PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
ချွေးနှီးစာ နဲ့ တလရ သမားများ
……………………………

ရှေ့တန်းတစ်နေရာက ဘုန်းကြီးကျောင်းထဲခေတ္တရောက်ရင်း၊ နားရင်း ရေဆာတာနဲ့ ရေသောက်လိုက်တယ်။ ရာသီဥတုကပူတော့ တွင်းရေချိုလေးသောက်လိုက်ရတာ ရင်ထဲကိုအေးမြအမောပြေသွားစေတယ်။ အမောပြေတော့ ကျောင်းထဲလျှောက်ကြည့်ရင်း စာလေးကပ်ထားတာတွေ့လို့ဖတ်မိပြီး တုန်လှုပ်သွားမိတယ်။

"ငရဲမီး နဲ့ အဆိပ်သီး" တဲ့ စိတ်ဝင်တစားဖတ်ကြည့်မိတယ်။
"ဘုရားပစ္စည်း၊ ငရဲမီး သုံးနည်းအလွန်ခက်၊
သံဃာ့ပစ္စည်း၊ အဆိပ်သီး စားနည်းအလွန်ခက်၊
စားသုံးမိလျှင်၊ တနင်နင် သေလျှင်အလွန်ခက်" တဲ့။

ကျနော်စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ဘုရားပစ္စည်း၊ သံဃာ့ပစ္စည်းတွေဟာ အဲ့လိုဖြစ်ရတာလဲလို့။ ဘုရားတန်ခိုး၊ သံဃာ့တန်ခိုးနဲ့ သူ့အလိုလို ပေါ်ပေါက်လာတဲ့ ပစ္စည်းတွေမလို့လား။ တကယ်တော့ ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဓါတရားကြောင့် ဒါယကာ၊ ဒါယိကာမတွေက သူတို့ရဲ့ "ချွေးနှီးစာ"ထဲက လှူဒါန်းထားတဲ့ ပစ္စည်းတွေဖြစ်လို့ တန်ဘိုးကြီးတယ်လို့ ယူဆပါတယ်။

အဲ့ဒီနေရာမှာ ချွေးနှီးစာ ဆိုတဲ့စကားအဓိပ္ပါယ်ကို ကျနော်နားလည်သလို ဘာသာပြန်ရရင် မိမိတို့ ကာယ၊ဉာဏ်ဏအားနဲ့ နှဖူးကချွေး၊ ခြေမကျအောင် လုပ်ကိုင်လို့ရတဲ့ အရင်းအနှီးထဲကနေ အမွန်အမြတ်ထားလှူဒါန်းထားလို့ တန်ဘိုးရှိတယ်လို့ယူဆပါတယ်။

ဒါဆိုရင် ကျနော်တို့ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအဖွဲ့တွေ ပြည်သူ့ဆီမှာ နည်းမျိုးစုံနဲ့ အလှူခံနေကြတဲ့သူတွေရော ပြည်သူတွေလှူဒါန်းတဲ့ ချွေးနှီးစာတွေ သုံးစွဲ၊ စားသောက်နေကြသလား။ ပြည်သူလူထုကရော ကျနော်တို့တော်လှန်ရေးသမားတွေကို ဘာလို့လှူဒါန်းကြတာလဲ။ ဒီအချက်ကို ထိုင်ပြီး စဉ်စားကြည့်မိတယ်။

ကျနော်တို့ ပြည်သူတွေလှူဒါန်းတဲ့ ချွေးနှီးစာကို သစ္စာဆိုပြီး စားခဲ့ကြတယ်။ ပြည်သူကဘာလို့လှူတာလဲ။ ယုံကြည်မှု သဒ္ဓါရှိလို့။ ဘာကိုယုံကြည်တာလဲ။ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အပြီးတိုင်ချေမှုန်းနိုင်မယ် ယုံကြည်လို့။ သူတို့ကိုယ်စား အသက်ကိုပေးပြီးတိုက်နေတဲ့ တော်လှန်ရေးသမားတွေကို သဒ္ဓါလို့ လှူတယ်လို့ ကျနော်ယူဆပါတယ်။ ဒီနေရာမှာ ပြည်သူလှူဒါန်းတဲ့ အလှူတွေကို သစ္စာဆိုပြီး ကျနော်တို့ စားသုံး၊ သုံးစွဲကြပါတယ်။ တချို့ တလွဲအတွေးဝင်နေတာ ရှိပါတယ်။ ငါတို့က အသက်တောင်ပေးထားရတာ။ သူတို့က ဒီလောက်တော့ ပြန်လှူရမှာပေါ့တဲ့။ ဒါဆို ‌တော်လှန်ရေးကိုဘန်းပြ ပြီး ဆပ်ကြေးကောက်သလိုဖြစ်နေပြီ။
ငရဲမီး နဲ့ အဆိပ်သီးကို စားသလို ဖြစ်သွားပြီလို့ ထင်ပါတယ်။ ငါတို့က တော်လှန်ရေးအတွက် အသက်တောင် ပေးထားတယ်လို့ပြောလာရင် မေးစရာရှိတာက ဘယ်သူကအသက်ပေးလုပ်ခိုင်းတာလဲ ဆိုတာပဲ။

ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဘာသာအသက်ပေးလုပ်တာဖြစ်လို့ သူတို့က လှူရမယ်ဆိုတဲ့ အတွေးက မရှိသင့်ပါဘူး။ ကိုယ့်ယုံကြည်ချက်ကို ပြည်သူက သဒ္ဓါလို့လှူတာ။ ယုံကြည်ချက်က ဘာလဲ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်လို့၊ ငါတို့နိုင်တဲ့ ဘက်ကလှူမယ်ဆိုပြီး သူတို့မပြေလည်တဲ့ကြားက သူတို့ ချွေးနှီးစာကို လှူတာပါ။

ဒါကို ကျနော်တို့က ခိုင်မာတဲ့ သန္နိဌာန်နဲ့ ဒီတော်လှန်ရေး အောင်မြင်တဲ့အထိ မဖောက်မပြန် ပြည်သူနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆန္ဒနဲ့အညီ အောင်မြင်တဲ့အထိ ကြိုးစားသွားမယ်လို့ ကတိသစ္စာပြုကြတယ် ဆိုတာမမေ့သင့်ပါဘူး။
ဒါဆိုတော်လှန်ရေးအတွက် အသုံးပြုတာကလွဲပြီး ကိုယ့်ကိုယ်ကျိုးအတ္တအတွက်၊ မိသားစုအတွက်၊ ကိုယ့်ကိုယ်ကျိုးကို ကိုယ့်လူမျိုးစုဆိုတာ ဘန်းပြ၊ ဘယ်သူ့ကြောက်ရလို့ပါဆိုတာ ဘန်းပြပြီး မိမိကောင်းစားရေး၊ မိမိ မိသားစုကောင်းစားရေး အာဏာမသိမ်ခင်းတုန်းက ဆိုင်ကယ်အစုတ်၊ တော်လှန်ရေးထဲရောက်မှ ကားအကောင်းစားစီး၊ အတိုခါးကြားထိုး၊ ဇိမ်နဲ့နေ တော်လှန်ရေးအပေါ် လုပ်စား၊ စီးပွါးရှာ၊ တော်လှန်ဈေးကွက်စီးပွါးရေးလို လုပ်နေမယ်ဆိုရင် ပြည်သူရဲ့ "ချွေးနှီးစာ"ကို သစ္စာဆိုပြီး စားနေတဲ့ တော်လှန်ရေးသမားများဟာ တော်လှန်သစ္စာစူးပါတော့မယ်။ ပြည်သူအပေါ်ထားတဲ့ သစ္စာဟာ မစောင့်ထိန်းနိုင်ရက် ကျိန်စာအဖြစ်ပြောင်းပြီး ကျိန်စာ သင့်နေပါလိမ့်မယ်။

စကစဟာ စစ်မတိုက်တတ်တာ၊ မတိုက်ရဲတာ၊ လက်နက်မရှိလို့ တိုက်တိုင်းရှုံးနေတာမဟုတ်ပါဘူး။ ပြည်သူအပေါ် သစ္စာမစောင့်စည်းလို့ သစ္စာ ၂ ချက်စူးနေတာပါ။ ဒါကိုသင်ခန်းစာယူပြီး ပြည်သူရဲ့ ချွေးနှီးစာကို စားနေတဲ့ ကျနော်လည်း ငရဲမီးနဲ့ အဆိပ်သီးစားသလိုမဖြစ် ရအောင် ကိုယ့်ကိုကိုယ် ဆင်ချဉ်ရင်းနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိပြီး ကျဆုံးသွားတဲ့ရဲဘော်တွေရဲ့ ဆန္ဒအတိုင်း တော်လှန်ရေးပြီးဆုံးတဲ့အထိ အသက်ပေးသွားမယ်လို့ သစ္စာပြုလို့ မပြီးဆုံးသေးတဲ့တော်လှန်ရေးခရီးကြမ်း၊ ခရီးရှည်ကြီးကိုလျှောက်ဖို့ ဘုန်းကြီးကျောင်းထဲကထွက်ခဲ့ရင်း.............။

မြေပြင်တပ်မှူးတဦး
၆၊ ဒီဇင်ဘာ၊ ၂၀၂၄

#PDFInsight
👍14766🫡8🥰6👏2
👍266
PDF Insight
Photo
အမြန်လမ်းကို PDF စိုးမိုးခြင်း

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၇) နားက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄)၊ အမှတ် (၁၀) တပ်ရင်း၊ နဲ့ ရှာထူးဝေါ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ (၃) နာရီ အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှု ကြာချိန် (၁) နာရီ ကြာမြင့်ခဲ့ပြီး ရန်သူ့ စစ်ကူတွေ ရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ကြည့်ရင် အမြန်လမ်း ဒေသ ကိုပါ PDF နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိုးဖောက် တိုက်ခိုက်နိုင်လာတာ၊ တနိုင်ငံလုံးမှာ တလမ်းပဲ ရှိတဲ့ အမြန်လမ်း ဒေသ ကိုပါ စစ်အုပ်စု က ထိန်းချုပ်နိုင်ခြင်းမရှိတော့တာ တွေ့ရပါတယ်။ မကြာခင် ကာလမှာ အမြန်လမ်းဒေသတခုလုံးကိုပါ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်စိုးမိုးမှု တိုးတက်လာတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာ အမြန်လမ်းဒေသသာမကဘဲ နိုင်ငံတွင်းမှာရှိတဲ့ တခြား လမ်းပိုင်းတွေပေါ်မှာ စိုးမိုးထားမှု၊ တိုက်ခိုက်မှုတွေ တိုးပွားလာနေပါတယ်။ တပ်မ (၃၃) က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနားမှာ တိုက်ခိုက်မှု အတွင်း စစ်ကား (၁) စီး ပျက်စီးသွားပြီး ရန်သူ့တပ်သား (၅) ဦး ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မြင်းမူ မြို့နယ်၊ ချောင်းဦး မြို့နယ်၊ မုံရွာ မြို့နယ်တွေမှာလဲ ရန်သူ့ စစ်ကြောင်းကို အဆင့်ဆင့် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ရန်သူ့ စစ်သား (၈) ဦး သေဆုံးသွားခဲ့ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
115👍56👏11🥰3🫡3👎1
👏43👍114🥰4
PDF Insight
Photo
မင်းတပ်မြို့ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှိုင်းယှဉ်ချက်
~~~

CDF-Mindat ( သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန) သတင်း စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

#PDFInsight
👍6825👏3
"ပြည်သူတွေအနေနဲ့ (ပဲခူး) ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်"

သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦး

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
🥰74👍5927👏5🫡2
👍292🫡2
PDF Insight
Photo
တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်
…………………………..

ခရစ်စမတ်ပြီးပြီဆိုတော့ မကြာမီ ရက်ပိုင်းအတွင်း ၂၀၂၄ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်တယ်။ ဒီကာလမျိုးမှာ နှစ်တနှစ်အတွင်း ဘယ်နိုင်ငံတွေမှာ ဘာတွေတိုးတက်ခဲ့သလဲ။ ဘယ်နိုင်ငံတွေက ဆုတ်ယုတ်သွားတာလဲ စသဖြင့် ကမ္ဘာ့မီဒီယာတွေမှာ သုံးသပ်ချက်တွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ထူးထူးခြားခြားအပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံအချို့ထဲမှာ ဘင်္ဂလားဒေ့ရှ် နဲ့ ဆီးရီးယားတို့ကို ထိပ်ဆုံးမှာတွေ့ရတာဖြစ်တယ်။ အာဏာရှင်နဲ့ လူတဦးထဲရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေကနေ ရုတ်တရက် အလျင်အမြန်ပြောင်းလဲ တိုးတက်သွားတဲ့ အခြေနေမျိုးတွေကြောင့် ဒီနှစ်နိုင်ငံဟာ စာရင်းရဲ့ ထိပ်မှာရောက်သွားခဲ့တာပါ။ မြန်မာကတော့ အောက်ကနေ စရေရင် ထိပ်ဆုံးနဲ့ ထိပ်ဆုံးနားမှာချည်းပဲဆိုတာ တွေ့ရမှာပါ။ မူးယစ်ဆေးဝါးနဲ့ ဘိန်းထုတ်လုပ်မှုမှာ အများဆုံး၊ လူသားချင်းစာနာမှု အထောက်အကူအလိုအပ်ဆုံးနိုင်ငံတွေထဲမှာ ထိပ်နားကပါနေတာ။ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ၊ အလုပ်အကိုင်ရှားပါးမှု နဲ့ စစ်မှုထမ်းဖို့အတင်းအကြပ်ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် ပြည်ပထွက်ပြေးတိမ်းရှောင်ရသူ အများဆုံး၊ ကျားဖြန့်နဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် ရေခံမြေခံအကောင်းဆုံး ၊ ဒေသတွင်းနိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေနိုင်မှု အများဆုံးရှိနေတဲ့နိုင်ငံ စသဖြင့် မကောင်းဆုံးအရာတွေမှာထိပ်ဆုံးကရှိနေတာတွေ့ကြရမှပါ။ ဒါတွေက အရင်အစိုးရလက်ထက်မှာမရှိခဲ့ပဲ အခု ဂျပုနဲ့ အပေါင်းအပါများလက်ထက်မှာမှ ဖြစ်ထွန်းလာတာတွေပါ။ အခုတော့ မအလကိုယ်တိုင်လဲ အာရှမှာ ပထမဆုံး ICC ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းခံရသူဖြစ်လာပါပြီ။ မကြာခင် ဖမ်းဝရမ်း တကယ်ထွက်လာတော့မှာပါ။ ဒါဆိုရင် မကောင်းတဲ့ အခြင်းအရာတွေမှာ ထိပ်ဆုံးက နံပတ်တစ်စွဲအောင်လုပ်ခဲ့တဲ့ လူသိုက်ရဲ့ ခေါင်းဆောင်ဖြစ်သူအတွက် လူမှန် နေရာမှန် ရောက်လာတယ်လို့ပဲဆိုရမှာပါ။

ပြည်ပမီဒီယာတွေမှာ များများစားစားဖော်ပြတာ မရှိပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းဟာ ဘက်ပေါင်းစုံမှာ ပျက်စီးဆုတ်ယုတ်သွားနေတာကို ဒီ ၄ နှစ်လောက်ကာလအတွင်းမှာ အထင်အရှားတွေ့မြင်ကြရတာပါ။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ၊ အခြား ဆောက်လုပ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ၊ သယ်ယူပို့ဆောင်ရေး ခရီးသွားလာရေးကဏ္ဍ စသဖြင့် ကဏ္ဍပေါင်းစုံမှာ ပျက်စီးယိုယွင်းလာတာပါ။ ဥပမာတခုပြောရရင် အစားအသောက်နဲ့ဆေးဝါး ထိန်းချုပ်ရေးဌာနတွေမှာ ကျွမ်းကျင်သူတွေ စေတနာနဲ့အလုပ်လုပ်သူတွေထွက်ကုန်တာကြောင့် ဘာစစ်ဆေးမှုမှမရှိတော့တာပါ။ အစားအသောက်တွေမှာ ဖော်မယ်လင်တွေ ယင်မနားဆေးတွေနဲ့ အခြားဓါတုဆေးဝါးတွေ အလွန်အကျွံ သုံးလာတာကြောင့် ကင်ဆာနဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးစေတဲ့ ရောဂါတွေ အများအပြားဖြစ်လာကြတာပါ။ ဆောက်လုပ်ရေးဆိုရင် စည်ပင်ကိုသာ ပိုက်ဆံပေးလိုက်ရင် မောင့်သဘော ကြိုက်သလို ဆောက်ပေတော့ပဲ။ အဲတော့ဒါတွေက မအလအာဏာတည်မြဲရေးနဲ့စာရင် ပြသနာအသေးအမွှားလေးတွေဆိုတော့ သူတို့သိမှာမဟုတ်သလို သူတို့သိရင်လဲ အာဏာငန်းဖမ်းနေလို့ ဘာမှ ဂရုစိုက်မှာမဟုတ်ပါဘူး။
👍6311🥰2👏1
PDF Insight
Photo
ဒီကာလတွေအတွင်း အားတက်စရာကတော့ တိုင်းရင်းသားပေါင်းစုံရော မြေပြန့်နေ လူများစုဗမာတွေကပါ စစ်တပ်ကို တက်ညီလက်ညီ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့တာ အတော်ခရီးရောက်လာတဲ့ အချက်ပါပဲ။ နွေဦးတော်လှန်ရေးဟာ ပြီးခဲ့တဲ့နှစ် ဆယ်လပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ကစလို့ တဟုန်ထိုးပြောင်းလဲတိုးတက်လာတာဖြစ်တယ်။ ဒီနောက် ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေ၊ နောက် ကချင်မြေက နယ်မြေသိမ်းတိုက်ပွဲတွေ၊ ချင်းပြည်နယ်ကမြို့သိမ်း တိုက်ပွဲတွေ နဲ့ တောင်ပိုင်းတိုင်း မှန်မှန်ကြီး တိုးတက်လာနေတဲ့ စစ်ဆင်ရေးတွေ စသဖြင့် မြန်မာ့သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေ ရရှိလာတာဖြစ်တယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူလောက်ပဲကျန်တော့တာပါ။ ချင်းပြည်နယ်တခုလုံးမှာ နယ်မြေ ၈ ၅ ရာခိုင်နှုန်း လောက် သိမ်းပိုက်ထိန်းချုပ်လာနိုင်ခဲ့ပြီး ချင်းတောင်ပိုင်းက စကစ ကင်းစင်နယ်မြေဖြစ်လာပါပြီ။ ကချင်မှာလည်း တရုတ်နယ်စပ်တခုလုံးနဲ့ ဖားကန့်ရဲ့ ၉၀ ရာခိုင်နှုန်း ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်စပ်ကြားဧရိယာတွေအကုန်လုံးလောက်ရရှိထားတာပါ။ အညာဒေသရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေ သိသိသာသာတိုးတက်လာတာဖြစ်ပြီး မကြာခင် တိုက်ပွဲကြီးတွေမြင်လာရစရာရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဂွမြို့ကိုသိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းအတွင်း မအလတို့ ခံစစ်ပြင် ပြာယာခပ်နေတာဖြစ်တယ်။ တရုတ်ရန်ကိုကြောက်လို့ မဆလ လက်ထက်ကတည်းက လက်နက်စက်ရုံတွေကို ဧရာဝတီအနောက်ခြမ်းမှာ အများစု တည်ဆောက်ခဲ့ကြတာ ခုတော့ မကြာခင် AA သိမ်းပိုက်တာခံရတော့မယ့် သဘောရှိနေတာပါ။ BBC World Service ကထုတ်ပြန်သွားတဲ့ သတင်းတပုဒ်မှာ မအလတပ်ဟာ တိုင်းပြည်ရဲ့ ၂၁ ရာခိုင်နှုန်း ကိုပဲချုပ်ကိုင်ထားနိုင်တော့တယ် ဆိုတာကို မြေပုံနဲ့တကွဖော်ပြသွားတာပါ။ တော်လှန်ရေးတပ်တွေက မအလထက် နယ်မြေ နှစ်ဆပိုပြီး ချုပ်ကိုင်ထားနိုင်တာပါ။ စကစရဲ့ခံစစ်သေဗျူဟာကို ဘယ်လိုရိုက်ချိုးရမယ်ဆိုတာ တော်လှန်ရေးတပ်တွေ ကောင်းကောင်းသဘောပေါက်ထားပြီးပါပြီ။ ဒီအခြေအနေက ဖြစ်ချင်တော့ မအလတပ်ရဲ့ ညှိကွပ်နေရာကို စစ်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့ အနားပြာကျော်စွာလင်းကို ပေးလိုက်တာနဲ့ ကွက်တိဖြစ်နေပါတယ်။ အမှန်တော့ မအလတို့မျိုးဆက်မှာ စစ်ရေးအတွေ့အကြုံများသူ စစ်ရေးမှာနာမည်ရှိသူက မရှိသလောက်ပါပဲ။ ကျော်စွာလင်းကတော့ စီနီယာတွေကို ကျော်တင်ခဲ့တာဖြစ်လို့ တပ်တွင်းမကျေနပ်မှုတွေရှိနေတယ်လို့ ဆိုတာဖြစ်တယ်။ အရင်က တိုက်ခိုက်ရေးမှာ အားကိုးရတဲ့ တပ်သက် ၁၅နှစ်ကနေ နှစ်၂၀ကျော်ရှိတဲ့ တပ်ကြပ်ကြီးတွေ အရာခံဗိုလ်တွေလဲ တဝက်ကျော်လောက် ပြုတ်သွားပြီဖြစ်လို့ အတင်းအကြပ်စုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ပဲ ဟန်လုပ်ပြီးတိုက်နေတာပါ။ ဘယ်လောက်အထိဟန်လုပ်သလဲဆိုရင် ရခိုင်ပြည်နယ်တခုလုံးနီးပါးသိမ်းထားပြီဖြစ်တဲ့ AA ကို လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပါဆိုတဲ့အထိ ကယောင်ကတန်းတွေ ပြောလာတာဖြစ်တယ်။ အဲတော့ မြန်မာ့နိုင်ငံရေးဟာ ၂၀၂၅ ထဲမှာ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ အဲ့လိုအဆုံးအဖြတ်ဖြစ်အောင် မဟာမိတ်အင်အားစုများအားလုံးအနေနဲ့ မြန်မာတနိုင်ငံလုံး စစ်ကောင်စီ ကင်းစင်အမြစ်ပြုတ်သွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သံဓိဌာန်ချကြရမှာဖြစ်တယ်။ ဒါဟာ တော်လှန်ရေးအင်အားစုအားလုံးအတွက် နှစ်သစ်ကူးသံဓိဌာန်ဖြစ်ရမှာပါ။ မအလအတွက်ကတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ သမ္မတဖြစ်ဖို့က အလားအလာအတော်နည်းနေပြီလို့ပဲ ဆိုရမှာပါ၊ သမတဦးဝင်းမြင့်ဆီက အတင်းလုယူထားတဲ့ သမ္မတ စလွယ်ကို အိမ်မှာပဲ ဝတ်ပြီး အရူးထလို့ရမယ်။ လက်တွေ့မှာတော့ အဲဒီအချိန်မတိုင်ခင် အပြောင်းအလဲတွေဖြစ်ဖို့ ရာနှုန်းက အတော်များနေပါပြီ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍12824🥰7🫡1
၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေ ဘာလုပ်နိုင်ခဲ့လဲ ?

ပြီးခဲ့တဲ့ နှစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပကဖ တွေအနေနဲ့ ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲဆိုတာကို အနှစ်ချုပ်ပြီး ဒီရုပ်သံမှာ ဖော်ပြလိုက်ပါတယ်။ https://fb.watch/wQ-8c3Vik5/?

ဒီလိုအောင်မြင်မှုတွေဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူတွေနဲ့အတူ လက်တွဲညီညီစွမ်းဆောင်နိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုရှေ့ဆက်ရင်းနဲ့ ခိုင်မြဲတဲ့ သစ္စာနဲ့အတူ မကြာတော့တဲ့ အနာဂတ်မှာ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

အားလုံး ဘေးအန္တရာယ်ကင်းကွာပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။

#PDFInsight
74👍33🥰8👏5
👍26🥰1
မြန်မာ့နွေဦးနဲ့ အိမ်နီးချင်းများရဲ့ အရေးပါမှု

၂၀၂၄ ကတော့ကုန်ဆုံးသွားပါပြီ။ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးနဲ့ပတ်သက်တာ၊ ရန်သူ့အခြေအနေနဲ့ပတ်သက်တာ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး လူမှုရေးတွေနဲ့ပတ်သက်တာ၊ မြန်မာရဲ့ နိုင်ငံတကာဆက်ဆံရေးတွေနဲ့ပတ်သက်တာတွေကို ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ နိုင်ငံရေးအကဲခတ်များရဲ့ ဝေဖန်သုံးသပ်ချက်တွေ အများအပြား ကြားသိခဲ့ကြရပါတယ်။ အများစုရဲ့ ရှုမြင်ချက်တွေမှာ တော်လှန်ရေးနဲ့ပတ်သက်လို့ အကောင်းမြင်တာ၊ ရှေ့အလားအလာကောင်းတွေ တွေ့မြင်တာတွေကို ပြောကြတာဖြစ်တယ်။ နိုင်ငံတကာအကူအညီ လုံးဝမရခဲ့ပဲ ရှေ့ဆက်နိုင် အောင်ပွဲတွေခံနိုင်ခဲ့တဲ့ တော်လှန်ရေးဟာ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းသတင်းတခုမှာ အမေရိကန်ရဲ့ ယူကရိန်းကို ကူညီထောက်ပံ့မှုဟာဒေါ်လာ ၆၅ ဘီလီယံ ရှိတယ်လို့ဆိုတာပါ။ သမ္မတဘိုင်ဒင်က သူ့သက်တမ်းမကုန်မီ ဒေါ်လာဘီလီယံနဲ့ချီတဲ့ အကူအညီတွေထပ်ပေးအုံးမှာပါ။ မြန်မာနဲ့ပတ်သက်ရင်တော့ ဘားမားအက် အရသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၃၆ သန်းဆိုတာတောင် သမ္မတထရမ့်တက်လာရင် ထပ်ပြီး ဖြတ်တောက်အုံးမလားလို့ စိုးရိမ်နေရတဲ့အခြေအနေပါ။ ဒီအကူအညီဆိုတာမှာလည်း တရုတ်အမြင်မမှားရေးအတွက် စစ်ရေးနဲ့ပတ်သက်တာတွေ ပါမသွားအောင် လုံခြုံရေးဌာနတွေက USAID အဖွဲ့ကို အနီးကပ် ကြည့်ကြပ်နေသေးတာလို့ဆိုတယ်။ နောက်ပြီး ဒီအကူအညီဆိုတာတွေက တော်လှန်ရေးအဖွဲ့အစည်းတွေလက်ထဲ ထည့်ပေးတာမဟုတ်ပဲ သူတို့ယုံကြည်စိတ်ချတဲ့ အေဂျင်စီတွေကတဆင့် သွားတာဆိုတော့ ဘယ်ကိစ္စ ဘယ်နေရာမှာ ဘယ်လောက်သုံးလိုက်မှန်းတောင် ရှင်းရှင်းလင်းလင်းသိကြရတာမဟုတ်ပါဘူး။

တကယ်တော့ တော်လှန်ရေးတရပ်မှာနိုင်ငံတကာရဲ့ ကူညီမှု အားပေးထောက်ခံမှုက အရေးကြီးပါတယ်။ တဘက်ကပြန်ကြည့်ရင် နိုင်ငံတကာရဲ့ ဆန့်ကျင်မှု သို့မဟုတ် ဖျက်လိုဖျက်ဆီး လုပ်မှုရှိလာမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တာဖြစ်တယ်။ ဆီရီးယားတော်လှန်ရေးကိုပြန်ကြည့်ရင် ပထမသုံးနှစ်ကျော်အတွင်း တော်လှန်နေတဲ့ တပ်ပေါင်းစုံဟာ ဒမတ်စကပ်မြို့နားအထိ ချဥ်းကပ်နိုင်ခဲ့လောက်အောင် အောင်မြင်မှုတွေရခဲ့သေးတာဖြစ်တယ်။ အဲဒီအချိန်က အမေရိကန်ရဲ့ မပြတ်မသားလုပ်မှုတွေကို ရုရှားနဲ့ အီရန်တို့ကအခွင့်ကောင်းယူပြီး အင်တိုက်အားတိုက်ကူညီလိုက်ကြလို့ သူပုန်တွေသိမ်းထားတဲ့ အလက်ပိုမြို့ဟာ ၂၀၁၆ ခုနှစ်မှာ အာဆတ်လက်ကို ပြန်ရောက်သွားတာပါ။ ၂၀၂၀ မတိုင်ခင်လောက်ကစပြီး တော်လှန်ရေးက အေးခဲသလိုဖြစ်သွားခဲ့လို့ အာဆတ်ရဲ့တရားဝင်မှုက မြင့်တက်လာခဲ့ပါသေးတယ်။ အခု ယူကရိန်းအရေး၊ ဂါဇာ ဟစ်ဇဘိုလာအရေးတွေဖြစ်လာတော့မှ ရုရှားအီရန်အုပ်စု အားနည်းချိန်ကိုအခွင့်ကောင်းယူပြီး တိုက်ပွဲပြန်စလိုက်လို့အောင်ပွဲရတာဖြစ်ပါတယ်။
👍48🥰2
အဲတော့ လိုရင်းကိုပဲပြောရရင် မြန်မာ့အရေးမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်ပတ်သက်မှုက အနောက်အုပ်စုထက်ပို အရေးပါနေတာဖြစ်တယ်။ ဒီထဲမှာ တရုတ်ရဲ့ပတ်သက်မှုက သိသိသာသာဖြစ်လာတာပါ။ တရုတ်ဟာ စကစ ကိုလုံးဝ စိတ်မချတော့တာကြောင့် သူ့အကျိုးစီးပွားတွေကို သူတပ်နဲ့ သူပဲကာကွယ်တော့မယ်။ ပြီးရင် မြန်မာကို ၂၀၀၈ ပုံစံမျိုးပြန်သွားနိုင်အောင်လုပ်တာက ဒေသတွင်းလုံခြုံရေးပိုကောင်းမယ်လို့ အမြင်ရှိပုံရပါတယ်။ ဒါကြောင့်ပဲ မအလကို ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရအောင် အားပေးကူညီနေတာဖြစ်တယ်။ ရယ်စရာကောင်းတာကတော့ မြန်မာ့ရွေးကောက်ပွဲကို အားပေးကူညီမယ်ဆိုတဲ့ နိုင်ငံတွေအားလုံးက အာဏာရှင်နိုင်ငံတွေချည်းပါပဲ။ ရုရှား၊ ကမ္ဘောဒီးယား၊ ဘီလာရုစ် စတဲ့နိုင်ငံတွေအားလုံး အလိမ်အညာရွေးကောက်ပွဲတွေချည်း ပြုလုပ်ခဲ့ကြတာပါ။ တရုတ်ကိုယ်တိုင်ရွေးကောက်ပွဲဆိုတာကို ချင်မင်းဆက်ပြုတ်ကျအပြီး ၂၀၁၃ ခုနှစ်မှာ တခါပဲကျင်းပဖူးတာပါ။ အဲဒီတုန်းက သန်း ၄၀၀ ကျော်ရှိတဲ့ တရုတ်ပြည်မှာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ မဲပေးခွင့်ရတာပါ။ အမျိုးသမီးမဲပေးခွင့်မရှိ၊ ပိုင်ဆိုင်မှုတစုံတရာရှိပြီး အတန်းပညာရှိသူမှ မဲပေးခွင့်ရတာ။ အာဏာရှိသူတွေက မဲရုံရှေ့မှာ သေနတ်တကားကားနဲ့ မဲပေးသူတွေကြောက်လန့်အောင် လုပ်တာတွေ ၊ မဲကိုငွေပေးပြီးဝယ်တာတွေ လုပ်ကြတယ်။ နည်းမျိုးစုံလုပ်တဲ့ကြားက မဲနိုင်သွားသူဆိုရင် ဘိန်းစားတယ်ဆိုတဲ့ စွဲချက်နဲ့ပြန်ဖြုတ်ချတယ်။ အဲတော့ ဒီမှာ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးပါတီလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ မသမာမှုတွေလောက်ကတော့ တရုတ်က ပျင်းသေးတယ်လို့ အောင့်မေ့မှာပါပဲ။ ရုရှားမှာတော့ ထင်ရှားတဲ့အတိုက်အခံမှန်သမျှလုပ်ကြံသတ်ဖြတ်တာခံရတာပါပဲ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က အတိုက်အခံခေါင်းဆောင် နန်ဆော့ဟာ ကရင်မလင်အနီး မြို့လယ်ခေါင်မှာ သူ့ရည်းစားနဲ့လမ်းလျောက်သွားနေတုန်း ပစ်သတ်တာခံရတယ်။ ခုပြီးခဲ့တဲ့နှစ်လောက်ကပဲ အတိုက်အခံနာမည်ကြီးပုဂ္ဂိုလ် နာဗာညီဟာ ထောင်ထဲမှာ ဘာရောဂါမှမရှိပဲသေဆုံးသွားခဲ့တယ်။ သူဟာ ဒိအရင်ကလဲ ပူတင်ရဲ့ထောက်လှမ်းရေးတွေအဆိပ်ခတ်တာခံရလို သေမလိုဖြစ်ပြီး ဂျာမနီမှာ ဆေးသွားကုခဲ့ရပါသေးတယ်။ ကမ္ဘောဒီးယားကတော့ ၃၇ နှစ်လောက် ဟွန်ဆန် တယောက်ထဲ ကြီးစိုးခဲ့ပြီး အခုသူ့သားကိုလွှဲပေးထားတယ်။ သူကနောက်ကွယ်မှာရှိနေသေးတာဖြစ်တယ်။ ဘီလာရုကလဲ အလားတူပါပဲ။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းပြန်လှန်ပြီးအနိုင်ရအောင် လုပ်လိုက်တော့ ပြည်သူတွေဆန္ဒပြကြတယ်။ ဒီတော့အတိုက်အခံခေါင်းဆောင်ကို ထောင်ထဲထည့်လိုက်တယ်။ သူက ဟယ်လီကော်ပတာပေါ်ကနေ သေနတ်ပိုက်ပြီး ကြွက်တွေသောင်းကျန်းနေသေးလားဟေ့ ဆိုပြီး ဆန္ဒပြလူအုပ်ကို လှောင်ပြောင်ခဲ့သူပေါ့။ ဦးသိန်းစိန်လက်ထက်က မြန်မာကိုတောင် လာသွားပါသေးတယ်။ သူတော်ချင်းသတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတာပေါ့။ အခု မအလလဲ ဘီလာရုစ်မှာတောင် အိမ်တလုံး ရထားတယ်လို့ သတင်းထွက်နေတာပါ။ အဲတော့ မအလလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကူညီမယ် ထောက်ခံတယ်ဆိုတဲ့ နိုင်ငံတွေက အဲလိုနိုင်ငံတွေချည်းပါပဲ။
အဲတော့ လက်တွေ့အခြေအနေတွေအရလဲ မအလရွေးကောက်ပွဲဟာ သူတို့ပြောသလို ၁၆၁ မြို့နယ် ကျင်းပနိုင်မှာမဟုတ်ပါဘူး။ တနိုင်ငံလုံးရဲ့ ၂၁ ရာခိုင်နှုန်း လောက်ပဲ ချုပ်ကိုင်ထားနိုင်တော့ ဘယ်လိုလုပ်ပြီး မဲဆန္ဒနယ် ၃၃၀ ရဲ့ တဝက် ၁၆၀ကျော် ကျင်းပနိုင်မလဲ။ နောက်ပြီး အခုဆက်သိမ်းပိုက်ခံရအုံးမယ့် နယ်မြေတွေ မြို့တွေ ရှိလာအုံးမှာဆိုတော့ ရန်ကုန်နဲ့ နေပြည်တော်လောက်ကျန်ရင်တောင် ကံကောင်းတယ်လို့ဆိုရမှာပါ။ မအလရဲ့ သမ္မတဖြစ်ရေးအိပ်မက်က စိတ်ကူးယဥ်သက်သက်ပဲဖြစ်မှာဖြစ်ပေမယ့် မိမိတို့ဘက်ကတော့ တော်လှန်ရေးအပေါ် ပြင်ပ စွက်ဖက်မှုတွေ နည်းနိုင်သမျှနည်းအောင် ပါးနပ်ကြဖို့တော့လိုတာဖြစ်ပါတယ်။ ကိုယ့်လိုလားချက်တောင်းဆိုချက် ပြည့်ရေးတခုထဲ စဥ်းစားတာထက် တဘက်ကစိုးရိမ်ချက်ဘာတွေလဲဆိုတာလေ့လာပြီး အဲဒီစိုးရိမ်ချက်တွေကို လျှော့ချပေးနိုင်ရမှာဖြစ်တယ်။ ဆီးရီးယားမှာ အိမ်နီးချင်းတွေရဲ့ ပါဝင်မှု၊ မပါဝင်မှုတွေက အတော်အရေးပါခဲ့တာတွေ့ရမှာပါ။ ဒီမှာတော့ တရုတ်၊ ထိုင်းနဲ့အိန္ဒိယ တို့ပါပဲ။ မြန်မာရဲ့ အရှေ့ကြောက တရုတ်ပါဝင်ပတ်သက်လာမှုကြောင့် အခက်ကြုံရချိန်မှာ အနောက်ကြောက ရခိုင်နဲ့ ချင်းဒေသတွေက ပိုပြီး အားကောင်း ပိုပြီးအရေးပါလာတာဖြစ်တယ်။ အခု မြန်မာ့အရေးက အနောက်ကြော၊ အလယ်ကြောနဲ့ တောင်ဘက်က ဆန်တက်လာမယ့် ကရင်၊ ကရင်နီနဲ့ PDFတွေက အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်က အဆင့်တခုမြင့်တက်လာချိန်မှာ နောက်တဆင့်ကိုကူးဖို့ ပြင်ဆင်တာပါ။ ပြင်ပကအင်အားများကိုထည့်သွင်းစဥ်းစားပေးရတာတွေရှိလို့ ဒီလိုထုတ်ပြန်ကြရတာလို့ နားလည်ရမှာပါ။
👍54🥰42
တော်လှန်ရေးက ရှေ့ကိုဆက်ချီတက်မှာပါ၊ ဒီရက်ပိုင်း ချင်းညီနောင်တပ်ဖွဲ့က တာဝန်ရှိသူ နှစ်ဦးရဲ့ သီးခြားစီတွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးတွေကိုကြည့်ရင် ယနေ့ခေတ် လူငယ်ခေါင်းဆောင်များရဲ့ နိုင်ငံရေး၊ စစ်ရေး သိမြင်မှုတွေဟာ ပြည့်ဝ ထက်မြက်နေတာ တွေ့ကြရမှာပါ။ တတိုင်းပြည်လုံး စကစ ကင်းစင်မှသာ နယ်မြေတခုစီ စကစကင်းစင်မှု အာမခံချက်ရှိမှာဖြစ်တယ်။ ဒါက အခု နွေဦးတော်လှန်ရေးမှာ ပါဝင်သူတိုင်း နားလည်ထားတဲ့အရာပါပဲ။ မဟာမိတ်ကောင်းတွေ ရရှိဖို့ တော်လှန်ရေးကို ဟန်ချက်ညီ ဆင်နွှဲကြဖို့ဆိုတာတွေက ထူးပြီး သင်ယူရမယ့်အရာတွေမဟုတ်တော့ပါဘူး။ တဘက်မှာတော့ မအလတပ်ဟာ တဖြည်းဖြည်းပြိုကွဲပျက်စီးလာတဲ့ အခြေအနေပါ။ ထိပ်ဆုံးကလူတွေက ရာထူးအာဏာရမ္မက် ငယ်ထိပ်တက်နေလို့ အောက်ခြေတွေကို အသေခံခိုင်းနေတာပါ။ ဒီအခြေနေအတိုင်းကြာရှည် ဆက်သွားဖို့ခက်မှာပါ။ မအလ သမ္မတ စလွယ် မသိုင်းရခင် စပ်ကြားမှာ အပြောင်းအလဲတွေဖြစ်သွားနိုင်တာပါ၊ ဒီလိုဖြစ်အောင်လဲ သံဓိဌာန်ခိုင်မာစွာရှိထားကြရမှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍8818🥰1🏆1🫡1
44👍8🥰3