PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
44👍8🥰3
PDF Insight
Photo
တပျော်တပါးဆင်နွှဲ အားကစားပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ မိမိတို့တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီအားကစားပြိုင်ပွဲမှာ ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စတဲ့ ကစားနည်းများ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့်အတူ ဒေသခံပြည်သူများပါ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ဗလာမပါ ကံစမ်းမဲနှိုက်ကြရာမှာ အမြင့်ဆုံးမဲဖြစ်တဲ့ ဆိုင်ကယ် ၁ စီးအား ဒေသခံပြည်သူမှ မဲပေါက်ခဲ့တယ်လို့လည်း သိရပါတယ်။

#PDFInsight
🥰5125👍19👏2🤩1
👍46💯7👏2
PDF Insight
Photo
မပြီးခင် ကမ္ဘာမမြင်​စေနဲ့

ကျွန်​တော်တို့ရဲ့ကမ္ဘာကြီးဟာ အလွန်စိုးရိမ်တတ်တဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ မြန်မာ့အ​ရေးအတွက် တ​လျောက်လုံး စိုးရိမ်​ကြောင်း​ပြောလာတာ ၄နှစ်​လောက်ရှိလာပြီမဟုတ်ပါလား။ ရှုံးနိမ့်ရင် စိုးရိမ်သလို အောင်မြင်မှုရလာရင်လဲ ​နောက်တဆင့် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်ပြန်​ရော။ ကြေညာချက်​လေးထုတ်လိုက်ရင်လဲ စိုးရိမ်ကြသလို ကြေညာချက်ရဲ့ နောက်ဆက်တွဲဖြစ်လာမှာ​တွေအတွက်လဲ စိုးရိမ်ကြပြန်​ရော။မြန်မာ့နိုင်ငံ​ရေးမှာ ထဲထဲဝင်ဝင်​ရှေ့တန်းက တိုက်ပွဲဆင်​နေတဲ့ တိုင်းရင်းသားတပ်​တော်များ​ရော NUG ပါ အကဲဆတ်လှတဲ့နိုင်ငံ​ရေး ပတ်ဝန်းကျင်​တွေကြားမှာ လှုပ်ရှားရုန်းကန်​နေကြရတာကို မေ့​နေကြပုံရပါတယ်။အများစုနိုင်ငံ​ရေးအကဲခတ်ဆိုသူများ ဆောင်းပါးရှင်များ သု​တေသီများဟာ အ​နောက်အုပ်စုဝင်နိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးအ​ခြေ​နေအ​တော်​ကောင်း​နေတဲ့ နိုင်ငံ​တွေက​နေ ဝေဖန်သုံးသပ်​နေကြတာပဲများပါတယ်။ ကုလ​အေဂျင်စီတချို့ကိုယ်တိုင် မြေပြင်အ​ခြေ​နေ​တွေ​ကောင်းစွာမသိတာ သို့မဟုတ် အကျိုးစီးပွားတခုဘက်ကိုပါသွားတာ​တွေ​ တွေ့ကြရတာပါ။ ဒီရက်ပိုင်းမှာပဲ နစ်ကီ​အေးရှားရီဗျူးမှာ EAO တချို့ထုတ်ပြန်တဲ့ ကြေညာချက်​တွေနဲ့ပတ်သက်လို့ အထင်​တွေ ရမ်းခန့်မှန်းတာ​တွေ့ရတယ်။ ကုလသမဂ္ဂ ကိုယ်တိုင်က ရခိုင်မှာ အာရက္ခတပ်​တော်​ အောင်ပွဲခံ​နေတဲ့ အ​နေအထားကို ကောင်း​ကောင်း သ​ဘော​ပေါက်ပုံမရတာ​တွေ့ရတယ်။ ချင်းညီ​နောင်က ဆလိုင်း​ရောမန်ရဲ့ အင်တာဗျူးမှာပြည်တွင်းပြည်ပက ဒီလို​ပြောဆိုမှု​တွေကို ရယ်ချင်မိ​ကြောင်း​ပြောသွားတာရှိတယ်။ အဲ့လိုအင်တာဗျူး​တွေကို အင်္ဂလိပ်လို ပြန်လွှင့်ကြရင်​ကောင်းမှာပဲလို့​တောင် စဥ်းစားမိတယ်။ တကယ့်အ​ခြေအ​နေက ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲ။

ဒီတ​လော ယာယီသမ္မတက အ​ရေးကြီး မိန့်ခွန်း​တွေ​ပြော​နေတာလည်း ကမ္ဘာကြီးကသိပုံမရပါဘူး။ တော်လှန်​ရေးအတွက် ဒီလိုအ​ရေးကြီးကာလမှာ တာဝန်ရှိသူ​တွေပြည်​တော်ပြန်ကြဖို့​ပြောတာ။ နိုင်ငံတကာမှာ ​ဆောင်ရွက်ချက်​တွေ လုံ​လောက်ပြီ၊ လိုတာထက်ပို​နေပြီ ဆိုတာမျိုး ၊ ခု​နောက်ဆုံး အစိုးရအဖွဲ့မှာ တကယ်စွမ်း​ဆောင်နိုင်သူ​တွေကို ပါဝင်​စေဖို့ အသင့်ရှိ​ကြောင်း အပါအဝင် အ​တော်များများ အချိန်ကိုက်​ပြောဆိုလာတာ​ တွေ့ကြရမှာပါ။အချိန်ကိုက်လို့ဆိုရတာက ဒီအချိန်မတိုင်ခင်​ပြောရင် ဘာမှ ထူးခြားလာမှာမဟုတ်ဖူးဆိုတာ နားလည်​စေချင်လို့ပါပဲ။အခု EAO များရဲ့ ရည်မှန်းချက်များ ပြည့်လုပြည့်ခင်ဖြစ်လာတဲ့အ​ခြေအ​နေပါ။ ဒီအချိန်ဟာ နိုင်ငံ​ရေးအရ နောက်တဆင့်တက်ရမယ့်အချိန်ပါ။ဒါက အလွန်အ​ရေးကြီးပါတယ်။ ဒီအ​ခြေအ​နေကို ကိုယ့်အတွင်းပိုင်းမှာ​ရော၊ အောင်ပွဲရ EAO များထဲမှာ​ရော ပြည်သူများထဲမှာပါ သတိပြုမိကြဖို့ ယာယီသမ္မတက ဆော်အော​နေတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်​ရေးအစိုးရက​နေ နောက်တဆင့်တက်ကြရမှာပါ။ အ​ခေါ်အ​ဝေါ်အားဖြင့် မည်သို့ခေါ်သည်ဖြစ်​စေ EAO တွေနဲ့ မြေပြင်မှာတကယ်လုပ်​ဆောင်​နေသူ​တွေ ပါဝင်တဲ့ အစိုးရမျိုးဖြစ်ပါလိမ့်မယ်။ တော်လှန်​ရေးတရပ်မှာ သီအိုရီအရမှန်ကန်ဖို့လိုသလို လက်​တွေ့ပြီး​မြောက်​အောင်​ဆောင်ရွက်နိုင်မှုက အလွန်အ​ရေးကြီးတာပါ။ အဲဒီတာဝန်ကို တကယ့်လက်​တွေ့ထဲက သူ​တွေကပဲ ပိုပြီး ထမ်း​ဆောင်နိုင်မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် တရုတ်နဲ့ဆက်ဆံ​ရေးဆိုရင် တိုင်းရင်းသားအဖွဲ့​တွေက ပိုသိ​ကြောင်း သူတို့ဆီက အင်ဒီ​ကေတာ​တွေ ယူရ​ကြောင်း NUG နိုင်ငံခြား​ရေးဝန်ကြီး​ပြောတာကြားလိုက်မိပါတယ်။ တရုတ်သံရုံးထုတ်ပြန်ချက်​တွေ​အောက်က ကွန်မန့်​တွေကို ထူးထူးခြားခြား ပြန်​ဖြေထားတာလဲ ဒီတ​လောမှာ​တွေ့ရတယ်။ ကျောက်ဖြူမှာ တရုတ်တပ် ၅၀၀ လောက်​ရောက်​နေပြီဆိုတာကို သတင်းတုပါလို့​ဖြေထားတာဖြစ်တယ်။ အမှန်က​တော့ NLD အစိုးရလက်ထက်မှာလဲ တရုတ်ဆန့်ကျင်​ရေး အ​နောက်အုပ်စုနဲ့ ပစ်ခတ်​ပေါင်းဖက်​ရေး​ လော်ကြတဲ့ အုပ်စု​တွေရှိပါတယ်။ နာမည်ကြီးတဖွဲ့ဆိုရင် အ​မေရိကန်လိုမဖြစ်လို့​တောင် စိတ်ဆိုး​နေတဲ့ပုံမျိုးပါပဲ။ သူတို့ကလဲ NED fun ယူထား​တော့ ဒီလိုင်းပဲဖြစ်မှာ​ပေါ့​လေ။ USAID က ဒေါ်လာ ၂သန်း​လောက်သုံးရင် ဒေါ်လာတ​သောင်းတန် ဂရန့်အခု ၂၀၀ လောက်ဆို​တော့ အင်မတန် ဝင်​ကောက်လို့​ကောင်းတဲ့ ဇီးသီးဘန်းကြီး​ပေါ့။ အခု​တောင် ဘာမှန်းညာမှန်းမသိ ငွေ​ဆောင်သ​ဘောတူညီချက် ဆိုတာမျိုး ထွက်လာ​သေးတယ်မဟုတ်လား။ ဒါ​ပေမယ့်အ​ရေးကြီးတာက အစိုးရတရပ်ဟာ အဲလိုဟာ​တွေ​နောက် သံ​ယောင်မလိုက်ပဲ အ​ခြေ​နေကို လက်​တွေ့ကျကျ ရှုမြင်သုံးသပ် လုပ်ကိုင်ဖို့ဆိုတာပါပဲ။ အ​မေရိကန်လိုနိုင်ငံကြီးဆိုပိုဆိုးတာ​ပေါ့။ နိုင်ငံ​ရေးစီးပွား​ရေး ဘက်​ပေါင်းစုံက အမြင်မျိုးစုံ ပလူပျံ​နေ​အောင်ရှိကြတာပါပဲ။ဒါ​ပေမယ့် အစိုးရတာဝန်ရှိသူဆိုတာ လူ့အခွင့်အ​ရေး​တွေ ဒီမိုကရေစီ​တွေ ဘာဘာညာညာ​တွေထက် ဘက်သ​ဘော​ဆောင်တာ​တွေ၊ လက်​တွေ့အကျိုးစီးပွားဆိုင်ရာ​တွေ၊ ပထဝီနိုင်ငံ​ရေး​တွေကို ဦးစား​ပေးကြရတာပါပဲ။
👍706👏3
PDF Insight
Photo
မြန်မာလိုနိုင်ငံငယ်​တွေ အဖို့ကျ​တော့ အမြင်​တွေက အမြင်သီးသန့်လာ​နေတာမဟုတ်ဖူး၊ ဘက်လိုက်မှု​တွေ အကျိုးစီးပွား​တွေ​ တိမ်းညွှတ်မှု​တွေက နောက်ကွယ်ကပါ​နေတဲ့အတွက် ပကတိဖြစ်ရပ်ကို ပကတိအတိုင်းမြင်ဖို့ အကန့်အသတ်​တွေအများကြီး ဖြစ်လာတာဖြစ်တယ်။ ကိုယ်သွား​နေတဲ့လမ်း​ကြောင်းဟာ ကိုယ့်အကန့်အသတ်​ဘောင်ထဲကပဲဖြစ်လို့ ကမ္ဘာသိ​အောင်ရှင်းပြ​နေလို့မရပါဘူး။ ဝေဖန်​ရေးသမား​တွေ အစိုးရိမ်ကြီးသူ​တွေအတွက်လဲ အ​ဖြေ​တွေ အဆင်သင့်ရှိမ​နေပါဘူး။ မပြီးခင်အ​ခြေအ​​နေဟာ မပြီးခင်အတိုင်းပဲရှိပါလိမ့်မယ်။ သိုသိုသိပ်သိပ်ပဲရှိ​နေမှာပါ။ နောက်ဆုံး​အောင်ပွဲရပြီဆိုရင် ဆီးရီးယားကို ဘယ်လို ဆက်ဆံလာကြသလဲဆိုတာပဲကြည့်လိုက်ပါ။ဒါတောင် ထုံးစံအတိုင်း စိန်​ခေါ်မှုတို့ စိုးရိမ်တာတို့က ရှိနေပါ​သေးတယ်။အဲဒါ​ကြောင့်မပြီးခင်ဗမာမမြင်​စေနဲ့ဆိုတာအပြင် မပြီးခင် ကမ္ဘာကပါမမြင်ရင်ပို​ကောင်းမလားလို့ ထင်မိပါတယ်။ ဒါမှပဲ ဝေဝါး​စေတဲ့အရာ​တွေ ၊ အစအန​တွေဆွဲထုတ်ပြီး ရှုပ်​ထွေးသွား​စေတာ​တွေ နည်းသွား​စေကာ ကိုယ်သွားမယ့်လမ်းကို ဖြောင့်​ဖြောင့်တန်းတန်းသွားနိုင်မှာ ဖြစ်​ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍12120
👍224
PDF Insight
Photo
ကမ်းခြေစစ်ဆင်ရေး နှင့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း
………………………………………….

ပြည်တွင်းစစ်ကာလ တလျောက်မှာ ဧရာဝတီတိုင်းဟာ တော်လှန်တိုက်ခိုက်သူတို့အတွက် အချက်အခြာကျတဲ့ နယ်မြေတရပ်အဖြစ် တည်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ မြစ်ဝကျွန်းပေါ်တိုင်း (ဧရာဝတီတိုင်း) အရေးနိမ့်ပြီးတဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်တွေကို ခုခံတိုက်ခိုက်မှု မရှိသလောက်ဖြစ်ပွားပါတယ်။ ဒါပေမယ့် လက်ရှိ ပြည်သူ့ခုခံတော်လှန်စစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဧရာဝတီတိုင်းမှာ ပြန်လည်ပေါ်ထွက်လာပါတယ်။ အလားတူ ပင်လယ်ကမ်းရိုးတန်း နဲ့ ထိစပ်နေတဲ့ ကျန်တိုင်းတတိုင်းကတော့ တနင်္သာရီတိုင်းပဲ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဟာ အိမ်နီးချင်းနိုင်ငံနဲ့ ထိစပ်နေသလို၊ ကျွန်းစုတွေ အမြောက်အများတည်ရှိပြီး ပြောက်ကျားလှုပ်ရှားမှုအတွက် ရေခံမြေခံကောင်းတွေ ရှိနေပါတယ်။ လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေဟာ တနင်္သာရီတိုင်းမှာ ပြောက်ကျားလှုပ်ရှားမှုဟာမကဘဲ မြို့ပြဒေသတွေ၊ အဓိက လမ်းမကြီးတွေကိုပါ စိုးမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။ ကမ်းခြေ ဒေသရှိတဲ့ တိုင်း (၂) တိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်း နဲ့ တနင်္ဿာရီတိုင်းမှာ ခိုင်မာတဲ့ လွတ်မြောက်နယ်မြေ ထူထောင်နိုင်ရင် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစုအားလုံး အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိမှာ ဖြစ်ပါတယ်။ ခုခံတိုက်ခိုက်လို့ကောင်းတဲ့ နယ်မြေဖြစ်သလို၊ တော်လှန်ရေး ကုန်ထုတ်လုပ်ငန်း၊ နိုင်ငံတကာ ဆက်သွယ်မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ဆောင်နိုင်ပြီး လူထု ထိခိုက်မှု နှိုင်းရအားဖြင့် နည်းပါးစွာတဲ့ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

အရေးပါလှတဲ့ ဧရာဝတီတိုင်းစစ်မျက်နှာအတွက် “တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)” ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာ အဆင့်ဆင့် နဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)က ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြေကို ထိုးဖောက်ရေး အတွက် မဟာမိတ် ERO များနဲ့ တည်ဆောက် တိုက်ပွဲဝင်နေတယ်လို့လဲ ပါရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) အောက်မှာ အမှတ် (၂၉) ဗျူဟာ (AYA PDF) ကိုလဲ ဖွဲ့စည်းထားရှိတယ်လို့ လူမှုကွန်ယက်သတင်းတွေ အရ သိရပါတယ်။ လက်ရှိကာလမှာ ရခိုင်ဒေသ က အာရက္ခ တပ်တော် ရဲ့ ထိုးစစ်ဟာ ရခိုင်-ဧရာဝတီ နယ်စပ်ထိကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) ဖွဲ့စည်းထားရှိမှု၊ အမှတ် (၂၉) ဗျူဟာ ထားရှိမှု သတင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ရခိုင်ဒေသက အာရက္ခတပ်တော် ရဲ့ ထိုးစစ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေရဲ့ ဧရာဝတီတိုင်းတွင်း ခုခံတိုက်ခိုက်မှုတွေ ပေါင်းစပ်သွားမယ်ဆိုရင် စစ်တပ်အတွက် လုံခြုံတဲ့ နောက်တန်း နယ်မြေ တခု ကင်းမဲ့သွားမှာဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းအောက်ပိုင်းတချို့ နယ်မြေ၊ ရှမ်းတောင်ဒေသ တချို့ မှာသာ စစ်တပ် အနေနဲ့ နှိုင်းရအားဖြင့် လုံခြုံစွာ တည်ရှိနေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာသာ ခုခံတိုက်ခိုက်မှု အခြေအနေ အကြီးအကျယ်ပေါ်ထွက်လာရင် လုံခြုံတဲ့ နောက်တန်း နေရာတခု ကို စစ်အုပ်စု ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။

တနင်္ဿာရီတိုင်းကို ကြည့်ရင်လည်း လောင်းလုံမြို့နယ်က ကျောက်နီမော်စခန်း၊ တနင်္သာရီ-မောတောင် နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်း၊ ရေဖြူမြို့နယ်၊ ရေကန်တောင် မိုက်ခရိုဝေ့ခ် စစ်စခန်း၊ တနင်္သာရီ မြို့တော် ထားဝယ်မြို့ပေါ်၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ဆင်ဆိတ်ရပ်ကွက် စတဲ့ ကျေးလတ် နဲ့ မြို့ပေါ်နေရာတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက စစ်အုပ်စုကို ချေမှုန်းတိုက်ခိုက်နေပါတယ်။

စစ်မဟာဗျူဟာအရ အရေးကြီးလှတဲ့ ဧရာဝတီတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ခုခံမှု အရှိန်မြှင့်လာချိန်၊ အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဧရာဝတီတိုင်းနားထိ ရောက်လာချိန်မှာ “ကမ်းခြေစစ်ဆင်ရေး” ဖော်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနစ်၊ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ကမ်းခြေဒေသ တိုင်း (၂) တိုင်းမှာပါ စစ်အာဏာရှင်တွေဟာ ပြင်းထန်ခုခံတိုက်ခိုက်မှုတွေ ရင်ဆိုင်လာရတော့မှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍11811🥰8🫡2
44👍9👏2
PDF Insight
Photo
မြေပြန့်ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးလုပ်ဆောင်လာနိုင်တဲ့ PDF
…………………………….
အညာဒေသနဲ့မြေလတ်ဒေသတွေမှာ နယ်မြေသိမ်းပိုက်လာတာတွေ၊ စိုးမိုးနယ်မြေပိုမိုများပြားလာတာတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တပ်တွေရဲ့ တိုက်စွမ်းရည် ပိုမိုကောင်းမွန်လာတာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၃နှစ်ကျော် အတွင်း PDF တပ်တွေရဲ့ စနစ်တကျစုဖွဲ့မှု၊လေ့ကျင့်မှု၊ အမိန့်နာခံမှုတွေနဲ့ တပ်ရင်း၊ တပ်ဖွဲ့ အချင်းချင်း ချိတ်ဆက် တိုက်ခိုက်တာတွေ ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။ ယခင်တော်လှန်ရေးအစ ကာလတွေက PDF တပ်တွေဟာ ပြောက်ကျားတိုက်ပွဲတွေသာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တပ်စိတ်အဆင့်၊ တပ်စု အဆင့်ချေမှုန်းရေးတွေ နဲ့ စခန်းငယ်လေးတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရန်သူ့စစ်ကြောင်းကို စစ်ကြောင်းလိုက်ချေမှုန်း တိုက်ခိုက်တာတွေကို နေရာ၊ဒေသ တော်တော်များများ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတွေမှာ ရန်သူ့စစ်ကြောင်းလိုက်ချေမှုန်းရေး စုစုပေါင်း (၃) ကြိမ်ကို PDF တပ်တွေ နဲ့ ပကဖတွေ ရရှိထားပါတယ်။

🔺 ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးမှာ အင်အား (၁၀၀) ကျော်ပါ စကစတပ် စစ်ကြောင်းကို PDFတပ်တွေက ဩဂုတ်လ (၂၄) ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။စကစတပ်ဖွဲ့ဝင် အရာရှိ (၅) ဦး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦး နဲ့ ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် (၂၀) ကျော် သေဆုံးကာ စစ်သုံ့ပန်း (၁၀) ဦး ရရှိခဲ့ပါတယ်။လက်နက်ကြီး(၂)၊လက်နက်ငယ်(၂၈)လက်၊ကျည် (၂၃၆၁)၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ပါတယ်။
🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ စကစတပ်ဖွဲ့ဝင် (၃၃) ဦး သေဆုံး(အလောင်းရ) ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီး (၂) ဦးပါ စစ်သုံ့ပန်း (၄၃) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့‌ပါတယ်။
🔺 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ မှာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ မှတ်ထိရွာနားမှာ ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦး ပါ စစ်ကြောင်းကို PDF နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်ရာ ရန်သူ့စစ်ကြောင်းတခုလုံး နီးပါး ချေမှုန်းခံခဲ့ရပါတယ်။ ရန်သူ့ထံက လက်နက်ငယ် (၅၁) လက်၊ လက်နက်ကြီး (၃) လက်၊ ကျည်မျိုးစုံ (၃၀၀၀) ကျော် နဲ့ Jammer စက် (၁) လုံး သိမ်းစည်းရရှိခဲ့ပါတယ်။

အထက်ပါ စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ် (၃) ခု ကို ကြည့်ရင် ပဲခူးရိုးမ လက်ပံတန်းမြို့နယ်၊ ဘုတလင်မြို့နယ် နဲ့ ဝက်လက် မြို့နယ်တို့မှာ ပြီးခဲ့တဲ့ (၅)လတာကာလ အပိုင်းအခြားအတွင်းမှာ ဖြစ်ပွားခဲ့တာ သိနိုင်ပါတယ်။ စစ်ကိုင်းအထက်ပိုင်း အညာနယ်မြေမှာသာမကဘဲ ရန်သူ့ တပ်ရင်း၊ တပ်မ အခြေစိုက်စခန်းများစွာ နဲ့ လမ်းပန်းဆက်သွယ်ရေးလွန်စွာကောင်းမွန်တဲ့ ပဲခူးရိုးမ ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးတွေကို PDF နဲ့ ပကဖ တွေလုပ်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။ အင်အားရာချီပါဝင်တဲ့ စစ်ကြောင်းတွေကို ချေမှုန်းလာနိုင်မှု ဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ မြေပြန့်ဒေသတွင်းမှာ ရာချီ အင်အားပါတဲ့ စစ်ကြောင်း ဆယ်ဂဏန်းတချို့သာ ချေမှုန်းနိုင်မယ်ဆိုရင် စစ်အုပ်စုအနေနဲ့ မြေပြန့်ဒေသပေါ် နှောင့်ယှက်နိုင်မှု တော်တော်ချိနဲ့သွားမှာဖြစ်ပါတယ်။ တဘက်မှာလဲ PDF တွေနဲ့ ပကဖ တွေ စုစုစည်းစည်းတိုက်ခိုက်နိုင်မှု၊ အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်မှု၊ စစ်ရေးစွမ်းရည်ထက်မြက်လာမှုတွေကို စစ်ကြောင်းချေမှုန်းရေး တိုက်ပွဲတွေက ပြသနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍11829👏6🥰5🫡1
👍4018🥰4🫡2