PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
PDF Insight
Photo
အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ လုပ်ဆောင်ရန် အချက်များ
.......................................

အကြမ်းဖက်စစ်တပ်အနေနဲ့ လူအင်အား မလုံလောက်မှုကို လူငယ်၊ လူရွယ်များကို အတင်းအကြပ် ဖမ်းဆီးပြီး တပ်သားသစ်စု‌ဆောင်းကာ ဖြေရှင်းဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ အဲဒီလို အတင်းအကြပ် စုဆောင်းခံရတဲ့ တပ်သားသစ်တွေနဲ့ စစ်တိုက်လို့မရဘဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ အတွက် လက်နက်ရေသောက်မြစ်၊ တပ်သားသစ် ရေသောက်မြစ်သာ ဖြစ်လာတာကိုတွေ့ရပါတယ်။ တပ်သားသစ်တွေ အနေနဲ့လည်း တိုင်းရင်းသားဒေသမှာသာမက မြန်မာနိုင်ငံ အတွင်းပိုင်း၊ အလယ်ပိုင်း မြို့ရွာ အသီးသီးကနေ ထွက်ပြေးနေသလို စစ်သင်တန်းကျောင်းတွေကပါ ထွက်ပြေးလျက်ရှိပါတယ်။

အဲ့ဒီလို အဓမ္မလူသစ်စုဆောင်းမှု ခံလိုက်ရတဲ့ လူငယ်၊ လူရွယ်တွေ လိုက်နာသင့်တဲ့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၁) PDF တပ်ရင်း၊ ပကဖအဖွဲ့တွေ ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ၊ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @Myanmar People ကို (ကြိုတင်) ချိတ်ဆက်ထားဖို့
၂) စစ်သင်တန်းတွင်း၊ သင်တန်းပြီး ကာလမှာ PDF, ပကဖ၊ ပအဖ၊ ပလဖ နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက် အမြန်ဆုံး ဘက်ပြောင်းဖို့
၃) ဘက်ပြောင်းလာသူတွေကို လုံခြုံရေး တာဝန်ယူသလို လက်နက်ပါလာပါက ဆုကြေးငွေ ချီးမြှင့်မယ်လို့ ပါရှိပါတယ်။

လတ်တလော ဘက်ပြောင်းမှု ဖြစ်စဉ်တွေကို ကြည့်ရင်ကို စစ်တပ်ဟာ ပြိုလဲနေပြီ အဓမ္မလူသစ် စုဆောင်းခံရသူတွေဟာ အခြေအနေပေးတာနဲ့ နည်းလမ်းမျိုးစုံသုံး ထွက်ပြေးနေပြီ ဆိုတာ သိသာပါတယ်။
- ယခုနှစ်ဆန်းက စတင်ပြီး လောင်းလုံ ပကဖ ထံ ခလရ (၂၅) က တပ်သားသစ် စုဆောင်းခံရသူ (၅) ဦး ခိုလှုံခဲ့ပါတယ်။
- တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်မှုထမ်း သင်တန်းအပတ်စဉ် (၆) ဆင်း တပ်သားသစ် (၃) ဦး ဘက်ပြောင်းခဲ့ပါတယ်။
- နေပြည်တော်ဒေသမှာလည်း တပ်သားသစ် (၇) ဦး ကို နေပြည်တော် ပကဖ က ကယ်ထုတ်စဉ် လူသစ်စုဆောင်းခံခဲ့ရတဲ့ တပ်သားသစ် (၃) ဦး ကျဆုံးပြီး ကျန်တပ်သားတွေကို လုံခြုံရာကို ရွေ့ပေးနိုင်ခဲ့ပါတယ်။
- မုံရွာမြို့တော်ခန်းမမှာ လုံခြုံရေး တာဝန်ချခံထားရတဲ့ အပတ်စဉ် (၅) ဆင်း တပ်သားသစ် တဦးဟာ မုံရွာ ခရိုင် တပ်ရင်း (၂၂) နဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့ပါတယ်။
- စစ်ကိုင်းမြို့နယ်မှာပဲ အပတ်စဉ် (၅) ဆင်း တပ်သားသစ် တဦးဟာ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း နဲ့ ချိတ်ဆက်ဘက်ပြောင်းခဲ့ပါတယ်။
- မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှာ တာဝန်ကျနေတဲ့ တပ်သားသစ် (၅) ဦး ဟာ လက်နက်အပြည့်အစုံ နဲ့ အတူ Union Liberation Front နဲ့ မဟာမိတ်တွေဆီ ဘက်ပြောင်းခဲ့ပါတယ်။
- အုတ်ဖိုမြို့နယ် ခမရ (၆) တပ်ရင်းက တပ်သားသစ် (၇) ဦးဟာ လက်နက်နဲ့ အတူ ထွက်ပြေးခဲ့ပါတယ်။
- ပခုက္ကူမြို့နယ်မှာလည်း တပ်မ (၁၀၁) မှာ အဓမ္မ လူသစ်စုခံထားရတဲ့ တပ်သားသစ် (၂) ဦးဟာ ပခုက္ကူမြို့နယ် ပကဖ နဲ့ ချိတ်ဆက် ဘက်ပြောင်းခဲ့ပါတယ်။
- ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ရွာမှာရှိတဲ့ အမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သင်တန်းသား (၄၀) ဦး ထွက်ပြေးရာမှာ (၂၄) ဦး လွတ်မြောက်ခဲ့ပါတယ်။
- ကရင်နီ ဒေသမှာလည်း တပ်သားသစ် ရာနဲ့ချီပြီး ဘက်ပြောင်းလျက်ရှိတယ်လို့ KNDF က ပြောကြားသွားပါတယ်။
- ကျောက်ကြီးမြို့နယ် ခလရ (၂၈၈) က သင်တန်းဆင်း တပ်သားသစ် (၂) ဦး ဟာလည်း KNLA ထံ လက်နက် နဲ့ အတူ ဘက်ပြောင်းခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍9712🥰4🫡1
👍313🫡3🔥2🥰1
PDF Insight
Photo
လုံလောက်တဲ့ အင်အားရှိ​နေပြီဖြစ်တဲ့ နွေဦးတော်လှန်​ရေး

အ​မေရိကန်မှာ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လာတာနဲ့ လှုပ်ခတ်မှု​တွေဖြစ်လာသလို မြန်မာ့အ​ရေးကလည်း အ​ပြောင်းအလဲတခုအတွက် တာဆူ​နေတာဖြစ်ပါတယ်။ အ​မေရိကန်ရဲ့ မြန်မာအ​ပေါ်သ​ဘောထားက ပြောင်းလဲ​ကောင်း​ပြောင်းလဲနိုင်တယ် သို့မဟုတ် သမ္မတဘိုင်ဒင် လက်ထက်ကလိုပဲ မတင်မကျအ​ခြေနေမျိုးပဲ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လော်ဘီလုပ်ရာမှာ​တော့ ဘာသာ​ရေးလွတ်လပ်ခွင့်အ​ပေါ်ဦးစား​ပေး လုပ်သင့်တယ်လို့ ပြောဆို​နေကြတာ​ဖြစ်တယ်။ ဒါက​တော့ ကွန်ဆာ​ဗေးတစ်​တွေရဲ့ ဘာသာ​ရေးအ​လေးထားမှုကို အကျိုးရှိ​အောင် အခွင့်​ကောင်းယူတာပဲဖြစ်တယ်။ ဒါ​ပေမယ့် ယာယီသမ္မတ ဒူဝါလရှီးလ​က ၂၀၂၄ နိုဝင်ဘာလအတွင်းက ပြောကြားခဲ့တဲ့ နိုင်ငံတကာမှာ မြန်မာ့အ​ရေး​ဆောင်ရွက်မှု​တွေဟာ အချိန်ယူသင့်သ​လောက်ယူပြီးပြီလို့လည်း​ပြောနိုင်သလို အချိန်​ပေးသင့်တာထက်လည်း ပိုပြီး​ပေးခဲ့ပြီလို့ ပြောနိုင်​ကြောင်း ဆိုတာကိုလည်းအမှတ်ရကြရမှာဖြစ်ပါတယ်။

မြန်မာ့အ​ရေးမှာ​တော့ တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှု​တွေက ဆက်လက်​တွေ့မြင်ရမယ့်သ​ဘောရှိပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကိုးကန့်နဲ့ စကစကြား သ​ဘောတူညီချက်ရရှိခဲ့​ကြောင်း တရုတ်ဘက်​ကြေညာခဲ့​ပေမယ့် ကာယကံရှင်​တွေဘက်က နှုတ်ဆိတ်​နေတာဖြစ်တယ်။ ယခုလအတွင်းမှာပဲ တရုတ်က TNLA , AA တို့နဲ့ပါ စကစနဲ့ တွေ့ဆုံ​ပေးဖို့ရှိ​ကြောင်းသိရတာဖြစ်တယ်။ ဒီ​တွေ့ဆုံမှု​တွေက​နေ မည်သို့​သော ထုတ်ပြန်ချက်​တွေ ထွက်လာသည်ဖြစ်​စေ အကဲဖြတ်ချက်​တွေ မ​စောကြဖို့လိုပါတယ်။ တရုတ်ရဲ့​ပေါ်လစီ​တွေက အိမ်နီးချင်းနိုင်ငံ​တွေ တည်ငြိမ်မှ သူ့အတွက် အကျိုးဖြစ်ထွန်းနိုင်မှာနဲ့ အိမ်နီးချင်း​တွေ US နဲ့ နီးကပ်မသွား​ရေးက ဦးစား​ပေးပါပဲ။ ဒီတရုတ်​ပေါ်လစီ​တွေနဲ့ တော်လှန်​ရေး​အောင်မြင်ဖို့အ​ရေးကြားမှာ ပါးနပ်စွာ ထိန်းညှိ​ဆောင်ရွက်​ရေးက နွေဦး​တော်လှန်​ရေးအတွက် အကြီးမားဆုံး စိန်​ခေါ်မှုပါပဲ။ အခုချိန်မှာ တိုင်းရင်းသားများရဲ့ လက်နက်ကိုင်​တောင်းဆိုမှုနဲ့တိုက်ပွဲဝင်​နေမှု​တွေဟာ NUG ဦး​ဆောင်တဲ့ မြေပြန့် PDF များရဲ့ ဦးတည်ချက်နဲ့ တထပ်ထဲဖြစ်တယ်ဆိုတာလည်း မ​မေ့ကြဖို့လိုတာဖြစ်တယ်။

တဘက်မှာ​တော့ တော်လှန်​ရေး အရှိန်အဟုန်က ဆက်ပြီး တိုးတက်ဖြစ်ထွန်းနေတာဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ AA က စစ်​တွေကိုစပြီး ထိုးစစ်ဆင်​နေပါပြီ။ AA နဲ့ PDF ပူး​ပေါင်းတပ်​တွေက မ​ကွေး ပဲခူးနဲ့ ဧရာဝတီတိုင်းအစပ်က နယ်​မြေ​တွေကို ထိုး​ဖောက်ဝင်​ရောက်လာ​နေပြီဖြစ်တယ်။ကရင်ပြည်နယ်မှာ​တော့ ဖြေး​ဖြေးနဲ့မှန်မှန် အ​ရေးပါတဲ့စခန်း​တွေ တခုပြီးတခုသိမ်းပိုက်လာ​​နေတာပါ။ စစ်​ကြောင်းမှူး ဗိုလ်ဒါ​ဘောရဲ့ အင်တာဗျူးမှာ သူတို့ဟာ နယ်​မြေ​တွေကို တ​ဖြေး​ဖြေးသိမ်းပိုက်အနိုင်ယူခြင်းအားဖြင့် နောက်ဆုံးမှာ အ​ရေးပါတဲ့မြို့တွေက အလိုအ​လျောက်ကျသွားအောင် လုပ်​နေတာဖြစ်တယ်လို့​ပြောသွားတာ​တွေ့ရပါတယ်။ ဒါက မဟာဗျူဟာအမြင်တခုဖြစ်လို့ သတိပြုစရာဖြစ်ပါတယ်။ ကရင်မှာရှိတဲ့ နောက်ပြသနာကြီးက BGF နဲ့ ကျားဖြန့်ကိစ္စပါပဲ။ ဒီကိစ္စဟာ ဒေသတွင်းသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံ​တွေရဲ့ လုံခြုံ​ရေးကိုပါ ခြိမ်း​ခြောက်ထိခိုက်​စေတာပါ။တ​နေ့ကပဲ အ​မေရိကန်သမ္မတ လက်မှတ်​ရေးထိုးလိုက်တဲ့ မြန်မာဟာ အ​မေရိကန်အကျိုးစီးပွားနဲ့ လုံခြုံ​ရေးကို အဓိက ခြိမ်း​ခြောက်​နေတဲ့အတွက် အ​ရေး​ပေါ် ဥပ​ဒေပြဌာန်းမှုကို တနှစ်သက်တမ်းတိုးလိုက်တယ်ဆိုတဲ့ထဲမှာ ဒီကိစ္စ​တွေလည်းပါနိုင်တာဖြစ်တယ်။ တရုတ်က ကျားဖြန့်နှိမ်နင်း​ရေးမှာ ထဲထဲဝင်ဝင် ဖိအား​ပေး​နေလို့ ထိုင်းဘက်က မီးဖြတ်ရ ဆီဖြတ်ရ လုပ်လာတယ်။ BGF ရော DKBA တို့ပါ ကျားဖြန့်ကိစ္စ ပူး​ပေါင်း​ဆောင်ရွက်ပါမယ်ဆိုပြီး အသီးသီး နှုတ်ထွက်ဖို့ကြိုးပမ်းလာကြ​ပေမယ့် အဓိက ပူးတွဲတရားခံဖြစ်တဲ့ စကစပါ အမှုတွဲ​ပေးနိုင်ဖို့ မိမိဘက်ကြိုးပမ်းကြရမှာပါ။
👍669🥰3🔥2👏2
PDF Insight
Photo
နွေဦး​တော်လှန်​ရေး ဘယ်နည်းဘယ်ပုံ အောင်ပွဲခံသွားနိုင်မလဲဆိုတာအ​ပေါ် လတ်တ​လောမြင်​တွေ့​နေရတဲ့ အ​ခြေအ​နေများအရသုံးသပ်မယ်ဆိုရင် မြန်မာအ​​နောက်​​ကြော ချင်း​တောင်ပိုင်းနဲ့ AA အင်အားများ ၊ မြန်မာအလယ်​ကြော စစ်ကိုင်းမ​ကွေး PDF များနဲ့ TNLAအင်အားများ ၊ မြန်မာ​အ​ရှေ့​တောင်ခြမ်း ကရင်နီနဲ့ KNLAအင်အားများ+ PDF များက အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ဒီ​နေရာမှာ ဧရာဝတီအ​နောက်ခြမ်းက လက်နက်စက်ရုံများထဲက ပိုပြီး အခရာကျတဲ့စက်ရုံများကို ဦးတည်တိုက်ခိုက်ဖို့က ရှေ့ကို​ရောက်လာနိုင်ပါတယ်။ ဒီစက်ရုံအချို့ကို သိမ်းပိုက်တာ သို့မဟုတ် ဖျက်ဆီးတာ လုပ်နိုင်ရင်​တောင် မင်း​အောင်လှိုင်တပ် ဒူး​ထောက်ရတဲ့ ဘဝ​ရောက်သွားနိုင်ပါတယ်။ ဗိုလ်ဒါ​ဘော​ ပြောတဲ့ လမ်း​ကြောင်းဟာ ကိုးကန့်သားတို့ လောက်ကိုင်ကို သေနတ်တချက်မ​ဖောက်ရပဲ သိမ်းပိုက်ရရှိခဲ့တဲ့ လမ်း​ကြောင်းမျိုးပါပဲ။ ဒါဟာ ဆွန်ဇူးရဲ့ စစ်ဆင်​ရေးမှာ အ​ပြောင်​မြောက်ဆုံးလို့ ချီးကျူးရတဲ့ အမြင့်ဆုံး နည်းပရိယာယ် သို့မဟုတ် နည်းဗျူဟာတခုပါပဲ။ ဒုတိယကမ္ဘာစစ်တုန်းက ရခိုင်ဘက်က​နေထိုး​ဖောက်ဝင်​ရောက်ပြီး ဗမာပြည်ကို သိမ်းပိုက်မယ့် အစီအစဥ်က မ​အောင်မြင်ခဲ့လို့ မဟာမိတ်တပ်​တွေဟာ မြောက်ပိုင်းက​နေ မြန်မာအလယ်​ကြောအတိုင်းထိုးဆင်းပြီး ရန်ကုန်အထိ ချီတက်သိမ်းပိုက်ခဲ့ရတာဖြစ်တယ်။ အခု​တော့ ဂျပန်လက်ကျ မအလရဲ့ဖက်ဆစ်တပ်ဟာ ရခိုင်မှာ AAကို အရှုံးကြီးရှုံးထားပြီဖြစ်လို့ ဧရာဝတီအ​​နောက်ခြမ်းတိုက်ပွဲ​တွေဟာ နေပြည်တော်သိမ်းပိုက်​ရေးအတွက် အနီးဆုံးလမ်း​ကြောင်း ဖြစ်လာပါလိမ့်မယ်။ AAခေါင်း​ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်​ပြောခဲ့သလို တိုင်းရင်းသား​တွေရဲ့ ကိုယ့်လူမျိုးတမျိုးထဲ လွတ်​မြောက်​ရေးဟာ မ​အောင်မြင်နိုင်ဘူးဆိုတာ နှစ် ၇၀ သမိုင်းက လက်​တွေပြခဲ့ပြီးပါပြီ။ ဒါ​ကြောင့် ဒီအကြိမ်မှာ​တော့ တရုတ်နယ်စပ် အင်အားတချို့မှအပ ကျန်အင်အားအားလုံးစု​ပေါင်းခြင်းဟာ မအလတပ်ကို အပြုတ်ဖြုတ်ဖို့ လုံ​လောက်တဲ့ အင်အားစုဖွဲ့မှုဖြစ်​ကြောင်း သက်​သေပြရ​တော့မှာ ဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
112👍60🥰3🫡3🔥1👏1🤩1
👍381
PDF Insight
Photo
ပြင်ပ​နှောက်ယှက်မှု အနည်းဆုံးဖြစ်ဖို့လိုတဲ့ တော်လှန်​ရေး

ဖေ​ဖော်ဝါရီ ၁၇ နဲ့ ၁၈ရက်တို့မှာ ကျင်းပခဲ့တဲ့ TNLA နဲ့ စကစတို့ရဲ့ ဆွေး​နွေးပွဲက ဘာသ​ဘောတူညီချက်မှမရရှိပဲ ပြီးဆုံးသွားခဲ့ပါတယ်။ တကယ်​တော့ တရုတ်ရဲ့အတင်းအကြပ် တိုက်တွန်းဖိအား​ပေးမှုကြောင့်သာ ဒီ​ဆွေး​နွေးပွဲ​တွေဖြစ်လာတာ သိသာ​နေပါတယ်၊ TNLA ဘက်က ခက်ခဲတဲ့အ​ခြေအ​နေ​တွေ ကြုံခဲ့ရတယ်လို့ဆိုတာပါ။ ရောက်တဲ့​နေရာမှာ အပစ်ရပ်ထား​ရေး၊ လေယာဥ်နဲ့လက်နက်ကြီး​တွေ မသုံး​ရေးနဲ့ ဒေသခံ​တွေအတွက်​ ပြေလည်​စေဖို့ လမ်းပိတ်ဆို့ထားမှု​တွေ ဖျက်သိမ်း​ပေး​ရေး စတဲ့ TNLAဘက်က​ဆွေး​နွေးချက်ကို စကစဘက်က ပြန်လည်​ဆွေး​နွေးနိုင်ခြင်းမရှိပဲ ဆွေး​နွေးပွဲပြီးဆုံးသွားခဲ့တာပါ။ တကယ်​တော့ တရုတ်အတင်းစီစဥ်​နေမှု​တွေ​ကြောင့်သာ တော်လှန်​ရေးတပ်ဖွဲ့​တွေက သွားပြီးတက်​ရောက်​နေကြရတာ ဆွေး​နွေးပွဲ​အောင်မြင်ဖို့ ဘာ​မျှော်လင့်ချက်မှ ထားကြတာမဟုတ်ပါဘူး၊ စစ်တပ်ဖက်ကလည်း မူအရဘာတခုမှ လိုက်​လျောသ​ဘောတူတာမရှိပဲ အချိန်ဆွဲ​ရေးသက်သက် လုပ်​နေတာဖြစ်တယ်။ ရသမျှအချိန်အတွင်း အင်အားစု​ဆောင်းပြီး သူဆုံးရှုံးသွားတဲ့နယ်​မြေ​တွေ ပြန်လည်တိုက်ယူဖို့ ကြိုးပမ်းမှာပဲဖြစ်တယ်၊ ကိုးကန့်ကို ဖိအား​ပေးဖို့ ဝအဖွဲ့နဲ့ ပထမဆုံးအကြိမ်​ဆွေး​နွေးပွဲကတည်းက အင်အားကြီးဆိုတဲ့အရှိန်အဝါနဲ့ ဇွတ်အတင်းဖိအား​ပေးခဲ့တာ တွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါ​တွေအားလုံးက NUG+ EAO အင်အား​တွေအသာရသွားရင် အ​နောက်အုပ်စုဘက်ကို နီးကပ်သွားမယ်ဆိုတဲ့ စိုးရိမ်ချက်က​နေလာတာပါပဲ၊ လက်ရှိစစ်တပ်ရဲ့ခေါင်း​ဆောင်မှုဟာ နိုင်ငံ​ရေး စစ်​ရေး စီးပွား​ရေး ဘယ်​နေရာမှ သုံးစားလို့မရဘူးဆိုတာ သူတို့သိပါတယ်၊ ဒါ့အပြင် တရုတ်ပြည်သူ​တွေကို အကြီးအကျယ်ထိခိုက်​စေတဲ့ ကျားဖျန့်လိမ်လည်မှုလို ကိစ္စ​တွေမှာပါ စကစဟာ ပူးတွဲတရားခံဖြစ်​နေတယ်ဆိုတာလဲ တရုတ်က သိ​နေတာပါပဲ၊တရုတ်​တွေ ခံ​ပေ့​စေဆိုပြီး ကျားဖျန့်ကိစ္စ​တွေကို တမင်လွှတ်​ပေးထားတာကအစ တရုတ်ဘက်ကသိ​နေနိုင်တာဖြစ်ပါတယ်၊ ဒါ​ပေမယ့် စစ်တပ်ဟာ ဘယ်​လောက်ပဲ ညံ့ဖျင်းအသုံးမကျ ဖြစ်​နေ​စေကာမူ သူ့အိမ်​ဘေးမှာ အ​နောက်ဆန့်ကျင်တဲ့ အင်အား​လေးတခုရှိ​နေ​ရေးက တရုတ်ရဲ့ ဦးစား​ပေးပါပဲ။
တဘက်မှာ ထရမ့်သမ္မတဖြစ်လာပြီး​နောက် US မှာလည်း အ​ပြောင်းအလဲကြီး​နေတာဖြစ်တယ်၊ ယူကရိန်းကို​တောင် ပြောင်​ပြောင်တင်းတင်း ဆန့်ကျင်​ပြောဆိုလာတဲ့ US ဟာ ဝေးလံပြီး US အကျိုးစီးပွားမယ်မယ်ရရ မရှိတဲ့ မြန်မာလိုနိုင်ငံငယ်​လေး​တွေကိစ္စကို ဦးစားမ​ပေးဘူးဆိုတာ ရှင်း​နေပါတယ်၊ တရုတ်ဘက်က​တော့ သူ့အတွက်စိတ်ချရ​အောင် ကျားကျားမီးယပ်ပဲလုပ်​နေမှာပါပဲ ၊ ဒီ​နေရာမှာ NUG အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ပြောတာ​လေး ကိုးကားလိုပါတယ်၊ သူ​ပြောတာက တရုတ်ကို ဆန့်ကျင်​နေမယ့်အစား သူ့ဘက်ကစိုးရိမ်မှုကိုလည်း လျော့ချ​ပေးဖို့လိုတယ်လို့ဆိုတာပါ၊ နိုင်ငံငယ်​တွေဟာ အင်အားကြီး​တွေနဲ့ တည့်အောင်​ပေါင်းဖို့လိုတယ်ဆိုတာက အခုလို အပြိုင်အဆိုင်များလှတဲ့ ကမ္ဘာကြီးမှာ ပိုပြီး လိုလာတာဖြစ်ပါတယ်၊ US ကို ​လော်ဘီလုပ်သလို အိမ်နီးချင်းဖြစ်​နေတဲ့ တရုတ်ကိုလည်း လော်ဘီလုပ်ဖို့လိုတာပါပဲ၊ မအလလို အချုပ်အခြာအာဏာပါ ဒလ​ဟော​လျောချ​ပေးတဲ့ မူမဲ့ ဆက်ဆံ​ရေးမျိုးမဟုတ်တဲ့ မူအ​ပေါ်က ဆက်ဆံ​ရေးမျိုးကို ယခင်နိုင်ငံခြား​ရေးဝန်ကြီးအဖြစ်ပါတာဝန်ယူခဲ့တဲ့ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆောင်ရွက်ပြခဲ့ဖူးတဲ့ မှတ်တမ်း​တွေရှိပါတယ်၊ တရုတ်နဲ့သာမက အခြားနိုင်ငံများနဲ့ ဆက်ဆံ​ရေးမှာပါ စံနမူနာထား​လေ့လာသင့်တဲ့ ဖြစ်စဥ်​တွေလို့ဆိုရမှာပါ၊ ယ​နေ့​တော်လှန်​ရေးအ​ခြေအ​နေက လွတ်လပ်​ရေးရပြီး​နောက်ပိုင်း ဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ အောင်မြင်မှုရရှိ​နေတာပါ၊ တပ်ဖွဲ့အားလုံးကလဲ အောင်ပွဲခံဖို့ အတက်ကြွဆုံး အသင့်အ​နေအထားမှာ​ရောက်ရှိ​နေတာပါ၊ ဒီအချိန်မျိုးမှာ အင်အားအကြီး​ရော အ​သေး​ရော အိမ်နီးချင်းများရဲ့ ဆန့်ကျင် နှောက်ယှက်မှု အနည်းဆုံးဖြစ်​အောင် ကြိုးစားကြရမှာ ဖြစ်​ကြောင်းပါ။ ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍162🥰10💯6🫡1
တော်လှန်ရေးဘယ်ထိရောက်ပြီလဲဆို ရန်ကုန်-မန္တလေးလမ်းဟောင်း ဖြူးမြို့နယ်ထိ ရောက်ပြီလို့ ဖြေရပါမယ်။

အောက်ပါပုံက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဖြူးမြို့နယ် လင်းယောခင်ကျေးရွာအနီး ဂိတ်ချထားသော အကြမ်းဖက်စစ်တပ်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဝင်ရောက်ရှင်းလင်းသည့် သတင်းဓါတ်ပုံ ဖြစ်ပါတယ်။

Photo credit goes to PVTV.

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
137👍42👏11🥰7🫡1
🥰28👍11🔥1💯1
PDF Insight
Photo
အချိန်ကိုက် အောင်ပွဲခံရမယ့် တော်လှန်ရေး
………………………..

မြန်မာ့နိုင်ငံရေးက ၂၀၂၅ အတွင်းမှာ ကြီးမားတဲ့အပြောင်းအလဲကြီးတခု ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီအပေါ်မှာ ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူအားလုံးလောက်က သဘောညီကြတာဖြစ်တယ်။ အပြောင်းအလဲဆိုရာမှာ တော်လှန်ရေးဘက်က အောင်မြင်သွားတဲ့အပြောင်းအလဲမျိုးကိုဆိုလိုတာပါ။ တပြိုင်နက်ထဲမှာပဲ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာချိန်ကစလို့ ကမ္ဘာ့အရေးကိစ္စတွေမှာလဲ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ဖို့ တာစူလာနေတာ တွေ့ရတာပါပဲ။ လက်ရှိ US အစိုးရဟာ အရင်းရှင်ကြီးများ ဘီလျံနာများရဲ့ အစိုးရပါ။ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာအမြင်အရပဲ ကမ္ဘာ့အရေးတွေအပေါ် အကဲဖြတ်ဆောင်ရွက်ကြမှာဖြစ်တယ်။ တဘက်မှာတော့ လက်ရှိ US ရဲ့ စီးပွားရေး၊ လုံခြုံရေးစတာတွေနဲ့ ကိုက်ညီဖို့ လုပ်ကြမှာပဲဖြစ်ပါတယ်။ အခြားတဘက်မှာတော့ အရှေ့ဖျားမှာတရုတ်နဲ့ ဥရောပမှာ ရုရှားတို့ရဲ့ ခြေလှမ်းတွေ ရှိနေပါတယ်။ ဒီအခြေနေတွေကြားမှာ မိမိနိုင်ငံနဲ့ မိမိတို့ရဲ့တော်လှန်ရေးကို ဘယ်လို အကျိုးရှိအောင် နေရာချထားမလဲဆိုတာက မိမိတို့ရဲ့ အရေးကြီးတာဝန်ပါပဲ။
တနေ့ကပဲ US သမ္မတရုံးခန်းမှာ ထရမ့် ၊ဂျေဒီဘန့်စ်တို့နဲ့ ဇာလင်းစကီးကြား အခြေအတင်ပြောကြတာ အငြင်းပွားကြတာတွေကိုကြည့်ရင် US ဘက်ကစစ်အမြန် အဆုံးသတ်ဖို့လိုလားနေကြောင်းထင်ရှားပါတယ်။ ဇာလင်းစကီးကလဲ သူ့နိုင်ငံအတွက်လုံခြုံရေး အာမခံချက်ရဖို့ လိုလားတာပါ။ အကြီးအကျယ်ပြောဆိုကြတာတွေရှိပေမယ့် အတွင်းသဘောက အများကြီးကွာနေတာမဟုတ်ပါဘူး။ နောက်တနေ့ လန်ဒန်ကိုရောက်တော့ ဥရောပခေါင်းဆောင်တွေက နွေးထွေးတဲ့ကြိုဆိုမှုနဲ့ အကူအညီပေးမှုတွေ ရှိခဲ့ပေမယ့် အင်္ဂလန်ဝန်ကြီးချုပ်က အမေရိကန်နောက်ခံပြုဖို့လိုအပ်ကြောင်း ရှင်းရှင်းပဲပြောတာပါ။ အဲတော့ မကြာခင်ကာလအတွင်း တဆင့်ချင်း စစ်ရပ်စဲရေးဘက်ကို ရောက်သွားနိုင်ပါတယ်။ ဒါဟာ ဘဲဥပုံရုံးခန်းထဲက စကားများခဲ့တာကြောင့် ယူကရိန်းအပေါ် စာနာကြရာက ဖြစ်လာတဲ့ ရလဒ်မဟုတ်ပါဘူး၊ အရှင်းဆုံးပြောရရင် စစ်ရပ်မှ US နဲ့ အနောက်အုပ်စုရဲ့ အရင်းအမြစ်တွေကို တရုတ်နဲ့ ရင်ဆိုင်ဖို့ အင်ဒိုပစိဖိတ်ဘက်ကို လှည့်နိုင်မှာမို့ပါ။ ရုရှားဟာ ကွန်မြူနစ်မဟုတ်ပါဘူး။ သူကို ကမ္ဘာ့အရေးမှာ ဖျက်မြင်းနေရာပဲထားတာပါ။ US အရင်းရှင်များရဲ့ အဓိကပြိုင်ဘက်က တရုတ်နိုင်ငံပါပဲ။

ဒါကြောင့် တဘက်မှာ စကစအစိုးရဟာ တရုတ်ရဲ့ပစားပေးမှုကိုခံလာရတာဖြစ်တယ်။ တဘက်မှာ တရုတ်အပေါ် တလျောက်လုံး အခုအခံရှိခဲ့တဲ့ မအလဟာ ရုရှားကို ဆရာတင်ဖို့ အာဏာသိမ်းပြီးကတည်းက အသဲအသန်ကြိုးစားခဲ့တာတွေ့ကြရမှာပါ။ ခုတော့ ဝရမ်းပြေး သားအဖ ရုရှားမှာတွေ့နေကြပါပြီ။ သူမသွားခင် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားကို လုပ်ပိုင်ခွင့်ပေးဖို့ နားလည်မှုစာချွန်လွှာ ထိုးပြီးခဲ့ပါပြီ။ ဘာမဆိုလုပ်ရဲတဲ့ မအလဟာ သူ့အာဏာတည်မြဲရေးအတွက် တရုတ်လုံခြုံရေးတပ်ဖွဲ့များတည်ရှိခွင့် ပေးခဲ့ပြီး ရုရှားကိုပါ မြန်မာ့ပင်လယ်ပြင်က အရေးပါတဲ့ ရေနက်ဆိပ်ကမ်းကို ထိုးအပ်ဖို့ လုပ်လာတာဖြစ်တယ်။ ရုရှားကလဲ ယူကရိန်းစစ်ပြီးတာနဲ့ အာရှမှာ အခြေချစရာ ဆိပ်ကမ်းတခုကို ဒူးမနာသား မအလဆီက ပေါ‌ချောင်ကောင်းရတော့မှာဖြစ်တယ်။ သူနဲ့ အရင်းအခြာမဟာမိတ်( မြောက်ကိုရီးယား ) က တရုတ်ရဲ့ အပေါ်မှာရှိနေပြီးဖြစ်ပါတယ်။

ဒီအခြေအနေမျိုးမှာ အချိန် ( timing) ကအရေးကြီးလာပါတယ်။ အာရှဒေသတွင်း အင်အားကြီးတွေရဲ့ ပြိုင်ဆိုင်မှု ရုပ်လုံးမပေါ်ခင်မှာ တော်လှန်ရေးအင်အားတွေအနေနဲ့ မအလကို အဆုံးအဖြတ်သဘောထိရောက်တဲ့ အောင်ပွဲတွေ ရထားဖို့လိုတာဖြစ်တယ်။ တဘက်မှာ US ရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ မြန်မာပါလာအောင် လော်ဘီ လုပ်ရမှာပါ။ နောက်တဘက်ကလည်း ဘယ်အင်အားကြီးကိုမှ နင်ဘဲငဆ ဆန့်ကျင်တာမျိုး လုပ်လို့မရပါဘူး။ တော်လှန်ရေးတရပ်ဟာ ဆန့်ကျင်သူနည်းလေ ကောင်းလေပါပဲ။ KIA ဗိုလ်ချုပ်တယောက်ပြောခဲ့သလို အချိန်က အဆုံး အဖြတ်ပေးသွားလိမ့်မယ်ဆိုတဲ့ စကားလိုပါပဲ။ နောက်တဆင့်တွန်းလိုက်ရင် အဖြေပေါ်တော့မယ့်အခြေအနေဖြစ်ပါတယ်။ တကယ်တော့ EAO များရော NUG လက်အောက် PDF တပ်များအားလုံး ဒီလိုအခွင့်အလမ်းနဲ့ အခြေအနေအတွက် အသင့်အနေအထားမှာရှိနေတာဖြစ်ပါတယ်။ အဲ့တော့ အချိန်မနှောင်းပဲ ဗိန်းဗောင်းတီးလို့ လူယုတ်မာ တိုင်းပြည်ရောင်းစားသူ မအလနဲ့ အပေါင်းအပါတသိုက်ကို နှင်ထုတ်ကြပါစို့လား။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍173🥰11👏104🥴3🤔2🔥1🖕1🫡1
🤮29👍3💩2
PDF Insight
Photo
ပူနဲ့ပုရဲ့ ဇာတ်လမ်း

သောမကြွက်မင်းကို ဖူးမြော်ပြီးပြန်ရောက်လာတဲ့ မအလကို စစ်တပ်အသိုင်းအဝိုင်းက ( ထုံးစံအတိုင်း အတင်းအကြပ် စီစဥ်မှုအရ ) သောင်းသောင်းဖြဖြကြိုဆိုကြတယ်။ ရုပ်သံနဲ့ သတင်းစာတွေမှာလည်း ဝေဝေဆာဆာဖော်ပြကြတယ်။ အတုတော့ အတုကြီးပါပဲ။ ဒါပေမယ့် စစ်တပ်ထိပ်သီးတွေအဖို့တော့ အစစ်ကြီးလို့ပဲ ဇွတ်ယူဆကြမှာပါပဲ။ ဘာကြောင့်ပါလဲ။ မအလအဖို့ အာဏာလုယူခဲ့ပြီးတဲ့နောက် ၄ နှစ်တာကာလအတွင်း ဒီလိုနိုင်ငံကြီးတခုက တရားဝင်ဖိတ်ကြားခံရတာ ပထမဆုံးအကြိမ်ဖြစ်လို့ပါပဲ။ သူ့အနေနဲ့ တညှိုးညှိုးတငယ်ငယ် ဒီလိုအခွင့်အလမ်းကိုစောင့်ခဲ့ရတာ ၄ နှစ်တောင်ရှိပြီမဟုတ်လား။ အဲတော့ ကြိုတဲ့သူတွေက လေယာဥ်ဘေးနားအထိ အိုးစည်ဗုံမောင်းတွေနဲ့ ဘယ်မှာမှမတွေ့ဖူးဘူး လေယာဥ်ပေါ်အထိတက်ပြီး အင်တာဗျူးလား ဗျူးရဲ့...အမျိုးစုံ အရူးအမူးကိုဖြစ်နေတာပါပဲ။ ဒါကိုကြည့်ရင် သူတို့ဟာ ဒီအခွင့်အလမ်းကို အသည်းအသန်မျှော်လင့်နေခဲ့ကြတာ အရမ်းသိသာနေပါတယ်။

ဒါပေမယ့် ဒီဝမ်းသာလုံးဆို့တာတွေက အလကားတော့မရပါဘူး။ ရုရှားကနေ ဘီလာရုစ်ကို ခရီးဆက်ရာမှာ အဲဒီကအာဏာရှင်သမ္မတ လူကာရှင်ကိုက နှစ်နိုင်ငံဆက်ဆံရေးတည်ထောင်တာ အချိန်တခုရှိခဲ့ပြီဖြစ်လို့ တဆင့်မြင့်တဲ့ဆက်ဆံရေးစတင်ဖို့ အချိန်ကျပြီလိုယူဆကြောင်း ပြောတယ်။ သဘောကတော့ နိုင်ငံတကာဆက်ဆံရေးမှာ အိယောင်ဝါးလုပ်လို့မရဘူး။ ရပ်ရင် သူတို့ဘက်ကအပြတ်ရပ်ရမယ်ဆိုတာကို သောမကြွက်မင်းရဲ့ကိုယ်စား အသိပေးတာပဲဖြစ်ပါတယ်။ ရုရှားအဖို့ အီရတ် ဆီးရီးယားရှိ အခြေခံစခန်းတွေ ဆုံးရှုံးခဲ့ရပြီးနောက် ဘုရားဗျာဒိတ်တော်ပိုက်ပြီးလာတဲ့ သကောင့်သားကို အပိုင်နင်းထားရတော့မယ်ဆိုတာ ချက်ဆိုနားခွက်ကမီးတောက်ပြီးသားဖြစ်ပြီပေါ့။

အဲ့တော့ အရေးကြီးကိစ္စတွေထဲမှာ နျူစက်ရုံကတော့ ဝေးပါသေးတယ်။ ဘာမှနားမလည်တဲ့ ရွာသားကို ဝမ်းသာနေအောင်မက်လုံးပေးတာဖြစ်နိုင်ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကတော့ အီတာလျံထိုင်းကုမ္ပဏီနဲ့ အဆင်ပြေသွားရင် ၆လ တနှစ်အတွင်း စတင်လာနိုင်တာဖြစ်တယ်။ တရုတ်ကြီးကတော့ ဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေ လုပ်လာကြမှာကို ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့်တရုတ်မကြိုက်လည်း ဘာအရေးလဲ၊ တွက်ရေးကတော့ အဲဒီအချိန်ဆို ရွေးကောက်ပွဲကပြီးသွားပြီ၊ သူလဲသမ္မတဖြစ်ပြီပေါ့။ ပြသနာကတော့ မဲဆန္ဒနယ် ၁၆၀ မှာကျင်းပမယ်လို့ဆိုထားရာက အခု ၁၁၀ပဲ ကျင်းပမယ်ဖြစ်လာခဲ့တော့ နောက်တနှစ်မှာ ဘယ်နှစ်နယ်များကျန်ပါအုံးမလဲဆိုတာပဲ။

နေပြည်တော်နဲ့ ရန်ကုန်တောင်ကျန်ပါအုံးမလား။ ရုရှားဘက်ကလဲ ဇွတ်ကြီးလာမြှောက်နေလို့သာ အလိုက်အထိုက်ပြန်ပြောလိုက်ရတာ သိပ်တော့စိတ်ပါလှပုံမရပါဘူး။ သူလည်း ကမ္ဘာ့မျက်စိကြီးနားကြီးထဲပါတာပဲ။ ရုရှားသံအမတ်ဆိုရင် ဗမာလိုမွှတ်နေအောင်တတ်တာ။ ဒီကအခြေအနေတွေ မသိပဲနေပါ့မလား။ ဘာမျှော်လင့်ချက်မှမရှိတဲ့နိုင်ငံမို့ သံရုံးတောင် လူနှစ်ယောက်တပိုင်းနဲ့ မွဲတေနေအောင် ပစ်ထားတာကြည့်ပေါ့။

အခြေအနေက ရခိုင်မှာပွဲပြီးလုနီးပါး၊ ကချင်ပြည်နယ်ဒုတိယမြို့တော်က ကျဖို့ လက်တလုံးအလို၊ မကွေး ပဲခူး ဧရာဝတီမှာ တိုက်ပွဲတွေညံလာတော့မယ်။ စစ်တောင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ ပဲခူးရိုးမအရှေ့ခြမ်းအနောက်ခြမ်း PDF အင်အား အပြည့်ရှိနေပြီ။ စစ်ကိုင်းကတော့ ပွဲကြီးတိုက်လို့ရတဲ့အခြေအနေဖြစ်နေပြီ။ နေရာအနှံ့ တပြိုင်နက်ပွဲကလိုက်ရင် ပူပူရော ပုပုရောရဲ့ အိပ်မက်တွေ လွင့်စင်ပျောက်ကွယ်သွားတော့မယ်မဟုတ်လား။ အဲဒီချိန် ပူပူနဲ့တွေ့လို့ကတော့ ဟဲ့သေနာပု နင့်ဘုရားဗျာဒိတ်တွေ ငါယုံနေတယ်များမှတ်လို့လား။ ငါ့အပူနဲ့ငါဖြစ်နေလို့ယောင်မှားပြီး ပြောလိုက်မိတာဟဲ့လို့ ကြိမ်းမှာသေချာပါတယ်။ ကိုပု လဲ ပိုပြီးပုသွားတော့မှာမို့ နောက်တခါစင်မြင့်မှာစကားပြောရင် အရင်က ထက်မြင့်တဲ့ခုံ ခုထားပေးစမ်းဟေ့လို့ ဇော်မဲလုံးကိုကြိမ်းတော့မယ်ထင်ပါရဲ့။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍14212😁6🥰3🫡2🤩1
👍259🔥1
PDF Insight
Photo
တော်လှန်ရေးရဲ့ တတိယအဆင့်

မြန်မာ့နွေဦးတော်လှန်ရေးဟာ စာတွေ့မဟုတ်သော လက်တွေ့ဘဝအတွေ့အကြုံများစွာနဲ့ ဖြတ်သန်းတည်ဆောက်လာခဲ့တာဖြစ်တယ်။ ကမ္ဘာ့အဆင့် ၃၈ လို့ဆိုတဲ့ စစ်တပ်ကို တူမီးနဲ့စပြီးတိုက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ သက်တမ်း ၄ နှစ်ရောက်လာချိန်မှာ အတော်ပြည့်ဝတဲ့ အတွေအကြုံတွေရရှိလာခဲ့ပါပြီ။ တပ်တည်ဆောက်ရေးကို စနစ်တကျတည်ဆောက်လာကြသလို တိုက်ပွဲအတွေ့အကြုံတွေကလဲ တဆင့်ချင်းမြင့်တက်လာတာဖြစ်တယ်။ နိုင်ငံတကာအတွေ့အကြုံတွေအရဆိုရင်တော့ ကျူးဘားတော်လှန်ရေးဟာ ၆ နှစ်ကြာတယ်။ တရုတ်တော်လှန်ရေးက ၂၅ နှစ်လောက်ကြာတယ်။ အခုတလောက အောင်ပွဲရသွားတဲ့ ဆီးရီးယားတော်လှန်ရေးက ၁၃ နှစ်ကြာခဲ့ပါတယ်။ မြန်မာပြည် တွင်းမှာဆိုရင်တော့ ၄၈ ခုနှစ်ကတည်းကစခဲ့တဲ့ လက်ဝဲတော်လှန်ရေးတွေရော၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစွာပါ ရှိခဲ့ကြတာဖြစ်တယ်။ နွေဦးမတိုင်ခင်ကာလတုန်းက တော်လှန်ရေးအဖွဲ့များအားလုံးနဲ့ စစ်တပ်ကြား တိုက်ပွဲများတိုက်လိုက် နားလိုက်၊ အောင်မြင်လိုက် ရှုံးလိုက်နဲ့ ပွဲပြတ်သွားနိုင်တဲ့အခြေအနေထိမရောက်ခဲ့ပါဘူး။ ၁၉၄၉ ခုနှစ်ကာလလောက်က မြို့ကြီးအချို့နဲ့ နယ်မြေအချို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့တဲ့ အတွေ့အကြုံတော့ရှိခဲ့ပါတယ်။ ဒါပေမယ့်အဲဒီအချိန်က တပ်တွေဟာ ဗကပ၊ ရဲဘော်ဖြူနဲ့ ကရင့်တော်လှန်ရေးတပ်တွေလောက်ပဲ ရှိခဲ့တာပါ။ သိမ်းပိုက်နိုင်ခဲ့တာက ရန်ကုန်နားက အင်းစိန် ခဝဲခြံလောက်အထိရောက်ပြီး အထက်အညာက မန္တလေး၊ မိထ္ထီလာ၊ မေမြို့နဲ့ အခြားမြို့ငယ်အချို့ပဲဖြစ်ပါတယ်။ ဒီသုံးဖွဲ့ကြားမှာလည်း တပ်ပေါင်းစုခိုင်ခိုင်မာမာ မတည်ထောင်နိုင်တဲ့အပြင် ရည်ရွယ်ချက် ဦးတည်ချက်တွေကလဲ မတူကြပါဘူး။ ဒါသာမက ရဲဘော်ဖြူနဲ့ ဗကပ ကြားတိုက်ပွဲတချို့တောင် ဖြစ်ခဲ့သေးတာပါ။ အဲဒီကာလဟာလဲ တနှစ်စွန်းစွန်းပဲကြာခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ နယ်မြေအားလုံးပြန် စွန့်လွှတ်ခဲ့ကြရတာဖြစ်တယ်။

ခုတော့ တူမီးနဲ့စခဲ့လို့ နိုင်ငံတကာစစ်ရေးအကဲခတ်များ အထင်သေးပြီး ဟာသဖြစ်ခဲ့တဲ့ တော်လှန်ရေးဟာ ၄နှစ်ဆိုတဲ့ တိုတောင်းလှတဲ့ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အခြေအနေရောက်လာပါပြီ။ တိုက်ပွဲတွေဟာ တိုင်းပြည်မြောက်ဖျားကနေတောင်ဖျားအထိ၊ နိုင်ငံရဲ့ အနောက်ကြော ချင်း ရခိုင်ပြည်နယ်တွေကနေ အရှေ့မြောက်ခြမ်း နဲ့အရှေ့တောင်ခြမ်း အထိ(တရုတ်နယ်စပ်နဲ့ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့နေရာများမှအပ) အနှံ့အပြားဖော်ဆောင်နေကြတာဖြစ်တယ်။ ရန်သူဟာ နိုင်ငံရဲ့နယ်မြေ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲ ချုပ်ကိုင်ထားနိုင်တော့တာပါ။ ဒီလိုအခြေအနေ ရောက်လာတဲ့ အဓိက အကြောင်းရင်းကတော့ တိုင်းပြည်ကို ဆယ်စုနှစ်များစွာ ကြီးစိုး ခွတုတ်လာတဲ့ ဖက်ဆစ်စစ်တပ်ကို အပြုတ်တိုက်မှ ရတော့မယ်ဆိုတဲ့ ပြည်သူတရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ သံန္နိဌာန်ကြောင့်ပါပဲ။ နောက်တချက်ကတော့ တိုင်းပြည်တွင်းမှာ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တော်လှန်နေခဲ့ကြတဲ့ မူလရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ လေ့ကျင်သင်ကြားပေးမှု၊ ပူးတွဲစစ်ဆင်ရေးလုပ်ခဲ့ရမှုနဲ့ စခန်းသိမ်းတိုက်ပွဲကြီးတွေ မှာပါဝင် အတွေ့အကြုံယူခွင့်ရရှိခဲ့တာတွေကြောင့် PDF တပ်ဖွဲ့များ ခုလို အလျင်အမြန် အတွေအကြုံကြွယ်ဝ ရင့်ကျက်လာတာပဲဖြစ်ပါတယ်။

မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်းအပတ်စဥ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ NUG ကာကွယ်ရေးဝန်ကြီးရဲ့ သဝဏ်လွှာမှာ တော်လှန်ရေးတပ်တွေ ဘယ်လို ဖြစ်ပေါ်တိုးတက်လာခဲ့သလဲဆိုတာဖော်ပြထားတာတွေ့ရတယ်၊ " တော်လှန်ရေးကာလအစောပိုင်းမှာ တဖက်ကတပ်တည်ဆောက်ရင်း တဘက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ရတယ်၊ ဒုတိယအဆင့်အနေနဲ့ ထုအင်အားစုစည်း မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံ ရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တယ်။ ဒါဆိုရင်တတိယအဆင့်က ဘာဖြစ်မလဲ၊ PDF ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေအားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ် ၊ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်တယ် "လို့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ အဆုံးတနေ့မှာ ဆိုးယုတ်မှုမှန်သမျှ ကျဆုံးပြီး ကောင်းမြတ်ခြင်းအမှန်တရားက အောင်ပွဲခဲရမှာဖြစ်ကြောင်း ၊ တော်လှန်ရေးမုချအောင်ရမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
👍72🥰176🫡4🔥1
PDF Insight
Photo
ကာကွယ်ရေးဝန်ကြီးရဲ့ဒီပြောကြားချက်ဟာ လက်ရှိ မြန်မာ့အခြေနေအရရော ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေအရပါ အချိန်ကိုက် လိုအပ်ချက်အရ ဖြစ်ပေါ်လာတာပဲဖြစ်တယ်။ လက်ရှိ ပြည်တွင်းမှာ အာဏာရူးဖို့သာသိပြီး အာဏာတည်မြဲရေးအတွက် ဘယ်သူ့ အဖေခေါ်ရခေါ်ရ၊ တိုင်းပြည်ရောင်းစားလဲဖြစ်တယ်ဆိုတဲ့သူတွေ ကြီး စိုးနေချိန်ဖြစ်တယ်။ ဒါကိုသိတဲ့ အင်အားကြီးတချို့ကလဲ အာဏာရူးများနဲ့ တရစပ်ထိတွေ့ ဆက်ဆံနေကြတာဖြစ်တယ်။ တဘက်မှာ ကြီးထွားလာတဲ့ပြည်တွင်းတိုက်ပွဲတွေကြောင့် တိုင်းပြည်နယ်မြေ အချုပ်အခြာတွေကိုပါ ပတ် ဝန်းကျင်က ထိပါးရယူလိုတာတွေလဲဖြစ် လာနေတာပါ။ အာဏာနဲ့မထိုက်တန်သူတွေလက်ထဲမှာ အာဏာရောက်ရှိနေတာကို အမြန်အဆုံးသတ်နိုင်မှ မြန်မာအတွက်သာမက ဒေသတွင်း ချိန်ခွင်လျာ ဟန်ချက်ညီမှုတွေကိုပါ အထောက်အကူဖြစ်စေမှာပါ။ ကာကွယ်ရေးဝန်ကြီးပြောတဲ့ တော်လှန်ရေးရဲ့ တတိယအဆင့်ဟာ အလျင်အမြန်ရောက်ရှိလာဖို့လိုအပ်နေပြီး တိုင်းပြည်ကို လူမျိုးစုံပူးပေါင်းတည်ထောင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တရပ် ထူထောင်နိုင်ခြင်းကသာ မိမိတနိုင်ငံထဲအတွက်သာမက ဒေသတွင်းတည်ငြိမ်ရေးအတွက်ပါ ကြီးစွာအထောက်အကူရစေတာဖြစ်ကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍121🥰197🫡5🔥2👏1
သူတို့ချီတက်လာကြပြီ။
157👍33🫡14🥰7👏4🙏1
👍459🥰3🫡3
PDF Insight
Photo
ပြည်မြို့ကို ဝန်းရံခြင်း
………………………….
ပြည်မြို့ကို ဝန်းရံတိုက်ခိုက်မိပါက စစ်အုပ်စုအတွက် အရေးကြီးနောက်တန်း ထောက်ပို့ဒေသတခု ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ပြည်မြို့နယ်ဘေးက ပန်းတောင်းမြို့နယ်ထဲကိုရောက်လာပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ပြည်မြို့နားကိုရောက် လာတော့မှာဖြစ်ပါတယ်။ ပြည်မြို့ ပတ်ချာလည်ဒေသတွေ ဖြစ်တဲ့ ပေါက်ခေါင်း၊ ပေါင်းတည်၊နတ်တလင်း၊ အုတ်ဖို၊ လက်ပံတန်း၊ သာယာဝတီ မြို့နယ်တွေမှာ မူလကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ပြောက်ကျားစစ်ဆင် တိုက်ခိုက်နေပြီးဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်က ဝင်ရောက်လာမယ် အေအေ ထိုးစစ် နဲ့ ပြည်မြို့ ပတ်ချာလည်ဒေသမှာရှိတဲ့ NUG တပ်ဖွဲ့တွေ ပူးပေါင်းသွားရင် ပြည်မြို့ဟာ ဝန်းရံ ပိတ်ဆို့ခံရတော့မှာ ဖြစ်ပါတယ်။ ပြည်မြို့ပတ်ချာလည်ဒေသတွေ စိုးမိုးဒေသအဖြစ် ပေါ်ထွက်လာပြီးရင် ပဲခူးတိုင်း အနောက်ခြမ်းမှာ ဖော်ဆောင်နေတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွေနဲ့ တဆက်စပ်တည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်သွားရင် ရန်ကုန်-ပြည် လမ်း၊ ရန်ကုန်-နေပြည်တော် လမ်းတွေကို တော်လှန်ရေး အင်အားစုတွေ ကန့်လန့်ဖြတ် စိုးမိုးပိတ်ဆို့ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ပြည်မြို့ မှာ ရန်သူ့ ဒကစ တခု အခြေစိုက်ထားပြီး အေအေ ထိုးစစ် ဝင်ရောက်လာမယ်ဆိုတာကို ကြိုတင် သိရှိထားပေမယ့်လည်း စခန်းတွေ၊ ခံစစ်လိုင်းတွေ ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမရှိပါဘူး။ ဒါဟာ အေအေ နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာပိုင်း၊ စစ်ဆင် တိုက်ခိုက်မှုပိုင်း အစွမ်းထက်တာကို ပြပါတယ်။ ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစခန်းကို စစ်အုပ်စုဘက်က အင်အားရာချီ ပို့ဆောင်ပြီး လေကြောင်း ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပေမယ့်လဲ အေအေ တပ်ဖွဲ့တွေက မတ်လ ဒုတိယပတ် အတွင်း သိမ်းယူနိုင်ခဲ့ပါတယ်။ ရန်သူ အနေနဲ့ အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်တဲ့ ပြည် ဒကစ ရှိပေမယ့်လဲ ရှေ့တန်းစခန်းတွေ မကျအောင် ခုခံနိုင်ခဲ့ခြင်းမရှိပါဘူး။

ပဲခူးတိုင်းအတွင်းမှာ ရန်သူ့ လက်နက်စက်ရုံတွေ ဖြစ်တဲ့ ကပစ စက်ရုံ (၇) ရုံထိရှိပါတယ်။ ဥသျှစ်ပင် မြို့ အနီးမှာ ကပစ (၅/၆/၇/၁၆) တို့ရှိပြီး ပြည်မြို့ နားမှာ ကပစ (၃/၇/၁၉) တို့ရှိပါတယ်။ ပြည် မြို့ကို သိမ်းပိုက်ခြင်း မရှိရင်တောင်ဘဲ အဆိုပါ နယ်မြေ အတွင်း စိုးမိုး နယ်မြေ ထူထောင်နိုင်မယ်ဆိုရင် ရန်သူ့ ကပစ စက်ရုံတွေ လုပ်ငန်းလည်ပတ်မှု နှောင့်နှေးသွားမှာဖြစ်ပြီး စစ်ဆင်တိုက်ခိုက်နိုင်မှု သိသိသာသာ လျော့ကျသွားမှာဖြစ်ပါတယ်။

ပြည် မြို့ ပတ်ချာလည်ဒေသဟာ မကြာခင် မှာ စိုးမိုးနယ်မြေအဖြစ် ပေါ်ထွက်လာတော့မှာ ဖြစ်သလို ဧရာဝတီတိုင်း ဒေသမှာလဲ ရိုးမဧရာစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည် ဖော်လျက်ရှိပါတယ်။ အဲဒီလို စစ်ဆင်ရေးတွေ တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီဖော်ဆောင်မှု အောက်မှာ စစ်အာဏာရှင်တွေ နဲ့ စစ်အုပ်စု ချေမှုန်းခံရမှာ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်စေဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍15941🥰8🫡3🤩2
👍35🔥32👏2
PDF Insight
Photo
ခြံစည်းရိုး ခတ်ခံရတဲ့နိုင်ငံ
………………………………
ဒီရက်ပိုင်းသတင်းတခုမှာ အိန္ဒိယဘက်က မြန်မာနဲ့နယ်စပ်တလျောက်လုံးကို လာမယ့်ဆယ်နှစ်အတွင်း ခြံစည်းရိုးခတ်ဖို့ လွှတ်တော်မှာ တင်သွင်းသွားတယ်လို့ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးခတ်ကြတယ်ဆိုတာ တဘက်နိုင်ငံရဲ့အခြေနေက မိမိနိုင်ငံလုံခြုံရေးကို ထိပါးလာနိုင်တဲ့အဆင့်ဖြစ်လာလို့ လုပ်ကြတာပါ။ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ၊ မူးယစ်ဆေးဝါးတွေ လူကုန်ကူးမှုတွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ စသဖြင့်အမှုပေါင်းစုံကို တဘက်နိုင်ငံက ထိမ်းချုပ်နိုင်တဲ့အခြေနေမရှိတော့လို့ ကိုယ့်နိုင်ငံကိုယ် လုံခြုံအောင် ငွေကုန်ကြေးကျခံပြီး လုပ်ကြရတာမျိုးပါပဲ။ အိန္ဒိယနယ်စပ်မှာ အရင်က ဆယ်ကီလိုမီတာအထိ လွတ်လပ်စွာဖြတ်သန်းဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါမှသာ နယ်စပ်တဘက်တချက်မှာနေကြတဲ့ မျိုးနွယ်တူလူမျိးတွေ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ကြမှာဖြစ်တယ်။ တရုတ်နယ်စပ်မှာ နှစ်ဖက်လုံးမှာ လူမျိုးတူတွေ နေထိုင်ကြပေမယ့် ဒီလိုအခွင့်အရေးပေးမထားပါဘူး။ ခုတော့ စကစလက်အောက်မြန်မာနိုင်ငံရဲ့ ကျဆင်းလာတဲ့ လုံခြုံရေး အုပ်ချုပ်ရေးအခြေနေတွေကြောင့် အိမ်နီးချင်းတွေက ဒီလမ်းကြောင်းတွေ ရွေးကြရတာပါပဲ။ တရုတ်နယ်စပ်မှာတော့ ခပ်စောစောကတည်းက ကိုးကန့်နားမှာ ခြံစည်းရိုးခတ်ထားတာပါ။ ကျန်တဲ့ ဝ မိုင်းလားစတာတွေမှာကတော့ သူ့ရဲ့ ငယ်နိုင်တွေ မင်းလုပ်နေကြတာမို့ ခြံမခတ်ပါဘူး။ buffer zone ထားနေတာပါ။ တကယ်တော့ ဒီလိုခြံစည်းရိုးအကာခံရတာရော ကြားခံနယ်ထားခံရတာပါ မိမိနိုင်ငံအတွက် အလွန်ရှက်စရာကောင်းတဲ့ကိစ္စပါ။ နယ်စပ်တွေမှာ ဒီလိုနယ်တွေရှိနေတာကလဲ တဘက်ကပြောရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တစိတ်တပိုင်း ဆုံးရှုံးနေတာပါပဲ။
ပြောမယ်ဆိုရင် ၁၉၇၀မတိုင်ခင်လောက်မှာ တရုတ်က ဗကပကို ထိုးသွင်းလိုက်ကတည်းက မြန်မာ့နယ်မြေတချို့အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဗကပ ပြိုပျက်သွားတော့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါ်လာပြီး တဗိုလ်တမင်းနေကြတော့ ဗဟိုအစိုးရ အာဏာမသက်ရောက်ခဲ့ပါဘူး။ တဘက်မှာသူတို့ဟာတရုတ်ကိုပဲ သစ္စာခံသလိုလဲဖြစ်နေသေးတာပါ။ အဲတော့ နွေဦးတော်လှန်ရေးဖြစ်လာမှ တိုင်းပြည် တစစီဖြစ်သွားမှာစိုးရိမ်တယ်ဆိုတဲ့စကားတွေက ရီစရာပဲဖြစ်ပါတယ်။ အမှန်ကတော့ အိမ်နီးချင်းတွေနဲ့ ထိစပ်ရာနယ်နမိတ်အားလုံးမှာ ဒီလိုနယ်မြေတွေရှိခဲ့တာပါပဲ။ အများစုကတော့ မိမိလူမျိုးအတွက် ထိုက်တန်တဲ့အခွင့်အရေးရဖို့ တော်လှန်ရေးဆင်နွှဲနေကြတာပါပဲ။ နဝတ လက်ထက်ကစလို့ BGF လိုအဖွဲ့တွေပေါ်လာတဲ့အခါမှာတော့ နှစ်ဖက် ပင်းစားကြရာကနေ ကျားဖျန့်လို တကမ္ဘာလုံးကို သက်ရောက်စေတဲ့ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေအထိ ဖြစ်လာတာ ပါပဲ။ ပြသနာဖြစ်လာမှ စစ်တပ်က သူနဲ့မပတ်သက်ပါဘူး။ သူ့အာဏာမသက်ရောက်ပါဘူးဆိုပြီး နိုင်ငံတကာအလယ် အရှက်မဲ့စွာပြောရတဲ့ဘဝရောက်တော့တာပါပဲ။ ဒို့တာဝန်အရေးသုံးပါးလို့ အော်တဲ့သူတွေက အဲဒီတာဝန်ကို မကျေပြွန်ဆုံးသူတွေပါပဲ။
တကယ်တော့ စစ်သားတွေဟာ တိုင်းရင်းသားအကြောင်း နယ်စပ်ဒေသတွေကို အရောက်အပေါက်အများဆုံးဖြစ်လို့ တိုင်းရင်းသားအကြောင်းအသိဆုံးသူတွေဖြစ်ရမှာပါ။ ဒါပေမယ့်သူတို့ဟာ လှည်းဆွဲတဲ့မြင်းလို တနေရာထဲမြင်ရအောင် မျက်လုံးအကာတပ်ခံထားရတဲ့သူတွေပါပဲ။ သူတို့ကို တကြောင်းဆွဲသိမြင်မှုပဲ ထည့်ပေးထားတာပါ။ ( ဒီအသုံးကို ဦးနေဝင်းလဲသုံးခဲ့ဖူးပါတယ်၊ နယ်ချဲ့သမားတွေက မြန်မာတွေ မြင်ကွင်းကျယ်မမြင်နိုင်အောင် မြင်းကိုမျက်လုံးအကာတပ်သလို လုပ်ခဲ့ကြတာလို့ပြောဖူးတယ်၊ နောက်တော့ သူကလည်း စစ်တပ်ကို တလက်ကိုင်ပဲဖြစ်အောင် မျက်လုံးအကာတပ်ပေးခဲ့တာပဲ ) အခုကြွက်မင်းကိုသွားပြီး ဖူးမျှော်ခဲ့တဲ့ ခုံခုကောင် ဖွတ်မင်းဟာလဲ မျက်လုံးအကာကြီးနဲ့ ကြီးပြင်းလာသူပါပဲ။ အဲဒါကြောင့် ၂၁ ရာစုပင်လုံလို အစည်းဝေးကြီးမှာ ERO တွေကို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းပါနဲ့လို့ ပြောထွက်ခဲ့တာပေါ့။ အဲလိုမျက်လုံးအကာတပ်ထားသူ ဦးဆောင်နေတဲ့ ဒီလူသိုက်ဟာ တိုင်းရင်းသားစုံနဲ့ မြေပြန့်နေ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို သေတဲ့အထိ နားလည်မယ့်သူတွေမဟုတ်ဖူးဆိုတာ အလွန်သေချာနေပါတယ်။

တဘက်မှာတော့ ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်မီက မြေပြန့်နေ နိုင်ငံရေးသမားတွေဟာ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသား ERO တွေနဲ့ အလှမ်းဝေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးက ဒီအခြေနေတွေကို ပြောင်းပြန်ဖြစ်သွားစေပါတယ်။ အထူးသဖြင့် လူငယ်တော်လှန်ရေးသမားတွေဆိုရင် ERO မဟာမိတ်များနဲ့ တသားထဲလောက် ဖြစ်လာကြတာပါ။ ဒီလိုပြောင်းလဲလာတဲ့အခြေအနေက တော်လှန်ရေးရဲ့ တတိယအဆင့်အောင်မြင်ဖို့ အခြေခံ အကြောင်းအချက်ပါပဲ။ တော်လှန်ရေးအောင်မြင်ခြင်းဟာ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးရဲ့ အရေးအကြီးဆုံးခြေလှမ်းပါ။ ဒီကမှတဆင့် အိမ်နီးချင်းတွေ ခြံစည်းရိုးအကာခံရတဲ့အဆင့်မရောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအဆင့်ကို တဆင့်ချင်းချီတက်ကြရမှာပဲဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်စေဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍131🥰9🤩1🫡1
🥰52👍176🫡6🤩1🤣1