OWN 🍎 K Main Channel
7.45K subscribers
4.28K photos
160 videos
3.96K links
KDrama ဇာတ်ကားများကို ဤChannelတွင် တစ်စုတစည်းတည်း ကြည့်ရှု့နိုင်ပါတယ်။
Download Telegram
Pearl in Red (2026)

Channel Link 🖇️
https://t.me/+KIEfnLVdmFQxMGM1

ကြင်နာတတ်ပြီး သာမန်မိသားစုဘဝလေး လိုချင်တဲ့ Kim Myeong-Hee (Park Jin Hee)ဟာ
မထင်မှတ်ထားတဲ့ အမှန်တရား တစ်ခုကြောင့် သေခြင်းတရားနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။

ဒီလိုနဲ့ပဲ အမြွှာအစ်မဖြစ်သူရဲ့ သေဆုံးမှုကြောင့် လက်စားချေဖို့အတွက် Kim Dan Hui (Park Jin Hee) တစ်ယောက် သရုပ်မှန်ကို ဖုံးကွယ်ပြီး သူ့အစ်မလို ဟန်ဆောင်ရင်း အာဒဲလ်လုပ်ငန်းစုထဲကို
ဝင်သွားပါတော့တယ် ။

တစ်ဖက်မှာလည်း သူငယ်ချင်းဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရပြီးနောက်
မိသားစုဝင်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ Baek Jin Ju (Nam Sang Ji)ကလည်း လက်စားချေဖို့အတွက် နာမည်အရင်းကိုပါ ဖုံးကွယ်ပြီး ဘရန်းအကြံပေးအဖြစ်နဲ့ အာဒဲလ်လုပ်ငန်းစုထဲကို
ဝင်ရောက်လာပါတော့တယ်။

ဒီလိုနဲ့ပဲ သရုပ်မှန်ကို ဖုံးကွယ်ပြီး လက်စားချေဖို့ ရောက်လာကြတဲ့ အမျိုးသမီး နှစ်ဦး တွေ့ဆုံကာ
မြွေမြွေချင်း ခြေမြင်သွားကြပြီး ပူးပေါင်း လက်စားချေသွားကြမလား...

လက်စားချေတာ အောင်မြင်သွားမလား...ဆိုတာကို အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်
Ep_1 ရပြီ
Pearl In Red (2026)
(One Version)

Download Link 🖇️
https://t.me/OwnMainChannel1/1105
Ep_4 ရပြီ
Bake Your Dream (2026)

Download Link 🖇️
https://t.me/OwnKVarietyMain/109
1
Ep_96 ရပြီ
Marie and Her Three Daddies (2025)

Download Link 🖇️
https://t.me/OwnMainChannel1/864
Ep_50 ရပြီ
First Man 첫번째 남자 (2025)

Download Link 🖇️
https://t.me/OwnMainChannel1/1007
The Chase (2017)

Download Link 🖇️
https://t.me/KMovie_Channel/859

အာရီဒုံမှာ တိုက်ခန်းပိုင်ဆိုင်ထားတဲ့ ရှင်းဒေါ့ဆူ (Baek Yoon-Sik ) ဟာ အိမ်ငှားတွေကို အိမ်လခ မညှာမတာ တောင်းတတ်တဲ့ မျက်နှာထားဆိုးတဲ့ အိမ်ပိုင်ရှင်ဆိုပြီး နာမည်ကြီးဆိုးနဲ့ ကျော်ကြားသူပါ ။

တစ်နေ့မှာတော့ သူတို့ရပ်ကွက်ထဲက လူကြီးတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်ပြီး
သေသူကသေ ပျောက်သူက ပျောက်နဲ့ ဖြစ်လာပါတယ် ။

ဒီအချိန်မှာပဲ ဘတ်ဖြောင်းဒါလ် (Sung Dong-Il) ဆိုတဲ့ စုံထောက်ဟောင်း တစ်ယောက်က ရုတ်တရက်
ရှင်းဒေါ့ဆူနဲ့ ဆုံမိရာကနေ
လူကြီးတွေ သေဆုံးမှုက မတော်တဆ လူသေမှုဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းကလိုပဲ ကွင်းဆက်လူသတ်မှုဖြစ်ကြောင်း ပြောပြီး အမှုကို အတူစုံစမ်းဖို့ ရှင်းဒေါ့ဆူကို ကမ်းလှမ်းလာတဲ့အခါမှာတော့ ....

ပိုက်ဆံတစ်မျက်နှာပဲကြည့်ပြီး မျက်နှာထားဆိုးတဲ့ ရှင်းဒေါ့ဆူ တစ်ယောက် အတူပူးပေါင်းပြီး တရားခံကို ရှာသွားမလား....

လွန်ခဲ့တဲ့ နှစ် ၃၀ က အမှုနဲ့ရော ဘယ်လိုတွေ ဆက်စပ်နေမလဲဆိုတာကို....
The Classified File (2015)

Download Link 🖇️
https://t.me/KMovie_Channel/860

ချမ်းသာတဲ့မိသားစုတစ်စုက အွန်းဂျူဆိုတဲ့ ကလေးမလေးဟာ ပြန်ပေးဆွဲခံလိုက်ရပေမဲ့
ရက်အတော်ကြာတဲ့အထိ ပြန်ပေးသမားဘက်က ဘာအဆက်အသွယ်မှမလုပ်လာတာကြောင့်
စိုးရိမ်နေတဲ့ အွန်းဂျူရဲ့အမေနဲ့ အဒေါ်ဖြစ်သူတို့ဟာ နာမည်ကြီးဗေဒင်ဆရာတွေဆီမှာ
သွားရောက်မေးမြန်းခဲ့ကြပါတယ်။ တခြားဗေဒင်ဆရာအားလုံးက ကလေးသေပြီလို့
ဟောကိန်းထုတ်နေချိန်မှာ ဗေဒင်ဆရာဂင်ဂျုံဆန်း (Yoo Hae Jin) တစ်ဦးတည်းကသာ
ကလေးအသက်ရှင်နေသေးကြောင်း အခိုင်အမာပြောခဲ့ပြီး စုံထောက်ဂုံဂီယုံး (Kim Yoon Seok) က
ကူညီမှသာ အောင်မြင်အဆင်ပြေမယ်လို့လည်း အကြံပြုခဲ့ပါတယ်။

အစပိုင်းမှာ စုံထောက်ဂုံဂီယုံးဟာ ဗေဒင်ဆရာရဲ့ စကားတွေကို မယုံကြည်ခဲ့ပေမဲ့ ကလေး
ပျောက်ဆုံးပြီး ၁၅ရက်မြောက်နေ့မှာ ပြန်ပေးသမားဆီက ဆက်သွယ်လာမယ်ဆိုတဲ့ ဗေဒင်ဆရာရဲ့
ဟောကိန်းက အတိအကျ မှန်ကန်သွားတဲ့အခါမှာတော့.....

စုံထောက်နဲ့ ဗေဒင်ဆရာတို့ပူးပေါင်းပြီး ကလေးမလေးကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ပါ့မလား...
ပြန်ပေးသမားကရော ဘယ်သူဖြစ်မလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်
ရုပ်ရှင်ကားကောင်းပဲဖြစ်ပါတယ်
1
RV: Resurrected Victims (2017)

Download Link 🖇️
https://t.me/KMovie_Channel/862

လွန်ခဲ့တဲ့ ၇ နှစ်က ဆောဂျင်ဟုန်း (Kim Rae Won) ဟာ မိခင်ဖြစ်သူ ချွဲမြောင်ဆု (Kim Hae Suk)ရဲ့ ဆိုင်ကယ် ဓားပြတိုက်ခံရပြီး သေဆုံးခဲ့ရမှုကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူတစ်ဦးပါ.

အချိန်ကာလာ ကြာမြင့်လာတဲ့အခါ ဥပဒေစာမေးပွဲအောင်မြင်ပြီး အမှုစစ်ဖြစ်လာတဲ့ ဆောဂျင်ဟုန်းဆီကို
သေဆုံးပြီးသား သူ့အမေဖြစ်သူ ပြန်ပေါ်လာပြီး သားဖြစ်သူကို ဓားဖြင့် ထိခိုက်အောင် လုပ်ဖို့ ကြိုးစားရာမှာတော့ ..

ထူးဆန်းမှုကို ခံစားမိလိုက်တဲ့ ဂျင်ဟုန်းတစ်ယောက် သူ့အမေရဲ့ အမှုကို ပြန်အစဖော်ကာ လိုက်လံစုံစမ်းခဲ့လေရာ RV: Resurrected Victims (ပြန်လည်အသက်ရှင်လာသော သေဆုံးပြီးသားနစ်နာသူများ) အကြောင်း သိလိုက်ရတဲ့အခါမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ ..

ဆောဂျင်ဟုန်းရဲ့ အမေ ချွဲမြောင်ဆုကရော သေဆုံးပြီးသား အနေအထားကနေ ပြန်လည် ရှင်သန်လာရတဲ့ အကြောင်းအရင်းကရော ဘာများဖြစ်မလဲ ..

RV တွေရဲ့အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာကို Mystery, Thriller နဲ့ Horror ဆန်ဆန် စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူး ပြသထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော် ..
(စ/ဆုံး) ရပြီ
Punghyanggo 2 (2026)

Download Link 🖇️
https://t.me/OwnKVarietyMain/103