OWN 🍎 K Main Channel
8.57K subscribers
4.8K photos
181 videos
4.31K links
KDrama ဇာတ်ကားများကို ဤChannelတွင် တစ်စုတစည်းတည်း ကြည့်ရှု့နိုင်ပါတယ်။
Download Telegram
Ep_5+6 ထိရပြီ
Yumi's Cells Season 3 (2026)
(One Version)

Download Link 🖇️
https://t.me/OwnMainChannel1/1165
1
(စ/ဆုံး) ရပြီ
Doctor Shin (2026)
(One Version)

Download Link 🖇️
https://t.me/OwnMainChannel1/1129
1
Ep_5+6 ထိရပြီ
Yumi's Cells Season 3 (2026)
(CM Version)

Download Link 🖇️
https://t.me/OwnMainChannel1/1166
1
Ep_3 ရပြီ
The Scarecrow (2026)
(CM Version)

Download Link 🖇️
https://t.me/OwnMainChannel1/1178
1
Miss Butcher (2017)

Download Link 🖇️
https://t.me/KMovie_Channel/243

"ဆွန်းအယ်"ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေး
တစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ် သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီး
အရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကို
ယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်
တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်
သတ်ဖြတ်ခံခဲ့ရပါတယ် ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှု
နောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် "ဂင်ဂူဟို"ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် နေ့စဉ် အနီးကပ် စောင့်ကြည့်နေရင်းကနေ တဖြည်းဖြည်း ဆွန်းအယ်အပေါ်ကို ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ စုံထောက် ဂင်ဂူဟိုတစ်ယောက် နောက်ဆုံးမှာ ဒီလူသတ်မှုတွေရဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်သွားနိုင်မလား ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ.....
2
My Little Baby, Jaya (2017)

Download Link 🖇️
https://t.me/KMovie_Channel/576

အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားဟောင်းကောင်းကောင်းလေးကတော့ ကျောင်းသားကျောင်းသူတွေကြားထဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနိုင်ကျင့်မှုတွေကို ပုံဖော်ရိုက်ကူးပြသထားတဲ့ My Little Baby, Jaya ပဲ ဖြစ်ပါတယ် ..

သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Kim Jung Kyoon, မင်းသမီး Oh Ye Seol တို့နဲ့အတူ
အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ..

ဇာတ်လမ်းအညွှန်း

မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ အီဝန်းဆူး (Kim Jung Kyoon) ဟာ သမီဖြစ်သူ အီဂျာယာရဲ့ ဝါသနာကို
မြေတောင်မြှောက်ပေးချင်တဲ့အတွက် ဂွမ်ဟွာကျွန်းကနေ ဆိုးလ်မြို့အထိကို တက်လာခဲ့တာပါ...

ဒါပေမဲ့လည်း မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာခဲ့တဲ့အပြင် သမီးဖြစ်သူကလည်း ကျောင်းတွင်း
အုပ်စုဖွဲ့ အနိုင်ကျင့်မှုရဲ့ သားကောင်ဖြစ်လာခဲ့ပြီး .. တခြားသော မတရားမှုကို ခံလာရတာကြောင့်
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အခါ ..

အဖေတစ်ခုသမီးတစ်ခုဖြစ်တဲ့ အီဝန်းဆူးတစ်ယောက် မသန်စွမ်းတစ်ဦးဖြစ်သော်ငြားလည်း
သမီးဖြစ်သူအတွက် ဘယ်လိုလက်စားချေသွားမလဲဆိုတာကို သေချာလေးရိုက်ပြထားတာမို့လို့
ကြည့်ရှုခံစားလိုက်ပါဦးနော် ..
1
My Last Love (2017)

Download Link 🖇️
https://t.me/KMovie_Channel/591

Kim Bong Yong ဟာ ဆောက်လုပ်‌ရေးလုပ်ငန်းခွင်တစ်ခုရဲ့ တာဝန်ခံတစ်ယောက်ဖြစ်ပြီးတော့  သားသမီး ၃ယောက်ရှိတဲ့ ဖခင်တစ်ယောက်လည်း ဖြစ်ပါတယ် ..

သူ့ရဲ့သမီးဖြစ်တဲ့ Kim Dal Nim ကတော့ မိသားစုရဲ့ဒုက္ခတွေကို ရင်ဆိုင်ရင်း လမ်းဘေးမှာ သီချင်းဆိုနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်‌ယောက်ပါ

ဒါပေမဲ့ အဖေဖြစ်သူ Kim Bong Yong ကတော့ သမီးဟာကျောင်းသူမို့လို့ ကျောင်းစာကိုပဲ အာရုံစိုက်ရမယ်ဆိုတဲ့ အတ္တရှိနေခဲ့ပါတယ် ..

တစ်ဖက်က  Kim Dal Nim မှာလည်း အိမ်မှာ အရာရာကို သူပဲအလျှော့ပေးနေရပြီးတော့ သူ့ အတွက်ကိုကျ နားလည်ပေးမဲ့လူ မရှိဘူးဆိုတဲ့ အတွေးမျိုးဟာ ထုတ်မပြောပေမဲ့ သူမစိတ်ထဲမှာ အမြစ်တွယ်နေခဲ့ပါတယ် ..

ဒီလိုမိသားစုကြားက အဆင်မပြေမှုတွေကို အချင်းချင်းပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ဖြေရှင်းနိုင်မှာလား???

အဖေဖြစ်သူ Kim Bong Yong ကရော ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာလဲ ?

အဆုံးမှာ သူတို့မိသားစုအချင်းချင်း နားလည်မှုရရှိသွားကြမှာလား?

ဒီဇာတ်ကားရဲ့ အားသာချက်ကတော့ ဇာတ်ကောင်တွေ တစ်အိမ်တည်းအတူနေပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လောက်အထိ ဝေးကွာနေကြလဲဆိုတာကို သိမ်မွေ့စွာ ပုံဖော်နိုင်တာပါပဲ ..
1
Monstrum (2018)

Download Link 🖇️
https://t.me/KMovie_Channel/675

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယား သမိုင်းနောက်ခံ အက်ရှင်သရဲကား Monstrum (물괴) ဟာ
တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်

ဒါရိုက်တာ Huh Jong-hoမှ ရိုက်ကူးထားပြီးတော့ cast တွေအနေနဲ့ကတော့
Kim Myung-min, Lee Hye-ri, Choi Woo-shik, Kim In-kwon,Park Hee-soon တို့ ပါဝင်ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအကျဉ်း

ဂျိုဆွန်းခေတ် ဘုရင် Jungjong နန်းစံတဲ့ကာလမှာ တိုင်းပြည်အတွင်း
ကပ်ရောဂါတွေ ကျရောက်နေပြီး အင်ဝမ်တောင်ခြေမှာ ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင် ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

အဲဒီသားရဲကြီးကြောင့် လူတွေသေဆုံးနေရသလို၊ ဒါဟာ ဘုရင်ကို နန်းချချင်တဲ့ အမတ်ကြီးတွေရဲ့ လုပ်ကြံမှုလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။

အဲဒီအခါမှာ ဘုရင်က အနားယူနေတဲ့ ကိုယ်ရံတော် တပ်မှူးဟောင်း Yun Kyum ကို ပြန်ခေါ် ပြီး သမီးဖြစ်သူ Myung၊ လက်ရုံးဖြစ်သူ Sung Han တို့နဲ့အတူ အဆိုပါ သားရဲကြီးကို ရှာဖွေနှိမ်နင်းဖို့ တာဝန်ပေးခဲ့ရာ နောက်ဆုံးမှာတော့ သားရဲကြီးကို နှိမ်နင်းနိုင်မလား...
My First Client (2019)

Download Link 🖇️
https://t.me/KMovie_Channel/711

ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။

ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ အခွင့်အာဏာမရှိတဲ့အတွက် ဝင်ရောက်ကူညီနိုင်ခြင်း မရှိဘဲ ဘာမှ မတတ်နိုင်ခဲ့ပါဘူး

မကြာခင်မှာပဲ ဂျောင်ယော့ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ အလုပ်ရသွားခဲ့ပြီး ဒါဘင်းနဲ့မင်ဂျွန်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတော့တယ်တစ်နေ့မှာတော့ မင်ဂျွန် သေဆုံးသွားပြီဖြစ်ကြောင်းနဲ့ ဒါဘင်းက မောင်ဖြစ်သူကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရထားတယ်ဆိုတဲ့ ထိတ်လန့်စရာသတင်းကို သူ ကြားသိလိုက်ရတဲ့အခါမှာတော့..