PDF Insight
Photo
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များဟာ ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တလတာ ထိုးစစ်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ( ကျောင်းသားတပ်မတော် ) ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် မံစီမြို့ကို ၂၀၂၄ ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်မှာတော့ မံစီမြို့မှာကျန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight

❤94👍48🥰2🫡1
PDF Insight
Photo
လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်မှု စနစ်တကျ ထူထောင်ရေး
…………………………………….
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ အဖွဲ့တွေရဲ့ ဟန်ချက်ညီ စစ်ကစားနိုင်ခဲ့မှုတွေကနေ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး ၊ တနင်္သာရီတိုင်းတွေမှာ မြို့ အများစုကို ဝိုင်းပတ် ပိတ်ဆို့ပြီး စိုးမိုးနယ်မြေ၊ ထိန်းချုပ် နယ်မြေ အများစုကို ထူထောင်နိုင်လာပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ခြေကုပ်ယူကာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အပြီးသတ် ကျဆုံးရေး ထိုးစစ်ကြီးတွေ ထပ်မံ ထိုးစစ်ဆင် ဆင်နွှဲဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လိုအပ်တဲ့ လူသူ ရိက္ခာတွေ အတွက် မိမိတို့ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွင်းမှာ ကုန်ထုတ်လုပ်ငန်းတွေကို စနစ်တကျ ဖန်တီးဖို့၊ စီမံခန့်ခွဲဖို့ လိုအပ်လာပါတယ်။ ဒါမှသာ နောက်လာမယ့် စစ်ရေးလှုပ်ရှားမှုကြီးတွေ နဲ့ ဒေသခံ ပြည်သူလူထု အတွက် လိုအပ်တဲ့ ရိက္ခာ နဲ့ ရင်းမြစ်တွေကို ဖော်ထုတ်နိုင်မှာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုရဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ၊ ကောက်ပဲသီးနှံ ၊ အသားငါး ၊အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖူလုံစွာ ရရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားရမယ့် အချိန်ကိုရောက်လာပါပြီ။ စစ်ကောင်စီထိန်းချုပ်ထားရာ မြို့တွေ နဲ့ ဒေသတွေဟာ စိုက်ပျိုး ၊ မွေးမြူရေး နဲ့ ရေလုပ်ငန်းတွေ အဓိက လုပ်ကိုင် အခြေချရာ နေရာဒေသတွေ မဟုတ်ဘဲ အဲ့လုပ်ငန်းတွေ အများစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ကျေးလက်ဒေသတွေ အများစုမှာရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေး စခန်းအားလုံး နီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထားပါတယ်။ အဲ့ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေများအတွင်းမှ စိုက်ပျိုး မွေးမြူရေးနဲ့ ရေလုပ်ငန်း ထုတ်ကုန်တွေ ဖြစ်တဲ့ ကောက်ပဲ သီးနှံ ၊ အသား ငါး တွေကို မိမိတို့ ထိန်းချုပ်နယ်မြေများအတွင်း ဖူလုံစွာ စုဆောင်းရရှိရေးမှသည် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ မြို့တွေကို ကြားခံ ကူးသန်းရောင်းဝယ်စရာ မလိုတဲ့ ကူးသန်းရောင်းဝယ်ရေး ကွန်ရက်လမ်းကြောင်းတွေ ဖော်ဆောင်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအားတွေကို စစ်တပ်ထိန်းချုပ်ထားရာ မြို့တွေအပေါ် အကျိုးမပြုစေဘဲ အမှီအခိုကင်းကင်းနဲ့ ကူးသန်းရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။
ထိန်းချုပ်နယ်မြေများအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအား နဲ့ ကူးသန်းရောင်းဝယ်ရေးတွေကိုသာ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေကြေးလည်ပတ် စီးဆင်းရေးတွေကိုပါ အလိုအလျောက် ထိန်းချုပ် စီမံခန့်ခွဲ နိုင်လာမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီဂျစ်တယ် ငွေကြေးတွေဖြစ်တဲ့ NUG PAY အသုံးပြုမှု ပိုများလာမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ကုန်ထုတ်လုပ်မှု ၊ ကူးသန်းရောင်းဝယ်ရေး နဲ့ ငွေကြေးလည်ပတ် စီးဆင်းရေးတွေကို စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ ကွန်ရက်စနစ်တွေမှ အမှီအခို ကင်းလွတ်အောင် ဆောင်ရွက်ထားနိုင်ရင် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ပြည်သူအများစု ကင်းလွတ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ် ပြိုလဲပြီးတဲ့နောက်မှာ ဖြစ်လာမယ့် ကုန်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု နဲ့ ငွေကြေး စီမံမှု လေဟာနယ်ကိုလဲ အချိန် နဲ့ တပြေးညီ ဖြည့်စည်းပေးနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ တော်လှန်ရေးတွေကိုကြည့်ရင် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်ငန်းကို စနစ်တကျ ထူထောင်လေ့ရှိတာကို တရုတ်ပြည်တွင်းစစ်ကနေ ဆီးရီးယား ပြည်တွင်းစစ် အထိ တွေ့နိုင်ပါတယ်။ တရုတ် ပြည်တွင်းစစ် ကာလမှာလဲ တရုတ်ကွန်မြူနစ်ပါတီဟာ လွတ်မြောက်ဒေသမှာ လူထု ထောက်ခံမှု၊ တပ်ရဲ့ ကူညီပါဝင်မှု နဲ့ ကုန်ထုတ်လုပ်ငန်းအသီးသီးကို ထူထောင်ခဲ့ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာလဲ အာဆတ် အာဏာရှင်တပ်ကို အပြီးသတ် အနိုင်ယူခဲ့တဲ့ HTS အဖွဲ့ဟာ သူ့ရဲ့ လွတ်မြောက် နယ်မြေတွေမှာ ကုန်ထုတ်လုပ်ငန်း (Production) နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (Public Services) တွေကို စနစ်တကျ ထူထောင်ထားရှိပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ လွတ်မြောက် ဒေသမှာ စနစ်တကျ ထူထောင်ထားရှိခြင်းဖြင့် စစ်ရေးလိုအပ်ချက်ကို ဖြည့်စည်းနိုင်သလို လွတ်မြောက်ဒေသ ပြည်သူတွေ အနေနဲ့လဲ သက်ဆိုင်ရာ တော်လှန်ရေးအစိုးရ အပေါ် ယုံကြည်အားကိုးစိတ် ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ရန်သူ ထိန်းချုပ် နယ်မြေမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အစိုးရ အပေါ် အားကိုးမှု ပိုမို ဖြစ်ပေါ်စေပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

❤108👍47🥰6👏1
PDF Insight
Photo
လမ်းတူမှ လူချင်းဆုံမှာပါ
…………………
တော်လှန်ရေးတရပ်ဆင်နွှဲလိုသူတွေဟာ မိမိအခြေအနေ၊ ရန်သူ့အခြေအနေနဲ့ ကမ္ဘာကြီးအခြေအနေတွေကို ကောင်းစွာသိနားလည်ကြဖို့လိုတယ်လို့ ဆိုကြတာဖြစ်ပါတယ်။ ဆန္ဒစွဲနဲ့ အခြေအနေတွေကို ပိုပြီးအကဲဖြတ်တာ လျော့ပြီးအကဲဖြတ်တာ လုပ်လို့မရပါဘူး။ အဲဒီလိုအကဲဖြတ်မှားရင် မိမိတို့ချမှတ်တဲ့ လမ်းစဥ် လုပ်ငန်းစဥ်အားလုံး လမ်းလွဲသွားမှာဖြစ်တယ်။ လမ်းလွဲတယ်ဆိုတာ တော်လှန်ရေးကိုနှောင့်နှေးသွားစေတာကစလို့ တော်လှန်ရေး ကျဆုံးတဲ့အထိဖြစ်သွားနိုင်တာပါ။ ဒီလိုသင်ခန်းစာတွေက ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေမှာ တွေ့မြင်နိုင်သလို မြန်မာနိုင်ငံကများပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ ယူလို့မကုန်အောင် ရှိနေတာဖြစ်ပါတယ်။
အကဲဖြတ်မှားတယ်ဆိုရာမှာလည်း အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်တာဖြစ်တယ်။ ရှုပ်ထွေးလွန်းတဲ့ အခြေနေတွေကို လိုက်လို့မမှီတာ။ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေမှာ လိုက်ပါသွားရတာမျိုးတွေမှာဆိုရင် အမှားတွေက ရိုးသားစွာမှားတဲ့အမှားမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကို လွန်ကဲတဲ့ အထင်ကြီးစိတ်နဲ့ လုပ်တဲ့အကဲဖြတ်ချက်မျိုးတွေကတော့ ရိုးသားစွာမှားတယ်လို့ ပြောလို့မရပါဘူး။ ဒါမျိုးက ကိုယ်ဖြစ်ချင်တာအတွက် အခြေနေအရပ်ရပ်ကို မှားယွင်းစွာအကဲဖြတ်ကာ ချနင်းတဲ့အထိ ဖြစ်နိုင်လို့ပါပဲ။
ဒီလိုခြေဆင်းတွေ ပြောရတဲ့အကြောင်းကတော့ ဒီတလော ဝေဖန်မှုများနေတဲ့ ငွေဆောင်ကိစ္စကြောင့်ပါပဲ။ အဲဒီအစည်းဝေးမှာပါသူ နှစ်ယောက်လောက်က ထွက်ပြောလာကြတော့ သူတို့ ရုပ်လုံးက အတော်ပေါ်လွင်လာလို့ပါ။ သူတို့ဟာ မိမိအခြေနေကို မှားယွင်းစွာ လျော့တွက်ထားတယ်။ တဘက်မှာ ရန်သူ့အနေအထားကိုလဲ မှန်ကန်စွာမသုံးသပ်နိုင်ဘူး။ နောက်ပြီး တချိန်လုံးစိုးရိမ်စိတ်လောက်ပဲ ဖော်ပြနေတဲ့ ကမ္ဘာကြီးကို လိုတာထက်ပိုအားကိုးချင်တာမျိုးဖြစ်နေတယ်။
သူတို့အပြောအရ မြန်မာ့အရေးစိုးရိမ်သူတွေ စိတ်ပါဝင်စားသူတွေ တိုင်းရင်းသားအချို့နဲ့ ဝါရင့်နိုင်ငံရေးသမား( ဘယ်လောက်ရင့်တယ်ဆိုတာ ဘယ်လိုအကဲဖြတ်လဲတော့မသိဘူး ) တွေပါတယ်လို့ဆိုတယ်။ သူတို့ဟာ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတယ် ( ဒါကလဲ ဘယ်လိုများကိုယ့်ကိုယ်ကို အဲ့လိုပြောရဲသလဲဆိုတာ မဝေခွဲတတ်ဖူး) လို့ဆိုတာဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတာလား လမ်းပျောက်ပြီး ဘာလုပ်ရမှန်းမသိလို့ လူလဲသိ အဖမ်းလဲမခံရ အဆင်များပြေသွားခဲ့ရင် နေရာတောင်ရအုံးမယ်လို့ ထင်သူတွေကို ကိုယ်စားပြုတာလား ဆိုတာတော့ ရှင်းဖို့လိုပါတယ်။ ဒီနေရာမှာတော့ ယုန်လေး ရုပ်ရှင်ရိုက်သလို ဒီအခန်းလေးပဲပါပေးပါဆိုလို့ ဘာမှန်းမသိပဲ ပါလိုက်သူတွေလဲ ရှိနိုင်ပါတယ်။
ဒါက ဘာသဘောနဲ့မှပြောတာမဟုတ်ပါဘူး။ ပြည်တွင်းနိုင်ငံရေးက တဟုန်ထိုးနဲ့ တဆစ်ချိုးပြောင်းသွားခဲ့ပြီ ဖြစ်လို့ပါပဲ။ အဲဒါကို မျက်ခြေမပြတ်စေချင်လို့ပါ။ ၈၈ အခြေနေလောက်ပဲ စဥ်းစားသူဟာ ၈၈ မှာကျန်ခဲ့မှာဖြစ်သလို ၂၀၁၀လောက်က အိပ်မက်ကိုပဲ သတိရနေရင် အဲဒီနေရာမှာပဲ ကျန်ခဲ့မှာဖြစ်တယ်။ အခုဝရမ်းပြေးလောင်းဖြစ်နေတဲ့ မအလဟာ ၈၈ လောက်ကိုပဲအခြေပြုစဥ်းစားနေလို့ သူ့တပ်ကကျရှုံးနေတာဖြစ်တယ်။ အခုအခြေအနေက နှစ် ၇၀လောက်တိုက်လာတဲ့ တိုင်းရင်းသားတွေနဲ့ လူများစု ဗမာဒေသတွေက လက်နက်ကိုင်တော်လှန်ရေးမှာ ပေါင်းစပ်သွားတဲ့အခြေအနေဖြစ်တယ်။ ဒီတိုင်းပြည်မှာ မြေပြန့်နေ ဗမာတွေက လူဦးရေအများဆုံးဖြစ်တယ်။ ရခိုင်က လူဦးရေ ၂.၅ သန်းလောက်နဲ့ ရှမ်းလူမျိုးနဲ့မတိမ်းမယိမ်းဖြစ်တယ်။ တအာင်းက ရှမ်းပြည်နယ်မှာ တတိယအများဆုံးဖြစ်တယ်။ ဒီအင်အားတွေဟာ နယ်မြေအရ စီးပွားရေး လူမှုရေး အရလည်း နီးကပ်စွာ ဆက်စပ်နေတာဖြစ်တယ်။ ဒီအင်အားတွေနဲ့ ကရင် ကရင်နီ ချင်း ကချင်အားလုံးပေါင်းဟာ ဘယ်ခေတ်ကမှ မရဖူးတဲ့ အောင်မြင်မှုကိုရရှိနေတာဖြစ်တယ်။ ဒါတွေကို ငွေဆောင်သမားတွေသိပါတယ်။ သူတို့က လူတွေအရမ်းဒုက္ခရောက်နေတယ်။ တလရကလဲ သေချာတာမဟုတ်ဖူးဆိုတဲ့ နာရေးတစ်ဘက်ကိုသွားချင်အားကြီးနေတော့ ဒါတွေက သူတို့ ရေဒါမှာမပေါ်တော့တာပါ။ တကယ့်လက်တွေ့မှာ စစ်ကိုင်းကလူထုက ငါတို့အိမ်မီးရှို့ခံရလဲ ကြံ့ကြံ့ခံမယ်။ မင်းတို့ ဒီခွေးတွေကိုပြုတ်အောင်သာတိုက်ကြလို့ပြောနေတာပါ။ အာရကန်တွေကလဲ အဲဒီတိုင်းပြောနေတာပါပဲ။ ရန်ကုန် မန္တလေးလူထုကရော ဘယ်လို စဥ်းစားနေကြသလဲ။ ကြားရသလောက်ကတော့ ဘယ်သူမှ ဒါလောက်အခက်အခဲကို စာဖွဲ့မနေပါဘူး၊ "ကျွန်တော်တို့နားရောက်လာရင် တုတ်မှာ ဒီကောင်တွေကို ခုဓါးသွေးနေတာ" လို့ပြောသူတွေချည်းပါပဲ။ အဲတော့ ပြည်သူတွေသိပ်ခက်ခဲနေပြီ။ သူတို့ဝင်ကယ်မှ ဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးကို ဘယ်လိုရခဲ့ကြတာပါလိမ့်။

👍61❤9👏4💯1
PDF Insight
Photo
အဲဒီမှာပါသူတယောက်က ဒီလိုပြောတယ်" သူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ၊ ဒါပေမယ့် လက်နက်ကိုင်တိုက်တာကိုတော့ သဘောမတူဘူးဆိုပဲ၊ နောက် ကျွန်တော်တို့က ရိုးရိုးပါတဲ့ နိုင်ငံရေးမပါပါဘူးတဲ့ ပြီးတော့ ပြည်တွင်းနိုင်ငံရေးသမားတွေကို ကိုယ်စားပြုတာပါတဲ့။ ဒါကိုအခြေခံပြီး တိုင်းရင်းသားနဲ့အခြားသူတွေကို ဆက်ပြီးစည်းရုံးချင်တယ်ဆိုပဲ (သွားပြောလို့ကတော့ ဟိုက နားရင်းအုပ်လိုက်လိမ့်မယ်ထင်တယ်၊ ) သူတို့ကံကောင်းသွားတာက အခု သတင်းပေါက်သွားလို့ ခက်ခဲသွားတယ်တဲ့။ စကားပြောကြဖို့လိုတာ စကားပြောတာ ဆယ်နှစ်ကြာပစေ ကိစ္စမရှိဘူး။ အဲဒီအချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်လို့ရတယ် ဆိုပဲ။ သူတို့ကြေညာချက်ကိုကြည့်ရင် အများကြိုက်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတာပါတယ်။ တပ်ကကြိုက်မယ့် ရောက်တဲ့နေရာ အပစ်ရပ်ထားရေးပါတယ် ( ဘယ်လောက်ကြာမယ်မှန်းတော့ သိတာမဟုတ်ဖူး )။ နောက် တိုင်းရင်းသားကြိုက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပါတယ်။ အဲတော့ အချိုပွဲ အချဥ်ပွဲ အစုံထည့်ထားတဲ့သဘောပေါ့။ ဒါပေမယ့် ကြောင်ကို ဘယ်သူချူဆွဲမှာလဲ။ ကျားကိုသက်သတ်လွတ်စားဖို့ တရားဟောလို့ရပါ့မလားဆိုတာတွေတော့ စဥ်းစားတဲ့ထဲ ပါပုံမရဘူး။
နောက်ဆုံးစဥ်းစားသင့်တာကတော့ အချိန်အခါဟုတ်ရဲ့လားဆိုတာပဲ။ စစ်ပွဲတွေဘယ်လောက်ဖြစ်ဖြစ် နောက်ဆုံးစားပွဲဝိုင်းမှာ အဆုံးသတ်ကြရတာပဲ ဆိုတဲ့စကားလည်း တချို့က အတော်ကိုးကားကြတာဖြစ်တယ်။ ဒါက အခြေအနေအရပ်ရပ်အပေါ်အများကြီးမူတည်ပါတယ်။ ပုံသေကားကျမဟုတ်ပါဘူး။ အခုဆီးရီးယားစစ်ကြည့်ပါလား။ စားပွဲဝိုင်းအဆင့်မရောက်ပဲ စစ်ရေးနဲ့ ကိစ္စပြတ်သွားတာမဟုတ်လား။ အခြားသောဥပမာအများအပြားရှိပါသေးတယ်။ အဲတော့ ဆွေးနွေးပွဲတခုဆိုတာ မဖြစ်မနေလုပ်ကြရမယ်ဆိုတဲ့သဘောမဟုတ်ဘူး။ သူတို့နဲ့ အလွန်နီးစပ်တဲ့ ထိုင်းရောက် ဆရာတဦးကလဲ pre election ဆွေးနွေးပွဲတို့ post election ဆွေးနွေးပွဲတို့ ရှိတတ်ကြတာပဲ ဆိုပြီး နှပ်ကြောင်းပေးတာလဲတွေ့ရပါတယ်။ အဲတော့ အရင်က ဒေါ်စုကို အလွန်ဆန့်ကျင်ခဲ့သူတွေ အခု ပြန်တမ်းတနေကြပုံပဲ။ NLD အစိုးရလက်ထက် ၂နှစ်ပဲရှိသေးချိန်မှာ ကျွန်တော်တို့က ဘယ်လောက်စောင့်ရမှာလဲ ဆိုပြီး အော်ခဲ့တာလည်း သူတို့ထဲက ငစွာလေးတယောက်ပါပဲ။ ဇာတ်ပေါင်းလိုက်သော် ဤ သူကား ဘုရားအလောင်းတည်း ဤသူကား ဒေဝဒတ်အလောင်းလျာတည်းလို့တော့မပြောပါဘူး။ ဒါပေမယ့်ပါးစပ်ဟလိုက်တာနဲ့ ကြိတ်မယ့်ဝါးမယ့် သွားအတော်များများကိုတော့ တွေ့နေမိပါတယ်။
ရိုးရိုးလေးပဲစဥ်းစားကြပါ။ ဒီလမ်းကြောင်းက စစ်တပ်ကရွေးချယ်ခဲ့တာပါ။ သူဖန်တီးခဲ့တာပါ။ ဒေါ်စုကို မလွှတ်ရုံသာမက ဘယ်သူမှအတွေ့မခံရဲတာဟာ ပြည်သူနဲ့တသားတည်းရှိနေလို့ဆိုတာရှင်းပါတယ်။ မအလဟာ သာမန်စစ်အာဏာသိမ်းဗိုလ်ချုပ်တယောက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အမွေအားလုံးကို ဆက်ခံထားသူဖြစ်တဲ့အပြင် လူတဦးချင်း အငုံ့စိတ်တွေ၊ ဒေါ်စု (အဓိကတော့ တပ်တွင်းအရိုးစွဲ နေတဲ့အမျိုးသမီးအထင်သေးစိတ်) နဲ့ယှဥ်ပြိုင်လိုစိတ်တွေ ၊ ဥာဏ်ပညာနုံနည်းမှုတွေ ပေါင်းထားတဲ့ အစုအဝေးတခုပါပဲ။ အဲဒီနေရာကို ဘယ်သူထိုင်ထိုင် ဒီအတိုင်းဖြစ်ဖို့များပါတယ်။ ဒီလိုလူသိုက်တွေကို ပြောင်းလဲလာဖို့က မဖြစ်နိုင်ပါဘူး။ စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်။ ဒီရက်ပိုင်း TNLA ထုတ်ပြန်ချက်ကိုကြည့်ပါ။ ဒီရက်ပိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း မကွေးတိုင်းထဲကို ထိုးဖောက်လာနေတဲ့ တိုက်ပွဲတွေကိုကြည့်ပါ။ ဝက်လက်နားကတိုက်ပွဲ ပဲခူးရိုးမအရှေ့ခြမ်း အနောက်ခြမ်းက တိုက်ပွဲတွေကိုကြည့်ပါ။ အမြန်လမ်းကိုရောက်လာတဲ့တိုက်ပွဲတွေကိုကြည့်ပါ။ အဲဒါတွေကနေဖြစ်ပေါ်တိုးပွားလာမယ့် ဖြစ်နိုင်ခြေတွေကို ခန်မှန်းကြည့်ပါ။ နှစ် ၇၀ အတွင်း မမျှော်မှန်းနိုင်ခဲ့တာတွေဆိုတာတွေ့ရပါလိမ့်မယ်။ စစ်တိုက်တာမလွယ်ပါဘူး။ အတော်လေးသင်ယူပြီး အတော်အရင်းအနှီးပေးရတာပါ။ ခုတော့ သင်ယူတဲ့အဆင့်ကျော်ခဲ့ပါပြီ။ လက်တွေ့ကျင့်သုံးနေကြပြီဆိုတာ ထင်ရှားနေပါတယ်။ ဒီအချိန်မှာ ဝေတေဝါးတား အာရုံထွေပြားစေတဲ့ အရာတွေလျော့ချပြီး လက်တွေ့ကျကျသုံးသပ်ကြဖို့ပဲလိုပါတယ်။ လမ်းကြောင်းတွေက ရှင်းပြီးသားပါ။ EAO ခေါင်းဆောင်များရော NUG ယာယီသမ္မတ ကပါ အလွန်ရှင်းလင်းတဲ့ လမ်းကြောင်းတွေ ချပြထားပြီးဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးသမားတွေအတွက်လည်း ပင်မလမ်းကြောင်းကြီးနဲ့ မလွဲချော်တဲ့( စိတ်ပါရင် ) လုပ်စရာတွေရှိပါတယ်။ ကိုယ်ဖာကိုယ်တော့ ကြံကြရမှာပါ။ တနိုင်ငံလုံး ဒီလိုပဲ ကိုယ်လုပ်နိုင်တာလုပ်ပြီး သွားနေကြတာပါပဲ။ လမ်းတူမှ လူချင်းဆုံမှာပါ။ လမ်းမတူရင်လဲ ငြိမ်ငြိမ်လေးနေပေးခြင်းအားဖြင့် ကူညီနိုင်တာပါပဲ။ အဲလိုမဟုတ်ပဲ အနှောင့်အယှက်ဖြစ်လောက်အောင် ဆက်တိုးကြရင်တော့ စိတ်မကောင်းစရာဖြစ်မှာပါပဲ။

👍122❤16👏4🥰3💯1
PDF Insight
Video
“အချိန်တခုမှာ စစ်ကောင်စီ ပြိုကျတော့မယ်”
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို သတင်းထောက် ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခန်း ပြုလုပ်ထားတဲ့ ရုပ်သံကို ကူးယူဖော်ပြလိုက်ပါတယ်။
Credit - U Khin Maung Soe သတင်းစာမျက်နှာ

❤97👍27🥰4👏3😁3
Media is too big
VIEW IN TELEGRAM
''တာဝတိံသာ နတ်ရွာလော နတ်ရွာလော ''
ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာ ရေးသားထားတဲ့ ''မြင်စိုင်းရွှေပြည်'' ကာချင်းနဲ့အတူ သမိုင်းဝင် အထင်ကရ မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်တဲ့ ဆင်သမိုင်း နဲ့ကျော်ကြားတဲ့မြို့ကို ပြည်တော်ဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်၊ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ.....
ကျောက်ဆည်ခရိုင်တပ်ရင်း - ၃ ရဲ့ ခွန်အားတက်စရာ စစ်ချီရုပ်သံကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။
#PDF
#ကျောက်ဆည်ခရိုင်တပ်ရင်း၃
#ကျောက်ဆည်ဗျူဟာ

👍103❤55🥰9🔥3🫡3😁2
PDF Insight
Photo
PDF များ လမ်းပိုင်းစိုးမိုးမှု နဲ့ ရန်သူ အရာရှိများဖမ်းဆီးခံရခြင်း
…………………………….
ပြည်သူ့ခုခံတော်လှန်စစ်အရှိန် ရလာတာနဲ့အမျှ လမ်းပိုင်းတော်တော်များများတွေကို ပြည်သူ့ကာကွယ် ရေးတပ်မတော် နဲ့ ဒေသခံတပ်တွေ စိုးမိုးသိမ်းပိုက်လာပါတယ်။ ဒီအထဲမှာ အမြန်လမ်းပိုင်းမှာပါ စစ်ကောင်စီ အရာရှိတွေကို လျှပ်တပြတ် စစ်ဆေးဖမ်းဆီးရရှိမှုတွေပါဝင်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေသခံတော်လှန်ရေးတပ်တစ်ခုဖြစ်တဲ့ Aung San's Land Natmauk က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘ ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရမိ ညွှန်ကြားရေးမှူး ရွှေဘရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေး လုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို စစ်ကောင်စီထံ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ခဲ့တာ တွေ့ရှိရပါတယ်။ အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာလဲ မိုင်တိုင် ၂၆၂ အနီးမှာ ထောက်ပို့တပ်က တပ်ကြပ် (၁) ဦး၊ ပျူစောထီး (၁) ဦး နဲ့ ကပစ စစ်သား (၁) ဦးကို ဖမ်းမိခဲ့ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာလဲ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၈) မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDF က စစ်ဆေးခဲ့ပါတယ်။ ၂၀၂၅ ခုနစ်၊ ဇန်နဝါရီလမှာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီး၊ နတ်မောက်-ပျော်ဘွယ် လမ်းပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့က လက်ထောက် ညွှန်ကြားရေးမှူးသန်းထွန်းကို ဖမ်းမိခဲ့ပါတယ်။
အထက်ပါ ဖြစ်စဉ်တွေကို ကြည့်ရင် နိုင်ငံရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်း ဒေသ မှာပါ တော်လှန်ရေး အင်အားစုတွေ ကင်းလှည့်ပြီး ရန်သူ့ ထောက်တိုင် အရာရှိကြီးတွေ၊ စစ်သားတွေ နဲ့ ပျူစောထီးတွေကိုပါ ဖမ်းဆီးရမိလာတာကို တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၄ ခုနစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာမှာလဲ မန္တလေး-ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ ရထားလမ်း၊ မန္တလေး-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-ထားဝယ်-ကော့သောင်းလမ်း၊ ပဲခူး-မြဝတီလမ်း၊ မုံရွာ-တမူး လမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-တောင်ကုတ်လမ်း အစိတ်အပိုင်းတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါ ဖြစ်ပေါ်တိုးတက်မှုတွေဟာ မဟာဗျူဟာလမ်းမကြီးတွေပေါ်မှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားကင်းလှည့်လာနိုင်တာက စိုးမိုးနယ်မြေ ကျယ်ပြန့်လာတာကို ဖော်ပြပြီး ရန်သူ့ နယ်မြေ ကျဉ်းမြောင်းလာတာကို ပြသပါတယ်။ ရှေ့လာမယ့် ကာလတွေမှာ မဟာဗျူဟာလမ်းမကြီးတွေ နဲ့ လမ်းအများစု ကို စိုးမိုးနိုင်ရုံသာမကဘဲ ထိန်းချုပ်လာနိုင်တဲ့ အခြေအနေထိ ရှိနေပါတယ်။

❤78👍48🥰7🫡3👏1
PDF Insight
Photo
နိုင်ငံကို အုပ်ချုပ်ရန် မစွမ်းဆောင်နိုင်တော့တဲ့ စစ်တပ် သို့မဟုတ် တပ်မတော် အမည်မခံထိုက်သူများ
…………………………………………………….
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ ကိုယ့်ကိုယ်ကိုယ် တပ်မတော်တို့ အမည်ခံနေသေးပေမယ့် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ အလုံးအရင်း လိုက် လက်နက်ချမှု၊ စစ်တိုင်းဌာနချုပ် နဲ့ တပ်ရင်း တပ်ဌာနချုပ် အမြောက်အများရှုံးဆုံးမှု၊ မြို့ နဲ့ နယ်မြေ အများအပြား ဆုံးရှုံးမှု တွေကို ကြည့်ရင် စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်ဟာ နိုင်ငံကို တည်ငြိမ်အောင် အုပ်ချုပ်နိုင်ခြင်းမရှိ၊ စစ်တပ်ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဦးတည်ချက်ကို ထမ်းဆောင်နိုင်ခြင်းမရှိ၊ ဂုဏ်သိက္ခာလည်း မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။
နယ်မြေအနေနဲ့ကြည့်မယ်ဆိုရင် စစ်အုပ်ချုပ် ထိန်းချုပ်နိုင်တဲ့ မြို့နယ် (၁၀၇) ခု သာ ရှိတော့ပြီး တော်လှန်ရေး အင်အားစု အသီးသီးက စိုးမိုးအုပ်ချုပ်လျက်ရှိတဲ့ မြို့နယ် (၁၄၄) မြို့နယ်ထိ ရှိလာပါတယ်။ မြို့နယ်ပေါင်း (၇၉) မြို့နယ်မှာတော့ တော်လှန်စစ်ဖြစ်ပွားလျက်ရှိပြီး စစ်အုပ်စုရဲ့ စိုးမိုးမှု နဲ့ အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့ ပျက်စီးနေပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့အနေနဲ့ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့တို့ ရှိနေပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုး နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လောက်ကိုင် အပြင် စကစဌာနချုပ် (၅) ခု၊ အခြေစိုက်စစ်ဗျူဟာ (၆) ခု အပါအဝင် စုစုပေါင်း ဌာနချုပ်စခန်းပေါင်း (၁၇၃) ခု ကိုလဲ စစ်တပ်က လက်လွတ်ဆုံးရှံးရပြီး ဖြစ်ပါတယ်။ စစ်တိုင်းဌာနချုပ်တွေ နဲ့ အဓိက တိုက်ခိုက်ရေးတပ်တွေ၊ မဟာဗျူဟာ လှုပ်ရှားတပ်တွေဖြစ်တဲ့ စကခ ဌာနချုပ် တွေပါ သိမ်းယူခံနေရတဲ့ ဖြစ်စဉ်ကို ကြည့်ရင် စစ်တပ်ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းရည် သိသိသာသာ နိမ့်ကျသွားတာ မြင်သာပါတယ်။ ကျေးလတ်ဒေသ နဲ့ မြို့ငယ်တွေသာမကဘဲ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ကိုလဲ စစ်အုပ်စုက လုံခြုံအောင် ထိန်းနိုင်ခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုတွေရဲ့ ပုံမှန် တိုက်ခိုက်မှုကို ခံနေရပါတယ်။ စစ်အာဏာရှင်တွေဟာ ကျေးလတ်ဒေသရော၊ မြို့ပြဒေသကိုပါ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘူးပါဘူး။
စစ်တပ် အရာရှိကြီးတွေ ဖမ်းဆီး၊ သေဆုံး၊ ဒဏ်ရာရစာရင်းကို ကြည့်ရင် ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ထိ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် နဲ့ ဗိုလ်မှူးကြီး (၅၃) ဦး ထိရှိပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် ဟာ ၂၀၂၄ ခုနစ်၊ ဩဂုတ်လ (၃) ရက်နေ့မှာ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ မိုးမောက်မြို့နယ်၊ ကုန်းလောရွာ အနီး တိုက်ပွဲများမှာ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး ကို KIA ပူးပေါင်း တပ်ဖွဲ့က ၂၀၂၄ ခုနစ်၊ မတ်လ အတွင်း ချေမှုန်းနိုင်ခဲ့ပါတယ်။ မောင်တော နခခ (၅) စခန်းသိမ်းပိုက်မှု အတွင်း ဘူးသီးတောင် မြို့ အခြေစိုက် စကခ-၁၅ မှူး ဗိုလ်မှူးချူပ် သူရိန်ထွန်းကို အာရက္ခ တပ်တော်က ဖမ်းဆီးရရှိခဲ့ပါတယ်။ စကခ (၉) မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကိုလဲ ၂၀၂၄ ခုနစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ကျောက်တော်မြို့နယ် တိုက်ပွဲအတွင်း အာရက္ခ တပ်တော်က ဖမ်းဆီးရရှိခဲ့ပါတယ်။ မိုးကုတ် တိုက်ပွဲတွင်းမှာလဲ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်ဟာ အမိန့်မရဘဲ ဆက်သွယ်ခဲ့တဲ့အတွက် စစ်ခုံရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။ ကမမောင်း မြို့နားမှာလဲ စကခ (၈) မှူး စိုးမင်းလှိုင်ဟာ ၂၀၂၄ ခုနစ်၊ မေလ (၃) ရက်နေ့မှာ KNLA တပ်ဖွဲ့တွေ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အတွက် သေဆုံးခဲ့ပါတယ်။ ဒီစာရင်းဟာ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် တချို့ ချေမှုန်း၊ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တချို့သာဖြစ်ပြီး တပ်ရင်းမှူးတွေ ဖမ်းဆီးခံ၊ ချေမှုန်းခံရတဲ့ ဖြစ်စဉ်ပေါင်းများစွာ ရှိနေပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ DSA ဘယ်တော့မှ လက်နက်မချလို့ ကြွေးကြော်ခဲ့ကြပေမယ့်လည်း စစ်ခေါင်းဆောင်များစွာဟာ အခြေအနေပေးရင် ပေးသလို စစ်မြေပြင်မှာ လက်နက်ချလေ့ရှိတာကို အထက်ပါ ဖြစ်စဉ်တွေက ပြသနေပါတယ်။
၂၀၂၁ ခုနစ် မေလ ကနေ ၂၀၂၄ ခုနစ်၊ စက်တင်ဘာလ အတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ အရပ်သားပေါင်း ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လဲ UNOPS က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ် နဲ့ စစ်တပ်လိုလားတဲ့ အုပ်စုတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၆၀၀၀ ကျော် (၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အချက်အလက်) သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ အထက်ပါ အချက်အလက်တွေကို ကြည့်ရင်လဲ တိုင်းသူ၊ ပြည်သားတွေကို ရန်သူသဖွယ် ပြုမှုဆက်ဆံနေတာ စစ်အုပ်စုဆိုတာ သိသာထင်ရှားပါတယ်။

👍70❤7👏5💯3🔥1
PDF Insight
Photo
စစ်တပ်အနေနဲ့ နယ်မြေတည်မြဲရေး၊ ပြည်သူလူထု ကာကွယ်စောင့်ရှောက်ရေးတို့ကို ရည်မှန်းချက်ထားရှိတယ် ဆိုသော်လည်း နယ်မြေတွေ ဆုံးရှုံးအောင်၊ အရပ်သားတွေကို သေဆုံးအောင် အဓိက လုပ်ဆောင်နေတာ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ အဲဒီအတွက် စစ်တပ်ဟာ ဒီနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူး၊ တပ်မတော်အဖြစ် မခံယူထိုက်တော့ဘူးဆိုတာ ရှင်းလင်းနေပြီဖြစ်ပါတယ်။ တဘက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အရပ်သား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်လျက်ရှိသလို စစ်အုပ်စုလက်ထဲက မြို့ရွာတွေ နဲ့ နယ်မြေတွေကို တိုးချဲ့ သိမ်းယူလျက်ရှိပါတယ်။ တပ်မတော်သား အမည်မခံထိုက်သူတွေ အားနည်းသွားပြီး တပ်မတော်သား အမည်ခံထိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အားကောင်းလာတာနဲ့အမျှ နိုင်ငံတွင်း လွတ်လပ်မှု၊ တရားမျှတမှု နဲ့ အေးချမ်းမှုတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
👍102💯8❤6👏4😁1
PDF Insight
Photo
“ကိုယ့်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးကို တိုင်းတပါးက ချယ်လှယ်ဩဇာပေးတယ်ဆိုတာ တွေးကြည့်ရင် အင်မတန်နှလုံးနာဖို့ ကောင်းပါတယ်။ ကိုယ့်အုပ်စုအာဏာမြဲပြီးရော ဘယ်သူ့ကျွန်ခံရခံရ ခံမယ်ဆိုတာ စစ်အုပ်စုရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့ တိုင်းပြည်က စစ်အုပ်စုမရှိမှ အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ။”
ဦးရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ

❤112👍42💯10🥰4🫡2