PNLA News&Info
1.51K subscribers
402 photos
12 videos
23 links
PNLAသတင်းစဉ်
Download Telegram
https://www.facebook.com/profile.php?id=61557632401884&mibextid=ZbWKwL

(၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့မှ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ လူမှုကွန်ယက်စာမျက်နှာကို ယခုဖော်ပြပါ စာမျက်နှာကို အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
(၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်

ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ တပေါင်းလပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့သည် (၇၅)နှစ်မြောက် စိန်ရတု“ပအိုဝ်းအမျိုးသားနေ့" အခါသမယပင် ဖြစ်သည်။ လက်ရှိ မွန်ပြည်နယ်၊ သထုံမြို့ရှိ ရွှေစာရံစေတီတော်ကြီး၏ မူလဒါယကာဖြစ်သော သုဝဏ္ဏဘူမိသထုံပြည့်ရှင် သူရိယစန္ဒာမင်းကြီး၏ မွေးနေ့တော်ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကျင်းပလာခဲ့ကြသည်မှာ (၇၅)စိန်ရတုနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးအလွန် ၁၉၄၉ ခု၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာဦးလှဖေသည် ရှမ်းပြည် ပဒေသရာဇ်စနစ်ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းပြည်သူ များကို နိုင်ငံရေးမျက်စိဖွင့်၊ နားဖွင့်ပေးခဲ့သည်။ ဖြားဗွာဦးလှဖေသည် ထိုစဉ်က လူငယ်များအား အကျင့်စာရိတ္တပျက်ပြားစေသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားပွဲများကို ဥပဒေဘောင်တွင်း ရော ဥပဒေပြင်ပပါ တိုက်ဖျက်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင် သော စစ်အုပ်စုက တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ပအိုဝ်းအမျိုးသားကိုယ်စားပြု နိုင်ငံရေး ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။ ထိုကြောင့် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက် နေ့တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(ပအလဖ)သည် လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို ကြေညာခဲ့သည်။ ယင်းနောက် ပြည်သူများအား နိုင်ငံရေးမျက်စိဖွင့်၊ နားဖွင့်ပေးခဲ့ပြီး ပအိုဝ်းလူမျိုးတို့၏ ဓလေ့ထုံးတမ်းဖြင့် မိရိုးဖလာ ပိုင်ဆိုင်လာသော စိုက်ပျိုးလယ်ယာမြေများကိုလည်း ကာကွယ်ပေးနိုင်ခဲ့သည်။ ထိုစဉ်ကာလတွင် ဗိုလ်ချုပ်စံသိန်းသည် ပြည်သူတို့၏ အတွေးအခေါ် ဖွံ့ဖြိုးမှုကို ဆိတ်သုဉ်း စေသည့် မူးယစ်ဆေးဝါး နှင့် လောင်းကစားပွဲများကိုလည်း ထိရောက်စွာ တိုက်ဖျက်ပြီး ပအိုဝ်း ဒေသ၌ ၁၉၉၁ ခုနှစ်ထိတိုင် ဘိန်းကင်းမဲ့ဒေသ ဖြစ်လာခဲ့သည့်သာဓကကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တိုင်းပြည်အာဏာကို စစ်တပ်က နောက်ထပ်တဖန် ပြန်လည်သိမ်းယူပြီးနောက် နိုင်ငံတဝှမ်းရှိ ကွန်ပျူတာကိုင်သော လူငယ်အများစုသည် မလွဲမရှောင်သာ လက်နက်ကိုင်ကြရပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို နိုင်ငံဒေသ အနှံ့အပြား၌ တိုက်ပွဲများ ဆင်နွဲခဲ့ကြသည်။ မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)သည် စစ်အာဏာသိမ်းပြီး (၃)နှစ်တာကာလအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့သော်လည်း မိမိတို့ မျှော်လင့်သလောက် အဖြေမရရှိခဲ့၍ နောက်ဆုံးတွင် မလွဲမရှောင်သာ လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ပြန်လည်ဆင်နွဲရသည်။

လက်ရှိနိုင်ငံဒေသအနှံ့တွင် စစ်ကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ ကျေးရွာ၊ မြို့၊ သာသနာ့အဆောက်အဦး၊ ကျန်းမာရေးအဆောက်အဦး၊ ပညာရေးအဆောက်အဦး များကို ပြည်သူလူထုအကြောက်တရားဝင်အောင် ရည်ရွယ်ချက်ရှိရှိ မီးရှို့၊ လက်နက်ကြီးဖြင့်ပစ်ခတ်၊ လေယာဉ်ဖြင့်ဗုံးကြဲဖျက်စီးနေသည်။ ထို့အပြင် စစ်ကောင်စီအသက်သွင်းပြဌာန်း လိုက်သော စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့်လူငယ်အများအပြားသည် ကြီးမားသောအခက်အခဲကို ကြုံတွေ့နေရပြီး ပြည်တွင်းရှိ ကျွမ်းကျင်လုပ်သားများကို ဆုတ်သုဉ်းစေခြင်း၊ လူငယ်များ၏ အနာဂတ်ပျောက်ဆုံးစေခြင်းသို့ ဦးတည်နေသည်ကို တွေ့ရသည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးစစ်ပွဲတွင် ပြည်သူများ အတွက် ကာလတခုအတွင်း ခါးသီးသည့်ဒုက္ခ၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲမှု များခဲ့ရခြင်းသည် ပိုမိုတောက်ပသည့် အနာဂတ်ကို တွန့်ပို့ပေးလျက်ရှိသော နိမိတ်ပင်ဖြစ်သည်။ ပအိုဝ်းတစ်မျိုးသားလုံးအနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး စနစ်ပြောင်းတော်လှန်ရေးတွင် စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ကြရန် ယနေ့ကျ ရောက်သော (၇၅)နှစ်မြောက်စိန်ရတု ပအိုဝ်းအမျိုးသားနေ့တွင် အလေးအနက်တိုက်တွန်းအပ်ပါ သည်။

၂ဝ၂၄ ခုနှစ်၊ မတ်လ (၂၄)ရက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)
ပအိုဝ်းအမျိုးသားနေ့တွင် စစ်ကောင်စီက ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အကြိမ် ၅၀ ကျော်ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၄ ရက် ၂၀၂၄ ခုနှစ်

စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖြစ်သော ယနေ့တွင် စစ်ကောင်စီသည် ပအိုဝ်းဒေသ ပအိုဝ်းမြို့ဖြစ်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများအားအသုံးပြုကာ အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ယနေ့မနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ စစ်ကောင်စီသည် ဆီဆိုင်မြို့ထဲသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ၂၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယနေ့ ညနေ ၅ နာရီမှ စပြီး၍လည်း စစ်ကောင်စီသည် ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော်လည်းကောင်း ၊ ဒရုန်းဖြင့် ၆ ကြိမ်လည်းကောင်း ဗုံးသီးချတိုက်ခိုက်ခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlaသတင်းစဉ် #pnlanews #PNLO
ဆီဆိုင်တွင် တိုက်ပွဲပြင်းထန်နေ

မတ်လ ၂၇ ရက် ၂၀၂၄ ခုနှစ်

ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။ စစ်ကောင်စီမှ မြို့တွင်းသို့ တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်နေလျက်ရှိပြီး လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် မိဘပြည်သူများ၏ အိုးအိမ်များသည်လည်း ပျက်စီးနေရလျက်ရှိသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ အချို့ပြည်သူများက အရဲစွန့်ကာ ဝင်ရောက်ရန်ကြိုးစားခြင်းများကြောင့် စစ်ကောင်စီနှင့်အပေါင်းအပါလက်ပါးစေများက ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ရာ ပြည်သူအချို့ ထိခိုက်သေဆုံးခြင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းများရှိသည်ဟု ကြားသိနေရပါသည်။

ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ကျရောက်နေပြီး တိုက်ပွဲလည်းပြင်းထန်လျက်ရှိနေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ ဝင်ရောက်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်သင့်ပါ။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ချင်း မရှိသေးပဲ မြို့တွင်းသို့ အရဲစွန့် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

ထို့အပြင် မဲနယ်တောင်ဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ ရောက်ရှိသည့် ပအိုဝ်းကျေးရွာများတွင် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း ခိုးယူခြင်းများပြုလုပ်နေလျက်ရှိသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် လုံးဒါကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်ခဲ့ပြီး ယင်းကျေးရွာတွင်ပင် တပ်စွဲနေထိုင်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
စစ်ကောင်စီက ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၈ရက် ၂၀၂၄ ခုနှစ်

တိုက်ပွဲဖြစ်ပွခြင်းမရှိပဲ စစ်ကောင်စီမှကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယမန်နေ့တွင် စစ်ကောင်စီသည် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ထိုသို့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထီခိုးကျေးရွာမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့သည်။

ထို့အပြင် ယမန်နေ့တွင်ပင် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီး နေ့လည် ၂နာရီအချိန်ခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မီးလောင်ဗုံးကျဲချတိုက်ခိုက်ခြင်းကြောင့် မိဘပြည်သူ၏ စည်းအိမ်ဥစ္စာများ ထိခိုက်ပျက်စီးခဲ့ရသည်။

ထိုတိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီသည် ယမန်နေ့တွင် ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

PNLAသတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
ဆီဆိုင်မြို့တွင်းအခြေအနေနှင့်ပတ်သက်ပြီး သတင်းတု သတင်းမှားများအား သတိပြုကြရန်လိုအပ်

မတ်လ ၃၀ ရက် ၂၀၂၄ ခုနှစ်

လက်ရှိဆီဆိုင်မြို့တွင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ဖြစ်ပါသည်။ စစ်ကောင်စီသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာသဖြင့် မြို့သည် စစ်ဇုန်ဖြစ်နေပါသည်။

ယမန်နေ့တွင် စစ်ကောင်စီသည် လူထုတချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံ၀င်ရိုက်ကြသည်ကို တွေ့မြင်နေရသည်။

စစ်ကောင်စီက လူထုကို လူသားဒိုင်းလုပ်ထားသဖြင့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်မှုမပြုလုပ်ကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် အင်အားဖြည့်တင်းကာ ဆီဆိုင်မြို့ကို ပစ်ခတ်ဖျက်ဆီးနေလျက်ရှိသဖြင့် တိုက်ပွဲလည်းဖြစ်ပွားနေဆဲဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားများဖြန့်နေလျက်ရှိသည်။

သတင်းအမှားများကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် အထူးတိုက်တွန်းအပ်ပါသည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
စစ်ကောင်စီနှင့်လက်ပါးစေများက တွေပူးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ၁၀ တန်းကျောင်းသူတဦးသေဆုံး၊ ၂ဦးထိခိုက်ဒဏ်ရာရ

ဧပြီလ ၈ ရက် ၂၀၂၄ ခုနှစ်

ယနေ့မနက် ၁၀နာရီ မိနစ်၃၀ အချိန်ခန့်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနှင့် လွယ်ပွတ်ကျေးရွာအတွင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် တွေပူးကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တွေးပူကျေးရွာမှ ၁၀ တန်းကျောင်းသူတစ်ဦးဖြစ်သူ နန်းစိန်မြသည် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသည်။

ထို့အပြင် နန်းစိန်မြ၏ သူငယ်ချင်းဖြစ်သည့် အခြားကျောင်းသူ ၂ ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

PNLA သတင်းစဉ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ မဟာလူမျိုးကြီးဝါဒနှင့်ကျဥ်းမြောင်းသောအမျိုးသားရေးဝါဒတိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)သို့TM Intergrated Group မှပေးပို့လှူဒါန်းသောငွေ(၁၀၀၀၀၀၀)ကျပ်တစ်ဆယ်သိန်းကျပ်တိတိ)ကို ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိပါသည်"