PDF Insight
8.16K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
🔥17👍14💩2🖕1
PDF Insight
Photo
နိုင်ငံကို အုပ်ချုပ်ရန် မစွမ်းဆောင်နိုင်တော့တဲ့ စစ်တပ် သို့မဟုတ် တပ်မတော် အမည်မခံထိုက်သူများ
…………………………………………………….
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ ကိုယ့်ကိုယ်ကိုယ် တပ်မတော်တို့ အမည်ခံနေသေးပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ အလုံးအရင်း လိုက် လက်နက်ချမှု၊ စစ်တိုင်းဌာနချုပ် နဲ့ တပ်ရင်း တပ်ဌာနချုပ် အမြောက်အများရှုံးဆုံးမှု၊ မြို့ နဲ့ နယ်မြေ အများအပြား ဆုံးရှုံးမှု တွေကို ကြည့်ရင် စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်ဟာ နိုင်ငံကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်ခြင်းမရှိ၊ စစ်တပ်ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဦးတည်ချက်ကို ထမ်းဆောင်နိုင်ခြင်းမရှိ၊ ဂုဏ်သိက္ခာလည်း မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။

နယ်မြေအနေနဲ့ကြည့်မယ်ဆိုရင် စစ်အုပ်ချုပ် ထိန်းချုပ်နိုင်တဲ့ မြို့နယ် (၁၀၇) ခု သာ ရှိတော့ပြီး တော်လှန်ရေး အင်အားစု အသီးသီးက စိုးမိုးအုပ်ချုပ်လျက်ရှိတဲ့ မြို့နယ် (၁၄၄) မြို့နယ်ထိ ရှိလာပါတယ်။ မြို့နယ်ပေါင်း (၇၉) မြို့နယ်မှာတော့ တော်လှန်စစ်ဖြစ်ပွားလျက်ရှိပြီး စစ်အုပ်စုရဲ့ စိုးမိုးမှု နဲ့ အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့ ပျက်စီးနေပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့အနေနဲ့ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့တို့ ရှိနေပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုး နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လောက်ကိုင် အပြင် စကစဌာနချုပ် (၅) ခု၊ အခြေစိုက်စစ်ဗျူဟာ (၆) ခု အပါအဝင် စုစုပေါင်း ဌာနချုပ်စခန်းပေါင်း (၁၇၃) ခု ကိုလဲ စစ်တပ်က လက်လွတ်ဆုံးရှံးရပြီး ဖြစ်ပါတယ်။ စစ်တိုင်းဌာနချုပ်တွေ နဲ့ အဓိက တိုက်ခိုက်ရေးတပ်တွေ၊ မဟာဗျူဟာ လှုပ်ရှားတပ်တွေဖြစ်တဲ့ စကခ ဌာနချုပ် တွေပါ သိမ်းယူခံနေရတဲ့ ဖြစ်စဉ်ကို ကြည့်ရင် စစ်တပ်ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းရည် သိသိသာသာ နိမ့်ကျသွားတာ မြင်သာပါတယ်။ ကျေးလတ်ဒေသ နဲ့ မြို့ငယ်တွေသာမကဘဲ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်‌တော်တို့ကိုလဲ စစ်အုပ်စုက လုံခြုံအောင် ထိန်းနိုင်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုတွေရဲ့ ပုံမှန် တိုက်ခိုက်မှုကို ခံနေရပါတယ်။ စစ်အာဏာရှင်တွေဟာ ကျေးလတ်ဒေသရော၊ မြို့ပြဒေသကိုပါ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးပါဘူး။

စစ်တပ် အရာရှိကြီးတွေ ဖမ်းဆီး၊ သေဆုံး၊ ဒဏ်ရာရစာရင်းကို ကြည့်ရင် ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ထိ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် နဲ့ ဗိုလ်မှူးကြီး (၅၃) ဦး ထိရှိပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် ဟာ ၂၀၂၄ ခုနစ်၊ ဩဂုတ်လ (၃) ရက်နေ့မှာ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး တိုက်ပွဲများမှာ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ကို KIA ပူးပေါင်း တပ်ဖွဲ့က ၂၀၂၄ ခုနစ်၊ မတ်လ အတွင်း ချေမှုန်းနိုင်ခဲ့ပါတယ်။ မောင်တော နခခ (၅) စခန်းသိမ်းပိုက်မှု အတွင်း ဘူးသီးတောင် မြို့ အခြေစိုက် စကခ-၁၅ မှူး ဗိုလ်မှူးချူပ် သူရိန်ထွန်းကို အာရက္ခ တပ်တော်က ဖမ်းဆီးရရှိခဲ့ပါတယ်။ စကခ (၉) မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကိုလဲ ၂၀၂၄ ခုနစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ကျောက်တော်မြို့နယ် တိုက်ပွဲအတွင်း အာရက္ခ တပ်တော်က ဖမ်းဆီးရရှိခဲ့ပါတယ်။ မိုးကုတ် တိုက်ပွဲတွင်းမှာလဲ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်ဟာ အမိန့်မရဘဲ ဆက်သွယ်ခဲ့တဲ့အတွက် စစ်ခုံရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။ ကမမောင်း မြို့နားမှာလဲ စကခ (၈) မှူး စိုးမင်းလှိုင်ဟာ ၂၀၂၄ ခုနစ်၊ မေလ (၃) ရက်နေ့မှာ KNLA တပ်ဖွဲ့တွေ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ဒီစာရင်းဟာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် တချို့ ချေမှုန်း၊ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တချို့သာဖြစ်ပြီး တပ်ရင်းမှူးတွေ ဖမ်းဆီးခံ၊ ချေမှုန်းခံရတဲ့ ဖြစ်စဉ်ပေါင်းများစွာ ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ DSA ဘယ်တော့မှ လက်နက်မချလို့ ကြွေးကြော်ခဲ့ကြပေမယ့်လည်း စစ်ခေါင်းဆောင်များစွာဟာ အခြေအနေပေးရင် ပေးသလို စစ်မြေပြင်မှာ လက်နက်ချလေ့ရှိတာကို အထက်ပါ ဖြစ်စဉ်တွေက ပြသနေပါတယ်။

၂၀၂၁ ခုနစ် မေလ ကနေ ၂၀၂၄ ခုနစ်၊ စက်တင်ဘာလ အတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ အရပ်သားပေါင်း ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လဲ UNOPS က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ် နဲ့ စစ်တပ်လိုလားတဲ့ အုပ်စုတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၆၀၀၀ ကျော် (၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အချက်အလက်) သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ အထက်ပါ အချက်အလက်တွေကို ကြည့်ရင်လဲ တိုင်းသူ၊ ပြည်သားတွေကို ရန်သူသဖွယ် ပြုမှုဆက်ဆံနေတာ စစ်အုပ်စုဆိုတာ သိသာထင်ရှားပါတယ်။
👍707👏5💯3🔥1
PDF Insight
Photo
စစ်တပ်အနေနဲ့ နယ်မြေတည်မြဲရေး၊ ပြည်သူလူထု ကာကွယ်စောင့်ရှောက်ရေးတို့ကို ရည်မှန်းချက်ထားရှိတယ် ဆိုသော်လည်း နယ်မြေတွေ ဆုံးရှုံးအောင်၊ အရပ်သားတွေကို သေဆုံးအောင် အဓိက လုပ်ဆောင်နေတာ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ အဲဒီအတွက် စစ်တပ်ဟာ ဒီနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး၊ တပ်မတော်အဖြစ် မခံယူထိုက်တော့ဘူးဆိုတာ ရှင်းလင်းနေပြီဖြစ်ပါတယ်။ တဘက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အရပ်သား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်လျက်ရှိသလို စစ်အုပ်စုလက်ထဲက မြို့ရွာတွေ နဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလျက်ရှိပါတယ်။ တပ်မတော်သား အမည်မခံထိုက်သူတွေ အားနည်းသွားပြီး တပ်မတော်သား အမည်ခံထိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အားကောင်းလာတာနဲ့အမျှ နိုင်ငံတွင်း လွတ်လပ်မှု၊ တရားမျှတမှု နဲ့ အေးချမ်းမှုတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍102💯86👏4😁1
53👍13💯9🫡5🥰4
PDF Insight
Photo
“ကိုယ့်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးကို တိုင်းတပါးက ချယ်လှယ်ဩဇာပေးတယ်ဆိုတာ တွေးကြည့်ရင် အင်မတန်နှလုံးနာဖို့ ကောင်းပါတယ်။ ကိုယ့်အုပ်စုအာဏာမြဲပြီးရော ဘယ်သူ့ကျွန်ခံရခံရ ခံမယ်ဆိုတာ စစ်အုပ်စုရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့ တိုင်းပြည်က စစ်အုပ်စုမရှိမှ အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ။”

ဦးရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
112👍42💯10🥰4🫡2
37👍4
PDF Insight
Photo
ပြည်သူကကြိုဆိုမယ့် အစိုးရ
……………………..
အခြေအနေတွေက အပြောင်းအလဲ အကြီးစားတခုအတွက် အစပျိုးနေတဲ့ အခြေအနေပါ။ ရခိုင်ပြည်နယ်အားလုံးနီးပါး အောင်ပွဲခံလာချိန်မှာ စစ်ရဲ့မျှားဦးက မကွေး၊ ပဲခူး နဲ့ ဧရာဝတီဘက်ကို လှည့်လာပြီဖြစ်ပါတယ်။ ကချင်မှာ မန်စီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီး ဗန်းမော်ဟာ ခပ်တဲတဲပဲ ကျန်တော့တဲ့ အခြေအနေပါ။ အညာဒေသမှာ မန်း PDF ကတပ်မဟာတခုဖွဲ့သလို BPLA ကလည်း တပ်အင်အားစုပြင်ဆင်နေတာဖြစ်တယ်။ ရွှေဘို တပ်ရင်းတွေ၊ မြင်းခြံ၊ မြိုင်တပ်ရင်းတွေအားလုံး လက်နက်တပ်ဆင်မှုတိုးတက်လာပြီး ချေမှုန်းစစ်တိုက်လာနိုင်တဲ့ အခြေအနေပါ။ မနေ့ကပဲ နမခ ထဲကို ပစ်လွှတ်လိုက်တဲ့ ရှော့ဒုံးတွေက ပစ်မှတ်တွေကို ထိရောက်စွာ ပေါက်ကွဲခဲ့တာဖြစ်တယ်။ ဧရာဝတီတိုင်းမှာ ဗျူဟာတခု အသင့်ဖွဲ့စည်းပြီးဖြစ်သလို စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ပဲခူးရိုးမအထိအပြင် ရိုးမအနောက်ခြမ်းမှာပါ အင်အားတွေက အသင့်ရှိနေပါပြီ။

ဒီအခြေနေမှာပဲ ယာယီသမ္မတရဲ့ ပြည်တွင်းကို ပြန်ပြီး တော်လှန်ရေးလုပ်ကြဖို့ ဆော်သြချက်ရဲ့အောက်မှာ ပြည်ထဲရေးဌာန တစုံလုံး စစ်ကိုင်းမှာ ပြောင်းရွှေ့လာတော့မှာဖြစ်တယ်။ ဒါကမြေပြင်အင်အားစုတွေအတွက်အားတက်စရာဖြစ်သလို သူတို့အတွက်လည်း လက်တွေ့အခြေအနေတွေကနေ သင်ယူစရာတွေရလာမှာဖြစ်ပြီး မှန်ကန်တဲ့ လုပ်ငန်းစဥ်တွေရရှိဖို့ ဖြစ်လာစေမှာပါ။ အမှန်တော့ စစ်ကိုင်းမကွေးမှာ နယ်မြေအများအပြားထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအင်အားတွေ လွတ်လပ်စွာသွားလာနိုင်နေကြတာပါ။ ဒီဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်နိုင်ရင် စစ်ရေးအတွက်ပါ အထောက်အကူဖြစ်လာမှာပါ။ ယာယီသမ္မတရဲ့ အချိန်ကိုက်လှုံ့ဆော်မှုဟာ မြေပြန့်အတွက်သာမက တောင်ပေါ် တိုင်းရင်းသားလက်နက်ကိုင်များအတွက်ပါ အရေးကြီးထည့်သွင်းစဥ်းစားရမယ့်အချက်တွေဖြစ်ပါတယ်။ တော်လှန်ရေးဟာ တောင်ပေါ်မြေပြန့် ဝါရင့် ဝါနုကွဲပြားနေပေမယ့် အာဏာရူးဆန့်ကျင်ရေးမှာ တဆက်တစပ်ထဲ လှုပ်ရှားနေကြတာဖြစ်တယ်။ ဒါကြောင့်လည်း အောင်ပွဲတွေရရှိလာတာပါ။ အခု စစ်တပ်ရဲ့ အမာခံတပ်ရင်း၊ တပ်မတွေ စုပြုံချထားတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ နလံမထူနိုင်အောင်ရှုံးနိမ့်လာတဲ့စစ်တပ်ဟာ ဟန်ကိုယ့်ဖို့ဆိုတဲ့အနေအထားလောက်ပဲကျန်တော့တာဖြစ်တယ်။ စစ်တပ်မှာ စခန်းအများကြီးကျန်သေးတာ လေတပ်၊အမြောက်တပ် ကပစ စက်ရုံတွေ ရှိနေသေးတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်စွမ်းရည်သိသိသာသာကျဆင်းလာတာက ပိုပြီး အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။ လက်ကျန်တပ်တွေကို စိတ်ဓါတ်မြှင့်တင်ရေးလုပ်ဖို့ အကြောင်းပြချက်ကလည်း ကုန်နေပြီ။ အောက်ခြေကလည်း ထိပ်ပိုင်းတစုအတွက် သူတို့ အလကားအသေခံနေရတာကို သဘောပေါက်နေပြီဆိုတော့ မအလ အဖို့မလွယ်ပါဘူး။ တပ်ရဲ့ ဆိုးမွေအများစု ဆက်ခံထားသူဖြစ်တော့ မအလအနေနဲ့ အစွမ်းကုန်တော့လုပ်နေတာပါပဲ။ တပ်ထိပ်ပိုင်းတွေကို ကိုင်ပစ်လိုက်တာ။ လူဟောင်းတွေထဲက ထကြွချင်လာတဲ့ မြင့်လှိုင်လို လူမျိုးကို ပိုင်ဆိုင်မှုတွေပါသိမ်းပြီး ကိုင်ပြလိုက်တာ စတာတွေလုပ်ပါတယ်။ ခုတော့ ကစထမှူးတွေကိုပါအချိန်မတိုင်မီ နေရာချိန်းတာတွေလုပ်လာတယ်။ ကစထ တဖွဲ့ဖွဲ့က အားလုံးစုစည်းမိပြီး NUG ဘက်ပါသွားမှာကိုပါ စိုးရိမ်လာရတဲ့ အခြေနေလို့ သုံးသပ်ရပါတယ်။ ဘယ်လောက်ပဲ ကြိုတင်ကာကွယ်ပါစေ ပြိုမယ့်တပ်က ပြိုမှာပါပဲ။ ပြိုဖို့အခြေနေအရပ်ရပ်က အတော်ပြည့်စုံနေပါပြီ။

အခုပဲ သတင်းတပုဒ်မှာ တရုတ်ကွန်မြူနစ်ပါတီက မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲလုပ်တယ်တဲ့။ အဲဒီအရင်တလလောက်ကလဲ ကူမင်းမှာ မြန်မာ့ရေး သိနားလည်သူများ ပညာရှင်များ ဖိုရမ်ကြီးတခု လုပ်ခဲ့ပါသေးတယ်။ အဲဒါက အခု ဘေဂျင်း အတွက်ကြိုပြင်တာဖြစ်နိုင်ပါတယ်။ ဘေဂျင်း မှာ မြန်မာ့အရေးကျွမ်းကျင်သူတွေ Think Tank တွေလည်း ပါတယ်ပြောတယ်။ အတော်များများက စကစဟာ သူတို့အကျိုးစီးပွားကို ကာကွယ်မပေးနိုင်တော့ဘူးလို့ ယုံကြည်လာကြပြီ။ သူတို့အမြင်အရ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နွေးထွေးစွာဆက်ဆံထားဖို့အပြင် စကစတခုထဲနဲ့မဟုတ်ပဲ NUG နဲ့ပါ ဆက်သွယ်ထားဖို့လိုတယ်လို့တင်ပြကြကြောင်းသိရတာပါ။ ဒါကတော့ မအလအပေါ်တရုတ်ဘက်က ပြောင်းလဲလာနိုင်တဲ့ အခြေနေတွေကို ဖော်ပြနေတာပါပဲ။ မူလကတည်းက မအလမှာ တရုတ်ဆန့်ကျင်ရေးအမြင်ရှိတာ တရုတ်ဘက်ကလည်း သိနေတာပါပဲ။ မအလဟာ အလွန်အားနည်းပြီး ကျောရိုးမဲ့နေလို့ တွေ့သမျှလူ အဖေခေါ်တော့မှာ သိနေတာကြောင့် ဝမ်ယိက စည်းသုံးစည်းဆိုတာကို ပြောခဲ့တာပါပဲ။ အခုဖြစ်ထွန်းလာတဲ့ အခြေအနေတွေအရ မအလဟာ စစ်ရေးနိုင်ငံရေး မျှော်လင့်ချက်မရှိတော့တဲ့အပြင် ICC ဝရမ်းပြေးလောင်းပါဖြစ်နေတော့ တရုတ်ဘက်က အလေးအနက် စဥ်းစားလာတဲ့သဘောပါပဲ။ ဒါက NUG အတွက်လည်း အခွင့်ကောင်းဖြစ်ပါတယ်။ မအလထက် မိမိတို့အစိုးရကသာ ပိုပြီး တရုတ်အကျိုးစီးပွားတွေကို အာမခံချက်ပေးနိုင်မှာဖြစ်ကြောင်း သက်သေနဲ့တကွ ထပ်ကာတလဲလဲ ချဥ်းကပ် ပြောပြနေဖို့လိုပါတယ်။ တရုတ်တွေအမြင်ပြောင်းလာဖို့ KIA၊ TNLA၊ MNDAA နဲ့ AA တို့ရဲ့ တရုတ်ဆွေးနွေးပွဲမှာ မအလနဲ့ တိုင်းပြည်အခြေအနေရှင်းပြချက်တွေကလည်း အတော်ထိရောက်ခဲ့ပုံရပါတယ်။
👍717🫡2🥰1
PDF Insight
Photo
ခြုံလိုက်ရင်တော့ ကံကောင်းခြင်းလက်ဆောင်က ကိုယ့်ဘက်မှာရှိနေပါပြီ။ လက်ငင်းအခြေအနေမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်များ တဖွဲ့ထဲဖြစ်ကြောင်း နိုင်ငံကို အတူတကွ တည်ဆောက်မှာဖြစ်ကြောင်း သက်သေပြဖို့လိုနေတာပါ။ အဲဒါကတော့ ယာယီသမ္မတ တင်ပြခဲ့တဲ့ ကြားဖြတ်အစိုးရတခုမှာ အရေးကြီးအင်အားတွေစုစည်းပါဝင်လာကြဖို့ပါပဲ။ နောက်ဆုံး ပြည်ထောင်စုအစိုးရ မတိုင်မီ အစိုးရပုံစံတွေ ထပ်ပြီး ပြောင်းနိုင်ပါသေးတယ်။ နောက်ဆုံးမှာတော့ တောင်ပေါ်မြေပြန့်ဒေသအားလုံး တကယ်တော်လှန်ရေးလက်တွေ့ထဲမှာ ပါခဲ့သူတွေ၊ တကယ်လူထုထဲမှာဆင်းပြီးလူထုက အသိအမှတ်ပြုသူတွေ၊ ကိုယ်ကျိုးစွန့် စွမ်းဆောင်သူတွေ ခေါင်းဆောင်ပါဝင်တဲ့ အစိုးရတရပ်ကသာ ဒီနိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူက တကယ်တမ်းကြိုဆိုမှာကလည်း ဒီလိုအစိုးရမျိုးပဲဖြစ်ပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍11414💯9😁3🥰2🤩1🫡1
👍31🥰62🫡1
PDF Insight
Photo
၂၀၂၄ နဲ့ PDF စစ်ရေးစွမ်းရည်
……………………………………………..
၂၀၂၄ ခုနစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေရဲ့ စစ်ရေး စွမ်းရည် ဘယ်လောက်ထိ တိုးတက်လာသလဲ။ တော်လှန်ရေးအလားအလာက ဘယ်လိုရှိလဲ။ စစ်အာဏာရှင်စနစ် ဘယ်လို ပြိုလဲသွားမလဲ။ ဒါတွေကို နှစ်ကုန်သုံးသပ်ချက်အနေနဲ့ တွက်ဆကြည့်ဖို့လိုပါတယ်။
သေချာတာကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ ရဲ့ စစ်ရေး စွမ်းရည်ကို လေ့လာအကဲခတ်သူ အတော်များများက တော်လှန်ရေးအစ ၂၀၂၁၊ ၂၀၂၂ လို သုံးသပ်တော့မှာ မဟုတ်ပါဘူး။ တဘက်မှာလဲ ပြည်သူတွေက စစ်အုပ်စု ပြုတ်ကျရေးကို အလျင်အမြန်လိုချင်နေတဲ့အတွက် လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာမျိုးတွေရှိနေနိုင်ပါတယ်။

၂၀၂၄ ခုနစ်မှာ အကြီးမားဆုံး စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို ပြောပါဆိုရင်‌ မြေပြန့်အတွင်းပိုင်းဒေသတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ထိုးစစ်ဆင်လာနိုင်မှုဖြစ်ပါတယ်။ မြေပြန့်ထိုးစစ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး နဲ့ MoD က ပြောနေတာဟာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ ဖြစ်ရပ် ဆိုတာကို ၂၀၂၄ ခုနစ်တွင်းမှာ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ မင်းဘူး၊ နတ်မောက်၊ ပဲခူးရိုးမဒေသက စစ်ရေးလှုပ်ရှားမှုတွေက ညွှန်ပြနေပါတယ်။ နောက်ထပ် အရေးကြီး စစ်ရေးဖြစ်ပေါ်တိုးတက်မှုက ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန်စစ်ဆင်ရေး၊ အညာအောင်မြေ စစ်ဆင်ရေးကဲ့သို့သော တပ်အင်အား ထောင်ချီ ပါဝင်ပြီး စတုရန်းမိုင် ရာပေါင်းများစွာကျယ်ဝန်းတဲ့ နယ်မြေတွေမှာပါ စစ်ရေးလှုပ်ရှားမှု၊ တပ်ရွှေ့ပြောင်းမှု၊ ချေမှုန်းရေး စစ်တိုက်နိုင်မှုတွေကို လုပ်ဆောင်လာနိုင်မှုဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ချိတ်ဆက်ညှိနှိုင်း၊ ကွပ်ကဲမှုကောင်းမွန်လာတာ၊ ထောက်ပို့စနစ်ကို စနစ်တကျ ထူထောင်နိုင်လာတာ၊ လက်နက်တပ်ဆင်မှု ကောင်းမွန်လာတာကို အဲဒီ စစ်ဆင်ရေးကြီးတွေက ပြသလျက်ရှိပါတယ်။ ထူးခြား စစ်ရေးလှုပ်ရှားမှုတွေကတော့ နေပြည်တော်စစ်ရုံး နဲ့ စစ်ရေးပစ်မှတ်တွေကို ပုံမှန်တိုက်ခိုက်နိုင်မှု၊ မိတ္ထီလာ တပ်နယ်ထဲက စစ်ရေးပစ်မှတ်တွေကို ထိုးဖောက်တိုက်ခိုက်နိုင်မှု၊ လေတပ် နဲ့ ကပစ လက်နက်စက်ရုံတွေကို ပုံမှန်တိုက်ခိုက်နိုင်မှုတွေ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်း နယ်မြေမှာ ရပ်နားထားတဲ့ လေယာဉ်ဆီတင်သင်္ဘော နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကိုလည်း ရန်ကုန်တိုင်း ပကဖ က ဗုံးခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကျေးလက်အခြေခံ မြို့ဝိုင်း မဟာဗျူဟာ ချမှတ်ထားတဲ့ အတိုင်း ကျေးလက်ဒေသ အများစုကို စိုးမိုးလာနိုင်ပြီး မြို့ငယ်လေးတွေ၊ မြို့အလတ်တွေကိုသာမက ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်လို မြို့ကြီးတွေနားမှာပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက တဖြည်းဖြည်း နေရာယူတပ်စွဲလာနိုင်ပြီး မြို့ပြဒေသကို ထိုးဖောက် တိုက်ခိုက်လာပါတယ်။ မြို့ပြဒေသ တိုက်ခိုက်မှုတွေ၊ မြို့ပြဒေသမှာရှိတဲ့ စစ်ရေးပစ်မှတ် ချေမှုန်းမှုတွေကို ကြည့်ရင် ကျေးလက်နယ်မြေကို စိုးမိုးပြီး မြို့ပြဒေသကို ထိုးဖောက်လာနိုင်တာ ပြပါတယ်။ ဒီလားရာဟာ ဆက်သွားနေမယ့် ပုံရှိပြီး မြို့တွေကို မသိမ်းထားရင်တောင်မှ မြို့ကို စီမံအုပ်ချုပ်မှု၊ ထိန်းချုပ်မှုဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။

ထူးခြားစစ်ရေးနယ်မြေတွေအနေနဲ့ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး ရိုးမ အရှေ့ နဲ့ အနောက်ခြမ်း၊ တနင်္သာရီတိုင်းတို့မှာ ၂၀၂၄ ခုနစ် အတွင်း တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာမှုကို ညွှန်ပြပါတယ်။ ခုခံစစ်အစ ကာလတွေမှာ စစ်ကိုင်း အထက်၊ ချင်း၊ ရှမ်းမြောက် နဲ့ ရခိုင် ဒေသတွေမှာသာ တိုက်ခိုက်မှုတွေ စုပြုံနေတာထက် လက်ရှိကာလမှာ တိုက်ခိုက်မှုနယ်မြေတွေ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ ရန်သူ့ဘက်က ကြည့်ရင် စစ်မျက်နှာ ပိုကျယ်လာတာ ဖြစ်ပြီး ခုခံကာကွယ်ရမယ့် နယ်မြေ ပိုများလာတာပါ။ တော်လှန်ရေးဘက်က ကြည့်ရင် လှုပ်ရှားသွားလာလို့ရတဲ့ စစ်နယ် ကျယ်ဝန်းလာပြီး ရန်သူကို နေရာပေါင်းစုံမှာ ထိုးနှက် တိုက်ခိုက်နိုင်လာတာပါ။ နောက်တန်း တပ်မ၊ တပ်ရင်းဌာနချုပ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်-ပြည် ကားလမ်း ဒေသ၊ နေပြည်တော် ဒေသ၊ မကွေးတိုင်း အနောက်ခြမ်း နယ်မြေတွေဟာ ၂၀၂၄ ခုနစ်မှာ ရှေ့တန်းနယ်မြေအဖြစ် ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ နယ်မြေ ကျယ်ပြန့်လာမှုကို ပြသတဲ့ နောက်ထပ်လက္ခဏာတခုက ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် အရေးကြီး လမ်းပိုင်း အသီးသီးပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးမှု ကြီးမားလာခြင်းဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်သူဟာ နောက်တန်း နေရာတွေ၊ ထောက်ပို့ဌာန တွေကနေ ရှေ့တန်း နယ်မြေတွေကို တပ် နဲ့ စစ်ကူ ထင်သလို ပို့လို့မရတော့ပါဘူး။ လမ်းမတွေမှာ ရန်သူ့ ထောက်ပို့ယာဉ်တန်းတွေကို ပုံမှန် ဖြတ်တောက် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
👍598🥰4👏2
PDF Insight
Photo
၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသကို ထိုးဖောက် တိုက်ခိုက်ရေး အခြေခံကောင်းတွေ၊ ရန်သူ့စိုးမိုးနယ်မြေကို စိမ့်ဝင် တည်ဆောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်သူ့ စစ်ဌာနချုပ်တွေ၊ အရေးကြီး စစ်နယ်မြေတွေ အားလုံး အနီးမှာ ကိုယ့်တပ်တွေကို တပ်ဖြန့် နိုင်လိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ် မှာ အဲဒီလို တပ်ဖြန့်ထားမှုတွေကနေ ရန်သူ့ နောက်ဆုံးလက်ကျန် နယ်မြေတွေ၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ တပ်တည်ဆောက်မှုနဲ့ ပတ်သတ်ရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို လေ့ကျင့်သားပြည့်ဝပြီး လက်နက်တပ်ဆင်မှုကောင်းမွန်တဲ့ ကျစ်လစ်တဲ့ တပ်တခု အဖြစ် ပြောင်းလဲ ထူထောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်အစ ကာလမှာ ရန်သူကို ပြောက်ကျားစစ် နဲ့ အနိုင်ယူခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိကာလမှာ ခံစစ်နေရာတွေမှာ အထိုင်ချပြီး ခုခံနေမယ့် ရန်သူကို တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ကျစ်လစ်တဲ့ တပ်တွေ လိုလာပြီ ဖြစ်ပါတယ်။ အဲဒီတပ်တွေဟာ ထု အင်အားလည်း ရှိရမှာဖြစ်သလို ဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေ နဲ့ အညီ လိုက်လျောညီထွေ စစ်ကစားနိုင်ရေး သက်ဆိုင်ရာ စစ်တိုင်းကွပ်ကဲရေး၊ စစ်ဒေသကွပ်ကဲရေး၊ စစ်ရုံးချုပ် ကွပ်ကဲရေးတွေ အချိန်နဲ့ တပြေးညီ ဆက်သွယ်ရေးစနစ်တွေ ထူထောင်ထားရှိရမှာ ဖြစ်ပါတယ်။ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်ပေးကွပ်ကဲမှု မကောင်းမွန်၊ လက်နက် တပ်ဆင်မှု မကောင်းတဲ့တပ်တွေနဲ့ ဒီလို တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တချို့နဲ့ လက်တွဲတိုက်ခိုက်ပြီး တချို့သော PDF တပ်ရင်း၊ စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ အဖြစ် စတင် အသွင်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ အဲဒီလို ကျစ်လစ်တဲ့ တပ်တွေဟာ PDF တပ်မတော်တခုလုံး နဲ့ ပကဖ တဖွဲ့လုံးမှာ ဖြစ်ပေါ်လာစေရေး ဆက်လက် လုံးပန်း ရအုံးမှာ ဖြစ်ပါတယ်။ ကျစ်လစ်တဲ့တပ်တွေဟာ စစ်အုပ်စု ရဲ့ နောက်ဆုံး လက်ကျန် နောက်တန်းစခန်းတွေ၊ ခံစစ်နယ်မြေတွေကို အပြီးသတ် သိမ်းပိုက် အနိုင်ယူရေး အတွက် လိုအပ်ပါတယ်။ ၂၀၂၄ ခုနစ်မှာတင်ကို တချို့ PDF တပ်ရင်း စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ၊ လက်နက်တပ်ဆင်မှုကောင်းတဲ့ တပ်၊ Chain of Command ကောင်းတဲ့တွေ ဖြစ်လာတဲ့အတွက် စစ်ကြောင်းချေမှုန်းရေး၊ အတွင်းပိုင်း နယ်မြေ မြို့တိုက်ခိုက်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ပဲခူးရိုးမလို ရန်သူ ပတ်ခြာလည် ဝိုင်းနေတဲ့ စစ်နယ်မြေ၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက နယ်မြေတွေမှာပါ ရန်သူ့စစ်ကြောင်းလုံး ပြုတ်အောင် ချေမှုန်းနိုင်ခဲ့ပါတယ်။ မြင်းခြံခရိုင်လို နိုင်ငံ အတွင်းပိုင်း နယ်မြေတွေမှာပါ မြို့သိမ်း တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။ စိုးမိုးနယ်မြေ ကျယ်ပြန့်လာပြီး ကျစ်လစ်တဲ့ တပ်တွေ အင်ပြည့်အားပြည့်နဲ့ ပေါ်ထွက်လာရင် ရန်သူကို နေရာပေါင်းစုံကနေ လက်ဦးမှု ရှိရှိနဲ့ ချေမှုန်းရေး ပိုမို လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသမှာ စုဖွဲ့ထားတဲ့ အင်အားထောင်ချီ ပါဝင်တဲ့ တပ် တတပ်ဟာ ရက်ပိုင်း အတွင်း မကွေးတိုင်း အောက်ပိုင်းမှာ သွားရောက်စစ်ဆင်တာမျိုး၊ တောင်တန်း ဒေသမှာစုဖွဲ့ထားတဲ့ PDF တပ်တွေ အတွင်းပိုင်းဒေသ ကို ရုတ်တရက် ဝင်ရောက်ပြီး ရန်သူ့စစ်ကြောင်းချေမှုန်းရေး လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ရန်သူဟာ အင်အားကို နည်းပါးစွာ ဖြန့်ခွဲထားရတဲ့အတွက် နယ်မြေတခုမှာ PDF အင်အား ထောင်ချီ ရုတ်တရက် စုစည်းပြီး တိုက်ခိုက်နိုင်ရင် ရန်သူ့ အနေနဲ့ အထိနာချေမှုန်းခံရမှာဖြစ်ပါတယ်။ ဒီလိုလားရာတွေကို ၂၀၂၅ ခုနစ်တွင်း ပိုမို မြင်တွေ့လာရဖို့များပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ဟာ မြေပြန့်ဒေသတိုင်းတွေ အားလုံးပြည့်မှာ ပေါ်ထွက်လာပြီး မြို့ပြဒေသ အများစု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ဝိုင်းရံ တိုက်ခိုက်လာနိုင်မယ်ဆိုရင် စစ်အာဏာရှင်တွေ ချေမှုန်းခံရမယ့်ရက် မဝေးတော့ပါဘူး။ လက်ရှိမှာကို ဧရာဝတီတိုင်းမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြီ ဖြစ်သလို မကွေးအောက်ပိုင်း နဲ့ ပဲခူး တိုင်းတွင်းမှာလဲ ခုခံမှုတွေ အားကောင်းလာပြီ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်း မဟာဗျူဟာအရ တနိုင်ငံလုံး အတိုင်းအတာ နဲ့ စစ်ရေးလှုပ်ရှားမှုကို နေရာစုံ ဖော်ဆောင်နိုင်လာတာ ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့အခါမှာ လူထု နဲ့ အရပ်သားတွေ ဘေးအန္တရာယ် ကင်းရှင်းရေးကို အကောင်းဆုံး ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
👍477🥰5👏2
PDF Insight
Photo
စစ်အင်အား မလုံမလောက် ဖြစ်နေတဲ့ စစ်အုပ်စုဟာ မြေပြန့်ဒေသတိုင်းအားလုံးမှာ ခုခံမှု အရှိန်ပိုမြင့်လာရင် ကောင်းမွန်စွာ ခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီကနေ စစ်အုပ်စု တခုလုံး ပြိုလဲမှု ဖြစ်လာတော့မှာပါ။ လက်ရှိမှာကို လမ်းပိုင်းတွေ နဲ့ မြို့ပြ တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ စိုးမိုးထားတဲ့အတွက် အရပ်ဝတ်နဲ့ သွားလာတဲ့ စစ်တပ်အရာရှိတွေ၊ စစ်အုပ်စုက အရပ်ဘက် အရာရှိကြီးတွေပါ ဖမ်းဆီးခံနေရပြီဖြစ်ပါတယ်။ စစ်အုပ်စုဘက်မှာ အနာဂတ် မရှိတော့ဘူးဆိုတာ သေချာသွားတဲ့ တနေ့မှာ စစ်တပ်အရာရှိကြီးတွေ နဲ့ အရပ်ဘက် အရာရှိတွေပါ အလုံးအရင်းလိုက် လက်နက်ချ အလင်းဝင်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ရေးဖိအား နဲ့ နိုင်ငံရေး ဖိအား (၂) မျိုးပေါင်းပြီး စစ်အာဏာရှင် နောက်ဆုံးနေ့ရက်တွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသ ထိုးဖောက်ရေးကို သိသိသာသာ စတင်လုပ်ဆောင်လာနိုင်ပြီး လာတော့မယ် စစ်ရေးလှုပ်ရှားမှုတွေ အတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို မြေပြန့်ဒေသမှာပါ တည်ထောင်လိုက်နိုင်တာကို တွေ့ရပါတယ်။ လာမယ့်နှစ်ဟာ အောင်ပွဲဆီကို ဆက်လက်ချီတက်မယ့်နှစ်ပဲ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍10813🥰5🔥2🫡2
52🫡9👍7🥰2