PDF Insight
Photo
ပြည်မြို့ကို ဝန်းရံခြင်း
………………………….
ပြည်မြို့ကို ဝန်းရံတိုက်ခိုက်မိပါက စစ်အုပ်စုအတွက် အရေးကြီးနောက်တန်း ထောက်ပို့ဒေသတခု ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ပြည်မြို့နယ်ဘေးက ပန်းတောင်းမြို့နယ်ထဲကိုရောက်လာပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ပြည်မြို့နားကိုရောက် လာတော့မှာဖြစ်ပါတယ်။ ပြည်မြို့ ပတ်ချာလည်ဒေသတွေ ဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတည်၊နတ်တလင်း၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ မြို့နယ်တွေမှာ မူလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ပြောက်ကျားစစ်ဆင် တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်က ဝင်ရောက်လာမယ် အေအေ ထိုးစစ် နဲ့ ပြည်မြို့ ပတ်ချာလည်ဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေ ပူးပေါင်းသွားရင် ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်ပါတယ်။ ပြည်မြို့ပတ်ချာလည်ဒေသတွေ စိုးမိုးဒေသအဖြစ် ပေါ်ထွက်လာပြီးရင် ပဲခူးတိုင်း အနောက်ခြမ်းမှာ ဖော်ဆောင်နေတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွေနဲ့ တဆက်စပ်တည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်သွားရင် ရန်ကုန်-ပြည် လမ်း၊ ရန်ကုန်-နေပြည်တော် လမ်းတွေကို တော်လှန်ရေး အင်အားစုတွေ ကန့်လန့်ဖြတ် စိုးမိုးပိတ်ဆို့ထားနိုင်တော့မှာ ဖြစ်ပါတယ်။
ပြည်မြို့ မှာ ရန်သူ့ ဒကစ တခု အခြေစိုက်ထားပြီး အေအေ ထိုးစစ် ဝင်ရောက်လာမယ်ဆိုတာကို ကြိုတင် သိရှိထားပေမယ့်လည်း စခန်းတွေ၊ ခံစစ်လိုင်းတွေ ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမရှိပါဘူး။ ဒါဟာ အေအေ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာပိုင်း၊ စစ်ဆင် တိုက်ခိုက်မှုပိုင်း အစွမ်းထက်တာကို ပြပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစခန်းကို စစ်အုပ်စုဘက်က အင်အားရာချီ ပို့ဆောင်ပြီး လေကြောင်း ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့်လဲ အေအေ တပ်ဖွဲ့တွေက မတ်လ ဒုတိယပတ် အတွင်း သိမ်းယူနိုင်ခဲ့ပါတယ်။ ရန်သူ အနေနဲ့ အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်တဲ့ ပြည် ဒကစ ရှိပေမယ့်လဲ ရှေ့တန်းစခန်းတွေ မကျအောင် ခုခံနိုင်ခဲ့ခြင်းမရှိပါဘူး။
ပဲခူးတိုင်းအတွင်းမှာ ရန်သူ့ လက်နက်စက်ရုံတွေ ဖြစ်တဲ့ ကပစ စက်ရုံ (၇) ရုံထိရှိပါတယ်။ ဥသျှစ်ပင် မြို့ အနီးမှာ ကပစ (၅/၆/၇/၁၆) တို့ရှိပြီး ပြည်မြို့ နားမှာ ကပစ (၃/၇/၁၉) တို့ရှိပါတယ်။ ပြည် မြို့ကို သိမ်းပိုက်ခြင်း မရှိရင်တောင်ဘဲ အဆိုပါ နယ်မြေ အတွင်း စိုးမိုး နယ်မြေ ထူထောင်နိုင်မယ်ဆိုရင် ရန်သူ့ ကပစ စက်ရုံတွေ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးသွားမှာဖြစ်ပြီး စစ်ဆင်တိုက်ခိုက်နိုင်မှု သိသိသာသာ လျော့ကျသွားမှာဖြစ်ပါတယ်။
ပြည် မြို့ ပတ်ချာလည်ဒေသဟာ မကြာခင် မှာ စိုးမိုးနယ်မြေအဖြစ် ပေါ်ထွက်လာတော့မှာ ဖြစ်သလို ဧရာဝတီတိုင်း ဒေသမှာလဲ ရိုးမဧရာစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည် ဖော်လျက်ရှိပါတယ်။ အဲဒီလို စစ်ဆင်ရေးတွေ တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီဖော်ဆောင်မှု အောက်မှာ စစ်အာဏာရှင်တွေ နဲ့ စစ်အုပ်စု ချေမှုန်းခံရမှာ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်စေဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight

👍159❤41🥰8🫡3🤩2
PDF Insight
Photo
ခြံစည်းရိုး ခတ်ခံရတဲ့နိုင်ငံ
………………………………
ဒီရက်ပိုင်းသတင်းတခုမှာ အိန္ဒိယဘက်က မြန်မာနဲ့နယ်စပ်တလျောက်လုံးကို လာမယ့်ဆယ်နှစ်အတွင်း ခြံစည်းရိုးခတ်ဖို့ လွှတ်တော်မှာ တင်သွင်းသွားတယ်လို့ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးခတ်ကြတယ်ဆိုတာ တဘက်နိုင်ငံရဲ့အခြေနေက မိမိနိုင်ငံလုံခြုံရေးကို ထိပါးလာနိုင်တဲ့အဆင့်ဖြစ်လာလို့ လုပ်ကြတာပါ။ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ၊ မူးယစ်ဆေးဝါးတွေ လူကုန်ကူးမှုတွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ စသဖြင့်အမှုပေါင်းစုံကို တဘက်နိုင်ငံက ထိမ်းချုပ်နိုင်တဲ့အခြေနေမရှိတော့လို့ ကိုယ့်နိုင်ငံကိုယ် လုံခြုံအောင် ငွေကုန်ကြေးကျခံပြီး လုပ်ကြရတာမျိုးပါပဲ။ အိန္ဒိယနယ်စပ်မှာ အရင်က ဆယ်ကီလိုမီတာအထိ လွတ်လပ်စွာဖြတ်သန်းဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါမှသာ နယ်စပ်တဘက်တချက်မှာနေကြတဲ့ မျိုးနွယ်တူလူမျိးတွေ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ကြမှာဖြစ်တယ်။ တရုတ်နယ်စပ်မှာ နှစ်ဖက်လုံးမှာ လူမျိုးတူတွေ နေထိုင်ကြပေမယ့် ဒီလိုအခွင့်အရေးပေးမထားပါဘူး။ ခုတော့ စကစလက်အောက်မြန်မာနိုင်ငံရဲ့ ကျဆင်းလာတဲ့ လုံခြုံရေး အုပ်ချုပ်ရေးအခြေနေတွေကြောင့် အိမ်နီးချင်းတွေက ဒီလမ်းကြောင်းတွေ ရွေးကြရတာပါပဲ။ တရုတ်နယ်စပ်မှာတော့ ခပ်စောစောကတည်းက ကိုးကန့်နားမှာ ခြံစည်းရိုးခတ်ထားတာပါ။ ကျန်တဲ့ ဝ မိုင်းလားစတာတွေမှာကတော့ သူ့ရဲ့ ငယ်နိုင်တွေ မင်းလုပ်နေကြတာမို့ ခြံမခတ်ပါဘူး။ buffer zone ထားနေတာပါ။ တကယ်တော့ ဒီလိုခြံစည်းရိုးအကာခံရတာရော ကြားခံနယ်ထားခံရတာပါ မိမိနိုင်ငံအတွက် အလွန်ရှက်စရာကောင်းတဲ့ကိစ္စပါ။ နယ်စပ်တွေမှာ ဒီလိုနယ်တွေရှိနေတာကလဲ တဘက်ကပြောရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တစိတ်တပိုင်း ဆုံးရှုံးနေတာပါပဲ။
ပြောမယ်ဆိုရင် ၁၉၇၀မတိုင်ခင်လောက်မှာ တရုတ်က ဗကပကို ထိုးသွင်းလိုက်ကတည်းက မြန်မာ့နယ်မြေတချို့အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဗကပ ပြိုပျက်သွားတော့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါ်လာပြီး တဗိုလ်တမင်းနေကြတော့ ဗဟိုအစိုးရ အာဏာမသက်ရောက်ခဲ့ပါဘူး။ တဘက်မှာသူတို့ဟာတရုတ်ကိုပဲ သစ္စာခံသလိုလဲဖြစ်နေသေးတာပါ။ အဲတော့ နွေဦးတော်လှန်ရေးဖြစ်လာမှ တိုင်းပြည် တစစီဖြစ်သွားမှာစိုးရိမ်တယ်ဆိုတဲ့စကားတွေက ရီစရာပဲဖြစ်ပါတယ်။ အမှန်ကတော့ အိမ်နီးချင်းတွေနဲ့ ထိစပ်ရာနယ်နမိတ်အားလုံးမှာ ဒီလိုနယ်မြေတွေရှိခဲ့တာပါပဲ။ အများစုကတော့ မိမိလူမျိုးအတွက် ထိုက်တန်တဲ့အခွင့်အရေးရဖို့ တော်လှန်ရေးဆင်နွှဲနေကြတာပါပဲ။ နဝတ လက်ထက်ကစလို့ BGF လိုအဖွဲ့တွေပေါ်လာတဲ့အခါမှာတော့ နှစ်ဖက် ပင်းစားကြရာကနေ ကျားဖျန့်လို တကမ္ဘာလုံးကို သက်ရောက်စေတဲ့ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေအထိ ဖြစ်လာတာ ပါပဲ။ ပြသနာဖြစ်လာမှ စစ်တပ်က သူနဲ့မပတ်သက်ပါဘူး။ သူ့အာဏာမသက်ရောက်ပါဘူးဆိုပြီး နိုင်ငံတကာအလယ် အရှက်မဲ့စွာပြောရတဲ့ဘဝရောက်တော့တာပါပဲ။ ဒို့တာဝန်အရေးသုံးပါးလို့ အော်တဲ့သူတွေက အဲဒီတာဝန်ကို မကျေပြွန်ဆုံးသူတွေပါပဲ။
တကယ်တော့ စစ်သားတွေဟာ တိုင်းရင်းသားအကြောင်း နယ်စပ်ဒေသတွေကို အရောက်အပေါက်အများဆုံးဖြစ်လို့ တိုင်းရင်းသားအကြောင်းအသိဆုံးသူတွေဖြစ်ရမှာပါ။ ဒါပေမယ့်သူတို့ဟာ လှည်းဆွဲတဲ့မြင်းလို တနေရာထဲမြင်ရအောင် မျက်လုံးအကာတပ်ခံထားရတဲ့သူတွေပါပဲ။ သူတို့ကို တကြောင်းဆွဲသိမြင်မှုပဲ ထည့်ပေးထားတာပါ။ ( ဒီအသုံးကို ဦးနေဝင်းလဲသုံးခဲ့ဖူးပါတယ်၊ နယ်ချဲ့သမားတွေက မြန်မာတွေ မြင်ကွင်းကျယ်မမြင်နိုင်အောင် မြင်းကိုမျက်လုံးအကာတပ်သလို လုပ်ခဲ့ကြတာလို့ပြောဖူးတယ်၊ နောက်တော့ သူကလည်း စစ်တပ်ကို တလက်ကိုင်ပဲဖြစ်အောင် မျက်လုံးအကာတပ်ပေးခဲ့တာပဲ ) အခုကြွက်မင်းကိုသွားပြီး ဖူးမျှော်ခဲ့တဲ့ ခုံခုကောင် ဖွတ်မင်းဟာလဲ မျက်လုံးအကာကြီးနဲ့ ကြီးပြင်းလာသူပါပဲ။ အဲဒါကြောင့် ၂၁ ရာစုပင်လုံလို အစည်းဝေးကြီးမှာ ERO တွေကို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့လို့ ပြောထွက်ခဲ့တာပေါ့။ အဲလိုမျက်လုံးအကာတပ်ထားသူ ဦးဆောင်နေတဲ့ ဒီလူသိုက်ဟာ တိုင်းရင်းသားစုံနဲ့ မြေပြန့်နေ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို သေတဲ့အထိ နားလည်မယ့်သူတွေမဟုတ်ဖူးဆိုတာ အလွန်သေချာနေပါတယ်။
တဘက်မှာတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်မီက မြေပြန့်နေ နိုင်ငံရေးသမားတွေဟာ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသား ERO တွေနဲ့ အလှမ်းဝေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးက ဒီအခြေနေတွေကို ပြောင်းပြန်ဖြစ်သွားစေပါတယ်။ အထူးသဖြင့် လူငယ်တော်လှန်ရေးသမားတွေဆိုရင် ERO မဟာမိတ်များနဲ့ တသားထဲလောက် ဖြစ်လာကြတာပါ။ ဒီလိုပြောင်းလဲလာတဲ့အခြေအနေက တော်လှန်ရေးရဲ့ တတိယအဆင့်အောင်မြင်ဖို့ အခြေခံ အကြောင်းအချက်ပါပဲ။ တော်လှန်ရေးအောင်မြင်ခြင်းဟာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးရဲ့ အရေးအကြီးဆုံးခြေလှမ်းပါ။ ဒီကမှတဆင့် အိမ်နီးချင်းတွေ ခြံစည်းရိုးအကာခံရတဲ့အဆင့်မရောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအဆင့်ကို တဆင့်ချင်းချီတက်ကြရမှာပဲဖြစ်ပါတယ် ။

👍131🥰9🤩1🫡1
ရိုးမဧရာစစ်ဆင်ရေး
………………………
စစ်အုပ်စု ချေမှုန်းရေး အရေးပါတဲ့ ရိုးမဧရာစစ်ဆင်ရေး အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ အမျိုးသးညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

❤100👍29🥰9🫡7👌2😁1🤩1💩1
PDF Insight
Photo
နွေဦးရဲ့ လူငယ်ခေါင်းဆောင်များ
တနေ့က ဗီဒီယိုကလစ် ၃ ခုလောက်နဲ့ အင်တာဗျူးအချို့ ကြည့်လိုက်ရတယ်။ တခုက မြင်းခြံ black tiger အဖွဲ့ခေါင်းဆောင်နဲ့အင်တာဗျူး ၊ နောက်တခုက နွားထိုးကြီးတိုက်ပွဲတိုက်ခဲ့တဲ့ ယာယီတပ်ရင်းမှုးလေးနဲ့ နောက်တခုကတော့ ပုဂံညောင်ဦးနားက ငသရောက်တိုက်ပွဲမှာ ခွေး၇၄ ကောင်လောက် သုတ်သင်လိုက်တဲ့ ပကဖခေါင်းဆောင်နဲ့ အင်တာဗျူးတွေပါပဲ။ တော်လှန်ရေးကိုစိတ်ဝင်စားသူ ပြည်သူ့ဘက်တော်သားတွေလဲ ကြည့်လိုက်ရမှာပါပဲ။ အညာဒေသမှာ ဒီလိုအဖွဲ့ပေါင်းများစွာဟာ ဒီလိုတိုက်ပွဲတွေ တိုက်နေကြတာပါပဲ။ ဒါပေမယ့်အသေအချာဗျူးပြီး သူတို့အမြင်အတွေး ရပ်တည်ချက်တွေ မျှော်မှန်းချက်တွေကို သိရတဲ့အချိန်မှာတော့ ဘယ်လိုမှ မလေးစားပဲ မချီးမွမ်းပဲမနေနိုင်အောင်ဖြစ်ရပါတယ်။ သူတို့ဟာ ၄ နှစ်ဆိုတဲ့ကာလတိုတခုအတွင်းမှာ အကြီးစိတ်တွေဝင်လာကြပြီ။ (ဒီစကားက ဘလက်တိုက်ဂါးက ဗိုလ်မိုက်ခဲရဲ့စကားပါ။ဒီအသုံးကိုတမင်ရွေးသုံးတာ၊ လူကြီးစိတ်လို့မပြောပဲ အကြီးစိတ်လို့တမင်သုံးတာပါ ) သဘောကတော့ အငယ်တွေကို စောင့်ရှောက်မယ် သင်ကြားပေးမယ်။ မြှင့်တင်ပေးရမယ်ဆိုတဲ့ အကြီးစိတ်၊ သူက အသက်၂၄နှစ်ပဲရှိပေမယ့် သူရော အခြားခေါင်းဆောင်ငယ်တွေဟာ အများကြီးသင်ယူခဲ့ကြပြီ။ အများကြီးရင့်ကျက်ခဲ့ကြပြီ။ အများကြီးတာဝန်တွေယူနိုင်ခဲ့ကြပြီဆိုတာ တွေ့ရတာပါပဲ။ သူတို့ပြောစကားတွေမှာ မှတ်သားစရာစကားတွေအများကြီးပါတာတွေ့ရပါတယ်။
PDF ဟာပြည်သူမေတ္တာနဲ့ အသက်ဆက်ရတယ်။ ပြည်သူမေတ္တာပျက်ရင် တစ်ရက်တောင်ခံမှာမဟုတ်ဘူး။ ပြည်သူသာအမိ ပြည်သူသာအဖဆိုတာက အဓိကဖြစ်တယ်။ ရဲဘော်တွေနဲ့ ဆက်ဆံရာမှာ အရာရာ စစ်မိန့်နဲ့သွားလို့မရဘူး။ မေတ္တာနဲ့သွားတာတွေလည်းရှိတယ်။ သေနတ်အပေါ်မှာသာယာ မသွားဖို့လိုတယ်။ စစ်ခွေးတွေကိုထိဖို့ထက် ပြည်သူကိုမထိဖို့ ပိုဂရုစိုက်တယ်။ ငသရောက်တိုက်ပွဲက ကိုဇီးကတော့ ဝေဟင်မပါ မြေပြင်ကသာလာခဲ့ ယောကျ်ားချင်း အချိန်မရွေးပဲတဲ့။ ဗိုလ်မှူးတယောက် ဗိုလ်ကြီးတယောက်ပါ ဖမ်းမိခဲ့တဲ့နွားထိုးကြီးတိုက်ပွဲဝင် တပ်ရင်းမှူးလေးရဲ့စကားက သူတို့လက်နက်ချဖို့ပြေးလာတာက ဘောလုံးပွဲမှာ လူစားလဲလို့ပြေးဝင်လာသလိုမျိုး ပြုံးပျော်နေပုံကိုပြောသွားတယ်။ ဒါတွေက မှတ်သားစရာစကားအများကြီးထဲက တချို့ပါ။သူတို့ဟာမြန်မာ့နွေဦးမှာ အပြိုင်းအရိုင်းထွက်ပြူလာတဲ့ မျှစ်စို့ပေါက်တွေလိုပါပဲ။ ဖြေးဖြေးကြီးထွားသန်မာလာပြီး အမြင့်ကို လုတက်နေကြသလိုပါပဲ။ အောက်ခြေအရှုပ်အထွေးတွေထဲကဖောက်ထွက်ပြီး မကြာခင် ပင်အိုပင်ဟောင်းတွေကို ကျော်သွားကြတော့မှာပါ။
အဲဒါတွေနဲ့ပြောင်းပြန် မင်းအောင်လှိုင်ရဲ့ စတင်းဒတ်အာမီကြီးကတော့ အကုန်လု အကုန်သတ် အကုန်မီးရှို့ဆိုတဲ့ ပေါ်လစီအတိုင်းသွားနေတုန်းပါပဲ။ လက်ရှိစစ်ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ အညံ့ဆုံးမျိုးဆက်ပါပဲ။ ဒီလိုပြောလို့ အရင်လူတွေကတော်လို့လားဆိုတော့ မတော်ပါဘူး။ သေနတ်ပြ အနိုင်ကျင့်အုပ်ချုပ်ကြရာမှာအတူတူပါပဲ။ ဒါပေမယ့် ဒီလူသိုက်ကတော့ personality ( လူရည်လူသွေး ပညာတတ်မြောက်မှု ရုပ်ရည် အရပ်အမောင်းကအစ ခြုံပီးပြောရင် ) မှာ အညံ့ဆုံးကို ဖြစ်နေတာ။ ယနေ့ခေတ်မှာ အနီးနားကနိုင်ငံတွေဖြစ်တဲ့ မလေး စင်္ကာပူ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေက စစ်ဦးစီးချုပ်တွေဆိုရင် ဝက်စ်ပွိုင့်၊ ဆင်းဟာ့ဒ် စတဲ့စစ်ကျောင်းတွေက မဟာဘွဲ့လောက်ရသူတွေပါ။ ဗီယက်နမ် ဦးစီးချုပ်ဆိုရင် ပါရဂူဘွဲ့အထိ ယူထားသူဖြစ်တယ်။ ဒီက ဖွတ်တွေကတော့ ဒေါ်စိန်အေးကျောင်းက ရိုက်သွင်းလိုက်တဲ့ တကြောင်းဆွဲအယူတွေနဲ့ ကိုယ်ဖာကိုယ် ဝါးလုံးခေါင်းထဲလသာနေကြတဲ့သူတွေပါ။ မြို့နေယဥ်ကျေးတဲ့ ပညာတတ်မိန်းကလေးများရဲ့ ပါးစပ်ကတောင် ငါကိုင်တုတ်ခံရတဲ့ စစ်ခေါင်းဆောင် ဘယ်နှစ်ယောက်များရှိပါသလဲ။ လူထုတရပ်လုံး ရင်ထဲအသည်းထဲက ဓါးနဲ့ နုတ်နုတ်စဥ်းပစ်ချင်လောက်အောင် မုန်းတဲ့ စစ်ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိပါသလဲ။ ကျန်တဲ့အဆင့်က အရာရှိဆိုသူများကရော ဒီလောက်ဆိုးနေတဲ့ အခြေနေကို မဝေဖန်ရဲ မထောက်ပြရဲလောက်အောင် ညံ့ဖျင်းနေကြတာပဲမဟုတ်ပါလား။ဟိုနေ့က နွားထိုးကြီးတိုက်ပွဲမှာ အစောဆုံးထွက်ပြေးပြီး ဖမ်းမိတော့ မီးသွေးဖုတ်သူပါလို့ ညာပြောတဲ့ ဗိုလ်ကြီး လိုလူတွေက ခပ်များများပါပဲ။

❤63👍38🥰6🫡3🤩1🤮1
PDF Insight
Photo
လက်ရှိမအလတပ်က အသက် ၄၀,၅၀တန်း လူဟောင်း လူအိုတွေ အမာခံထားပြီး စစ်ထဲအတင်းဆွဲသွင်းခံရတဲ့ စစ်မှုထမ်းတွေနဲ့ပေါင်းစပ်ထားတာပါ။ PDF တပ်တွေကတော့ အသက် ၂၀နဲ့ ၃၀ကြားလူငယ်တွေအများစု ပါတာပါ။ ခေါင်းဆောင်တွေကလဲဒီအရွယ်တွေပါပဲ။ စိတ်ဓါတ်ချင်းက မိုးနဲ့ မြေလိုကွာပါတယ်။ အပေါ်မှာ ဥပမာပြခဲ့တဲ့ လူငယ်ခေါင်းဆောင်မျိုးတွေ တိုင်းရင်းသားအဖွဲ့များအပါ အဖွဲ့ပေါင်း ရာဂဏန်းမှာ ရာချီပြီးရှိနေတာပါ။ ရထားတွဲတိုင်းမှာ စက်ခေါင်းပါတဲ့ခေတ်ပါ။ တဦးတည်းသောခေါင်းဆောင်မှုကို မျှော်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းတဲ့ သူမအလွန်ကာလမှာ ပြည်သူတွေ ကိုယ်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ဆိုတဲ့ ပုံစံနဲ့ ကွက်တိဖြစ်ပါတယ်။ တချို့က နွေဦးတပ်တွေကို တပ်ပုံမကျဘူး ဖရိုဖရဲနိုင်တယ်လို့ဆိုကြတယ်။ တကယ်တော့ တော်လှန်ရေးတပ် အစစ်ဟာ အစမှာ ဒီအတိုင်းပါပဲ။ ဂျော့ရ့် ဝါရှင်တန်ရဲ့တပ်လည်း ဒီလိုပါပဲ။ အဝတ်အစား ဖရိုဖရဲ၊ လူပေါင်းစုံ စုထားရတာ၊ ပုဂံညောင်ဦးက ကိုဇီးပြောတဲ့ထဲမှာပါတယ်။ ကျွန်တော်တို့က စွပ်ကျယ်နဲ့လည်း တိုက်လို့ရတယ်။ ကြက်ပေါင်ဖိနပ်နဲ့လည်း တိုက်လို့ရတယ် ဆိုတာမျိုးပါပဲ။ အမေရိကန်တပ်တွေ စနစ် တကျတိုက်ရာမှာ ဗြိတိသျှတပ်တွေကို ဘယ်ယှဥ်နိုင်မလဲ။ ဒါပေမယ့်အဆုံးအဖြတ်ပေးသွားတာက စိတ်ဓါတ်ပြင်းပြမှု တီထွင်ဖန်တီးတတ်မှုနဲ့ ခေါင်းဆောင်မှုတွေပါပဲ။ ဒီမှာလဲ ဒီအချက်တွေက တော်လှန်ရေးရဲ့ တတိယအဆင့် အောင်မြင်ဖို့ အခြေခံတွေပဲ ဖြစ်ပါတယ်။ မကြာခင်အောင်ပွဲတွေကို မြင်ကြရတော့မှာဖြစ်ပါတယ် ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
❤127👍48👏9🥰6🫡6😁1🤩1👌1
PDF Insight
Photo
စစ်ကြောင်းလိုက်အပြုတ်နှံတဲ့ PDF
……………………
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပကဖတွေ အနေနဲ့ ၂၀၂၅ ခုနစ် အတွင်း စစ်ရေးစွမ်းရည် သိသိသာသာ တိုးမြင့်လာပြီး ရန်သူ့စစ်ကြောင်းတွေ အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ခုခံတော်လှန်စစ်အစမှာ မိုင်းဆွဲတိုက်ခိုက်မှု၊ ပြောက်ကြားပစ်ခတ်မှု၊ ရန်သူ့စခန်းငယ်တွေ သိမ်းပိုက်နိုင်မှုကနေ အခုနောက်ဆုံး အင်အား ရာချီပါ ရန်သူ့ စစ်ကြောင်းလိုက် အထိနာအောင် တိုက်ခိုက်နိုင်လာပါတယ်။ ယခုလို စစ်ရေးအောင်ပွဲတွေ ရရှိလာတာဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေနဲ့ လေ့ကျင့်သားပြည့်ဝလာတာ၊ အမိန့်ပေးကွပ်ကဲမှုကောင်းမွန်လာတာ၊ လက်နက်တပ်ဆင်မှုကောင်းမွန်လာတာ နဲ့ လူထုထောက်ခံမှု ရရှိထားတာတွေကြောင့် ဖြစ်ပါတယ်။ ရန်သူ့စစ်ကြောင်းလိုက် ပြုတ်အောင် တိုက်ခိုက်နိုင်မှုတွေကို ကြည့်ရင်လည်း ဒေသတခု ဥပမာ စစ်ကိုင်းတိုင်းအထက်ပိုင်း နေရာ တခုတည်းမှာ ဖြစ်ပွားနေတဲ့ သီးခြားဖြစ်စဉ် မဟုတ်တော့ဘဲ မြေပြန့်ဒေသတခုလုံး လွှမ်းခြုံဖြစ်ပေါ်နေတဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှု ဖြစ်လာပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ PDF တွေရဲ့ စစ်ရေး စွမ်းရည်ဟာ ဒေသ အသီးသီးမှာ ဟန်ချက်ညီ တိုးတက်လာတာကို ပြပါတယ်။ ရှေ့နှစ်တွေမှာ ရင်းနှီးမြှပ်နှံကာ တပ်တည်ဆောက်ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းရဲ့ ရလဒ်တွေလည်း ဖြစ်ပါတယ်။
🔺 ၂၀၂၅ ခုနစ်၊ မတ်လ (၁၉) ရက်နေ့မှာ ကသာက အင်းတော်ကို ထွက်ခွာလာတဲ့ ခမရ (၃၁၃)၊ ခမရ (၁၀၆)၊ ခလရ (၆) လက်အောက်ခံ စုပေါင်းစပ်ပေါင်း အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ က တိုက်ခိုက်ရာ ရန်သူ (၄၇) ဦး သေဆုံးခန့် သေဆုံးပြီး (၃၁) ဦး အရှင်ဖမ်းမိခဲ့ပါတယ်။ ဗိုလ်မှူး (၂) ဦး နဲ့ ဗိုလ်ကြီး (၁) ဦး လဲ သေဆုံးခဲ့ပါတယ်။
🔺 မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ တပ်မ (၁၀၁) လက်အောက်ခံ အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကိုလဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း (၄/၁၀)၊ နွားထိုးကြီး မြို့နယ် ပကဖ၊ မဟာမိတ်အဖွဲ့တွေ မတ်လ (၉) ရက်နေ့တွင်း ပူးပေါင်း တိုက်ခိုက်ရာ ရန်သူ (၂၅) ဦး သေဆုံး၊ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၄၄) လက်၊ ၅.၅၆ ကျည် (၁၂၀၀၀) တောင့်၊ ၇.၆၂ ကျည် (၁၀၄၅) တောင့် နဲ့ တခြား ခဲယမ်းတွေလဲ သိမ်းမိခဲ့ပါတယ်။ ရန်သူ့ဘက်က လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့တဲ့ ကြားက ယခုလို စစ်ကြောင်း အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
🔺 မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက် မြို့နယ်ခွဲမှာလဲ ရန်သူ့ စစ်ကြောင်း ကို မတ်လ (၁၄) ရက်က တိုက်ခိုက်ရာ (၇၄) ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကာ စစ်ကြောင်းတခုလုံး ပြုတ်သွားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ညောင်ဦးခရိုင် တပ်ရင်း (၅)၊ မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
🔺 စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာလဲ ရန်သူ့ စစ်ကြောင်း (၂) ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပူးပေါင်း အဖွဲ့တွေက ဇန်နဝါရီလ (၅) ရက်နေ့မှာ တိုက်ခိုက်ရာမှာ ရန်သူ (၁၀၀) ခန့်သေဆုံးပြီး (၉) ဦး ကို ဖမ်းမိခဲ့ပါတယ်။
🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲမှာ ရန်သူ (၃၃) ဦး သေဆုံးပြီး ဗိုလ်ကြီး (၂) ဦး အပါ (၄၃) ဦး ကို ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်း ရရှိခဲ့ပါတယ်။
အထက်ဖော်ပြပါ စစ်ကြောင်း ချေမှုန်းရေး ဖြစ်စဉ် (၅) ခု မှာတင် ရန်သူ့ဘက်က သေဆုံး၊ ဖမ်းမိ အင်အားပြုန်းတီးမှု (၃၇၆) ဦးထိရှိပြီး တပ်ရင်း (၃) ကျော် ပမာဏ ထိရှိပါတယ်။ လက်နက်သိမ်းဆည်းရရှိမှုလဲ ရာချီ ရှိတဲ့ အတွက် ရန်သူ့ လက်နက်ဖြုတ်သိမ်းရေးလုပ်ဆောင်နိုင်ခဲ့သလို ကိုယ့်တပ် လက်နက်တပ်ဆင်ရေးကိုလဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ တပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည် ထက်မြက်လာတာကို စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ်တွေက ပြသလျက်ရှိပါတယ်။

👍127❤21🫡9🥰7😁2🤩2
PDF Insight
Photo
အချိန်တန်လို့ နွားပိန်ကန်ကြသော်လည်း
လဘက်ရည်ဆိုင်မှာ လူတယောက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ချသွားတဲ့ စကစ သတင်းစာတစောင် ကောက်ပြီးကြည့်လိုက်မိပါတယ်။ အာပါး သွပ် - သွပ်- သွပ် ဒါကြောင့်ကိုးလို့ ရေရွတ်မိပါတော့တယ်။ သတင်းတွေကတော့ စကစအစည်းဝေးမှာ မအလပြောတဲ့မိန့်ခွန်းနဲ့ အဲဒီနေ့မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်သူအချို့ရဲ့စကားတွေ တွေ့ရတာပါပဲ။ စကားဝိုင်းခေါင်းစဥ်က " တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့" ဆိုပါလား၊ all inclusive ဆိုတာမပါတော့ ဘောမစစ်စစ်တွေနဲ့ ဘောမဖို့ ဟန်ပြင်နေသူများချည်း ရွေးဖိတ်ထားတာပါပဲ။ စကားဝိုင်းတွေမှာ ခေါင်းဆောင်ဆွေးနွေးကြသူတွေကြည့်လိုက်တော့ အရင်က အင်တာဗျူးတခုမှာ စစ်တပ် ဘယ်အချိန် နိုင်ငံရေးက ထွက်မလဲလို့မေးတာကို နောက်အနှစ် ၅၀ လောက်မှ ထွက်လိမ့်မယ်ဆိုပြီးပြောခဲ့သူ ပါတယ်။ သူကိုယ်တိုင်တပ်ထွက်တဦးဖြစ်ပြီး ဘယ်ကရမှန်းမသိတဲ့ ဒေါက်တာဘွဲ့ခံထားသူပါပဲ။ ၂၀၂၃ လောက်ကထင်တယ် စစ်တပ်က တိုက်ပွဲတွေ တောက်လျောက် ရှုံးနေတော့ ထုတည်ဆောက်ပြီးမှ တိုက်ဖို့ အကြံပေးခဲ့သူပေါ့။ လက်တွေ့မှာ ထုတည်ဆောက်ဖို့ လူကမရှိတော့ တနိုင်ငံလုံး လူတွေဖမ်းပြီး အတင်းအဓမ္မ စစ်ထဲထည့်ဖို့ အကြံပေးတာလဲ သူပဲဖြစ်နိုင်ပါတယ်။ စီးပွားရေးမှာ ဦးဆောင်ဆွေးနွေးသူကလည်း ထိပ်ပြောင်ပြောင်ဒေါက်တာဆိုသူပါပဲ။ ထိုင်းမ နဲ့ရ၊ ထိုင်းမှာနေပြီး စကစနဲ့ ပလဲနံပသင့်နေသူတွေပါပဲ။ ဦးသိန်းစိန်လက်ထက်တုန်းက မြေကွက်တွေ တောင်းလွန်းလို့ စစ်ဗိုလ်တွေတောင် လက်လန်ရသူပါပဲ။ ဒီတခါတော့ သူ့ဘက်ကရှားရှားပါးပါး ထောက်ခံသူရလိုက်လို့ သူ တောင်းစရာမလိုပဲ မအလကပေးမှာပါ။ နောက်ထပ် အမတ်ပြုတ် မမတယောက်နဲ့ ဝန်ကြီးပြုတ် တသင်းလုံးကန်မယ်ဆိုတဲ့ တယောက်လဲပါရဲ့။ ကေကျု့နဲ့ ဘောမပါတီတွေအပြင် အခြားသော NCA sign ဆိုသူတွေလဲပါရဲ့။ လူစုံတက်စုံ အချိန်တန်တော့ နွားပိန်ကန်ကြတာပါပဲ။
စကစအစည်းဝေးမှာတော့ မအလက ရွေးကောက်ပွဲကို ဒီဇင်ဘာ တတိယအပတ်မှ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ကျင်းပမယ်လို့ အတည်ပေါက်ကြီးပြောသွားပါတယ်။ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ကို ပြည်နယ်သားတွေ ကိုယ်တိုင်ရွေးချယ်ရမယ်လို့ဆိုသွားတယ်။ ဒါကတော့ တိုင်းရင်းသားတွေကြိုက်မယ်ထင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်ပြီးပြောလိုက်တာပါပဲ။ ဖွဲ့စည်းပုံကတော့ သူတို့ စစ်ဖိနပ်နဲ့ နင်းခြေပီးသားဖြစ်လို့ သူကြိုက်သလိုပြောနေ လုပ်နေတာပါပဲ။ ဒါပေမယ့် လက်တွေ့မှာ အခြေနေက အရင်လိုမဟုတ်တော့ပါဘူး။ ဥပမာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးခွင့်ရှိမယ်ဆိုတာကို SNLD နဲ့ SNDP ကကြိုက်ချင်ကြိုက်မယ် SSPP နဲ့ RCSS ကတော့ ကြိုက်မှာမဟုတ်ပါဘူး။ သူတို့က အခုငြိမ်နေကြပေမယ့် အခွင့်သာတာနဲ့ နီးရာနယ်မြေတွေ တက်သိမ်းကြမယ့်သူတွေပါပဲ။ ကချင်မှာဆိုရင် ဒေါက်တာတူးဂျာတို့ ခက်ထိန်နန်တို့ကြိုက်နိုင်ပေမယ့် KIA က မကြိုက်နိုင်ပါဘူး။ ရခိုင်နဲ့ ချင်း ၊ ကရင်နဲ့ ကရင်နီ စသဖြင့် လက်နက်ကိုင် ERO တွေနဲ့ PDF တွေအားကောင်း စိုးမိုးထားရာနေရာတွေကို မျက်ကွယ်ပြုတဲ့ ဘယ်စဥ်းစားချက်မှ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အဆုံးအဖြတ်က တော်လှန်ရေးအင်အားတွေဘက်မှာရှိနေပါတယ်။ မအလ လက်မှာမရှိပါဘူး။ မအလအနေနဲ့ တိုင်းရင်းသားအကြိုက်ဆိုတာတွေ မက်လုံးပေးလာပေမယ့် အချိန်ကလွန်နေပါပြီ။
ရွေးကောက်ပွဲ မဖြစ်မနေလုပ်ချင်တော့ ၅၁ ခုနှစ် လောက်ကလဲ အဲလိုပဲ အကြိမ်တွေခွဲပြီး ကျင်းပခဲ့ဖူးတဲ့ အစဥ်အလာကို မအလ က ကိုးကားသွားပါတယ်။ တကယ်တော့ အခြေနေက မတူပါဘူး။ အဲဒီတုန်း က ၄၉ ခုနှစ် တဝက်လောက်ပဲ တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပြီး ၅၀ခုထဲမှာ တဖြေးဖြေး ဖဆပလ တပ်တွေက အသာရလာပါပြီ။ ၅၀ ခုထဲမှာ အတော်လေးတည်ငြိမ်လာပြီး ဆက်လက်တည်ငြိမ်တော့မယ်ဆိုတာ တွက်လို့ရတဲ့အခြေအနေပါ။ အဲဒါကြောင့် ၅၁ခုနှစ် ထဲမှာရွေးကောက်ပွဲ စလုပ်တာပါ။ ခုဟာကတော့ တိုက်ပွဲတွေ အလွန်ပြင်းထန်နေပြီး ဆက်လက်ပြင်းထန်လာကာ နေပြည်တော်အထိရောက်လာနိုင်တဲ့အခြေအနေပါ။အဲဒါကြောင့် နေပြည်တော်မှာ ကတုတ်ကျင်းတွေတူးပြီး စစ်ပြင်နေရတာမဟုတ်လား။ အခြေနေချင်း အရမ်းကွာပါတယ်။ အဲဒါကိုပဲ ဘူမသိ ကိုးမသိ အမည်ခံပညာရှင်ဆိုသူတွေ၊ ဘောမပါတီတွေနဲ့ အခွင့်အရေးသမားတွေက ဆွေးနွေးပွဲတွေလုပ်ပြီး ပစ်ခတ်ထောက်ခံနေကြတာပဲဖြစ်ပါတယ်။

👍70❤14👏3🫡2
PDF Insight
Photo
နိုင်ငံရေးပြသနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရမယ်၊ စားပွဲဝိုင်းရောက်အောင် အားလုံးအတူဝိုင်းဝန်း ကြိုးပမ်းကြရမယ် ဆိုပါလား၊ အဲဒီခေတ်က လွန်ခဲ့ပါပြီ။ အရင်အစိုးရလက်ထက်က ပြန်လည်သင့်မြတ်ရေးလမ်းစဥ်ဆိုတာတွေ လုပ်ခဲ့ပြီးပါပြီ။ အရပ်ဘက်နိုင်ငဲံရေးသမားများက စစ်တပ်ကို ဂုဏ်သိက္ခါရှိတဲ့ ထွက်ပေါက်ပေးခဲ့ပြီးပါပြီ။ ရိုဟင်ဂျာကိစ္စမှာ နိုင်ငံအတွက်အမှန်ကန်ဆုံး ရပ်တည်ပေးခဲ့တာတောင် နားမလည်တဲ့ စစ်တပ်ဟာ နောက်ဆုံး အာဏာရမက် ငမ်းငမ်းတက်ပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ လုယူခဲ့တာမဟုတ်လား။ ဒါက နိုင်ငံရေးပြသနာမဟုတ်တော့ပါဘူး။နိုင်ငံရေးပြသနာအဖြစ်ပြန်ရောက်စေချင်ရင် အခုအာဏာသိမ်းမှုကို ဦးဆောင် ခဲ့သူ အားလုံး နှုတ်ထွက်ပေးခဲ့ရင်တော့ ကျန်တဲ့သူနဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါလိမ့်မယ်။ နိုင်ငံရေးကို အထက်စီးက ပြောနိုင်လောက်အောင် စစ်တပ်လက်မှာ ဘာကဒ်မှ ရှိမနေပါဘူး။ ရန်ကုန်နဲ့ နေပြည်တော်လောက်ပဲ ကျင်းပပြီး အမတ် ၅၆ နေရာလောက်ရရင် ရွေးကောက်ပွဲ အထမြောက်နိုင်ပေမယ့် အဲဒါကလည်း စစ်အုပ်စုအတွက် နိုင်ဖဲ ဖြစ်လာမှာမဟုတ်ပါဘူး။ အစိုးရအစည်းဝေး မခေါ်နိုင်ပဲ ကာလုံအစည်းဝေး ၂၄နာရီကျင်းပပြီး စစ်ရေးကိစ္စပဲ လုပ်ရမှာပါပဲ။နယ်မြေတွေ တဖြည်းဖြည်းကြုံ့သွားပြီး နောက်ဆုံး အရှုံးပေးရပြီဆိုရင်တော့ စစ်တပ်ထဲက ဒုတိယ တတိယတန်းခေါင်းဆောင်တွေပါ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူခံရမှာပါပဲ။ အဲတော့ ဒီလို တကယ့်အခြေနေ အစစ်အမှန်ကို သိမြင်သဘောပေါက်သူ တယောက်တလေ တစုတဖွဲ့ရှိတယ် ဆိုရင်တော့ မအလနဲ့အပေါင်းအပါတသိုက်ကို အချိန်မဆိုင်းပဲ ဖြုတ်ချလိုက်ခြင်းက စစ်တပ်ကို ကယ်တင်ရာရောက်သလို တိုင်းပြည်အနာဂါတ်အတွက်လဲ ကောင်းကျိုးပြုတာပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

❤143👍52🤩3🫡1