စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီး
မတ်လ ၁၂ ရက် ၂၀၂၄ ခုနှစ်
ယမန်နေ့တွင်လည်း စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့ မနက် ၆ နာရီမှ ၁၁ နာရီအထိ စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လည်ခင်းတွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုခေတ္တရပ်သွားပြီး မွန်းလွဲ ၂း၀၀ နာရီကျော်တွင် ဆီဆိုင်မြို့မြောက်ဘက်တွင် ညနေ ၄း၀၀ နာရီထိ ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီသည် နေ့စဉ် ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးကျဲခြင်းများကြောင့် မိဘပြည်သူလူထု၏ နေအိမ်များ ပျက်စီးနေရပြီး ဆီဆိုင်မြို့မဈေးသည်လည်း မီးလောင်ပျက်စီးခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့တွင်လည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို လက်နက်ကြီးများဖြင့် ၂၁ ကြိမ် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်းနေလျက်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီက အပြင်းထန်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းများဖြင့် ပြည်သူများကို တိုက်ခိုက် သတ်ဖြတ်နေသည်ကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ ကမ္ဘာ့နိုင်ငံများက ယခုအချိန်ထိ အကြီးအကျယ်တာဝန်မဲ့နေ တာဝန်ပျက်ကွက်နေသည်မှာ အလွန်ပင် ရှက်ဖွယ်ဖြစ်သည်။
ထမင်းစားရေသောက်သကဲ့သို့ စစ်ရာဇဝတ်မှုကို လွယ်လွယ်ကူကူ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ကမ္ဘာ့အဖွဲ့အစည်းများ ကမ္ဘ့နိုင်ငံများအနေဖြင့်အပြောမဟုတ်ပဲ လက်တွေ့ ထိထိရောက်ရောက်အရေးယူရန်လိုအပ်ပါသည်။
PNLA သတင်းစဉ်
#PNLO #PNLA #pnlaသတင်းစဉ် #pnlanews
ပုံစာ။ စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်နှင့် လေယာဉ်ဗုံးဒဏ်များကြောင့် ပျက်စီးသွားသည့် ဆီဆိုင်မြို့မဈေး

သတင်းတု သတင်းမှားသာဖြစ်ကြောင်း အသိပေးခြင်း
အောက်ဖော်ပြပါ ထုတ်ပြန်ချက်ဆိုသည့် ပုံသည် မသမာသူများက လုပ်ကြံသည့် ထုတ်ပြန်ချက် အတုသာဖြစ်သည်။
စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေသည့် လက်ရှိကာလကို မသမာသူများက အခွင့်ကောင်းယူကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းအတုများကို လုပ်ကြံဖန်တီးနေလျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် သတင်းတု သတင်းမှားများကို သတိပြုကြရန် တိုက်တွန်းအပ်ပါသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ သတင်းများကို PNLA News & Information Department တွင်သာ တရားဝင်ထုတ်ပြန်လျက်ရှိပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့များ လှုပ်ရှားခြင်းပင်မရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး
မတ်လ ၁၃ ရက် ၂၀၂၄ ခုနှစ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့များ လှုပ်ရှားခြင်း ရောက်ရှိခြင်းပင်မရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။
ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ တောင်ခြေတွင် ရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထို့သို့ စစ်ကောင်စီက နမ့်ဟူးကျေးရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီနှင့်၎င်းတို့၏ လက်ပါးစေများက တော်လှန်ရေးတပ်ဖွဲ့များက ရွာကိုမီးရှို့သည်ဟုဆိုကာ သတင်းအမှားများထုတ်လွင့်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအကြား သွေးခွဲနေသည်ကိုလည်းတွေ့ရှိရပါသည်။
နမ့်ဟူးကျေးရွာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာမဟုတ်သလို မိမိတို့၏ ပအိုဝ်းဒေသလုံခြုံရေးလှုပ်ရှားမှု စစ်ကြောင်းသည်လည်း ယင်း နမ့်ဟူးကျေးရွာသို့ ရောက်ရှိခြင်းမရှိသေးပေ။
မိဘပြည်သူများ၏ နေအိမ်များ ရွာများ မြို့များကို မီးရှို့ဖျက်ဆီးခြင်း တိုက်ခိုက်ခြင်းသည် စစ်ကောင်စီနှင့်အပေါင်းအပါများသာ ပြုလုပ်သည်ကို တတိုင်းပြည်လုံး အသိဖြစ်သည်။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်။
ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်စံပြကျေးရွာမှနေပြီး ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ၁၄ အိမ်ထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

လိုအပ်ချက်အရ ခေါ်ယူထိန်းသိမ်းထားသည့်သူ ၂ ဦးအား ပြန်လည်စေလွတ်ပေးခဲ့
မတ်လ ၁၄ ရက် ၊ ၂၀၂၄ ခုနှစ်
သထုံႏပေႏ(ဆီဆိုင်)မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့အား ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်အတူ ရှိနေသူ ၂ ဦးအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်တွင် ခေါ်ယူထိန်းသိမ်းထားခဲ့သည်။
ထိုသူ ၂ ဦးမှာ ဦးခွန်မောင်လာ အသက် ၅၄ နှစ်နှင့် ဦးခွန်မောင်စိန် အသက် ၄၅ နှစ်တို့ဖြစ်သည်။ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးရမိသည့်အချိန်တွင် ဦးခွန်မောင်စိန်ထံမှ ၎င်းဝတ်ဆင်ထားသည့် PNOပြည်သူ့စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက်တလုံးကို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်ပြီး PNOပြည်သူ့စစ်က ၎င်းတို့၂ဦးကို လူသားဒိုင်းအဖြစ်ခေါ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဦးခွန်မောင်လာ ထွက်ဆိုချက်အရ PNO ပြည်သူ့စစ်က ၎င်းကို ခေါ်ယူထားခြင်းဖြစ်ကာ ရပ်ရွာဖျက်ဆီးမှုမခံရရေး၊ ပြည်သူ့စစ်များကို ထမင်း ဟင်း စသည်များ ဧည့်ခံရေးအတွက် ပြည်သူ့စစ်များနှင့်အတူရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။
ဦးခွန်မောင်စိန် ထွက်ဆိုချက်အရ ၎င်းသည် PNOပြည်သူ့စစ်မှ ဖွင့်လှစ်သည့် စစ်သင်တန်းအမှတ်စဉ် ၄ ကိုတက်ရောက်ခဲ့ပြီး PNOပြည်သူ့စစ်က တပ်ဖွဲ့ဝင်ကဒ် ၊ ပြည်သူ့စစ် ယူနီဖောင်း တစုံနှင့် စကားပြောစက်တလုံး ထုတ်ပေးထားကြောင်းထွက်ဆိုသည်။
အခင်းဖြစ်သည့်နေ့တွင် PNOပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PNOပြည်သူ့စစ်က ထွက်ပြေးသွားခဲ့ကြောင်း ၎င်းအနေနှင့် စစ်သင်တန်းတက်ဖူးသော်လည်း စစ်မတိုက်ဖူးသောကြောင့် ထွက်ပြေးနိုင်ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုသည်။
၎င်းတို့ ၂ ဦးအား တရားရေးဌာနမှ လိုအပ်သည်များကို ဆက်လက် စစ်ဆေးရာတွင် ဦးခွန်မောင်လာသည် သာမန်အရပ်သားဖြစ်ပြီး ပြစ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဦးခွန်မောင်စိန်သည် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သို့ ဝင်ရောက်လိုခြင်းမရှိသော်လည်း ပြည်သူ့စစ်သင်တန်းတက်ရန် မဲပေါက်သဖြင့် ဖမ်းဆီးအရေးယူခံရမည်ကို ကြောက်သောကြောင့် သင်တန်းတက်ရခြင်းဖြစ်ကြောင်း နောက်နောင်တွင် စစ်ကောင်စီ ၊ ပြည်သူ့စစ်များနှင့် လုံးဝ ပတ်သက်မည်မဟုတ်ကြောင်း ဝန်ခံကတိပြုခဲ့သည်။
ထို့ကြောင့် ၎င်းတို့ ၂ ဦးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA )မှ ယမန်နေ့တွင် နေရပ်သို့ ပြန်လည်စေလွတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၎င်းတို့ ၂ဦးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းသိမ်းထားစဉ်ကာလတွင်လည်း မည်သည့် နှိပ်စက်ခြင်းမျှမပြုပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ပါသည်။
အခြားမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် လူဆိုး သူခိုးများကိုမူ တရားရေးဌာနမှ ဆက်လက်စစ်ဆေးကာ အရေးယူမှုပြုလုပ်သွားမည်ဖြစ်သည်။
ထို့ကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေရန် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စစ်ကြောင်းနှင့်အတူ လိုက်ပါနေထိုင်ခြင်း ၊ စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စခန်းအနီး စခန်းအတွင်းများတွင် သွားလာနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ယူနီဖောင်းများအား ဝတ်ဆင်ခြင်း သိမ်းဆည်းထားခြင်းများ လုံးဝမပြုလုပ်ကြရန် အသိပေးအပ်ပါသည်။
PNLA သတင်းစဉ်
#PNLO #PNLA

စစ်ကောင်စီက မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးတွင် MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်
ဆီဆိုင်မြို့မွေတော်ဘုရားကုန်းတွင် စစ်ကောင်စီက လက်နက်ကြီးအထိုင်ချပြီး မြို့ကို ပစ်ခတ်ဖျက်ဆီးနေ
မတ်လ ၁၄ ရက် ၂၀၂၄ ခုနှစ်
ယမန်နေ့ မနက် ၁၁နာရီခန့်တွင် စစ်ကောင်စီသည် MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာအနီးသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအချို့မှာ ကြောက်လန့်ကြသဖြင့် တောတောင်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့အပြင် စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် မဲနယ်တောင်ဒေသကို အကြိမ် ၆၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယမန်နေ့တွင်ပင် ဆီဆိုင်မြို့အတွင်းကိုလည်း စစ်ကောင်စီသည် သံချပ်ကာကားများ တင့်ကားများအသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် မြို့မြောက်ဘက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် ဆီဆိုင်မြို့ အရှေ့မြောက်ဘက်တွင်ရှိသည့် မွေတော်ဘုရားကုန်းတွင်လည်း လက်နက်ကြီးများအထိုင်ချကာ အကြိမ် ၁၀၀ ကျော် မြို့ကိုပစ်ခတ်ဖျက်ဆီးမှုပြုလုပ်ခဲ့သည်။
ထို့အပြင် မွေတော်ဘုရားကုန်းအနီးရှိ ပြည်သူလူထု၏ နေအိမ်များကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။
စစ်ကောင်စီသည် ဘာသာရေးအဆောက်အဦးများဆေးရုံများတွင် တပ်စွဲပြီး မြို့တွင်းသို့ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးနေလျက်ရှိသည်။
ထို့အပြင် ယမန်နေ့တွင်ပင် ဆီဆိုင်မြို့ အနောက်ဘက်တနေရာတွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် စစ်ကောင်စီ စစ်ကြောင်းတို့ ထိပ်တိုက်တိုးပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ ၂ ယောက်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ပြည်သူလူထု၏ ကားများကိုချောဆွဲကာ ဒဏ်ရာရသူများကိုသယ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်
မတ်လ ၁၅ ရက် ၂၀၂၄ ခုနှစ်
ယနေ့ နေ့လည် ၁း၃၀ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းကို အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက် ပျက်စီးသွားသည်။
စစ်ကောင်စီက အကြောင်းမဲ့ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းတွင်းရှိ သာမဏေကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းနှင့်နီးကပ်သည့် နေအိမ်များသည်လည်း ပြတင်းပေါက်များ တံခါးများ ထိခိုက်ပျက်စီးခဲ့သည်။
ယမန်နေ့တွင်လည်း ဘုရားပင့်ဆောင်သည့် ဒေသခံများ၏ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားပင့်ဆောင်သည့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
စစ်ကောင်စီသည် ပအိုဝ်းဒေသများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးနေလျက်ရှိသည်။
PNLA သတင်းစဉ်
#PNLO #PNLA #pnlanews #pnlaသတင်းစဉ်