OWN 🍎 K Main Channel
8.57K subscribers
4.8K photos
181 videos
4.31K links
KDrama ဇာတ်ကားများကို ဤChannelတွင် တစ်စုတစည်းတည်း ကြည့်ရှု့နိုင်ပါတယ်။
Download Telegram
My Little Baby, Jaya (2017)

Download Link 🖇️
https://t.me/KMovie_Channel/576

အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားဟောင်းကောင်းကောင်းလေးကတော့ ကျောင်းသားကျောင်းသူတွေကြားထဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနိုင်ကျင့်မှုတွေကို ပုံဖော်ရိုက်ကူးပြသထားတဲ့ My Little Baby, Jaya ပဲ ဖြစ်ပါတယ် ..

သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Kim Jung Kyoon, မင်းသမီး Oh Ye Seol တို့နဲ့အတူ
အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ..

ဇာတ်လမ်းအညွှန်း

မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ အီဝန်းဆူး (Kim Jung Kyoon) ဟာ သမီဖြစ်သူ အီဂျာယာရဲ့ ဝါသနာကို
မြေတောင်မြှောက်ပေးချင်တဲ့အတွက် ဂွမ်ဟွာကျွန်းကနေ ဆိုးလ်မြို့အထိကို တက်လာခဲ့တာပါ...

ဒါပေမဲ့လည်း မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာခဲ့တဲ့အပြင် သမီးဖြစ်သူကလည်း ကျောင်းတွင်း
အုပ်စုဖွဲ့ အနိုင်ကျင့်မှုရဲ့ သားကောင်ဖြစ်လာခဲ့ပြီး .. တခြားသော မတရားမှုကို ခံလာရတာကြောင့်
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အခါ ..

အဖေတစ်ခုသမီးတစ်ခုဖြစ်တဲ့ အီဝန်းဆူးတစ်ယောက် မသန်စွမ်းတစ်ဦးဖြစ်သော်ငြားလည်း
သမီးဖြစ်သူအတွက် ဘယ်လိုလက်စားချေသွားမလဲဆိုတာကို သေချာလေးရိုက်ပြထားတာမို့လို့
ကြည့်ရှုခံစားလိုက်ပါဦးနော် ..
1
My Last Love (2017)

Download Link 🖇️
https://t.me/KMovie_Channel/591

Kim Bong Yong ဟာ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တစ်ခုရဲ့ တာဝန်ခံတစ်ယောက်ဖြစ်ပြီးတော့  သားသမီး ၃ယောက်ရှိတဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ် ..

သူ့ရဲ့သမီးဖြစ်တဲ့ Kim Dal Nim ကတော့ မိသားစုရဲ့ဒုက္ခတွေကို ရင်ဆိုင်ရင်း လမ်းဘေးမှာ သီချင်းဆိုနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်‌ယောက်ပါ

ဒါပေမဲ့ အဖေဖြစ်သူ Kim Bong Yong ကတော့ သမီးဟာကျောင်းသူမို့လို့ ကျောင်းစာကိုပဲ အာရုံစိုက်ရမယ်ဆိုတဲ့ အတ္တရှိနေခဲ့ပါတယ် ..

တစ်ဖက်က  Kim Dal Nim မှာလည်း အိမ်မှာ အရာရာကို သူပဲအလျှော့ပေးနေရပြီးတော့ သူ့ အတွက်ကိုကျ နားလည်ပေးမဲ့လူ မရှိဘူးဆိုတဲ့ အတွေးမျိုးဟာ ထုတ်မပြောပေမဲ့ သူမစိတ်ထဲမှာ အမြစ်တွယ်နေခဲ့ပါတယ် ..

ဒီလိုမိသားစုကြားက အဆင်မပြေမှုတွေကို အချင်းချင်းပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ဖြေရှင်းနိုင်မှာလား???

အဖေဖြစ်သူ Kim Bong Yong ကရော ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာလဲ ?

အဆုံးမှာ သူတို့မိသားစုအချင်းချင်း နားလည်မှုရရှိသွားကြမှာလား?

ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်ကောင်တွေ တစ်အိမ်တည်းအတူနေပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်အထိ ဝေးကွာနေကြလဲဆိုတာကို သိမ်မွေ့စွာ ပုံဖော်နိုင်တာပါပဲ ..
1
Monstrum (2018)

Download Link 🖇️
https://t.me/KMovie_Channel/675

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယား သမိုင်းနောက်ခံ အက်ရှင်သရဲကား Monstrum (물괴) ဟာ
တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်

ဒါရိုက်တာ Huh Jong-hoမှ ရိုက်ကူးထားပြီးတော့ cast တွေအနေနဲ့ကတော့
Kim Myung-min, Lee Hye-ri, Choi Woo-shik, Kim In-kwon,Park Hee-soon တို့ ပါဝင်ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအကျဉ်း

ဂျိုဆွန်းခေတ် ဘုရင် Jungjong နန်းစံတဲ့ကာလမှာ တိုင်းပြည်အတွင်း
ကပ်ရောဂါတွေ ကျရောက်နေပြီး အင်ဝမ်တောင်ခြေမှာ ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင် ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသားရဲကြီးကြောင့် လူတွေသေဆုံးနေရသလို၊ ဒါဟာ ဘုရင်ကို နန်းချချင်တဲ့ အမတ်ကြီးတွေရဲ့ လုပ်ကြံမှုလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။

အဲဒီအခါမှာ ဘုရင်က အနားယူနေတဲ့ ကိုယ်ရံတော် တပ်မှူးဟောင်း Yun Kyum ကို ပြန်ခေါ် ပြီး သမီးဖြစ်သူ Myung၊ လက်ရုံးဖြစ်သူ Sung Han တို့နဲ့အတူ အဆိုပါ သားရဲကြီးကို ရှာဖွေနှိမ်နင်းဖို့ တာဝန်ပေးခဲ့ရာ နောက်ဆုံးမှာတော့ သားရဲကြီးကို နှိမ်နင်းနိုင်မလား...
My First Client (2019)

Download Link 🖇️
https://t.me/KMovie_Channel/711

ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။

ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ အခွင့်အာဏာမရှိတဲ့အတွက် ဝင်ရောက်ကူညီနိုင်ခြင်း မရှိဘဲ ဘာမှ မတတ်နိုင်ခဲ့ပါဘူး

မကြာခင်မှာပဲ ဂျောင်ယော့ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ အလုပ်ရသွားခဲ့ပြီး ဒါဘင်းနဲ့မင်ဂျွန်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတော့တယ်တစ်နေ့မှာတော့ မင်ဂျွန် သေဆုံးသွားပြီဖြစ်ကြောင်းနဲ့ ဒါဘင်းက မောင်ဖြစ်သူကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရထားတယ်ဆိုတဲ့ ထိတ်လန့်စရာသတင်းကို သူ ကြားသိလိုက်ရတဲ့အခါမှာတော့..
Detective Mr. Gong (2006)

Download Link 🖇️
https://t.me/KMovie_Channel/920

ဂုံဖီဒို (Lee Moon-sik)ဟာ နပန်းအားကစားမှာ ကြေးတံဆိပ်ရရှိခဲ့တဲ့ သူ့ရဲ့ ထူးချွန်တဲ့ အားကစားစွမ်းဆောင်ရည်တွေကြောင့် ရဲတပ်ဖွဲ့ထဲကိုရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ် ဒါပေမဲ့ အဲဒီအချိန်ကစလို့ သူဟာ စုံထောက်တစ်ယောက်အနေနဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှု မရရှိခဲ့သလို အသက် ၄၀ ကျော်တဲ့အထိလူပျိုကြီးဘဝနဲ့သာ ဖြတ်သန်းနေရသူဖြစ်ပြီး ပိုဆိုးတာကတော့ သူဟာ ငွေကြေးစီမံခန့်ခွဲမှုမှာ အလွန်ညံ့ဖျင်းတဲ့အပြင် အကြွေးမှတ်တမ်းကလည်း ကြည့်မကောင်းလောက်အောင်ကို ဆိုးရွားလှပါတယ်

ဒီလိုနဲ့ ဖီဒိုရဲ့ဖခင်ဖြစ်သူကို ခွဲစိတ်မှုတစ်ခု အရေးပေါ်လုပ်ဖို့ လိုအပ်လာတဲ့အခါမှာတော့ ပြဿနာတွေက ပိုပြီးကြီးထွားလာခဲ့ပါတယ် အမြဲတမ်း ကံမကောင်းတတ်တဲ့ ဖီဒိုမှာ ခွဲစိတ်ဖို့အတွက် ငွေကြေးအလုံအလောက် မရှိနေပါဘူး ဒါကြောင့်ပဲလိုအပ်နေတဲ့ ငွေကြေးကိုရရှိဖို့အတွက် ဖီဒိုဟာ ငွေတိုးချေးစားတဲ့ လူဆိုးဂိုဏ်းကလူတစ်ဦးနဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်မိသွားပါတယ်

ဒီအဖြစ်ပျက်ကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲအရာရှိတွေက သူ့ကို လာဘ်စားတဲ့သူအဖြစ်သံသယဝင်လာကြတဲ့အခါမှာတော့ ဖီဒိုရဲ့ပြဿနာတွေဟာ ပိုပြီးတော့ရှုပ်ထွေးသွားပါတော့တယ်.
The Big Swindle (2004)

Download Link 🖇️
https://t.me/KMovie_Channel/921

IMDb Rating (6.8)

ဇာတ်လမ်းလေးဟာဆိုရင် ဟန်းဂုဘဏ်ကနေ ဝမ် ၅ ဘီလီယံ လိမ်လည်ခိုးယူခဲ့တဲ့ လူလိမ်အဖွဲ့တစ်ဖွဲ့အကြောင်းကို
အခြေခံထားတာပါ။ ဇာတ်လမ်းအစမှာတင် အဓိကဇာတ်ဆောင်ဖြစ်တဲ့ “ချွဲချန်းဟျော့” က ရဲတွေလိုက်ဖမ်းတာခံပြီး
ကားမှောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီလိမ်လည်မှုကြီးမှာ ပါဝင်ခဲ့တဲ့ လူ ၅ ယောက်ထဲက ၁ ယောက်ပဲ
အဖမ်းခံခဲ့ရပြီး ကျန်တဲ့ ၄ ယောက်ကတော့ ပိုက်ဆံတွေနဲ့အတူ ပျောက်ချင်းမလှပျောက်ဆုံးသွားပါတယ်။

ဒါပေမဲ့ သေဆုံးသူ “ချွဲချန်းဟျော့” ရဲ့အစ်ကိုဖြစ်သူ “ချွဲချန်းဟို” ကလည်း အဓိက
ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပေါ်ထွက်လာတဲ့အခါမှာတော့,....

သူနဲ့ သေဆုံးသူညီဖြစ်သူရဲ့ လိမ်လည်မှုကရော ဘယ်လိုပတ်သက်မှုရှိနေတာလဲ...

ညီဖြစ်သူကရော တကယ်ပဲသေဆုံးသွားတာလား...

ပိုက်ဆံတွေနဲ့အတူ လွတ်မြောက်သွားတဲ့ လူလိမ် ၄ ယောက်ကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ...

မထင်မှတ်ထားတဲ့ ဘယ်လိုလှည့်ကွက်တွေကို ပဟေဠိဆန်ဆန်ရှုစားရဦးမလဲဆိုတာကို ကြည့်ရှုရင်း
အဖြေရှာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်