PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
52🫡9👍7🥰2
PDF Insight
Photo
တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေတဲ့ PDF၊ ပကဖ
……………………………..
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပကဖ အဖွဲ့တွေဟာ တနိုင်ငံလုံးမှာ စစ်အာဏာရှင် အမြစ်ပျက်ချေမှုန်းရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။ မြေပြန့်ဒေသမှာရော၊ တောင်တန်း ဒေသမှာပါ စစ်အုပ်စုကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ နဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ မြောက်ပိုင်းက ကချင်တောင်တန်း ဒေသမှာ၊ အနောက်ပိုင်းက ချင်းတောင်တန်းမှာ၊ ပင်လယ်ကမ်းခြေနားက ရခိုင်ဒေသမှာ၊ ကရင် နယ်ခြားဒေသမှာ၊ တနင်္သာရီဒေသမှာ PDF နဲ့ ပကဖ တွေဟာ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ ပြည်နယ် (၇) ခု လုံးမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲ ရယူပြီးတဲ့ PDF တွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်။ PDF နဲ့ ပကဖ တွေ ဒေသတခု၊ နယ်မြေ တခု၊ တိုင်း တတိုင်း၊ ပြည်နယ် တပြည်နယ် လွတ်မြောက်ရေး တိုက်ပွဲဝင်နေတာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်ဖို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
104👍32🥰8🤩2🫡2
24👍4🥰4👏1
PDF Insight
Photo
လေ့ကျင့်သားပြည့်ဝတဲ့ PDF
…………………………………………
ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။ စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိပါတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ကမ္ဘာ့နိုင်ငံက စစ်တပ်တွေမှာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ၊ စစ်တက္ကသိုလ်တွေ စနစ်တကျ ထူထောင်ထားရှိသလို စစ်ရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့တပ်၊ စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်တာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးလို မြေပြန့်ဒေသ အတွင်းပိုင်းမြို့တွေကိုပါ သွားရောက်တိုက်ခိုက်နိုင်တာဟာ လေ့ကျင့်သား ပြည့်ဝလာမှုကြောင့်လည်း ဖြစ်ပါတယ်။ ဖရိုဖရဲ နဲ့ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်လိုက်နာမှုအားနည်း၊ စည်းကမ်း မပြည့်ဝတဲ့ တပ်ဆိုရင် အခုလို စစ်ရေးအောင်ပွဲတွေ ရရှိမှာ မဟုတ်ပါဘူး။ တခြားဥပမာကို မကြည့်ဘဲ စစ်အုပ်စုကိုပဲ ကြည့်ရင် အဓမ္မ လူသစ်စုဆောင်းထားတဲ့ လေ့ကျင့်သားမပြည့်ဝတဲ့ တပ်တွေနဲ့ စစ်တိုက်လို့မရဘူးဆိုတာ သိသာထင်ရှားပါတယ်။

အစ္စရေးစစ်တပ်ကို ၂၀၀၆ ခုနစ် ဒုတိယလက်ဘနွမ်စစ်ပွဲမှာ သရေကျအောင် တိုက်ခဲ့တဲ့ ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာ အဖွဲ့ဟာဆိုရင်လဲ လေ့ကျင့်သားပြည့်ဝတဲ့ စစ်သွေးကြွတပ်ဖွဲ့ဝင် ထောင်ဂဏန်းတချို့နဲ့ပဲ ကမ္ဘာ့နာမည်ကြီး အစ္စရေး စစ်တပ်ကို အောင်မြင်စွာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အချိန်ပြည့်တာဝန်ထမ်းဆောင်ပြီး တင့်ဖျက်လက်နက်၊ ဒုံးကျည် နဲ့ လက်နက်မျိုးစုံ အသုံးပြုနိုင်တဲ့ လေ့ကျင့်သားပြည့်ဝတဲ့ ဟစ်ဇဘိုလာတပ်ဖွဲ့ဝင်တွေကို ပြည့်သူ့စစ်ကဲ့သို့ ဖွဲ့စည်းထားတဲ့ ထောင်နဲ့ချီတဲ့ အချိန်ပိုင်း တပ်ဖွဲ့ဝင်တွေက အထောက်အကူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်တွင်း ဥပမာကိုကြည့်ရင်လည်း ရှမ်းမြောက်ဒေသ မြို့အားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့ တအာင်း TNLA တို့ဟာ တပ်မဟာ အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ် တည်ဆောက်ထားတာတွေ့နိုင်ပါတယ်။ ကိုးကန့် အဖွဲ့မှာ မူလက ၂၁၁၊ ၃၁၁၊ ၅၁၁ ဆိုပြီး တပ်မဟာ (၃) ခု သာရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလမှာ ၆၁၁ တပ်မဟာ ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ TNLA မှာလဲ တပ်မဟာ (၇) သာ မူလက ရှိခဲ့ပြီး မကြာသေးခင်ကမှ တပ်မဟာ (၉) ခု ထိ တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့သာ ထူထောင်နိုင်ရင် ရန်သူကို ကောင်းမွန်စွာ ထိုးနှက်နိုင်တယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ ဖြစ်ရပ်တွေက ညွှန်ပြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် တနိုင်ငံလုံးမှာ အရေးနိမ့်နေပြီး စိတ်ဓာတ်၊ စစ်စည်းကမ်း မရှိ၊ လူထု ထောက်ခံမှုလဲ မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုပ် စစ်တပ်ကို အနိုင်ယူဖို့ဆိုရင် လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ အင်အား ထောင်ဂဏန်းအကြီးပိုင်းရှိတဲ့ တပ်ဖွဲ့တဖွဲ့ကို အချိန်ပြည့် အမြဲတန်းတပ် အဖြစ် ထူထောင်နိုင်ရင်ကို လုံလောက်ပါတယ်။ ကျန်တပ်တွေကို အချိန်ပိုင်း ပြည်သူ့စစ်အသွင်တပ် အဖြစ် ဖွဲ့စည်းထားလို့ရပါတယ်။ အဲဒီ လိုတပ်တွေက သတင်းထောက်လှမ်းရေး၊ ပြောက်ကျားစစ်တိုက်ရေး၊ လမ်းကြောင်း လုံခြုံရေး၊ ထောက်ပို့၊ လူထု စည်းရုံးရေး နဲ့ လူထုကူညီရေးတာဝန်တွေကို သီးသီးသန့်သန့် ထမ်းဆောင်နိုင်ပါလိမ့်မယ်။

လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ PDF တွေဟာ ကျေးလက်ဒေသ၊ တောတွင်း၊ တောင်ပေါ်ဒေသမှာသာမကဘဲ မြို့ပြဒေသအတွက်လည်း လိုအပ်ပါတယ်။ ရန်သူစိုးမိုးမှုကြီးမားတဲ့ မြို့ပြဒေသတွေမှာ အထူးလေ့ကျင့်ထားတဲ့ မြို့ပြစစ်ဆင်ရေး ကျွမ်းကျင်တဲ့ PDF တပ်စိတ် တစိတ် ‌တွေ ဖြန့်ခွဲလှုပ်ရှားရင်ကို ရန်သူ အနေနဲ့ ကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တောတွင်းစစ်ဆင်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်လာတဲ့ တပ်ဖြစ်ပေမယ့်လဲ မြို့ပြ စစ်ဆင်ရေး နဲ့ အကျွမ်းတဝင်ရှိတဲ့ တပ်မဟုတ်ပါဘူး။ လေ့ကျင့်သားပြည့်ဝပြီး မြို့ပြ အတွက် အထူးလေ့ကျင့်သားတဲ့ PDF တွေဟာ စစ်အုပ်စုကို မြို့ပြဒေသတွေမှာ အကြီးအကျယ် ထိုးနှက်နိုင်မှာဖြစ်ပါတယ်။
👍6611🥰3🫡3
PDF Insight
Photo
ကျေးလက်ဒေသမှာလည်း လေ့ကျင့်သားပြည့်ဝတဲ့ PDF အင်အားတွေနဲ့ ရန်သူ မထင်မှတ်တဲ့ နေရာကို ခရီးရှည်ထိုးဖောက်ချီတက်ဝင်ရောက်ပြီး ရုတ်တရပ် တိုက်ခိုက်ပြီး အလျင်အမြန် ပြန်လည် ဆုတ်ခွာလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း ဒေသမှာရှိတဲ့ အထူးလေ့ကျင့်ထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ မကွေး အောက်ပိုင်း၊ ပဲခူးတိုင်းထဲကို ထိုးဖောက် တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ အထူးလှုပ်ရှားတပ်ရင်း (SR) တွေဟာ အဲဒီ စစ်ဆင်ရေးမျိုးကို ထမ်းဆောင်နိုင်မယ့် တပ်မျိုးဖြစ်ပါတယ်။ ခရိုင် တခုမှာ PDF အင်အား အလုံးအရင်း နဲ့ စုစည်းတိုက်ခိုက်ပြီး စစ်တပ်ကို အနိုင်ယူချေမှုန်း တိုက်ခိုက်ခြင်းမျိုးဖြစ်ပါတယ်။ အဲဒီလို တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ စစ်ရည်ဝနေသလို စစ်ရေးလေ့ကျင့်မှုကောင်းမွန်တဲ့၊ တပ်ဆင်ထောက်ပံ့မှု ကောင်းမွန်တဲ့ တပ်တွေ လိုအပ်ပါတယ်။

၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနစ်တွေမှာ ရှိထားတဲ့ ရင်းမြစ်၊ လက်နက်၊ အတွေ့အကြုံနဲ့ ရန်သူကို အကောင်းဆုံး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာအတွင်း လက်ရှိစစ်ရေးအောင်ပွဲတွေရအောင် စွမ်းဆောင်နိုင်တာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ်တွင်းမှာ အခုထက် ပိုမိုတဲ့ စစ်ရေးအောင်ပွဲတွေ၊ စစ်အာဏာရှင် စနစ်တခုလုံး အမြစ်လှန်ဖျက်ဆီးမယ့် အောင်ပွဲတွေ ရရှိဖို့အတွကဆိုရင် လေ့ကျင့်သားပြည့်ဝတဲ့၊ ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုနေပါသေးတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍10116🥰3🫡2
Highlight of the day : ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများအတွင်းတွင် တွေ့ရသော အာရက္ခစစ်သည်တော်များ

#PDFInsight
97👍32🥰7🫡5
PDF Insight
Video
လေ့ကျင့်သားပြည့်ဝလာတဲ့ PDF
…………………………………………

စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်တယ်ဆိုတဲ့အကြောင်းကို အသေးစိတ်ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုအပ်သလို လေ့ကျင့်သားပြည့်ဝပြီး စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍8536🫡8🥰3😁1🕊1
👍18🤮10🥰1👏1
PDF Insight
Photo
Army Run အရက်စက်ရုံကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်
…………………..
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ MEC ပိုင် Army Run အရက်စက်ရုံကို ရန်ကုန်တိုင်း ပကဖ အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူ့အာဏာကို အကြမ်းဖက် သိမ်းယူမှု (၄) နှစ်ပြည့် အကြွေးတောင်းယူမှု အနေနဲ့ အရက်စက်ရုံကို ဇန်နဝါရီလ (၃၁) ရက်နေ့ ည (၁၀) နာရီ ဝန်းကျင် အချိန်မှာ ရန်ကုန်တိုင်း ပကဖ အဖွဲ့ ဦးဆောင်မှု နဲ့ အနောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့က ၇၉ လောင်ချာ အသုံးပြု ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အာမီရမ်ဟာ အကြမ်းဖက် တပ်သားတွေ၊ အရာရှိတွေ သောက်သုံးလေ့ရှိတဲ့ အရက်ဖြစ်ပြီး ရန်သူ့ရိက္ခာ ထုတ်လုပ်ရေး နေရာတွေကိုပါ ပကဖ အဖွဲ့တွေ တိုက်ခိုက်နိုင်လာတာ ပြသပါတယ်။ စစ်တပ်အနေနဲ့ လေတပ်စခန်း၊ တိုင်းစစ်ဌာနချုပ်၊ လက်နက်စက်ရုံတွေသာမက အရက်စက်ရုံကိုပါ လုံခြုံအောင် ကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာ လက်ရှိတိုက်ခိုက်မှုက ညွှန်ပြလျက်ရှိပါတယ်။

ပကဖ အဖွဲ့တွေ အနေနဲ့ ပြည်သူကြားမှာနေထိုင်ပြီး သတင်းထောက်လှမ်းကာ ရန်သူ့ စစ်ရေး ပစ်မှတ်တွေကို မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်လာတယ်ဆိုတာ အာမီရမ် စက်ရုံ တိုက်ခိုက်မှုက ပြသပါတယ်။
ရန်ကုန်တိုင်း ပကဖ အဖွဲ့က ရန်ကုန်ဆိပ်ကမ်း နားမှာ ရပ်ထားတဲ့ လေယာဉ်ဆီတင်သင်္ဘော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့ကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်တဲ့ ပကဖအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
87👍40🥰7👏5🫡3🤣1
👍389🫡4
PDF Insight
Photo
တွေဝေယိမ်းယိုင်စရာမရှိတဲ့ တော်လှန်ရေးလမ်းကြောင်း

ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာဆိုတဲ့ VOA အစီအစဥ်မှာ တရုတ်နှင့်မြန်မာပြည်ကစစ်ပွဲများ ဆိုတဲ့ ဘာတေးလ်လစ်တနာရဲ့ ဆောင်းပါးကို ကောက်နှုတ်ဖော်ပြသွားတာတွေ့ရတယ်။ ဒီဆောင်းပါးကို အခြေခံပြီး ပြောစရာတချို့ရှိလာပါတယ်။ အဲဒါကတော့ သူ့အမြင်နဲ့ကောက်ချက်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကအမြင်ကနေ တိုးတက်လာတာမတွေ့ရဘူး ဆိုတာပါပဲ။ စစ်အုပ်စုက လက်နက်ကိုင်တွေကို အပြတ်မရှင်းနိုင်သလို လက်နက်ကိုင်တွေ အောင်ပွဲခံဖို့က မရေရာဘူး။ တိုင်းရင်းသားက သူတို့နယ်မြေ သူတို့ရရေး ဦးစားပေးလုပ်နေပြီး တပြည်လုံးကိစ္စ စိတ်ဝင်စားပုံမရဘူး။ အဲဒါကြောင့် မြန်မာ့နွေဦးရဲ့နောက်တဆင့် ဘယ်လိုဖြစ်မယ်ဆိုတာက တရုတ်က ဘယ်လိုဆုံးဖြတ်လုပ်ကိုင်လာမလဲ ဆိုတဲ့အပေါ်မူ တည်နေတယ် လို့ရေးထားတာပါ။ သူကိုးကားတာက ကိုးကန့်နဲ့စကစကြား အပစ်ရပ် သဘောတူညီမှုရသွားတာ၊ TNLA ဘက်မှာ စစ်ရှိန်ကျလာတာ၊ ရခိုင်က ဆွေးနွေးဖို့ အသင့်ရှိကြောင်း ကြေညာလာတာ အစရှိတဲ့ အရာတွေပါပဲ။ သူကထည့်မပြောပေမယ့် အဲဒီကနေဆက်ပြီးစဥ်းစားမယ်ဆိုရင်တော့ မူမပါတဲ့ ငြိမ်းချမ်းရေးတို့ အပစ်ရပ်ရေးတို့ အားလုံးပါတဲ့ဆွေးနွေးပွဲတို့ ဆိုတာတွေဘက်ရောက်သွားမှာဖြစ်တယ်။ နောက်ဆုံးအဲဒါတွေအတည်ဖြစ်ဖို့ အားလုံးပါတဲ့ ရွေးကောက်ပွဲဆိုတာအထိ ရောက်သွားလိမ့်မယ်။ ဒါကအင်အားကြီးနိုင်ငံတွေက ဂါဇာအရေး ၊ယူကရိန်းအရေး၊ တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်ပထမနဲ့ တရုတ်ပြန်လည်နိုးထရေးဆိုတဲ့ တရုတ်ရဲ့ ၂၀၄၉ အထိရေးဆွဲထားတဲ့ မဟာဗျူဟာကြားအားပြိုင်မှု စတဲ့ ကိစ္စကြီးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အရေးမပါတဲ့ နိုင်ငံလေးတခုက ပြည်တွင်းရေးပြသနာတွေအပေါ်ထားတဲ့အမြင်တွေကနေ ဆင်းသက်လာတာပါပဲ။ တိုက်ကြီးတာကြီးတွေကြား ရန်စောင်နေကြချိန်မှာ ကြားက တဲစုတ်က လူတွေက ထပြီးရန်ဖြစ်ကြတော့ ရဝတခေါ်ပြီး အမြန်ဖြေရှင်းလိုက်စမ်းကွာ ဆိုတဲ့သဘောပါပဲ။ ပထမကုလသမဂ္ဂကဝင်ပြော နောက်တော့ အာဆီယံကိုတာဝန်ပေး။ အဲတော့ ဘယ်သူမှားတာမှန်တာ၊ ဘယ်သူသာတာနာတာ အရေးမကြီး မြန်မြန်ပြေငြိမ်းသွားရေးကသာ အရေးကြီးတယ်ဆိုတဲ့ သဘောထားတွေက ဆင်းသက်လာတာပါ။

ပြောမယ်ဆိုရင်တော့ ဘာတေးလ်လစ်တနာကို မြန်မာပြည်အရေး အတော်သိတယ်လို့သတ်မှတ်ကြတာပါ။ သူဟာ အိန္ဒိယနယ်စပ်ကစလို့ ကေအိုင်အေ၊ ဗကပ စတဲ့ နယ်စပ် တနံတလျား စောစွာကတည်းက ရောက်ဖူးခဲ့သူပါ။ ဒါပေမယ့်သူသိသွားတဲ့အရာတွေက မြင်းစီးပြီးပန်းခင်း ကြည့်သွားသလိုပဲဖြစ်ကာ နက်ရှိုင်းတဲ့ ဆင်ခြင်နိုင်တဲ့ အသိမျိုးရသွားပုံမရပါဘူး။ မြန်မာပြည်လက်နက်ကိုင်တော်လှန်ရေးအဆင့်ဆင့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အတွင်းသဘော အမြင်တွေအထိ သိရှိမသွားခဲ့ပါဘူး။ သူဟာ ဂျာနယ်လစ်တယောက်သာဖြစ်လို့ ဒီလိုအမြင်မရှိတာကလဲ အံ့သြစရာတော့ မဟုတ်ပါဘူး။ တဘက်ကပြောရင် လွတ်လပ်ရေးကြိုးပမ်းမှုကာလလောက်ကတည်းကစလို့ စစ်တပ်ခေါင်းဆောင်ဖြစ်လာမယ့်သူတွေရဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ၊ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်ဖို့ အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးယူခဲ့ကြသလဲဆိုတာတွေအပေါ် လေးနက်ပုံမရပါဘူး။ မြန်မာဟာ Demography အရ တိုင်းရင်းသားလူမျိုးများစွာရဲ့ နိုင်ငံရေးနိုးကြားမှု တပြေးညီ မဖြစ်ခဲ့ကြတာကိုလဲ ထည့်တွက်ပုံမရပါဘူး။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အခုအချိန်ကတော့ ဗမာလူမျိုးကြီးအပါ ကျန်တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးနိုးကြားမှုဟာ တပြေးညီဖြစ်ပြီး အထက်သန်ဆုံးဆိုတဲ့ ကာလကို ရောက်နေတာ နားလည်ဖို့လိုပါတယ်။ အဲဒါကတော့ မြန်မာတနိုင်ငံလုံး ခေတ်နောက်ကျရုံမက ခေတ်နောက်ပြန်ဆွဲတဲ့အထိရောက်နေတာ၊စကစရဲ့အနေအထားက အာဏာသာ တည်မြဲမယ်ဆိုရင် တွေ့သမျှလူ အဖေခေါ်မယ့်အဆင့်ရောက်နေတာ၊ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာ လက်တွေ့မှာ တစစဆုံးရှုံးလာနေတာ စတာတွေကိုထည့်တွက်ဖို့လိုတာပါ။ တဘက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့နယ်မြေအများစုကို ထိမ်းချုပ်လာနိုင်တာ ၊ စကစဟာ တိုင်းပြည်ရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကိုပဲထိမ်းချုပ်နိုင်တော့တာနဲ့ နွေဦးစကတည်းက အဓိကကျတဲ့ တိုင်းရင်းသားများနဲ့ NUGကြား သဘောတူညီချက်တွေ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ ရှိထားတာ၊ NUGလက်အောက်က PDF တွေရဲ့ တိုက်စွမ်းရည်က သိသိသာသာမြင့်တက်လာတာ တွေထည့်တွက်ရမှာပါ။ အရေးကြီးဆုံး အချက်က ခုခံစစ်ဟာ တပြည်လုံးအနှံ့မှာရှိနေတဲ့အတွက် စကစဟာ အရင်က တိုင်းရင်းသားတွေနဲ့ ဖြစ်ခဲ့ကြတုန်းကလို တပ်တွေဆွဲထုတ်ပြီး တကွက်ချင်းရှင်းတဲ့ ဗျူဟာ ကျင့်သုံးလို့မရတော့တာပါ။ ဒါသာမက သူကိုယ်တိုင် တကွက်ခြင်း အရှင်းခံလာနေတာ အထင်အရှား ဖြစ်လာနေတာပါ။
60👍19💯12🫡4
PDF Insight
Photo
စကစဟာ ၈လေးလုံး တန်ပြန်မဟာဗျူဟာအရ စစ်တပ်တွေကို မြို့တိုင်းလောက်မှာ လိုတာထက်ပိုပြီး ချထားခဲ့တာပါ။ အဲဒါကြောင့်တနိုင်ငံလုံး စစ်စခန်း ၅၀၀၀ ကျော်ရှိတယ်လို့ဆိုကြတာပါ။ ဒါကြောင့်ပဲ သူဟာ အာဆတ်လို အလျင်အမြန် ပြုတ်ကျ သွားဖို့မဖြစ်နိုင်ပဲ တပ်စခန်းအတော်များများကို လိုက်ရှင်းမှ ရမှာပါ။ မအလဟာ အာဆတ်လို မိသားစုအာဏာရှင်မဟုတ်ပါဘူး။ အုပ်စုလိုက် သူ့နောက်မှာ တန်းစီနေသူတွေကို ရာထူးအာဏာ ငမ်းဖမ်းနေအောင် လုပ်ထားတဲ့ စနစ်ဖြစ်တယ်။ နောက်တခုက သူတို့ရဲ့စနစ်က စစ်ပဒေသရာဇ်ပုံစံဖြစ်တော့ ထိပ်ဆုံးလူမဆင်းမချင်း အပြောင်းအလဲမဖြစ်နိုင်သလို ဆင်းသွားလို့နောက်လူတက်ရင်လဲ ဒီအတိုင်းပဲဆက်သွားရမယ့် စနစ်မျိုးဖြစ်တယ်။ ဒါကို သူတို့နဲ့ နှစ်၇၀လောက် စစ်တိုက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ ကောင်းစွာသိထားကြပြီးသားပါ။ ဒါကြောင့်မို့ ပန်းတိုင်ရောက်ခါနီးတက်မထောင်ဖို့၊ သံပူတုန်း နာနာထုဖို့ဆိုတာတွေက သင်ပေးစရာမလိုတဲ့ကိစ္စတွေပါ။ ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်။ တရုတ်သိတာကလည်း သူ့အကျိုးစီးပွားအခြေခံပေါ်က သိတာပါ။ မြန်မာပြည်သူတွေ အကျိုးစီးပွားနဲ့ လိုလားချက်တွေအပေါ် အခြေခံပြီး စဥ်းစားထားတာ မဟုတ်ပါဘူး။ တရုတ်အမြင်နဲ့ ဆုံးဖြတ်ချက်တွေက မြန်မာ့အရေးအဆုံးအဖြတ်အဆင့်ဖြစ်မယ်ဆိုတာက လက်တွေ့မကျတဲ့အမြင်ပါ။ အပြင်က လူတွေရဲ့ အပေါ်ယံသိတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မည်သို့ဆိုစေ မြန်မာ့အရေးစိတ်ဝင်စားတာတော့ကောင်းပါရဲ့။ ဒါပေမယ့် မပြီးခင် ကမ္ဘာမမြင်စေနဲ့ဆိုတဲ့ စကားကိုပဲ သတိရမိစရာ ဖြစ်လာနေပါတယ်။ လမ်းကြောင်းတွေက ရှင်းနေပြီးသားပါ။ ဒီလမ်းကြောင်းအတိုင်းဆက်လျောက်ဖို့ သံဓိဌာန်ကလဲ ခိုင်မာကြပြီးသားပါ။ ဒါကြောင့် တွေဝေစရာမရှိ ယိမ်းယိုင်စရာမရှိ ချမှတ်ထာပြီးသားလမ်းကြောင်းတွေအတိုင်း ဆက်လျောက်ကြရမှာ ဖြစ်ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
98👍48💯14🫡6🥰2🔥1
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားအားလုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။

CB၊ CRPH၊ NLD၊ NUCC၊ NUG
၂၀၂၅၊ ဖေဖော်ဝါရီ (၃) ရက် ပူးတွဲထုတ်ပြန်ချက်
89👍41👏4🫡1
30👍8🥰2🫡2
PDF Insight
Photo
မြို့ပြဒေသကို ထိုးဖောက်လာတဲ့ PDF
…………………………
ကျေးလက်အခြေခံ မြို့ဝိုင်းမဟာဗျူဟာ ချမှတ်ထားတဲ့အတိုင်း ကျေးလက်ဒေသ နယ်မြေအများစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖတွေ စိုးမိုးထားနိုင်ပြီးတဲ့နောက်မှာ မြို့ပြ ဒေသကို ထိုးဖောက်တိုက်ခိုက်မှုတွေ ပိုမိုပေါ်ထွက်လာပါတယ်။

၂၀၂၅ ခုနစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တောင်သာမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ နေရာထက်မနည်းမှာ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တောင်သာမြို့ထဲက အမှတ် (၁) အထက်တန်း‌ကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူတွေ ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ အဆိုပါ မြင်းခြံတပ်ရင်းက ပြောပါတယ်။

၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အတွင်းမှာလည်း အုတ်တွင်းမြို့ပေါ်က စစ်ကောင်စီတပ် တပ်စွဲထားတဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့‌တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

မကွေးတိုင်း၊ စလင်းမြို့အနီးကို တော်လှန်ရေး အင်အားစုတွေ ရောက်ရှိလာပြီးတဲ့နောက်မှာလည်း စလင်းမြို့ပေါ်က စစ်ကောင်စီ ရုံးအားလုံးကို ပိတ်သိမ်းလိုက်ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် တွင်းမှာလဲ မြို့သိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့ သာယာဝတီခရိုင် PDF က အသိပေးပြောကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မြို့ကြီးဖြစ်ပြီး ရန်သူ့လုံခြုံရေး တင်းကြပ်ထားတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် Apollo Hotel မင်္ဂလာပွဲ တက်လာတဲ့ စရဖ ဗိုလ်မှူး တဦးကို ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဖြစ်တဲ့ Yangon Phoenix နဲ့ Together Urban Force တို့က ပစ်ခတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း မြို့တော်ထားဝယ်မှာလည်း စစ်တပ် ကင်းအဖွဲ့ကို ၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့က အိမ်ရှေ့ပြင်ရပ်ကွက် နဲ့ ဆင်ဆိပ်ရပ်ကွက်ကြားမှာ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က တိုက်ခိုက်ရာ စစ်သား (၅) ဦး သေဆုံးပြီး လက်နက် (၅) လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

၂၀၂၄ ခုနစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ (၅) လ တာ အတွင်း မြို့ပြ ဒေသမှာရှိတဲ့ ရန်သူ့ တပ်ဖွဲ့ဝင်တွေကို PDF၊ ပကဖ နဲ့ တော်လှန်ရေး အဖွဲ့အသီးသီးက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် (၇၁) ခု ထက် မနည်း ရှိခဲ့ပါတယ်။ အထက်ပါ ဖြစ်စဉ်တွေကိုကြည့်ရင် မြို့တွင်းတိုက်ခိုက်မှုတွေဟာ စစ်ကိုင်းအထက်ပိုင်း မြို့တွေသာမက မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္ဿာရီတိုင်း၊ ရန်ကုန်တိုင်း မြို့ပြ ဒေသတွေထိပါ ပျံ့နှံ့ရောက်ရှိနေပြီဆိုသာ သိနိုင်ပါတယ်။ မြို့ပြဒေသတွေမှာပါ စစ်ရေးအရ အထိနာလာတာနဲ့အတူ စစ်တပ်အုပ်ချုပ်ရေး ယန္တရားတွေဟာ ယိုင်နဲ့ ပျက်စီးလာနေတာတွေကို တွေ့ရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍132👏8🫡83🥰3😁2👌2🤩1