P.E.F.A Main Channel
11K subscribers
613 photos
511 videos
690 links
Download Telegram
Suzume ( すずめの戸締まり)

Type - Movie
Aired - Nov 11, 2022
Studios - CoMix Wave Films
Genres - Adventure, Supernatural
Duration - 2 hr 1 min
Rating - 8.25

Encoded by Ash's Five

*ဇာတ်လမ်းအညွှန်း*

အထက်တန်းကျောင်းသူလေး Suzume Iwatoတစ်ယောက် ကျောင်းသွားနေကျလမ်းအတိုင်း သွားနေရင်းကနေ လူသူစွန့်ပစ်ထားတဲ့နေရာတွေကို လိုက်လံရှာဖွေနေတဲ့ Souta Munakata ဆိုတဲ့ လူငယ်လေးနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပါတယ်။ သိချင်စိတ်တွေပြင်းပြနေတဲ့ Suzume တစ်ယောက် Souta ကို အနီးအနားက စွန့်ပစ်နေရာတွေကိုလမ်းညွှန်ပေးလိုက်ရုံတင်မကဘဲ နောက်ကနေပါ လိုက်သွားခဲ့ပါတယ်။

စွန့်ပစ်နေရာတစ်ခုကိုရောက်တဲ့အချိန်မှာတော့ Suzume တစ်ယောက် ထူးဆန်းတဲ့ တံခါးချပ်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီတံခါးရဲ့ တစ်ဖက်ခြမ်းမှာတော့ အိပ်မက်ဆန်တဲ့ ယူနီဗာ့စ်ကြီးတစ်ခုရှိနေပြီး သူ့အနေနဲ့ မြင်လည်းမြင်ရ ခံစားလို့လည်းရနေပေမဲ့ ဝင်ရောက်လို့ မရခဲ့ပါဘူး။ တံခါးအနားက မြေပြင်မှာ ထူးဆန်းတဲ့ကျောက်တုံးလေးကို တွေ့လို့ ကောက်ယူလိုက်ရာကနေ အဲဒီကျောက်တုံးလေးဟာ ကြောင်ပုံစံ သတ္တဝါလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးတော့ ထွက်ပြေးလို့သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Suzume တစ်ယောက် ကြောက်လန့်တကြားနဲ့ တံခါးကို မပိတ်ခဲ့ဘဲ ကျောင်းကို အပြေးပြန်လာခဲ့ပါတော့တယ်။

တံခါးကို မပိတ်ဘဲထားခဲ့တဲ့ အကျိုးဆက်က ဘယ်လောက်ထိ ကြီးမားသွားလဲဆိုတာကို Suzume တစ်ယောက် မသိခဲ့ပါဘူး။ သူဖယ်ရှားလိုက်တဲ့ ကျောက်တုံးလေးကြောင့်နဲ့ တံခါးရဲ့ တစ်ဖက်ခြမ်းကနေ မကောင်းဆိုးဝါးတွေ လွတ်မြောက်လာခဲ့ပြီးတော့ ဂျပန်တစ်နိုင်ငံလုံးကို ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။ သူလုပ်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်ဖို့အတွက် Suzume တစ်ယောက် Souta နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ Souta ကတော့ ဒီလို မကောင်းဆိုးဝါးတွေကို ကမ္ဘာလောကကြီးထဲ ဝင်ရောက်မလာအောင်လို့ တံခါးတွေကို လိုက်လံပိတ်ဖို့အတွက် တာဝန်ပေးအပ်ခြင်း ခံထားရသူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ဂျပန်နိုင်ငံကြီး မပျက်စီးဖို့ရာအတွက် Souta နဲ့အတူ Suzume ပါ ပူးပေါင်းပြီးတော့ ဖွင့်ဟနေတဲ့ တံခါးတွေကို လိုက်လံပိတ်ဖို့အတွက် ခရီးကြမ်းတစ်ခု စတင်ခဲ့ပုံကို မင်မင်တို့ရဲ့ PEFA Channelလေးမှာ ကြည့်ရှုအားပေးလိုက်ပါဦး။

[Review ရေးသားသူကတော့ A thaw ဖြစ်ပါတယ်]

Website Link
https://www.pefaentertainment.com/movie/suzume

Movie Link
https://t.me/PEFAVideoUploadChannel/428

Facebook Link
https://www.facebook.com/share/18AbzgDHyu/

#Suzume
#PEFA_Entertainment
5
Media is too big
VIEW IN TELEGRAM
နေ့ခင်းကြောင်တောင်ကြီး ပေါက်ကရတွေတွေးနေသောသူ😆

Link
https://www.pefaentertainment.com/series/dont-toy-with-me-miss-nagataro

#Dont_Toy_With_Me_Miss_Nagatoro
3
The Summer Hikaru Died
Episode 10-12 (End)

Translator - Puei
Encoder - Puei

Resolution - 1080p

Episode 10

Episode 11

Episode 12 (End)

Website Link

Download Link

Link Collection

Facebook Link

#The_Summer_Hikari_Died
#PEFA_Entertainment
4🥰2
Minna-san! ဒီနေ့လေးဟာ မြန်မာနှစ်သစ်ရဲ့ ပထမဆုံးနေ့လေးပဲဖြစ်ပါတယ်။ နှစ်သစ်ကြိုတဲ့လေးရက်လုံးရော ပျော်ခဲ့ကြရဲ့လား ပြောခဲ့ကြပါဦး။

ဒီမြန်မာနှစ်သစ်ကူးနေ့လေးမှာ Minna-san တို့အားလုံး လိုရာဆန္ဒပြည့်ဝပြီး ပျော်ရွှင်နိုင်ကြဖို့ မင်တို့ PEFA Team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🫶❤️

#PEFA_Team #Myanmar_Thingyan_Festival
11
သင်္ကြန်တွင်း ရည်းစားရောရခဲ့ကြရရဲ့လား👀
🤣2😭2
တခြားအချိန်တောင်မရတာ သင်္ကြန်လေးရက်တည်းနဲ့ ရည်းစားရစရာလားနော် 🤭
🤣3😁2
Chensō Man (Chainsaw Man)
[チェンソーマン]

Type - TV series
Episodes: 12
Aired - From Oct 11, 2022 to Dec 2022
Studios - MAPPA
Genres - Action, Comedy horror, Dark Fantasy
Duration - 24 mins per episode
Rating - 8.3/10

Encoded by Adria

*ဇာတ်လမ်းအညွှန်း*

Denji ဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ရဲ့အဖေဟာအကြွေးတွေဝိုင်းပြီးကိုယ့်ကိုယ်ကိုသတ်သေပြီးသူ့သားကိုအကြွေးတွေနဲ့ထားခဲ့ပါတယ်ထို့နောက်သူဟာ pochita လို့ခေါ်တဲ့ လွှမိစ္ဆာလေးနှင့်အတူ အကြွေးပေါင်းများစွာနဲ့ ရှင်သန်နေရပါတယ် Denji ဟာ သူ့အတွက််အသုံးဝင်တာသူ့တွက်ကောင်းမဲ့အရာဆို ဘယ်အရာကိုမှမမှုပဲ အကြောက်တရားကို ဖြိုခွင်းပြီး အသက်အန္တရာယ် ကြုံရပါစေ ဘာမဆိုလုပ်တတ်တဲ့သူမျိူးဖြစ်ပါတယ်

သို့သော် Denji အကြွေးရှင်ဟာသူ့အဖေအကြွေးတွေကိုဆပ်နိုင်ဖို့မိစ္ဆာသတ်သည့်အလုပ်ကိုပေးအပ်ခဲ့ပြီးအကြွေးကိုပြန်ဆပ်ခိုင်းခဲ့ပါတယ်ထို့ကြောင့် Denjiဟာ pochitaနဲ့ အတူတူ မိစ္ဆာသတ်တဲ့အလုပ်ကိုလုပ်ကိုင်ပြီး ပိုက်ဆံရှာနေခဲ့ပါတယ်

သို့ရာတွင် ပြဿနာရဲ့ အစဟာ မိစ္ဆာများက ထိုကိစ္စကို သိရှိပြီးနောက် မကျေမချမ်းဖြစ်ကာ Denji ကို သေရွာပို့ရန် ကြံစည်ကြခြင်းသာဖြစ်ပါတယ် Denji သာမက မိစ္ဆာလေး pochita ကပါနာနာကျင်ကျင် သတ်ဖြတ်ခံလိုက်ရပြီး သွေးတလူးလူးဖြင့် သေဆုံးခဲ့ပါတယ်

ကံတရားရဲ့ မျက်နှာပေးမှုနှင့်အတူ Denji ရဲ့သွေးတစ်စက်က pochita ခန္ဓာကိုယ်ထဲဝင်ရောက်သွားတဲ့အချိန်မှာတော့ pochita ဟာ Denji ရဲ့နှလုံးသားအဖြစ် Denjiအား သေခြင်းတရားကို အနိုင်ယူပြီး လူသားမိစ္ဆာအဖြစ် မိစ္ဆာစွမ်းအားများနှင့်အတူ ရှင်သန်ထမြောက်စေခဲ့ပါတယ်

ထို့နောက် Denji ဟာ မိစ္ဆာသတ်သမားအဖွဲ့စည်းတွေရောက်လာသည့်အခါသူသည်လူတစ်ယောက်မဟုတ်တော့ကြောင်းကြောင့် သူ့ကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ် မိစ္ဆာသတ်သမားအဖွဲ့အစည်းထဲဝင်မလား မိစ္ဆာတစ်ယောက်လိုအသတ်ခံမလားဆိုတာကိုထို့နောက်Denjiဟာအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ် Denji ရဲ့ ပြတ်သားပြီး လိုချင်တာရဖို့ဘာမဆို လုပ်ရဲတဲ့ စိတ်ဓာတ်နဲ့ pochita ရဲ့ မိစ္ဆာစွမ်းအား ကို ပေါင်းစပ်ထားတဲ့ လူသားမိစ္ဆာတစ်ယောက်အနေနဲ့ ဆိုးရွားကြောက်မက်ဖွယ် မိစ္ဆာများကို ဘယ်လိုခပ်မိုက်မိုက် အမြစ်ဖြုတ်ပစ်မလဲဆိုတာကတော့ မင်မင်တို့ရဲ့ PEFA Entertainment မှာ ကြည့်ရှုနိုင်ပါပြီ။

မှတ်ချက်။ ။ သွေးထွက်သံရိုဇာတ်ဝင်ခန်းများပါရှိသောကြောင့် ကလေးသူငယ်များ မကြည့်ရှုသင့်ပါ

[Review ရေးသားသူကတော့ Adria ဖြစ်ပါတယ်]

Website Link:
https://www.pefaentertainment.com/series/chainsaw-man

#Chainsaw_Man
7
Hakubo (Twilight)
[薄暮]

Type - 50-min Anime Film
Aired - June 21, 2019
Studios - Twilight Studio
Genres - Drama, Romance, Slice of life
Duration - 52 mins
Rating - 6.0/10

Encoded by Adria

*ဇာတ်လမ်းအညွှန်း*

Fukushima လို့အမည်ရတဲ့ အေးချမ်းစိမ်းစိုတဲ့ နယ်မြို့လေးတစ်ခုမှာ နေထိုင်တဲ့ အထက်တန်းကျောင်းသူလေး Sachi Koyama ဟာ တယောထိုးရတာကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး တခြားအရာတွေမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသော်လည်း တယောထိုးတဲ့နေရာမှာ ယုံကြည်မှုရှိသူတစ်ဦးဖြစ်ပါတယ် Seishirō Katō လို့ခေါ်တဲ့ ရိုးရှင်းတဲ့ဘဝနဲ့ ပုံဆွဲခြင်းကို အလွန်နှစ်သက်တဲ့အထက်တန်းကျောင်းသားလေး တစ်ယောက်ဟာလည်းအဲဒီနယ်မြို့အနီးတစ်ဝိုက်မှာတင် ပန်းချီကားရေးဆွဲဖို့ အလှပဆုံးနေရာများစွာ ရှာဖွေကာ ကျင်လည်နေခဲ့ပါတယ်

အဲဒီနောက် နှစ်ဦးသားဟာ ရှုမောဖွယ် ဆည်းဆာချိန်(Twilight) ကို မျက်ဝါးထင်ထင်မြင်တွေ့ရသည့် မြို့ငယ်လေးရဲ့ အလှဆုံးနေရာလေးတစ်ခုမှာ ဆုံတွေ့ခဲ့ကြပါတယ် သူတို့နှစ်ဦးဟာ ပထမဆုံးတွေ့ဆုံမှုမှာ မဝင့်မရဲ စကားစမြည်ပြောကြရင်းမှတဆင့် တဖြေးဖြေး ရင်းနှီးကျွမ်းဝင်ကာ သံယောဇဉ်ကြိုးတွေ အစပျိုးချိန်တစ်ခုဖြစ်လာပါတော့တယ်
နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက် ဘယ်လိုဖေးမကြလဲ ဘယ်လိုရင်ခုန်စရာအခိုက်အတန့်တွေ ကြုံကြလဲ သံယောဇဉ်ကြိုးတွေဘယ်လောက်ထိခိုင်မာသွားလဲ အဆုံးသတ်မှာရော သူတို့နှစ်ဦးတကယ်ပဲ ပေါင်းစည်းသွားနိုင််မလားဆိုတာကတော့ မင်မင်တို့ PEFA Entertainment Channel မှာ ကြည့်ရှုနိုင်ပါပြီ။

မှတ်ချက်။ ။အေးအေးငြိမ့်ငြိမ့်လေးနဲ့ ရင်ခုန်စရာအခိုက်တန့်လေးတွေကို ကြည့်ရတာ သဘောကျတဲ့ မင်မင့်အသဲလေးတွေအတွက်ကတော့ အံကိုက်ပါပဲရှင်

[Review ရေးသားသူကတော့ Adria ဖြစ်ပါတယ်]

Website Link:
https://www.pefaentertainment.com/movie/hakubo

Video Link:
https://t.me/PEFAVideoUploadChannel/454

Facebook Link:
https://www.facebook.com/100088049225743/posts/pfbid02FMqWGG1RRRD12qxHVjPqUdgSmxjENdXDkHWYRGDc9FS3ViPkbY9sJLLcBub4e8uPl/

#Hakubo
#PEFA_Entertainment
3