PDF Insight
Photo
တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်
…………………………..
ခရစ်စမတ်ပြီးပြီဆိုတော့ မကြာမီ ရက်ပိုင်းအတွင်း ၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်တယ်။ ဒီကာလမျိုးမှာ နှစ်တနှစ်အတွင်း ဘယ်နိုင်ငံတွေမှာ ဘာတွေတိုးတက်ခဲ့သလဲ။ ဘယ်နိုင်ငံတွေက ဆုတ်ယုတ်သွားတာလဲ စသဖြင့် ကမ္ဘာ့မီဒီယာတွေမှာ သုံးသပ်ချက်တွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ထူးထူးခြားခြားအပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံအချို့ထဲမှာ ဘင်္ဂလားဒေ့ရှ် နဲ့ ဆီးရီးယားတို့ကို ထိပ်ဆုံးမှာတွေ့ရတာဖြစ်တယ်။ အာဏာရှင်နဲ့ လူတဦးထဲရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေကနေ ရုတ်တရက် အလျင်အမြန်ပြောင်းလဲ တိုးတက်သွားတဲ့ အခြေနေမျိုးတွေကြောင့် ဒီနှစ်နိုင်ငံဟာ စာရင်းရဲ့ ထိပ်မှာရောက်သွားခဲ့တာပါ။ မြန်မာကတော့ အောက်ကနေ စရေရင် ထိပ်ဆုံးနဲ့ ထိပ်ဆုံးနားမှာချည်းပဲဆိုတာ တွေ့ရမှာပါ။ မူးယစ်ဆေးဝါးနဲ့ ဘိန်းထုတ်လုပ်မှုမှာ အများဆုံး၊ လူသားချင်းစာနာမှု အထောက်အကူအလိုအပ်ဆုံးနိုင်ငံတွေထဲမှာ ထိပ်နားကပါနေတာ။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ၊ အလုပ်အကိုင်ရှားပါးမှု နဲ့ စစ်မှုထမ်းဖို့အတင်းအကြပ်ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ပြည်ပထွက်ပြေးတိမ်းရှောင်ရသူ အများဆုံး၊ ကျားဖြန့်နဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် ရေခံမြေခံအကောင်းဆုံး ၊ ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေနိုင်မှု အများဆုံးရှိနေတဲ့နိုင်ငံ စသဖြင့် မကောင်းဆုံးအရာတွေမှာထိပ်ဆုံးကရှိနေတာတွေ့ကြရမှပါ။ ဒါတွေက အရင်အစိုးရလက်ထက်မှာမရှိခဲ့ပဲ အခု ဂျပုနဲ့ အပေါင်းအပါများလက်ထက်မှာမှ ဖြစ်ထွန်းလာတာတွေပါ။ အခုတော့ မအလကိုယ်တိုင်လဲ အာရှမှာ ပထမဆုံး ICC ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းခံရသူဖြစ်လာပါပြီ။ မကြာခင် ဖမ်းဝရမ်း တကယ်ထွက်လာတော့မှာပါ။ ဒါဆိုရင် မကောင်းတဲ့ အခြင်းအရာတွေမှာ ထိပ်ဆုံးက နံပတ်တစ်စွဲအောင်လုပ်ခဲ့တဲ့ လူသိုက်ရဲ့ ခေါင်းဆောင်ဖြစ်သူအတွက် လူမှန် နေရာမှန် ရောက်လာတယ်လို့ပဲဆိုရမှာပါ။
ပြည်ပမီဒီယာတွေမှာ များများစားစားဖော်ပြတာ မရှိပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းဟာ ဘက်ပေါင်းစုံမှာ ပျက်စီးဆုတ်ယုတ်သွားနေတာကို ဒီ ၄ နှစ်လောက်ကာလအတွင်းမှာ အထင်အရှားတွေ့မြင်ကြရတာပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ၊ အခြား ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ၊ သယ်ယူပို့ဆောင်ရေး ခရီးသွားလာရေးကဏ္ဍ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ပျက်စီးယိုယွင်းလာတာပါ။ ဥပမာတခုပြောရရင် အစားအသောက်နဲ့ဆေးဝါး ထိန်းချုပ်ရေးဌာနတွေမှာ ကျွမ်းကျင်သူတွေ စေတနာနဲ့အလုပ်လုပ်သူတွေထွက်ကုန်တာကြောင့် ဘာစစ်ဆေးမှုမှမရှိတော့တာပါ။ အစားအသောက်တွေမှာ ဖော်မယ်လင်တွေ ယင်မနားဆေးတွေနဲ့ အခြားဓါတုဆေးဝါးတွေ အလွန်အကျွံ သုံးလာတာကြောင့် ကင်ဆာနဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ အများအပြားဖြစ်လာကြတာပါ။ ဆောက်လုပ်ရေးဆိုရင် စည်ပင်ကိုသာ ပိုက်ဆံပေးလိုက်ရင် မောင့်သဘော ကြိုက်သလို ဆောက်ပေတော့ပဲ။ အဲတော့ဒါတွေက မအလအာဏာတည်မြဲရေးနဲ့စာရင် ပြသနာအသေးအမွှားလေးတွေဆိုတော့ သူတို့သိမှာမဟုတ်သလို သူတို့သိရင်လဲ အာဏာငန်းဖမ်းနေလို့ ဘာမှ ဂရုစိုက်မှာမဟုတ်ပါဘူး။

👍63❤11🥰2👏1
PDF Insight
Photo
ဒီကာလတွေအတွင်း အားတက်စရာကတော့ တိုင်းရင်းသားပေါင်းစုံရော မြေပြန့်နေ လူများစုဗမာတွေကပါ စစ်တပ်ကို တက်ညီလက်ညီ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့တာ အတော်ခရီးရောက်လာတဲ့ အချက်ပါပဲ။ နွေဦးတော်လှန်ရေးဟာ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ကစလို့ တဟုန်ထိုးပြောင်းလဲတိုးတက်လာတာဖြစ်တယ်။ ဒီနောက် ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေ၊ နောက် ကချင်မြေက နယ်မြေသိမ်းတိုက်ပွဲတွေ၊ ချင်းပြည်နယ်ကမြို့သိမ်း တိုက်ပွဲတွေ နဲ့ တောင်ပိုင်းတိုင်း မှန်မှန်ကြီး တိုးတက်လာနေတဲ့ စစ်ဆင်ရေးတွေ စသဖြင့် မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေ ရရှိလာတာဖြစ်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူလောက်ပဲကျန်တော့တာပါ။ ချင်းပြည်နယ်တခုလုံးမှာ နယ်မြေ ၈ ၅ ရာခိုင်နှုန်း လောက် သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့ပြီး ချင်းတောင်ပိုင်းက စကစ ကင်းစင်နယ်မြေဖြစ်လာပါပြီ။ ကချင်မှာလည်း တရုတ်နယ်စပ်တခုလုံးနဲ့ ဖားကန့်ရဲ့ ၉၀ ရာခိုင်နှုန်း ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်စပ်ကြားဧရိယာတွေအကုန်လုံးလောက်ရရှိထားတာပါ။ အညာဒေသရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေ သိသိသာသာတိုးတက်လာတာဖြစ်ပြီး မကြာခင် တိုက်ပွဲကြီးတွေမြင်လာရစရာရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဂွမြို့ကိုသိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းအတွင်း မအလတို့ ခံစစ်ပြင် ပြာယာခပ်နေတာဖြစ်တယ်။ တရုတ်ရန်ကိုကြောက်လို့ မဆလ လက်ထက်ကတည်းက လက်နက်စက်ရုံတွေကို ဧရာဝတီအနောက်ခြမ်းမှာ အများစု တည်ဆောက်ခဲ့ကြတာ ခုတော့ မကြာခင် AA သိမ်းပိုက်တာခံရတော့မယ့် သဘောရှိနေတာပါ။ BBC World Service ကထုတ်ပြန်သွားတဲ့ သတင်းတပုဒ်မှာ မအလတပ်ဟာ တိုင်းပြည်ရဲ့ ၂၁ ရာခိုင်နှုန်း ကိုပဲချုပ်ကိုင်ထားနိုင်တော့တယ် ဆိုတာကို မြေပုံနဲ့တကွဖော်ပြသွားတာပါ။ တော်လှန်ရေးတပ်တွေက မအလထက် နယ်မြေ နှစ်ဆပိုပြီး ချုပ်ကိုင်ထားနိုင်တာပါ။ စကစရဲ့ခံစစ်သေဗျူဟာကို ဘယ်လိုရိုက်ချိုးရမယ်ဆိုတာ တော်လှန်ရေးတပ်တွေ ကောင်းကောင်းသဘောပေါက်ထားပြီးပါပြီ။ ဒီအခြေအနေက ဖြစ်ချင်တော့ မအလတပ်ရဲ့ ညှိကွပ်နေရာကို စစ်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့ အနားပြာကျော်စွာလင်းကို ပေးလိုက်တာနဲ့ ကွက်တိဖြစ်နေပါတယ်။ အမှန်တော့ မအလတို့မျိုးဆက်မှာ စစ်ရေးအတွေ့အကြုံများသူ စစ်ရေးမှာနာမည်ရှိသူက မရှိသလောက်ပါပဲ။ ကျော်စွာလင်းကတော့ စီနီယာတွေကို ကျော်တင်ခဲ့တာဖြစ်လို့ တပ်တွင်းမကျေနပ်မှုတွေရှိနေတယ်လို့ ဆိုတာဖြစ်တယ်။ အရင်က တိုက်ခိုက်ရေးမှာ အားကိုးရတဲ့ တပ်သက် ၁၅နှစ်ကနေ နှစ်၂၀ကျော်ရှိတဲ့ တပ်ကြပ်ကြီးတွေ အရာခံဗိုလ်တွေလဲ တဝက်ကျော်လောက် ပြုတ်သွားပြီဖြစ်လို့ အတင်းအကြပ်စုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ပဲ ဟန်လုပ်ပြီးတိုက်နေတာပါ။ ဘယ်လောက်အထိဟန်လုပ်သလဲဆိုရင် ရခိုင်ပြည်နယ်တခုလုံးနီးပါးသိမ်းထားပြီဖြစ်တဲ့ AA ကို လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပါဆိုတဲ့အထိ ကယောင်ကတန်းတွေ ပြောလာတာဖြစ်တယ်။ အဲတော့ မြန်မာ့နိုင်ငံရေးဟာ ၂၀၂၅ ထဲမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ အဲ့လိုအဆုံးအဖြတ်ဖြစ်အောင် မဟာမိတ်အင်အားစုများအားလုံးအနေနဲ့ မြန်မာတနိုင်ငံလုံး စစ်ကောင်စီ ကင်းစင်အမြစ်ပြုတ်သွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သံဓိဌာန်ချကြရမှာဖြစ်တယ်။ ဒါဟာ တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်ဖြစ်ရမှာပါ။ မအလအတွက်ကတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်ဖို့က အလားအလာအတော်နည်းနေပြီလို့ပဲ ဆိုရမှာပါ၊ သမတဦးဝင်းမြင့်ဆီက အတင်းလုယူထားတဲ့ သမ္မတ စလွယ်ကို အိမ်မှာပဲ ဝတ်ပြီး အရူးထလို့ရမယ်။ လက်တွေ့မှာတော့ အဲဒီအချိန်မတိုင်ခင် အပြောင်းအလဲတွေဖြစ်ဖို့ ရာနှုန်းက အတော်များနေပါပြီ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight

👍128❤24🥰7🫡1
၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေ ဘာလုပ်နိုင်ခဲ့လဲ ?
ပြီးခဲ့တဲ့ နှစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေအနေနဲ့ ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲဆိုတာကို အနှစ်ချုပ်ပြီး ဒီရုပ်သံမှာ ဖော်ပြလိုက်ပါတယ်။ https://fb.watch/wQ-8c3Vik5/?
ဒီလိုအောင်မြင်မှုတွေဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူတွေနဲ့အတူ လက်တွဲညီညီစွမ်းဆောင်နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရှေ့ဆက်ရင်းနဲ့ ခိုင်မြဲတဲ့ သစ္စာနဲ့အတူ မကြာတော့တဲ့ အနာဂတ်မှာ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
အားလုံး ဘေးအန္တရာယ်ကင်းကွာပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။

❤74👍33🥰8👏5
မြန်မာ့နွေဦးနဲ့ အိမ်နီးချင်းများရဲ့ အရေးပါမှု
၂၀၂၄ ကတော့ကုန်ဆုံးသွားပါပြီ။ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးနဲ့ပတ်သက်တာ၊ ရန်သူ့အခြေအနေနဲ့ပတ်သက်တာ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး လူမှုရေးတွေနဲ့ပတ်သက်တာ၊ မြန်မာရဲ့ နိုင်ငံတကာဆက်ဆံရေးတွေနဲ့ပတ်သက်တာတွေကို ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ နိုင်ငံရေးအကဲခတ်များရဲ့ ဝေဖန်သုံးသပ်ချက်တွေ အများအပြား ကြားသိခဲ့ကြရပါတယ်။ အများစုရဲ့ ရှုမြင်ချက်တွေမှာ တော်လှန်ရေးနဲ့ပတ်သက်လို့ အကောင်းမြင်တာ၊ ရှေ့အလားအလာကောင်းတွေ တွေ့မြင်တာတွေကို ပြောကြတာဖြစ်တယ်။ နိုင်ငံတကာအကူအညီ လုံးဝမရခဲ့ပဲ ရှေ့ဆက်နိုင် အောင်ပွဲတွေခံနိုင်ခဲ့တဲ့ တော်လှန်ရေးဟာ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းသတင်းတခုမှာ အမေရိကန်ရဲ့ ယူကရိန်းကို ကူညီထောက်ပံ့မှုဟာဒေါ်လာ ၆၅ ဘီလီယံ ရှိတယ်လို့ဆိုတာပါ။ သမ္မတဘိုင်ဒင်က သူ့သက်တမ်းမကုန်မီ ဒေါ်လာဘီလီယံနဲ့ချီတဲ့ အကူအညီတွေထပ်ပေးအုံးမှာပါ။ မြန်မာနဲ့ပတ်သက်ရင်တော့ ဘားမားအက် အရသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၃၆ သန်းဆိုတာတောင် သမ္မတထရမ့်တက်လာရင် ထပ်ပြီး ဖြတ်တောက်အုံးမလားလို့ စိုးရိမ်နေရတဲ့အခြေအနေပါ။ ဒီအကူအညီဆိုတာမှာလည်း တရုတ်အမြင်မမှားရေးအတွက် စစ်ရေးနဲ့ပတ်သက်တာတွေ ပါမသွားအောင် လုံခြုံရေးဌာနတွေက USAID အဖွဲ့ကို အနီးကပ် ကြည့်ကြပ်နေသေးတာလို့ဆိုတယ်။ နောက်ပြီး ဒီအကူအညီဆိုတာတွေက တော်လှန်ရေးအဖွဲ့အစည်းတွေလက်ထဲ ထည့်ပေးတာမဟုတ်ပဲ သူတို့ယုံကြည်စိတ်ချတဲ့ အေဂျင်စီတွေကတဆင့် သွားတာဆိုတော့ ဘယ်ကိစ္စ ဘယ်နေရာမှာ ဘယ်လောက်သုံးလိုက်မှန်းတောင် ရှင်းရှင်းလင်းလင်းသိကြရတာမဟုတ်ပါဘူး။
တကယ်တော့ တော်လှန်ရေးတရပ်မှာနိုင်ငံတကာရဲ့ ကူညီမှု အားပေးထောက်ခံမှုက အရေးကြီးပါတယ်။ တဘက်ကပြန်ကြည့်ရင် နိုင်ငံတကာရဲ့ ဆန့်ကျင်မှု သို့မဟုတ် ဖျက်လိုဖျက်ဆီး လုပ်မှုရှိလာမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တာဖြစ်တယ်။ ဆီရီးယားတော်လှန်ရေးကိုပြန်ကြည့်ရင် ပထမသုံးနှစ်ကျော်အတွင်း တော်လှန်နေတဲ့ တပ်ပေါင်းစုံဟာ ဒမတ်စကပ်မြို့နားအထိ ချဥ်းကပ်နိုင်ခဲ့လောက်အောင် အောင်မြင်မှုတွေရခဲ့သေးတာဖြစ်တယ်။ အဲဒီအချိန်က အမေရိကန်ရဲ့ မပြတ်မသားလုပ်မှုတွေကို ရုရှားနဲ့ အီရန်တို့ကအခွင့်ကောင်းယူပြီး အင်တိုက်အားတိုက်ကူညီလိုက်ကြလို့ သူပုန်တွေသိမ်းထားတဲ့ အလက်ပိုမြို့ဟာ ၂၀၁၆ ခုနှစ်မှာ အာဆတ်လက်ကို ပြန်ရောက်သွားတာပါ။ ၂၀၂၀ မတိုင်ခင်လောက်ကစပြီး တော်လှန်ရေးက အေးခဲသလိုဖြစ်သွားခဲ့လို့ အာဆတ်ရဲ့တရားဝင်မှုက မြင့်တက်လာခဲ့ပါသေးတယ်။ အခု ယူကရိန်းအရေး၊ ဂါဇာ ဟစ်ဇဘိုလာအရေးတွေဖြစ်လာတော့မှ ရုရှားအီရန်အုပ်စု အားနည်းချိန်ကိုအခွင့်ကောင်းယူပြီး တိုက်ပွဲပြန်စလိုက်လို့အောင်ပွဲရတာဖြစ်ပါတယ်။

👍48🥰2
အဲတော့ လိုရင်းကိုပဲပြောရရင် မြန်မာ့အရေးမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်ပတ်သက်မှုက အနောက်အုပ်စုထက်ပို အရေးပါနေတာဖြစ်တယ်။ ဒီထဲမှာ တရုတ်ရဲ့ပတ်သက်မှုက သိသိသာသာဖြစ်လာတာပါ။ တရုတ်ဟာ စကစ ကိုလုံးဝ စိတ်မချတော့တာကြောင့် သူ့အကျိုးစီးပွားတွေကို သူတပ်နဲ့ သူပဲကာကွယ်တော့မယ်။ ပြီးရင် မြန်မာကို ၂၀၀၈ ပုံစံမျိုးပြန်သွားနိုင်အောင်လုပ်တာက ဒေသတွင်းလုံခြုံရေးပိုကောင်းမယ်လို့ အမြင်ရှိပုံရပါတယ်။ ဒါကြောင့်ပဲ မအလကို ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရအောင် အားပေးကူညီနေတာဖြစ်တယ်။ ရယ်စရာကောင်းတာကတော့ မြန်မာ့ရွေးကောက်ပွဲကို အားပေးကူညီမယ်ဆိုတဲ့ နိုင်ငံတွေအားလုံးက အာဏာရှင်နိုင်ငံတွေချည်းပါပဲ။ ရုရှား၊ ကမ္ဘောဒီးယား၊ ဘီလာရုစ် စတဲ့နိုင်ငံတွေအားလုံး အလိမ်အညာရွေးကောက်ပွဲတွေချည်း ပြုလုပ်ခဲ့ကြတာပါ။ တရုတ်ကိုယ်တိုင်ရွေးကောက်ပွဲဆိုတာကို ချင်မင်းဆက်ပြုတ်ကျအပြီး ၂၀၁၃ ခုနှစ်မှာ တခါပဲကျင်းပဖူးတာပါ။ အဲဒီတုန်းက သန်း ၄၀၀ ကျော်ရှိတဲ့ တရုတ်ပြည်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ မဲပေးခွင့်ရတာပါ။ အမျိုးသမီးမဲပေးခွင့်မရှိ၊ ပိုင်ဆိုင်မှုတစုံတရာရှိပြီး အတန်းပညာရှိသူမှ မဲပေးခွင့်ရတာ။ အာဏာရှိသူတွေက မဲရုံရှေ့မှာ သေနတ်တကားကားနဲ့ မဲပေးသူတွေကြောက်လန့်အောင် လုပ်တာတွေ ၊ မဲကိုငွေပေးပြီးဝယ်တာတွေ လုပ်ကြတယ်။ နည်းမျိုးစုံလုပ်တဲ့ကြားက မဲနိုင်သွားသူဆိုရင် ဘိန်းစားတယ်ဆိုတဲ့ စွဲချက်နဲ့ပြန်ဖြုတ်ချတယ်။ အဲတော့ ဒီမှာ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မသမာမှုတွေလောက်ကတော့ တရုတ်က ပျင်းသေးတယ်လို့ အောင့်မေ့မှာပါပဲ။ ရုရှားမှာတော့ ထင်ရှားတဲ့အတိုက်အခံမှန်သမျှလုပ်ကြံသတ်ဖြတ်တာခံရတာပါပဲ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အတိုက်အခံခေါင်းဆောင် နန်ဆော့ဟာ ကရင်မလင်အနီး မြို့လယ်ခေါင်မှာ သူ့ရည်းစားနဲ့လမ်းလျောက်သွားနေတုန်း ပစ်သတ်တာခံရတယ်။ ခုပြီးခဲ့တဲ့နှစ်လောက်ကပဲ အတိုက်အခံနာမည်ကြီးပုဂ္ဂိုလ် နာဗာညီဟာ ထောင်ထဲမှာ ဘာရောဂါမှမရှိပဲသေဆုံးသွားခဲ့တယ်။ သူဟာ ဒိအရင်ကလဲ ပူတင်ရဲ့ထောက်လှမ်းရေးတွေအဆိပ်ခတ်တာခံရလို သေမလိုဖြစ်ပြီး ဂျာမနီမှာ ဆေးသွားကုခဲ့ရပါသေးတယ်။ ကမ္ဘောဒီးယားကတော့ ၃၇ နှစ်လောက် ဟွန်ဆန် တယောက်ထဲ ကြီးစိုးခဲ့ပြီး အခုသူ့သားကိုလွှဲပေးထားတယ်။ သူကနောက်ကွယ်မှာရှိနေသေးတာဖြစ်တယ်။ ဘီလာရုကလဲ အလားတူပါပဲ။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းပြန်လှန်ပြီးအနိုင်ရအောင် လုပ်လိုက်တော့ ပြည်သူတွေဆန္ဒပြကြတယ်။ ဒီတော့အတိုက်အခံခေါင်းဆောင်ကို ထောင်ထဲထည့်လိုက်တယ်။ သူက ဟယ်လီကော်ပတာပေါ်ကနေ သေနတ်ပိုက်ပြီး ကြွက်တွေသောင်းကျန်းနေသေးလားဟေ့ ဆိုပြီး ဆန္ဒပြလူအုပ်ကို လှောင်ပြောင်ခဲ့သူပေါ့။ ဦးသိန်းစိန်လက်ထက်က မြန်မာကိုတောင် လာသွားပါသေးတယ်။ သူတော်ချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတာပေါ့။ အခု မအလလဲ ဘီလာရုစ်မှာတောင် အိမ်တလုံး ရထားတယ်လို့ သတင်းထွက်နေတာပါ။ အဲတော့ မအလလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကူညီမယ် ထောက်ခံတယ်ဆိုတဲ့ နိုင်ငံတွေက အဲလိုနိုင်ငံတွေချည်းပါပဲ။
အဲတော့ လက်တွေ့အခြေအနေတွေအရလဲ မအလရွေးကောက်ပွဲဟာ သူတို့ပြောသလို ၁၆၁ မြို့နယ် ကျင်းပနိုင်မှာမဟုတ်ပါဘူး။ တနိုင်ငံလုံးရဲ့ ၂၁ ရာခိုင်နှုန်း လောက်ပဲ ချုပ်ကိုင်ထားနိုင်တော့ ဘယ်လိုလုပ်ပြီး မဲဆန္ဒနယ် ၃၃၀ ရဲ့ တဝက် ၁၆၀ကျော် ကျင်းပနိုင်မလဲ။ နောက်ပြီး အခုဆက်သိမ်းပိုက်ခံရအုံးမယ့် နယ်မြေတွေ မြို့တွေ ရှိလာအုံးမှာဆိုတော့ ရန်ကုန်နဲ့ နေပြည်တော်လောက်ကျန်ရင်တောင် ကံကောင်းတယ်လို့ဆိုရမှာပါ။ မအလရဲ့ သမ္မတဖြစ်ရေးအိပ်မက်က စိတ်ကူးယဥ်သက်သက်ပဲဖြစ်မှာဖြစ်ပေမယ့် မိမိတို့ဘက်ကတော့ တော်လှန်ရေးအပေါ် ပြင်ပ စွက်ဖက်မှုတွေ နည်းနိုင်သမျှနည်းအောင် ပါးနပ်ကြဖို့တော့လိုတာဖြစ်ပါတယ်။ ကိုယ့်လိုလားချက်တောင်းဆိုချက် ပြည့်ရေးတခုထဲ စဥ်းစားတာထက် တဘက်ကစိုးရိမ်ချက်ဘာတွေလဲဆိုတာလေ့လာပြီး အဲဒီစိုးရိမ်ချက်တွေကို လျှော့ချပေးနိုင်ရမှာဖြစ်တယ်။ ဆီးရီးယားမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်မှု၊ မပါဝင်မှုတွေက အတော်အရေးပါခဲ့တာတွေ့ရမှာပါ။ ဒီမှာတော့ တရုတ်၊ ထိုင်းနဲ့အိန္ဒိယ တို့ပါပဲ။ မြန်မာရဲ့ အရှေ့ကြောက တရုတ်ပါဝင်ပတ်သက်လာမှုကြောင့် အခက်ကြုံရချိန်မှာ အနောက်ကြောက ရခိုင်နဲ့ ချင်းဒေသတွေက ပိုပြီး အားကောင်း ပိုပြီးအရေးပါလာတာဖြစ်တယ်။ အခု မြန်မာ့အရေးက အနောက်ကြော၊ အလယ်ကြောနဲ့ တောင်ဘက်က ဆန်တက်လာမယ့် ကရင်၊ ကရင်နီနဲ့ PDFတွေက အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်က အဆင့်တခုမြင့်တက်လာချိန်မှာ နောက်တဆင့်ကိုကူးဖို့ ပြင်ဆင်တာပါ။ ပြင်ပကအင်အားများကိုထည့်သွင်းစဥ်းစားပေးရတာတွေရှိလို့ ဒီလိုထုတ်ပြန်ကြရတာလို့ နားလည်ရမှာပါ။

👍54🥰4❤2
တော်လှန်ရေးက ရှေ့ကိုဆက်ချီတက်မှာပါ၊ ဒီရက်ပိုင်း ချင်းညီနောင်တပ်ဖွဲ့က တာဝန်ရှိသူ နှစ်ဦးရဲ့ သီးခြားစီတွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတွေကိုကြည့်ရင် ယနေ့ခေတ် လူငယ်ခေါင်းဆောင်များရဲ့ နိုင်ငံရေး၊ စစ်ရေး သိမြင်မှုတွေဟာ ပြည့်ဝ ထက်မြက်နေတာ တွေ့ကြရမှာပါ။ တတိုင်းပြည်လုံး စကစ ကင်းစင်မှသာ နယ်မြေတခုစီ စကစကင်းစင်မှု အာမခံချက်ရှိမှာဖြစ်တယ်။ ဒါက အခု နွေဦးတော်လှန်ရေးမှာ ပါဝင်သူတိုင်း နားလည်ထားတဲ့အရာပါပဲ။ မဟာမိတ်ကောင်းတွေ ရရှိဖို့ တော်လှန်ရေးကို ဟန်ချက်ညီ ဆင်နွှဲကြဖို့ဆိုတာတွေက ထူးပြီး သင်ယူရမယ့်အရာတွေမဟုတ်တော့ပါဘူး။ တဘက်မှာတော့ မအလတပ်ဟာ တဖြည်းဖြည်းပြိုကွဲပျက်စီးလာတဲ့ အခြေအနေပါ။ ထိပ်ဆုံးကလူတွေက ရာထူးအာဏာရမ္မက် ငယ်ထိပ်တက်နေလို့ အောက်ခြေတွေကို အသေခံခိုင်းနေတာပါ။ ဒီအခြေနေအတိုင်းကြာရှည် ဆက်သွားဖို့ခက်မှာပါ။ မအလ သမ္မတ စလွယ် မသိုင်းရခင် စပ်ကြားမှာ အပြောင်းအလဲတွေဖြစ်သွားနိုင်တာပါ၊ ဒီလိုဖြစ်အောင်လဲ သံဓိဌာန်ခိုင်မာစွာရှိထားကြရမှာပါ။
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
👍88❤18🥰1🏆1🫡1
PDF Insight
Photo
တပျော်တပါးဆင်နွှဲ အားကစားပွဲ
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ မိမိတို့တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအားကစားပြိုင်ပွဲမှာ ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စတဲ့ ကစားနည်းများ ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့်အတူ ဒေသခံပြည်သူများပါ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ဗလာမပါ ကံစမ်းမဲနှိုက်ကြရာမှာ အမြင့်ဆုံးမဲဖြစ်တဲ့ ဆိုင်ကယ် ၁ စီးအား ဒေသခံပြည်သူမှ မဲပေါက်ခဲ့တယ်လို့လည်း သိရပါတယ်။

🥰51❤25👍19👏2🤩1
PDF Insight
Photo
မပြီးခင် ကမ္ဘာမမြင်စေနဲ့
ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ အလွန်စိုးရိမ်တတ်တဲ့ ကမ္ဘာကြီးဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် တလျောက်လုံး စိုးရိမ်ကြောင်းပြောလာတာ ၄နှစ်လောက်ရှိလာပြီမဟုတ်ပါလား။ ရှုံးနိမ့်ရင် စိုးရိမ်သလို အောင်မြင်မှုရလာရင်လဲ နောက်တဆင့် ဘာဖြစ်မလဲဆိုပြီး စိုးရိမ်ပြန်ရော။ ကြေညာချက်လေးထုတ်လိုက်ရင်လဲ စိုးရိမ်ကြသလို ကြေညာချက်ရဲ့ နောက်ဆက်တွဲဖြစ်လာမှာတွေအတွက်လဲ စိုးရိမ်ကြပြန်ရော။မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ရှေ့တန်းက တိုက်ပွဲဆင်နေတဲ့ တိုင်းရင်းသားတပ်တော်များရော NUG ပါ အကဲဆတ်လှတဲ့နိုင်ငံရေး ပတ်ဝန်းကျင်တွေကြားမှာ လှုပ်ရှားရုန်းကန်နေကြရတာကို မေ့နေကြပုံရပါတယ်။အများစုနိုင်ငံရေးအကဲခတ်ဆိုသူများ ဆောင်းပါးရှင်များ သုတေသီများဟာ အနောက်အုပ်စုဝင်နိုင်ငံများနဲ့ ဖွံ့ဖြိုးပြီးအခြေနေအတော်ကောင်းနေတဲ့ နိုင်ငံတွေကနေ ဝေဖန်သုံးသပ်နေကြတာပဲများပါတယ်။ ကုလအေဂျင်စီတချို့ကိုယ်တိုင် မြေပြင်အခြေနေတွေကောင်းစွာမသိတာ သို့မဟုတ် အကျိုးစီးပွားတခုဘက်ကိုပါသွားတာတွေ တွေ့ကြရတာပါ။ ဒီရက်ပိုင်းမှာပဲ နစ်ကီအေးရှားရီဗျူးမှာ EAO တချို့ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ပတ်သက်လို့ အထင်တွေ ရမ်းခန့်မှန်းတာတွေ့ရတယ်။ ကုလသမဂ္ဂ ကိုယ်တိုင်က ရခိုင်မှာ အာရက္ခတပ်တော် အောင်ပွဲခံနေတဲ့ အနေအထားကို ကောင်းကောင်း သဘောပေါက်ပုံမရတာတွေ့ရတယ်။ ချင်းညီနောင်က ဆလိုင်းရောမန်ရဲ့ အင်တာဗျူးမှာပြည်တွင်းပြည်ပက ဒီလိုပြောဆိုမှုတွေကို ရယ်ချင်မိကြောင်းပြောသွားတာရှိတယ်။ အဲ့လိုအင်တာဗျူးတွေကို အင်္ဂလိပ်လို ပြန်လွှင့်ကြရင်ကောင်းမှာပဲလို့တောင် စဥ်းစားမိတယ်။ တကယ့်အခြေအနေက ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲ။
ဒီတလော ယာယီသမ္မတက အရေးကြီး မိန့်ခွန်းတွေပြောနေတာလည်း ကမ္ဘာကြီးကသိပုံမရပါဘူး။ တော်လှန်ရေးအတွက် ဒီလိုအရေးကြီးကာလမှာ တာဝန်ရှိသူတွေပြည်တော်ပြန်ကြဖို့ပြောတာ။ နိုင်ငံတကာမှာ ဆောင်ရွက်ချက်တွေ လုံလောက်ပြီ၊ လိုတာထက်ပိုနေပြီ ဆိုတာမျိုး ၊ ခုနောက်ဆုံး အစိုးရအဖွဲ့မှာ တကယ်စွမ်းဆောင်နိုင်သူတွေကို ပါဝင်စေဖို့ အသင့်ရှိကြောင်း အပါအဝင် အတော်များများ အချိန်ကိုက်ပြောဆိုလာတာ တွေ့ကြရမှာပါ။အချိန်ကိုက်လို့ဆိုရတာက ဒီအချိန်မတိုင်ခင်ပြောရင် ဘာမှ ထူးခြားလာမှာမဟုတ်ဖူးဆိုတာ နားလည်စေချင်လို့ပါပဲ။အခု EAO များရဲ့ ရည်မှန်းချက်များ ပြည့်လုပြည့်ခင်ဖြစ်လာတဲ့အခြေအနေပါ။ ဒီအချိန်ဟာ နိုင်ငံရေးအရ နောက်တဆင့်တက်ရမယ့်အချိန်ပါ။ဒါက အလွန်အရေးကြီးပါတယ်။ ဒီအခြေအနေကို ကိုယ့်အတွင်းပိုင်းမှာရော၊ အောင်ပွဲရ EAO များထဲမှာရော ပြည်သူများထဲမှာပါ သတိပြုမိကြဖို့ ယာယီသမ္မတက ဆော်အောနေတာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကနေ နောက်တဆင့်တက်ကြရမှာပါ။ အခေါ်အဝေါ်အားဖြင့် မည်သို့ခေါ်သည်ဖြစ်စေ EAO တွေနဲ့ မြေပြင်မှာတကယ်လုပ်ဆောင်နေသူတွေ ပါဝင်တဲ့ အစိုးရမျိုးဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးတရပ်မှာ သီအိုရီအရမှန်ကန်ဖို့လိုသလို လက်တွေ့ပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုက အလွန်အရေးကြီးတာပါ။ အဲဒီတာဝန်ကို တကယ့်လက်တွေ့ထဲက သူတွေကပဲ ပိုပြီး ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
ဥပမာအားဖြင့် တရုတ်နဲ့ဆက်ဆံရေးဆိုရင် တိုင်းရင်းသားအဖွဲ့တွေက ပိုသိကြောင်း သူတို့ဆီက အင်ဒီကေတာတွေ ယူရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြောတာကြားလိုက်မိပါတယ်။ တရုတ်သံရုံးထုတ်ပြန်ချက်တွေအောက်က ကွန်မန့်တွေကို ထူးထူးခြားခြား ပြန်ဖြေထားတာလဲ ဒီတလောမှာတွေ့ရတယ်။ ကျောက်ဖြူမှာ တရုတ်တပ် ၅၀၀ လောက်ရောက်နေပြီဆိုတာကို သတင်းတုပါလို့ဖြေထားတာဖြစ်တယ်။ အမှန်ကတော့ NLD အစိုးရလက်ထက်မှာလဲ တရုတ်ဆန့်ကျင်ရေး အနောက်အုပ်စုနဲ့ ပစ်ခတ်ပေါင်းဖက်ရေး လော်ကြတဲ့ အုပ်စုတွေရှိပါတယ်။ နာမည်ကြီးတဖွဲ့ဆိုရင် အမေရိကန်လိုမဖြစ်လို့တောင် စိတ်ဆိုးနေတဲ့ပုံမျိုးပါပဲ။ သူတို့ကလဲ NED fun ယူထားတော့ ဒီလိုင်းပဲဖြစ်မှာပေါ့လေ။ USAID က ဒေါ်လာ ၂သန်းလောက်သုံးရင် ဒေါ်လာတသောင်းတန် ဂရန့်အခု ၂၀၀ လောက်ဆိုတော့ အင်မတန် ဝင်ကောက်လို့ကောင်းတဲ့ ဇီးသီးဘန်းကြီးပေါ့။ အခုတောင် ဘာမှန်းညာမှန်းမသိ ငွေဆောင်သဘောတူညီချက် ဆိုတာမျိုး ထွက်လာသေးတယ်မဟုတ်လား။ ဒါပေမယ့်အရေးကြီးတာက အစိုးရတရပ်ဟာ အဲလိုဟာတွေနောက် သံယောင်မလိုက်ပဲ အခြေနေကို လက်တွေ့ကျကျ ရှုမြင်သုံးသပ် လုပ်ကိုင်ဖို့ဆိုတာပါပဲ။ အမေရိကန်လိုနိုင်ငံကြီးဆိုပိုဆိုးတာပေါ့။ နိုင်ငံရေးစီးပွားရေး ဘက်ပေါင်းစုံက အမြင်မျိုးစုံ ပလူပျံနေအောင်ရှိကြတာပါပဲ။ဒါပေမယ့် အစိုးရတာဝန်ရှိသူဆိုတာ လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ ဘာဘာညာညာတွေထက် ဘက်သဘောဆောင်တာတွေ၊ လက်တွေ့အကျိုးစီးပွားဆိုင်ရာတွေ၊ ပထဝီနိုင်ငံရေးတွေကို ဦးစားပေးကြရတာပါပဲ။

👍70❤6👏3
PDF Insight
Photo
မြန်မာလိုနိုင်ငံငယ်တွေ အဖို့ကျတော့ အမြင်တွေက အမြင်သီးသန့်လာနေတာမဟုတ်ဖူး၊ ဘက်လိုက်မှုတွေ အကျိုးစီးပွားတွေ တိမ်းညွှတ်မှုတွေက နောက်ကွယ်ကပါနေတဲ့အတွက် ပကတိဖြစ်ရပ်ကို ပကတိအတိုင်းမြင်ဖို့ အကန့်အသတ်တွေအများကြီး ဖြစ်လာတာဖြစ်တယ်။ ကိုယ်သွားနေတဲ့လမ်းကြောင်းဟာ ကိုယ့်အကန့်အသတ်ဘောင်ထဲကပဲဖြစ်လို့ ကမ္ဘာသိအောင်ရှင်းပြနေလို့မရပါဘူး။ ဝေဖန်ရေးသမားတွေ အစိုးရိမ်ကြီးသူတွေအတွက်လဲ အဖြေတွေ အဆင်သင့်ရှိမနေပါဘူး။ မပြီးခင်အခြေအနေဟာ မပြီးခင်အတိုင်းပဲရှိပါလိမ့်မယ်။ သိုသိုသိပ်သိပ်ပဲရှိနေမှာပါ။ နောက်ဆုံးအောင်ပွဲရပြီဆိုရင် ဆီးရီးယားကို ဘယ်လို ဆက်ဆံလာကြသလဲဆိုတာပဲကြည့်လိုက်ပါ။ဒါတောင် ထုံးစံအတိုင်း စိန်ခေါ်မှုတို့ စိုးရိမ်တာတို့က ရှိနေပါသေးတယ်။အဲဒါကြောင့်မပြီးခင်ဗမာမမြင်စေနဲ့ဆိုတာအပြင် မပြီးခင် ကမ္ဘာကပါမမြင်ရင်ပိုကောင်းမလားလို့ ထင်မိပါတယ်။ ဒါမှပဲ ဝေဝါးစေတဲ့အရာတွေ ၊ အစအနတွေဆွဲထုတ်ပြီး ရှုပ်ထွေးသွားစေတာတွေ နည်းသွားစေကာ ကိုယ်သွားမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်မှာ ဖြစ်ကြောင်းပါ။

👍121❤20