PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
PDF Insight
Photo
စစ်ကြောင်းလိုက်အပြုတ်နှံတဲ့ PDF
……………………

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ခုခံတော်လှန်စစ်အစမှာ မိုင်းဆွဲတိုက်ခိုက်မှု၊ ပြောက်ကြားပစ်ခတ်မှု၊ ရန်သူ့စခန်းငယ်တွေ သိမ်းပိုက်နိုင်မှုကနေ အခုနောက်ဆုံး အင်အား ရာချီပါ ရန်သူ့ စစ်ကြောင်းလိုက် အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ယခုလို စစ်ရေးအောင်ပွဲတွေ ရရှိလာတာဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ လေ့ကျင့်သားပြည့်ဝလာတာ၊ အမိန့်ပေးကွပ်ကဲမှုကောင်းမွန်လာတာ၊ လက်နက်တပ်ဆင်မှုကောင်းမွန်လာတာ နဲ့ လူထုထောက်ခံမှု ရရှိထားတာတွေကြောင့် ဖြစ်ပါတယ်။ ရန်သူ့စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်နိုင်မှုတွေကို ကြည့်ရင်လည်း ဒေသတခု ဥပမာ စစ်ကိုင်းတိုင်းအထက်ပိုင်း နေရာ တခုတည်းမှာ ဖြစ်ပွားနေတဲ့ သီးခြားဖြစ်စဉ် မဟုတ်တော့ဘဲ မြေပြန့်ဒေသတခုလုံး လွှမ်းခြုံဖြစ်ပေါ်နေတဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်လာပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ PDF တွေရဲ့ စစ်ရေး စွမ်းရည်ဟာ ဒေသ အသီးသီးမှာ ဟန်ချက်ညီ တိုးတက်လာတာကို ပြပါတယ်။ ရှေ့နှစ်တွေမှာ ရင်းနှီးမြှပ်နှံကာ တပ်တည်ဆောက်ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းရဲ့ ရလဒ်တွေလည်း ဖြစ်ပါတယ်။

🔺 ၂၀၂၅ ခုနစ်၊ မတ်လ (၁၉) ရက်နေ့မှာ ကသာက အင်းတော်ကို ထွက်ခွာလာတဲ့ ခမရ (၃၁၃)၊ ခမရ (၁၀၆)၊ ခလရ (၆) လက်အောက်ခံ စုပေါင်းစပ်ပေါင်း အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ က တိုက်ခိုက်ရာ ရန်သူ (၄၇) ဦး သေဆုံးခန့် သေဆုံးပြီး (၃၁) ဦး အရှင်ဖမ်းမိခဲ့ပါတယ်။ ဗိုလ်မှူး (၂) ဦး နဲ့ ဗိုလ်ကြီး (၁) ဦး လဲ သေဆုံးခဲ့ပါတယ်။

🔺 မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ တပ်မ (၁၀၁) လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကိုလဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း (၄/၁၀)၊ နွားထိုးကြီး မြို့နယ် ပကဖ၊ မဟာမိတ်အဖွဲ့တွေ မတ်လ (၉) ရက်နေ့တွင်း ပူးပေါင်း တိုက်ခိုက်ရာ ရန်သူ (၂၅) ဦး သေဆုံး၊ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီး‌ အောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၄၄) လက်၊ ၅.၅၆ ကျည် (၁၂၀၀၀) တောင့်၊ ၇.၆၂ ကျည် (၁၀၄၅) တောင့် နဲ့ တခြား ခဲယမ်းတွေလဲ သိမ်းမိခဲ့ပါတယ်။ ရန်သူ့ဘက်က လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့တဲ့ ကြားက ယခုလို စစ်ကြောင်း အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

🔺 မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက် မြို့နယ်ခွဲမှာလဲ ရန်သူ့ စစ်ကြောင်း ကို မတ်လ (၁၄) ရက်က တိုက်ခိုက်ရာ (၇၄) ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကြောင်းတခုလုံး ပြုတ်သွားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

🔺 စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာလဲ ရန်သူ့ စစ်ကြောင်း (၂) ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပူးပေါင်း အဖွဲ့တွေက ဇန်နဝါရီလ (၅) ရက်နေ့မှာ တိုက်ခိုက်ရာမှာ ရန်သူ (၁၀၀) ခန့်သေဆုံးပြီး (၉) ဦး ကို ဖမ်းမိခဲ့ပါတယ်။

🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲမှာ ရန်သူ (၃၃) ဦး သေဆုံးပြီး ဗိုလ်ကြီး (၂) ဦး အပါ (၄၃) ဦး ကို ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်း ရရှိခဲ့ပါတယ်။

အထက်ဖော်ပြပါ စစ်ကြောင်း ချေမှုန်းရေး ဖြစ်စဉ် (၅) ခု မှာတင် ရန်သူ့ဘက်က သေဆုံး၊ ဖမ်းမိ အင်အားပြုန်းတီးမှု (၃၇၆) ဦးထိရှိပြီး တပ်ရင်း (၃) ကျော် ပမာဏ ထိရှိပါတယ်။ လက်နက်သိမ်းဆည်းရရှိမှုလဲ ရာချီ ရှိတဲ့ အတွက် ရန်သူ့ လက်နက်ဖြုတ်သိမ်းရေးလုပ်ဆောင်နိုင်ခဲ့သလို ကိုယ့်တပ် လက်နက်တပ်ဆင်ရေးကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ တပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည် ထက်မြက်လာတာကို စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ်တွေက ပြသလျက်ရှိပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍12721🫡9🥰7😁2🤩2
👍33👏31🫡1
PDF Insight
Photo
အချိန်တန်လို့ နွားပိန်ကန်ကြသော်လည်း

လဘက်ရည်ဆိုင်မှာ လူတယောက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ချသွားတဲ့ စကစ သတင်းစာတစောင် ကောက်ပြီးကြည့်လိုက်မိပါတယ်။ အာပါး သွပ် - သွပ်- သွပ် ဒါကြောင့်ကိုးလို့ ရေရွတ်မိပါတော့တယ်။ သတင်းတွေကတော့ စကစအစည်းဝေးမှာ မအလပြောတဲ့မိန့်ခွန်းနဲ့ အဲဒီနေ့မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်သူအချို့ရဲ့စကားတွေ တွေ့ရတာပါပဲ။ စကားဝိုင်းခေါင်းစဥ်က " တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့" ဆိုပါလား၊ all inclusive ဆိုတာမပါတော့ ဘောမစစ်စစ်တွေနဲ့ ဘောမဖို့ ဟန်ပြင်နေသူများချည်း ရွေးဖိတ်ထားတာပါပဲ။ စကားဝိုင်းတွေမှာ ခေါင်းဆောင်ဆွေးနွေးကြသူတွေကြည့်လိုက်တော့ အရင်က အင်တာဗျူးတခုမှာ စစ်တပ် ဘယ်အချိန် နိုင်ငံရေးက ထွက်မလဲလို့မေးတာကို နောက်အနှစ် ၅၀ လောက်မှ ထွက်လိမ့်မယ်ဆိုပြီးပြောခဲ့သူ ပါတယ်။ သူကိုယ်တိုင်တပ်ထွက်တဦးဖြစ်ပြီး ဘယ်ကရမှန်းမသိတဲ့ ဒေါက်တာဘွဲ့ခံထားသူပါပဲ။ ၂၀၂၃ လောက်ကထင်တယ် စစ်တပ်က တိုက်ပွဲတွေ တောက်လျောက် ရှုံးနေတော့ ထုတည်ဆောက်ပြီးမှ တိုက်ဖို့ အကြံပေးခဲ့သူပေါ့။ လက်တွေ့မှာ ထုတည်ဆောက်ဖို့ လူကမရှိတော့ တနိုင်ငံလုံး လူတွေဖမ်းပြီး အတင်းအဓမ္မ စစ်ထဲထည့်ဖို့ အကြံပေးတာလဲ သူပဲဖြစ်နိုင်ပါတယ်။ စီးပွားရေးမှာ ဦးဆောင်ဆွေးနွေးသူကလည်း ထိပ်ပြောင်ပြောင်ဒေါက်တာဆိုသူပါပဲ။ ထိုင်းမ နဲ့ရ၊ ထိုင်းမှာနေပြီး စကစနဲ့ ပလဲနံပသင့်နေသူတွေပါပဲ။ ဦးသိန်းစိန်လက်ထက်တုန်းက မြေကွက်တွေ တောင်းလွန်းလို့ စစ်ဗိုလ်တွေတောင် လက်လန်ရသူပါပဲ။ ဒီတခါတော့ သူ့ဘက်ကရှားရှားပါးပါး ထောက်ခံသူရလိုက်လို့ သူ တောင်းစရာမလိုပဲ မအလကပေးမှာပါ။ နောက်ထပ် အမတ်ပြုတ် မမတယောက်နဲ့ ဝန်ကြီးပြုတ် တသင်းလုံးကန်မယ်ဆိုတဲ့ တယောက်လဲပါရဲ့။ ကေကျု့နဲ့ ဘောမပါတီတွေအပြင် အခြားသော NCA sign ဆိုသူတွေလဲပါရဲ့။ လူစုံတက်စုံ အချိန်တန်တော့ နွားပိန်ကန်ကြတာပါပဲ။

စကစအစည်းဝေးမှာတော့ မအလက ရွေးကောက်ပွဲကို ဒီဇင်ဘာ တတိယအပတ်မှ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ကျင်းပမယ်လို့ အတည်ပေါက်ကြီးပြောသွားပါတယ်။ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို ပြည်နယ်သားတွေ ကိုယ်တိုင်ရွေးချယ်ရမယ်လို့ဆိုသွားတယ်။ ဒါကတော့ တိုင်းရင်းသားတွေကြိုက်မယ်ထင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်ပြီးပြောလိုက်တာပါပဲ။ ဖွဲ့စည်းပုံကတော့ သူတို့ စစ်ဖိနပ်နဲ့ နင်းခြေပီးသားဖြစ်လို့ သူကြိုက်သလိုပြောနေ လုပ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာ အခြေနေက အရင်လိုမဟုတ်တော့ပါဘူး။ ဥပမာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးခွင့်ရှိမယ်ဆိုတာကို SNLD နဲ့ SNDP ကကြိုက်ချင်ကြိုက်မယ် SSPP နဲ့ RCSS ကတော့ ကြိုက်မှာမဟုတ်ပါဘူး။ သူတို့က အခုငြိမ်နေကြပေမယ့် အခွင့်သာတာနဲ့ နီးရာနယ်မြေတွေ တက်သိမ်းကြမယ့်သူတွေပါပဲ။ ကချင်မှာဆိုရင် ဒေါက်တာတူးဂျာတို့ ခက်ထိန်နန်တို့ကြိုက်နိုင်ပေမယ့် KIA က မကြိုက်နိုင်ပါဘူး။ ရခိုင်နဲ့ ချင်း ၊ ကရင်နဲ့ ကရင်နီ စသဖြင့် လက်နက်ကိုင် ERO တွေနဲ့ PDF တွေအားကောင်း စိုးမိုးထားရာနေရာတွေကို မျက်ကွယ်ပြုတဲ့ ဘယ်စဥ်းစားချက်မှ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အဆုံးအဖြတ်က တော်လှန်ရေးအင်အားတွေဘက်မှာရှိနေပါတယ်။ မအလ လက်မှာမရှိပါဘူး။ မအလအနေနဲ့ တိုင်းရင်းသားအကြိုက်ဆိုတာတွေ မက်လုံးပေးလာပေမယ့် အချိန်ကလွန်နေပါပြီ။

ရွေးကောက်ပွဲ မဖြစ်မနေလုပ်ချင်တော့ ၅၁ ခုနှစ် လောက်ကလဲ အဲလိုပဲ အကြိမ်တွေခွဲပြီး ကျင်းပခဲ့ဖူးတဲ့ အစဥ်အလာကို မအလ က ကိုးကားသွားပါတယ်။ တကယ်တော့ အခြေနေက မတူပါဘူး။ အဲဒီတုန်း က ၄၉ ခုနှစ် တဝက်လောက်ပဲ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး ၅၀ခုထဲမှာ တဖြေးဖြေး ဖဆပလ တပ်တွေက အသာရလာပါပြီ။ ၅၀ ခုထဲမှာ အတော်လေးတည်ငြိမ်လာပြီး ဆက်လက်တည်ငြိမ်တော့မယ်ဆိုတာ တွက်လို့ရတဲ့အခြေအနေပါ။ အဲဒါကြောင့် ၅၁ခုနှစ် ထဲမှာရွေးကောက်ပွဲ စလုပ်တာပါ။ ခုဟာကတော့ တိုက်ပွဲတွေ အလွန်ပြင်းထန်နေပြီး ဆက်လက်ပြင်းထန်လာကာ နေပြည်တော်အထိရောက်လာနိုင်တဲ့အခြေအနေပါ။အဲဒါကြောင့် နေပြည်တော်မှာ ကတုတ်ကျင်းတွေတူးပြီး စစ်ပြင်နေရတာမဟုတ်လား။ အခြေနေချင်း အရမ်းကွာပါတယ်။ အဲဒါကိုပဲ ဘူမသိ ကိုးမသိ အမည်ခံပညာရှင်ဆိုသူတွေ၊ ဘောမပါတီတွေနဲ့ အခွင့်အရေးသမားတွေက ဆွေးနွေးပွဲတွေလုပ်ပြီး ပစ်ခတ်ထောက်ခံနေကြတာပဲဖြစ်ပါတယ်။
👍7014👏3🫡2
PDF Insight
Photo
နိုင်ငံရေးပြသနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်၊ စားပွဲဝိုင်းရောက်အောင် အားလုံးအတူဝိုင်းဝန်း ကြိုးပမ်းကြရမယ် ဆိုပါလား၊ အဲဒီခေတ်က လွန်ခဲ့ပါပြီ။ အရင်အစိုးရလက်ထက်က ပြန်လည်သင့်မြတ်ရေးလမ်းစဥ်ဆိုတာတွေ လုပ်ခဲ့ပြီးပါပြီ။ အရပ်ဘက်နိုင်ငဲံရေးသမားများက စစ်တပ်ကို ဂုဏ်သိက္ခါရှိတဲ့ ထွက်ပေါက်ပေးခဲ့ပြီးပါပြီ။ ရိုဟင်ဂျာကိစ္စမှာ နိုင်ငံအတွက်အမှန်ကန်ဆုံး ရပ်တည်ပေးခဲ့တာတောင် နားမလည်တဲ့ စစ်တပ်ဟာ နောက်ဆုံး အာဏာရမက် ငမ်းငမ်းတက်ပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တာမဟုတ်လား။ ဒါက နိုင်ငံရေးပြသနာမဟုတ်တော့ပါဘူး။နိုင်ငံရေးပြသနာအဖြစ်ပြန်ရောက်စေချင်ရင် အခုအာဏာသိမ်းမှုကို ဦးဆောင် ခဲ့သူ အားလုံး နှုတ်ထွက်ပေးခဲ့ရင်တော့ ကျန်တဲ့သူနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါလိမ့်မယ်။ နိုင်ငံရေးကို အထက်စီးက ပြောနိုင်လောက်အောင် စစ်တပ်လက်မှာ ဘာကဒ်မှ ရှိမနေပါဘူး။ ရန်ကုန်နဲ့ နေပြည်တော်လောက်ပဲ ကျင်းပပြီး အမတ် ၅၆ နေရာလောက်ရရင် ရွေးကောက်ပွဲ အထမြောက်နိုင်ပေမယ့် အဲဒါကလည်း စစ်အုပ်စုအတွက် နိုင်ဖဲ ဖြစ်လာမှာမဟုတ်ပါဘူး။ အစိုးရအစည်းဝေး မခေါ်နိုင်ပဲ ကာလုံအစည်းဝေး ၂၄နာရီကျင်းပပြီး စစ်ရေးကိစ္စပဲ လုပ်ရမှာပါပဲ။နယ်မြေတွေ တဖြည်းဖြည်းကြုံ့သွားပြီး နောက်ဆုံး အရှုံးပေးရပြီဆိုရင်တော့ စစ်တပ်ထဲက ဒုတိယ တတိယတန်းခေါင်းဆောင်တွေပါ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူခံရမှာပါပဲ။ အဲတော့ ဒီလို တကယ့်အခြေနေ အစစ်အမှန်ကို သိမြင်သဘောပေါက်သူ တယောက်တလေ တစုတဖွဲ့ရှိတယ် ဆိုရင်တော့ မအလနဲ့အပေါင်းအပါတသိုက်ကို အချိန်မဆိုင်းပဲ ဖြုတ်ချလိုက်ခြင်းက စစ်တပ်ကို ကယ်တင်ရာရောက်သလို တိုင်းပြည်အနာဂါတ်အတွက်လဲ ကောင်းကျိုးပြုတာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
143👍52🤩3🫡1
72🫡8👍5🥰3😁1🤣1
82👍6🫡6🥰4😁3👏1🤣1