PNLA News&Info
1.51K subscribers
402 photos
12 videos
23 links
PNLAသတင်းစဉ်
Download Telegram
ဟန်းအိုလွမ်
===
ဟန်းအိုလွမ် သည် ပအိုဝ်းဘာသာစကားဖြစ်သည်။ ဟန်းအို သည် ဟင်း ဖြစ်ပြီး လွမ် သည် အထုပ် (ထုပ်) ဖြစ်သည်။ ဟန်းအိုလွမ် ကို မြန်မာပြန်သည့်အခါ ဟင်းထုပ် ဟူ၍ ဖြစ်လာသည်။

ဟင်းထုပ်သည် ပအိုဝ်းတို့၏ ရိုးရာအစားအသောက်တခုဖြစ်သည်။ တောင်ယာဆန်နီမှုန့် ၊ ကြက်သွန်မိတ် ငှက်ပျောရွက်တို့ကို အဓိက အသုံးပြုပြီး ပြုလုပ်ရသည်။ ဟင်းထုပ်ကို ကြူးမြှစ် ၊ ငရုတ်သီးဆီချက် စသည်များနှင့် တွဲဖက်စားသုံးကြသည်။

ပအိုဝ်းဓလေ့တွင် ဟင်းထုပ်သည် သာမန် ရိုးရာအစားအသောက်တခုထက်ပိုပါသည်။ ဟင်းထုပ်ကို မိသားစုဝင်များ ဆုံဆည်းရာတွင်လည်းကောင်း ၊အဝေးရောက် သားသမီးများ အိမ်ပြန်လာသည့်အခါတွင်လည်းကောင်း မိဘများက ပထမဦးဆုံး သားသမီးများကို လုပ်ကျွေးသည့် အစားအစာဖြစ်သည်။ ထိုဟင်းထုပ်ကို မိသားစုစုံစုံလင်လင်ဖြင့် ဝိုင်းဖွဲ့စားသောက်ကာ အလွမ်းသယ်ကြ စကားဖောင်ဖွဲ့ကြသည်။

ဆိုရသော် ဟင်းထုပ်သည် ပအိုဝ်းဓလေ့အရ ဆုံဆည်းခြင်း၊ စုံလင်ခြင်း၊နွေးထွေးခြင်း နှင့် မိဘမေတ္တာအရိပ်အငွေ့ကို ကိုယ်စားပြုသည့် လေးနက်သည့် အစားအသောက်ဖြစ်သည်။

ဟင်းထုပ်ကိုအခါကြီး ရက်ကြီးလွဲ၍ သာမန်အချိန်တွင် မိသားစုမစုံလင်ပါက အဝေးရောက်သားသမီးများပြန်လာခြင်းမရှိပါက ပအိုဝ်းတို့အနေဖြင့် ဟင်းထုပ်ကို မပြုလုပ်ကြပေ။

လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ဖျက်နေသည့် နွေဦးတော်လှန်ရေးတိုက်ပွဲအတွင်း ပအိုဝ်းမိဘများ၏ သားသမီးသည်လည်း ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်နေသည်မှာ နှစ်နဲ့ချီနေပြီ။ မိဘလုပ်ကျွေးသည့် ဟင်းထုပ်ကို မစားရ မမြင်ရသည်မှာလည်း ကြာလှပြီ။

ကျွန်တော်အပါအဝင် တော်လှန်ရေးရဲဘော်များအားလုံးသည် အိမ်ကိုလွမ်းသည်။ မိဘကို လွမ်းသည်။ ထို့အတူ ကျွန်တော်အပါအဝင် ရဲဘော်များအားလုံး၏ မိဘသည်လည်း သူတို့၏ သားသမီးများကို လွမ်းနေပါလိမ့်မည်။ ရဲဘော်များ မိဘများသည်လည်း မိသားစု စုံလင်စွာဖြင့် ဟင်းထုပ် ဝိုင်းဖွဲ့စားသောက်ခြင်းကို ထပ်တူလွမ်းနေလိမ့်မည်မှာ အသေအချာပင်။

ထိုသို့သော မိသားစုများ စုံလင်စွာ ဟင်းထုပ်ကို အတူစားသောက်ဝိုင်းဖွဲ့နိုင်ဖို့ အကြီးမားဆုံးအဟန့်အတားဖြစ်သည့် စစ်အာဏာရှင်စနစ်ကို ပအိုဝ်း မိဘများ၏ သားသမီးများက အသက်ရင်းပြီး ဆက်လက်တိုက်ခိုက်နေရဦးမည်။

တိုက်ပွဲအလီလီဆင်နွဲလို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည့်အခါ မိဘနှင့်သားသမီးများသည် စုံစုံလင်လင် ပြန်ဝိုင်းဖွဲ့ပါဦးမည်။ သို့သော် ပေးဆပ်မှုများသည့် တော်လှန်ရေးဖြစ်သည်နှင့်အညီ မိသားစုတိုင်းတွင်တော့ ဝိုင်းဖွဲ့နိုင်တော့မည်မဟုတ်ပါ။

မိသားစုတိုင်း စုံစုံလင်လင် ဝိုင်းဖွဲ့နိုင်မည်မဟုတ်သော်လည်း စုံစုံလင်လင်ဖြင့် ဝိုင်းဖွဲ့နိုင်သည့် မိသားစုများ များနိုင်သလောက် များအောင် ကြိုးစားရပါလိမ့်မည်။

ထို့သို့ ကြိုးစားရာတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းတပ်ဖွဲ့များကို ဒရုန်းများများဆင်နိုင်အောင် ကြိုးစားခြင်းသည် အကောင်းဆုံးနည်းလမ်းတခုဖြစ်သည်။

ဒရုန်းများများဆင်နိုင်လေ ရဲဘော်ထိခိုက်မှုကို လျော့ချနိုင်လေဖြစ်ပြီး အောင်ပွဲလည်း များများနှင့်မြန်မြန်ရလေဖြစ်လိမ့်မည်။ ထို့သို့ဖြစ်လျှင် မိသားစုစုံစုံလင်လင်ဖြင့် မြန်မြန်ဝိုင်းဖွဲ့နိုင်လေဖြစ်သည်။

ထို့ကြောင့် မိသားစုစုံစုံလင်လင်ဖြင့် များများနှင့်မြန်မြန် ဟန်းအိုလွမ် ခေါ် ဟင်းထုပ်ကို ဝိုင်းဖွဲ့စားသောက်နိုင်ဖို့ ပအိုဝ်းတော်လှန်ရေးတပ်၏ ပထမဆုံး ကမ်ပိန်းဖြစ်သည့် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း” ဒရုန်းကမ်ပိန်းကို အားသစ်လောင်း ဝိုင်းကူပြပါစို့။

====

ကမ်ပိန်းကို ယခု page ရဲ့ CB ကနေ တိုက်ရိုက်ပါဝင်ထောက်ပို့နိုင်သလို

နိုင်ငံအလိုက် ဆက်သွယ်ကူညီနိုင်တဲ့ FR လင့်တွေကို Comment မှာထည့်သွင်းထားပါတယ်။

ကမ်ပိန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေးထားတဲ့ Link နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/19ktqBWwuZBnPFER/?mibextid=oFDknk

ယခုကမ်ပိန်းကို United Bonds France က Organize ပြုလုပ်ပြီး CRPH-OFP Fundraising Program က Support ပေးထားပါသည်။

#ဝေဟင်ကိုထိန်းမြေပြင်သိမ်း #CRPH_OFP #unitedbondsfrance #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #PNLA #ဝေဟင်ကိုထိန်း #မြေပြင်သိမ်း
တောႏလန်ႏရေꩻအာႏတဲ့ထွာ နမ်းတာႏတဲ့လꩻ ဖေႏအာႏ မဲ လက်မတ်လꩻလဲဉ်း

ရိုꩻရိုꩻသာꩻသာꩻ ရိုနရိုနသနေသနေ ဖနေသဗောန

ယိုခါ မန်းခမ်းတခမ်းလုမ်းလုမ်းအကို စဲ့ꩻမန်း စဲ့အာႏဏာႏသျင်ႏစနစ်ယို ကွပ်စွဥ်ႏဒျာႏ တမဲဥ်လꩻဒွုမ်နဝ်ꩻမꩻ တခမ်းလုမ်းတောႏလန်ႏရေꩻယို ထွာလွဥ်ဗာႏနဝ်ꩻသွူ။

ကွပ်နဝ်ꩻမꩻ တောႏလန်ႏရေꩻအကို နီပအိုဝ်ႏခမ်းယိုတဲ့ ဖေႏနေးကလွစ်ထန်ႏလꩻ စဲ့ꩻမန်းစဲ့ꩻအာႏဏာႏသျင်ႏစူဆလတဲင်တွော့ꩻ ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေႏရုဲင်းဖက် (PNLA ) အဝ်ႏတောႏလန်ႏလွေꩻ စုမ်ႏနီꩻနီꩻနဝ်ꩻသွူ။

ကွပ်နဝ်ꩻမꩻ စဲ့ꩻအာႏဏာႏသျင်ႏစနစ်ကုဲင် ဖေႏကပြို့ꩻပြုဲင်ထိုꩻ အီႏတွိုက်ꩻခꩻငါငါ အီႏတောႏလန်ႏငါငါလွေꩻထဲင်းယင်းအတာႏ အဝ်ႏလိုႏငါႏ အနယ်ꩻပညာႏ အကူႏအညီႏတဲင်တွော့ꩻ နီသွဥ်းသီး ရိုꩻရိုꩻသာꩻသာꩻ ကွီႏကူႏညီႏလွေꩻဗာႏ ခမ်းသားမွိုးဖာꩻထျꩻနဝ်ꩻသွူ။

နီသွဥ်းသီး ကကွီႏဒါႏ အကူႏအညီႏယိုနဝ်ꩻ ဗွုန်နုဲင်းစဲ့ꩻမန်းကအမ်ႏနွောင်ꩻနီပအိုဝ်ႏထာꩻနယ်ꩻ မိန်းနေးအမိန်းတွော့ꩻ ထူႏခြိင်နေး ခမ်းသားတခြိုꩻ၊ ထူႏတသဥ်ႏဆော့ ခမ်းသားရွဥ်၊ သိမ်ꩻထိုꩻခမ်းသား ဟမ်ႏ အနယ်ꩻနုဲင်းနဝ်ꩻ တမွေးတဝ်းသွူ။

တောႏလန်ႏရေꩻ ရွဥ် ရံႏပုံႏအတာႏ နီသွဥ်းသီး စာလွေꩻနေးဒျာႏမဲးလက်မတ်နဝ်ꩻသွူ။

မဲလက်မတ်နဝ်ꩻ တစောင်ႏ ၃ သောင်ႏနဝ်ꩻသွူသြ။

ကအီႏဖောက်ဖေႏချာဆုꩻဖုံႏနဝ်ꩻ

ပထမဆုꩻ - ဟံႏကွက်တောင်းကီꩻ ၁ ကွက် ၊
ဒုတိယဆုꩻ - ခံꩻယာႏတကျပ် ၊

တတိယဆုꩻ - ကွန်ပျူတာ ၁ ဖြုံႏ ၊

အထူꩻဆုꩻ - ကဝျနပကီန ၃ စုံန ၊

သꩻရေꩻဆုꩻ - ပအိုဝ်ႏခွမ်ꩻလာꩻ ၈ စုံႏနဝ်ꩻသွူ။

ဆုꩻကားကအဝ်ႏဖုံႏယို မဥ်းပေါက်နဝ်ꩻ ထူꩻတဝ်းဆုꩻတဲင်တွော့ꩻ ထူႏဗော့ꩻ ရွဥ်နမ်းတဲ့ လꩻဒျာႏသွူ။

မဲလက်မတ်နဝ်ꩻ အီစာလွေꩻ ၁ လာနဝ်ꩻသွူ။ စာꩻလွေꩻ ဗꩻတွိုႏ ဇူလိုင်လာ ၇ နီꩻ ၂၀၂၄ နဝ်ꩻသွူ။ ( ၇ ၊ ၈ ၊ ၂၀၂၄ )

မဥ်းမဲဥ်ဖြေꩻမဲလက်မတ်နဝ်ꩻ ဆက်သွယ်လွဥ် မက်ဆင်ဂျာကို လꩻလဲဥ်းသွူသြ။ ဖြေꩻနေႏ Kpay . Wave Pay. တဲ့လꩻဒျာႏသြ။ ဖေႏအာႏနေး ရွဉ်ထုဲင်ꩻ ၊ ရွဉ်မလေးရှား၊ ရွဉ်အမေရိကန်ဒေါ်လာတဲ့ လꩻဒျာႏသွူဩ။

ပအိုဝ်ႏဖဝ ယံဖေႏနေႏကလွစ်ထန်ႏလꩻ အာႏဏာႏသျင်ႏဆလ အတာႏ တွမ်ႏရွဥ်အာႏ ၃ သောင်ႏ စွဲးကမ်းနွောင်ꩻလဲဥ်းသွူ။ မဥ်ႏပေါက်တဲ့ နမ်းထူႏ ၊ မဥ်ႏပေါက်တဝ်းတဲ့ ထွာထာꩻလူႏ စွိုးခွိုꩻတာႏနဝ်ꩻသွူ။

PNLA ခွန်းရုဲင်းယံ

#PNLO #PNLA #unitedbondsfrance #CRPH_OFP #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #ဝေဟင်ကိုထိန်းမြေပြင်သိမ်း
Campaign ဝေဟင်ကိုထိန်း မြေပြင်သိမ်း
တစ်ပတ်၇ရက်ပြည့်ပါပြီ ၅ရာခိုင်နှုန်းနီးနီးသာရောင်းရသေးလို့ ဝိုင်းဝုန်းပေးကြပါဦးနော...

မြန်မာနိုင်ငံ🇲🇲
For Our People
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
လက်ခံသည့်ငွေကြေး SGD, THB, CAD, USDT, SDB & DMMK

‌ဝေဟင်ကိုထိန်း မြေပြင်သိမ်း
https://www.facebook.com/PNLAWaiHin

Pa O People’s Aid
https://www.facebook.com/profile.php?id=100080329225179&mibextid=ZbWKwL

Pa - O LOYWEL
https://www.facebook.com/PAOLOYwel?mibextid=ZbWKwL
လက်ခံသည့်ငွေကြေး MMK. THB . NUG Pay . KBZ Pay . Wave Pay

ကိုရီးယားနိုင်ငံ 🇰🇷
🔴 အဖွဲ့ အမည် 🔴
Photographer's Supporting Korea (P.S.K)
https://www.facebook.com/P.S.K.korea? mibextid=LQQJ4d
💴 လက်ခံနိုင်မည့် ငွေကြေး/currency 💴
KRW (Won) / SDB / DMMK(NUG Pay)

ပြင်သစ် 🇨🇵
United Bonds France
https://www.facebook.com/UnitedBondsFrance?mibextid=ZbWKwL
လက်ခံသည့် ငွေကြေး SDB . EUR . DMMK

ဒိန်းမတ်နိုင်ငံ🇩🇰
Win Maung
https://www.facebook.com/win.maung.507
လက်ခံသည့်ငွေကြေး ဒိန်းမတ်ခရိုနာ DKK ၊ NUG Pay

UK🏴󠁧󠁢󠁥󠁮󠁧󠁿
Spring Revolution Fund Group
https://www.facebook.com/SpringRevolutionFundGroup
လက်ခံမည့်ငွေကြေး GBP, SDB, NUG pay

EU & UK🏴󠁧󠁢󠁥󠁮󠁧󠁿
Global Myanmar Volunteers Frankfurt
https://www.facebook.com/globalmmvolunteers
လက်ခံနိုင်သည့်ငွေကြေး Euro, GBP, NUG Pay, SDB Account, PayPal

ဆွစ်ဇာလန်🇨🇭
1 = International Association of Myanamar-Switzerland
https://www.facebook.com/International-Association-Myanmar-Switzerland-100340048923336
http://m.me/InternationalAssociationMyanmarSwitzerland
2 = ဆွစ်-မြန်မာမိသားစု
https://www.facebook.com/burmeseswissfamilyinswitzerland/
http://m.me/burmeseswissfamilyinswitzerland
လက်ခံသည့်ငွေကြေး CHF / PayPal / EU / USD / THB /MMK / DMMK / SDB & NUGPay

နယ်သာလန်🇳🇱
Burma Matters – NL
https://www.facebook.com/BurmaMatters
လက်ခံသည့်ငွေကြေး Euro/SDB/DMMK

နော်ဝေနိုင်ငံ🇧🇻
CRPH Support Group Norway
https://www.facebook.com/crphsupportgroupnorway

လက်ခံသည့်ငွေကြေး Euro/ $ / NOK / DMMK

စင်္ကာပူနိုင်ငံ🇸🇬
Myanma Millennials
https://www.facebook.com/myanmamillennials
လက်ခံသည့်ငွေကြေး SGD / USD / THB / GBP / NZD / SDB & NUGPay

Khine SG
(http://wa.me/6593802119)
m.me/khine.singapore
လက်ခံမည့်ငွေကြေး SGD / DMMK / SDB

ထိုင်းနိုင်ငံ🇹🇭
Spring Border
https://www.facebook.com/springborder?mibextid=LQQJ4d

Pa O People’s Aid
https://www.facebook.com/profile.php?id=100080329225179&mibextid=ZbWKwL
လက်ခံမည့်ငွေကြေး MMK . THB

မလေးရှားနိုင်ငံ🇲🇾
PA O National Liberation Generation PNLG
https://www.facebook.com/profile.php?id=61556542632772&mibextid=ZbWKwL
လက်ခံသည့် ငွေကြေး MYR ၊ KBZ Pay

ဂျပန်နိုင်ငံ🎌🇯🇵
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီဂျပန်ဌာနခွဲ
https://www.facebook.com/nldo991
လက်ခံမည့်ငွေကြေး YEN
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထီဗွာရွာသား ၅၉ ဦးကို ဓားစားခံဖမ်းဆီးထား

ဇွန်လ ၁၂ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာ ဒေသခံ ပြည်သူ ၅၉ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်။

တောတောင်ထဲတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဒေသခံပြည်သူများကို ပြန်မလာပါက နေအိမ်များ မီးရှို့မည်ဟု ခြိမ်းခြောက်ကာ အကြပ်ကိုင်ရာမှ ပြန်လာသည့် ပြည်သူများကို စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ကျေးရွာခန်းမတွင်း ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းပြည်သူများကို စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် က ဇွန်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့်သူများအနက် ထက်ဝက်ကျော်မှား အမျိုးသမီးများဖြစ်ကြပြီး အသက် ၄၀ နှင့်အထက် ပြည်သူများ အများစုဖြစ်သည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်း ပြန်ပေးဆွဲငွေညစ်ခြင်းများ မကြာခဏကျူးလွန်နေလျက်ရှိသည်။

PNLA သတင်းစဥ်

#PNLO #PNLA
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကျင်းပ

ဇွန်လ ၁၅ ရက် ၂၀၂၄ ခုနှစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) တပ်ဖွဲ့ တည်ထောင်ခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ဇွန်လ ၁၀ ရက်နေ့တွင် တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီးတွင် အကျဉ်းချုပ် ကျင်းပခဲ့ကြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကို ၂၀၀၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ဇွန်လ ၁၀ ရက်နေ့ ၂၀၂၄ ခုနှစ်တွင် ၁၇ နှစ်ပြည့်ပြီဖြစ်သည်။

တပ်ဖွဲ့တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အလံတော် ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အလံတော်များအား အလေးပြုခြင်း တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့်အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း အလေးအနက်ထားပြီး ဂုဏ်ပြု ချီးမွမ်း အလေးပြုခဲ့ကြသည်။

ကြမ်းတမ်းသည့် တော်လှန်ရေးခရီးကာလ ၁၇ နှစ်တိုင်တိုင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)သည် ရန်သူ့ထံ လက်နက်ချ အညံ့ခံခြင်း ၊ ရန်သူနှင့်ပူးပေါင်းခြင်း ၊ ရန်သူ့လက်အောက်သို့ ခိုဝင်သွားခြင်း စသည့် အမျိုးသားသစ္စာဖောက်လုပ်ရပ်ကို မည်သည့်အခြေအနေတွင်မှာမှ မပြုလုပ်ခဲ့ပါ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် ဘဝတူ ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဖြစ်သည်။

PNLA သတင်းစဉ်

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLO #PNLA #
အများပြည်သူ ဖုန်းဆက်သည့်နေရာသို့ သွားသည့်လမ်းကို စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်က မိုင်ထောင်ထားသဖြင့် ပြည်သူ ၁ ဦး နင်းမိ ခြေထောက်တဖက်ပြတ်

ဇွန်လ ၁၆ ရက် ၂၀၂၄ ခုနှစ်

ဒေသခံပြည်သူများ ဖုန်းလိုင်းမိသည့် နေရာသို့ သွားသည့် လမ်းကို စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က မိုင်းထောင်ထားသဖြင့် ဖုန်းသွားဆက်သည့် ပြည်သူတဦးမိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ရင်းကျေးရွာနေ နန်းထားရီသည့် ဇွန်လ ၁၃ ရက်နေ့တွင် ရွာအရှေ့ဘက်ရှိ ဖုန်းလိုင်းမိသောနေရာသို့ ဖုန်းသွားဆက်ရာမှ အပြန်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ကောင်စီထောင်ထားသည့်မိုင်းကို နင်းမိခြင်းကြောင့် နန်းထားရီမှာ ခြေထောက်တဖက်ပြတ်ကာ မျက်နှာတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခင်ကလည်း နောင်ရင်းကျေးရွာသားတဦးသည် ရေသွားချိုးရာမှ ပြန်လာစဉ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့တွင် ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှ ပြည်သူ ၁ ဦးဖြစ်သည့် ဒေါ်စိုးစိုးလတ်သည် စစ်ကောင်စီထောင်ထားသည့်မိုင်းကို နင်းမိပြီး သေဆုံးသွားခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #follower #highlights