မန္တလေးမှာ အိုးဝေမောင်းသူတစ်ဦး ဓားနဲ့ တိုက်ခိုက်လုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ
ဧပြီ-၄၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီ ၄ ရက် မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၅၂ လမ်းထောင့်အနီးမှာ အိုးဝေမောင်းနှင်သူတစ်ဦးကို လူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူအချို့က ပြောပါတယ်။
"အိုးဝေမောင်းသူ ဂုတ်၊ဝမ်းဗိုက် ဒဏ်ရာတွေရသွားတယ်။ စိုးရိမ်ရတယ်။ အိုးဝေဘီးတော့ ပါမသွားဘူး"လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
လုယက်မှုဖြစ်စဥ် အသေးစိတ်မသိရသေးဘဲ လုယက်သူဟာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့လို့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။
အခင်းဖြစ်ပွားရာ ရဲမွန်တောင်ရပ်ကွက်ဟာ ခြံဝန်းအကျယ်ကြီးများရှိပြီး လူနေကျဲပါးတဲ့အပြင် လမ်းအသွားအလာ ရှင်းလင်းတဲ့ နေရာများဖြစ်လို့ သတိပြုသွားလာသင့်ကြောင်း မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ မန္တလေးမြို့ပေါ်မှာတင် ဓါးပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး သုံးဘီးယာဥ်တွေပါ လုယက်ခံနေရတာဖြစ်ပါတယ်။ သုံးဘီးယာဥ်တွေကို ခရီးသည်အယောင်ဆောင်ကာ ငှားရမ်းပြီး လူပြတ်တဲ့နေရာရောက်မှ ရိုက်နှက်ကာ လုယက်တာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

🤬33😱5🔥3❤2👍2👎2
တိုက်ပွဲတွေမှာ ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ အရာရှိ စစ်သည် ၃၄၀ ကျော်ကို TNLA ဂုဏ်ပြု
ဧပြီ-၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ တအာင်းတပ်မတော်(PSLF/TNLA) အရာရှိ၊ အရာခံတွေ ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲ ကျင်းပခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ဂုဏ်ပြုပွဲကို မတ်လ ၃၀ရက်က မန်တုံမြို့မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။ အခုလို ဂုဏ်ပြုပွဲ ကျင်းပတာဟာ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များရဲ့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုတာ၊ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီတာ စတာတွေ အတွက် ရည်ရွယ်ကျင်းပခဲ့တာလို့ ဖော်ပြပါတယ်။
တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ အရာရှိ အရာခံ။ ရဲဘော် စုစုပေါင်း ၃၄၉ဦးရှိရာ ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။
တအာင်းပြည်တည်ထောင်ရေးလုပ်ငန်းစဉ်မှာ အခက်အခဲများနဲ့ ကြီးမားတဲ့ အရင်းအနှီးများ ရင်ဆိုင်ခဲ့ရကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က အခမ်းအနား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များအတွက် တွေ့ဆုံပွဲများ စီစဉ်ပေးခဲ့တဲ့ စစ်ဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့တဲ့အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအနေဖြင့် ပညာရေးနဲ့ နည်းပညာပိုင်းများတွင် ဆက်လက်သင်ယူ တိုးတက်ဖို့လိုကြောင်းပြောကြားကာ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခိုင်ခိုင်နေထိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
TNLA စစ်ဦးစီးချုပ် တားဟိုပလာန်ကလည်း တော်လှန်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များဟာ တအာင်းသူရဲကောင်းများဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးဒဏ်ရာရသူတွေရဲ့ ပေးဆပ်မှုတွေဟာ တအာင်းလူမျိုးတစ်မျိုးလုံးအတွက် ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောကြားပြီး အဲဒီ သူရဲကောင်းတွေကို ဆက်လက် ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။
TNLAဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ပြီး ညီနောင်မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး အပိုင်း(၁)နဲ့ (၂) အတွင်း မြို့နယ် ၁၂ခုနဲ့ စစ်ကောင်စီ တပ်စခန်းရာချီကို TNLAက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ နှစ်လယ်ပိုင်းမှာ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှု၊ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး မြေပြင်ထိုးစစ် စတာတွေကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၂၅ အောက်တိုဘာ လကုန်ပိုင်း အပစ်ရပ်စဲရေး သဘောတူညီချက်အရ TNLA သိမ်းထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၂၆ ဖေဖော်ဝါရီမှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)နဲ့ နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့ရာ မတ်လမှာ MNDAAက ထိုးစစ်ဆင်ခဲ့လို့ ကွတ်ခိုင်မြို့ကိုလည်း TNLAက လက်လွှတ်ခဲ့ရပါတယ်။ ညီနောင်မဟာမိတ် အချင်းချင်းအပစ်ရပ်စဲရေး ဆွေးနွေးလုပ်ဆောင်နိုင်ခဲ့ပေမယ့် ကွတ်ခိုင်ကို MNDAAက ထိန်းချုပ်ခဲ့သလို မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းက TNLA တပ်စခန်းတွေကိုလည်း MNDAAက ဝင်ရောက်နေရာယူခဲ့ပါတယ်။
PSLF/TNLA အနေဖြင့် တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးဟူသော ရည်မှန်းချက်များကို ယနေ့တိုင် ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းလျက်ရှိပြီး ယနေ့ရရှိထားသည့် အခြေအနေများဟာ ခေါင်းဆောင်များ၊ အရာရှိ၊ အရာခံများ၊ ရဲဘော်နဲ့ ရဲမေတွေရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါများပေးဆပ်ကာ ဆောင်ရွက်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုများရဲ့ ရလဒ်ဖြစ်ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဲဒါကို မမေ့မလျော့ဖို့၊ အဲဒီလို အနစ်နာခံမှုများကို အခြေခံပြီး တအာင်းတစ်မျိုးသားလုံးရဲ့ မျှော်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

❤33👍8💩6🔥3🥰1
■ရုပ်ရှင်ခံစားမှု
အာဏာရှင်ရဲ့ကြောက်စိတ်
The Last King of Scotland (၂၀၀၆)
၁၉၇၀ ပြည့်လွန်နှစ်များမှာ စကော့တလန်သား ဆရာဝန်လေး နီကိုလပ်စ်ဟာ သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ဖို့ ယူဂန်ဒါနိုင်ငံကို ပရဟိတဆရာဝန်အဖြစ် ထွက်လာခဲ့ပါတယ်။ သူရောက်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီး အီဒီအာမင် က အာဏာသိမ်းလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အီဒီအာမင် စီးနင်းလာတဲ့ ကားဟာ နွားတစ်ကောင်နဲ့ တိုက်မိပြီး အီဒီအာမင် ဒဏ်ရာရသွားပါတယ်။ နီကိုလပ်စ်က သူ့ကို ကုသပေးခဲ့ရုံတင်မကဘဲ အီဒီအာမင်ရဲ့ သေနတ်ကိုယူပြီး နာကျင်အော်ဟစ်နေတဲ့ နွားကို ပစ်သတ်လိုက်တဲ့ သတ္တိကို အီဒီအာမင်က သဘောကျသွားပါတယ်။ စကော့တလန်ကို အထင်ကြီးတဲ့ အီဒီအာမင်ဟာ နီကိုလပ်စ်ကို သူ့ရဲ့ "ကိုယ်ပိုင်ဆရာဝန်" အဖြစ် ခန့်အပ်ပြီး မြို့တော်ကန်ပါလာကို ခေါ်သွားပါတယ်။
နီကိုလပ်စ်ဟာ အစပိုင်းမှာ အီဒီအာမင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေ၊ လက်ဆောင်ပေးတဲ့ ကားကောင်းတွေနဲ့ ခမ်းနားတဲ့ ပါတီပွဲတွေကြားမှာ နစ်မျောသွားပါတယ်။ သူဟာ အာဏာရှင်ရဲ့ ယုံကြည်ရဆုံးလူ ဖြစ်လာပြီး နိုင်ငံရေးအကြံပေးသလိုမျိုးအထိ နေရာပေးခံရပါတယ်။
သူဟာ ယူဂန်ဒါကို ရောက်စမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ လာတာလို့ ဆိုပေမဲ့၊ အီဒီအာမင်က သူ့ကို စည်းစိမ်ဥစ္စာတွေ၊ ကားကောင်းတွေ၊ ပါတီပွဲတွေနဲ့ မြှူဆွယ်တဲ့အခါမှာတော့ အလွယ်တကူပဲ သာယာသွားခဲ့ပါတယ်။ နီကိုလပ်စ်ဟာ အာဏာရှင်ရဲ့ ရက်စက်မှုတွေကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက် အဆင်ပြေရင်ပြီးရောဆိုတဲ့ "အခွင့်အရေးသမား"စိတ်ဓာတ်ဖြစ်လာခဲ့တယ်။
ဒါ့အပြင် အိုင်တွေ့တိုင်း ခြေဆေးချင်တတ်ပြန်တဲ့ နီကိုလပ်စ်ဟာ ရာဇဝတ်အိုးကိုမှ တုတ်နဲ့သွားထိုးပြန်ပါတယ်။ အီဒီအာမင်ရဲ့ အပယ်ခံဇနီးသည် ကေးနဲ့ လူမှုရေးဖောက်ပြန်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ နီကိုလပ်စ်ဟာ အီဒီအာမင်ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံအစစ်ကို မြင်လာရပါတယ်။ အီဒီအာမင်ဟာ သူ့ကို ဆန့်ကျင်တယ်လို့ သံသယရှိသူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းတာ၊ ဝန်ကြီးတွေကို အစည်းအဝေးခန်းထဲမှာတင် နှိပ်ကွပ်တာတွေကို တွေ့လာရပါတယ်။ နီကိုလပ်စ်က တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ အီဒီအာမင်က သူ့နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းပြီး အကျပ်ကိုင်ထားပါတယ်။
ငါက နိုင်ငံရေးနဲ့ မဆိုင်ပါဘူး၊ ငါ့အလုပ် ငါလုပ်တာပဲ" ဆိုပြီး အာဏာရှင်စနစ်အောက်မှာ ပျော်မွေ့နေသူတွေဟာလည်း နောက်ဆုံးမှာတော့ အပြစ်မဲ့သူတွေ သေဆုံးမှုမှာ "လက်ပါးစေ" တွေ ဖြစ်သွားတတ်တယ်ဆိုတာကို နီကိုလပ်စ်က ဖော်ပြနေတာ ဖြစ်ပါတယ်။ နီကိုလပ်စ် အာဏာရှင်လက်ထဲကနေ ဘယ်လိုများ လွတ်မြောက်မလဲ။
အီဒီအာမင်အဖြစ် သရုပ်ဆောင်တဲ့ Forest Whitaker ရဲ့ သရုပ်ဆောင်ချက်ဟာ ဒီကားရဲ့ အသက်ပါ။ သူဟာ အီဒီအာမင်ကို ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တဲ့ လူကြီးတစ်ယောက်လို အစပိုင်းမှာ ပြသခဲ့ပေမဲ့၊ မျက်မှောင်တစ်ချက်ကြုတ်လိုက်ရုံနဲ့တင် ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံက ပီပြင်လွန်းပါတယ်။
ဇာတ်ကားထဲမှာမပါတဲ့ အီဒီအာမင်ရဲ့ လက်ကျန်ရက်တွေကတော့ ၁၉၇၉ ခုနှစ်မှာ တန်ဇန်းနီးယားတပ်မတော်နဲ့ ယူဂန်ဒါပြည်ပြေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီဒီအာမင်ဟာ အာဏာကနေ ပြုတ်ကျပြီး တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။
သူဟာ လစ်ဗျားနိုင်ငံကို အရင်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဆော်ဒီအာရေဗျနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။ သူဟာ မိခင်နိုင်ငံ ယူဂန်ဒါကို ဘယ်တော့မှ ပြန်ခွင့်မရတော့ဘဲ ၂၀၀၃ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံမှာပဲ အထီးကျန်စွာနဲ့ ရောဂါဝေဒနာခံစားရင်း သေဆုံးသွားခဲ့ပါတယ်။
အီဒီအာမင်ကိုကြည့်ရင်း ကျွန်တော်တို့ဆီက စစ်ခေါင်းဆောင်ကို မြင်နေမိတယ်။ အီဒီအာမင်ဟာ သူ့ဘေးနားက ယုံကြည်ရတဲ့သူတွေကိုတောင် "ငါ့ကို လုပ်ကြံတော့မလား" ဆိုတဲ့ သံသယနဲ့ အမြဲစောင့်ကြည့်ပြီး သတ်ဖြတ်တတ်ပါတယ်။ မင်းအောင်လှိုင်ဟာလည်း သူ့ရဲ့ စစ်ဗိုလ်ချုပ်အချင်းချင်းအပေါ် မယုံကြည်မှုတွေကြောင့် ခဏခဏ ရာထူးကဖယ်ရှားတာတွေ လုပ်လေ့ရှိတာဟာ အာဏာရှင်တွေရဲ့ အထီးကျန်တဲ့ ကြောက်စိတ်ချင်း တူနေတာပါ။
အီဒီအာမင်ဟာ သူ့ကို တစ်ယောက်ယောက်က အဆိပ်ခတ်သတ်မှာ၊ ဒါမှမဟုတ် သေနတ်နဲ့ပစ်သတ်မှာကို အမြဲစိုးရိမ်နေသူပါ။ ညစာစားပွဲတစ်ခုအပြီးမှာ အီဒီအာမင်ဟာ ဗိုက်ထဲကနေ ပြင်းထန်စွာ အောင့်လာပြီး အော်ဟစ်ညည်းညူပါတော့တယ်။ သူဟာ တကယ့်ကို သေအံဆဲဆဲ ဝေဒနာခံစားနေရသလို ပုံစံမျိုးနဲ့ ကုတင်ပေါ်မှာ လူးလိမ့်နေတာပါ။ သူ့ကို တစ်ယောက်ကအဆိပ်ခတ်လိုက်ပြီထင်နေတာ။ ဆရာဝန် နီကိုလပ်စ် ရောက်လာပြီး စစ်ဆေးတဲ့အခါမှာတော့ ဒါဟာ အဆိပ်ခတ်ခံရတာ မဟုတ်ဘဲ အစားအသောက် အလွန်အကျွံစားမိလို့ဖြစ်တဲ့ လေပွနေတာကို သိလိုက်ရပါတယ်။ သူ့ရဲ့ကြောက်စိတ်က လေပွတာကိုတောင် အဆိပ်ခတ်ခံရတယ်ထင်တာ။
စစ်ခေါင်းဆောင်ဟာ အခုဆိုရင် အသက် (၇၀) နီးပါး ရှိနေပြီဖြစ်သလို၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်စစ်တွေ ကြုံတွေ့နေရတာ၊ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်နေတာတွေကြောင့် ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားနေရမှာ အသေအချာပါပဲ။

👍21❤5🤣1
စစ်ခေါင်းဆောင်ကော အီဒီအာမင်လိုပဲ လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ကောင်းကောင်းအိပ်ပျော်ပါရဲ့လား။ ပတ်ပတ်လည်က စစ်တပ်အသိုင်းအဝိုင်းကိုကော စိတ်ချပါရဲ့လား။ အထူးစိတ်ပူမိပါရဲ့။ ။
👍29😁3❤1
လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်
ဧပြီ ၄၊၂၀၂၆။ သုည/People's Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
အရာတော်မြို့နယ်အတွင်း ကျောင်းသားထုနဲ့ ပြည်သူလူထုအား လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ် အသိပညာပေးဗွီဒီယိုတွေ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းတွေ ဆွေးနွေးတင်ပြခြင်းနဲ့ သရုပ်ပြခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဗုံးခိုကျင်းတည်ဆောက်ပုံ၊ လေကြောင်းအန္တရာယ်အသိပညာပေး ပန်းဖလက်အစောင်ရေ (၂၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤26👍10🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဧပြီ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြိုင်နဲ့ ပေါက်နယ် အစပ်ကို စစ်တပ်ဗုံးကြဲရာ PDF ရဲဘော် ၅ဦး ကျဆုံး
စစ်တပ်က မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ် အစပ်ကို တိုက်လေယာဉ် ၅ စီးနဲ့ ဒီနေ့ ဧပြီ ၄ရက် ညနေမှာ ဗုံးကြဲသွားတာကြောင့် တော်လှန်ရေးရဲဘော် ၅ဦး ကျဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ကြဲချတဲ့ နေရာက PDFတပ်ရင်းတွေ အင်အားချထားတဲ့ နေရာဖြစ်ပြီး ဒီနေ့ ညနေပိုင်း ကနဦးအတည်ပြုစာရင်းအရ PDF ရဲဘော် ၅ ဦး ကျဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ မြိုင်နဲ့ ပေါက်နယ်တို့မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ဧပြီ ၂ရက်နဲ့ ၃ရက်တို့မှာ NUGအစိုးရ နဲ့ မကွေး ဖက်ဒရယ်ယူနစ်အစိုးရတို့အကြား ဆွေးနွေးခဲ့ကြပြီး ဒီနေ့မှာ စစ်တပ်က လေယာဉ်၅စီးနဲ့ လေကြောင်းကနေ ၁၀ကြိမ်ထက်မနည်းဗုံးကြဲခဲ့တာလို့ သိရပါတယ်။ မြိုင်နဲ့ ပေါက်နယ်အစပ်မှာ အချင်းအချင်းညှိုနှိုင်းမှုပြုလုပ်ချိန် NUG ဘက်က PDF ခရိုင်တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအင်အားချထားတဲ့နေရာကို စစ်တပ်က အခုလို တိုက်လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ PDF ရဲဘော်တစ်ဦးကလည်း စစ်တပ်က PDF တပ်ရင်းတွေတပ်ချထားတဲ့နေရာတွေကို တိုက်လေယာဥ်တွေနဲ့ ဗုံးလာကြဲတာဖြစ်ပြီး မကွေးဖက်ဒရယ်ယူနစ်တပ်ဖွဲ့တွေတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
◾️မြင်းခြံနယ် စစ်တပ်စီးနင်းမှု ပြည်သူ ၇ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။ ဧပြီ ၂ရက် မနက် ၇နာရီမှာ နဘူးအိုင်ကျေးရွာကို မီးရှို့နေတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ ဖက်ပင်အိုင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပစ်သတ်ခဲ့တယ်လို့ မြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဝင်လာချိန် ထွက်ပြေးတဲ့ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး ဒရုန်းနဲ့ပါ ဗုံးတွေချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ် အဖိုးအိုတစ်ဦးအပါအဝင် နောက်ထပ် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့တာပါ။ စစ်တပ်ဗုံးထိလို့ အသက် ၆၃ နှစ်အရွယ် မိခင်ကို သွားသယ်စဥ် ထပ်မံ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးလည်း သေဆုံးတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ ကျေးရွာအတွင်း ပြည်သူတွေ ပိတ်မိနေပြီး ဗုံးထိထားတဲ့ ဒဏ်ရာရပြည်သူတွေ ဆေးကုသခွင့်မရတာကြောင့် မနက် ၁၁နာရီလောက်မှာ မြင်းခြံခရိုင်တပ်ရင်းတွေအပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်တွေက ပြည်သူတွေကို ကယ်ထုတ်ဖို့ ဝင်ရောက်ချိန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရပြည်သူတွေကို ရသလောက် ကယ်ထုတ်ပြီးတဲ့အချိန်၊ နောက်ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလိုက်ချတာလို့ မြင်းခြံမြို့နယ်ပကဖ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ ဒရုန်းနဲ့ ဗုံးချခံရမှုမှာ ရဲဘော် ၃ဦး ထိမှန်ပြီး ၂ဦးကျဆုံးကာ တစ်ဦးကို ဆေးကုသနေတယ်လို့ သိရပါတယ်။
◾️အာရှလမ်းရှိ စစ်တပ်နဲ့ BGF ဂိတ်တွေက ကျပ်သောင်းဂဏန်းအထိ တောင်းယူ
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိ တောင်းခံနေတယ်လို့ ခရီးသွားတချို့ဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပြီး နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဧပြီ ၂ ရက်မှာ အခမ်းအနားနဲ့ဖွင့်ခဲ့တာပါ။ အာရှလမ်းတလျှောက်မှာ ဘယ်ဂိတ်စခန်းကိုမှ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်အနီး၊ အာရှလမ်းမပေါ်က ဖားချောင်းရွာ စစ်တပ်ဂိတ်မှာ ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဖားချောင်းရွာစစ်တပ်ဂိတ်မှာ ခရီးသွားကားတွေကို ခရီးသွားတစ်ဦး ကျပ်တစ်သောင်းနှုန်းနဲ့ တောင်းယူနေတာပါ။
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီဖွဲ့စည်းမှုကို ချင်းညီနောင်စစ်ဦးစီးချုပ် အကောင်းမြင်

❤17👍5
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုဟာ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက်အရ ဖွဲ့စည်းလာတဲ့ အစုအဖွဲ့လို့ မြင်ကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေ ရှာဖွေပွဲ တော်လှန်ရေးခေါင်းဆောင်များနဲ့ စကားဝိုင်းမှာ ချင်းညီနောင်စစ်ဦးစီးချုပ်က အခုလို မှတ်ချက်ပြု ပြောကြားခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ KNU၊ KIO၊ KNPP၊ CNFစတဲ့ K3C စုစုပေါင်း ခြောက်ဖွဲ့ ဦးဆောင်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ စတင်ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့တဲ့အပေါ် ချင်းညီနောင် အနေနဲ့ ဖြစ်စေ ပုဂ္ဂိုလ်ရေးအမြင်ဖြစ်စေ သဘောထားမှတ်ချက်ပြောကြားပေးဖို့ မေးမြန်းမှုအပေါ် အကောင်းမြင်တယ်လို့ ဖြေကြားပါတယ်။ နွေဦးတော်လှန်ရေးက နိုင်ငံရေးကြောင့်ဖြစ်လာတာဖြစ်လို့ အခု ဦးဆောင်ကော်မတီဟာ လိုအပ်ချက်အရ၊ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိုင်းဖို့အတွက်လည်း လိုအပ်လာလို့ စုဖွဲ့ခဲ့တာလို့ မြင်ကြောင်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။ စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ULA/ AAနဲ့ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးရှိသလို KIO/KIA နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်းနဲ့ ဆက်လက်ပြီး ပိုမိုခိုင်မာတဲ့ စစ်ရေး၊နိုင်ငံရေး၊ လူမှုရေး ဆက်ဆံရေး တည်ဆောက်သွားနိုင်ဖို့ ကြိုးစားနေကြောင်း အသိပေးခဲ့ပါတယ်။
◾️စစ်ကောင်စီတပ်သားသစ် ၂ဦး လက်နက်တွေယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်
မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။ အလင်းဝင်လာသူနှစ်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ် ဖော်ပြမထားပေမယ့် အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ၂ဦးဟာ အပတ်စဉ်(၁၆)က တပ်သား သစ်တွေဖြစ်ပြီး MA1 နှစ်လက် ယူလာတယ်လို့ ဖော်ပြထားပါတယ်။ ရေးပြောက်ကျားတပ်ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းရှိနေပြီလို့ သိရပါတယ်။
◾️အငှားယာဥ်နဲ့ ကုန်တင်ယာဥ်တွေ ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ ပြင်ဆင်နေရ
အငှားယာဉ်နဲ့ ကုန်တင်ယာဥ်တွေကို ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးမယ်ဆိုလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ အမြန်ပြင်ဆင်နေရကြောင်း သတင်းရရှိပါတယ်။ Taxiယာဉ်တွေ၊ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ် တွေကို တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားခဲ့ရာမှာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ရက်ကစပြီး ပြောင်းလဲလိုက်တာပါ။ စနစ်သစ်အရ ၅ ကီလိုမီတာမောင်းနှင်မှုအတွက် ၁ လီတာနှုန်းဖြင့်သာ ဆီဖြည့်တင်းခွင့်ပြုမှာဖြစ်ကြောင်း၊ ကီလိုမီတာ တိုင်းတာတဲ့စနစ် ပျက်စီးနေတဲ့ ယာဉ်တွေအနေနဲ့ အမြန်ဆုံး ပြင်ဆင်ထားရမှာဖြစ်ကြောင်း စက်သုံးဆီဆိုင်တွေက အသိပေးပါတယ်။ နောက်တစ်ကြိမ် ဆီဖြည့်ချိန်မှာ ကီလိုမီတာ တိုးတက်မှုမရှိပါက ဆီဖြည့်တင်းခွင့်ပြုမှာမဟုတ်ကြောင်း ဆီဆိုင်တွေက ဆိုပါတယ်။ အဲဒီ စနစ်သစ်ကြောင့် ယာဉ်ပိုင်ရှင်တွေဟာ ကီလိုမီတာတိုင်းတဲ့စနစ်ကို ပြန်လည်တပ်ဆင်နေရလို့ ယာဉ်ပြင်ဆင်စရိတ်ကုန်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။
◾️မန္တလေးမှာ အိုးဝေမောင်းသူတစ်ဦး ဓားနဲ့ တိုက်ခိုက်လုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဧပြီ ၄ ရက် မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၅၂ လမ်းထောင့်အနီးမှာ အိုးဝေမောင်းနှင်သူတစ်ဦးကို လူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူအချို့က ပြောပါတယ်။ လုယက်မှုဖြစ်စဥ် အသေးစိတ်မသိရသေးဘဲ လုယက်သူဟာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့လို့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။ အခင်းဖြစ်ပွားရာ ရဲမွန်တောင်ရပ်ကွက်ဟာ ခြံဝန်းအကျယ်ကြီးများရှိပြီး လူနေကျဲပါးတဲ့အပြင် လမ်းအသွားအလာ ရှင်းလင်းတဲ့ နေရာများဖြစ်လို့ သတိပြုသွားလာသင့်ကြောင်း မြို့ခံတွေက ပြောပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က နယ်မြေမတည်ငြိမ်တဲ့ကြားက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒပြသပိတ်မှောက်ခဲ့ပါတယ်။
အရာတော်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းပြီး လေကြောင်း၊ မိုင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနဲ့ သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

❤15👍8😁2

👍17❤2