်ကျွန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာလို့ ဆူဆိုက်ဒရုန်းဗုံးကြဲပြီးပြန်ဆုတ်

ဧပြီ-၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။

ဧပြီလ၄ရက်၊မနက်၁၁နာရီခန့်မှာကနီမြို့တစ်ဖက်ကမ်းမှာရှိတဲ့ အလယ်ကျွန်းရွာအနီး တိုက်ပွဲပြင်း
ထန်ခဲ့တာပါ။

အလယ်ကျွန်းရွာဟာစစ်တပ် တပ်စွဲထားတဲ့ ပျူရွာဖြစ်ပြီးကနီမြို့ဘေးကမြေဝါချောင်းတစ်ဖက်ကမ်းမှာ ရှိတာပါ။မြို့ပေါ်ကစစ်တပ်ကအင်အား၅၀ ခန့်နဲ့ ရိက္ခာလာသယ်စဉ်PDFတွေကတိုက်ခိုက်ခဲ့တာပါ။

"ချောင်းကရေခမ်းနေတာ။နွားလှည်းတွေနဲ့ရိက္ခာ
လာသယ်ကြတာ။ပိတ်အတိုက်ခံရတော့ဆူဆိုက်
ဒရုန်းတွေကြဲပြီးပြန်ပြေးသွားတာ"လို့ဒေသခံသ
တင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲမှာစစ်တပ်ဖက်က နှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

မနေ့ကတိုက်ပွဲဖြစ်နေချိန်စစ်တပ်ရဲ့ဂျက်ဖိုက်တာပျံသန်းမှုရှိပြီးအရာတော်မြို့နယ်ထဲကိုဗုံးကြဲသွားတယ်လို့ သိရပါတယ်။မတ်လ ၂၁ ရက်က ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာ
သင်ကျောင်းကို စစ်ကောင်စီကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
34👎5🤬4😁2👍1🖕1
ကနီမြို့နယ်အတွင်းမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-DRPA
👍4614💩2🥰1🖕1
မုံရွာနဲ့ စလင်းမှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေ

ဧပြီ-၅၊၂၀၂၆/ဟာနာဆန်/Peope's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ မနေ့က ဧပြီ ၄ရက် မနက် ၂နာရီခန့်က နန္ဒဝန်ရပ်ကွက်အတွင်းကို စစ်တပ် ဝင်လာပြီး လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒါ့အပြင် ညနေပိုင်းကလည်း စက်မှုဇုန် (၂၃) လမ်း၊ သမစိတ္တလမ်းအနီးမှာလည်း ဆိုက်တွဲမောင်းတဲ့ အမျိုးသားတစ်ဦးကိုလည်း ပေါ်တာဆွဲသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"ဆိုက်တွဲပေါ်ကနေ အတင်းအဓမ္မဆွဲချပြီး ပေါ်တာဆွဲတဲ့ ကားပေါ်တင်သွားတာ။ သူ့ဆိုက်တွဲကိုလည်း လမ်းဘေးပစ်ထားခဲ့တယ်"လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဂေါက်ကွင်းတောင်ဘက်ထိပ် ပြည်ထောင်စုလမ်းပေါ်မှာလည်း ပေါ်တာဆွဲတဲ့ကားတွေနဲ့ စောင့်ဆိုင်းကာ လူငယ်မှန်သမျှ ကားပေါ် ဆွဲတင်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း ဧပြီ ၅ရက် မနက် ၇ နာရီခန့်က တောင်ကန်ကျေးရွာအတွင်းကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး ကျေးရွာမှာ နွားချေးတင်နေတဲ့ အမျိုးသား ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်သူ့ညီနောင်(စလင်း)အဖွဲ့က ပြောပါတယ်။

"ပေါ်တာဆွဲတာ။ အဆွဲခံရတဲ့သူတွေက သုံးဆယ်ကျော် လေးဆယ်အရွယ်တွေပါ"လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၃ဦးနဲ့ ပတ်သက်ပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

စလင်းမြို့ပေါ်မှာလည်း စစ်တပ်က မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အမျိုးသားတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာလည်း ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက "စစ်မှုထမ်းကြေး" အမည်တပ်ကာ ပြည်သူများထံက ငွေကြေးတွေကို အတင်းအဓမ္မ ကောက်ခံနေကြောင်း ပြည်သူ့ညီနောင် - စလင်းအဖွဲ့က အသိပေးထားပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှာထမ်းအပတ်စဉ် (၂၂) ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာ စတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။
🤬45👎54😁2🤮1
👎164😭1
(၂၀၂၄ ခုနှစ်အတွင်းက စစ်မှုထမ်းအပတ်စဥ်အစောပိုင်းကာလ သင်တန်းကျောင်းသို့အပို့ခံရသည့် လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ)
🤬42👎4😁3😭1
နတ်ရေကန်ဗျူဟာစခန်းအနီး နေရာသုံးခုမှာ တိုက်ပွဲပြင်းထန်နေ

ဧပြီ−၅၊၂၀၂၆။ဇော်ရမ်း/People's Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းအနီးက နေရာသုံးခုမှာ အခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး ပိတ်ဆို့ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေသလို (၂)မိုင်ခန့်အကွာမှာရှိတဲ့ ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

" တိုက်ခိုက်မှုက ဆက်ပြင်းထန်နေတာပါ။ လေကြောင်းကတော့ အမြဲကြဲနေတာ။အခုက ပဇီနဲ့ ဂုတ်ကြီးနားအထိ တိုက်ပွဲတွေ ရှိနေတာ"လို့ မြေပြင်သတင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက် ဗျူဟာကို ဦးတည်တဲ့ အနီးကပ်စစ်ဆင်ရေး စတင်နေတာပါ။

စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာစခန်းကနေ (၂)မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးကျေးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်နေတာပါ။

နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးကျေးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်ထားပါတယ်။

နတ်ရေကန်ဗျူဟာက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ စစ်တပ်က နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာမတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝ သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)က ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ AAနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ CDF-Ashoနဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။
👍5417😁1
(နတ်​ရေကန် ဗျူဟာကို Google Earth မှမြင်​တွေရပုံနဲ့ ကမ္ဘာလုံးပုံအ​ဆောက်အအုံ ၊ဗျူဟာအတွင်းစစ်သား​အချို့ကို ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ- Screen grab )
👎275😡5😁2👍1🥰1
ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်မှု CDM ကျန်းမာရေးကွန်ရက် ကြိုဆို

ဧပြီ−၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီကနေ့ ဧညပီ ၅ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ ၆ဖွဲ့နဲ့ ကနဦး စတင်ဖွဲ့စည်းခဲ့တာပါ။ ဦးဆောင်ကောင်စီကို ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဖွဲ့စည်း မှာ ဖြစ်ပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ ဆက်လက်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။

အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့် ဖွဲ့စည်းဖြစ်မြောက် ပေါ်ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီးမားသောအပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း CDM ကျန်းမာရေးကွန်ရက်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ဆန္ဒကိုအဓိကထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးအပါအဝင် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ရေးတို့ကို ဦးစီး ဆောင်ရွက်နိုင်ကြဖို့ အရေးကြီးတဲ့ အချိန်မှာ အခုလို ညိညွတ်စွာ စုဖွဲ့နိုင်မှုမှာ အပေါင်းလက္ခဏာဆောင်သော တော်လှန်ရေးအရွေ့အဖြစ် ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီမှ ချမှတ်သော နိုင်ငံရေးဦးတည်ချက် (၆)ရပ်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို ကျေလည်စွာဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ မူဝါဒများ ဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိစုဖွဲ့ ပြီးစီးခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ရဲ့ ပြည်သူ့ညီလာခံရလဒ်များ၊ မူဝါဒများအပေါ် အခြေခံပြီး ကျန်ရှိနေသေးသော တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများနဲ့ ထပ်မံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူအများ လိုလားလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက် နိုင်ပါစေဟုလည်း CDM ကျန်းမာရေးကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဆုတောင်းရေးသားထားပါတယ်။

တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အောင်ပွဲရယူဖို့ ရည်ရွယ်စုဖွဲ့ခဲ့တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုကို တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ခေတ်အဆက်ဆက်တော်လှန်ရေးအတွေ့အကြုံတွေ သုံးသပ်ပြီး ဖွဲစည်းမှုဟု မြင်ကြောင်း ပြောကြားထားပါတယ်။ချင်းညီနောင်ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်သူ ကိုဂိဒွန်က အခု ဦးဆောင်ကောင်စီဟာ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိင်းဖို့အတွက်လည်း လိုအပ်လာလို စုဖွဲခဲ့တာလို မြင်ကြောင်း ပြောပါတယ်။
👍445🤣2🥰1
👍7🔥6🥰1
■ကဗျာ

"ငါတို့ဟာ သွေးမထွက်ဘူး"

◾️ မွန်လတ်

ငါ့ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ဖြတ်ချခံရတယ်
နှစ်ပေါင်းများစွာငါတို့လည်ပင်းအရင်းနားကနေရစ်ပြီး တတိတိဖြတ်လာတာမျိုးပေါ့
ငါတို့ခေါင်းတွေ ဘောလုံးလုပ်အကန်ခံရတယ်
မျက်လုံးတွေဖောက်ထုတ်ခံရချိန်မှာ
အဲဒိ မျက်ခွံဟောက်ပက်တွေကထွက်လာတဲ့ မျက်ချေးကို ထိုးကလော်ပြီးငါတို့ကိုကျွေးတယ်
ငါတို့အရိပ်တွေထွက်ပြေးနေလို့
စားနေရင်းတန်းလန်း မျက်ရည်ကျရတဲ့နှစ်တွေ
ည၊ ပါးစပ်အဝတ်ဆို့ပြီး ရင်ဝစောင့်ကန်ပစ်လိုက်တဲ့ ကာဖျူးချိန်အကျော်လေးကမိုးတွေ
ကြေငြာချက်တွေနဲ့သတင်းဆိုးကြီးကြားပြီးပြီးခြင်း
သွေးစက်လက် ဒရွတ်ဆွဲနေတော့တာ
သူတို့ဖမ်းမိမိခြင်း နံရံမှာကပ် ပစ်သတ်လိုက်ကြတယ်
အစစ်ဆေးမရှိ၊ ကျင့်ဝတ်သိက္ခာမရှိ
မီးနေသည်မရှိ
သုံးလသားအရွယ်ကလေးမလေးမရှိ
ရင်ခွဲပြီးဖြစ်သလိုပြန်ချုပ်ထားတဲ့
သူ့အဖေရဲ့အလောင်းကိုစစ်ကြောရေးမှာ
သွားထုတ်ရတယ် သွားတွေမရှိတော့ဘူး
ငါတို့မှာခေါင်းတွေမရှိတော့
ခုတော့ ငါတို့ခေါင်းတွေ ဘယ်မှာလဲလို့ အော်ဟစ်မေးပိုင်ခွင့်လည်းမရှိ၊ မေးလို့လည်းမရတော့
ငါတို့အသက်ထက်ချစ်ရတဲ့ ခေါင်းတွေမပါပဲနဲ့
နေ့စဥ်မှုကို ပြုနေကြတယ်
သက်ပြင်းချရင်း မိသားစုညစာကိုပြင်နေကြတယ် မနက်ဆို ညကျန်ဟင်းတွေနွှေးမယ်
အဲဒိခေါင်းမပါတဲ့ခန္ဓာကြီးတွေနဲ့
လမ်းတွေပေါ် ဥဒဟိုသွားလာနေကြတယ်
လမ်းဆုံလမ်းခွတွေမှာငါတို့ဆုံဖြစ်တိုင်း
တယောက်လည်ပင်းငုတ်တို တယောက်ဖက်ပြီး
စိတ်တိုင်းကျ နှုတ်ဆက်ကြတယ်
ဒါငါတို့ အမှတ်အသား၊ ဒါငါတို့ သင်္ကေတ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​မွန်လတ်'
ရေးဖွဲ့တဲ့ “​ငါတို့ဟာ သွေးမထွက်ဘူး" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍258🔥4
👍27🔥2🥰1
စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်တွေမှာ အုပ်ချုပ်ရေးစွမ်းဆောင်ရည်မြှင့်တင်ဖို့ NUG ဆွေးနွေး

ဧပြီ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ကိုင်း၊ မန္တလေးနှင့် မကွေး ဖက်ဒရယ်ယူနစ်/ဒေသများ၊ CRPH၊ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနနဲ့ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) တို့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲ သဘောတူညီချက်တွေအပေါ် အခြေခံပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး ဖက်ဒရယ်ယူနစ်များအတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ပူးပေါင်း လုပ်ငန်းအဖွဲ့မှ လုပ်ငန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော် သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၄ရက်နဲ့ ၅ရက်နေ့တွေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး ဖက်ဒရယ်ယူနစ်အစိုးရ၊ စစ်ကိုင်း၊မကွေးနဲ့ မန္တလေး ဒေသကြားကာအုပ်ချုပ်ရေးကောင်စီ များမှ ဝန်ကြီးချုပ်များနဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ ဖက်ဒရယ်ယူနစ်စစ်ကိုင်း၊မကွေးနဲ့ မန္တလေးဒေသ လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနဲ့ ကိုယ်စား လှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများ၊ ကြားကာလ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ် (ICBP) မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးတက်ရောက်လာသူ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မယ့် နယ်ပယ်များကို ဖော်ထုတ်ဆွေးနွေးတာ၊ ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ပါဝင်ကြမယ့် သက်ဆိုင်သူ အစုအဖွဲ့ အသီးသီးရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ဝတ္တရားများကို သတ်မှတ်တာ၊ ပူးပေါင်း အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းဖို့ စတာတွေ အဓိက ထား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အခု ညှိနှိုင်းအစည်းအဝေးမှ ရရှိလာသော သဘောတူညီချက်များအပေါ် အခြေခံပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်သွားမှာ ဖြစ်သလို နောင်ပေါ်ပေါက်လာဖို့ရှိတဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေရဲ့ အုပ်ချုပ်ရေးယန္တယားတွေအတွက်လည်း ညှိနိုင်းအစည်းအဝေးရဲ့ ရလဒ်များ ကို ထည့်သွင်းစဥ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးပန်းတိုင်အတွက် ဟန်ချက် ညီညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
👍399🔥3🥰2
👍287🔥2🥰2
ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းနိုင်မှု
CDM ကျန်းမာရေးကွန်ရက် ကြိုဆို

■နွေဦးတော်လှန်ရေးရဲ့ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း​ဖော်ပြ

ဧပြီ−၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီက​နေ့မှာထုတ်
ပြန်ကြေညာပါတယ်။

အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်
ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့်ဖွဲ့စည်းဖြစ်မြောက် ပေါ်
ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီး
မားသောအပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်
လင့်ကြောင်းလည်း CDM ကျန်းမာရေးကွန်ရက်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ဆန္ဒကိုအဓိကထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ စစ်အာဏာရှင်အပြီးတိုင်ကျဆုံးရေးအပါ
အဝင် အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားနိုင်ရေးတို့ကို ဦးစီး ဆောင်ရွက်နိုင်ကြဖို့ အရေးကြီးတဲ့ အ
ချိန်မှာအခုလိုညီညွတ်စွာစုဖွဲ့နိုင်မှုမှာအပေါင်းလက္ခ
ဏာဆောင်တဲ့တော်လှန်ရေးအရွေ့အဖြစ် ယုံ
ကြည်ကြောင်းလည်းဖော်ပြထားပါတယ်။

ဒါ့အပြင်ဖက်ဒရယ်ဦးဆောင်ကောင်စီမှ ချမှတ်သော နိုင်ငံရေးဦးတည်ချက် (၆)ရပ်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို ကျေလည်စွာ
ဖြေရှင်းနိုင်ဖို့လိုအပ်တဲ့မူဝါဒများဖြစ်လို့ ဝမ်း
မြောက်ဝမ်းသာ ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

လက်ရှိစုဖွဲ့ ပြီးစီးခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ရဲ့ ပြည်သူ့ညီလာခံရလဒ်များ၊ မူဝါဒများအပေါ် အခြေခံပြီး ကျန်ရှိနေသေးသော တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများနဲ့ ထပ်မံညှိနှိုင်း ပူးပေါင်းဆောင်
ရွက်ပြီး ပြည်သူအများ လိုလားလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်းလာစေရေးကြိုးပမ်းဆောင်ရွက်နိုင်ပါစေဟုလည်း CDM
ကျန်းမာရေးကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာ ဆု
တောင်းရေးသားထားပါတယ်။

မတ်လ ၃၀ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ဖက်ဒရယ်ဦးဆောင်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုး
သားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး စတင်ဖွဲ့စည်းခဲ့တာပါ။

ကောင်စီကို ဖက်ဒရယ်ယူနစ်/တိုင်းရင်းသားလက်
နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရဲ့ မဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် ၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဖွဲ့စည်း မှာ ဖြစ်ပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ ဆက်လက်ကြိုးစားမယ်လို့ အသိပေးထားပါတယ်။

တော်လှန်ရေးအရှိန်အဟုန်မြှင့်ဖို့ အောင်ပွဲရယူဖို့ ရည်ရွယ်စုဖွဲ့ခဲ့တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုကို တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း ထုတ်ပြန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ခေတ်အဆက်ဆက်တော်လှန်ရေးအတွေ့အကြုံတွေ သုံးသပ်ပြီး ဖွဲစည်းမှုဟု မြင်ကြောင်း ပြောကြားထားပါတယ်။ချင်းညီနောင်ရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်သူ ကိုဂိဒွန်က အခု ဦးဆောင်ကောင်စီဟာ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိင်းဖို့အတွက်လည်း လိုအပ်လာလို စုဖွဲခဲ့တာလို မြင်ကြောင်း ပြောပါတယ်။
38👍13🔥2👏2
ဖက်ဒရယ် ဦး​ဆောင်​ကောင်စီ အဖွဲ့ဝင် ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ ​တပ်ဖွဲ့ဝင်​တွေ ။
ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ ၊KNU ၊ CNF ၊KNPP CNF
44👍16👏2🔥1🥰1
နတ်မောက်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ဧပြီ-၅၊ ၂၀၂၆။ဇော်ဝင်း/People's Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းတွေထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။

အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့စစ်ကြောင်းတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

"မိတ္ထီလာတပ်တွေ ပါတယ်။အင်အား ၂၀၀ နဲ့ ၃၀၀ ကြားရှိတယ်။တိုက်ပွဲကပြင်းထန်နေတယ်။မနေ့က သူတို့တော်တော် အထိနာသွားတယ်။အခုချိန်ထိလည်း ကြားထဲ တိုက်နေရတုန်းပဲ"လို့ နတ်မောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နတ်မောက်မြို့နယ်ရဲ့အရှေ့ခြမ်းက ကျောက်မိုးနဲ့ လျော်ချောင်းကျေးရွာကြား တောင်တန်းမှာရှိတဲ့ ကာကွယ်ရေးစခန်းတစ်ခုကို စီးနင်းဖို့ စစ်တပ်က စစ်ကြောင်းထိုးလာတာလို့ သူက ပြောပါတယ်။

"တိုက်ပွဲက ရှည်နိုင်တယ်။စစ်ကြောင်းက တအားကိုထိုးနေတာ"လို့ နတ်မောက်ဂဠုန်တပ်ဖွဲ့က ကိုအောင်ဒင်က ပြောပါတယ်။

ကပစ(၁၇)ကထွက်လာတဲ့ စစ်ကြောင်းကို မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ ဧပြီ ၁ ရက်က တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖက ဒီကနေ့ဧပြီ ၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ လက်ဦးရယူမှုတွေကြောင့် စစ်တပ်က ထိခိုက်သေဆုံးသူ ၁၅ ဦးဝန်းကျင်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။စစ်တပ်က သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခုခံစစ်အခြေအနေကြောင့် ကျေးရွာတွေအနီးမှာထိတွေ့တိုက်ပွဲငယ်တွေ ဆက်ဖြစ်ပွားနေတယ်လို့ နတ်မောက် ပကဖက အသိပေးပါတယ်။

လက်ရှိ စစ်ဆင်ရေးကာလမှာ မိုင်း၊လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေကို ဂရုတစိုက်ရှိကြဖို့လည်း ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

အခုနှစ်ဆန်းပိုင်းက နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။
👍4810🔥5
(နတ်မောက်ဂဠုန်တပ်ဖွဲ့က ရဲဘော်တွေ တိုက်ပွဲတခုအတွင်း ပစ်ခတ်နေစဉ်။ ဓာတ်ပုံ − Screengrab)
👍4713🔥2🥰1😁1