People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ခေါင်းဆောင်ကော အီဒီအာမင်လိုပဲ လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ကောင်းကောင်းအိပ်ပျော်ပါရဲ့လား။ ပတ်ပတ်လည်က စစ်တပ်အသိုင်းအဝိုင်းကိုကော စိတ်ချပါရဲ့လား။ အထူးစိတ်ပူမိပါရဲ့။ ။
👍29😁31
👍22🤣2👏1
လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

ဧပြီ ၄၊၂၀၂၆။ သုည/People's Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ်အတွင်း ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေးဗွီဒီယိုတွေ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေ ဆွေးနွေးတင်ပြခြင်းနဲ့ သရုပ်ပြခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဗုံးခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၂၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
26👍10🥰1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ အရာတော်လူထုသပိတ်
33👍6🥰1🤯1🫡1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြိုင်နဲ့ ပေါက်နယ် အစပ်ကို စစ်တပ်ဗုံးကြဲရာ PDF ရဲဘော် ၅ဦး ကျဆုံး

စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ် အစပ်ကို တိုက်လေယာဉ် ၅ စီးနဲ့ ဒီနေ့ ဧပြီ ၄ရက် ည​နေမှာ ဗုံးကြဲသွားတာကြောင့် တော်လှန်ရေးရဲဘော် ၅ဦး ကျဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ ​သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ကြဲချတဲ့ နေရာက PDFတပ်ရင်းတွေ အင်အားချထားတဲ့ နေရာဖြစ်ပြီး ဒီနေ့ ညနေပိုင်း ကနဦးအတည်ပြုစာရင်းအရ PDF ရဲဘော် ၅ ဦး ကျဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ မြိုင်နဲ့ ပေါက်နယ်တို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ဧပြီ ၂ရက်နဲ့ ၃ရက်တို့မှာ NUGအစိုးရ နဲ့ မကွေး ဖက်ဒရယ်ယူနစ်အစိုးရတို့အကြား ဆွေးနွေးခဲ့ကြပြီး ဒီနေ့မှာ စစ်တပ်က လေယာဉ်၅စီးနဲ့ လေကြောင်းက​နေ ၁၀ကြိမ်ထက်မနည်းဗုံးကြဲခဲ့တာလို့ သိရပါတယ်။ မြိုင်နဲ့ ပေါက်နယ်အစပ်မှာ အချင်းအချင်းညှိုနှိုင်းမှုပြုလုပ်ချိန် NUG ဘက်က PDF ခရိုင်တပ်ရင်းတွေက တပ်ဖွဲ့ဝင်​တွေ လုံခြုံ​ရေးအင်အားချထားတဲ့နေရာကို စစ်တပ်က အခုလို တိုက်လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲခဲ့တာလို့​ ဒေသခံတချို့က​ ပြောပါတယ်။ PDF ရဲဘော်တစ်ဦးကလည်း စစ်တပ်က PDF တပ်ရင်း​တွေတပ်ချထားတဲ့​နေရာ​တွေကို တိုက်လေယာဥ်​တွေနဲ့ ဗုံးလာကြဲတာဖြစ်ပြီး မ​ကွေးဖက်ဒရယ်ယူနစ်တပ်ဖွဲ့​တွေ​တော့ ထိခိုက်မှုမရှိဘူးလို့ ​ပြောပါတယ်။

◾️မြင်းခြံနယ် စစ်တပ်စီးနင်းမှု ပြည်သူ ၇ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။ ဧပြီ ၂ရက် မနက် ၇နာရီမှာ နဘူးအိုင်ကျေးရွာကို မီးရှို့နေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဖက်ပင်အိုင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပစ်သတ်ခဲ့တယ်လို့ မြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ဗုံးတွေချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဖိုးအိုတစ်ဦးအပါအဝင် နောက်ထပ် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့တာပါ။ စစ်တပ်ဗုံးထိလို့ အသက် ၆၃ နှစ်အရွယ် မိခင်ကို သွားသယ်စဥ် ထပ်မံ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ကျေးရွာအတွင်း ပြည်သူတွေ ပိတ်မိနေပြီး ဗုံးထိထားတဲ့ ဒဏ်ရာရပြည်သူတွေ ဆေးကုသခွင့်မရတာကြောင့် မနက် ၁၁နာရီလောက်မှာ မြင်းခြံခရိုင်တပ်ရင်းတွေအပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ကယ်ထုတ်ဖို့ ဝင်ရောက်ချိန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရပြည်သူတွေကို ရသလောက် ကယ်ထုတ်ပြီးတဲ့အချိန်၊ နောက်ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလိုက်ချတာလို့ မြင်းခြံမြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ဒရုန်းနဲ့ ဗုံးချခံရမှုမှာ ရဲဘော် ၃ဦး ထိမှန်ပြီး ၂ဦးကျဆုံးကာ တစ်ဦးကို ဆေးကုသနေတယ်လို့ သိရပါတယ်။

◾️အာရှလမ်းရှိ စစ်တပ်နဲ့ BGF ဂိတ်တွေက ကျပ်သောင်းဂဏန်းအထိ တောင်းယူ

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိ တောင်းခံနေတယ်လို့ ခရီးသွားတချို့ဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပြီး နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဧပြီ ၂ ရက်မှာ အခမ်းအနားနဲ့ဖွင့်ခဲ့တာပါ။ အာရှလမ်းတလျှောက်မှာ ဘယ်ဂိတ်စခန်းကိုမှ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်အနီး၊ အာရှလမ်းမပေါ်က ဖားချောင်းရွာ စစ်တပ်ဂိတ်မှာ ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဖားချောင်းရွာစစ်တပ်ဂိတ်မှာ ခရီးသွားကားတွေကို ခရီးသွားတစ်ဦး ကျပ်တစ်သောင်းနှုန်းနဲ့ တောင်းယူနေတာပါ။

◾️ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းမှုကို ချင်းညီနောင်စစ်ဦးစီးချုပ် အကောင်းမြင်
17👍5
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုဟာ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက်အရ ဖွဲ့စည်းလာတဲ့ အစုအဖွဲ့လို့ မြင်ကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေ ရှာဖွေပွဲ တော်လှန်ရေးခေါင်းဆောင်များနဲ့ စကားဝိုင်းမှာ ချင်းညီနောင်စစ်ဦးစီးချုပ်က အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ KNU၊ KIO၊ KNPP၊ CNFစတဲ့ K3C စုစုပေါင်း ခြောက်ဖွဲ့ ဦးဆောင်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ စတင်ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့တဲ့အပေါ် ချင်းညီနောင် အနေနဲ့ ဖြစ်စေ ပုဂ္ဂိုလ်ရေးအမြင်ဖြစ်စေ သဘောထားမှတ်ချက်ပြောကြားပေးဖို့ မေးမြန်းမှုအပေါ် အကောင်းမြင်တယ်လို့ ဖြေကြားပါတယ်။ နွေဦးတော်လှန်ရေးက နိုင်ငံရေးကြောင့်ဖြစ်လာတာဖြစ်လို့ အခု ဦးဆောင်ကော်မတီဟာ လိုအပ်ချက်အရ၊ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိုင်းဖို့အတွက်လည်း လိုအပ်လာလို့ စုဖွဲ့ခဲ့တာလို့ မြင်ကြောင်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ULA/ AAနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိသလို KIO/KIA နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ဆက်လက်ပြီး ပိုမိုခိုင်မာတဲ့ စစ်ရေး၊နိုင်ငံရေး၊ လူမှုရေး ဆက်ဆံရေး တည်ဆောက်သွားနိုင်ဖို့ ကြိုးစားနေကြောင်း အသိပေးခဲ့ပါတယ်။

◾️စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်တွေယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။ အလင်းဝင်လာသူနှစ်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ် ဖော်ပြမထားပေမယ့် အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၂ဦးဟာ အပတ်စဉ်(၁၆)က တပ်သား သစ်တွေဖြစ်ပြီး MA1 နှစ်လက် ယူလာတယ်လို့ ဖော်ပြထားပါတယ်။ ရေးပြောက်ကျားတပ်ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းရှိနေပြီလို့ သိရပါတယ်။

◾️အငှားယာဥ်နဲ့ ကုန်တင်ယာဥ်တွေ ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ ပြင်ဆင်နေရ

အငှားယာဉ်နဲ့ ကုန်တင်ယာဥ်တွေကို ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးမယ်ဆိုလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ အမြန်ပြင်ဆင်နေရကြောင်း သတင်းရရှိပါတယ်။ Taxiယာဉ်တွေ၊ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ် တွေကို တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားခဲ့ရာမှာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ရက်ကစပြီး ပြောင်းလဲလိုက်တာပါ။ စနစ်သစ်အရ ၅ ကီလိုမီတာမောင်းနှင်မှုအတွက် ၁ လီတာနှုန်းဖြင့်သာ ဆီဖြည့်တင်းခွင့်ပြုမှာဖြစ်ကြောင်း၊ ကီလိုမီတာ တိုင်းတာတဲ့စနစ် ပျက်စီးနေတဲ့ ယာဉ်တွေအနေနဲ့ အမြန်ဆုံး ပြင်ဆင်ထားရမှာဖြစ်ကြောင်း စက်သုံးဆီဆိုင်တွေက အသိပေးပါတယ်။ နောက်တစ်ကြိမ် ဆီဖြည့်ချိန်မှာ ကီလိုမီတာ တိုးတက်မှုမရှိပါက ဆီဖြည့်တင်းခွင့်ပြုမှာမဟုတ်ကြောင်း ဆီဆိုင်တွေက ဆိုပါတယ်။ အဲဒီ စနစ်သစ်ကြောင့် ယာဉ်ပိုင်ရှင်တွေဟာ ကီလိုမီတာတိုင်းတဲ့စနစ်ကို ပြန်လည်တပ်ဆင်နေရလို့ ယာဉ်ပြင်ဆင်စရိတ်ကုန်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။

◾️မန္တလေးမှာ အိုးဝေမောင်းသူတစ်ဦး ဓားနဲ့ တိုက်ခိုက်လုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ ရက် မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၅၂ လမ်းထောင့်အနီးမှာ အိုးဝေမောင်းနှင်သူတစ်ဦးကို လူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူအချို့က ပြောပါတယ်။ လုယက်မှုဖြစ်စဥ် အသေးစိတ်မသိရသေးဘဲ လုယက်သူဟာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့လို့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။ ​အခင်းဖြစ်ပွားရာ ရဲမွန်တောင်ရပ်ကွက်ဟာ ခြံဝန်းအကျယ်ကြီးများရှိပြီး လူနေကျဲပါးတဲ့အပြင် လမ်းအသွားအလာ ရှင်းလင်းတဲ့ နေရာများဖြစ်လို့ သတိပြုသွားလာသင့်ကြောင်း မြို့ခံတွေက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။
အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
15👍8😁2
အရာတော်မြို့နယ်အတွင်း ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေးဗွီဒီယိုတွေ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေ ဆွေးနွေးတင်ပြခြင်းနဲ့ သရုပ်ပြခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဗုံးခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၂၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
👍172
■​ဆောင်းပါး

သမ္မတ ဝတ်ရုံက မင်းအောင်လှိုင်ကို
မကာကွယ်နိုင်ပါ

သော်မွန်/People’s Spring

မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အနာဂတ်တွေကို နင်းခြေဖျက်ဆီးပြီး နိုင်ငံတော်သမ္မတရာထူးကို စစ်အာဏာသိမ်းအပြီး ၅ နှစ်ကျော်အကြာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရယူသွားပါပြီ။

လူ့လောကထဲရောက်ရှိလာတာ ရက်ပိုင်း၊ လပိုင်းသာရှိသေးတဲ့ ကလေးငယ်တွေကအစ ကိုယ်ဝန်
ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေပါမချန် မြေပြင်ကသာမက ဝေဟင်ကပါ ပြီးခဲ့တဲ့ ၅နှစ်အတွင်း အကြိမ်ကြိမ်ဗုံးကြဲသတ်ဖြတ်မှုတွေရဲ့ အဓိကတာဝန်အရှိဆုံး အာဏာသိမ်းခေါင်းဆောင် မင်း​အောင်လှိုင်က ပုဆိုး၊စတစ်​ကော်လံအီကျ်ီ နဲ့ခေါင်းပေါင်းတိုက်ပုံလဲဝတ်လိုက်ရုံ၊ သမ္မတဘွဲ့ထူးအမည်ခံလိုက်ရုံနဲ့ သူ ကျူးလွန်သမျှသော စစ်ရာဇဝတ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေက လွှင့်စင်ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အလားတူပဲ အရပ်သားအစိုးရအမည်ခံ မင်းအောင်လှိုင် ဆက်လက်ဦးဆောင်
မယ့် အသွင်ပြောင်းစစ်အုပ်စုလက်ထက်မှာ နိုင်ငံ
ရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်
ထွန်းပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက အခိုင်အမာယုံကြည်ကြပါတယ်။

စစ်အာဏာသိမ်းမှု ၅ နှစ်စွန်းစွန်းမှာ မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံယိုယွင်းပျက်စီးခဲ့ပြီး ပြည်သူ
လူထုအားလုံး ဆင်းရဲဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြရပါတယ်။အဲဒီလိုဖြစ်ခဲ့ရခြင်းတွေရဲ့လက်
သည်တရားခံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါ။ သူကပဲ သမ္မတအနေနဲ့ နိုင်ငံကို ဆက်လက်ချုပ်ကိုင်ဖို့ ပြင်ဆင်လာတာက ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတိုးတက်ပြောင်းလဲလာမှာ မဟုတ်သလို နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေလည်း ရရှိလာမှာမဟုတ်ဘူးလို့ စောင့်ကြည့်လေ့လာသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။

“သူ(မင်းအောင်လှိုင်)ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့်၊ သူ့ရဲ့အာဏာလောဘဇောကြောင့် တိုင်း
ပြည်ဟာ တကယ့်ကိုမှ အထွေထွေအကျပ်အ
တည်း၊ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနွံထဲမှာ နစ်နေရတယ်။ အခု သူသမ္မတဖြစ်လာပေမယ့်လို့ သူ ဘယ်
လိုအကြောင်းနဲ့မှ သူရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်ဗျ။ ဘယ်လိုပဲ အရေခွံလဲလဲ စစ်ရာဇဝတ်ကောင်က စစ်ရာဇဝတ်ကောင်ပဲ”လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အား
စု-GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။

ဆက်လက်ပြီးသူက“ဒီစစ်ရာဇဝတ်ကောင်ကြောင့် ဖြစ်လာတဲ့ တိုင်းပြည်ရဲ့ ပြဿနာအဝဝဟာ သူရှိနေသရွေ့၊ ဒီစစ်အုပ်စု ရှိနေသရွေ့ ဘယ်လိုမှ ဖြေရှင်းလို့ ရမှာမဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်ဗျ”လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်အုပ်စု လိုလားသူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံတော်သမ္မတဖြစ်လာတာနဲ့ ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊​ မြန်မာပြည်သူတွေရဲ့ အခွင့်အလမ်းသစ်တွေကို သယ်
ဆောင်ပေးလာမယ်လို့ ဝါဒဖြန့်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စစ်တပိုင်းအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်ကလို ပြောင်းလဲမှုတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာမယ်လို့ နှိုင်းယှဥ်ကြတာလည်း ရှိပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်သမ္မတလက်ထက်မှာ ဒီမိုကရေစီအသွင်ကူး
ပြောင်းရေးအတွက် လုပ်ဆောင်ခဲ့မှု တချို့ရှိတာ မှန်ပေမယ့် အဲဒီအခင်းအကျင်းနဲ့ လက်ရှိ မင်းအောင်လှိုင်ဗဟိုပြု စစ်အုပ်စုအစိုးရနဲ့က များစွာ ကွာခြားတယ်လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။ “လူရော မူရော တခြားစီပါ”လို့ သူက သုံးသပ်ပါတယ်။

စစ်အာဏာရှင်သန်းရွှေက တိုင်းပြည်ကို ၁၉ နှစ်ကြာ အုပ်ချုပ်ပြီး သူ့တပည်စစ်ဗိုလ်ချုပ်တွေဆီ အာဏာဖြန့်ဝေလွှဲအပ်ကာ အာဏာဗဟိုကနေ ဆုတ်ခွာခဲ့ပါတယ်။အာဏာရှင်လက်သစ် မင်းအောင်လှိုင်ကတော့ အာဏာအလုံးစုံကို သူ့ဆီမှာပဲ စုစည်းထားပြီး အမည်ပြောင်းအစိုးရအဖြစ် တိုင်း
ပြည်ကို ဆက်လက်အုပ်ချုပ်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ နိုင်ငံရေးသမားတွေ၊ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တကယ်တမ်းလည်းမင်းအောင်လှိုင်ဟာ အာဏာ
ရှင်သန်းရွှေကို အားကျအတုယူတာမဟုတ်ဘဲ သွားလေသူအာဏာရှင်နေဝင်းကို အားကျအတုယူလုပ်ဆောင်နေတာ တွေ့ရတယ်လို့ စစ်ရေး-နိုင်ငံ
ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။ မကြာသေးမီက မင်းအောင်လှိုင်ဟာ သူ ၁၅ နှစ်ကြာရယူခဲ့တဲ့ တပ်ချုပ်ရာထူးကို လူတပည့်ရင်းလူယုံ ရဲဝင်းဦးကို လွှဲပေးခဲ့တာကို စစ်ရေး-နိုင်ငံရေးအကဲ
ခတ်ကဥပမာပေးပါတယ်။အာဏာရှင်နေဝင်းလက်
ထက်ကလည်း သူတစ်ဦးတည်းဆီမှာ အာဏာယူ
ထားပြီး သမ္မတရာထူး၊ တပ်ချုပ်ရာထူးတွေကို တစ်ဦးပြီးတစ်ဦး ပြောင်းလဲ ပေးအပ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ တပ်ချုပ်ရာထူးကို ဘယ်သူ့ကိုပဲ ပေးပေး၊ လက်တွေ့အာဏာကတော့ သူ့ဆီမှာ ထားရှိတယ်လို့ ဆိုပါတယ်။

“အခုလည်း မင်းအောင်လှိုင်က သမ္မတဆက်ယူ
ထားပြီးရင် ကာကွယ်ရေးဦးစီးချုပ်က သူ့အောက်ကပဲ ဖြစ်မှာ၊ အဲ့လိုဆက်ကိုင်ထားမှာပဲ”လို့ အထက်
ပါစစ်ရေး-နိုင်ငံရေးအကဲခတ်က မှတ်ချက်ပြုပါတယ်။
👍207😁4
၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အမတ် ဦးစည်သူမောင်ကလည်းမင်းအောင်လှိုင် သမ္မတမဖြစ်ခင်နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကာလအတွင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေကို ကြည့်ရင် ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ရေး ယန္တရားကို ပိုမိုပီပြင်လာစေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။ သေချာတာကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ရှိအပြောင်းအလဲဟာ ၂၀၁၀-၁၁ model(ပုံစံ)မဟုတ်ဘူးလို့ ဦးစည်သူမောင်က ဆိုပါတယ်။

“အဲဒီအနေအထားတစ်ခုမှာ တိုင်းပြည်ကတော့ ကောင်းလာဖို့ မရှိဘူး”လို့သူကဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ မဏ္ဍိုင်သုံးရပ်အထက် ကျော်လွန်တဲ့အာဏာတမျိုးကိုပါ ထူထောင်ဖို့ ကြိုးစားနေတဲ့အပြင် မဏ္ဍိုင်သုံးရပ်ရော စစ်တပ်အမိန့်ပေးစေခိုင်းမှု ယန္တရားတခုလုံးရောရဲ့ အထက်မှာပါ ရှိနေတဲ့ အာဏာမျိုးကို တည်ဆောက်ဖို့ ကြိုးစားနေတာတွေ့ရတယ်လို့ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူ မငြိမ်းငြိမ်းပြည့်က သုံးသပ်ပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ စစ်တပ်ကိုယ်တိုင်ရေးဆွဲခဲ့ပြီး သူတို့ကာကွယ်စောင့်ရှောက်မယ်လို့ကြွေးကြော်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တောင် မညီတဲ့ ကျူးလွန်မှုဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

မင်းအောင်လှိုင်ဟာ လွှတ်တော်တွေ မခေါ်မီ လပိုင်းအလိုမှာပဲ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ကြိုတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါ အသုံးအနှုန်းတွေ အငြင်းပွားမှုရှိလာချိန်မှာ အဆုံးအဖြတ် အဓိပ္ပာယ်ဖွင့်ဆိုပေးရတဲ့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေနဲ့ပတ်သက်လို့လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့စိတ်ကြိုက် ပြင်ဆင်ခဲ့ပါတယ်။

ဒီအခင်းအကျင်းကိုကြည့်ရင် မင်းအောင်လှိုင်ဟာ တပ်ချုပ်အာဏာက ဆင်းတာ၊ စွန့်တာ မဟုတ်ဘဲ ပိုမြင့်တဲ့ဆီ တက်လှမ်းဖို့၊ အာဏာအစွမ်းကုန် ဆုပ်ကိုင်ဖို့ ကြံရွယ်တာဖြစ်တယ်လို့ မငြိမ်းငြိမ်း
ပြည့်က သုံးသပ်ပါတယ်။ တကယ်တော့ ဒီရွေး
ကောက်ပွဲ၊ ဒီလွှတ်တော်၊ ဒီအသွင်ကူးပြောင်းမှု၊ ဒီရာထူးအမည်နာမတွေ အားလုံးက အတုအယောင်တွေချည်းပဲဆိုတာ အားလုံးသိပြီးဖြစ်ကြောင်းနဲ့ အာဏာလွှဲပြောင်းတာလည်း မဟုတ်၊ အသွင်ကူးပြောင်းတာလည်း မဟုတ်၊ စစ်တပ်ရဲ့ကြီးစိုးဖိနှိပ်မှုကို နိုင်ငံရေးအရ အကာအကွယ် အခွံအမျိုးမျိုးအောက်မှာ ပြန်တည်ဆောက်နေတာသာဖြစ်
ကြောင်း သူမက ဆက်ပြောပါတယ်။

“ဒါက စစ်မှန်တဲ့ အသွင်ကူးပြောင်းမှု လုံးဝ (လုံးဝ) မဟုတ်ဘူး”လို့ မငြိမ်းငြိမ်းပြည့်က အခိုင်အမာဆိုပါတယ်။ တချို့ Think-tank(နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးအကြံပေးအဖွဲ့)တွေ ဝါဒဖြန့်ချိ၊ ရောင်းနေကြသလို ‘မင်းအောင်လှိုင်သမ္မတဖြစ်လာတာ’
က ‘ဦးသိန်းစိန် 2.0’ ဆိုတာလည်း မဟုတ်ဘူးလို့ သူမကတုန့်ပြန်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တပ်ချုပ်အဖြစ် သက်တမ်းလွန်နေခဲ့တာ၊ သမ္မတရာထူးကို မက်မောတာ၊ ရနိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး စစ်အုပ်စိုးမှုကို သက်ဆိုးရှည်အောင် ဆွဲဆန့်တာ စတဲ့ အာဏာရူးတာတွေက သူ့မှာ သူ့စီနီယာအာဏာရှင်လို အာဏာကနေ ဘေးကင်းကင်း ထွက်နိုင်တဲ့အရည်အချင်း မရှိမှု၊မလုံခြုံမှု၊ အကြောက်တရားနဲ့၊ သူကိုယ်တိုင်အခွင့်ထူးခံသလို သူကလည်း ပြန်အလုပ်အကျွေးပြုနေတဲ့ စစ်ခရိုနီအရင်းရှင်စနစ် ရှင်သန်ရေးလိုအပ်ချက်တွေနဲ့ သူ့ရာဇဝတ်ပြစ်မှုတွေကြောင့် ဖြစ်တယ်လို့ အထက်
ပါ လူမှုတရားမျှတရေးရပ်တည်လှုပ်ရှားသူက သုံးသပ်ပါတယ်။

စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ ကိစ္စအဝဝကို သူတို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ စီမံဖန်တီးချင်တဲ့ သဘောဆန္ဒကို တွေ့ရပြီး အဲဒီအခြေအနေကို ဘယ်လိုအနေအထားနဲ့မှ ပြည်
သူလူထုက ခွင့်ပြုလိမ့်မှာမဟုတ်ဘူး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မင်းအောင်လှိုင်က စစ်မျက်နှာဖုံးချွတ်ပြီး သမ္မတမျက်နှာဖုံးနဲ့တက်လာလည်း တိုင်းပြည်ရဲ့ ပြဿနာတွေက ပြေလည်သွားမယ်၊ အေးချမ်းသွားမယ်လို့ သူ မယူဆကြောင်း ပြောပါတယ်။

“ဒီပြဿနာတွေ ဆက်ရှိနေဦးမယ်။ စီးပွားရေးအရပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊​ နိုင်ငံတကာဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ အခြားပြဿနာပေါင်းစုံ ဆက်ရှိနေလိမ့်မယ်။​ အဲဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ မယူဆပါဘူး။

တဖက်မှာ တော်လှန်ရေးအခြေအနေက ဆက်တည်ရှိနေမှာဖြစ်ပြီး လက်ရှိတော်လှန်ရေးက ရှေ့ကို တနေ့ပြီး တနေ့ ရှေ့ကို ဆက်တိုးနေတယ်လို့ DPNS ဥက္ကဋ္ဌက မှတ်ချက်ပြုပါတယ်။ “ဒီတော်လှန်တဲ့ အနေအထားက ချက်ချင်းကြီး ကျိုးကြေသွားတဲ့အခြေအနေ လုံးဝမဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်တဲ့နယ်မြေမှာ အုပ်ချုပ်ရေးစနစ်တွေ ပိုပြီး ပီပြင်လာအောင် ကြိုးစားနေပြီး လူထုအပေါ် ဝန်ဆောင်မှု ပေးဖို့တွေ စနစ်ကျလာဖို့ ကြိုးစားနေတာ တွေ့ရကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစည်သူမောင်က ပြောပါတယ်။
👍256