People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဦးစည်သူမောင်ကလည်းမင်းအောင်လှိုင် သမ္မတမဖြစ်ခင်နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကာလအတွင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို ကြည့်ရင် ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ရေး ယန္တရားကို ပိုမိုပီပြင်လာစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ရှိအပြောင်းအလဲဟာ ၂၀၁၀-၁၁ model(ပုံစံ)မဟုတ်ဘူးလို့ ဦးစည်သူမောင်က ဆိုပါတယ်။

“အဲဒီအနေအထားတစ်ခုမှာ တိုင်းပြည်ကတော့ ကောင်းလာဖို့ မရှိဘူး”လို့သူကဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်သုံးရပ်အထက် ကျော်လွန်တဲ့အာဏာတမျိုးကိုပါ ထူထောင်ဖို့ ကြိုးစားနေတဲ့အပြင် မဏ္ဍိုင်သုံးရပ်ရော စစ်တပ်အမိန့်ပေးစေခိုင်းမှု ယန္တရားတခုလုံးရောရဲ့ အထက်မှာပါ ရှိနေတဲ့ အာဏာမျိုးကို တည်ဆောက်ဖို့ ကြိုးစားနေတာတွေ့ရတယ်လို့ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူ မငြိမ်းငြိမ်းပြည့်က သုံးသပ်ပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့ပြီး သူတို့ကာကွယ်စောင့်ရှောက်မယ်လို့ကြွေးကြော်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင် မညီတဲ့ ကျူးလွန်မှုဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ လွှတ်တော်တွေ မခေါ်မီ လပိုင်းအလိုမှာပဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ကြိုတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါ အသုံးအနှုန်းတွေ အငြင်းပွားမှုရှိလာချိန်မှာ အဆုံးအဖြတ် အဓိပ္ပာယ်ဖွင့်ဆိုပေးရတဲ့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေနဲ့ပတ်သက်လို့လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့စိတ်ကြိုက် ပြင်ဆင်ခဲ့ပါတယ်။

ဒီအခင်းအကျင်းကိုကြည့်ရင် မင်းအောင်လှိုင်ဟာ တပ်ချုပ်အာဏာက ဆင်းတာ၊ စွန့်တာ မဟုတ်ဘဲ ပိုမြင့်တဲ့ဆီ တက်လှမ်းဖို့၊ အာဏာအစွမ်းကုန် ဆုပ်ကိုင်ဖို့ ကြံရွယ်တာဖြစ်တယ်လို့ မငြိမ်းငြိမ်း
ပြည့်က သုံးသပ်ပါတယ်။ တကယ်တော့ ဒီရွေး
ကောက်ပွဲ၊ ဒီလွှတ်တော်၊ ဒီအသွင်ကူးပြောင်းမှု၊ ဒီရာထူးအမည်နာမတွေ အားလုံးက အတုအယောင်တွေချည်းပဲဆိုတာ အားလုံးသိပြီးဖြစ်ကြောင်းနဲ့ အာဏာလွှဲပြောင်းတာလည်း မဟုတ်၊ အသွင်ကူးပြောင်းတာလည်း မဟုတ်၊ စစ်တပ်ရဲ့ကြီးစိုးဖိနှိပ်မှုကို နိုင်ငံရေးအရ အကာအကွယ် အခွံအမျိုးမျိုးအောက်မှာ ပြန်တည်ဆောက်နေတာသာဖြစ်
ကြောင်း သူမက ဆက်ပြောပါတယ်။

“ဒါက စစ်မှန်တဲ့ အသွင်ကူးပြောင်းမှု လုံးဝ (လုံးဝ) မဟုတ်ဘူး”လို့ မငြိမ်းငြိမ်းပြည့်က အခိုင်အမာဆိုပါတယ်။ တချို့ Think-tank(နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးအကြံပေးအဖွဲ့)တွေ ဝါဒဖြန့်ချိ၊ ရောင်းနေကြသလို ‘မင်းအောင်လှိုင်သမ္မတဖြစ်လာတာ’
က ‘ဦးသိန်းစိန် 2.0’ ဆိုတာလည်း မဟုတ်ဘူးလို့ သူမကတုန့်ပြန်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချုပ်အဖြစ် သက်တမ်းလွန်နေခဲ့တာ၊ သမ္မတရာထူးကို မက်မောတာ၊ ရနိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး စစ်အုပ်စိုးမှုကို သက်ဆိုးရှည်အောင် ဆွဲဆန့်တာ စတဲ့ အာဏာရူးတာတွေက သူ့မှာ သူ့စီနီယာအာဏာရှင်လို အာဏာကနေ ဘေးကင်းကင်း ထွက်နိုင်တဲ့အရည်အချင်း မရှိမှု၊မလုံခြုံမှု၊ အကြောက်တရားနဲ့၊ သူကိုယ်တိုင်အခွင့်ထူးခံသလို သူကလည်း ပြန်အလုပ်အကျွေးပြုနေတဲ့ စစ်ခရိုနီအရင်းရှင်စနစ် ရှင်သန်ရေးလိုအပ်ချက်တွေနဲ့ သူ့ရာဇဝတ်ပြစ်မှုတွေကြောင့် ဖြစ်တယ်လို့ အထက်
ပါ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူက သုံးသပ်ပါတယ်။

စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ကိစ္စအဝဝကို သူတို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ စီမံဖန်တီးချင်တဲ့ သဘောဆန္ဒကို တွေ့ရပြီး အဲဒီအခြေအနေကို ဘယ်လိုအနေအထားနဲ့မှ ပြည်
သူလူထုက ခွင့်ပြုလိမ့်မှာမဟုတ်ဘူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မင်းအောင်လှိုင်က စစ်မျက်နှာဖုံးချွတ်ပြီး သမ္မတမျက်နှာဖုံးနဲ့တက်လာလည်း တိုင်းပြည်ရဲ့ ပြဿနာတွေက ပြေလည်သွားမယ်၊ အေးချမ်းသွားမယ်လို့ သူ မယူဆကြောင်း ပြောပါတယ်။

“ဒီပြဿနာတွေ ဆက်ရှိနေဦးမယ်။ စီးပွားရေးအရပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊​ နိုင်ငံတကာဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ အခြားပြဿနာပေါင်းစုံ ဆက်ရှိနေလိမ့်မယ်။​ အဲဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မယူဆပါဘူး။

တဖက်မှာ တော်လှန်ရေးအခြေအနေက ဆက်တည်ရှိနေမှာဖြစ်ပြီး လက်ရှိတော်လှန်ရေးက ရှေ့ကို တနေ့ပြီး တနေ့ ရှေ့ကို ဆက်တိုးနေတယ်လို့ DPNS ဥက္ကဋ္ဌက မှတ်ချက်ပြုပါတယ်။ “ဒီတော်လှန်တဲ့ အနေအထားက ချက်ချင်းကြီး ကျိုးကြေသွားတဲ့အခြေအနေ လုံးဝမဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့နယ်မြေမှာ အုပ်ချုပ်ရေးစနစ်တွေ ပိုပြီး ပီပြင်လာအောင် ကြိုးစားနေပြီး လူထုအပေါ် ဝန်ဆောင်မှု ပေးဖို့တွေ စနစ်ကျလာဖို့ ကြိုးစားနေတာ တွေ့ရကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစည်သူမောင်က ပြောပါတယ်။
👍256
လက်ရှိမြေပြင်မှာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေး
တိုင်းတို့မှာ သက်ဆိုင်ရာဒေသအလိုက် ဖက်ဒရယ်ယူနစ်အစိုးရတွေ အသီးသီးဖွဲ့စည်းပေါ်ပေါက်လာပြီး ပြည်သူလူထုကို ဝန်ဆောင်မှုပေးဖို့နဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ လုပ်ဆောင်ဖို့ ကြိုး
စားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကချင်လွတ်လပ်​ရေးအဖွဲ့( KIO)၊ ကရင်နီ အမျိုးသားတိုးတက်​ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(Steering Council for the Emergence of a Federal Democratic Union–SCEF)ကို မတ်လ ၃၀ရက်မှာ ကနဦးစတင်ဖွဲ့စည်းခဲ့ပါတယ်။

တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ဖို့၊ လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီ
အမံတွေကို အတည်ပြုပြီး အသွင်ကူးပြောင်းရေးအစိုးရတရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်
ဖော်နိုင်စေဖို့တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်
ဖော် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး SCEFကို ဖွဲ့စည်းခဲ့တာလို့ ဆိုထားပါတယ်။

အဲဒီလို အချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကို ပြောင်း
လဲခဲ့တာပါ။ မင်းအောင်လှိုင် ဝတ်စုံလဲနိုင်ခဲ့ပေမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး သူကျူး
လွန်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် တာ
ဝန်ရှိမှုကိုတော့ ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းရော၊​ အာဏာသိမ်းမှုမတိုင်ခင်ကရော မင်းအောင်လှိုင်ရဲ့ အထိန်းအကွပ်မဲ့ စစ်တပ် အကြမ်းဖက်မှုတွေကို ခံစားခဲ့ရတဲ့ မြန်မာပြည်သူများစွာအတွက် အခုလို မင်းအောင်လှိုင် သမ္မတရာထူးရရှိသွားတာက နာကျင်ဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာ ကောင်းနေနိုင်ပေမယ့်လည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်လိုရာထူးပဲ ရရှိထားသည်ဖြစ်စေ ဘယ်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

“စစ်တပ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတကာဥပဒေကို အမြောက်အမြားချိုးဖောက်ကျူးလွန်ခဲ့မှုတွေအတွက် တရားစွဲဆိုခြင်းကနေ အရပ်သားရာ
ထူး(သမ္မတရာထူး)က သူ့ကို အကာကွယ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင် တွေးထင်နေရင် အဲဒါက နိုင်ငံတကာတရားစီရင်ရေး ဘယ်လို အလုပ်လုပ်သလဲဆိုတာ သူ နားမလည်လို့ ဖြစ်ပါတယ်”လို့ ဂျိုးဖရီးမန်းက သတိပေးပါတယ်။ ။
👍283🤮1
ဓါတ်ပုံ-Getty Images
🖕24💩8😱1🤬1
■ကဗျာ

'နှင်း‌တွေကျပြီးတဲ့နောက် လမ်းရဲ့တိတ်ဆိတ်ပုံမျိုးနဲ့သာ ရှင်သန်ခဲ့…’

■ သက်ငြိမ် (Rebel)

(က)

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။ ရွက်‌ကြွေတွေကို လှဲကျင်းပြီးတဲ့အချိန် မြေပြင်ရဲ့ သပ်ရပ်နေပုံဟာ ရယ်စရာမကောင်းဘူးလား။ မြေသင်းရနံ့လို စွတ်စိုနေခဲ့တဲ့အကြောင်း ပြန်တွေးမိတော့လည်း ဖုန်မှုန့်တွေနဲ့ သဲမုန်တိုင်းပဲ။ ဖြစ်နိုင်ရင် ‌မီးတောင်ပေါက်၀တခုရဲ့ တည်ငြိမ်မှုနဲ့အတူ လွင့်ပါး​နေရမှာ။ အဲဒီမှာ ရွက်ကြွေတွေ၊ ပြန်မသွားချင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြီးတော့ ပင့်ကူတွေ။

(ခ)

သိဟောင်းကျွမ်းဟောင်း မိတ်ဆွေတချို့ကို ငါမမှတ်မိတာကြာပြီ။ မှတ်ဉာဏ်ဆိုတာက အမြဲစီးဆင်းနေတဲ့ ရေပဲ။ ဘယ်လောက်ခမ်းခမ်း ကုန်မသွားဘူး။ တနေကုန် ထိုင်စောင့်ပြန်တော့လည်း ဒီအဖြစ်အပျက်တွေပဲ မျောလာမယ်။ ဒါတောင် တူးထုတ်ထားတဲ့ မြစ်ဝကျွန်းပေါ် ရဲ့ စိမ်းစိုနေတဲ့ အိမ်ကလေး မပါသေးဘူး။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အရူးတယောက်လို ပြေး၀င်သွားရင် ခြောက်အိပ်မက်ကြီးထဲ ပြန်ရောက်တယ်။

(ဂ)

အပြင်မှာ အရိပ်တွေက ပုံစံမျိုးစုံနဲ့ ကခုန်နေကြတယ်။ လူသားဟာ လွတ်လပ်တယ်။ ကမ္ဘာမြေဟာ လွတ်လပ်တယ်။ ကောင်းကင်ဟာ လွတ်လပ်တယ်။ သစ်ပင်တွေဟာ လွတ်လပ်တယ်။ လွတ်လပ်ခြင်းအတွက် ကခုန်ကြရအောင်။ ညမီးပုံပွဲပြီးတဲ့အခါ တဖျစ်ဖျစ်မြည်တဲ့အသံကို စကြားရလိမ့်မယ်။ အသက်ရှင်သန်မှုကို အသေးငယ်ဆုံးထိ မြင်ယောင်ကြည့်ပြီး ငြိမ်နေလိုက်ရင်တောင် ဒါဟာ ဟိုး...အတွင်းထဲကလာတယ်ဆိုတာကို သတိမထားမိဘဲနေနိုင်မှာ မဟုတ်ဘူး။
👍224😢1
👍20😢2🤮2
တောင်ဥက္ကလာပမှာလမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေကထုရိုက်ပြီးပေါ်တာဆွဲ

ဧပြီ−၄၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂ ရက် ညပိုင်းက လမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်
သားတွေက ရိုက်နှက်ပြီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ လူငယ်ဟာ ည ၉ နာရီအချိန်ခန့်က အလုပ်က နေအိမ်သို့ ပြန်လာနေစဉ် Inno City အရှေ့နားမှာဖမ်းဆီးခံရတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

"အဲဒီကောင်လေးက အလုပ်ကနေပြန်လာတာ။ Inno City အရှေ့ကနေ ဒီဘက်ခြမ်းကို ကားလမ်း
ကူးတယ့်အချိန်မှာ ကားပေါ်ကဆင်းပြီး ဆွဲတင်သွားတာ။ ဟိုကရုန်းတာပေါ့။ အဲဒါကိုထုရိုက်ပြီး တင်သွားတာကားပေါ်ကို" လို့ မျက်မြင်တွေ့ခဲ့သူတဦးက People's Springပြောပါတယ်။

ပြီးခဲ့တဲ့မတ်ကနေစပြီး တောင်ဥက္ကလာမြို့နယ်မှာ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိနေပါတယ်။

ဒါ့အပြင် ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေရဲ့စာရင်းကိုကောက်ယူနေပြီး စစ်မှုထမ်းဆင့်ခေါ်တာတွေရှိတာကြောင့်လူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့မှာ စစ်တပ်က မတ်လကစပြီးရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

"တစ်ရက်ကို ဆယ်ယောက်ဆွဲခိုင်း​နေတယ်။ နေ
အိမ်​တွေကို လူစာရင်းတွေလိုက်တောင်းနေတယ်"
လို့ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းအတွက်လူသစ်စုနိုင်ဖို့ ရပ်ကွက်အလိုက် လူဦးရေစာရင်းတွေ ပြန်စစ်ပြီး သတ်မှတ်ဦးရေ ပြည့်မီအောင် စုဆောင်းဖို့လည်း ညွှန်ကြားထားတယ်လို့ သူကဆက်ပါတယ်။

ဒီလိုညွှန်ကြားချက်တွေကြောင့် လူငယ်တွေအနေနဲ့ ရပ်ကွက်တွေထဲမှာ သတိထားသွားလာဖို့ ရပ်ကွက်နေပြည်သူတွေက အချင်းချင်း သတိပေးမှုတွေရှိနေပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အရပ်ဝတ်လဲပြီး အိမ်စီးကားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေရှိတယ်လို့ သိရပါတယ်။

လက်တလော ရန်ကုန်မြို့မှာ နေ့စဉ် လူငယ်တွေ ဖမ်းဆီးခံရပြီးဆက်တိုက် ပျောက်ဆုံးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ မတ်လမှာ စစ်မှု
ထမ်း အပတ်စဉ် (၂၃)ရောက်ရှိ ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းခေါ်ဆောင်တာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်း များလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့ စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာဖြစ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့
တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။
🤬416👎3😁3😡3👍2👏1
ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများအနီး တွေ့ရသော တပ်မ(၇၇)မှ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ ဓာတ်ပုံ-EPA
🖕31💩10👍2🫡1
ရပ်ထားတဲ့ကားကိုတိုက်ပြီး​မောင်း​ပြေးဖို့လုပ်တဲ့
ဘုန်းကြီးကားကို ​ပြည်သူ​တွေဝိုင်းဖမ်း

ဧပြီ-၅၊၂၀၂၆။မိုမို/People's Spring

ရန်ကုန်မြို့၊တောင်ဥက္ကလာပ မြို့နယ်မှာ ယာဥ်တိုက်ပြီးထွက်ပြေးတဲ့ ဘုန်ကြီးကားတစ်စီးကို ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဖမ်းခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လူမှုကွန်ယက်မှာတွေ့ရတဲ့ ရုပ်သံဖိုင်အရဟွန်ဒါဖစ် အဖြူရောင် RLG(သာသနာယာဥ် တံဆိပ်)နဲ့ယာဥ်ဟာ ဧပြီ ၃ ရက် ည ၉ နာရီဝန်းကျင်မှာ တောင်ဥက္ကလာပ ၄ ရပ်ကွက် ဗြမ္မာစိုလ်လမ်းထဲမှာ ရပ်ထားတဲ့ အနက်​ရောင်အိမ်စီးကားတစ်စီးကို တိုက်ခဲ့တာ​တွေ့ရပါတယ်။တိုက်ပြီးဆက်လက်​မောင်းနှင်သွားဖို့ကားထွက်စဥ် ​အနားကပြည်သူ​တွေကကားကိုတားဆီးခဲ့တာကို​တွေ့ရပါတယ်။

"တိုက်ပြီး ပြေးဖို့လုပ်တာ။အတိုက်ခံရတဲ့ ယာဥ်ပိုင်ရှင်ရော အနီးနားက လူတွေဝိုင်းတားကြတော့မှ ရပ်သွားတာ။မောင်းတဲ့သူက မူးနေပုံရတယ်"လို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

တိုက်ခဲ့တဲ့ကားနဲ့ ကားပေါ်ပါတဲ့သူတွေကို ရပ်ကွက်ရုံး ရောက်နေတယ်လို့လည်း သူက အသိပေးပါတယ်။

"ဘုန်ကြီးနံပါတ်နဲ့ ကားတွေ အခုနောက်ပိုင်းတော်
တော်ဆိုးတယ်။ဆီတန်းစီရင်လည်း ကြားကဖြတ်တယ်။ပြီးရင် မှန်ချပြီး တရားပွဲသွားရမှာမလို့ပါ။အရေးကြီးလို့ပါဆိုတော့ ပါးစပ်မှာလည်း ကွမ်းတပြစ်ပြစ်နဲ့။ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ဘူး"လို့ ဖြစ်စဥ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ မရမ်းကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၂၉ ရက်က ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှာ ဘုန်ကြီးက အရက်မူးပြီး ကားအရှိန်နဲ့မောင်းလို့ ပြည်သူတစ်ဦးအတိုက်ခံခဲ့
ရတာရှိခဲ့ပါတယ်။ အဲဒီကားပေါ်ကနေ ကွန်ဒုံးတွေ၊ ထောက်ခံစာ အတုတွေ နဲ့ ငွေစက္ကူတွေပါ တွေ့ရှိခဲ့တယ်လို့ မြို့နယ်သံဃနာယက ဆီကတဆင့် သိရပါတယ်။
👏35🤬16👍841
လမ်း​ဘေးရပ်ထားတဲ့ကားကိုတိုက်ပြီး​မောင်း​ပြေးဖို့လုပ်​နေစဥ် ရပ်ကွက်​နေပြည်သူ​တွေကဘုန်းကြီးကားကိုဖမ်းဆီးစဥ်။ဓါတ်ပုံ-Screengrab
👍656🤔2👎1🥰1😁1
မန္တလေး အရှေ့မြို့ပတ်လမ်းမှာ အဝတ်အစားမဲ့ အမျိုးသမီးရုပ်အလောင်းတွေ့

ဧပြီ−၅၊ ၂၀၂၆ ။မေရီ/People's Spring

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၅ ရက် မနက် ၅ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အရှေ့မြို့ပတ်လမ်းပေါ် က KTV နဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုရှေ့မှာ အမျိုးသမီးငယ်တစ်ဦး အဝတ်အစားတွေမပါဘဲ သေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

"အမျိုးသမီးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ရဲတွေတော့ ရောက်လာတာတွေ့တယ်"လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

အဆိုပါရုပ်အလောင်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပါဘူး။

ရုပ်အလောင်းကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက စစ်ဆေးပြီး လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ လူနေကျဲပါးပြီး မကြာခဏ လုယက်မှုတွေဖြစ်ပွားလေ့ရှိကြောင်း၊ မနေ့ကပဲ အဆိုပါအခင်းဖြစ်ပွားရာနဲ့မနီးမဝေးက ရဲမွန်တောင်ရပ်ကွက်ထဲမှာ သုံးဘီးယာဥ်တစ်စီး ဓားထိုးလုယက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူသေဆုံးသည်အထိ ဖြစ်ပွားနေပါတယ်။
🤬433👍2👎2🔥2😢1
👍22🔥5
မြို့တွေ ကာကွယ်၊ ဆက်သိမ်းနိုင်ဖို့ အဖွဲ့ဝင်တပ်တွေစုစည်းပြီး ချင်းညီနောင်ပူးပေါင်းစစ်ကြောင်း ဖွဲ့စည်းမယ်

ဧပြ− ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

မနေ့က ဧပြီ ၄ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင် အတွက်ရန်ပုံငွေရှာဖွေပွဲမျာ စစ်ဦးစီးချုပ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။

လက်ရှိမှာ ချင်းညီနောင်သိမ်းထားတဲ့ ဖလမ်းမြို့ကို ရန်သူ စစ်ကောင်စီက အင်အား ထောင်ချီ နဲ့ ထိုးစစ်ဆင်လာလို့ အားလုံး ပူးပေါင်းခုံနေတယ်လို့ ပြောပါတယ်။ မြို့သိမ်းပြီးသွားရင် ပြန်ထိန်းနိုင်ဖို့က အင်မတန်အရေးကြီးကြောင်း၊ မြို့သိမ်းပြီးသွားရင် ပိုကြီးမားတဲ့ စိန်ခေါ်မှု၊ ပိုကြီးမားတဲ့ တာဝန်တွေယူရကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်က ပြောပါတယ်။

“ကျနော်တို့ ချင်းညီနောင်အနေနဲ့လည်း ဆက်လက်ပြီးမှ ကျန်ရှိနေတဲ့ မြို့တွေကိုလည်း ဆက်လုပ်နိုင်ဖို့ ရယ် သိမ်းပြီးသားမြို့တွေကိုလည်း ဆက်လက်ပြီးမှ ကာကွယ်နိုင်ဖို့ ကောင်းမွန်စွာ ကာကွယ်နိုင်ဖို့အတွက် ထောက်ပို့ကဏ္ဍ အင်မတန်မှ အရေးကြီးပါတယ်။” လို့ ကိုဂိဒွန်က ပြောပါတယ်။

ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီမှာ ချင်းညီနောင်က စစ်ရေးပိုင်းပိုအားကောင်းအောင် တည်ဆောက် ဖွဲ့ ဆွေးနွေးထားပြီးဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း တပ်က စတင်အသုံးပြုလာတဲ့ ချင်းညီနောင် ဘက်တံဆိပ်အကြောင်းကိုလည်း PDF ဇိုလဲန်းရဲ့ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ကိုဂိဒွန်က အခုလိုရှင်းပြပါတယ်။

ချင်းညီနောင်အနေနဲ့ အမိန့်တခုတည်း၊ ဘတ်ဂျက်တခုတည်း ပုံစံနဲ့သွားနိုင်ဖို့လုပ်ဆောင်နေတာလို့လည်း ပြောပြပါတယ်။ အခု ချင်းညီနောင်ရဲ့ ဘက်တံဆိပ်ကို ချင်းမြောက်ပိုင်းက PDF ဇိုလဲန်း တပ်ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် ၁၈မှာ စတင် အသုံးပြုခြင်းဖြစ်ဟု ရှင်းကြပါတယ်။

PDF ဇိုလဲန်းရဲ့ အပတ်စဉ် (၁၈) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၃၀ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ပူးပေါင်းစစ်ဆင်ရေးတွေမှာ သုံးဖို့ ဖြစ်ပါမယ်။ ဒီချင်းညီနောင်ရဲ့ ဘက်တံဆပ်က ကနဦးအနေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ သုံးဖွဲ့ ကျနော်တို့ ဆွေးနွေးထားပါတယ်။ကျနော်တို့ ချင်းညီနောင်အနေနဲ့ သိမ်းထားပြီးသား ဖလမ်းမြို့ကို ရန်သူ့ဘက်က နေ အင်အား ထောင်ချီသုံးပြီး ထိုးစစ်ဆင်တာဖြစ်ပါတယ်။ ချင်းညီနောင်အနေနဲ့လည်း ပြီးခဲ့တဲ့ လကနေ ကျနော်တို့ အားလုံး ချင်းညီနောင်စစ်ကြောင်းဆိုပြီးမှလည်း ကြိုးစားနေတာရှိပါတယ်။ ကျနော်တို့ တက်နိုင်တဲ့ဘက်ကနေ ဒီ သိမ်းပြီးသားမြို့တွေကို ရန်သူ့ဘက် ပြန်မပါသွားအောင် ကြိုးစားနေဆဲဖြစ်ပါတယ်” လို့ ကိုဂိဒွန်က ပြောပါတယ်။

ချင်းပြည်နယ်မှာ စကမ(အာဏာသိမ်းစစ်ကောင်စီတပ်)ကင်းစင်ဖို့အတွက်က ပြည်သူတရပ်လုံးအနေနဲ့သော်လည်းကောင်း၊ ကျနော်တို့ ချင်းညီနောင်တခုလုံးအနေနဲ့သော်လည်းကောင်း ကနဦးအနေနဲ့ ရည်မှန်းထားကြောင်း ပြောပြပါတယ်။

“စကမ ကင်းစင်မှသာလျင် ကျနော်တို့ ဖြစ်ချင်တဲ့ လိုချင်တဲ့အရာကို တဆင့်ပြီး တဆင့်သွားနိုင်မှာ ဖြစ်ပါတယ်။ စစ်ရေးအရ ဘယ်အချိန် ဘယ်နေ့လုပ်မယ်ဆိုတာ ချက်ချင်းမပြောနိုင်ပေမယ့်လည်း ကြိုးစားနေတယ်။ ကျနော်တို့ မြို့သိမ်းဖို့ ကြိုးစားနေတုန်းမှာ ထောင်နဲ့ချီ ထိုးစစ်တွေကို ကျနော်တို့က မတားလို့မရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်” လို့ ချင်းညီနောင်စစ်ဦးစီးချုပ်က ပြောပါတယ်။

ချင်းညီနောင်ရဲ့ နယ်မြေတွေအားလုံး စစ်ကောင်စီ ကင်းစင်သွားပါက ချင်းပြည်နယ်အတွင်း ကျန်နေတဲ့ မြို့တွေမှာ စစ်ကောင်စီ ကင်းစင်ဖို့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးပြီး တက်နိုင်တဲ့ဘက်က လုပ်ဆောင်မယ်လို့ ရှင်းပြပါတယ်။

လက်နက်အားတခုတည်းနဲ့ စစ်ကောင်စီ ကင်းစင်လို့မရဘဲ ပြည်သူတရပ်လုံးက စစ်ကောင်စီ ကင်းစင်ဖို့ ဘယ်လောက်အားစိုက်လုပ်ဆောင်နေလဲဆိုတာလည်း အရေးကြီးကြောင်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

ချင်းညီနောင်ဟာမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းက ဖလမ်း၊ ချင်းတောင်ပိုင်းက မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက် မြို့တွေကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဖလမ်းကို မြေပြင်ထိုးစစ်ဆင်နေပြီး တောင်ပိုင်းက မြို့တွေကိုတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေသလို ချင်း-မကွေးနယ်စပ် ဒေသမှာလည်း စစ်ကောင်စီတပ်တွေ ဦးတည်ထိုးစစ်ဆင်လာလို့ ပုံတောင်ပုံညာဒေသမှာ ကာလရှည်တိုက်ပွဲတွေဖြစ်နေပါတယ်။
37👍16👏3🤣3🥰1👌1🖕1
(PDFZOLANDတပ်ရဲ့ အခြေခံစစ်ပညာသင်တန်း တစ်ခုမှာတွေ့ရတဲ့ ရဲဘော်တွေ။ ဓာတ်ပုံ − PDFZOLAND)
👍3915🤣3🔥2🥰2
ကြို့ပင်ကောက်မှာ လူငယ်နှစ်ဦးက စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ထံက လက်နက် ၂လက်ယူထွက်ပြေးလာ

ဧပြီ-၅၊ ၂၀၂၆။မိုမို/People's Spring

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်က လူငယ်နှစ်ဦးဟာ စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ဆီက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တယ်လို့ ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဆီက လက်နက်ရယူနိုင်ဖို့ ရည်ရွယ်ချက် နဲ့ အသက် ၂၀ ဝန်းကျင်လူငယ်နှစ်ဦးဟာ မတ်လအတွင်း စစ်ကောင်စီတပ်သားသစ် အဖြစ်စုဆောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့နယ်ကပါပဲဗျ။သူတို့နဲ့က အစောထဲက ကျနော်တို့နဲ့အပြင်မှာထဲကသိပါတယ်ဗျ။စစ်တပ်ထဲဝင်ပြီး ၁၅ ရက်လောက်ပဲရှိတယ်။လက်နက်ယူပြီး ပြေးလာတာ"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ကြို့ပင်ကောက် ရဲကင်းစခန်းကနေ မတ်လ ၃၁ ရက်က လက်နက်တွေယူပြီး ထွက်ပြေးလာတဲ့ အဲဒီလူငယ် ၂ဦးက ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့ဝင်အဖြစ်ခံယူပြီး စစ်တပ်ကို တိုက်မယ်လို့လည်း အသိပေးပါတယ်။

MA3 တစ်လက်၊ G3 -တစ်လက်နဲ့ ကျည်အချို့ကို ယူဆောင်လာခဲ့တာကြောင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ က ဆုငွေချီးမြှင့်ခဲ့ပါတယ်။

အခု ဖြစ်စဥ်မတိုင်မီကလည်း စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံခဲ့ရသူ လူငယ် ၅ဦးက Hero ပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာပြီး လက်ရှိမှာ စစ်တပ်ကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

၂၀၂၅ ကနေ ၂၀၂၆ မတ်လနောက်ဆုံးပတ်အထိ အလင်းဝင် ပူးပေါင်းတာနဲ့လက်နက်ချတဲ့စစ်သုံ့ပန်း သုံးထောင် နီးပါးရှိတယ်လို့ စစ်တပ်ကနေ အလင်းဝင်လာသူတွေကို ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း စစ်သားသစ်စုဆောင်းမှုတွေကို စစ်တပ်က ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသအနှံ့က လူငယ်တွေနဲ့အမျိုးသားတွေဟာ ဖမ်းဆီးခံနေရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် စစ်တပ်အင်အားပြုန်းတီးမှုကို ဖာထေးနိုင်ဖို့ နဲ့ လူငယ်တွေ နဲ့ တော်လှန်ရေးကဏ္ဍကို ဖြတ်တောက်နိုင်ဖို့အတွက် စစ်ကောင်စီက ၂၀၂၄မှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ပြီး အပတ်စဥ်တစ်ခုကို လူငါးထောင်နှုန်းနဲ့စုဆောင်ကာ လက်ရှိမှာ အပတ်စဥ် (၂၃)) စတင်နေပြီလို့ သိရပါတယ်။
👏47🤣87👍6🥰2🖕2
စစ်တပ်ထံက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တဲ့ လူငယ် ၂ဦးကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်က ချီးမြှင့်နေစဉ်။ ဓာတ်ပုံ − ကြို့ပင်ကောက် Heroပြောက်ကျားတပ်က)
🥰3713👍13👏4🤣3
“မနေ့ကဘာဖြစ်ခဲ့လဲ”

မနေ့က(ဧပြီ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြိုင်နဲ့ ပေါက်နယ် အစပ်ကို စစ်တပ်ဗုံးကြဲရာ PDF ရဲဘော် ၅ဦး ကျဆုံး

စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ် အစပ်ကို တိုက်လေယာဉ် ၅ စီးနဲ့ ဒီနေ့ ဧပြီ ၄ရက် ည​နေမှာ ဗုံးကြဲသွားတာကြောင့် တော်လှန်ရေးရဲဘော် ၅ဦး ကျဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ ​သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ကြဲချတဲ့ နေရာက PDFတပ်ရင်းတွေ အင်အားချထားတဲ့ နေရာဖြစ်ပြီး ဒီနေ့ ညနေပိုင်း ကနဦးအတည်ပြုစာရင်းအရ PDF ရဲဘော် ၅ ဦး ကျဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ မြိုင်နဲ့ ပေါက်နယ်တို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ဧပြီ ၂ရက်နဲ့ ၃ရက်တို့မှာ NUGအစိုးရ နဲ့ မကွေး ဖက်ဒရယ်ယူနစ်အစိုးရတို့အကြား ဆွေးနွေးခဲ့ကြပြီး ဒီနေ့မှာ စစ်တပ်က လေယာဉ်၅စီးနဲ့ လေကြောင်းက​နေ ၁၀ကြိမ်ထက်မနည်းဗုံးကြဲခဲ့တာလို့ သိရပါတယ်။ မြိုင်နဲ့ ပေါက်နယ်အစပ်မှာ အချင်းအချင်းညှိုနှိုင်းမှုပြုလုပ်ချိန် NUG ဘက်က PDF ခရိုင်တပ်ရင်းတွေက တပ်ဖွဲ့ဝင်​တွေ လုံခြုံ​ရေးအင်အားချထားတဲ့နေရာကို စစ်တပ်က အခုလို တိုက်လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲခဲ့တာလို့​ ဒေသခံတချို့က​ ပြောပါတယ်။ PDF ရဲဘော်တစ်ဦးကလည်း စစ်တပ်က PDF တပ်ရင်း​တွေတပ်ချထားတဲ့​နေရာ​တွေကို တိုက်လေယာဥ်​တွေနဲ့ ဗုံးလာကြဲတာဖြစ်ပြီး မ​ကွေးဖက်ဒရယ်ယူနစ်တပ်ဖွဲ့​တွေ​တော့ ထိခိုက်မှုမရှိဘူးလို့ ​ပြောပါတယ်။

◾️မြင်းခြံနယ် စစ်တပ်စီးနင်းမှု ပြည်သူ ၇ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။ ဧပြီ ၂ရက် မနက် ၇နာရီမှာ နဘူးအိုင်ကျေးရွာကို မီးရှို့နေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဖက်ပင်အိုင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပစ်သတ်ခဲ့တယ်လို့ မြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ဗုံးတွေချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဖိုးအိုတစ်ဦးအပါအဝင် နောက်ထပ် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့တာပါ။ စစ်တပ်ဗုံးထိလို့ အသက် ၆၃ နှစ်အရွယ် မိခင်ကို သွားသယ်စဥ် ထပ်မံ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ကျေးရွာအတွင်း ပြည်သူတွေ ပိတ်မိနေပြီး ဗုံးထိထားတဲ့ ဒဏ်ရာရပြည်သူတွေ ဆေးကုသခွင့်မရတာကြောင့် မနက် ၁၁နာရီလောက်မှာ မြင်းခြံခရိုင်တပ်ရင်းတွေအပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ကယ်ထုတ်ဖို့ ဝင်ရောက်ချိန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရပြည်သူတွေကို ရသလောက် ကယ်ထုတ်ပြီးတဲ့အချိန်၊ နောက်ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလိုက်ချတာလို့ မြင်းခြံမြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ဒရုန်းနဲ့ ဗုံးချခံရမှုမှာ ရဲဘော် ၃ဦး ထိမှန်ပြီး ၂ဦးကျဆုံးကာ တစ်ဦးကို ဆေးကုသနေတယ်လို့ သိရပါတယ်။

◾️အာရှလမ်းရှိ စစ်တပ်နဲ့ BGF ဂိတ်တွေက ကျပ်သောင်းဂဏန်းအထိ တောင်းယူ

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိ တောင်းခံနေတယ်လို့ ခရီးသွားတချို့ဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပြီး နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဧပြီ ၂ ရက်မှာ အခမ်းအနားနဲ့ဖွင့်ခဲ့တာပါ။ အာရှလမ်းတလျှောက်မှာ ဘယ်ဂိတ်စခန်းကိုမှ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်အနီး၊ အာရှလမ်းမပေါ်က ဖားချောင်းရွာ စစ်တပ်ဂိတ်မှာ ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဖားချောင်းရွာစစ်တပ်ဂိတ်မှာ ခရီးသွားကားတွေကို ခရီးသွားတစ်ဦး ကျပ်တစ်သောင်းနှုန်းနဲ့ တောင်းယူနေတာပါ။

◾️ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းမှုကို ချင်းညီနောင်စစ်ဦးစီးချုပ် အကောင်းမြင်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုဟာ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက်အရ ဖွဲ့စည်းလာတဲ့ အစုအဖွဲ့လို့ မြင်ကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေ ရှာဖွေပွဲ တော်လှန်ရေးခေါင်းဆောင်များနဲ့ စကားဝိုင်းမှာ ချင်းညီနောင်စစ်ဦးစီးချုပ်က အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာပါ။
18👍5