PDF Insight
Photo
ခြုံလိုက်ရင်တော့ ကံကောင်းခြင်းလက်ဆောင်က ကိုယ့်ဘက်မှာရှိနေပါပြီ။ လက်ငင်းအခြေအနေမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ တဖွဲ့ထဲဖြစ်ကြောင်း နိုင်ငံကို အတူတကွ တည်ဆောက်မှာဖြစ်ကြောင်း သက်သေပြဖို့လိုနေတာပါ။ အဲဒါကတော့ ယာယီသမ္မတ တင်ပြခဲ့တဲ့ ကြားဖြတ်အစိုးရတခုမှာ အရေးကြီးအင်အားတွေစုစည်းပါဝင်လာကြဖို့ပါပဲ။ နောက်ဆုံး ပြည်ထောင်စုအစိုးရ မတိုင်မီ အစိုးရပုံစံတွေ ထပ်ပြီး ပြောင်းနိုင်ပါသေးတယ်။ နောက်ဆုံးမှာတော့ တောင်ပေါ်မြေပြန့်ဒေသအားလုံး တကယ်တော်လှန်ရေးလက်တွေ့ထဲမှာ ပါခဲ့သူတွေ၊ တကယ်လူထုထဲမှာဆင်းပြီးလူထုက အသိအမှတ်ပြုသူတွေ၊ ကိုယ်ကျိုးစွန့် စွမ်းဆောင်သူတွေ ခေါင်းဆောင်ပါဝင်တဲ့ အစိုးရတရပ်ကသာ ဒီနိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူက တကယ်တမ်းကြိုဆိုမှာကလည်း ဒီလိုအစိုးရမျိုးပဲဖြစ်ပါတယ် ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight

👍114❤14💯9😁3🥰2🤩1🫡1
PDF Insight
Photo
၂၀၂၄ နဲ့ PDF စစ်ရေးစွမ်းရည်
……………………………………………..
၂၀၂၄ ခုနစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေရဲ့ စစ်ရေး စွမ်းရည် ဘယ်လောက်ထိ တိုးတက်လာသလဲ။ တော်လှန်ရေးအလားအလာက ဘယ်လိုရှိလဲ။ စစ်အာဏာရှင်စနစ် ဘယ်လို ပြိုလဲသွားမလဲ။ ဒါတွေကို နှစ်ကုန်သုံးသပ်ချက်အနေနဲ့ တွက်ဆကြည့်ဖို့လိုပါတယ်။
သေချာတာကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ ရဲ့ စစ်ရေး စွမ်းရည်ကို လေ့လာအကဲခတ်သူ အတော်များများက တော်လှန်ရေးအစ ၂၀၂၁၊ ၂၀၂၂ လို သုံးသပ်တော့မှာ မဟုတ်ပါဘူး။ တဘက်မှာလဲ ပြည်သူတွေက စစ်အုပ်စု ပြုတ်ကျရေးကို အလျင်အမြန်လိုချင်နေတဲ့အတွက် လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာမျိုးတွေရှိနေနိုင်ပါတယ်။
၂၀၂၄ ခုနစ်မှာ အကြီးမားဆုံး စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို ပြောပါဆိုရင် မြေပြန့်အတွင်းပိုင်းဒေသတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ထိုးစစ်ဆင်လာနိုင်မှုဖြစ်ပါတယ်။ မြေပြန့်ထိုးစစ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး နဲ့ MoD က ပြောနေတာဟာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ ဖြစ်ရပ် ဆိုတာကို ၂၀၂၄ ခုနစ်တွင်းမှာ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ မင်းဘူး၊ နတ်မောက်၊ ပဲခူးရိုးမဒေသက စစ်ရေးလှုပ်ရှားမှုတွေက ညွှန်ပြနေပါတယ်။ နောက်ထပ် အရေးကြီး စစ်ရေးဖြစ်ပေါ်တိုးတက်မှုက ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန်စစ်ဆင်ရေး၊ အညာအောင်မြေ စစ်ဆင်ရေးကဲ့သို့သော တပ်အင်အား ထောင်ချီ ပါဝင်ပြီး စတုရန်းမိုင် ရာပေါင်းများစွာကျယ်ဝန်းတဲ့ နယ်မြေတွေမှာပါ စစ်ရေးလှုပ်ရှားမှု၊ တပ်ရွှေ့ပြောင်းမှု၊ ချေမှုန်းရေး စစ်တိုက်နိုင်မှုတွေကို လုပ်ဆောင်လာနိုင်မှုဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ချိတ်ဆက်ညှိနှိုင်း၊ ကွပ်ကဲမှုကောင်းမွန်လာတာ၊ ထောက်ပို့စနစ်ကို စနစ်တကျ ထူထောင်နိုင်လာတာ၊ လက်နက်တပ်ဆင်မှု ကောင်းမွန်လာတာကို အဲဒီ စစ်ဆင်ရေးကြီးတွေက ပြသလျက်ရှိပါတယ်။ ထူးခြား စစ်ရေးလှုပ်ရှားမှုတွေကတော့ နေပြည်တော်စစ်ရုံး နဲ့ စစ်ရေးပစ်မှတ်တွေကို ပုံမှန်တိုက်ခိုက်နိုင်မှု၊ မိတ္ထီလာ တပ်နယ်ထဲက စစ်ရေးပစ်မှတ်တွေကို ထိုးဖောက်တိုက်ခိုက်နိုင်မှု၊ လေတပ် နဲ့ ကပစ လက်နက်စက်ရုံတွေကို ပုံမှန်တိုက်ခိုက်နိုင်မှုတွေ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်း နယ်မြေမှာ ရပ်နားထားတဲ့ လေယာဉ်ဆီတင်သင်္ဘော နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကိုလည်း ရန်ကုန်တိုင်း ပကဖ က ဗုံးခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကျေးလက်အခြေခံ မြို့ဝိုင်း မဟာဗျူဟာ ချမှတ်ထားတဲ့ အတိုင်း ကျေးလက်ဒေသ အများစုကို စိုးမိုးလာနိုင်ပြီး မြို့ငယ်လေးတွေ၊ မြို့အလတ်တွေကိုသာမက ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်လို မြို့ကြီးတွေနားမှာပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက တဖြည်းဖြည်း နေရာယူတပ်စွဲလာနိုင်ပြီး မြို့ပြဒေသကို ထိုးဖောက် တိုက်ခိုက်လာပါတယ်။ မြို့ပြဒေသ တိုက်ခိုက်မှုတွေ၊ မြို့ပြဒေသမှာရှိတဲ့ စစ်ရေးပစ်မှတ် ချေမှုန်းမှုတွေကို ကြည့်ရင် ကျေးလက်နယ်မြေကို စိုးမိုးပြီး မြို့ပြဒေသကို ထိုးဖောက်လာနိုင်တာ ပြပါတယ်။ ဒီလားရာဟာ ဆက်သွားနေမယ့် ပုံရှိပြီး မြို့တွေကို မသိမ်းထားရင်တောင်မှ မြို့ကို စီမံအုပ်ချုပ်မှု၊ ထိန်းချုပ်မှုဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။
ထူးခြားစစ်ရေးနယ်မြေတွေအနေနဲ့ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး ရိုးမ အရှေ့ နဲ့ အနောက်ခြမ်း၊ တနင်္သာရီတိုင်းတို့မှာ ၂၀၂၄ ခုနစ် အတွင်း တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာမှုကို ညွှန်ပြပါတယ်။ ခုခံစစ်အစ ကာလတွေမှာ စစ်ကိုင်း အထက်၊ ချင်း၊ ရှမ်းမြောက် နဲ့ ရခိုင် ဒေသတွေမှာသာ တိုက်ခိုက်မှုတွေ စုပြုံနေတာထက် လက်ရှိကာလမှာ တိုက်ခိုက်မှုနယ်မြေတွေ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ ရန်သူ့ဘက်က ကြည့်ရင် စစ်မျက်နှာ ပိုကျယ်လာတာ ဖြစ်ပြီး ခုခံကာကွယ်ရမယ့် နယ်မြေ ပိုများလာတာပါ။ တော်လှန်ရေးဘက်က ကြည့်ရင် လှုပ်ရှားသွားလာလို့ရတဲ့ စစ်နယ် ကျယ်ဝန်းလာပြီး ရန်သူကို နေရာပေါင်းစုံမှာ ထိုးနှက် တိုက်ခိုက်နိုင်လာတာပါ။ နောက်တန်း တပ်မ၊ တပ်ရင်းဌာနချုပ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်-ပြည် ကားလမ်း ဒေသ၊ နေပြည်တော် ဒေသ၊ မကွေးတိုင်း အနောက်ခြမ်း နယ်မြေတွေဟာ ၂၀၂၄ ခုနစ်မှာ ရှေ့တန်းနယ်မြေအဖြစ် ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ နယ်မြေ ကျယ်ပြန့်လာမှုကို ပြသတဲ့ နောက်ထပ်လက္ခဏာတခုက ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် အရေးကြီး လမ်းပိုင်း အသီးသီးပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးမှု ကြီးမားလာခြင်းဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်သူဟာ နောက်တန်း နေရာတွေ၊ ထောက်ပို့ဌာန တွေကနေ ရှေ့တန်း နယ်မြေတွေကို တပ် နဲ့ စစ်ကူ ထင်သလို ပို့လို့မရတော့ပါဘူး။ လမ်းမတွေမှာ ရန်သူ့ ထောက်ပို့ယာဉ်တန်းတွေကို ပုံမှန် ဖြတ်တောက် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။

👍59❤8🥰4👏2
PDF Insight
Photo
၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသကို ထိုးဖောက် တိုက်ခိုက်ရေး အခြေခံကောင်းတွေ၊ ရန်သူ့စိုးမိုးနယ်မြေကို စိမ့်ဝင် တည်ဆောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်သူ့ စစ်ဌာနချုပ်တွေ၊ အရေးကြီး စစ်နယ်မြေတွေ အားလုံး အနီးမှာ ကိုယ့်တပ်တွေကို တပ်ဖြန့် နိုင်လိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ် မှာ အဲဒီလို တပ်ဖြန့်ထားမှုတွေကနေ ရန်သူ့ နောက်ဆုံးလက်ကျန် နယ်မြေတွေ၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ တပ်တည်ဆောက်မှုနဲ့ ပတ်သတ်ရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို လေ့ကျင့်သားပြည့်ဝပြီး လက်နက်တပ်ဆင်မှုကောင်းမွန်တဲ့ ကျစ်လစ်တဲ့ တပ်တခု အဖြစ် ပြောင်းလဲ ထူထောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်အစ ကာလမှာ ရန်သူကို ပြောက်ကျားစစ် နဲ့ အနိုင်ယူခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိကာလမှာ ခံစစ်နေရာတွေမှာ အထိုင်ချပြီး ခုခံနေမယ့် ရန်သူကို တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ကျစ်လစ်တဲ့ တပ်တွေ လိုလာပြီ ဖြစ်ပါတယ်။ အဲဒီတပ်တွေဟာ ထု အင်အားလည်း ရှိရမှာဖြစ်သလို ဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေ နဲ့ အညီ လိုက်လျောညီထွေ စစ်ကစားနိုင်ရေး သက်ဆိုင်ရာ စစ်တိုင်းကွပ်ကဲရေး၊ စစ်ဒေသကွပ်ကဲရေး၊ စစ်ရုံးချုပ် ကွပ်ကဲရေးတွေ အချိန်နဲ့ တပြေးညီ ဆက်သွယ်ရေးစနစ်တွေ ထူထောင်ထားရှိရမှာ ဖြစ်ပါတယ်။ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်ပေးကွပ်ကဲမှု မကောင်းမွန်၊ လက်နက် တပ်ဆင်မှု မကောင်းတဲ့တပ်တွေနဲ့ ဒီလို တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တချို့နဲ့ လက်တွဲတိုက်ခိုက်ပြီး တချို့သော PDF တပ်ရင်း၊ စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ အဖြစ် စတင် အသွင်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ အဲဒီလို ကျစ်လစ်တဲ့ တပ်တွေဟာ PDF တပ်မတော်တခုလုံး နဲ့ ပကဖ တဖွဲ့လုံးမှာ ဖြစ်ပေါ်လာစေရေး ဆက်လက် လုံးပန်း ရအုံးမှာ ဖြစ်ပါတယ်။ ကျစ်လစ်တဲ့တပ်တွေဟာ စစ်အုပ်စု ရဲ့ နောက်ဆုံး လက်ကျန် နောက်တန်းစခန်းတွေ၊ ခံစစ်နယ်မြေတွေကို အပြီးသတ် သိမ်းပိုက် အနိုင်ယူရေး အတွက် လိုအပ်ပါတယ်။ ၂၀၂၄ ခုနစ်မှာတင်ကို တချို့ PDF တပ်ရင်း စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ၊ လက်နက်တပ်ဆင်မှုကောင်းတဲ့ တပ်၊ Chain of Command ကောင်းတဲ့တွေ ဖြစ်လာတဲ့အတွက် စစ်ကြောင်းချေမှုန်းရေး၊ အတွင်းပိုင်း နယ်မြေ မြို့တိုက်ခိုက်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ပဲခူးရိုးမလို ရန်သူ ပတ်ခြာလည် ဝိုင်းနေတဲ့ စစ်နယ်မြေ၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက နယ်မြေတွေမှာပါ ရန်သူ့စစ်ကြောင်းလုံး ပြုတ်အောင် ချေမှုန်းနိုင်ခဲ့ပါတယ်။ မြင်းခြံခရိုင်လို နိုင်ငံ အတွင်းပိုင်း နယ်မြေတွေမှာပါ မြို့သိမ်း တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။ စိုးမိုးနယ်မြေ ကျယ်ပြန့်လာပြီး ကျစ်လစ်တဲ့ တပ်တွေ အင်ပြည့်အားပြည့်နဲ့ ပေါ်ထွက်လာရင် ရန်သူကို နေရာပေါင်းစုံကနေ လက်ဦးမှု ရှိရှိနဲ့ ချေမှုန်းရေး ပိုမို လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသမှာ စုဖွဲ့ထားတဲ့ အင်အားထောင်ချီ ပါဝင်တဲ့ တပ် တတပ်ဟာ ရက်ပိုင်း အတွင်း မကွေးတိုင်း အောက်ပိုင်းမှာ သွားရောက်စစ်ဆင်တာမျိုး၊ တောင်တန်း ဒေသမှာစုဖွဲ့ထားတဲ့ PDF တပ်တွေ အတွင်းပိုင်းဒေသ ကို ရုတ်တရက် ဝင်ရောက်ပြီး ရန်သူ့စစ်ကြောင်းချေမှုန်းရေး လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ရန်သူဟာ အင်အားကို နည်းပါးစွာ ဖြန့်ခွဲထားရတဲ့အတွက် နယ်မြေတခုမှာ PDF အင်အား ထောင်ချီ ရုတ်တရက် စုစည်းပြီး တိုက်ခိုက်နိုင်ရင် ရန်သူ့ အနေနဲ့ အထိနာချေမှုန်းခံရမှာဖြစ်ပါတယ်။ ဒီလိုလားရာတွေကို ၂၀၂၅ ခုနစ်တွင်း ပိုမို မြင်တွေ့လာရဖို့များပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ်ဟာ မြေပြန့်ဒေသတိုင်းတွေ အားလုံးပြည့်မှာ ပေါ်ထွက်လာပြီး မြို့ပြဒေသ အများစု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ဝိုင်းရံ တိုက်ခိုက်လာနိုင်မယ်ဆိုရင် စစ်အာဏာရှင်တွေ ချေမှုန်းခံရမယ့်ရက် မဝေးတော့ပါဘူး။ လက်ရှိမှာကို ဧရာဝတီတိုင်းမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြီ ဖြစ်သလို မကွေးအောက်ပိုင်း နဲ့ ပဲခူး တိုင်းတွင်းမှာလဲ ခုခံမှုတွေ အားကောင်းလာပြီ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်း မဟာဗျူဟာအရ တနိုင်ငံလုံး အတိုင်းအတာ နဲ့ စစ်ရေးလှုပ်ရှားမှုကို နေရာစုံ ဖော်ဆောင်နိုင်လာတာ ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့အခါမှာ လူထု နဲ့ အရပ်သားတွေ ဘေးအန္တရာယ် ကင်းရှင်းရေးကို အကောင်းဆုံး ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

👍47❤7🥰5👏2
PDF Insight
Photo
စစ်အင်အား မလုံမလောက် ဖြစ်နေတဲ့ စစ်အုပ်စုဟာ မြေပြန့်ဒေသတိုင်းအားလုံးမှာ ခုခံမှု အရှိန်ပိုမြင့်လာရင် ကောင်းမွန်စွာ ခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီကနေ စစ်အုပ်စု တခုလုံး ပြိုလဲမှု ဖြစ်လာတော့မှာပါ။ လက်ရှိမှာကို လမ်းပိုင်းတွေ နဲ့ မြို့ပြ တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ စိုးမိုးထားတဲ့အတွက် အရပ်ဝတ်နဲ့ သွားလာတဲ့ စစ်တပ်အရာရှိတွေ၊ စစ်အုပ်စုက အရပ်ဘက် အရာရှိကြီးတွေပါ ဖမ်းဆီးခံနေရပြီဖြစ်ပါတယ်။ စစ်အုပ်စုဘက်မှာ အနာဂတ် မရှိတော့ဘူးဆိုတာ သေချာသွားတဲ့ တနေ့မှာ စစ်တပ်အရာရှိကြီးတွေ နဲ့ အရပ်ဘက် အရာရှိတွေပါ အလုံးအရင်းလိုက် လက်နက်ချ အလင်းဝင်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ရေးဖိအား နဲ့ နိုင်ငံရေး ဖိအား (၂) မျိုးပေါင်းပြီး စစ်အာဏာရှင် နောက်ဆုံးနေ့ရက်တွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသ ထိုးဖောက်ရေးကို သိသိသာသာ စတင်လုပ်ဆောင်လာနိုင်ပြီး လာတော့မယ် စစ်ရေးလှုပ်ရှားမှုတွေ အတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို မြေပြန့်ဒေသမှာပါ တည်ထောင်လိုက်နိုင်တာကို တွေ့ရပါတယ်။ လာမယ့်နှစ်ဟာ အောင်ပွဲဆီကို ဆက်လက်ချီတက်မယ့်နှစ်ပဲ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသ ထိုးဖောက်ရေးကို သိသိသာသာ စတင်လုပ်ဆောင်လာနိုင်ပြီး လာတော့မယ် စစ်ရေးလှုပ်ရှားမှုတွေ အတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို မြေပြန့်ဒေသမှာပါ တည်ထောင်လိုက်နိုင်တာကို တွေ့ရပါတယ်။ လာမယ့်နှစ်ဟာ အောင်ပွဲဆီကို ဆက်လက်ချီတက်မယ့်နှစ်ပဲ ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
👍108❤13🥰5🔥2🫡2
PDF Insight
Photo
တနိုင်ငံလုံးမှာ တိုက်ပွဲဝင်နေတဲ့ PDF၊ ပကဖ
……………………………..
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပကဖ အဖွဲ့တွေဟာ တနိုင်ငံလုံးမှာ စစ်အာဏာရှင် အမြစ်ပျက်ချေမှုန်းရေး တိုက်ပွဲဝင်လျက်ရှိပါတယ်။ မြေပြန့်ဒေသမှာရော၊ တောင်တန်း ဒေသမှာပါ စစ်အုပ်စုကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ နဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ မြောက်ပိုင်းက ကချင်တောင်တန်း ဒေသမှာ၊ အနောက်ပိုင်းက ချင်းတောင်တန်းမှာ၊ ပင်လယ်ကမ်းခြေနားက ရခိုင်ဒေသမှာ၊ ကရင် နယ်ခြားဒေသမှာ၊ တနင်္သာရီဒေသမှာ PDF နဲ့ ပကဖ တွေဟာ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း တိုက်ခိုက်လျက်ရှိပါတယ်။ ပြည်နယ် (၇) ခု လုံးမှာ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်တန်းဒေသတွေမှာ စစ်ရေးအတွေ့အကြုံ နဲ့ အောင်ပွဲ ရယူပြီးတဲ့ PDF တွေဟာ မြေပြန့်ဒေသမှာ စစ်အုပ်စုကို ချေမှုန်းဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်။ PDF နဲ့ ပကဖ တွေ ဒေသတခု၊ နယ်မြေ တခု၊ တိုင်း တတိုင်း၊ ပြည်နယ် တပြည်နယ် လွတ်မြောက်ရေး တိုက်ပွဲဝင်နေတာ မဟုတ်ဘဲ တနိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ထူထောင်ဖို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်ပါတယ်။

❤104👍32🥰8🤩2🫡2
PDF Insight
Photo
လေ့ကျင့်သားပြည့်ဝတဲ့ PDF
…………………………………………
ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။ စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိပါတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ကမ္ဘာ့နိုင်ငံက စစ်တပ်တွေမှာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ၊ စစ်တက္ကသိုလ်တွေ စနစ်တကျ ထူထောင်ထားရှိသလို စစ်ရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့တပ်၊ စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်တာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးလို မြေပြန့်ဒေသ အတွင်းပိုင်းမြို့တွေကိုပါ သွားရောက်တိုက်ခိုက်နိုင်တာဟာ လေ့ကျင့်သား ပြည့်ဝလာမှုကြောင့်လည်း ဖြစ်ပါတယ်။ ဖရိုဖရဲ နဲ့ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်လိုက်နာမှုအားနည်း၊ စည်းကမ်း မပြည့်ဝတဲ့ တပ်ဆိုရင် အခုလို စစ်ရေးအောင်ပွဲတွေ ရရှိမှာ မဟုတ်ပါဘူး။ တခြားဥပမာကို မကြည့်ဘဲ စစ်အုပ်စုကိုပဲ ကြည့်ရင် အဓမ္မ လူသစ်စုဆောင်းထားတဲ့ လေ့ကျင့်သားမပြည့်ဝတဲ့ တပ်တွေနဲ့ စစ်တိုက်လို့မရဘူးဆိုတာ သိသာထင်ရှားပါတယ်။
အစ္စရေးစစ်တပ်ကို ၂၀၀၆ ခုနစ် ဒုတိယလက်ဘနွမ်စစ်ပွဲမှာ သရေကျအောင် တိုက်ခဲ့တဲ့ ရှီးယား စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာ အဖွဲ့ဟာဆိုရင်လဲ လေ့ကျင့်သားပြည့်ဝတဲ့ စစ်သွေးကြွတပ်ဖွဲ့ဝင် ထောင်ဂဏန်းတချို့နဲ့ပဲ ကမ္ဘာ့နာမည်ကြီး အစ္စရေး စစ်တပ်ကို အောင်မြင်စွာ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အချိန်ပြည့်တာဝန်ထမ်းဆောင်ပြီး တင့်ဖျက်လက်နက်၊ ဒုံးကျည် နဲ့ လက်နက်မျိုးစုံ အသုံးပြုနိုင်တဲ့ လေ့ကျင့်သားပြည့်ဝတဲ့ ဟစ်ဇဘိုလာတပ်ဖွဲ့ဝင်တွေကို ပြည့်သူ့စစ်ကဲ့သို့ ဖွဲ့စည်းထားတဲ့ ထောင်နဲ့ချီတဲ့ အချိန်ပိုင်း တပ်ဖွဲ့ဝင်တွေက အထောက်အကူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်တွင်း ဥပမာကိုကြည့်ရင်လည်း ရှမ်းမြောက်ဒေသ မြို့အားလုံးနီးပါးကို သိမ်းယူနိုင်ခဲ့တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ နဲ့ တအာင်း TNLA တို့ဟာ တပ်မဟာ အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ် တည်ဆောက်ထားတာတွေ့နိုင်ပါတယ်။ ကိုးကန့် အဖွဲ့မှာ မူလက ၂၁၁၊ ၃၁၁၊ ၅၁၁ ဆိုပြီး တပ်မဟာ (၃) ခု သာရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလမှာ ၆၁၁ တပ်မဟာ ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။ TNLA မှာလဲ တပ်မဟာ (၇) သာ မူလက ရှိခဲ့ပြီး မကြာသေးခင်ကမှ တပ်မဟာ (၉) ခု ထိ တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့သာ ထူထောင်နိုင်ရင် ရန်သူကို ကောင်းမွန်စွာ ထိုးနှက်နိုင်တယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ ဖြစ်ရပ်တွေက ညွှန်ပြပြီး ဖြစ်ပါတယ်။ အထူးသဖြင့် တနိုင်ငံလုံးမှာ အရေးနိမ့်နေပြီး စိတ်ဓာတ်၊ စစ်စည်းကမ်း မရှိ၊ လူထု ထောက်ခံမှုလဲ မရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုပ် စစ်တပ်ကို အနိုင်ယူဖို့ဆိုရင် လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ အင်အား ထောင်ဂဏန်းအကြီးပိုင်းရှိတဲ့ တပ်ဖွဲ့တဖွဲ့ကို အချိန်ပြည့် အမြဲတန်းတပ် အဖြစ် ထူထောင်နိုင်ရင်ကို လုံလောက်ပါတယ်။ ကျန်တပ်တွေကို အချိန်ပိုင်း ပြည်သူ့စစ်အသွင်တပ် အဖြစ် ဖွဲ့စည်းထားလို့ရပါတယ်။ အဲဒီ လိုတပ်တွေက သတင်းထောက်လှမ်းရေး၊ ပြောက်ကျားစစ်တိုက်ရေး၊ လမ်းကြောင်း လုံခြုံရေး၊ ထောက်ပို့၊ လူထု စည်းရုံးရေး နဲ့ လူထုကူညီရေးတာဝန်တွေကို သီးသီးသန့်သန့် ထမ်းဆောင်နိုင်ပါလိမ့်မယ်။
လေ့ကျင့်သားပြည့်ဝပြီး ကျစ်လစ်တဲ့ PDF တွေဟာ ကျေးလက်ဒေသ၊ တောတွင်း၊ တောင်ပေါ်ဒေသမှာသာမကဘဲ မြို့ပြဒေသအတွက်လည်း လိုအပ်ပါတယ်။ ရန်သူစိုးမိုးမှုကြီးမားတဲ့ မြို့ပြဒေသတွေမှာ အထူးလေ့ကျင့်ထားတဲ့ မြို့ပြစစ်ဆင်ရေး ကျွမ်းကျင်တဲ့ PDF တပ်စိတ် တစိတ် တွေ ဖြန့်ခွဲလှုပ်ရှားရင်ကို ရန်သူ အနေနဲ့ ကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တောတွင်းစစ်ဆင်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်လာတဲ့ တပ်ဖြစ်ပေမယ့်လဲ မြို့ပြ စစ်ဆင်ရေး နဲ့ အကျွမ်းတဝင်ရှိတဲ့ တပ်မဟုတ်ပါဘူး။ လေ့ကျင့်သားပြည့်ဝပြီး မြို့ပြ အတွက် အထူးလေ့ကျင့်သားတဲ့ PDF တွေဟာ စစ်အုပ်စုကို မြို့ပြဒေသတွေမှာ အကြီးအကျယ် ထိုးနှက်နိုင်မှာဖြစ်ပါတယ်။

👍66❤11🥰3🫡3
PDF Insight
Photo
ကျေးလက်ဒေသမှာလည်း လေ့ကျင့်သားပြည့်ဝတဲ့ PDF အင်အားတွေနဲ့ ရန်သူ မထင်မှတ်တဲ့ နေရာကို ခရီးရှည်ထိုးဖောက်ချီတက်ဝင်ရောက်ပြီး ရုတ်တရပ် တိုက်ခိုက်ပြီး အလျင်အမြန် ပြန်လည် ဆုတ်ခွာလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း ဒေသမှာရှိတဲ့ အထူးလေ့ကျင့်ထားတဲ့ PDF တပ်ဖွဲ့တွေနဲ့ မကွေး အောက်ပိုင်း၊ ပဲခူးတိုင်းထဲကို ထိုးဖောက် တိုက်ခိုက်မှုမျိုး ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ အထူးလှုပ်ရှားတပ်ရင်း (SR) တွေဟာ အဲဒီ စစ်ဆင်ရေးမျိုးကို ထမ်းဆောင်နိုင်မယ့် တပ်မျိုးဖြစ်ပါတယ်။ ခရိုင် တခုမှာ PDF အင်အား အလုံးအရင်း နဲ့ စုစည်းတိုက်ခိုက်ပြီး စစ်တပ်ကို အနိုင်ယူချေမှုန်း တိုက်ခိုက်ခြင်းမျိုးဖြစ်ပါတယ်။ အဲဒီလို တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ စစ်ရည်ဝနေသလို စစ်ရေးလေ့ကျင့်မှုကောင်းမွန်တဲ့၊ တပ်ဆင်ထောက်ပံ့မှု ကောင်းမွန်တဲ့ တပ်တွေ လိုအပ်ပါတယ်။
၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနစ်တွေမှာ ရှိထားတဲ့ ရင်းမြစ်၊ လက်နက်၊ အတွေ့အကြုံနဲ့ ရန်သူကို အကောင်းဆုံး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာအတွင်း လက်ရှိစစ်ရေးအောင်ပွဲတွေရအောင် စွမ်းဆောင်နိုင်တာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ်တွင်းမှာ အခုထက် ပိုမိုတဲ့ စစ်ရေးအောင်ပွဲတွေ၊ စစ်အာဏာရှင် စနစ်တခုလုံး အမြစ်လှန်ဖျက်ဆီးမယ့် အောင်ပွဲတွေ ရရှိဖို့အတွကဆိုရင် လေ့ကျင့်သားပြည့်ဝတဲ့၊ ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုနေပါသေးတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနစ်တွေမှာ ရှိထားတဲ့ ရင်းမြစ်၊ လက်နက်၊ အတွေ့အကြုံနဲ့ ရန်သူကို အကောင်းဆုံး ထိုးနှက် တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၃ နှစ်တာအတွင်း လက်ရှိစစ်ရေးအောင်ပွဲတွေရအောင် စွမ်းဆောင်နိုင်တာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ်တွင်းမှာ အခုထက် ပိုမိုတဲ့ စစ်ရေးအောင်ပွဲတွေ၊ စစ်အာဏာရှင် စနစ်တခုလုံး အမြစ်လှန်ဖျက်ဆီးမယ့် အောင်ပွဲတွေ ရရှိဖို့အတွကဆိုရင် လေ့ကျင့်သားပြည့်ဝတဲ့၊ ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုနေပါသေးတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
👍101❤16🥰3🫡2
Highlight of the day : ရက္ခိုင်-ဧရာဝတီ အစပ် တိုက်ပွဲများအတွင်းတွင် တွေ့ရသော အာရက္ခစစ်သည်တော်များ
#PDFInsight
#PDFInsight
❤97👍32🥰7🫡5
PDF Insight
Video
လေ့ကျင့်သားပြည့်ဝလာတဲ့ PDF
…………………………………………
စစ်ရေးအောင်ပွဲတွေ နဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ တထပ်တည်းကျလျက်ရှိတယ်။ လေ့ကျင့်ရေးကောင်းမွန်လေ၊ ထိခိုက်ဆုံးရှုံးရမှု နည်းလေဖြစ်ကာ အောင်ပွဲရရှိမှု သေချာလေဖြစ်တယ်ဆိုတဲ့အကြောင်းကို အသေးစိတ်ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုဆို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖတွေ ဖွဲ့စည်းထူထောင်တာ ၃ နှစ်ကြာလာပြီးတဲ့နောက်မှာ လေ့ကျင့်သား ပြည့်ဝပြီး စစ်ပုံကျတဲ့ တပ်တွေ အဖြစ် ပုံပေါ်လာပြီဖြစ်ပါတယ်။
ဆက်လက်ပြီးလည်း ကျစ်လစ်ပြီး တပ်ဆင်ထောက်ပံ့မှုကောင်းမွန်တဲ့ PDF တွေကို အလုံးအရင်းနဲ့ မွေးထုတ်ပေးဖို့လိုအပ်သလို လေ့ကျင့်သားပြည့်ဝပြီး စစ်စည်းကမ်းကောင်း မွန်တဲ့တပ် ကသာ လူထုအတွက် အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။

👍85❤36🫡8🥰3😁1🕊1