PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
PDF Insight
Photo
ပူနဲ့ပုရဲ့ ဇာတ်လမ်း

သောမကြွက်မင်းကို ဖူးမြော်ပြီးပြန်ရောက်လာတဲ့ မအလကို စစ်တပ်အသိုင်းအဝိုင်းက ( ထုံးစံအတိုင်း အတင်းအကြပ် စီစဥ်မှုအရ ) သောင်းသောင်းဖြဖြကြိုဆိုကြတယ်။ ရုပ်သံနဲ့ သတင်းစာတွေမှာလည်း ဝေဝေဆာဆာဖော်ပြကြတယ်။ အတုတော့ အတုကြီးပါပဲ။ ဒါပေမယ့် စစ်တပ်ထိပ်သီးတွေအဖို့တော့ အစစ်ကြီးလို့ပဲ ဇွတ်ယူဆကြမှာပါပဲ။ ဘာကြောင့်ပါလဲ။ မအလအဖို့ အာဏာလုယူခဲ့ပြီးတဲ့နောက် ၄ နှစ်တာကာလအတွင်း ဒီလိုနိုင်ငံကြီးတခုက တရားဝင်ဖိတ်ကြားခံရတာ ပထမဆုံးအကြိမ်ဖြစ်လို့ပါပဲ။ သူ့အနေနဲ့ တညှိုးညှိုးတငယ်ငယ် ဒီလိုအခွင့်အလမ်းကိုစောင့်ခဲ့ရတာ ၄ နှစ်တောင်ရှိပြီမဟုတ်လား။ အဲတော့ ကြိုတဲ့သူတွေက လေယာဥ်ဘေးနားအထိ အိုးစည်ဗုံမောင်းတွေနဲ့ ဘယ်မှာမှမတွေ့ဖူးဘူး လေယာဥ်ပေါ်အထိတက်ပြီး အင်တာဗျူးလား ဗျူးရဲ့...အမျိုးစုံ အရူးအမူးကိုဖြစ်နေတာပါပဲ။ ဒါကိုကြည့်ရင် သူတို့ဟာ ဒီအခွင့်အလမ်းကို အသည်းအသန်မျှော်လင့်နေခဲ့ကြတာ အရမ်းသိသာနေပါတယ်။

ဒါပေမယ့် ဒီဝမ်းသာလုံးဆို့တာတွေက အလကားတော့မရပါဘူး။ ရုရှားကနေ ဘီလာရုစ်ကို ခရီးဆက်ရာမှာ အဲဒီကအာဏာရှင်သမ္မတ လူကာရှင်ကိုက နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်တာ အချိန်တခုရှိခဲ့ပြီဖြစ်လို့ တဆင့်မြင့်တဲ့ဆက်ဆံရေးစတင်ဖို့ အချိန်ကျပြီလိုယူဆကြောင်း ပြောတယ်။ သဘောကတော့ နိုင်ငံတကာဆက်ဆံရေးမှာ အိယောင်ဝါးလုပ်လို့မရဘူး။ ရပ်ရင် သူတို့ဘက်ကအပြတ်ရပ်ရမယ်ဆိုတာကို သောမကြွက်မင်းရဲ့ကိုယ်စား အသိပေးတာပဲဖြစ်ပါတယ်။ ရုရှားအဖို့ အီရတ် ဆီးရီးယားရှိ အခြေခံစခန်းတွေ ဆုံးရှုံးခဲ့ရပြီးနောက် ဘုရားဗျာဒိတ်တော်ပိုက်ပြီးလာတဲ့ သကောင့်သားကို အပိုင်နင်းထားရတော့မယ်ဆိုတာ ချက်ဆိုနားခွက်ကမီးတောက်ပြီးသားဖြစ်ပြီပေါ့။

အဲ့တော့ အရေးကြီးကိစ္စတွေထဲမှာ နျူစက်ရုံကတော့ ဝေးပါသေးတယ်။ ဘာမှနားမလည်တဲ့ ရွာသားကို ဝမ်းသာနေအောင်မက်လုံးပေးတာဖြစ်နိုင်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကတော့ အီတာလျံထိုင်းကုမ္ပဏီနဲ့ အဆင်ပြေသွားရင် ၆လ တနှစ်အတွင်း စတင်လာနိုင်တာဖြစ်တယ်။ တရုတ်ကြီးကတော့ ဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်လာကြမှာကို ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့်တရုတ်မကြိုက်လည်း ဘာအရေးလဲ၊ တွက်ရေးကတော့ အဲဒီအချိန်ဆို ရွေးကောက်ပွဲကပြီးသွားပြီ၊ သူလဲသမ္မတဖြစ်ပြီပေါ့။ ပြသနာကတော့ မဲဆန္ဒနယ် ၁၆၀ မှာကျင်းပမယ်လို့ဆိုထားရာက အခု ၁၁၀ပဲ ကျင်းပမယ်ဖြစ်လာခဲ့တော့ နောက်တနှစ်မှာ ဘယ်နှစ်နယ်များကျန်ပါအုံးမလဲဆိုတာပဲ။

နေပြည်တော်နဲ့ ရန်ကုန်တောင်ကျန်ပါအုံးမလား။ ရုရှားဘက်ကလဲ ဇွတ်ကြီးလာမြှောက်နေလို့သာ အလိုက်အထိုက်ပြန်ပြောလိုက်ရတာ သိပ်တော့စိတ်ပါလှပုံမရပါဘူး။ သူလည်း ကမ္ဘာ့မျက်စိကြီးနားကြီးထဲပါတာပဲ။ ရုရှားသံအမတ်ဆိုရင် ဗမာလိုမွှတ်နေအောင်တတ်တာ။ ဒီကအခြေအနေတွေ မသိပဲနေပါ့မလား။ ဘာမျှော်လင့်ချက်မှမရှိတဲ့နိုင်ငံမို့ သံရုံးတောင် လူနှစ်ယောက်တပိုင်းနဲ့ မွဲတေနေအောင် ပစ်ထားတာကြည့်ပေါ့။

အခြေအနေက ရခိုင်မှာပွဲပြီးလုနီးပါး၊ ကချင်ပြည်နယ်ဒုတိယမြို့တော်က ကျဖို့ လက်တလုံးအလို၊ မကွေး ပဲခူး ဧရာဝတီမှာ တိုက်ပွဲတွေညံလာတော့မယ်။ စစ်တောင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ ပဲခူးရိုးမအရှေ့ခြမ်းအနောက်ခြမ်း PDF အင်အား အပြည့်ရှိနေပြီ။ စစ်ကိုင်းကတော့ ပွဲကြီးတိုက်လို့ရတဲ့အခြေအနေဖြစ်နေပြီ။ နေရာအနှံ့ တပြိုင်နက်ပွဲကလိုက်ရင် ပူပူရော ပုပုရောရဲ့ အိပ်မက်တွေ လွင့်စင်ပျောက်ကွယ်သွားတော့မယ်မဟုတ်လား။ အဲဒီချိန် ပူပူနဲ့တွေ့လို့ကတော့ ဟဲ့သေနာပု နင့်ဘုရားဗျာဒိတ်တွေ ငါယုံနေတယ်များမှတ်လို့လား။ ငါ့အပူနဲ့ငါဖြစ်နေလို့ယောင်မှားပြီး ပြောလိုက်မိတာဟဲ့လို့ ကြိမ်းမှာသေချာပါတယ်။ ကိုပု လဲ ပိုပြီးပုသွားတော့မှာမို့ နောက်တခါစင်မြင့်မှာစကားပြောရင် အရင်က ထက်မြင့်တဲ့ခုံ ခုထားပေးစမ်းဟေ့လို့ ဇော်မဲလုံးကိုကြိမ်းတော့မယ်ထင်ပါရဲ့။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍14212😁6🥰3🫡2🤩1
👍259🔥1
PDF Insight
Photo
တော်လှန်ရေးရဲ့ တတိယအဆင့်

မြန်မာ့နွေဦးတော်လှန်ရေးဟာ စာတွေ့မဟုတ်သော လက်တွေ့ဘဝအတွေ့အကြုံများစွာနဲ့ ဖြတ်သန်းတည်ဆောက်လာခဲ့တာဖြစ်တယ်။ ကမ္ဘာ့အဆင့် ၃၈ လို့ဆိုတဲ့ စစ်တပ်ကို တူမီးနဲ့စပြီးတိုက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သက်တမ်း ၄ နှစ်ရောက်လာချိန်မှာ အတော်ပြည့်ဝတဲ့ အတွေအကြုံတွေရရှိလာခဲ့ပါပြီ။ တပ်တည်ဆောက်ရေးကို စနစ်တကျတည်ဆောက်လာကြသလို တိုက်ပွဲအတွေ့အကြုံတွေကလဲ တဆင့်ချင်းမြင့်တက်လာတာဖြစ်တယ်။ နိုင်ငံတကာအတွေ့အကြုံတွေအရဆိုရင်တော့ ကျူးဘားတော်လှန်ရေးဟာ ၆ နှစ်ကြာတယ်။ တရုတ်တော်လှန်ရေးက ၂၅ နှစ်လောက်ကြာတယ်။ အခုတလောက အောင်ပွဲရသွားတဲ့ ဆီးရီးယားတော်လှန်ရေးက ၁၃ နှစ်ကြာခဲ့ပါတယ်။ မြန်မာပြည် တွင်းမှာဆိုရင်တော့ ၄၈ ခုနှစ်ကတည်းကစခဲ့တဲ့ လက်ဝဲတော်လှန်ရေးတွေရော၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစွာပါ ရှိခဲ့ကြတာဖြစ်တယ်။ နွေဦးမတိုင်ခင်ကာလတုန်းက တော်လှန်ရေးအဖွဲ့များအားလုံးနဲ့ စစ်တပ်ကြား တိုက်ပွဲများတိုက်လိုက် နားလိုက်၊ အောင်မြင်လိုက် ရှုံးလိုက်နဲ့ ပွဲပြတ်သွားနိုင်တဲ့အခြေအနေထိမရောက်ခဲ့ပါဘူး။ ၁၉၄၉ ခုနှစ်ကာလလောက်က မြို့ကြီးအချို့နဲ့ နယ်မြေအချို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့တဲ့ အတွေ့အကြုံတော့ရှိခဲ့ပါတယ်။ ဒါပေမယ့်အဲဒီအချိန်က တပ်တွေဟာ ဗကပ၊ ရဲဘော်ဖြူနဲ့ ကရင့်တော်လှန်ရေးတပ်တွေလောက်ပဲ ရှိခဲ့တာပါ။ သိမ်းပိုက်နိုင်ခဲ့တာက ရန်ကုန်နားက အင်းစိန် ခဝဲခြံလောက်အထိရောက်ပြီး အထက်အညာက မန္တလေး၊ မိထ္ထီလာ၊ မေမြို့နဲ့ အခြားမြို့ငယ်အချို့ပဲဖြစ်ပါတယ်။ ဒီသုံးဖွဲ့ကြားမှာလည်း တပ်ပေါင်းစုခိုင်ခိုင်မာမာ မတည်ထောင်နိုင်တဲ့အပြင် ရည်ရွယ်ချက် ဦးတည်ချက်တွေကလဲ မတူကြပါဘူး။ ဒါသာမက ရဲဘော်ဖြူနဲ့ ဗကပ ကြားတိုက်ပွဲတချို့တောင် ဖြစ်ခဲ့သေးတာပါ။ အဲဒီကာလဟာလဲ တနှစ်စွန်းစွန်းပဲကြာခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ နယ်မြေအားလုံးပြန် စွန့်လွှတ်ခဲ့ကြရတာဖြစ်တယ်။

ခုတော့ တူမီးနဲ့စခဲ့လို့ နိုင်ငံတကာစစ်ရေးအကဲခတ်များ အထင်သေးပြီး ဟာသဖြစ်ခဲ့တဲ့ တော်လှန်ရေးဟာ ၄နှစ်ဆိုတဲ့ တိုတောင်းလှတဲ့ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အခြေအနေရောက်လာပါပြီ။ တိုက်ပွဲတွေဟာ တိုင်းပြည်မြောက်ဖျားကနေတောင်ဖျားအထိ၊ နိုင်ငံရဲ့ အနောက်ကြော ချင်း ရခိုင်ပြည်နယ်တွေကနေ အရှေ့မြောက်ခြမ်း နဲ့အရှေ့တောင်ခြမ်း အထိ(တရုတ်နယ်စပ်နဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့နေရာများမှအပ) အနှံ့အပြားဖော်ဆောင်နေကြတာဖြစ်တယ်။ ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တာပါ။ ဒီလိုအခြေအနေ ရောက်လာတဲ့ အဓိက အကြောင်းရင်းကတော့ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ ကြီးစိုး ခွတုတ်လာတဲ့ ဖက်ဆစ်စစ်တပ်ကို အပြုတ်တိုက်မှ ရတော့မယ်ဆိုတဲ့ ပြည်သူတရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ သံန္နိဌာန်ကြောင့်ပါပဲ။ နောက်တချက်ကတော့ တိုင်းပြည်တွင်းမှာ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တော်လှန်နေခဲ့ကြတဲ့ မူလရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လေ့ကျင်သင်ကြားပေးမှု၊ ပူးတွဲစစ်ဆင်ရေးလုပ်ခဲ့ရမှုနဲ့ စခန်းသိမ်းတိုက်ပွဲကြီးတွေ မှာပါဝင် အတွေ့အကြုံယူခွင့်ရရှိခဲ့တာတွေကြောင့် PDF တပ်ဖွဲ့များ ခုလို အလျင်အမြန် အတွေအကြုံကြွယ်ဝ ရင့်ကျက်လာတာပဲဖြစ်ပါတယ်။

မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်းအပတ်စဥ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ တော်လှန်ရေးတပ်တွေ ဘယ်လို ဖြစ်ပေါ်တိုးတက်လာခဲ့သလဲဆိုတာဖော်ပြထားတာတွေ့ရတယ်၊ " တော်လှန်ရေးကာလအစောပိုင်းမှာ တဖက်ကတပ်တည်ဆောက်ရင်း တဘက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ရတယ်၊ ဒုတိယအဆင့်အနေနဲ့ ထုအင်အားစုစည်း မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံ ရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တယ်။ ဒါဆိုရင်တတိယအဆင့်က ဘာဖြစ်မလဲ၊ PDF ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေအားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ် ၊ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်တယ် "လို့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ အဆုံးတနေ့မှာ ဆိုးယုတ်မှုမှန်သမျှ ကျဆုံးပြီး ကောင်းမြတ်ခြင်းအမှန်တရားက အောင်ပွဲခဲရမှာဖြစ်ကြောင်း ၊ တော်လှန်ရေးမုချအောင်ရမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
👍72🥰176🫡4🔥1
PDF Insight
Photo
ကာကွယ်ရေးဝန်ကြီးရဲ့ဒီပြောကြားချက်ဟာ လက်ရှိ မြန်မာ့အခြေနေအရရော ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေအရပါ အချိန်ကိုက် လိုအပ်ချက်အရ ဖြစ်ပေါ်လာတာပဲဖြစ်တယ်။ လက်ရှိ ပြည်တွင်းမှာ အာဏာရူးဖို့သာသိပြီး အာဏာတည်မြဲရေးအတွက် ဘယ်သူ့ အဖေခေါ်ရခေါ်ရ၊ တိုင်းပြည်ရောင်းစားလဲဖြစ်တယ်ဆိုတဲ့သူတွေ ကြီး စိုးနေချိန်ဖြစ်တယ်။ ဒါကိုသိတဲ့ အင်အားကြီးတချို့ကလဲ အာဏာရူးများနဲ့ တရစပ်ထိတွေ့ ဆက်ဆံနေကြတာဖြစ်တယ်။ တဘက်မှာ ကြီးထွားလာတဲ့ပြည်တွင်းတိုက်ပွဲတွေကြောင့် တိုင်းပြည်နယ်မြေ အချုပ်အခြာတွေကိုပါ ပတ် ဝန်းကျင်က ထိပါးရယူလိုတာတွေလဲဖြစ် လာနေတာပါ။ အာဏာနဲ့မထိုက်တန်သူတွေလက်ထဲမှာ အာဏာရောက်ရှိနေတာကို အမြန်အဆုံးသတ်နိုင်မှ မြန်မာအတွက်သာမက ဒေသတွင်း ချိန်ခွင်လျာ ဟန်ချက်ညီမှုတွေကိုပါ အထောက်အကူဖြစ်စေမှာပါ။ ကာကွယ်ရေးဝန်ကြီးပြောတဲ့ တော်လှန်ရေးရဲ့ တတိယအဆင့်ဟာ အလျင်အမြန်ရောက်ရှိလာဖို့လိုအပ်နေပြီး တိုင်းပြည်ကို လူမျိုးစုံပူးပေါင်းတည်ထောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ခြင်းကသာ မိမိတနိုင်ငံထဲအတွက်သာမက ဒေသတွင်းတည်ငြိမ်ရေးအတွက်ပါ ကြီးစွာအထောက်အကူရစေတာဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍121🥰197🫡5🔥2👏1
သူတို့ချီတက်လာကြပြီ။
157👍33🫡14🥰7👏4🙏1
👍459🥰3🫡3
PDF Insight
Photo
ပြည်မြို့ကို ဝန်းရံခြင်း
………………………….
ပြည်မြို့ကို ဝန်းရံတိုက်ခိုက်မိပါက စစ်အုပ်စုအတွက် အရေးကြီးနောက်တန်း ထောက်ပို့ဒေသတခု ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ပြည်မြို့နယ်ဘေးက ပန်းတောင်းမြို့နယ်ထဲကိုရောက်လာပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ပြည်မြို့နားကိုရောက် လာတော့မှာဖြစ်ပါတယ်။ ပြည်မြို့ ပတ်ချာလည်ဒေသတွေ ဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတည်၊နတ်တလင်း၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ မြို့နယ်တွေမှာ မူလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ပြောက်ကျားစစ်ဆင် တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်က ဝင်ရောက်လာမယ် အေအေ ထိုးစစ် နဲ့ ပြည်မြို့ ပတ်ချာလည်ဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေ ပူးပေါင်းသွားရင် ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်ပါတယ်။ ပြည်မြို့ပတ်ချာလည်ဒေသတွေ စိုးမိုးဒေသအဖြစ် ပေါ်ထွက်လာပြီးရင် ပဲခူးတိုင်း အနောက်ခြမ်းမှာ ဖော်ဆောင်နေတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွေနဲ့ တဆက်စပ်တည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်သွားရင် ရန်ကုန်-ပြည် လမ်း၊ ရန်ကုန်-နေပြည်တော် လမ်းတွေကို တော်လှန်ရေး အင်အားစုတွေ ကန့်လန့်ဖြတ် စိုးမိုးပိတ်ဆို့ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ပြည်မြို့ မှာ ရန်သူ့ ဒကစ တခု အခြေစိုက်ထားပြီး အေအေ ထိုးစစ် ဝင်ရောက်လာမယ်ဆိုတာကို ကြိုတင် သိရှိထားပေမယ့်လည်း စခန်းတွေ၊ ခံစစ်လိုင်းတွေ ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမရှိပါဘူး။ ဒါဟာ အေအေ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာပိုင်း၊ စစ်ဆင် တိုက်ခိုက်မှုပိုင်း အစွမ်းထက်တာကို ပြပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစခန်းကို စစ်အုပ်စုဘက်က အင်အားရာချီ ပို့ဆောင်ပြီး လေကြောင်း ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့်လဲ အေအေ တပ်ဖွဲ့တွေက မတ်လ ဒုတိယပတ် အတွင်း သိမ်းယူနိုင်ခဲ့ပါတယ်။ ရန်သူ အနေနဲ့ အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်တဲ့ ပြည် ဒကစ ရှိပေမယ့်လဲ ရှေ့တန်းစခန်းတွေ မကျအောင် ခုခံနိုင်ခဲ့ခြင်းမရှိပါဘူး။

ပဲခူးတိုင်းအတွင်းမှာ ရန်သူ့ လက်နက်စက်ရုံတွေ ဖြစ်တဲ့ ကပစ စက်ရုံ (၇) ရုံထိရှိပါတယ်။ ဥသျှစ်ပင် မြို့ အနီးမှာ ကပစ (၅/၆/၇/၁၆) တို့ရှိပြီး ပြည်မြို့ နားမှာ ကပစ (၃/၇/၁၉) တို့ရှိပါတယ်။ ပြည် မြို့ကို သိမ်းပိုက်ခြင်း မရှိရင်တောင်ဘဲ အဆိုပါ နယ်မြေ အတွင်း စိုးမိုး နယ်မြေ ထူထောင်နိုင်မယ်ဆိုရင် ရန်သူ့ ကပစ စက်ရုံတွေ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးသွားမှာဖြစ်ပြီး စစ်ဆင်တိုက်ခိုက်နိုင်မှု သိသိသာသာ လျော့ကျသွားမှာဖြစ်ပါတယ်။

ပြည် မြို့ ပတ်ချာလည်ဒေသဟာ မကြာခင် မှာ စိုးမိုးနယ်မြေအဖြစ် ပေါ်ထွက်လာတော့မှာ ဖြစ်သလို ဧရာဝတီတိုင်း ဒေသမှာလဲ ရိုးမဧရာစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည် ဖော်လျက်ရှိပါတယ်။ အဲဒီလို စစ်ဆင်ရေးတွေ တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီဖော်ဆောင်မှု အောက်မှာ စစ်အာဏာရှင်တွေ နဲ့ စစ်အုပ်စု ချေမှုန်းခံရမှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်စေဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍15941🥰8🫡3🤩2
👍35🔥32👏2
PDF Insight
Photo
ခြံစည်းရိုး ခတ်ခံရတဲ့နိုင်ငံ
………………………………
ဒီရက်ပိုင်းသတင်းတခုမှာ အိန္ဒိယဘက်က မြန်မာနဲ့နယ်စပ်တလျောက်လုံးကို လာမယ့်ဆယ်နှစ်အတွင်း ခြံစည်းရိုးခတ်ဖို့ လွှတ်တော်မှာ တင်သွင်းသွားတယ်လို့ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးခတ်ကြတယ်ဆိုတာ တဘက်နိုင်ငံရဲ့အခြေနေက မိမိနိုင်ငံလုံခြုံရေးကို ထိပါးလာနိုင်တဲ့အဆင့်ဖြစ်လာလို့ လုပ်ကြတာပါ။ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ၊ မူးယစ်ဆေးဝါးတွေ လူကုန်ကူးမှုတွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ စသဖြင့်အမှုပေါင်းစုံကို တဘက်နိုင်ငံက ထိမ်းချုပ်နိုင်တဲ့အခြေနေမရှိတော့လို့ ကိုယ့်နိုင်ငံကိုယ် လုံခြုံအောင် ငွေကုန်ကြေးကျခံပြီး လုပ်ကြရတာမျိုးပါပဲ။ အိန္ဒိယနယ်စပ်မှာ အရင်က ဆယ်ကီလိုမီတာအထိ လွတ်လပ်စွာဖြတ်သန်းဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါမှသာ နယ်စပ်တဘက်တချက်မှာနေကြတဲ့ မျိုးနွယ်တူလူမျိးတွေ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ကြမှာဖြစ်တယ်။ တရုတ်နယ်စပ်မှာ နှစ်ဖက်လုံးမှာ လူမျိုးတူတွေ နေထိုင်ကြပေမယ့် ဒီလိုအခွင့်အရေးပေးမထားပါဘူး။ ခုတော့ စကစလက်အောက်မြန်မာနိုင်ငံရဲ့ ကျဆင်းလာတဲ့ လုံခြုံရေး အုပ်ချုပ်ရေးအခြေနေတွေကြောင့် အိမ်နီးချင်းတွေက ဒီလမ်းကြောင်းတွေ ရွေးကြရတာပါပဲ။ တရုတ်နယ်စပ်မှာတော့ ခပ်စောစောကတည်းက ကိုးကန့်နားမှာ ခြံစည်းရိုးခတ်ထားတာပါ။ ကျန်တဲ့ ဝ မိုင်းလားစတာတွေမှာကတော့ သူ့ရဲ့ ငယ်နိုင်တွေ မင်းလုပ်နေကြတာမို့ ခြံမခတ်ပါဘူး။ buffer zone ထားနေတာပါ။ တကယ်တော့ ဒီလိုခြံစည်းရိုးအကာခံရတာရော ကြားခံနယ်ထားခံရတာပါ မိမိနိုင်ငံအတွက် အလွန်ရှက်စရာကောင်းတဲ့ကိစ္စပါ။ နယ်စပ်တွေမှာ ဒီလိုနယ်တွေရှိနေတာကလဲ တဘက်ကပြောရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တစိတ်တပိုင်း ဆုံးရှုံးနေတာပါပဲ။
ပြောမယ်ဆိုရင် ၁၉၇၀မတိုင်ခင်လောက်မှာ တရုတ်က ဗကပကို ထိုးသွင်းလိုက်ကတည်းက မြန်မာ့နယ်မြေတချို့အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဗကပ ပြိုပျက်သွားတော့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါ်လာပြီး တဗိုလ်တမင်းနေကြတော့ ဗဟိုအစိုးရ အာဏာမသက်ရောက်ခဲ့ပါဘူး။ တဘက်မှာသူတို့ဟာတရုတ်ကိုပဲ သစ္စာခံသလိုလဲဖြစ်နေသေးတာပါ။ အဲတော့ နွေဦးတော်လှန်ရေးဖြစ်လာမှ တိုင်းပြည် တစစီဖြစ်သွားမှာစိုးရိမ်တယ်ဆိုတဲ့စကားတွေက ရီစရာပဲဖြစ်ပါတယ်။ အမှန်ကတော့ အိမ်နီးချင်းတွေနဲ့ ထိစပ်ရာနယ်နမိတ်အားလုံးမှာ ဒီလိုနယ်မြေတွေရှိခဲ့တာပါပဲ။ အများစုကတော့ မိမိလူမျိုးအတွက် ထိုက်တန်တဲ့အခွင့်အရေးရဖို့ တော်လှန်ရေးဆင်နွှဲနေကြတာပါပဲ။ နဝတ လက်ထက်ကစလို့ BGF လိုအဖွဲ့တွေပေါ်လာတဲ့အခါမှာတော့ နှစ်ဖက် ပင်းစားကြရာကနေ ကျားဖျန့်လို တကမ္ဘာလုံးကို သက်ရောက်စေတဲ့ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေအထိ ဖြစ်လာတာ ပါပဲ။ ပြသနာဖြစ်လာမှ စစ်တပ်က သူနဲ့မပတ်သက်ပါဘူး။ သူ့အာဏာမသက်ရောက်ပါဘူးဆိုပြီး နိုင်ငံတကာအလယ် အရှက်မဲ့စွာပြောရတဲ့ဘဝရောက်တော့တာပါပဲ။ ဒို့တာဝန်အရေးသုံးပါးလို့ အော်တဲ့သူတွေက အဲဒီတာဝန်ကို မကျေပြွန်ဆုံးသူတွေပါပဲ။
တကယ်တော့ စစ်သားတွေဟာ တိုင်းရင်းသားအကြောင်း နယ်စပ်ဒေသတွေကို အရောက်အပေါက်အများဆုံးဖြစ်လို့ တိုင်းရင်းသားအကြောင်းအသိဆုံးသူတွေဖြစ်ရမှာပါ။ ဒါပေမယ့်သူတို့ဟာ လှည်းဆွဲတဲ့မြင်းလို တနေရာထဲမြင်ရအောင် မျက်လုံးအကာတပ်ခံထားရတဲ့သူတွေပါပဲ။ သူတို့ကို တကြောင်းဆွဲသိမြင်မှုပဲ ထည့်ပေးထားတာပါ။ ( ဒီအသုံးကို ဦးနေဝင်းလဲသုံးခဲ့ဖူးပါတယ်၊ နယ်ချဲ့သမားတွေက မြန်မာတွေ မြင်ကွင်းကျယ်မမြင်နိုင်အောင် မြင်းကိုမျက်လုံးအကာတပ်သလို လုပ်ခဲ့ကြတာလို့ပြောဖူးတယ်၊ နောက်တော့ သူကလည်း စစ်တပ်ကို တလက်ကိုင်ပဲဖြစ်အောင် မျက်လုံးအကာတပ်ပေးခဲ့တာပဲ ) အခုကြွက်မင်းကိုသွားပြီး ဖူးမျှော်ခဲ့တဲ့ ခုံခုကောင် ဖွတ်မင်းဟာလဲ မျက်လုံးအကာကြီးနဲ့ ကြီးပြင်းလာသူပါပဲ။ အဲဒါကြောင့် ၂၁ ရာစုပင်လုံလို အစည်းဝေးကြီးမှာ ERO တွေကို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့လို့ ပြောထွက်ခဲ့တာပေါ့။ အဲလိုမျက်လုံးအကာတပ်ထားသူ ဦးဆောင်နေတဲ့ ဒီလူသိုက်ဟာ တိုင်းရင်းသားစုံနဲ့ မြေပြန့်နေ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို သေတဲ့အထိ နားလည်မယ့်သူတွေမဟုတ်ဖူးဆိုတာ အလွန်သေချာနေပါတယ်။

တဘက်မှာတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်မီက မြေပြန့်နေ နိုင်ငံရေးသမားတွေဟာ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသား ERO တွေနဲ့ အလှမ်းဝေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးက ဒီအခြေနေတွေကို ပြောင်းပြန်ဖြစ်သွားစေပါတယ်။ အထူးသဖြင့် လူငယ်တော်လှန်ရေးသမားတွေဆိုရင် ERO မဟာမိတ်များနဲ့ တသားထဲလောက် ဖြစ်လာကြတာပါ။ ဒီလိုပြောင်းလဲလာတဲ့အခြေအနေက တော်လှန်ရေးရဲ့ တတိယအဆင့်အောင်မြင်ဖို့ အခြေခံ အကြောင်းအချက်ပါပဲ။ တော်လှန်ရေးအောင်မြင်ခြင်းဟာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးရဲ့ အရေးအကြီးဆုံးခြေလှမ်းပါ။ ဒီကမှတဆင့် အိမ်နီးချင်းတွေ ခြံစည်းရိုးအကာခံရတဲ့အဆင့်မရောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအဆင့်ကို တဆင့်ချင်းချီတက်ကြရမှာပဲဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်စေဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍131🥰9🤩1🫡1
🥰52👍176🫡6🤩1🤣1
ရိုးမဧရာစစ်ဆင်ရေး
………………………
စစ်အုပ်စု ချေမှုန်းရေး အရေးပါတဲ့ ရိုးမဧရာစစ်ဆင်ရေး အတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ အမျိုးသးညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
100👍29🥰9🫡7👌2😁1🤩1💩1
28🥰10👍7🫡5🤣1
PDF Insight
Photo
နွေဦးရဲ့ လူငယ်​ခေါင်း​ဆောင်များ

တ​နေ့က ဗီဒီယိုကလစ် ၃ ခု​လောက်နဲ့ အင်တာဗျူးအချို့ ကြည့်လိုက်ရတယ်။ တခုက မြင်းခြံ black tiger အဖွဲ့​ခေါင်း​ဆောင်နဲ့အင်တာဗျူး ၊ နောက်တခုက နွားထိုးကြီးတိုက်ပွဲတိုက်ခဲ့တဲ့ ယာယီတပ်ရင်းမှုး​လေးနဲ့ နောက်တခုက​တော့ ပုဂံ​ညောင်ဦးနားက ငသ​ရောက်တိုက်ပွဲမှာ ခွေး၇၄​ ကောင်​လောက် သုတ်သင်လိုက်တဲ့ ပကဖ​ခေါင်းဆောင်နဲ့ အင်တာဗျူး​တွေပါပဲ။ တော်လှန်​ရေးကိုစိတ်ဝင်စားသူ ပြည်သူ့ဘက်​တော်သား​တွေလဲ ကြည့်လိုက်ရမှာပါပဲ။ အညာ​ဒေသမှာ ဒီလိုအဖွဲ့​ပေါင်းများစွာဟာ ဒီလိုတိုက်ပွဲ​တွေ တိုက်​နေကြတာပါပဲ။ ဒါ​ပေမယ့်အ​သေအချာဗျူးပြီး သူတို့အမြင်အ​တွေး ရပ်တည်ချက်​တွေ မျှော်မှန်းချက်​တွေကို သိရတဲ့အချိန်မှာ​တော့ ဘယ်လိုမှ မ​လေးစားပဲ မချီးမွမ်းပဲမ​နေနိုင်​အောင်ဖြစ်ရပါတယ်။ သူတို့ဟာ ၄ နှစ်ဆိုတဲ့ကာလတိုတခုအတွင်းမှာ အကြီးစိတ်​တွေဝင်လာကြပြီ။ (ဒီစကားက ဘလက်တိုက်ဂါးက ဗိုလ်မိုက်ခဲရဲ့စကားပါ။ဒီအသုံးကိုတမင်​ရွေးသုံးတာ၊ လူကြီးစိတ်လို့မ​ပြောပဲ အကြီးစိတ်လို့တမင်သုံးတာပါ ) သ​ဘောက​တော့ အငယ်​တွေကို စောင့်​ရှောက်မယ် သင်ကြား​ပေးမယ်။ မြှင့်တင်​ပေးရမယ်ဆိုတဲ့ အကြီးစိတ်၊ သူက အသက်၂၄နှစ်ပဲရှိ​ပေမယ့် သူ​ရော အခြား​ခေါင်း​ဆောင်ငယ်​တွေဟာ အများကြီးသင်ယူခဲ့ကြပြီ။ အများကြီးရင့်ကျက်ခဲ့ကြပြီ။ အများကြီးတာဝန်​တွေယူနိုင်ခဲ့ကြပြီဆိုတာ​ တွေ့ရတာပါပဲ။ သူတို့​ပြောစကား​တွေမှာ မှတ်သားစရာစကား​တွေအများကြီးပါတာ​​တွေ့ရပါတယ်။

PDF ဟာပြည်သူ​မေတ္တာနဲ့ အသက်ဆက်ရတယ်။ ပြည်သူ​မေတ္တာပျက်ရင် တစ်ရက်​တောင်ခံမှာမဟုတ်ဘူး။ ပြည်သူသာအမိ ပြည်သူသာအဖဆိုတာက အဓိကဖြစ်တယ်။ ရဲ​ဘော်​တွေနဲ့ ဆက်ဆံရာမှာ အရာရာ စစ်မိန့်နဲ့သွားလို့မရဘူး။ မေတ္တာနဲ့သွားတာ​တွေလည်းရှိတယ်။ သေနတ်အ​ပေါ်မှာသာယာ မသွားဖို့လိုတယ်။ စစ်​ခွေးတွေကိုထိဖို့ထက် ပြည်သူကိုမထိဖို့ ပိုဂရုစိုက်တယ်။ ငသ​ရောက်တိုက်ပွဲက ကိုဇီးက​တော့ ဝေဟင်မပါ မြေပြင်ကသာလာခဲ့ ယောကျ်ားချင်း အချိန်မ​ရွေးပဲတဲ့။ ဗိုလ်မှူးတ​ယောက် ဗိုလ်ကြီးတ​ယောက်ပါ ဖမ်းမိခဲ့တဲ့နွားထိုးကြီးတိုက်ပွဲဝင် တပ်ရင်းမှူး​လေးရဲ့စကားက သူတို့လက်နက်ချဖို့​ပြေးလာတာက ဘောလုံးပွဲမှာ လူစားလဲလို့​ပြေးဝင်လာသလိုမျိုး ပြုံး​ပျော်နေပုံကို​ပြောသွားတယ်။ ဒါ​တွေက မှတ်သားစရာစကားအများကြီးထဲက တချို့ပါ။သူတို့ဟာမြန်မာ့​နွေဦးမှာ အပြိုင်းအရိုင်းထွက်ပြူလာတဲ့ မျှစ်စို့​ပေါက်​တွေလိုပါပဲ။ ဖြေး​ဖြေးကြီးထွားသန်မာလာပြီး အမြင့်ကို လုတက်​နေကြသလိုပါပဲ။ အောက်​ခြေအရှုပ်အ​ထွေး​တွေထဲက​ဖောက်ထွက်ပြီး မကြာခင် ပင်အိုပင်​ဟောင်း​တွေကို​ ကျော်သွားကြ​တော့မှာပါ။

အဲဒါ​တွေနဲ့​ပြောင်းပြန် မင်း​အောင်လှိုင်ရဲ့ စတင်းဒတ်အာမီကြီးက​တော့ အကုန်လု အကုန်သတ် အကုန်မီးရှို့ဆိုတဲ့ ပေါ်လစီအတိုင်းသွား​နေတုန်းပါပဲ။ လက်ရှိစစ်​ခေါင်း​ဆောင်​တွေဟာ စစ်တပ်ရဲ့ အညံ့ဆုံးမျိုးဆက်ပါပဲ။ ဒီလို​ပြောလို့ အရင်လူ​တွေက​တော်လို့လားဆို​တော့ မ​တော်ပါဘူး။ သေနတ်ပြ အနိုင်ကျင့်အုပ်ချုပ်ကြရာမှာအတူတူပါပဲ။ ဒါ​ပေမယ့် ဒီလူသိုက်က​တော့ personality ( လူရည်လူ​သွေး ပညာတတ်​မြောက်မှု ရုပ်ရည် အရပ်အ​မောင်းကအစ ခြုံပီး​ပြောရင် ) မှာ အညံ့ဆုံးကို ဖြစ်​နေတာ။ ယ​နေ့​ခေတ်မှာ အနီးနားကနိုင်ငံ​တွေဖြစ်တဲ့ မ​လေး စင်္ကာပူ ဖိလစ်ပိုင်စတဲ့နိုင်ငံ​တွေက စစ်ဦးစီးချုပ်​တွေဆိုရင် ဝက်စ်ပွိုင့်၊ ဆင်းဟာ့ဒ် စတဲ့စစ်​ကျောင်း​တွေက မဟာဘွဲ့​လောက်ရသူ​တွေပါ။ ဗီယက်နမ် ဦးစီးချုပ်ဆိုရင် ပါရဂူဘွဲ့အထိ ယူထားသူဖြစ်တယ်။ ဒီက ဖွတ်​တွေက​တော့ ဒေါ်စိန်​အေး​ကျောင်းက ရိုက်သွင်းလိုက်တဲ့ တ​ကြောင်းဆွဲအယူ​တွေနဲ့ ကိုယ်ဖာကိုယ် ဝါးလုံး​ခေါင်းထဲလသာ​နေကြတဲ့သူ​တွေပါ။ မြို့​နေယဥ်​ကျေးတဲ့ ပညာတတ်မိန်းက​လေးများရဲ့ ပါးစပ်က​တောင် ငါကိုင်တုတ်ခံရတဲ့ စစ်​ခေါင်း​ဆောင် ဘယ်နှစ်​ယောက်များရှိပါသလဲ။ လူထုတရပ်လုံး ရင်ထဲအသည်းထဲက ဓါးနဲ့ နုတ်နုတ်စဥ်းပစ်ချင်​လောက်​အောင် မုန်းတဲ့ စစ်​ခေါင်း​ဆောင် ဘယ်နှစ်​ယောက်ရှိပါသလဲ။ ကျန်တဲ့အဆင့်က အရာရှိဆိုသူများက​ရော ဒီ​လောက်ဆိုး​နေတဲ့ အ​ခြေ​နေကို မ​ဝေဖန်ရဲ မ​ထောက်ပြရဲ​လောက်​အောင် ညံ့ဖျင်း​နေကြတာပဲမဟုတ်ပါလား။ဟို​နေ့က နွားထိုးကြီးတိုက်ပွဲမှာ အ​စောဆုံးထွက်​ပြေးပြီး ဖမ်းမိ​တော့ မီး​သွေးဖုတ်သူပါလို့ ညာ​ပြောတဲ့ ဗိုလ်ကြီး လိုလူ​တွေက ခပ်များများပါပဲ။
63👍38🥰6🫡3🤩1🤮1
PDF Insight
Photo
လက်ရှိမအလတပ်က အသက် ၄၀,၅၀တန်း လူ​ဟောင်း လူအို​တွေ အမာခံထားပြီး စစ်ထဲအတင်းဆွဲသွင်းခံရတဲ့ စစ်မှုထမ်း​တွေနဲ့​ပေါင်းစပ်ထားတာပါ။ PDF တပ်​တွေက​တော့ အသက် ၂၀နဲ့ ၃၀ကြားလူငယ်​တွေအများစု ပါတာပါ။ ခေါင်း​ဆောင်​တွေကလဲဒီအရွယ်​တွေပါပဲ။ စိတ်ဓါတ်ချင်းက မိုးနဲ့ မြေလိုကွာပါတယ်။ အ​ပေါ်မှာ ဥပမာပြခဲ့တဲ့ လူငယ်​ခေါင်း​ဆောင်မျိုး​တွေ တိုင်းရင်းသားအဖွဲ့များအပါ အဖွဲ့​ပေါင်း ရာဂဏန်းမှာ ရာချီပြီးရှိ​နေတာပါ။ ရထားတွဲတိုင်းမှာ စက်​ခေါင်းပါတဲ့​ခေတ်ပါ။ တဦးတည်း​သော​ခေါင်း​ဆောင်မှုကို မျှော်တဲ့​ခေတ် မဟုတ်​တော့ပါဘူး။ ဒေါ်​အောင်ဆန်းစုကြည်​ မျှော်မှန်းတဲ့ သူမအလွန်ကာလမှာ ပြည်သူ​တွေ ကိုယ်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ဆိုတဲ့ ပုံစံနဲ့ ကွက်တိဖြစ်ပါတယ်။ တချို့က နွေဦးတပ်​တွေကို တပ်ပုံမကျဘူး ဖရိုဖရဲနိုင်တယ်လို့ဆိုကြတယ်။ တကယ်​တော့ တော်လှန်​ရေးတပ် အစစ်ဟာ အစမှာ ဒီအတိုင်းပါပဲ။ ဂျော့ရ့် ဝါရှင်တန်ရဲ့တပ်လည်း ဒီလိုပါပဲ။ အဝတ်အစား ဖရိုဖရဲ၊ လူ​ပေါင်းစုံ စုထားရတာ၊ ပုဂံ​ညောင်ဦးက ကိုဇီး​ပြောတဲ့ထဲမှာပါတယ်။ ကျွန်​တော်တို့က စွပ်ကျယ်နဲ့လည်း တိုက်လို့ရတယ်။ ကြက်​ပေါင်ဖိနပ်နဲ့လည်း တိုက်လို့ရတယ် ဆိုတာမျိုးပါပဲ။ အ​မေရိကန်တပ်​တွေ စနစ် တကျတိုက်ရာမှာ ဗြိတိသျှတပ်​တွေကို ဘယ်ယှဥ်နိုင်မလဲ။ ဒါ​ပေမယ့်အဆုံးအဖြတ်​ပေးသွားတာက စိတ်ဓါတ်ပြင်းပြမှု တီထွင်ဖန်တီးတတ်မှုနဲ့ ခေါင်း​ဆောင်မှု​တွေပါပဲ။ ဒီမှာလဲ ဒီအချက်​တွေက တော်လှန်​ရေးရဲ့ တတိယအဆင့် အောင်မြင်ဖို့ အ​ခြေခံ​တွေပဲ ဖြစ်ပါတယ်။ မကြာခင်​အောင်ပွဲ​တွေကို မြင်ကြရ​တော့မှာဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
127👍48👏9🥰6🫡6😁1🤩1👌1
👍64👏8🫡5🥰42🤣1🖕1