တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် - ၃၅၀၁
695 subscribers
28 photos
8 videos
4 links
တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - တောင်ငူ

Official Page - https://www.facebook.com/tgopdf3501/
Download Telegram
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁ ဘုရင့်နောင်တပ်ရင်း၏ ဂုဏ်ပြုထုတ်ပြန်ကြေညာချက်
😢5👍41👎1
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြည်သူ့ဘဝ ပြန်လည်ရယူနေထိုင်ကြဖို့ ဆိုတဲ့ ကမ်းလှမ်းချက်နှင့်ပက်သတ်၍ သဘောထားထုတ်ပြန်ကြေညာချက်

၁၂ ဇွန်လ ၂၀၂၂ (တနင်္ဂနွေနေ့)
👍93👏2🤮1
တစ်တပ်တအားပါဝင်ပေးကြသည့် ပြည်သူတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။
👍111
"သတိကြီးကြီးထားရမည့် စစ်ကောင်စီ၏ သွေးထိုးသပ်လျှိုခြင်း ဗျူဟာ"

2022, June 21

စကစ ဟာ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ယုတ်မာမှုနှစ်ခုနဲ့ ပြန်လည်တုန့်ပြန်လေ့ရှိတယ်။
ဆန့်ကျင်သူတွေကို
(သတ်ပြခဲ့တယ်) (သပ်လျှိုခဲ့တယ်)

ပစ်သတ်တယ်၊ ရိုက်သတ်တယ်၊ မီးရှို့သတ်တယ်၊ ကားတိုက်သတ်တယ်၊ နှိပ်စက်ပြီး သတ်တယ်။

နည်းအမျိုးမျိုးနဲ့ သတ်ပြတာက ဆန့်ကျင်မှုကို ခဏတာ တုန့်ဆိုင်းသွား‌စေပေမယ့် ဆန့်ကျင်သူတွေရဲ့ ခံပြင်းစိတ်ကို ပိုပြင်းထန်စေပြီး နောက်ပိုင်း ဆန့်ကျင်မှုအားပိုကောင်းစေတဲ့အတွက် စကစ ဟာ သတ်ပြခြင်းကို ရေရှည် plan အနေနဲ့ မသွားခဲ့ဘူး။

သပ်လျှိုခြင်းကတော့ စကစ အတွက် အရင်းအနှီးနည်းပြီး အဖက်ဖက်က အကျိုးရလဒ်ကြီးတယ်။

See more .... https://www.facebook.com/tgopdf3501/posts/153700220539447
👍71👎1
ရိုးမတောင်ခြေ
နေရောင်မခတဲ့တောင်တွေ
ငြိမ်းအေးစေဖို့ အတွက်

တပ်ရင်း ၃၅၀၁၊ ခွဲ ၁
ပြောက်ကျားတပ်စု
15💩6😁3👍2
* တောင်ငူခရိုင်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ K.N.D.O တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင် (K.N.D.O) တပ်ရင်း (၄) ၏ ရပ်တည်ချက် သဘောထားနှင့် ပြည့်သူ့ရင်ခွင် အလင်းဝင်ရန်ဖိတ်ခေါ်ကမ်းလှမ်းချက် ကို ယနေ့ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။

#June27
#TgoPDF3501
👍98🤮4
This media is not supported in your browser
VIEW IN TELEGRAM
ကျည်ထိပြီး ကုလိုက်ရတဲ့ ရဲဘော်ပါ။ ဒီထက်အဖြစ်ဆိုးခဲ့တဲ့ရဲဘော်တွေအများကြီးရှိပါသေးတယ်။

"ပြန်ရှာလို့မလွယ်တဲ့ ငွေနဲ့ ကျနော်တို့ကို ကူညီထောက်ပံ့ကြပါ။ ကျနော်တို့ကလည်း အပိုမပါတဲ့ အသက်တွေရင်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ပေးပါ့မယ်"

ခက်ခဲမယ်ဆိုတာ သိတယ်။ စခဲ့တဲ့လမ်း အဆုံးထိ ဆက်သွားကြမှာပါ။

အရေးတော်ပုံ မုချအောင်ရမည်။

တပ်ခွဲ ၃၊ ဒေါင်းမင်းသားအဖွဲ့
တပ်ရင်းအမှတ် - ၃၅၀၁
ပြည်သူ့ကာကွယ်ရေးတပ်မတော်
👍2419😁8
PDF 3501 တပ်ခွဲ ၃ + တပ်ခွဲ ၁ တို့၏တိုက်ပွဲသတင်းထုတ်ပြန်ချက်

⚡️တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း
အမှတ် ၃၅၀၁ တပ်ခွဲ ၃ +တပ်ခွဲ ၁ ပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ ပြည်သူ့အသက်များအတွက် အသက်သွေးကြွေး
ပြန်ယူခြင်း⚡️

See more 👇👇👇
34👍15🕊5🔥2😍1
ကျေးရွာများကို မီးရှို့၍ ဓားပြတိုက်ပြန်လာသော စစ်‌ကောင်စီ၏စစ်ကြောင်းအား စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ခိုးရာပါပစ္စည်းများ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃

ပဲခူးတိုင်း၊ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၁၆-၂-၂၀၂၃ ရက်နေ့ နံနက်(၉:၀၀)နာရီမှ နေလယ်(၁:၀၀)နာရီဝန်းကျင်အထိ ရေတာရှည်မြို့နယ် ဇရစ်ရိုးကုန်းကျေးရွာနှင့် ရေတာရှည်မြို့နယ် ပိန်းသီလာကျေးရွာ အနောက်ဘက် စစ်တောင်းမြစ်ဘေးတွင် တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၃၀)ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ထို့ပြင် လက်နက်ခဲယမ်းများနှင့် ပြည်သူများ၏ နေအိမ်များမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓားပြတိုက်ခိုးယူလာသော ရွေငွေလက်ဝတ်ရတနာအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများမှာ
၁။ MA3 (၄)လက်
၂။ MA11 (၂)လက်
၃။ MA2 (၁)လက်
၄။ ကျည်ဘောက် (၁၈) ခု
၅။ ကျည် (၅၂၀) တောင့်
၆။ (၆၀)မမဗုံးသီး (၂)လုံး နှင့် ရိက္ခာအများအပြားတို့ဖြစ်သည်။

ပြည်သူပိုင်နေအိမ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓားပြတိုက်ခိုးယူလာသော
၁။ လက်ကောက် (၂)ကွင်း
၂။ ဆွဲကြိုး (၁)ကုံး
၃။ လက်စွပ်(၁)ကွင်း
၄။ ဖုန်း(၃)လုံးတို့ကိုပါ ထပ်မံသိမ်းဆည်းရရှိခဲ့သည်။

သိမ်းဆည်းရရှိသော လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မူလပိုင်ရှင်များထံ အတိအကျ ပြန်လည်အပ်နှံနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် (၇-၂-၂၀၂၃)၊ (၈-၂-၂၀၂၃)၊ (၁၂-၂-၂၀၂၃) နှင့် (၁၄-၂-၂၀၂၃) နေ့ရက်များတွင်လည်း တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ(၄) တပ်ခွဲ(၆) ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက် အတိအကျကိုမူ ထပ်မံအတည်ပြုလျက်ရှိသည်။

အထိနာလျက်ရှိသော စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများကြောင့် အပြစ်မဲ့ပြည်သူ(၂)ဦး သေဆုံးခဲ့ရပြီး (၂)ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူပိုင်နေအိမ်များနှင့် မြစ်ကူးတံတားများအား မီးရှို့ဖျက်ဆီးလျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိဘဲ နယ်မြေစိုးမိုးမှုများအား ဆက်လက်ဆောင်ရွက်နေပြီး စစ်ဘေးရှောင်ပြည်သူများကိုလည်း လိုအပ်သော ထောက်ပံ့ပေးမှုများ ပေးပို့နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

#ပဲခူးတိုင်းစစ်ဒေသခွဲ
#ရိုးမတိုက်ပွဲ
#ရင်း_၃၅၀၁_ခွဲ_၄_၆
👍21🕊21