People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ KNU၊ KIO၊ KNPP၊ CNFစတဲ့ K3C စုစုပေါင်း ခြောက်ဖွဲ့ ဦးဆောင်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ စတင်ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့တဲ့အပေါ် ချင်းညီနောင် အနေနဲ့ ဖြစ်စေ ပုဂ္ဂိုလ်ရေးအမြင်ဖြစ်စေ သဘောထားမှတ်ချက်ပြောကြားပေးဖို့ မေးမြန်းမှုအပေါ် အကောင်းမြင်တယ်လို့ ဖြေကြားပါတယ်။ နွေဦးတော်လှန်ရေးက နိုင်ငံရေးကြောင့်ဖြစ်လာတာဖြစ်လို့ အခု ဦးဆောင်ကော်မတီဟာ လိုအပ်ချက်အရ၊ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိုင်းဖို့အတွက်လည်း လိုအပ်လာလို့ စုဖွဲ့ခဲ့တာလို့ မြင်ကြောင်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ULA/ AAနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိသလို KIO/KIA နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ဆက်လက်ပြီး ပိုမိုခိုင်မာတဲ့ စစ်ရေး၊နိုင်ငံရေး၊ လူမှုရေး ဆက်ဆံရေး တည်ဆောက်သွားနိုင်ဖို့ ကြိုးစားနေကြောင်း အသိပေးခဲ့ပါတယ်။

◾️စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်တွေယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။ အလင်းဝင်လာသူနှစ်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ် ဖော်ပြမထားပေမယ့် အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၂ဦးဟာ အပတ်စဉ်(၁၆)က တပ်သား သစ်တွေဖြစ်ပြီး MA1 နှစ်လက် ယူလာတယ်လို့ ဖော်ပြထားပါတယ်။ ရေးပြောက်ကျားတပ်ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းရှိနေပြီလို့ သိရပါတယ်။

◾️အငှားယာဥ်နဲ့ ကုန်တင်ယာဥ်တွေ ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ ပြင်ဆင်နေရ

အငှားယာဉ်နဲ့ ကုန်တင်ယာဥ်တွေကို ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးမယ်ဆိုလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ အမြန်ပြင်ဆင်နေရကြောင်း သတင်းရရှိပါတယ်။ Taxiယာဉ်တွေ၊ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ် တွေကို တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားခဲ့ရာမှာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ရက်ကစပြီး ပြောင်းလဲလိုက်တာပါ။ စနစ်သစ်အရ ၅ ကီလိုမီတာမောင်းနှင်မှုအတွက် ၁ လီတာနှုန်းဖြင့်သာ ဆီဖြည့်တင်းခွင့်ပြုမှာဖြစ်ကြောင်း၊ ကီလိုမီတာ တိုင်းတာတဲ့စနစ် ပျက်စီးနေတဲ့ ယာဉ်တွေအနေနဲ့ အမြန်ဆုံး ပြင်ဆင်ထားရမှာဖြစ်ကြောင်း စက်သုံးဆီဆိုင်တွေက အသိပေးပါတယ်။ နောက်တစ်ကြိမ် ဆီဖြည့်ချိန်မှာ ကီလိုမီတာ တိုးတက်မှုမရှိပါက ဆီဖြည့်တင်းခွင့်ပြုမှာမဟုတ်ကြောင်း ဆီဆိုင်တွေက ဆိုပါတယ်။ အဲဒီ စနစ်သစ်ကြောင့် ယာဉ်ပိုင်ရှင်တွေဟာ ကီလိုမီတာတိုင်းတဲ့စနစ်ကို ပြန်လည်တပ်ဆင်နေရလို့ ယာဉ်ပြင်ဆင်စရိတ်ကုန်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။

◾️မန္တလေးမှာ အိုးဝေမောင်းသူတစ်ဦး ဓားနဲ့ တိုက်ခိုက်လုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ ရက် မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၅၂ လမ်းထောင့်အနီးမှာ အိုးဝေမောင်းနှင်သူတစ်ဦးကို လူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူအချို့က ပြောပါတယ်။ လုယက်မှုဖြစ်စဥ် အသေးစိတ်မသိရသေးဘဲ လုယက်သူဟာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့လို့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။ ​အခင်းဖြစ်ပွားရာ ရဲမွန်တောင်ရပ်ကွက်ဟာ ခြံဝန်းအကျယ်ကြီးများရှိပြီး လူနေကျဲပါးတဲ့အပြင် လမ်းအသွားအလာ ရှင်းလင်းတဲ့ နေရာများဖြစ်လို့ သတိပြုသွားလာသင့်ကြောင်း မြို့ခံတွေက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။
အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
အရာတော်မြို့နယ်အတွင်း ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေးဗွီဒီယိုတွေ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေ ဆွေးနွေးတင်ပြခြင်းနဲ့ သရုပ်ပြခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဗုံးခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၂၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
21👍8
16🔥3
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေအရပ်သားဝတ်စုံကိုပြောင်းလဲခဲ့တာပါ။ မင်း
အောင်လှိုင် ဝတ်စုံလဲနိုင်ခဲ့ပေမယ့်နိုင်ငံတကာ
ဥပဒေတွေကို ချိုးဖောက်ပြီး သူကျူးလွန်ခဲ့တဲ့
ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိ
မှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊​ အာ
ဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပေမယ့်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူး
လွန်ထားတဲ့ရာဇဝတ်မှုတွေအတွက်ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေဘယ်သူမှပြစ်ဒဏ်ကင်း
လွတ်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာဥပဒေကို အမြောက်အမြားချိုးဖောက်ကျူးလွန်ခဲ့မှုတွေအ
တွက် တရားစွဲဆိုခြင်းကနေ အရပ်သားရာထူး
(သမ္မတရာထူး)က သူ့ကို အကာကွယ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင် တွေးထင်နေရင် အဲဒါက နိုင်
ငံတကာတရားစီရင်ရေး ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူ နားမလည်လို့ ဖြစ်ပါတယ်”လို့ ဂျိုးဖရီးမန်းက သတိပေးပါတယ်။


https://www.ludunwayoo.com/feature-mm/2026/04/05/153261/
👍32🔥5💩43🤬2🤮1
မင်း​အောင်လှိုင်ကိုသမ္မတဖြစ် ခွင့်ပြုတာကနိုင်ငံကိုထပ်ဖျက်ဆီးဖို့ ခိုင်းလိုက်တာလည်းဖြစ်ပါတယ် ။
ဒါ​ကြောင့် မင်း​အောင်လှိုင်အုပ်စု နိုင်ငံဖျက်ဆီး​နေတာကို တာဝန်သိသူ​ ၊ရဲရင့်သူ​တွေဖြစ်တဲ့​တော်လှန်​ရေးသမား​တွေ၊ပြည်သူ​တွေက ရ​အောင် တားဆီးရပါမယ် ။ အခုအ​ခြေအ​နေမှာ တရုတ် ၊ရုရှားအကူအညီ​နဲ့ စစ်မှုထမ်းစစ်သား​တွေကြောင့် စစ်
တပ်ကတန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီးစစ်​ရေးပြန်
ဦး​မော့လာတာ ၊စစ်တပ်ရဲ့ နိုင်ငံ​ရေးမျက်လှည်ပြပွဲ​တွေ​ကြောင့် စစ်တပ်နဲ့စစ်တပ်​ထောက်ခံသူ​တွေ ပွဲပြီးပြီ သူတို့နိုင်ပြီ ​တော်လှန်​ရေးပြီးသွားပြီလို့ဝါဒဖြန့်တာ​တွေအရှိန်မြှင့်လာပါတယ်။

ဒါ​ပေမယ့် စစ်တပ်နဲ့စစ်တပ်မိသားစု​တွေမသိတာက အခုအ​ခြေအ​နေဟာ ၁၉၉၀ အလွန် အ​ခြေအ​နေ​တွေနဲ့မတူသလို ၂၀၁၁ ကစစ်တပ်ရဲ့အ​ယောင်​ဆောင်ပြုပြင်​ပြောင်းလဲ​ရေးကိုအဟုတ်ထင်ခဲ့တဲ့အ​ခြေအ​နေလည်းမဟုတ်ပါဘူး။ ပြည်သူ​တွေဘက်မှာ​ ဘယ်​ခေတ်ကနဲ့မှမတူပဲ တစ်နိုင်ငံလုံးနီးပါးဖြန့်ကျက်ထားနိုင်တဲ့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) နဲ့ပကဖ​တွေ ၊​ ဒေသကာကွယ်​ရေးတပ်​တွေ၊ ပိုစုစည်းလာတဲ့တိုင်းရင်းသား​တော်လှန်​ရေးတပ်​တွေ ၊ရှစ်​လေးလုံးအ​ရေး​တော်ပုံကတည်းကလူထုနဲ့အတူရပ်တဲ့တပ်ဖွဲ့​တွေအပြင် ​နွေဦး​တော်လှန်​ရေးမှာ​ပေါ်​ပေါက်လာပြီးစုစည်းထားတဲ့ SRA တပ်​ပေါင်းစု ၊ အခု​နောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုက​ရေစီ​ပေါ်ထွန်းရေးဦး​ဆောင်​ကောင်စီ(SCEF) စသဖြင့်လက်နက်ကိုင်​တော်လှန်​ရေးအဖွဲ့​တွေအပြင် သပိတ်အဖွဲ့​တွေ၊CDM​တွေကထုနဲ့ထည်နဲ့ရှိ​နေတာပါ ။ဒီလိုအင်အားမျိုး ဒီလိုအ​ခြေအ​နေမျိုးက ဘယ်တုန်းကမှမရှိခဲ့ဘူးပါဘူး ။

https://www.theguardian.com/world/live/2026/apr/05/middle-east-crisis-live-iran-israel-us-war-trump-strait-hormuz-missing-pilot-downed
👍397👎2😱2
ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

ဧပြီ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။

ဧပြီ ၁ရက် မနက်မှာ စစ်တပ်က ဘီးလင်းမြို့နယ် လေးကေရွာကို ပေါင် ၃၀၀ ဗုံးသီးတွေနဲ့ ၄ကြိမ်ကြဲချတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူလူထုနေအိမ် ၁၂လုံး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဧပြီ ၂ရက်ညပိုင်းမှာလည်း စစ်တပ်ဟာ လေးကေဘုန်းကြီးကျောင်းကို ထပ်မံ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်လာတာလို့ အသိပေးပါတယ်။

တချိန်တည်းမှာ စစ်တပ်ဟာ ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂ရက် ညသန်းခေါင်မှာလည်း Y12 လေယာဉ်နဲ့ ၆ကြိမ် ဗုံးသီး ၃၂လုံး ကြဲချရာ လေးကေရွာအနီးဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်တပ်ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းယူချိန်မှ တရားမဝင် ရွေးကောက်ပွဲ ကျင်းပအတင်းအဓမ္မ အာဏာလွှဲယူတဲ့အထိ နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာ အဆောက်အဦးတွေဘုန်းကြီးကျောင်း။ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေဆဲဖြစ်ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
🤬39👎54🔥1👏1
(ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − KNU)
🤬438👎5🔥21👏1😁1
ဒီပဲယင်းမှာ သင်္ကြန်တွင်း လုံခြုံရေးသတိနဲ့ ဖြတ်သန်းကြဖို့ ပအဖ သတိပေး

​ဧပြီ ၅၊၂၀၂၆။​ဟာနာဆန်/People's Spring

​စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လာမယ့်သင်္ကြန်ကာလအတွင်း လေကြောင်းအန္တရာယ်အပါအဝင် လုံခြုံရေးအသိ၊သတိနဲ့ ဖြတ်သန်းကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့အထိ ပြည်သူလူထုအပေါ် မြေပြင်စစ်ကြောင်းတွေသာမက လေကြောင်းက တဆင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ဒါ့ကြောင့် မကြာခင် ရောက်ရှိတော့မယ့် သင်္ကြန်ကာလအတွင်း ဒီပဲယင်းမြို့နယ်သူ၊ မြို့နယ်သားတွေအနေနဲ့ ပွဲလမ်းသဘင်တွေ ဆင်နွှဲရာမှာလေကြောင်းအန္တရာယ်ကို အစဉ်မပြတ် သတိပြုကြဖို့၊ "လုံခြုံရေးအသိ၊ လုံခြုံရေးသတိ"နဲ့ ဂရုတစိုက် ဖြတ်သန်းကြဖို့ တိုက်တွန်းပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီပဲယင်းပအဖအဖွဲ့ကို ဆက်သွယ်​မေးမြန်းထားပြီး လက်တလော ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

လက်တလောအခြေအနေအရ ပွဲလမ်းသဘင်တွေကျင်းပဖို့ မသင့်သေးဘူးလို့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။ "မလုပ်သင့်သေးပါဘူး။ ဗုံးကြဲနိုင်တယ်"လို့ ၎င်းဒေသခံက ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေး၊ သာသနာရေးနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ပွဲလမ်းသဘင်တွေကိုလည်းသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တို့နဲ့ ကြိုတင်ညှိနှိုင်းကာ ဘေးကင်းလုံခြုံရေးအတွက် အထူးသတိပြု ဆောင်ရွက်ကြဖို့ ပအဖအဖွဲ့က လမ်းညွှန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း ဘုတလင်၊ အရာတော်၊ မုံရွာ စတဲ့ဒေသတွေက ဆေးရုံဆေးခန်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

၂၀၂၃က သင်္ကြန်မရောက်ခင် နှစ်ရက်အလို ဧပြီ ၁၁ရက်မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၇၀ကျော် သေဆုံးခဲ့ရဖူးပါတယ်။
👍368😁2🥰1
(ဇန်နဝါရီလအတွင်းက ဒီယင်းမြို့နယ် စိုင်ပြင်မြို့ လေကြောင်းတိုက်ခိုက်ခံရအပြီး မီးလောင်ပျက်စီးမှုတချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းပအဖ)
🤬35👎3😁2👏1
ကနီအလယ်ကျွန်းရွာအနီးတိုက်ပွဲ စစ်တပ်အထိနာလို့ ဆူဆိုက်ဒရုန်းဗုံးကြဲပြီးပြန်ဆုတ်

ဧပြီ-၅၊၂၀၂၆။ဇော်ရမ်း/People's Spring

ကနီမြို့ထဲကနေ ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကို နွားလှည်းတွေနဲ့ ဆွဲထုတ်သွားပါတယ်။

ဧပြီလ၄ရက်၊မနက်၁၁နာရီခန့်မှာကနီမြို့တစ်ဖက်ကမ်းမှာရှိတဲ့ အလယ်ကျွန်းရွာအနီး တိုက်ပွဲပြင်း
ထန်ခဲ့တာပါ။

အလယ်ကျွန်းရွာဟာစစ်တပ် တပ်စွဲထားတဲ့ ပျူရွာဖြစ်ပြီးကနီမြို့ဘေးကမြေဝါချောင်းတစ်ဖက်ကမ်းမှာ ရှိတာပါ။မြို့ပေါ်ကစစ်တပ်ကအင်အား၅၀ ခန့်နဲ့ ရိက္ခာလာသယ်စဉ်PDFတွေကတိုက်ခိုက်ခဲ့တာပါ။

"ချောင်းကရေခမ်းနေတာ။နွားလှည်းတွေနဲ့ရိက္ခာ
လာသယ်ကြတာ။ပိတ်အတိုက်ခံရတော့ဆူဆိုက်
ဒရုန်းတွေကြဲပြီးပြန်ပြေးသွားတာ"လို့ဒေသခံသ
တင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲမှာစစ်တပ်ဖက်က နှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။

မနေ့ကတိုက်ပွဲဖြစ်နေချိန်စစ်တပ်ရဲ့ဂျက်ဖိုက်တာပျံသန်းမှုရှိပြီးအရာတော်မြို့နယ်ထဲကိုဗုံးကြဲသွားတယ်လို့ သိရပါတယ်။မတ်လ ၂၁ ရက်က ကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာ
သင်ကျောင်းကို စစ်ကောင်စီကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
34👎5🤬4😁2👍1🖕1
ကနီမြို့နယ်အတွင်းမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-DRPA
👍4614💩2🥰1🖕1
မုံရွာနဲ့ စလင်းမှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေ

ဧပြီ-၅၊၂၀၂၆/ဟာနာဆန်/Peope's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ မနေ့က ဧပြီ ၄ရက် မနက် ၂နာရီခန့်က နန္ဒဝန်ရပ်ကွက်အတွင်းကို စစ်တပ် ဝင်လာပြီး လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒါ့အပြင် ညနေပိုင်းကလည်း စက်မှုဇုန် (၂၃) လမ်း၊ သမစိတ္တလမ်းအနီးမှာလည်း ဆိုက်တွဲမောင်းတဲ့ အမျိုးသားတစ်ဦးကိုလည်း ပေါ်တာဆွဲသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"ဆိုက်တွဲပေါ်ကနေ အတင်းအဓမ္မဆွဲချပြီး ပေါ်တာဆွဲတဲ့ ကားပေါ်တင်သွားတာ။ သူ့ဆိုက်တွဲကိုလည်း လမ်းဘေးပစ်ထားခဲ့တယ်"လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဂေါက်ကွင်းတောင်ဘက်ထိပ် ပြည်ထောင်စုလမ်းပေါ်မှာလည်း ပေါ်တာဆွဲတဲ့ကားတွေနဲ့ စောင့်ဆိုင်းကာ လူငယ်မှန်သမျှ ကားပေါ် ဆွဲတင်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း ဧပြီ ၅ရက် မနက် ၇ နာရီခန့်က တောင်ကန်ကျေးရွာအတွင်းကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး ကျေးရွာမှာ နွားချေးတင်နေတဲ့ အမျိုးသား ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်သူ့ညီနောင်(စလင်း)အဖွဲ့က ပြောပါတယ်။

"ပေါ်တာဆွဲတာ။ အဆွဲခံရတဲ့သူတွေက သုံးဆယ်ကျော် လေးဆယ်အရွယ်တွေပါ"လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၃ဦးနဲ့ ပတ်သက်ပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

စလင်းမြို့ပေါ်မှာလည်း စစ်တပ်က မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အမျိုးသားတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တဖက်မှာလည်း ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက "စစ်မှုထမ်းကြေး" အမည်တပ်ကာ ပြည်သူများထံက ငွေကြေးတွေကို အတင်းအဓမ္မ ကောက်ခံနေကြောင်း ပြည်သူ့ညီနောင် - စလင်းအဖွဲ့က အသိပေးထားပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှာထမ်းအပတ်စဉ် (၂၂) ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာ စတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။
🤬45👎54😁2🤮1
👎164😭1
(၂၀၂၄ ခုနှစ်အတွင်းက စစ်မှုထမ်းအပတ်စဥ်အစောပိုင်းကာလ သင်တန်းကျောင်းသို့အပို့ခံရသည့် လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ)
🤬42👎4😁3😭1
နတ်ရေကန်ဗျူဟာစခန်းအနီး နေရာသုံးခုမှာ တိုက်ပွဲပြင်းထန်နေ

ဧပြီ−၅၊၂၀၂၆။ဇော်ရမ်း/People's Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းအနီးက နေရာသုံးခုမှာ အခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ မတ်လဆန်းကစပြီး ပိတ်ဆို့ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေသလို (၂)မိုင်ခန့်အကွာမှာရှိတဲ့ ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။

" တိုက်ခိုက်မှုက ဆက်ပြင်းထန်နေတာပါ။ လေကြောင်းကတော့ အမြဲကြဲနေတာ။အခုက ပဇီနဲ့ ဂုတ်ကြီးနားအထိ တိုက်ပွဲတွေ ရှိနေတာ"လို့ မြေပြင်သတင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာစခန်းရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက် ဗျူဟာကို ဦးတည်တဲ့ အနီးကပ်စစ်ဆင်ရေး စတင်နေတာပါ။

စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာစခန်းကနေ (၂)မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးကျေးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်တိုက်ခိုက်နေတာပါ။

နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးကျေးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေက ဖြတ်တောက်ထားပါတယ်။

နတ်ရေကန်ဗျူဟာက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ စစ်တပ်က နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေတယ်လို့ သိရပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာမတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဝ သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)က ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ AAနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ CDF-Ashoနဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။
👍5417😁1
(နတ်​ရေကန် ဗျူဟာကို Google Earth မှမြင်​တွေရပုံနဲ့ ကမ္ဘာလုံးပုံအ​ဆောက်အအုံ ၊ဗျူဟာအတွင်းစစ်သား​အချို့ကို ​အောက်တိုဘာလက​တွေ့ရစဥ်။ဓါတ်ပုံ- Screen grab )
👎275😡5😁2👍1🥰1